What Comes After Love (2024)
Статистика- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 3
- Всего постов
- 23
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 162
- 1/48двое суток
- 185
- 1/72трое суток
- 200
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
- မြန်မာပြည်ဖွား ဂျပန်မင်းသား မိုရီဆာကီဝင်းပါဝင်ထားတဲ့ BL ရုပ်ရှင်ကားသစ်လေး... - 🎶 📱 "ချစ်ခြင်းမေတ္တာဆိုတာ အဆုံးသတ် မလှပခဲ့ရင်တောင် ရင်ထဲမှာ အမြဲကိန်းအောင်းနေတတ်တဲ့ သံစဉ်တစ်ခုလိုပါပဲ"၊ ဂီတသံဇဥ်တွေနဲ့အတူ အလှပဆုံးရိုက်ကူးတင်ဆက်ထားတဲ့ ရင်ခုန်ဆွေးမြေ့စရာဇာတ်လမ်းလေးတစ်ပုဒ်... "ဆိုတာ" ဆိုတဲ့ကောင်လေးက အလုပ်ကို အရမ်းဖိစီးပြီးလုပ်တတ်တဲ့ တည်တည်ငြိမ်ငြိမ် သုတေသီတစ်ယောက်ပါ။ ရုတ်တရက် တိုကျိုမှာ အလုပ်လုပ်ဖို့ အမိန့်ကျလာရာကနေ တစ်နေ့မှာတော့ တိုကျိုကနေ ဘန်ကောက်ကို အပြန်လမ်းမှာ သူ့ရဲ့ ကျောင်းသားဘဝကတည်းက တိတ်တိတ်လေး သံယောဇဉ်တွယ်ခဲ့ရတဲ့ "ကိုင်း" နဲ့ မထင်မှတ်ဘဲ ပြန်ဆုံတွေ့ခဲ့ပါတယ်။ ကိုင်းကတော့ အခုချိန်မှာ ဓာတ်ပုံဆရာတစ်ယောက်အဖြစ် ရပ်တည်နေပြီး ဂီတလမ်းကြောင်းကိုလည်း ဆက်လျှောက်နေတဲ့သူပါ။ ကျောင်းသားဘဝက ကိုင်းဆိုပြခဲ့ဖူးတဲ့ "အဆုံးမသတ်ရသေးတဲ့ သီချင်းလေး" ကို ဆိုတာတစ်ယောက် အခုချိန်ထိမှတ်မိနေတာကို သိလိုက်ရတဲ့အခါ ကိုင်း အရမ်းကို အံ့ဩသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတိုနှစ်ယောက်ကြားက ရပ်တန့်နေတဲ့ သံယောဇဉ်တွေ ပြန်လည်ရှင်သန်လာပြီး ပိုမိုနီးကပ်လာကြပေမဲ့ ပြဿနာက သူတိုနှစ်ယောက်လုံးမှာ ဒီသီချင်းကို ဘာကြောင့် အဆုံးထိ မရေးဖွဲ့နိုင်ခဲ့ကြတာလဲဆိုတဲ့ ဖုံးကွယ်ထားတဲ့ လျှိဝှက်ချက်ကိုယ်စီ ရှိနေကြတာပါပဲ။ အတိတ်က မပြီးပြတ်သေးတဲ့ ချစ်သီချင်းလေးက သူတိုနှစ်ယောက်ရဲ့ ပစ္စုပ္ပန်မှာ ဘယ်လိုပြန်လည် ပဲ့တင်ထပ်မလဲ? သူတိုရဲ့ လျှိဝှက်ချက်တွေကရော ဘာတွေဖြစ်မလဲဆိုတာ... အချစ်၊ သံယောဇဉ်နဲ့ အလွမ်းအဆွေးတွေကို သီချင်းသံစဉ်တွေနဲ့အတူ လှလှပပ ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားချက်အပြည့်နဲ့ ကြည့်ရှုရမဲ့ ( Love Song ) ရုပ်ရှင်လေးက နူးနူးညံ့ညံ့အချစ်ကားကြိုက်တဲ့ အက်ဒမင်တို ပရိသတ်ကြီးအတွက် လက်မလွှတ်သင့်ဘူးနော်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+ZLuYB7AtPF01MzQ1 ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2323868586/495 ➖➖➖➖➖➖➖➖➖➖➖
- အားလုံးရဲ့အသဲကျော် မီနီယံတွေ ပြန်လာပါပြီ... - 🚨 📱 မိစ္ဆာရုပ်ရှင်ဇာတ်ကားရိုက်ဖို့ကို မိစ္ဆာအစစ်တွေ သုံးမိလို့ ပရမ်းပတာတွေဖြစ် ဒုက္ခရောက်ကြရတဲ့ Minions ဇာတ်ကားသစ်ကြီး ဗားရှင်းအကြည်ရပါပြီနော်... ၁၉၂၀ ပြည့်လွန်နှစ်တွေရဲ့ ဟောလိဝုဒ်ရုပ်ရှင်ခေတ်ဦးမှာ ဂရူးနဲ့ မဆုံတွေ့သေးခင် မီနီယံအုပ်စုဟာ မတော်တဆ ရုပ်ရှင်ရိုက်ကွင်းတစ်ခုထဲ ရောက်သွားရင်းကနေ ရုတ်တရက် နာမည်ကြီးမင်းသားတွေ ဖြစ်လာခဲ့ကြရာကနေ ဇာတ်လမ်းစတာပါ။ ဒါပေမဲ့ အသံပါတဲ့ ရုပ်ရှင်ခေတ် ပြောင်းလဲလာတဲ့အခါ မီနီယံဘာသာစကားပဲ ပြောတတ်တဲ့ သူတို့ဟာ ရုပ်ရှင်လောကကနေ စွန့်ပစ်ခံလိုက်ရပါတော့တယ်။ ဒါကို လက်မလျှော့ချင်တဲ့ James, Henry နဲ့ Ed ဆိုတဲ့ မီနီယံသုံးကောင်ဟာ သူတို့ကိုယ်ပိုင် မကောင်းဆိုးဝါး ရုပ်ရှင်ကားကြီးရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖို့အတွက် ရှေးဟောင်း ဂါထာစာအုပ်တစ်အုပ်ကို သုံးပြီး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်လိုက်ရာကနေ မထင်မှတ်ဘဲ ကမ္ဘာကြီးကိုဖျက်ဆီးမယ့် မိစ္ဆာကြီး ထွက်ပေါ်လာတဲ့အခါ မီနီယံတွေဟာ ကမ္ဘာကြီးကို ပြန်လည်ကယ်တင်ဖို့ ပရမ်းပတာ စွန့်စားကြရပါတော့တယ်။ ကဲ ပေါက်တတ်ကရ အဖြစ်အပျက်တွေနဲ့အတူ ငယ်ဘဝအမှတ်တရဇာတ်ကောင်လေးတွေမို့ အခုပဲကြည့်လိုက်ကြတော့နော်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+sTv-PcTqAoUwZmVl ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2589146425/504 ➖➖➖➖➖➖➖➖➖➖➖
