tgindex
Knowledge Paradise 🪐

Knowledge Paradise 🪐

Статистика

Knowledge posts & Tips 📃 Songs / Motivations channel 🌷 Since. 23.11.2022 Science , Knowledge ,Psychology tricks တွေလဲတင်မယ် အခြား content ကောင်းတွေကို Owner ချောချောလေးတင်ပေးမှာပါ🤭✨

Последний пост
27 июн.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
my
Категория
Познавательное
В каталоге с
13 авг.
Подписчики
1 861
0 Са 3 дн.
Сутки
+1
+0,05%
Неделя
—
 
Месяц
—
 
Просмотров на пост
823
21 постов
Вовлечённость
44,2%
к подписчикам
Постов в день
0,0
всогО 21
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
—
1/48двое суток
—
1/72трое суток
—

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 27 июн.581171иС Knowledgeuniverse2024

    အောင်စာရင်းစောင့်နေသူရဲ့ ရင်တွင်းခံစားချက် အခုချိန်မှာတကယ်ငိုမိနေတာတော့အမှန်ပါပဲ ယွန်းတစ်ယောက်ဘာဖြစ်နေလဲဆို ‌3လပိုင်းဖြေပြီးတုန်းကတော့ယုံကြည်ချက်အပြည့်နဲ့အကောင်းကြီးပဲ အခုလိုအောင်စာရင်းထွက်တော့မယ်ဆိုတဲ့နဲ့ မျက်ရည်တွေကျတယ် မိဘတွေနဲ့နေရတော့ မပူလောင်ချင်သယောင်ဟန်ဆောင်ထားရပေမယ့် ရင်ထဲမှာပူဆွေးပြီး အောင်စာရင်းကိုစောင့်နေမိတယ် တကယ်ပါ မနှစ်ကလည်းအသေပင်ပန်းခဲ့ပြီးရလဒ်ကောင်းတစ်ခုရဖို့အရမ်းလိုအပ်နေတာပါ အခုထိလည်း ဝေခွဲမရမြေပဲဘ၀ပါပဲ 12တန်းမြန်မာစာမှာတုန်းကလို အဖြူအနက်သဘောတရားအရ "အကောင်းဆုံးကိုလည်းမျှော်လင့်သလို အဆိုးဆုံးကိုလည်းလက်ခံရမယ်"ဆိုပေသော်ငြားလည်း ယွန်းကိုယ်တိုင်ထက် မိဘတွေအားငယ်စရာကိစ္စတွေမဖြစ်ဖို့ကိုမျှော်လင့်နေဆဲပါပဲ ဖြေဆိုသူအားလုံးပဲ 12တန်းအစိုးရစစ်စာမေးပွဲကိုနှစ်ချင်းပေါက်အောင်မြင်နိုင်ပါစေနော် #Owner_Yoonie

  • အကယ်၍များ… ဂုဏ်ထူးမပါခဲ့ရင်… အောင်စာရင်းမှာ ကိုယ့်နာမည်လေး မပါခဲ့ရင်… မှန်းထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင်..... ဘာဖြစ်မလဲ။ ဒီနှစ်မေးခွန်လွယ်ပါတယ်ဆိုတဲ့နောက်မှာအမှတ်ပေးစည်းမျဉ်းကျပ်တာတွေမသိကြဘူးး တချို့က ပြောကြတယ်— “Grade-12 စာမေးပွဲက ဘဝကို အဆုံးအဖြတ်ပေးတာ” တဲ့။ တချို့ကတော့— “ဘဝကြီးက စာမေးပွဲတစ်ခုတည်းနဲ့ အဆုံးသတ်သွားတာမှ မဟုတ်တာ” လို့ ပြောကြတယ်။ ဒါပေမယ့် Result ထွက်မယ့်နေ့ကို စောင့်နေတဲ့ ကျောင်းသားတစ်ယောက်အတွက်တော့… အကြောက်ဆုံးအရာက အမှတ်မဟုတ်ဘူး။ “မိဘတွေ စိတ်ပျက်သွားမလား…” “ဆရာတွေ မျှော်လင့်ထားသလို မဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ…” “ငါ့ကို ယုံကြည်ထားတဲ့သူတွေကို စိတ်ပျက်စေမိပြီလား…” ဆိုတဲ့ အတွေးတွေပဲ။ လူတွေ မြင်တာက Result ပါ။ ဒါပေမယ့် သူတို့ မမြင်တာက— ညလုံးပေါက် စာကျက်ခဲ့ရတဲ့ ညတွေ။ အိပ်ချင်စိတ်ကို တင်းခံပြီး စာအုပ်ရှေ့မှာ ထိုင်ခဲ့ရတဲ့ အချိန်တွေ။ စာမေ့သွားမှာ ကြောက်လို့ အထပ်ထပ် ပြန်နွေးခဲ့ရတဲ့ ရက်တွေ။ စာမေးပွဲနီးလာတိုင်း “ငါ လုံလောက်ရဲ့လား” ဆိုပြီး ကိုယ့်ကိုယ်ကို သံသယဝင်ခဲ့ရတဲ့ နေ့တွေ။ G12 ဆိုတာ စာမေးပွဲတစ်ခုတည်း မဟုတ်ဘူး။ မိသားစုဖိအားတွေ၊ အနာဂတ်အတွက် စိုးရိမ်မှုတွေ၊ သူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်ခံရမှုတွေ၊ တစ်ခါတလေ relationship ပြဿနာတွေပါ ရောနှောနေတဲ့ ကာလတစ်ခု။ တချို့လူငယ်တွေအတွက်တော့ “တစ်ခါမှားရင် အားလုံးပြီးသွားမယ်” လို့ ခံစားရလောက်တဲ့အထိ ဖိအားတွေ ကြီးမားတတ်တယ်။ ဒါပေမယ့်… ဘဝဆိုတာ Perfect ဖြစ်ဖို့ မဟုတ်ဘူး။ လဲကျရင် ပြန်ထဖို့ပဲ။ စာမေးပွဲတစ်ခုက မင်းရဲ့တန်ဖိုးကို မဆုံးဖြတ်နိုင်ဘူး။ စာရွက်ပေါ်က အမှတ်တွေက မင်းရဲ့အိပ်မက်တွေကို မဖျက်ဆီးနိုင်ဘူး။ ပြီးတော့… မင်းကြိုးစားခဲ့တဲ့ နေ့ရက်တွေကိုလည်း ဘယ်တော့မှ ဖျက်ပစ်လို့ မရဘူး။ တချို့ပန်းတွေက စောစောမပွင့်ဘူး။ ဒါပေမယ့် ပွင့်လာတဲ့အချိန်မှာ ပိုလှတယ်။ ပိုခိုင်မာတယ်။ ပိုပြီး အဓိပ္ပါယ်ရှိတယ်။ လူတွေရဲ့ ဘဝတွေလည်း အဲ့ဒီလိုပဲ။ ဒါကြောင့်… ဂုဏ်ထူးမပါခဲ့ရင်လည်း စိတ်မပျက်ပါနဲ့။ အောင်စာရင်းမှာ ကိုယ့်နာမည် မပါခဲ့ရင်တောင် ကိုယ့်ဘဝဇာတ်လမ်းက အဲ့ဒီနေရာမှာ မပြီးသေးဘူး။ အနာဂတ်ဆိုတာ ဒီနေ့ရဲ့ Result တစ်ခုတည်းနဲ့ မဆုံးဖြတ်ဘူး။ မနက်ဖြန်မှာ မင်း ဘယ်လောက်ပြန်ထနိုင်မလဲ… ဘယ်လောက်ဆက်ကြိုးစားနိုင်မလဲ… အဲ့ဒါကပဲ ပိုအရေးကြီးတယ်။ နောက်ဆုံး ပြောချင်တာက… ဆရာဝန်ဖြစ်မှ အောင်မြင်တာ မဟုတ်ဘူး။ အင်ဂျင်နီယာဖြစ်မှ တန်ဖိုးရှိတာ မဟုတ်ဘူး။ လူတိုင်းမှာ ကိုယ်ပိုင်လမ်းကြောင်း ရှိပါတယ်။ ဂုဏ်ထူးမပါခဲ့ရင်တောင်… ကိုယ့်အမှတ်၊ ကိုယ့်ဝါသနာ၊ ကိုယ့်စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ တက္ကသိုလ်နဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်ပါတယ်။ တစ်ခါတလေ… Result ထက် ပိုအရေးကြီးတာက ကိုယ့်ဘဝနဲ့ကိုက်ညီတဲ့လမ်းကိုရွေးချယ်ဖို့ပါပဲ #FullyCrd

