tgindex
မောင်သုတ 🧐

မောင်သုတ 🧐

Статистика

သမိုင်း၊ သိပ္ပံ၊ စီးပွားရေး၊ စာပေ CB - @MgThuThaBot February 9. 2022

Последний пост
14 авг.
Последнее чтение
13 авг.
Постов за неделю
10
Всего постов
114
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
9 183
−7 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
594
40 постов
Вовлечённость
6,5%
к подписчикам
Постов в день
1,4
всего 114
Упоминаний
14
каналов
Охват размещения
оценка
1/24сутки в ленте
476
1/48двое суток
545
1/72трое суток
588

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • ကဗျာအမည် - ကျောက်သားအဖြစ် ရေးသားသူ - ခင်ဇော်မြင့် ရွတ်ဖတ်သူ - လင်းဧနူ #A_poetryhub #literary_club

  • ၁၂ရက်၊ ၈လ၊ ၂၀၂၆ခုနှစ် နှစ်ခါအကြည့်ချင်းဆုံ၍ ၅ခါနှင့်မနည်း ငေးကြည့်ခဲ့သည်။ ယနေ့လည်း သူပျော်နေပုံပေါ်ပါသည်။ -အံ့လွန်းပျို

  • အချစ်ဦးဆိုတာ မင်းပထမဆုံးတွဲခဲ့တဲ့သူကို ဆိုလိုတာမဟုတ်ဘူး.... မင်းကို အချစ်စစ်နဲ့ ချစ်တတ်အောင် သင်ပေးခဲ့တဲ့သူကို ဆိုလိုတာ.... အော်.... အချစ်ဦး.... အချစ်ဦး.... အရာရာကိုမေ့နိုင်တဲ့ လူကြမ်းကြီးတွေတောင်၊ အချစ်ဦးနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကိုတော့ မမေ့နိုင်ပါလားကွယ်။ ။ By Khun ---------- “First love isn’t the person you first dated.... It’s the person who taught you how to love with all your heart....” Ah... first love... first love... Even the toughest villains, who can forget everything else, can never forget the memories shared with their first love. By Khun #creatorsearchinsights #myheartissobroken #Angél_Alphá #unforgettable

  • 11 авг.549104из paper_poetry

    ကျူးလွန်တဲ့သူက အပြစ်မရှိသလိုနေတဲ့အခါ နစ်နာသူမှာ ပိုမွန်းကျပ်ခဲ့။ မပြတ်သားနိုင်တဲ့သူကို အနိုင်ကျင့်ရတာပျော်တဲ့သူတွေရဲ့ လက်သုံးစကားက "ဒီတိုင်းပြောလိုက်တာပါ" တဲ့... ဟုတ်ပါတယ် မီးပွားလောက်စကားလေး ဆိုပေမယ့်ကောက်ရိုးလို နှလုံးသားဆို ပြာကျသွားနိုင်တယ်။ -သက္က

  • ဤသို့ ဤပုံ ဤဖြစ်ပျက်တည်း လောကအလယ်၊ ဗဟိုဝယ်၌ ဖက်တွယ်ထားမှု၊ နှိုင်းတုပြုလျက် သက်ရှင်ကာလ၊ ဘဝတစ်ပါး ‌ပြောင်းသွားထိတိုင်၊ တွေ့ကြုံငိုင်ရ အနိုင်အရှုံး၊ အမုန်းအချစ် အဖြစ်အပျက်၊ အတက်အဆင်း ထိုအချင်း၌၊ အလင်းမဲ့ကား နောင်တများကို၊ ကြောင်းကြားပြကာ ဤသို့သာလျှင် ပို၍တည်း။ မိမိကိုယ်ကိုယ်၊ ‌တော်တတ်ဆို၍ မြင်းမိုရ်တောင်နှယ်၊ ယုံကြည်သွယ်မှု မြင့်ပယ်ထားကာ၊ အမှားအမှန် ချန်ထားရစ်လို့၊ ဖြူစင်ညှို့နှင့် ထိုသို့ခံယူ၊ လူများကြားတွင် ရွံရှာသွင်ကား၊ ဖယ်ကြဉ်လျစ်လျူ ငြင်းယူသော်ငြား၊ ကျွဲပါးစောင်းတီး နည်းတူသကဲ့၊ အကြောင်းမဲ့ရာ ဤပုံသာလျှင် ဆို၍တည်း။ ဥစ္စာစည်းစိမ်၊ ဂုဏ်ဒြပ်ရှိန်ကို အိုးအိမ်ပြောင်ဝင်း၊ ‌ဗိုက်ဖြိုးတင်းလို့ အဆင်းလှပ၊ ခံစားရချိန် နိမ့်ကျသူနှင့်၊ ချို့တဲ့ဖြင့်ကား ချင့်ချိန်ဉာဏ်သွား၊ ဦးနှောက်ပါးကာ စားဝတ်နေရေး၊ ဒုက္ခဘေးတို့ ‌မနှေးမြန်စွာ၊ ဆိုက်ကပ်လာမှ စာနာစိတ်က၊ ကြောင်းပြသည်သာ ဤဖြစ်ပျက်လျှင် လို၍တည်း။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