- Kdrama ဖန်တို့ရဲ့နှင်းဆီခိုင် ကိုစိုးမိုးနိုင်ရဲ့အသစ်စက်စက် Ro-com နက်ဖလစ်စီးရီးလေး... - 📱 📱 ကိုယ့်ကိုယ်ကိုယ် ဘယ်သူဆိုတာတောင် မမှတ်မိတော့တဲ့ အချိန်မှာ အရှေ့မှာ ပေါ်လာတဲ့သူက “ငါက မင်းရည်းစား” လို့ ပြောလာရင် ပရိသတ်ကြီးတို့ ယုံမိမှာလား..? အင်အားကြီး ရာဇဝတ်ဂိုဏ်းတစ်ခုကို စုံစမ်းနေစဉ် မမျှော်လင့်ထားတဲ့ အန္တရာယ်တစ်ခုကြောင့် အမှတ်ဉာဏ်အားလုံး ပျောက်ဆုံးသွားတဲ့ အမှုစစ် ဂိုအွန်းဆယ်၊ သူမ နိုးထလာတဲ့အချိန်မှာ မြို့ပြနဲ့ဝေးကွာတဲ့ ကျေးလက်ရွာလေးတစ်ရွာမှာ ရောက်ရှိနေခဲ့ပါတယ်။ အဲဒီမှာ လက်ဝှေ့သမားဟောင်းတစ်ဖြစ်လဲ လက်ရှိလက်ဝှေ့နည်းပြဖြစ်တဲ့ ဂျန်ထယ်ဟာ နဲ့ဆုံဆည်းခဲ့ပါတော့တယ်။ တစ်ချိန်က ဂိုဏ်းလောကနဲ့ ပတ်သက်ခဲ့ဖူးတဲ့ ထယ်ဟာဟာ အွန်းဆယ်ကို အန္တရာယ်တွေကနေ ကာကွယ်ပေးချင်စိတ်ကြောင့် “ငါဟာ မင်းရည်းစား” လို့ မုသားဆိုခဲ့ရာကနေ အဲဒီမုသားကပဲ နှစ်ယောက်သားရဲ့ကံကြမ္မာကို ပြောင်းလဲသွားစေမယ့် အစဖြစ်လာပါတော့တယ်။ အတိတ်က လျှို့ဝှက်ချက်တွေ၊ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေနဲ့အတူ အတူတကွဖြတ်သန်းရင်း မထင်မှတ်ထားတဲ့ ချစ်ခြင်းမေတ္တာတစ်ခု ပေါက်ဖွားလာတဲ့အခါ…မုသားကနေ စတင်ခဲ့တဲ့အချစ်က အချစ်စစ်အဖြစ် ပြောင်းလဲနိုင်ပါ့မလားဆိုတာ "Our Sticky Love" နက်ဖလစ်စီးရီးအသစ်စက်စက်လေးမှာ ရင်ခုန်စွာ ကြည့်ရှုလိုက်ရအောင်နော်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+RaH77JmUMVlkZTll အပိုင်း ၁ မှ ၁၂ စဆုံး🔽 https://t.me/tsh_secret_house_cm_2022/288 ➖➖➖➖➖➖➖➖➖➖➖
- အစအဆုံး ထထိုင်တည်းကြည့်မိသွားစေမဲ့ Survival ရုပ်ရှင်ကားသစ်ကြီး... - ™️ 📱 တစ်ကမ္ဘာလုံးက အိမ်တွေအားလုံး တံခါးတွေ၊ ပြတင်းပေါက်တွေ ဘယ်လိုမှ ဖွင့်လို့မရတော့ဘဲ လူသားတွေအကုန် အိမ်ထဲမှာတင် ပိတ်မိနေကြတဲ့အခါ... ရှားရှားပါးပါး Survival Horror ကားကောင်းတစ်ကားပါပဲ။ A Quite Place နဲ့ အထာတူတယ်လို့ ပြောလို့ရပါတယ်။ မိသားစုလေးယောက်ဟာ ပုံမှန်အတိုင်း အိပ်ရာနိုးလာချိန်မှာ သူတို့ရဲ့ နေအိမ်ကြီးတစ်ခုလုံးကို ပြင်ပက အကြောင်းရင်းမရှိ အဆန်းကြယ် ပိတ်လှောင်ထားခြင်း ခံလိုက်ရတာကို မထင်မှတ်ဘဲ ကြုံတွေ့လိုက်ရရာကနေ ဇာတ်လမ်းစတာပါ။ တစ်မ္ဘာလုံးက တံခါးတွေ၊ ပြတင်းပေါက်တွေ ဘယ်လိုမှ ဖွင့်လို့မရတော့ဘဲ လူသားတွေအကုန် အိမ်ထဲမှာတင် ပိတ်မိနေကြရင်း အစားအသောက်နဲ့ သုံးစွဲစရာပစ္စည်းတွေ တဖြည်းဖြည်း နည်းပါးလာကြပါတော့တယ်။ အိမ်အပြင်ဘက်မှာလည်း သူတို့ကို စောင့်ကြည့် ပိတ်လှောင်ထားတဲ့ နားမလည်နိုင်တဲ့ မကောင်းဆိုးဝါး သို့မဟုတ် အန္တရာယ်တစ်ခု ရှိနေတာကို သိလိုက်ရတဲ့အခါ မိသားစုဝင်တွေဟာ အသက်ဘေးကနေ လွတ်မြောက်ဖို့နဲ့ ပေါင်းစည်းညီညွတ်စွာ ရုန်းကန်ကြရပါတော့တယ်။ "The Last House" ရုပ်ရှင်က အစကနေအဆုံးထိ တထိုင်တည်းကြည့်နေရင်း စိတ်ဝင်စားမိအောင်လုပ်သွားတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+RxFcQVyejP4wNDVl ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2185930110/449 ➖➖➖➖➖➖➖➖➖➖➖
- အချစ်ဆိုတဲ့အရာကို အနက်ရှိုင်းဆုံးထိ မေးခွန်းထုတ်ပြသွားတဲ့ classic romance ရုပ်ရှင်တစ်ကား... - ❤️ 📱 “ချစ်မိသွားတဲ့အခါ ရွေးချယ်စရာတွေ နည်းလာတတ်တယ်တဲ့၊ ဒါပေမဲ့ တခါတလေမှာ နင် ငါ့ကိုလည်း မချစ်သလို၊ တခြားဘယ်သူ့ကိုမှလည်း မချစ်ဘူးလို့ ငါထင်တယ်၊ နင် ချစ်နေတာက နင့်ကိုချစ်တဲ့ ငါ့ရဲ့အချစ်တွေကိုပဲ...” အချစ်မှာ “ဘာလို့လဲ” ဆိုတာ မရှိဘူးတဲ့။ တစ်ဦးက ဂုဏ်သိက္ခာ၊ တစ်ဦးက ချစ်မေတ္တာ၊ တစ်ဦးက ရမ္မက်၊ ကိုယ်စီအလေးထားရာတွေ မတူညီကြတဲ့ လူသုံးယောက်ရဲ့အရှုပ်တော်ပုံလို့ပဲ တင်စားလိုက်ပါရစေ။ အထူးသဖြင့် Anna Karenina ဆိုတဲ့ သားတစ်ယောက်မိခင်၊ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ အဖြစ်အပျက်တွေအားလုံးရဲ့ မြစ်ဖျားခံရာကတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေးအခြေအနေ အဆင်မပြေမှုတွေအတွက် ဖြောင်းဖျဖို့ သွားခဲ့တဲ့ မော်စကိုမြို့လေးပါပဲ။ အဲဒီခရီးမှာ Vronsky ဆိုတဲ့ ချောမောခန့်ညားပြီး အသက်ငယ်ငယ် မြို့စားတစ်ယောက်နဲ့ ရထားပေါ်မှာ အမှုမဲ့အမှတ်မဲ့ ဆုံခဲ့ကြတယ်။ သို့ပေမဲ့ အမှတ်တမဲ့ဆုံတွေ့မှုကနေ အမှတ်တရတွေ တဖြည်းဖြည်း ဖြစ်လာခဲ့ကြတယ်ပေါ့လေ။ မဖြတ်နိုင်တော့တဲ့ သံယောဇဉ်နဲ့အတူ Anna ဟာ ကိုယ့်အိမ်ထောင်ရေး၊ သားဖြစ်သူနဲ့ လူမှုအသိုင်းအဝိုင်းကြားမှာ ရွေးချယ်ရခက်လာခဲ့တယ်။ ရပ်တန့်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ အရာအားလုံးက ပြန်ပြင်ဖို့ အရမ်းနောက်ကျသွားခဲ့ပြီ။ အဲဒီနောက် တည်ငြိမ်အေးချမ်းနေခဲ့တဲ့ အိမ်ထောင်တစ်ခုဟာ တစ်စတစ်စ ဘောင်ဘင်ရိုက်ခတ်လာပြီး ချစ်ခြင်းမေတ္တာ၊ သစ္စာနဲ့ မနာလိုမှုတွေကြားမှာ အားလုံးရဲ့ဘဝတွေပါ ပြောင်းလဲသွားခဲ့ပါတော့တယ်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+ZLuYB7AtPF01MzQ1 ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2323868586/491 ➖➖➖➖➖➖➖➖➖➖➖