  • 22 июн.50764иС Knowledgeuniverse2024

    "Six Degrees of Separation" ဆိုတာ ဘာလဲ? "Six Degrees of Separation" ဆိုတဲ့ သီအိုရီအရ ကမ္ဘာပေါ်က လူနှစ်ယောက်ဟာ တိုက်ရိုက်မသိကြရင်တောင် လူခြောက်ယောက်အတွင်း ဆက်စပ်မှုတစ်ခုနဲ့ ချိတ်ဆက်နိုင်တယ်လို့ ယူဆထားပါတယ်။ ဥပမာ သင်က ကိုယ်မသိတဲ့ နိုင်ငံခြားက လူတစ်ယောက်နဲ့ သိကျွမ်းချင်ရင် သင့်သူငယ်ချင်း၊ သူ့သူငယ်ချင်း စသဖြင့် ဆက်သွားတဲ့အခါ ခြောက်ဆင့်မကျော်ခင်မှာပဲ အဲဒီလူဆီ ရောက်နိုင်ဖို့ အခွင့်အရေးရှိပါတယ်။ ဒီအယူအဆကို ၁၉၂၉ ခုနှစ်မှာ စာရေးဆရာ Frigyes Karinthy က စတင်တင်ပြခဲ့ပြီး နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေနဲ့ လူမှုကွန်ရက်တွေကလည်း ဒီအယူအဆကို စိတ်ဝင်စားစရာ ဖြစ်စေခဲ့ပါတယ်။ ယနေ့ခေတ် Facebook၊ Instagram နဲ့ အခြား Social Media တွေကြောင့် လူတွေအချင်းချင်း ချိတ်ဆက်မှုက ပိုမိုလွယ်ကူလာပြီး "Six Degrees of Separation" က ပိုပြီး အဓိပ္ပာယ်ရှိလာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီသီအိုရီက ကျွန်တော်တို့ကို သင်ခန်းစာတစ်ခု ပေးထားပါတယ်။ ကမ္ဘာကြီးက ထင်ထားသလောက် မဝေးကွာဘဲ၊ လူတိုင်းဟာ မမြင်နိုင်တဲ့ ဆက်နွယ်မှုလေးတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်နေကြတယ် ဆိုတာပါပဲ။ Knowledge Quote: "တစ်ခါတလေ ကိုယ်မသိသေးတဲ့ လူတစ်ယောက်ဟာ ကိုယ့်ဘဝကို ပြောင်းလဲပေးမယ့် အခွင့်အရေးတစ်ခုဖြစ်နိုင်ပြီး၊ သူနဲ့ ကိုယ်ကြားက အကွာအဝေးက လူခြောက်ယောက်ထက်တောင် နည်းနိုင်ပါတယ်" ✨ #Owner_Yoonie #Quote #Knowledge