  • သူပြန်ချစ်ခြင်း မချစ်ခြင်းဆိုတာဟာ ကျွန်တော့် စားနေတဲ့ ထမင်းကြမ်းပေါ်မှာ မူတည်ပါတယ်။ -အံ့လွန်းပျို

  • 10 авг.54762из paper_poetry

    "ကမ္ဘာငယ်" "ကိုယ့် ပုခုံးတစ်ခြမ်းက ကမ္ဘာကြီးကို ထမ်းနိုင်တယ်" ပြောတော့ လူတွေက ရယ်ကြတယ် အသက်ရေ… ဟုတ်တာပေါ့လေ… ကိုယ့်မှာ နာမည်လေးလုံးနဲ့ ကမ္ဘာငယ်လေး ရှိတာ သူတို့မှ မသိဘဲ။ သူတို့ သိတဲ့ ကမ္ဘာကြီးလို မဟုတ်ဘူး၊ ကိုယ့် ကမ္ဘာလေးမှာ ဆံပင်ရှည်ရှည်လေးတွေ ရှိတယ်၊ ငြင်းဆန်လို့ မရတဲ့ မျက်ဝန်းတစ်စုံ ရှိတယ်၊ မဲ့ပြုံးပဲ ပြုံးပြုံး၊ သဲ့ပြုံးပဲ ပြုံးပြုံး… ပြုံးလိုက်ရင် အရာရာကို နွေးထွေးသွားစေတဲ့ အပြုံးလေး ရှိတယ်။ ဟုတ်တယ်... အဲတာ ကိုယ့်အပိုင် ကဗျာ၊ ကိုယ့်အပိုင် ကမ္ဘာ၊ ကိုယ် ဘယ်တော့မှ မဆုံးရှုံးချင်တဲ့အရာ... သူ့နာမည်က သက်လျာ။ -သက္က

  • “ငါ”တစ်လုံးဆောင် ငါသည်ယောက်ျား၊မည်သူကားမျှ မကြားသိချေ။ ငါသည်မိန်းမ၊မည်သူမျှလည်း မသိကျွမ်းချေ။ ငါဟူသောသူ၊ကမ္ဘာဂူ၌ လူဖြစ်ရခြင်း၊ဘဝဆင်းတွင် ငြင်းပယ်တားက၊‌အသက်ရုပ်လွှာ ခွာချလျက်ပေ၊အဆွေပေါင်းတို့။ ငါရှူသောလေ၊မပေညစ်လျက် ငါရပ်သောမြေ၊မကြေမွဘဲ ငါစွဲသောစာ၊ငါ့ကမ္ဘာတွင် အရာထင်မည်။ ငါတောင်းသောဆု၊မတုပလျက် ငါတက်သောထိပ်၊မဆိတ်သုဉ်းဘဲ ငါတွဲသောလက်၊ခေတ်အဆက်တွင် အသက်ဆုံးမည်။ ပေါက်ဖွားမြင်စ၊ကလေးဘဝ ကြီးမှအရွယ်၊ဆယ်ကျော်သက်ချိန် ဇိမ်ယစ်မူးခြင်း၊ဖယ်ရှားထွင်းကာ ရင်းမြစ်ဇာတိ၊မရောက်ရှိခင် သိကျွမ်းသူများ၊ငါ့ကိုကားလည်း ဝါးတားယောင်ခြာ၊ညှိုးငယ်စွာဖြင့် ကြမ္မာလည်လျက် ခက်လှချေ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

  • 9 авг.684101

    သမိုင်းဆိုတာ အောင်နိုင်သူတွေသာ ရေးထိုးခွင့်ရတဲ့စာမျက်နှာသစ်တစ်ခုပါပဲ။ လူတွေဟာ သမိုင်းစာအုပ်တွေ၊ သင်ခန်းစာတွေထဲမှာ မကြားဖူးဘူးဆိုတိုင်း လက်တွေ့သမိုင်းဖြစ်ရပ်မှန်တစ်ရပ်ကို သတိထားမိမယ့်မထင်ပါဘူး။ လက်ရှိပြဿနာကအနာဂတ်ရဲ့သမိုင်းဖြစ်သွားတတ်တာကြောင့် တချို့လူတွေကမ…