- 2010 ခုနှစ်ထွက် စပိန်ရုပ်ရှင် Julia's Eyes ကို Remake ပြန်လည်ရိုက်ကူးထားပြီး မင်းသမီး Shin Min-A ကို နှစ်ကိုယ်ခွဲဇာတ်ကောင်အနေနဲ့ မြင်တွေ့ရမဲ့ သည်းထိတ်ရင်ဖို ရုံတင်ကားသစ်ကြီး ထွက်ရှိလာပါပြီ... - 🙋📱 မျိုးရိုးလိုက်ရောဂါကြောင့် တဖြည်းဖြည်း အမြင်အာရုံဆုံးရှုံးလာကြတဲ့ အမြွှာညီအစ်မ ဘတ်ဆောဂျင်နဲ့ ဘတ်ဆောအင် ၊ မျက်မမြင်ဖြစ်တဲ့ ကိုယ့်ကြောင့် အစ်မဖြစ်သူ ဆောဂျင် ဒုက္ခများရမှာစိုးနေတဲ့ ဆောအင်ရဲ့ အကြံပြုချက်ကြောင့် ညီအစ်မနှစ်ဦးက အိမ်ခွဲနေထိုင်ခဲ့တာလည်း နှစ်ချို့သွားခဲ့ပါပြီ။ ဒီလိုနဲ့ တစ်နေ့မှာ ညီမဖြစ်သူနဲ့ အဆက်အသွယ် လုံးဝမရတာကြောင့် စိတ်ထဲ မသင်္ကာဖြစ်လာပြီး ဆောအင်နေထိုင်တဲ့အိမ်ရှိရာ ဝန်းဂျင်းကို ကိုယ်တိုင်ဆင်းလာခဲ့ပါတယ်။ ဒါပေမဲ့လည်း အိမ်ကိုရောက်ရှိသွားချိန်မှာ ညီမဖြစ်သူကို အသက်မရှိတော့တဲ့ အလောင်းအဖြစ်နဲ့သာ တွေ့ရှိလိုက်ရတဲ့အခါမှာတော့...ညီမဖြစ်သူရဲ့ သေဆုံးမှုက တကယ်ပဲ မတော်တဆမှုတစ်ခုလား? ဒါမှမဟုတ် တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလားဆိုတဲ့ မေးခွန်းတွေက ဆောဂျင်ရဲ့စိတ်ထဲမှာ တဖြည်းဖြည်း ပေါ်လာပါတော့တယ်။ အိမ်ထဲမှာလဲ မျှော်လင့်မထားတဲ့ သဲလွန်စတွေနဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေကို တစ်ခုပြီးတစ်ခု ရင်ဆိုင်လာရသလို၊ မျိုးရိုးလိုက်ရောဂါကြောင့် သူမရဲ့အမြင်အာရုံကလည်း အချိန်နဲ့အမျှ ပိုမိုဝေဝါးလာခဲ့ပါတော့တယ်။ မြင်ကွင်းတွေ တဖြည်းဖြည်း ဝေဝါးလာတဲ့ကြားထဲကနေ ဆောဂျင်တစ်ယောက် ညီမဖြစ်သူ သေဆုံးမှုရဲ့အမှန်တရားကို ဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ အသစ်စက်စက် "The Eyes" ရုပ်ရှင်ကို ညွှန်းဆိုပေးလိုက်ရပါတယ်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+e8k07LM6fpEzMzg1 ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2170909244/1016 ➖➖➖➖➖➖➖➖➖➖➖
- အားလုံးမျှော်နေကြတဲ့ ဟော်ရာရုပ်ရှင်ကားကြီး ကြည်တောက်ရှင်းဗားရှင်းရပါပြီ... - 🔥 📱 "Evil Dead" ဖရန့်ချိုင်းရဲ့ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ မိစ္ဆာကျမ်းစာအုပ်ကိုပဲ အခြေခံထားပြီး သွေးထွက်သံယို အသည်းယားစရာ အငွေ့အသက်တွေနဲ့ အတော်ကြောက်ဖို့ကောင်းပါတယ်... ခရစ်ယာန်သမ္မာကျမ်းစာ သမိုင်းပါမောက္ခ ဒေါက်တာ ဘင်ဂျမင်ပရိုက်စ် ချန်ထားခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် မှတ်တမ်းတစ်ခုနဲ့ ဇာတ်လမ်းစတင်ထားပါတယ်။ အဲဒီမှတ်တမ်းမှာ သေခြင်းကျမ်းစာထဲက တားမြစ်ထားတဲ့ စာသားတွေကို ဖတ်ရှုမိတာကြောင့် လူတွေရဲ့ခန္ဓာကိုယ်ထဲ ပူးကပ်ဝင်ရောက်တတ်တဲ့ ရက်စက်လွန်းလှတဲ့ မိစ္ဆာသရဲသဘက်တွေ နိုးထလာခဲ့ကြောင်းနဲ့ အဲဒီမိစ္ဆာတွေကို ငရဲဆီပြန်ပို့နိုင်မယ့် အင်းကွက်ဝှက်ထားတဲ့ ရှေးဟောင်းလက်နက်တစ်မျိုးအကြောင်း ပါဝင်နေပါတယ်။ အခြားတစ်ဖက်မှာတော့ အဲလစ် ဆိုတဲ့ အမျိုးသမီးဟာ ကားအဆင်မပြေမှုနဲ့ ရန်ဖြစ်ရာကနေ မတော်တဆ ဆုံးပါးသွားခဲ့ရတဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ ဝယ်လ် ရဲ့နာရေးနဲ့ အမှတ်တရအခမ်းအနားအတွက် ခင်ပွန်းသည်ရဲ့မိသားစုအိမ်ဆီ ပြန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာ ဝယ်လ်ရဲ့ မိခင်၊ အဖေ၊ ညီဖြစ်သူ ဂျိုးဇက် နဲ့ ဆွေမျိုးတွေစုဝေးနေကြရင်း ဝမ်းနည်းမှု၊ စိတ္တဇနဲ့ မိသားစုကြား အတိတ်ကပဋိပက္ခတွေ၊ အပြစ်တင်မှုတွေနဲ့ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် ခင်ပွန်းဖြစ်သူရဲ့အဖိုးဖြစ်သူ သမိုင်းပါမောက္ခ သုတေသနလုပ်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေ၊ ကျိန်စာသင့်စာအုပ်မှတ်တမ်းတွေနဲ့ ရှေးဟောင်းဓားမြှောင် လက်နက်တစ်ခုရဲ့ လျှို့ဝှက်ချက်တွေဟာ အဲဒီအိမ်ထဲမှာ ကျန်ရှိနေခဲ့တာပါ။ မထင်မှတ်ဘဲ မိစ္ဆာကျိန်စာ နိုးထလာခဲ့ပြီး အိမ်ထဲက မိသားစုဝင်တွေရဲ့ ခန္ဓာကိုယ်ထဲကို တစ်ယောက်ပြီးတစ်ယောက် ပူးကပ်ဝင်ရောက်လာတဲ့အခါမှာတော့ အချင်းချင်း ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်ကြရင်း ငရဲခန်းသဖွယ် သွေးထွက်သံယို သွေးပျက်စရာ ရင်ဆိုင်ကြုံတွေ့ကြရပါတော့တယ်။ စိတ္တဇဖိနှိပ်မှုတွေ၊ သွေးသံရဲရဲ သည်းထိတ်ရင်ဖို အခန်းတွေနဲ့အတူ အသက်ဘေးကနေ လွတ်မြောက်ဖို့နဲ့ မိစ္ဆာတွေကိုတားဆီးနိုင်မယ့် ရှေးဟောင်းဓားမြှောင်ကို အပြိုင်အဆိုင် လိုက်လံရှာဖွေရင်း ကုန်းရုန်းရုန်းကန်ကြရမယ့် သည်းထိတ်ရင်ဖို Horror ဇာတ်ကားပဲဖြစ်ပါတယ်.. ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+3KtfxB1b7g4yNDll ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2440871366/490 ➖➖➖➖➖➖➖➖➖➖➖