  • 18 июн.452115иС Knowledgeuniverse2024

    "အတွေး" ဒီနေ့ခေတ် လူငယ်တွေရဲ့ဘဝကို ကြည့်လိုက်ရင် အပြင်ပန်းမှာ ရယ်မောနေကြပေမယ့် အတွင်းမှာတော့ အတွေးပေါင်းများစွာနဲ့ ရုန်းကန်နေရတာကို တွေ့ရတယ်။ တချို့က အနာဂတ်အတွက် စိုးရိမ်နေကြတယ်။ တချို့က မိသားစု၊ ပညာရေး၊ အလုပ်အကိုင်၊ ငွေကြေးနဲ့ ပတ်သက်ပြီး ဖိအားတွေ ခံစားနေရတယ်။ အဲ့ဒီအတွေးတွေဟာ တစ်ခါတစ်ရံ ညအိပ်မပျော်အောင်တောင် လုပ်နိုင်တယ်။ လူမှုကွန်ရက်တွေ တိုးတက်လာတဲ့ ဒီခေတ်မှာ လူငယ်တွေဟာ သူများဘဝနဲ့ ကိုယ့်ဘဝကို မသိမသာ နှိုင်းယှဉ်တတ်လာကြတယ်။ Facebook, TikTok, Instagram တွေမှာ လူတွေ အောင်မြင်နေတဲ့ပုံတွေ၊ ပျော်ရွှင်နေတဲ့ပုံတွေကို မြင်တိုင်း "ငါဘာကြောင့် ဒီလိုမဖြစ်သေးတာလဲ" ဆိုတဲ့ အတွေးတွေ ဝင်လာတတ်တယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ်စီ ပြဿနာတွေ ရှိကြပေမယ့် အွန်လိုင်းပေါ်မှာတော့ ကောင်းတဲ့အပိုင်းကိုပဲ ပြကြတာများတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ အတွေးတွေလည်း လူငယ်တွေအတွက် ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ကိုယ်ကြိုက်တဲ့သူက ကိုယ့်ကို ပြန်ကြိုက်မလား၊ သူငယ်ချင်းအဖြစ်ပဲ မြင်နေတာလား၊ ဒါမှမဟုတ် ဆက်ဆံရေးတစ်ခု ပျက်စီးသွားတဲ့အခါ ဘယ်လိုရှေ့ဆက်ရမလဲဆိုတဲ့ မေးခွန်းတွေကြားမှာ လူငယ်တော်တော်များများ ပိတ်မိနေကြတယ်။ ဒါ့အပြင် "ငါဘယ်သူလဲ" ဆိုတဲ့ ကိုယ်ပိုင်အထောက်အထားကို ရှာဖွေရတဲ့ အချိန်လည်း ဖြစ်တယ်။ ဘာကို စိတ်ဝင်စားသလဲ၊ ဘာလုပ်ချင်သလဲ၊ ဘဝမှာ ဘယ်နေရာကို ရောက်ချင်သလဲ ဆိုတဲ့ မေးခွန်းတွေက လူငယ်ဘဝမှာ အမြဲတမ်း လိုက်ပါနေတတ်တယ်။ တချို့က အဖြေကို မြန်မြန်ရှာတွေ့ကြပေမယ့် တချို့ကတော့ အချိန်အကြာကြီး ရှာဖွေနေရတတ်တယ်။ တကယ်တော့ အတွေးများတာဟာ အားနည်းချက်မဟုတ်ဘူး။ အနာဂတ်ကို စဉ်းစားတတ်တာ၊ ကိုယ့်ဘဝကို မေးခွန်းထုတ်တတ်တာဟာ ကြီးပြင်းလာနေတဲ့ လက္ခဏာတစ်ခု ဖြစ်တယ်။ ဒါပေမယ့် အတွေးတွေထဲမှာပဲ ပိတ်မိမနေဘဲ ကိုယ့်ကိုယ်ကို နားလည်ဖို့၊ ယုံကြည်ဖို့၊ တစ်နေ့ချင်းစီ ရှေ့ဆက်ဖို့လည်း လိုအပ်တယ်။ အတွေးတွေက လူတစ်ယောက်ကို ပျောက်ဆုံးသွားစေနိုင်သလို၊ ကိုယ့်လမ်းကို ရှာတွေ့စေနိုင်တဲ့ အလင်းရောင်လည်း ဖြစ်နိုင်တယ်။ #Credit_to_original