  • သမိုင်းဆိုတာ အောင်နိုင်သူတွေသာ ရေးထိုးခွင့်ရတဲ့စာမျက်နှာသစ်တစ်ခုပါပဲ။ လူတွေဟာ သမိုင်းစာအုပ်တွေ၊ သင်ခန်းစာတွေထဲမှာ မကြားဖူးဘူးဆိုတိုင်း လက်တွေ့သမိုင်းဖြစ်ရပ်မှန်တစ်ရပ်ကို သတိထားမိမယ့်မထင်ပါဘူး။ လက်ရှိပြဿနာကအနာဂတ်ရဲ့သမိုင်းဖြစ်သွားတတ်တာကြောင့် တချို့လူတွေကမိမိတို့အတွက်ရုပ်ဆိုးအကျဉ်တန်တဲ့ သမိုင်းတွေကိုဖျောက်ခဲ့ကြသည်မှာလည်း များခဲ့လှ၏။ သို့သော်သူတို့ဟာဘယ်လိုဘဲ ဖျောက်ဖျက်နိုင်ကြပါစေ သမိုင်းဆိုတာနောက်ဆုံးပြန်လည်ဖော်ထုတ်ခံရမည်မလွဲပါ။ ဒီလိုအဖျောက်ဖျက်ခံရတဲ့သမိုင်းတွေထဲမှာ အံ့ဩစရာကောင်းအောင် ကမ္ဘာပေါ်ကဒီမိုကရေစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့အမေရိကန်ရဲ့ သမိုင်းပါပဲ။ ဒီသမိုင်းတစ်ခုဟာလည်း ယနေ့ထိဖျောက်ဖျက်ခံရထားရသလို အမေရိကန်အစိုးရကိုယ်တိုင်းကဖုံးဖိထားမယ်ဆိုလျှင် မယုံနိုင်လောက်ပေ။ အဲဒီသမိုင်းဟာ၁၉၂၁ခုနှစ် ဖြစ်ပေါ်ခဲ့တဲ့ တူလ်ဆာလူမျိုးရေးအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပါပဲ။

  • စိတ်ပျက်အောင် မလုပ်ပါနဲ့။ မကြိုက်ဘူးဆိုတာကို မလုပ်ပါနဲ့။ သည်းခံနိုင်စွမ်းမရှိအောင် မလုပ်ပါနဲ့။ လက်လွှတ်ခဲ့သူတစ်ယောက်က ဥပေက္ခာတရားအကြောင်းကို ရှင်းပြပါလိမ့်မယ်။ -အံ့လွန်းပျို

  • "I really want to be your protector, but seeing how much stronger you are than me, I just can't help but adore you even more. You're my favorite." __ "ကိုယ်ကတော့ ကိုယ့်ကောင်မလေးကိုပဲ ကာကွယ်ပေးချင်နေတာ၊ ဒါပေမဲ့ ကိုယ့်ထက်ကို ပိုသန်မာနေတဲ့ ကိုယ့်အချစ်ဆုံးကို ကြည့်ပြီး ကိုယ်ပဲ အသည်းယားရတယ်။" ခွန်း #yor_edit #you're_perfect_song #Angél_Alphá #cutie_pie #spyxfamilyedit

  • 7 авг.66582из paper_poetry

    မင်းဆီ အရောက်လာဖို့ဆိုရင် ဆုံခဲ့ဖူးတဲ့ လူပေါင်းများစွာကို စွန့်ပစ်ခဲ့ရပါစေဦး၊ အဲဒီ စွန့်လွှတ်ခြင်းတွေရဲ့ အဆုံးမှာ မင်းရဲ့ မေတ္တာတစ်စက် ရရင်ပဲ ငါ့ ကြိုးစားခဲ့ရမှုတွေ တန်သွားခဲ့ပါပြီ။ -သက္က

  • ကျွန်တော်က ဆယ်ကျော်သက် တစ်ယောက်ပါ။ လှေကားထစ်တွေကို တစ်ဆင့်ကျော်တက်သလို အရာရာမှာလဲ အဆင့် ကျော်ချင်ခဲ့တဲ့လူဟာ မင်းနဲ့တွေ့မှ အမှတ်သည်းခြေရှိခဲ့တယ် ခင်...။ -အံ့လွန်းပျို

  • တကယ်တော့လေး ကျွန်မ‌တို့ လူသား‌တွေမှာ မှော်ပညာဆိုတာရှိတယ်။ ဒါကိုဘယ်သူက ငြင်းနိုင်မှာလဲ...ချစ်ဖူးသူတိုင်းဟာ မှော်ပညာနဲ့ ထိတွေ့ဖူးကြတာချည်းပါပဲ။ -Nora Roberts #History #RAIDEN_KT #Kyawthet

  • 6 авг.745123

    အချစ်ဟာ ချိုသလား ခါးသလား ကျွန်တော်မသိပါ။ မေတ္တာဟာ‌ အေးသလား ပူသလား ကျွန်တော်မသိပါ။ ကျွန်တော်‌သာပေးပြီး ပြန်မရခဲ့တဲ့ အရာတွေအကြောင်း ကျွန်တော်မသိပါ။ -အံ့လွန်းပျို

  • 5 авг.1 068102

    "တစ်ခါတလေမှာ ပေးဆပ်ခြင်းကလည်း ချစ်ခြင်းပါပဲ" __ "Sometimes, sacrifice is also a form of love." #Khun #Angél_Alphá_x_Mirror S-un W-ukong edit, H-eat w-aves song, sad story, sad letter. #creatorsearchinsights #စာတို

  • လူ စိတ်ဓာတ်အထွေ ပေညစ်လျက် ပျို့ရွံရှာ ချို့တဲ့စိတ်ပါ။ နှုတ်စကားမှာ စာနာမဲ့ အလျှင်း။ အသားနာ ဟစ်အော်လို့ အပြစ်တစ်ရာ ဖုံးကွယ်ပါတဲ့ တယ်မိုက်လေခြင်း။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-တြိချိုး