- ရော်ဘင်ဟုဒ်၏ နိဂုံ [၂၀၂၆] ရုံတင်ကားကြီး... -🔥📱 ကျွန်တော်တို့ငယ်ငယ်ကသိခဲ့တဲ့ ရော်ဘင်ဟုဒ်ဆိုတဲ့ နာမည်ကျော်ဇာတ်ကောင်ကို ဟီးရိုးပုံစံမျိုးနဲ့မဟုတ်ပဲ အတိတ်က သူသ@တ်ခဲ့တဲ့ လူတွေအတွက် နောင်တရနေတဲ့ အတ္တကြီးပြီး အိုမင်းနေတဲ့ လူသ@တ်သမားတစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ... ၁၂၄၇ ခုနှစ် အင်္ဂလန်နိုင်ငံကို အခြေခံထားပြီး၊ ရိုဘင်က သူ့ကို ဟီးရိုးတစ်ယောက်လို့ သတ်မှတ်ထားကြတဲ့ ပုံပြင်တွေကို လက်မခံပါဘူး။ သူက လူတွေနဲ့ဝေးရာမှာ တစ်ယောက်တည်း သီးသန့်ခွဲနေပေမဲ့ သူ့သူငယ်ချင်းဟောင်း လစ်တဲလ်ဂျွန်ရဲ့ ခြံကို ပြန်ယူဖို့အတွက် ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုမှာပါဝင်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီတိုက်ပွဲမှာ ရိုဘင်က အပြင်းအထန် ဒဏ်ရာရသွားပြီး ဝေးလံခေါင်ဖျားတဲ့ ကျွန်းပေါ်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ကျန်ခဲ့ပါတယ်။ သူက နာမည်လွှဲနဲ့ နေပြီး အဲဒီက ကျောင်းထိုင်သီလရှင် ဘရစ်ဂျစ်က သူ့ကို ပြုစုပေးပါတယ်။ ဒဏ်ရာသက်သာလာတဲ့အခါ ရိုဘင်က စိတ်ဒဏ်ရာရနေတဲ့ ဂျွန်ရဲ့သမီးလေး မာဂရက်ကို လေးပစ်သင်ပေးရင်း တစ်ဖက်မှာလည်း သူ့ရဲ့ ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ အတိတ်အတွက် နောင်တတွေနဲ့ ရုန်းကန်နေရပါတယ်။ "The Death of Robin Hood" ဇာတ်လမ်းက သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုတွေနဲ့ အဆုံးသတ်မှာ သူ့ရဲ့အမှားတွေကို ဘယ်လို ပြင်ဆင်သွားမလဲဆိုတာကို ဝမ်းနည်းဖွယ် အဆုံးသတ်နဲ့ ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ကားပဲပါတယ်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+RxFcQVyejP4wNDVl ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2185930110/443 ➖➖➖➖➖➖➖➖➖➖➖
- BlueDragonSeriesAward မှာ အမြင့်ဆုံးဆုဖြစ်တဲ့ Daesang ဆုကြီးကို သိမ်းပိုက်ခဲ့တဲ့ နက်ဖလစ်စီးရီးကောင်းလေး... - ™️ 📱 "တစ်ချို့လူတွေက ဘဝထဲကို အမြဲတမ်းအတူရှိနေဖို့ ရောက်လာကြတာ မဟုတ်ဘူး၊ အမှတ်တရတစ်ခုအဖြစ် ကျန်ရစ်ခဲ့ဖို့ပဲ ရောက်လာကြတာ၊ နင်က ငါ့ဘဝတစ်ခုလုံး မဟုတ်ခဲ့ပေမဲ့၊ ငါ့ဘဝရဲ့ အလှပဆုံး အပိုင်းတစ်ခုတော့ ဖြစ်ခဲ့တယ်..." Ryu Eun Jung ဟာ ပွင့်လင်းပြီး ဖော်ရွေတဲ့ အကျင့်စရိုက်ကြောင့် လူတွေကို အလွယ်တကူ ဆွဲဆောင်နိုင်သူတစ်ဦးပါ။ သူမနဲ့ မူလတန်းမှာတည်းက ဆုံတွေ့ခဲ့ပြီး သူမရဲ့ အခင်ဆုံးသူငယ်ချင်းလည်းဖြစ် ဘဝတစ်လျှောက်လုံး ပြိုင်ဘက်လည်းဖြစ်တဲ့ Cheon Sang Yeon ကတော့ ချမ်းသာတဲ့ မိသားစုကနေလာပြီး တစ်မူ ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်တွေကြောင့်ပဲ Eun Jung ဟာ Sang Yeon ကိုအမြဲတမ်း မနာလိုအားကျနေခဲ့ရတာပေါ့။ တစ်ခါတစ်ရံ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးတဲ့အချိန်တွေရှိပေမဲ့လည်း အခင်ဆုံးသူငယ်ချင်းအဖြစ် ဆက်ရှိနေကြဆဲဖြစ်တဲ့ သူတို့ ၂ ဦးက မတူညီတဲ့ ဘဝအခြေအနေကြောင့် နှစ်တွေအများကြီးဝေးကွာပြီး အဆက်အသွယ် ပြတ်နေခဲ့ရာမှ အဆက်အသွယ်ပြန်လုပ်ဖြစ်ပြီး အခု အသက် ၄၀ အရွယ်မှာတော့ Eun Jung က ရုပ်ရှင်စာရေးဆရာမတစ်ဦးဖြစ်လာပြီး Sang Yeon ကတော့ အောင်မြင်တဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး ဖြစ်နေပါပြီ။ အဲဒီလိုနဲ့ပဲ တစ်နေ့မှာတော့ Sang Yeon က ရုတ်တရက်ရောက်လာပြီး သူ့ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေမှာ အဖော်ပြုပေးဖို့အတွက် Eun Jung ကို တောင်းဆိုတဲ့အခါမှာတော့... ဆယ်ကျော်သက်အရွယ်ကနေ အသက် ၄၀ အရွယ်ရောက်တဲ့အထိ တစ်ယောက်အပေါ်တစ်ယောက် အချစ်၊ အမုန်း၊ မနာလိုမှု၊ ပြိုင်ဆိုင်မှုတွေနဲ့ ခင်မင်ရင်းနှီးခဲ့ကြတဲ့ ဒီသူငယ်ချင်း ၂ ဦးက ဘဝရဲ့နောက်ဆုံးအချိန်အထိ ဘယ်လိုအားပေးပြီး အဖော်ပြုပေးသွားမလဲဆိုတာကို "You and Everything Else" ဇာတ်လမ်းလေးမှာ ကြည့်ရှုလိုက်ကြပါဦးဗျာ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/k_series_mmuser အပိုင်း ၁ မှ ၁၅ စဆုံး🔽 https://t.me/k_series_mmuser/279 ➖➖➖➖➖➖➖➖➖➖➖
- ဆန်ကာတင် ၁၃ ခုထိ ဝင်ထားတဲ့ သမိုင်းနောက်ခံ ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်... -🔥📱 အမေရိကန် သိမ်းပိုက်ခံနေရဆဲ အိုကီနာဝါကျွန်းက ဒေသခံတွေဟာ အမေရိကန်တွေရဲ့ ဖိနှိပ်အနိုင်ကျင့်မှုတွေကို ကြံ့ကြံ့ခံတွန်းလှန်ခဲ့ကြပုံများကို ခေတ်နဲ့အညီ အဝတ်အစား အပြင်အဆင် အခင်းအကျင်းများစွာနဲ့ ရှုစားကြရမယ့်အပြင် အရမ်းလှပတဲ့ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရဲ့အလှကိုပါ ရှုစားရမှာပါ... ဂျပန်နိုင်ငံ ပြည်မကြီးဟာ အမေရိကန်တွေရဲ့လက်အောက်ကနေ လွတ်မြောက်သွားချိန်မှာ အိုကီနာဝါကျွန်းလေးကတော့ မလွတ်မြောက်ခဲ့ပဲ အသိမ်းပိုက်ခံနေရဆဲဖြစ်ပါတယ်။ စစ်ဒဏ်ကြောင့်ရော အမေရိကန်တွေရဲ့ ထိန်းချုပ်ကန့်သတ်မှုတွေကြောင့်ရော အိုကီနာဝါက ပြည်သူအများ ဆင်းရဲဒုက္ခရောက်ကာ စားရမဲ့သောက်ရမဲ့အထိ ဖြစ်ကုန်ကြတယ်။ အဲဒီအချိန်မှာ အွန် ခေါင်းဆောင်တဲ့ လူငယ်အုပ်စုဟာ "စင်က