  • 17 июн.4561614иС Knowledgeuniverse2024

    ဂျပန်လူမျိုးတွေဟာ ပျင်းရိခြင်းကို ရောဂါတစ်ခုလို့သတ်မှတ်ကြတယ်။ အပျင်းရောဂါကို ကုသဖို့ ဂျပန်လူမျိုးတွေပြောကြတဲ့ ဆေး (၇) မျိုးကို မျှဝေပေးလိုက်ပါတယ်။ ၁။ Kaizen (တစ်မိနစ်စည်းမျဉ်း) လူအများစုက ဘဝပြောင်းလဲချင်တဲ့အခါ အကြီးကြီး စတင်ဖို့ ကြိုးစားကြတယ်။ အဲဒီအခါ ဂျပန်လူမျိုးတွေက Kaizen သို့မဟုတ် တစ်မိနစ်စည်းမျဉ်းကို သုံးပါတယ်။ ကြီးကြီးမားမား စတင်ဖို့ မလိုပါဘူး။ မိမိပြောင်းလဲချင်တဲ့ အလေ့အထတစ်ခုကို နေ့စဉ် တစ်ရက် တစ်မိနစ်ပဲ အချိန်ပေးပြီး အာရုံစိုက်လုပ်ဆောင်တာမျိုးပါ။ Harvard တက္ကသိုလ်ရဲ့ သုတေသနတွေအရ လူ့ဦးနှောက်ဟာ သေးငယ်တဲ့ အလေ့အကျင့် (Tiny Habits) တွေကို ပိုလက်ခံလွယ်ပြီး ကြီးမားတဲ့ အပြောင်းအလဲတွေကို သက်သောင့်သက်သာ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ ၂။ Ikigai (နိုးထခြင်းရဲ့ အကြောင်းရင်း) "မနက်ခင်း အိပ်ရာကနိုးတဲ့အခါ မင်းကို စိတ်လှုပ်ရှားတက်ကြွစွာ ထစေတဲ့အရာက ဘာလဲ။ မင်း ဘာအတွက် အသက်ရှင်နေတာလဲ။" ဒီမေးခွန်းရဲ့ အဖြေက Ikigai ပါပဲ။ Ikigai ဆိုတာ သင်နှစ်သက်တဲ့အရာ၊ သင်ကျွမ်းကျင်တဲ့အရာ၊ လောကကြီး လိုအပ်တဲ့အရာနဲ့ သင့်ကို ဝင်ငွေရစေမယ့်အရာတို့ ဆုံမှတ်ပါ။ အဲနေရာတစ်ခုကို ရှာဖွေတွေ့ရှိတဲ့အခါ အပျင်းရောဂါဆိုတာ အလိုလို ပျောက်ကွယ်သွားတတ်ပါတယ်။dr kyount သင့်ကို မနက်တိုင်း အိပ်ရာကနေ လန်းဆန်းစွာ နိုးထလာစေမယ့် “ရည်ရွယ်ချက်” တစ်ခုကို ရှာဖွေပါ။ ၃။ Hara Hachibu (၈၀ ရာခိုင်နှုန်း စည်းမျဉ်း) ဒါကတော့ ခန္ဓာကိုယ်နဲ့ စိတ်စွမ်းအင်ကို ထိန်းညှိတဲ့ နည်းလမ်းပါ။ အစားအစာကို ဗိုက်ပြည့်တဲ့အထိ မစားဘဲ ၈၀ ရာခိုင်နှုန်းလောက်ပဲ ပြည့်ဝတဲ့အခါမှာ ရပ်တန့်လိုက်ဖို့ ဂျပန်တွေက လမ်းညွှန်ပါတယ်။ ဒါမှသာ ခန္ဓာကိုယ်က လေးလံထိုင်းမှိုင်းမနေဘဲ အလုပ်လုပ်ဖို့ စွမ်းအင် အမြဲအဆင်သင့် ရှိနေမှာ ဖြစ်ပါတယ်။ ၄။ Anchored Focus (ဓလေ့တစ်ခုလို သတ်မှတ်ခြင်း) ဂျပန်လူမျိုးတွေက အာရုံစိုက်မှုကို စိတ်ခံစားချက်ပေါ် မမူတည်စေဘဲ Ritual တွေ ဖန်တီးထားကြတယ်။ သတ်မှတ်ထားတဲ့ အချိန်၊ သတ်မှတ်ထားတဲ့ နေရာမှာပဲ အလုပ်လုပ်တဲ့ “Ritual” တစ်ခုကို တည်ဆောက်ပါ။ သင့်ဦးနှောက်ကို အဲ့ဒီနေရာရောက်ရင် အလုပ်လုပ်ရမယ်ဆိုတဲ့ အချက်ပြမှု (Trigger) ပေးလိုက်ပါ။ ဥပမာ — အလုပ်မစခင် ကော်ဖီတစ်ခွက်သောက်တာ၊ စားပွဲခုံကို သပ်သပ်ရပ်ရပ် ပြင်ဆင်တာမျိုး ဖြစ်ပါတယ်။ လုပ်နေကျ Ritual တစ်ခု ရှိလာရင် Focus က အလိုအလျောက် ရောက်လာတယ်။ ၅။ Seiri & Seiton (နေရာသန့်ရှင်းရေး) လူတစ်ယောက်ရဲ့ စိတ်အခြေအနေက သူနေထိုင်တဲ့ ဝန်းကျင်နဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ Seiri က မလိုအပ်တာတွေကို စွန့်ပစ်ခြင်းဖြစ်ပြီး၊ Seiton ကတော့ လိုအပ်တဲ့အရာတွေကို အလွယ်တကူ သုံးနိုင်အောင် စနစ်တကျ စီစဉ်ခြင်းပါ။ သင့်စားပွဲ၊ သင့်ဖုန်း၊ သင့် Laptop screen က ရှုပ်ပွနေရင် သင့်စိတ်ကလည်း ရှုပ်ပွနေပါလိမ့်မယ်။ အလုပ်စားပွဲနဲ့ စိတ်အာရုံကို လွတ်လပ်သန့်ရှင်းနေအောင် ထားရှိခြင်းက အပျင်းရောဂါကို တွန်းလှန်ပေးပါတယ်။ ၆။ Kintsugi (မစုံလင်မှုကို လက်ခံခြင်း) အလုပ်တစ်ခုကို ပြီးပြည့်စုံအောင် (Perfect) လုပ်ချင်လွန်းလို့ အချိန်ဆွဲရင်း ပျင်းရိသွားတတ်ကြပါတယ်။ ကင်ဆူဂီ ကတော့ ဂျပန်ရိုးရာမှာ ကျိုးပဲ့သွားတဲ့ ပန်းကန်တွေကို ရွှေရည်စိမ်ပြီး အလှဆင်တဲ့ အနုပညာပါ။ အမှားအယွင်း ရှိပါစေ၊ မပြည့်စုံပါစေ... အဓိကကတော့ အလုပ်တစ်ခုကို ဆုံးခန်းတိုင်အောင် (Finish imperfectly) လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ၇။ Wabi-Sabi (စုံလင်အောင် မစောင့်ပါနဲ့) Wabi-Sabi က Imperfection ကို လက်ခံတဲ့ အတွေးအခေါ် ဖြစ်တယ်။ “Perfect” ဖြစ်လာမှ လုပ်မယ်ဆိုတဲ့ အတွေးဟာ အကြီးမားဆုံး အတားအဆီးပါ။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေမဲ့ စတင်ဖို့အတွက်တော့ စုံလင်နေဖို့ မလိုပါဘူး။ မပြီးပြည့်စုံသေးပေမဲ့ အခုချက်ချင်း စတင်လိုက်ပါ။ ✨နိဂုံး - ဂျပန်လူမျိုးတွေက ပျင်းရိခြင်းကို "စိတ်ဓာတ်မရှိခြင်း" လို့ မမြင်ကြဘူး။ သူတို့အမြင်မှာ ပျင်းရိခြင်းဆိုတာ အကျင့်ဆိုးတစ်ခု မဟုတ်ဘဲ၊ စနစ်မရှိသေးတဲ့ အခြေအနေတစ်ခု ဖြစ်တယ်။ ဒီအလေ့အကျင့်တွေ အားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတာက Motivation မဟုတ်ဘူး။ System ပဲ ဖြစ်တယ်။ အဲ့ဒါကြောင့် ဂျပန်လူမျိုးတွေဆီက သင်ယူသင့်တဲ့ အကြီးမားဆုံး သင်ခန်းစာက— "ဘဝကို ပြောင်းလဲဖို့ ကိုယ့်ကိုယ်ကို ပြောင်းဖို့ မကြိုးစားပါနဲ့။ ကိုယ့်ရဲ့ နေ့စဉ်စနစ်ကို ပြောင်းလဲဖို့ ကြိုးစားပါ။" မြန်မာလူငယ်များနဲ့ Learners များလည်း မိမိရဲ့ အရည်အချင်းကို အဆင့်မြှင့်တင်ဖို့ဆိုရင် အသိပညာတွေကို လက်တွေ့အသုံးချနိုင်မယ့် စနစ်တစ်ခုရှိဖို့ လိုပါတယ်။ ဥပမာ — အိမ်မှာတင် အချိန်ဖြုန်းနေမယ့်အစား Coursera လို ကမ္ဘာ့အဆင့်မီ Learning Platform တွေမှာ မိမိစိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို လေ့လာပြီး Professional Certificate တွေ ရယူတာမျိုး ဖြစ်ပါတယ်။ ဒီနေ့ကစပြီး ကြီးမားတဲ့ ခြေလှမ်းတွေထက်၊ နေ့တိုင်း သေးငယ်တဲ့ တိုးတက်မှုတွေကို စုစည်းပြီး သင့်ဘဝရဲ့ အကောင်းဆုံးဗားရှင်းကို တည်ဆောက်လိုက်ပါ။ #Credit_to_original #FullyCrd