အာဂိယား" ဆိုတဲ့လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒါကတော့ အမေရိကန်စစ်စခန်းက စစ်ဘက်သုံးပစ္စည်းတွေကို အုပ်စုဖွဲ့ ခိုးယူကာ အိုကီနာဝါက ပြည်သူတွေဆီကို ဈေးချိုချိုနဲ့ရောင်းပေးတာ အခမဲ့ ဝေငှပေးတာတို့ လုပ်ကိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ အွန်ရဲ့ ခေါင်းဆောင်မှုနဲ့ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ကြပေမဲ့ နောက်ဆုံးတစ်ကြိမ်မှာတော့ အမေရိကန်တပ်တွေနဲ့ ထိပ်တိုက်တိုးမိပြီး သေတဲ့သူ ခြေဦးတည့်ရာ ပြေးသူပြေး ဖြစ်ကုန်ကြရပါတယ်။ အဲဒီဖြစ်ရပ်ကနေ ခေါင်းဆောင် အွန်ကတော့ ပြန်မလာနိုင်တဲ့အတွက် အွန်ကို သူ့ရဲ့ညီလေး ရေးနဲ့ သူငယ်ချင်းဖြစ်သူ ဂူစုကူ၊ အွန်ရဲ့ချစ်သူ ယာမကိုတို့က နည်းမျိုးစုံနဲ့ ကြိုးစားရှာဖွေခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်းလေးပေါ်မှာလည်း အချိန်နဲ့အမျှ အပြောင်းအလဲတွေရှိလာခဲ့ပြီး အိုကီနာဝါကို အမေရိကန် လက်အောက်က လွတ်မြောက်ဖို့ နည်းမျိုးစုံကြိုးစားကြရင်း ဂူစုကူ၊ ယာမကိုနဲ့ရေးတို့ ၃ယောက် အွန်ဆိုတဲ့ သူတို့ချစ်ရတဲ့လူနဲ့ ပြန်ဆုံခွင့် ရပါဦးမလားဆိုတာ "Hero's Island" ရုပ်ရှင်လေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုလိုက်ကြပါဦးဗျာ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+ZLuYB7AtPF01MzQ1 ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2323868586/485 ➖➖➖➖➖➖➖➖➖➖➖
- "အကြွေးဆိုတာ ငွေနဲ့ဆပ်ရပေမဲ့၊ သွေးကြွေးဆိုရင်တော့ အသက်နဲ့ရင်းရလိမ့်မယ်" - 📱 📱 နှုတ်ခမ်းနီမလေးတို့အသဲစွဲ နာမည်ကြီးမင်းသားတွေနဲ့အတူ အက်ရှင်ခန်းအမိုက်စားတွေနဲ့ကြည့်ရမဲ့ နက်ဖလစ်ရုပ်ရှင်အသစ်စက်စက်... အရင်က သွေးအေးရက်စက်တဲ့ အကြွေးတောင်းသမားဘဝနဲ့ နေလာခဲ့တဲ့ လူမိုက်ကြီးတစ်ယောက်ဟာ ထောင်ကထွက်လာတဲ့အခါမှာ အတိတ်က သူလုပ်ခဲ့တဲ့ အမှားတွေ၊ အပြစ်တွေကြောင့် ယူကျုံးမရ နောင်တတွေနဲ့ နေထိုင်နေရသူပါ။ ကံကြမ္မာက ထပ်ပြီးမျက်နှာသာမပေးတော့ သူ့မှာ ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါဆိုးကြီးဝင်နေမှန်း သိလိုက်ရတဲ့အခါ မသေခင်လေးမှာ သူ့ရဲ့အတိတ်က အပြစ်တွေကို ဆေးကြောဖို့နဲ့ ရက်စက်တဲ့ ငွေတိုးချေးစားတဲ့ ဂိုဏ်းတွေရဲ့ လက်အောက်က သားကောင်တွေကို ကာကွယ်ဖို့အတွက် သူစွန့်ခွာခဲ့တဲ့ မြေအောက်ရာဇဝတ်လောကထဲကို နောက်တစ်ကြိမ် ပြန်ဝင်လာပါတော့တယ်။ ရက်စက်တဲ့ အကြွေးရှင်ဂိုဏ်းတွေကို သူတစ်ယောက်တည်း ဘယ်လို ရင်ဆိုင်မလဲ? သူ့အသက်မသေခင်လေးမှာရော သူလိုချင်တဲ့အရာကို ရနိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ သာမန် ရိုက်နှက်နေတဲ့ အက်ရှင်ကားမျိုး မဟုတ်ဘဲ နောင်တ၊ လက်စားချေမှုနဲ့ Emotion တွေပါ ထည့်သွင်းထားတဲ့အပြင် အပီပြင်ဆုံး တိုက်ခိုက်ရေးခန်းတွေကိုပါ မြိုင်မြိုင်ဆိုင်ဆိုင် ရှုစားရမှာဖြစ်လို့ Action-Thriller အကြမ်းစားမှ ခိုက်တဲ့ ဘော်ဒါတွေအတွက် "The Debt Collector" ရုပ်ရှင်ကားသစ်ကြီးကို ခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+v-mu7kbxsM9iNTI1 ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2640608303/504 ➖➖➖➖➖➖➖➖➖➖➖
- တစ်ကမ္ဘာလုံး အင်တာနက်လိုင်းတွေ ရုတ်တရက်ပြတ်တောက်သွားတဲ့အခါ... - 🚨 🔘 ကမ္ဘာတဝှမ်း အင်တာနက်တွေ ရက်ရှည်ပြတ်တောက်မှုဖြစ်ပွားချိန်မှာ Digital life မှာနေသားကျနေကြတဲ့လူတစ်စု လက်တွေ့ကမ္ဘာကြီးနဲ့ မဖြစ်မနေရင်ဆိုင်ကြရပုံကို ရိုက်ကူးထားတာပါ... မပြေလည်တဲ့ အိမ်ထောင်ရေးကနေရုန်းထွက်ဖို့ ဇနီးသည်ကို ကွာရှင်းဖို့အသင့်ဖြစ်နေတဲ့ လူတစ်ယောက်၊ ထိုင်းနိုင်ငံမှာသောင်တင်နေတဲ့ ပြည်ပရောက် ဖိလစ်ပိုင်အလုပ်သမလေး၊ မိသားစုအွန်လိုင်းချန်နယ်အပေါ် အစွဲအလန်းကြီးပြီး သူတို့မိသား စုစည်းလုံးညီညွတ်နေစေဖို့ တစ်ခုတည်းသော နည်းလမ်းက ဒီချန်နယ်ပဲလို့ တစ်ယူသန်စိတ်ဝင်နေတဲ့ မိခင်တစ်ဦး၊ ထူးထူးခြားခြား နည်းပညာတွေကိုမုန်းတီးလို့ အင်တာနက်ပျက်တာကို ပျော်နေတဲ့ ဒေါသအိုးအဘွားကြီးတစ်ယောက် အစရှိတဲ့ ဇာတ်ကောင်တွေနဲ့ ကိုယ်စီဇာတ်လမ်းလေးတွေကို တစ်ကားတည်းမှာတွေ့မြင်ရမှာပါ။ ပြောရမယ်ဆိုရင်ကြည့်ရတာ အတော်လေးပျော်စရာကောင်းတဲ့ ရုပ်ရှင်ပါ။ ဇာတ်ကောင်အများကြီးပါဝင်ပေမယ့် ဇာတ်လမ်းကို ရှုပ်ထွေးမသွားအောင် ဒါရိုက်တာက ပညာသားပါပါ ထိန်းကျောင်းတင်ဆက်သွားနိုင်ပါတယ်။ မွန်းကျပ်စရာတွေများတဲ့ ကာလထဲ Heartwarming/Feel-good ဖြစ်စေနိုင်တဲ့ အားလပ်ရက် မိသားစု ဇာတ်ကားမျိုးတွေကိုခံစားချင်ရင်တော့ ဒီ "Rekonek" ရုပ်ရှင်လေးကို လက်မလွှတ်သင့်ပါကြောင်း... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+sTv-PcTqAoUwZmVl ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2589146425/491 ➖➖➖➖➖➖➖➖➖➖➖