  • 8 апр.1 12446иС Knowledgeuniverse2024

    ထိုင်းနိုင်ငံရဲ့ နာမည်ကြီး 𝗞𝗮𝘀𝗲𝘁𝘀𝗮𝗿𝘁 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 မှာ ပညာသင်ဆုနဲ့ ကျောင်းတက်ရအောင် 🎓🌟 နိုင်ငံတကာအဆင့်မီ ပညာရေးကို ထိုင်းနိုင်ငံမှာ အခမဲ့တက်ရောက်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ရောက်ရှိလာပါပြီ 🇹🇭 𝗞𝗮𝘀𝗲𝘁𝘀𝗮𝗿𝘁𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 (𝗦𝗿𝗶𝗿𝗮𝗰𝗵𝗮 𝗖𝗮𝗺𝗽𝘂𝘀) ကနေ 𝗔𝗦𝗘𝗔𝗡 နိုင်ငံတွေအပါအဝင် နိုင်ငံတကာကျောင်းသားတွေအတွက် 𝟮𝟬𝟮𝟲 ပညာသင်နှစ် 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝗣𝗿𝗼𝗴𝗿𝗮𝗺 တွေကို ခေါ်ယူနေပြီဖြစ်ပါတယ် 🥰 ဘွဲ့ကြို (𝗕𝗮𝗰𝗵𝗲𝗹𝗼𝗿) နဲ့ မာစတာ (𝗠𝗮𝘀𝘁𝗲𝗿) တက်ရောက်လိုသူတွေအတွက် အခွင့်အရေးဖြစ်လို့ အခုကတည်းက ပြင်ဆင်ထားကြရအောင်နော် 🎯 💰 ပညာသင်ဆုမှာ ဘာတွေပါဝင်မလဲ ❓ ✅ 𝗧𝘂𝗶𝘁𝗶𝗼𝗻 𝗙𝗲𝗲: ကျောင်းလစာ အခမဲ့ ✅ 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗙𝗲𝗲: နိုင်ငံတကာကျောင်းသားကြေး အခမဲ့ ✅ 𝗗𝗼𝗿𝗺𝗶𝘁𝗼𝗿𝘆 𝗙𝗲𝗲: ကျောင်းအဆောင်ခ အခမဲ ✅ 𝗟𝗶𝘃𝗶𝗻𝗴 𝗦𝘁𝗶𝗽𝗲𝗻𝗱: လစဉ်ထောက်ပံ့ကြေး 🔹𝗕𝗮𝗰𝗵𝗲𝗹𝗼𝗿’𝘀 𝗱𝗲𝗴𝗿𝗲𝗲: တစ်လလျှင် 𝟭𝟬,𝟬𝟬𝟬 𝗧𝗛𝗕 🔹𝗠𝗮𝘀𝘁𝗲𝗿’𝘀 𝗱𝗲𝗴𝗿𝗲𝗲 : တစ်လလျှင် 𝟭𝟮,𝟬𝟬𝟬 𝗧𝗛𝗕 ⚠️ ခေါ်ယူမည့် အရေအတွက် 𝗕𝗮𝗰𝗵𝗲𝗹𝗼𝗿’𝘀 𝗱𝗲𝗴𝗿𝗲𝗲 (၄ နှစ်သင်တန်း) - ၁၀ ဆု 𝗠𝗮𝘀𝘁𝗲𝗿’𝘀 𝗱𝗲𝗴𝗿𝗲𝗲 (၂ နှစ်သင်တန်း) - ၁၀ ဆု 🎯 လျှောက်ထားနိုင်သူများ (𝗧𝗮𝗿𝗴𝗲𝘁 𝗚𝗿𝗼𝘂𝗽) အထက်တန်းအောင်မြင်ထားသူများ (သို့မဟုတ်) ၎င်းနှင့်ညီမျှသော အရည်အချင်းရှိသူများ။ 𝗞𝗨 𝗣𝗮𝗿𝘁𝗻𝗲𝗿 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝗶𝗲𝘀 များမှ ဘွဲ့ကြိုကျောင်းသားများ။ 📆 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗗𝗲𝗮𝗱𝗹𝗶𝗻𝗲: 𝗠𝗮𝘆 𝟭𝟬, 𝟮𝟬𝟮𝟲 📄 အသေးစိတ်အချက်အလက်များနှင့် လျှောက်ထားရန် 👇 🔗 https://kasets.art/a6k6RY #crd_to_owner_with_respect #Scholarship #Knowledge #𝘾𝙧𝙚𝙙𝙞𝙩

  • 17 мар.1 18717иС Knowledgeuniverse2024

    ကဲ ဖြေနိုင်ကြရဲ့လားရှင့် 2025-2026တစ်နှစ်ပတ်လုံးမှာ အများကြီးကြိုးစားခဲ့ကြပြီးပါပြီ စိတ်ဓာတ်တွေလဲကျခဲ့သလို ငိုပြီးစာမရမှာကြောက်တဲ့စိတ်နဲ့ မအိပ်ပဲနေခဲ့ရတဲ့နေရက်တွေက ဒီနေ့နေ့လယ်12ကစပြီး ပြီးဆုံးသွားခဲ့ပါပြီနော် 💭 #Owner