- Rating အကောင်းစားတွေရရှိထားတဲ့ ရှားရှားပါးပါး BL ဟော်ရာရုပ်ရှင်ကားသစ်ကြီး၊ တစ်ယောက်တည်းရှိနေတဲ့ အချိိန်မျိုးမှာဆို ချစ်ရတဲ့သူဟန်ဆောင်ပြီး အနားရောက်လာတတ်တဲ့ မကောင်းဆိုးဝါး... - 😍 📱 Leviticus ဆိုတာ ခရစ်ယာန်သမ္မာကျမ်းစာ (Old Testament) ထဲမှာပါတဲ့ ၃ အုပ်မြောက် ကျမ်းစာအုပ် (ဝတ်ပြုရာကျမ်း) ကို ခေါ်တာဖြစ်ပါတယ်။ အထူးသဖြင့် Leviticus (ဝတ်ပြုရာကျမ်း) ထဲမှာ အမျိုးသားချင်း ချစ်ကြိုက်စုံမက်တာကို အပြစ်ကြီးတစ်ခုအဖြစ် ပိတ်ပင်ထားတဲ့ ကျမ်းစာပိုဒ်တွေ ပါဝင်တာကြောင့်၊ ဒီရုပ်ရှင်မှာ Leviticus လို့ နာမည်ပေးထားတာဟာ ဘာသာရေးဆိုင်ရာ အယူသည်းမှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ဇာတ်လမ်းထဲက ကောင်လေးနှစ်ယောက် ကြုံတွေ့ရတဲ့ ဘာသာရေးအဓမ္မပြုပြင်ရေး ကုထုံးတွေကို ပေါ်လွင်စေချင်လို့ တိုက်ရိုက်ရည်ညွှန်းပြီး မှည့်ခေါ်ထားတာပဲ ဖြစ်ပါတယ်... (6သွးထွက်သံယို ပြကွက်တွေကြောင့် Rated R အဖြစ်နဲ့ သတ်မှတ်ထားပါတယ်) ဩစတြေးလျနိုင်ငံက ဘာသာရေးအယူသည်းမှုတွေ လွှမ်းမိုးထားတဲ့ မြို့ငယ်လေးတစ်မြို့မှာ နိမ်း နဲ့ ရိုင်ယန် ဆိုတဲ့ လူငယ်ကောင်လေးနှစ်ယောက်ဟာ တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်နဲ့ စိတ်ကစားမိကြရာကနေ ဇာတ်လမ်းစတာပါ။ ဒါပေမဲ့ သူတို့နေတဲ့ အသိုင်းအဝိုင်းက ဒါကို လက်မခံနိုင်ဘဲ ဘာသာရေးအခမ်းအနား ရိုးရာကုထုံးတစ်ခုနဲ့ အတင်းအကျပ်ပြုပြင်ဖို့ ကြိုးစားကြပါတယ်။ အဲဒီ အခမ်းအနားကနေတစ်ဆင့် မထင်မှတ်ဘဲ ကြောက်စရာကောင်းတဲ့ မိစ္ဆာကျိန်စာတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီမိစ္ဆာရဲ့အဆိုးဆုံးနဲ့ ကြောက်စရာအကောင်းဆုံး အချက်ကတော့ သူတို့ အချစ်ရဆုံး၊ အလိုချင်ဆုံး ဖြစ်နေတဲ့သူရဲ့ပုံစံကို ဖန်ဆင်းပြပြီး လိုက်လံဒုက္ခပေး သတ်ဖြတ်တာပါပဲ။ ရိုင်ရန့် ရှေ့မှာ နိမ်း ရဲ့ ပုံစံနဲ့ ပေါ်ပေါ်လာတတ်ပြီး နိမ်း ရှေ့မှာတော့ ရိုင်ရန် ရဲ့ ပုံစံနဲ့ ပေါ်လာတတ်တာပါ။ ကိုယ့်အနား ရောက်လာတဲ့သူက ကိုယ်အချစ်ဆုံးသူရဲ့ မျက်နှာ ဖြစ်နေပေမဲ့ စကားပြောတဲ့ အသံတစ်မျိုးဖြစ်နေတာ၊ မျက်တောင်မခတ်တာ၊ အေးစက်စက် အပြုံးနဲ့ ကြည့်နေတာမျိုးတွေကြောင့် "ဒါ ငါ့ချစ်သူ မဟုတ်ဘူး၊ ငါ့ကို သ@တ်ဖို့ လာတာ" ဆိုတာကို သိလိုက်ရတဲ့ အခိုက်အတန့်က တော်တော်လေး စိတ်ခြောက်ခြားဖို့ ကောင်းပါတယ်။ သူတို့နှစ်ယောက်ကြားမှာ ခံစားချက်တွေ ပိုမိုနက်ရှိုင်းလေ၊ အထိအတွေ့တွေ ရှိလာလေလေ မိစ္ဆာရဲ့ရန်က ပိုမိုပြင်းထန်လာလေ ဖြစ်လာတဲ့အခါ ချစ်ခြင်းမေတ္တာဟာ အသက်အန္တရာယ်ဖြစ်စေတဲ့ ကျိန်စာတစ်ခုလို ပြောင်းလဲသွားပါတော့တယ်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+Mj0wsmSYKkczNTRl ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2320047039/498 ➖➖➖➖➖➖➖➖➖➖➖
- “ထာဝရဆိုတဲ့ စကားလုံးကို မေ့ထားလိုက်၊ ကိုယ်တို့ ဒီညအတွက်ပဲ ရှင်သန်ကြရအောင်” - 🥂 📱 လူနေထူထပ်ပြီး မီးရောင်တွေလင်းထိန်နေတဲ့ မြို့ကြီးပြကြီးတွေမှာ လူတွေဟာ အထီးကျန်ဆန်မှုကိုယ်စီနဲ့ ရှင်သန်နေကြရပါတယ်။ တစ်ခါတလေမှာ ရေရှည်ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရတာ ပင်ပန်းလာတဲ့အခါ၊ ကိုယ့်အကြောင်း ဘာမှမသိတဲ့ သူစိမ်းတစ်ယောက်နဲ့ တစ်ညတာလောက် လွတ်လွတ်လပ်လပ် စကားတွေပြော၊ ရင်ဖွင့်ချင်တဲ့ ခံစားချက်မျိုး လူတိုင်းမှာ ရှိဖူးကြမှာပါ။ ဒီလို ခံစားချက်မျိုးကို အမိအရ ဖမ်းဆုပ်ပြီး Vibe အမိုက်စား ရိုက်ကူးထားတဲ့ ၂၀၂၆ ခုနှစ်ထွက် Urban Romance ရုပ်ရှင်ကားသစ်လေးကို ခံစားမှုလေးတစ်ခုအနေနဲ့ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်... ဇာတ်လမ်းလေးက ဘေကျင်းမြို့ရဲ့ ညရှုခင်းတွေနဲ့အတူ စတင်ပါတယ်။ ဒီဇိုင်နာ ကောင်မလေး ရွှီချိုး ဟာ အွန်လိုင်းကနေ ချိန်းတွေ့ဖို့ ကြိုးစားပေမဲ့ အဆင်မပြေဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ ကုန်စုံဆိုင်လေးတစ်ခုမှာ စာရေးဆရာလို့ သူ့ကိုယ်သူ ခံယူထားတဲ့ ချန်ယွီကျိုး ဆိုတဲ့ ကောင်လေးနဲ့ မထင်မှတ်ဘဲ ဆုံတွေ့သွားပါတော့တယ်။ သူစိမ်းနှစ်ယောက် ဘေကျင်းမြို့ရဲ့ ညလမ်းမတွေထက်မှာ အတူတူ လျှောက်လည်ကြရင်း၊ စကားတွေပြောကြရင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေကနေတစ်ဆင့် နက်ရှိုင်းတဲ့ စိတ်ခံစားချက်တွေဆီကို ကူးပြောင်းသွားပုံကို ရင်ခုန်စရာကောင်းအောင် ရိုက်ကူးထားတာပါ။ ဒီကားရဲ့အသက်ကတော့ "လူကြီးဆန်ဆန် အချစ်" ကို ပွင့်ပွင့်လင်းလင်း ရိုက်ကူးပြထားတာပါပဲ။ "မနက်ဖြန်ဆိုတာ မသေချာဘူး၊ ဒီညလေးမှာပဲ အပြည့်အဝ ပျော်ရွှင်လိုက်ကြရအောင်" ဆိုတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ "Crossing A Dawn" ရုပ်ရှင်က သာမန် အချစ်ကားတွေလို ချိုလွန်း၊ အီလွန်းနေတာမျိုး မဟုတ်ဘဲ မြို့ပြရဲ့အထီးကျန်မှု၊ လူငယ်တွေရဲ့ ရုန်းကန်ရမှုနဲ့ ခဏတာအချစ်ကနေ ရရှိလာတဲ့ နွေးထွေးမှုတွေကို သဘာဝကျကျ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းလေးမို့ ညဘက် ကော်ဖီလေးတစ်ခွက်နဲ့ အေးအေးဆေးဆေး ကြည့်ဖို့အတွက် အထူးပဲ ညွှန်းဆိုပေးလိုက်ပါတယ်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+RxFcQVyejP4wNDVl ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2185930110/436 ➖➖➖➖➖➖➖➖➖➖➖