  • 5 мар.1 1029иС Knowledgeuniverse2024

    5ရက်ပဲကျန်တော့တယ်နော် အကုန်လုံးကြိုးစားသမျှအရာထင်ပြီး လိုချင်သောဂုဏ်ထူးရမှတ်များ ဆွတ်ခူးနိုင်ကြပါ‌စေ နောက်ရက်ကစပြီး Post တွေတင်တာနားထားပါ့မယ် Matriculation ပြီးတာနဲ့အကောင်းဆုံး ဗဟုသုတရစရာတွေနဲ့ပြန်လာခဲ့ပါ့မယ်

  • 2 мар.9891611иС Knowledgeuniverse2024

    စာမမေ့အောင်ကျက်နည်း 📚 ၁။ ဒီနေ့သင်တဲ့စာကို ဒီနေ့အပြီးကျက်ပါ။ နောက်နေ့မှကျက်မယ်ဆို အသေးစိတ်အချက်အလတ်တွေကိုမမှတ်မိတော့ပဲ အကြမ်းဖျင်းလောက်ပဲသိတာမျိုးဖြစ်တတ်လို့ပါ။ ၂။ စာကိုအတင်းကြီးမကျက်ပါနဲ့ ဘယ်အရာမှအလွန်အကျွံလုပ်တာမကောင်းပါဘူး။ အချစ်လွန်တာပဲဖြစ်"၊ စာအရမ်းကျက်တာပဲဖြစ်" အကျိုးရလဒ်ကတော့ကောင်းမနေပါဘူး။ အတင်းလုပ်ယူလို့ရလာတဲ့အရာတွေကမတည်မြဲပါဘူး။ ‌ဒါကြောင့် မင်းအတင်းလုပ်ယူလည်းမင်းကိုပဲနာကျင်စေမှာပါ။ သူကတော့ချစ်လာမှာမဟုတ်ပါဘူး။ တကယ်ချစ်တဲ့လူက ဘာမှတောင်းဆိုစရာမလိုပါဘူး သူငယ်ချင်းလေးရေ။ ၃။ကျောင်းတက်တဲ့ ရည်ရွယ်ချက်ကို သိရမယ် ကျောင်းတက်ပြီဆိုတာနဲ့ စာကိုပုံမှန်လုပ်ရမယ် စာတွေက လွယ်"နဲ့တော့မရနိုင်ဘူး ရှေ့ကျက်ရင် နောက်မေ့မယ် နောက်ကျက်ရင် ရှေ့မေ့မယ် ဒါပေမယ့်ကြိုးစားရမယ် ရှေ့ကျက်နောက်မေ့ပေမယ့် မင်းတို့က ခုထိ တစ်စုံတစ်ယောက်ကို ဘာလို့မမေ့နိုင်ကြသေးတာလဲ စာကိုလည်းကြိုးစားပြီးရအောင်ကျက်ရသလို တစ်စုံတစ်ယောက်ကိုလည်း ကြိုးစားပြီး ရအောင်မေ့ရမယ် #CRD

  • 1 мар.8095иС Knowledgeuniverse2024

    နောက်ဆုံးပေါ် ဖုန်းတွေ ခေတ်မီ အသုံးအဆောင်တွေကြားမှာ စာအုပ်တွေဟာ ဒဏ္ဒာရီလာသတ္တာဝါတွေအလား ဒေါင်း☘ #CRD

  • 14 февр.997128иС Knowledgeuniverse2024

    စေတနာနဲ့ ပြောပြမယ် iPhone တွေမှာ Photo Album စစ်ရင် Recent Delete နဲ့ Hidden ကို အဓိကထားစစ် ပြီးရင် Phone Call တွေကို စစ် 333 ဆိုရင် info ဝင်ကြည့် Recent Call ထဲက ထိပ်ဆုံး 10 ခုလောက်ကို info စစ် ပြီးရင် Kpay History စစ်ကြည့် Kpay Note မှာ ဘာရေးထားလဲစစ် Wave လဲ တူတူပဲ Messenger ကို စစ်ရင် Archive ကိုစစ် Active Now Bar မှာ ထိပ်ဆုံးပေါ်နေတဲ့ အကောင့်ကို သတိထားကြည့် Myday ဝင်ကြည့် အသည်းသုံးခု ပေးထားရင် အဲ့ဒါ အမြဲစကားပြောနေတဲ့ တစ်ယောက် Telegram စစ်ချင်ရင် ပုံရိုက်ဖို့ ခဏဆိုပြီး ဝင်ကြည့်လိုက် တန်းမိတယ် Group တွေရှိရင် အောက်ကိုဆွဲ Chat တွေက အောက်ရောက်နေတာ Telegram Chat မှာ Search bar ကို နိပ်လိုက် အမြဲစကားပြောနေတဲ့ လူတွေပေါ်လာလိမ့်မယ် Facebook မှာ Share ခလုတ်နိပ်လိုက် အောက်မှာ Messenger မှာ စကားအမြဲပြောတဲ့ အကောင့်တွေပေါ်လာလိမ့်မယ် အဆင်ပြေကြပါစေ #𝘾𝙧𝙚𝙙𝙞𝙩

  • 29 янв.892133иС Knowledgeuniverse2024

    Life never seems to be the way we want it, but we live it the best way we can. There is no perfect life, but we can fill it with perfect Moments...🌐 #Motivation #Knowledge