- ရှယ်ကြမ်း [၂၀၂၆] ငါးမန်းရုပ်ရှင်ကားအသစ်... လှပတဲ့ခရီးစဉ်တစ်ခုကနေ အသက်ရှင်လျက် ပြန်မထွက်နိုင်တဲ့ အိပ်မက်ဆိုးတစ်ခုဖြစ်သွားတဲ့အခါ၊ ထွက်လမ်းမရှိတဲ့ အမှောင်ဂူထဲမှာ ပိတ်မိနေရင်း ငါးမန်းရန်နဲ့ပါ ရင်ဆိုင်ရဖို့ဖြစ်လာတဲ့ သူငယ်ချင်းတစ်စုအကြောင်း... -💀📱 ကျောင်းပြီးလို့ လူငယ်ဘဝကနေ လူကြီးဘဝကို မကူးပြောင်းခင် နောက်ဆုံးအမှတ်တရ ခရီးစဉ်အဖြစ် ကောလိပ်သူငယ်ချင်း ၅ ယောက် ထိုင်းနိုင်ငံကို ထွက်လာခဲ့ကြပါတယ်။ အဓိကဇာတ်ဆောင်မလေး Sara က ဆုံးပါးသွားပြီဖြစ်တဲ့ သူမရဲ့အဖေ ငယ်ငယ်ကရောက်ခဲ့ဖူးတဲ့ ထိုင်းကမ်းရိုးတန်းက မိစ္ဆာခံတွင်း လို့ခေါ်တဲ့ ရေမြုပ်ဂူကြီးထဲကို သူငယ်ချင်းတွေနဲ့အတူ ရေငုပ်လည်ပတ်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။ ဒါပေမဲ့ ပျော်စရာခရီးစဉ်ကနေ ရေအောက်ဂူထဲမှာ ပိတ်မိသွားတဲ့အခါ ငရဲခန်းစတင်ပါတော့တယ်။ ပိုဆိုးတာက ဂူထဲမှာ လတ်ဆတ်တဲ့ရေချိုနဲ့ ရေငန်နှစ်မျိုးလုံးမှာ ကျင်လည်နိုင်ပြီး အလွန်သောင်းကျန်း ကြမ်းတမ်းတဲ့ Bull Shark (ကျွဲငါးမန်း) တစ်ကောင်နဲ့ သွားတိုးမိတာပါပဲ။ အမှောင်ထုထဲမှာ အောက်ဆီဂျင်ကလည်း ကုန်လာ၊ အပြင်ထွက်ပေါက်ကလည်း ပျောက်၊ ဘေးကလည်း ငါးမန်းက အချိန်မရွေး ကိုက်သတ်ဖို့ ချောင်းနေတဲ့အခါ သူတို့အုပ်စုကြားမှာ ကြောက်ရွံ့မှုတွေ စတင်စိမ့်ဝင်လာပါတယ်။ ဘဝဆက်ရှင်သန်ဖို့ ရုန်းကန်ရင်း သူငယ်ချင်းအချင်းချင်းကြားက အရင်က ဖုံးဖိထားခဲ့တဲ့ ပြဿနာတွေ၊ မလိုမုန်းတီးမှုတွေပါ ပေါက်ကွဲထွက်လာပြီး အသက်ရှင်ကျန်ရစ်ဖို့ အသည်းအသန် ကြိုးစားကြရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ "The Devil's Mouth" ရုပ်ရှင်က ရေအောက်ဂူထဲ ပိတ်မိနေတဲ့ Claustrophobic (နေရာကျဉ်း ကြောက်စိတ်) ခံစားချက်နဲ့ ငါးမန်းရန်ကို ပါပေါင်းလိုက်တော့ ကြည့်ရှုသူတွေကို တောက်လျှောက် ရင်ဖိုမောပန်းနေစေမှာ အမှန်ပါပဲ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+3KtfxB1b7g4yNDll ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2440871366/481 ➖➖➖➖➖➖➖➖➖➖➖
- "အတိတ်တွေကို ပြန်တွေးရင် နောင်တရရုံပဲရှိပြီး အနာဂတ်အကြောင်းကို တွေးမိရင်လည်း စိတ်မအေးရတာပဲရှိမယ်၊ မနေ့ကဆိုတာပြီးသွားပြီ၊ မနက်ဖြန်ဆိုတာမဖြစ်သေးဘူး၊ ဒီနေ့ဆိုတာမသိရသေးဘူး..." အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့သူနဲ့ အသက်ဆက်ရှင်ဖို့ တောင့်ခံနေရတဲ့သူ ဘယ်သူကများ ပိုပင်ပန်းရမလဲ? - 📱 📱 Our Unwritten Seoul ဟာ ဘဝမှာ လမ်းပျောက်နေသလို ခံစားရတဲ့အချိန်တွေ၊ တခြားသူတွေကို ပျော်ရွှင်နေတယ်လို့ထင်ပေမယ့် သူတို့မှာလည်း ကိုယ်မသိတဲ့ နာကျင်မှုတွေ ရှိနေတတ်တာနဲ့ ကိုယ့်ကိုယ်ကို ပြန်ချစ်တတ်ဖို့အကြောင်းကို နူးညံ့စွာ ပြောပြထားတဲ့ ဇာတ်လမ်းလေးပါ။ မိခင်ဖြစ်သူကတောင် အကြီး/အငယ် မခွဲနိုင်လောက်အောင် ရုပ်ရည်တူလွန်းတဲ့ အမြွှာညီအမနှစ်ယောက်၊ တစ်ယောက်က မွေးရပ်မြို့လေးမှာ နေထိုင်ရင်း ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းနေချိန်၊ တစ်ယောက်ကတော့ ဆိုးလ်မြို့ကြီးမှာ အောင်မြင်တဲ့အလုပ်တစ်ခုနဲ့ အားလုံးက အားကျရတဲ့ဘဝကို ပိုင်ဆိုင်ထားသူလေးပေါ့။ ဘဝကိုယ်စီနဲ့ တစ်နေရာဆီ နေထိုင်လာခဲ့ကြပေမယ့် အခက်အခဲတွေကြောင့် ငယ်စဥ်ကလိုမျိုး တစ်ယောက်ရဲ့နေရာမှာ တစ်ယောက် “နင့်ကိုယ်စား ငါလုပ်ပေးမယ်” ဆိုပြီး နှစ်ယောက်သားရဲ့ဘဝကို အလဲအလှယ်လုပ်လိုက်ကြတဲ့အခါ...မတူညီတဲ့ပတ်ဝန်းကျင်၊ မရင်းနှီးတဲ့လူတွေကြားမှာ တခြားသူတစ်ယောက်အဖြစ် နေထိုင်ရင်း သူတို့ထင်ထားသလို မဟုတ်တဲ့ အမှန်တရားတွေ၊ မိသားစုအတွင်းက မပြောဖြစ်ခဲ့တဲ့ ခံစားချက်တွေနဲ့ ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားခဲ့တဲ့ အကြောင်းအရာတွေကို တဖြည်းဖြည်း ရင်ဆိုင်လာရပါတယ်။ တစ်ယောက်ရဲ့ဘဝကို နေထိုင်ပေးရင်း ကိုယ့်ဘဝကိုယ် ပြန်လည်နားလည်လာကြတဲ့ သူတို့နှစ်ယောက် ၊ အချစ်ဆိုတာ ဘာလဲ၊ ပျော်ရွှင်မှုဆိုတာ ဘာလဲ၊ ကိုယ်တကယ်လိုချင်တဲ့ဘဝက ဘယ်လိုမျိုးလဲဆိုတာကို ရှာဖွေသွားကြပုံကို နွေးနွေးထွေးထွေးနဲ့ ရင်ထဲထိအောင် ရိုက်ကူးပြထာတဲ့ နက်ဖလစ်စီးရီးကောင်းလေးပါ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+v-mu7kbxsM9iNTI1 အပိုင်း ၁ မှ ၁၂ စဆုံး🔽 https://t.me/c/2640608303/498 ➖➖➖➖➖➖➖➖➖➖➖