  • 27 док.1 2101217

    စာမေးပွဲ ဖြေ မယ် ၊နိုင်ငံခြား ပညာ ရေးအတွက် ‌ကြိမ်းသေ ဖြစ်အောင် လုပ်မယ် ထားတယ် လို့ ရည်ရွယ် ထားတယ် ဆိုရင် ဒီ #6ချက် သေချာပေါက် ထည့်လုပ် ဖို့ မှာ ချင် ပါတယ်။ +2 very important mindsets 🌿1.Know the consequences ဖြစ်လာမယ့်အကျိုးဆက်တွေ ကို ကြိုစဉ်းစား ချရေးထားပါ။ ဒီ စာမေးပွဲ အောင် ရင် ဘာဖြစ်မယ် ၊ လွဲ ခဲ့ရင် ဘာဖြစ် နိုင်တယ် စသဖြင့် ကြို ချင့်ချိန်ထားတာ က အကြီး ဆုံး တွန်းအားပါပဲ။ သူများပြော‌တာတွေထက် ကိုယ်တိုင် နားလည်နေဖို့ အရေးကြီးပါတယ်။ 🌿2. Setting the realistic schedule Schedule မရှိရင်အရာ မတွင် ဘူး ၊ Progress ဖြစ်‌မနေဘူး၊ သေချာ မလုပ်ဖြစ် နေဘူးလို ခံစားရတက်ပါတယ်။ တကယ် လည်း သေချာ မလုပ် ဖြစ်နေတာ ဖြစ်နိုင်တယ် ။ ကိုယ် တကယ် လိုက်လုပ် နိုင်မယ့် တစ်ကြိမ်မှာ နည်းနည်း နဲ့ မှန် မှန် လုပ် ဖြစ်မယ့် Schedule မျိုး အချိန် မဆွဲ ပဲ ထားပါ။ အဲ့အတိုင်း ပုံမှန် လုပ်ဖြစ်စေဖို့ ကိုယ့် ကိုကို သတိ ပေး၊ ဥပမာ နံရံမှာ မြင်အောင် ချိတ်ထားတာမျိုး သို့ White board မှာရေး ထားတာမျိုး ။ 🌿3.Timeline ဟုတ် ပြီ Activity Schedule ထားပြီးပြီ ဆို 2026ရဲ့ ဘယ် လ မှာ ဘာလုပ် ရမယ်၊ ဘာဖြစ် ရမယ် စ တဲ့ Timeline ထားပါ။ဒါဆို Deadline ကျော် သွားတာ ၊လိုချင်တဲ့ အချိန် အဆင်သင့်မဖြစ်တာ တွေ ရှောင်နိုင်ပြီး လုပ် ချင်တာတွေ အတွက် ကောင်း ကောင်း စီမံလို့ ရမှာပါ။အထူး သဖြင့် စာမေးပွဲ ဖြေ မယ် ၊ကျောင်းလျှောက်မယ်ဆို ဘယ် လ စာမေးပွဲ ဖြေမယ်၊ အဲ့တော့ ဘယ် ချိန် အတန်းတက် မယ်၊ ဘယ် လမှာ ကျောင်း လျှောက် မယ် စ တဲ့ အရာတွေကို Timeline တိတိ ကျ ကျ ထားတာပါ။ဒါမှ အနီး စပ် ဆုံး သို့ အဲ့ အတိုင်း အတိ အကျ လုပ် ဖြစ်မှာ။ 🌿4.Resource /Document Collection စာမေးပွဲ ဖြေ မယ့် သူတွေ အတွက် အဓိ က လိုအပ် တဲ့ Resources တွေ ကိုယ် လိုအပ် ချိန် Accessible ဖြစ်နေဖို့ အရေးကြီးတယ် ၊နီးမှ ပျာ ပျာ သလဲ လိုက်ရှာ ‌နေလို့မရပါဘူး။အစ ကတည်း က လိုတာတွေ သေချာ လိုက်စုထား၊ မေးဖို့ လိုတာတွေမေးထားပါ။ကျောင်းသူကျောင်းသားတွေက ဒီ အချက် မှာ အရမ်း တစ်ပွဲ တိုး လုပ်တတ် ကြပါတယ်။Chaotic manner won't lead to any deserving achievement 🌿5.Digesting the notes ကိုယ် ဖြေမယ့် စာမေးပွဲ အလိုက် IGCSE လားGED လား G12 လား SATလား IELTSလား သိရမယ့် ၊ကျေ ညက် နေရ မယ့် အကြောင်း အရာတွေ၊ Learning notesတွေ စုံစုံ လင်လင်ဖြစ်ဖို့ Revision ကောင်းကောင်းလုပ်ဖို့၊ တရေးနိုး ထ စဉ်းစားတောင် ချက်ချင်း သိဖို့ စာလုပ်ပါ။အဲ့လောက် Serious ဖြစ်စရာလိုလားဆို ကိုယ့်ရဲ့ Targetအပေါ် စိတ် နှစ် လုပ်ကိုင် မှုအားကောင်းလေလေ အဲ့လို ဖြစ် လာလေပါပဲ ၊အလိုလိုကို ဖြစ်လာမှာပါ။ 🌿6.Prepare well-ahead of time အချိန် ရတုန်း ကြို ပြင်ဆင် ပါ။အထူး သဖြင့် ကျောင်းလျှောက် မယ်ဆို တစ်ချို့ Documents တွေ က ချက်ချင်း မရတာတွေရှိပါတယ်။အချိန်ပေးရတယ်။University Transcript ၊ သန်းခေါင်စာရင်း၊ Recommendation letter၊Personal Statement ၊Visa Application Documents ၊Appointments စတဲ့ ရုံးပိုင်းဆိုင် ရာ စာရွက် စာတမ်းတွေဆို အချိန်ပိုကြာနိုင်တယ်။ တက်နိုင်သလောက် စောပြင်ပါ။ သတိ နဲ့ Follow-upလုပ်ပါ။ ပစ်မထားပါနဲ့။ •••• နောက်ဆုံး နှစ် ခုမှာ ချင်တာ ရှိပါတယ်။ ကျောင်းသူကျောင်းသား လူငယ် တွေအနေနဲ့ နောက်ထပ် Milestoneတစ်ခု အစ ပြု ပြီဆို အကုန် ကိုယ် သိ ‌ချင်မှ လည်း သိမှာပါ။သိနေတာ က လည်း လွဲနေနိုင်တယ်။လိုအပ် ရင် Senior တွေ ၊ဆရာဆရာမ တွေကို Reach out လုပ် ဖို့ ဝင်မလေးပါနဲ့။ နေရာ တိုင်း လူရှိန်နေတာ၊အားနာနေတာ၊ချေနေတာ မျိုး လုပ်လို့ မရပါဘူး။တစ် ဖက်မှာလည်း လေး စားမှူ ရှိ ပါ ။ကိုယ့်ကို ကူညီနိုင်သည် ဖြစ်စေ၊မကူ ညီလိုက်နိုင်တာ ဖြစ်စေ ကိုယ့် ဘက်က အပြု သဘောဆောင်တဲ့ Respectful mannarရှိပါ။ အရာရာ တိုင်းကို Appreciate လုပ် တက်တာ ဟာ ကိုယ့်ကိုကိုလည်း ပို လေးစား ရာရောက်ပါတယ်။ နောက် တစ်ခု က မြန်မာပြည် ရဲ့အနေအထားက Leap of faithပါ။ External Factors တွေ ၊Policyအ‌ ပြောင်းအလဲတွေ အချိန်မ‌ ရွေး ကြုံရနိုင်ပါတယ်။အကြောင်းတစ်ခုခု ကြောင့် စီစဉ်ထားတဲ့ plan/Timelineအတိုင်း မဖြစ်လာခဲ့ရင် လုပ်စရာPlan Bထားပါ။ အရာရာ ဟာ အတွေ့အကြုံပဲ မို့ နောက် တစ်ကြိမ် ကြိုးစားဖို့ပဲစဉ်းစားပါ၊ အတွေ့အကြုံကို Traumaအနေနဲ့ သည် မသွားပဲ Lesson learntအနေနဲ့ ပဲ သတ်မှတ်လိုက်ပါ။ May 2026 be a year of progress and prosperity for you. -Tr Wyne 🌿 #CRD #Knowledge

  • G - 12 ဘယ်နှယောက်ရှိလဲဗျို့💭 ဖြေဖို့ရက်ကနီးလာပါပြီနော်🥲 စာတွေပိုင်ပြီဆိုတဲ့သူတွေလည်း နည်းလေးတွေမျှပေးနိုင်သလို စာအခက်အခဲရှိရင်လည်း ကူပြော ကူရှင်းပြလို့ရအောင် အောက်က Comment box မှာ discussion group ရှိပါတယ်ရှင့်🤗 ယွန်းတို့အချင်းချင်းတိုင်ပင်လို့ရသလို စာအကြောင်းပိုပြီး နားလည်ချင် သိချင်ရင် ပြောလို့ရပါတယ်နော် 🫶 Fighting 💓 #Owner

  • 🎄 Merry X'mas ⛄❄️ Christmas ကာလမှာ မိသားစုတွေ မိတ်ဆွေတွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေနော့်❤️ Yoon ကဆောင်းတွင်းမှာမွေးတဲ့သူမို့ ဆောင်းရာသီကိုအရမ်းကြိုက်ပါတယ်ရှင့်☃️🤍 အားလုံးပဲ Happy Christmas နော်⛄ #Owner

  • Happy Karen New Year ပါနော်❤️ ကရင်ကောင်လေးကို ကြိုက်သလို ကရင်နှစ်ကူးလည်း အရမ်းသဘောကျတဲ့ New year တစ်ခုပါနော်🫶 တစ်မနက်လုံး စာလုပ်ပြီး စာမေးပွဲ သွားဖြေနေတာနဲ့ ညဘက်မှ wish ဖြစ်ပါတယ်🥹 12တန်းကတော့ပိတ်ရက်မရှိဘူးနော် နေ့တိုင်းစာလုပ်နေမှအဆင်ပြေမယ် ဘာပဲဖြစ်ဖြစ် နှစ်ကူးမှာ နေရာအနှံ့က ကရင်တိုင်းရင်းသားအားလုံး ပျော်ရွှင်ပြီးကျန်းမာကြပါစေရှင့်😸 #Owner

  • Breaking News: ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း Yoon ကိုယ်တိုင်၀င်ဖြေရမယ့် final exam ‌ဖြစ်တာကြောင့် အကုန်လုံး Fighting ပါ❤️ Myanmar ကနေ Biology အထိ ဘယ်ဘာသာတွေ အပိုင်ရကြပြီလဲ 🥹

  • 17 док.6684иС Knowledgeuniverse2024

    မရဘူးနော် ဦးနှောက်ထဲမှာ data အပြည့်ပဲ🥹

  • 16 док.67410иС Knowledgeuniverse2024

    တက္ကသိုလ် ဝင်တန်းအတွက် မေးခွန်းခက်တာ ထုတ် မိတာကြောင့် အနားပါ ယူလိုက်ရသူ 🗿 တောင်ကိုရီးယားက တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ တော့ အင်္ဂလိပ်စာ မေးခွန်းက အတော်လေးကို ခက် သွားတာကြောင့် ကြီးကြပ်ပေးရသူ အကြီးအကဲဟာ ရာထူးကနေ နု-တ်ထွက် ပေးသွားခဲ့ရပါတယ်။ တောင် ကိုရီးယားမှာလည်း တက္ကသိုလ်ဝင်တန်း ဟာ အရေးပါနေပြီး ကိုယ် ရည်မှန်းရာ တက္ကသိုလ်တွေကိုတက်ရောက်နိုင်အောင်အတွက် များစွာ အရေးပါနေ ခဲ့ရပါတယ်။ နိုဝင်ဘာလက ကျင်းပပြုလုပ်ခဲ့တဲ့ စာမေးပွဲမှာတော့ ဖြေဆိုသူ အများစုဟာ အင်္ဂလိပ်စာ မေးခွန်းကြောင့် အတော်လေးကို အခက်တွေ့ ခဲ့ကြရသလို ဂုဏ်ထူး ထွက်ရှိသူတွေပါ နည်းပါးသွားခဲ့ရတာပါ။ ဒါကြောင့် လည်း ညွှန်ချုပ်ဖြစ်သူ အိုဆွန်ဂိုလ်အနေနဲ့ ရာထူးက နေ နု-တ်ထွက် သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါမျိုးလည်း ရတာပဲလား ဆိုတာကို အခုမှ သိရလေ ခြင်း.... #CRD #Knowledge

  • Hello everyone 🤗 ဒီ channel ရဲ့ Owner Yoonie ပါရှင့် ဒီ channel လေးမှာဆက်လက်ရှိပေးနေတဲ့ Readers လေးတွေကိုကျေးဇူးအထူးပါနော်🫶 2022ကတည်းက စပြီး run ခဲ့တာကြောင့် အခုနဲ့ဆို 3နှစ်ကျော်ကာလထဲရောက်သွားပြီ။ ဒီကြားထဲ acc ပျက်သွားလို့ ownership မရတာနဲ့အကြာကြီးပစ်ထားမိပါတယ်ရှင်😞 12တန်းတက်နေတဲ့ ကျောင်းသားမို့အရင်လို အမြဲမတင်ဖြစ်တာနားလည်ပေးပါရှင့် နောက်ပိုင်းပိုကောင်းတဲ့ content တွေနဲ့ ပြန်လာခဲ့ပါ့မယ်ရှင့်❤️ #Owner