- မမ Sydney Sweeney ရဲ့ ဘာသာရေးအစွန်းရောက် နာမည်ကြီးဟော်ရာရုပ်ရှင်ကားကြီး... - 😕 📱 အပျိုစင်တစ်ဦးရဲ့ မဖြစ်နိုင်တဲ့ကိုယ်ဝန်၊ အဲဒီအံ့ဖွယ်အမှုနောက်ကွယ်မှာတော့ ဘယ်သူမှ မသိသေးတဲ့ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်ကြီးတစ်ခု ပေါ်ပေါက်လာတဲ့အခါ... ဘာသာရေးအစွန်းရောက်တွေကို ရင်ဆိုင်ရတဲ့ ဖြူစင်ရိုးသားတဲ့ အချောအလှ သီလရှင်လေးအကြောင်းပါ။ ဇာတ်လမ်းရဲ့ Immaculate ဆိုတဲ့ခေါင်းစဉ်က သန့်ရှင်းစင်ကြယ်သောလို့ အနက်ရပါတယ်။ ဒီရုပ်ရှင်မှာ အမေရိကန်ကနေလာတဲ့ စစ္စတာဆယ်စီလီရာ ဟာ အီတလီရဲ့ ကျေးလက်ဒေသ သီလရှင်ကျောင်းတစ်ခုကို ရောက်လာပါတယ်။ အဲဒီနေရာက သီလရှင်ကြီးတွေရဲ့ နောက်ဆုံးအချိန်တွေအတွက် ပြုစုစောင့်ရှောက်ပေးတဲ့နေရာပါပဲ။ အဲဒီနေရာကို ရောက်ပြီး မကြာခင်မှာပဲ ဆယ်စီလီရာဟာ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရပါတယ်။ အပျိုစင်အစစ်ကနေ ကိုယ်ဝန်ရှိလာတာဖြစ်ကြောင်း နည်းမျိုးစုံ စစ်ဆေးအပြီးမှာ ဘုရားကျောင်းတစ်ခုလုံးက ဆယ်စီလီရာဟာ ခရစ်တော်ကို ကိုယ်ဝန်ဆောင်ထားတဲ့ ဒုတိယမြောက် မယ်တော်မေရီဆိုပြီး လက်ခံလိုက်ကြပါတယ်။ ဒါပေမဲ့ ဟော်ရာကားပီပီ အဲဒီ ယုံကြည်မှုနောက်ကွယ်က ကြောက်စရာ အစွန်းရောက်ကိစ္စတွေကို ဆယ်စီလီရာ ကိုယ်တိုင်မြင်တွေ့လာရပြီး နောက်မှာတော့ အဲ့ဒီသီလရှင်ကျောင်းကြီးထဲကနေ လွတ်မြောက်ဖို့ ကြိုးစားရပါတော့တယ်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+Mj0wsmSYKkczNTRl ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2320047039/493 ➖➖➖➖➖➖➖➖➖➖➖
- အတိတ်ရဲ့ခေတ်ဟောင်း အငွေ့အသက်တွေကြားက လွမ်းဆွတ်ဖွယ် BLရုပ်ရှင်လေးတစ်ပုဒ်... - ⭐️ 📱 "မင်းကို ဆုံးရှုံးခဲ့ရတယ်လို့လည်း မဆိုနိုင်ဘူး၊ ငါတို့ကြားမှာ အချစ်ထက် မပြောဖြစ်ခဲ့တဲ့ စကားတွေကပဲ ပိုများနေခဲ့တာ၊ အချိန်တွေက ရှေ့ဆက်သွားပေမယ့် ငါ့စိတ်ကတော့ အဲ့ဒီနေ့မှာပဲ ကျန်ခဲ့တယ်..." ဇာတ်လမ်းလေးကိုတော့ ၂၀၀၁ ခုနှစ် တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူမြို့က အထက်တန်းကျောင်းလေးတစ်ခုမှာ စတင်ထားပါတယ်။ အဲဒီခေတ်ကာလဟာ LGBTQ+ တွေကို လူမှုအသိုင်းအဝိုင်းမှာ လက်မခံကြသေးသလို ဂျပန်ယဉ်ကျေးမှုနဲ့ ဂီတတွေကိုလည်း ပိတ်ပင်ထားတဲ့ အချိန်ဖြစ်ပါတယ်။ ဂယောင်းဟွမ်ဆိုတဲ့ ကျောင်းသားသစ်လေးဟာ အတန်းထဲမှာ လူတွေနဲ့ မရောဘဲ အထီးကျန်နေတတ်ပြီး၊ တားမြစ်ထားတဲ့ ဂျပန်သီချင်းတွေကို ခိုးနားထောင်ရတာ နှစ်သက်သူပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ ဘေးချင်းကပ်ထိုင်ရတဲ့ အတန်းခေါင်းဆောင် ဂျယ်မင်းကလည်း ဂျပန်ဂီတကို ကြိုက်နှစ်သက်သူဖြစ်ကြောင်း သိရှိသွားခဲ့ပါတယ်။ ကျောင်းဆင်းချိန် ဘတ်စ်ကားပေါ်မှာ အတူတူနားကြပ်တစ်ခုနဲ့ သီချင်းတွေကို မျှဝေနားထောင်ရင်း သူတို့နှစ်ယောက်ကြားမှာ ဘာနဲ့မှ လဲလို့မရတဲ့ ၅ မိနစ်စာ သီးသန့်ကမ္ဘာလေးတစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သံယောဇဉ်တွေတိုးလာပြီး ဂယောင်းဟွမ်တစ်ယောက် ဂျယ်မင်းကိုသဘောကျလာခဲ့ပါတယ်။ စည်းမျဉ်းတွေနဲ့ ရောထွေးနေတဲ့ အဲဒီနားကြပ်ကြိုးလေးကြားက ခံစားချက်တွေကို ဖွင့်ပြောလိုက်တဲ့အခါ သူတို့ရဲ့ ရင်းနှီးမှု ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်သွားမလဲ? ခေတ်စနစ်ရဲ့ဖိနှိပ်မှု၊ အတင်းအဖျင်းတွေနဲ့ တားမြစ်ချက်တွေ ကြားမှာ သူတို့ရဲ့ပထမဆုံးအချစ်ဟာ အမှတ်တရတစ်ခုအနေနဲ့ပဲ ကျန်ရစ်ခဲ့မှာလားဆိုတာတွေကို လွမ်းဆွေးဖွယ် ခေတ်ဟောင်းအငွေ့အသက်ကို ခံစားရင်း "404 Still Remain, Our 5 Minutes" ရုပ်ရှင်လေးမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+e8k07LM6fpEzMzg1 ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2170909244/1013 ➖➖➖➖➖➖➖➖➖➖➖
- ဂီတပွဲတော်တစ်ခုကို ပျော်ပျော်ပါးပါးသွားဖို့ ပြင်ဆင်နေကြတဲ့ သူငယ်ချင်းတစ်စု လမ်းမှာ ကားပျက်သွားလို့ ကားကြုံလိုက်ဖို့ ဖြစ်လာရာကနေ သူတို့ရဲ့ ပျော်စရာ ခရီးစဉ်ကြီးဟာ ငရဲခန်းတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့အခါ... -💀📱 Texas က ဂီတပွဲတော်တစ်ခုကိုသွားရင်း ကားပျက်သွားတဲ့အတွက် သူငယ်ချင်းတစ်စုဟာ ကားကြုံလိုက်စီးဖို့ဖြစ်လာရင်း စကားပြောကောင်းပြီး ပေါင်းသင်းရလွယ်ပုံပေါ်တဲ့ ဗန်ကားမောင်းသမားနောက်ကို လိုက်သွားမိရာကနေ လူသူဝေးတဲ့ ဟိုတယ်အိုကြီးတစ်ခုဆီ ရောက်သွားခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် သဲလွန်စမရှိ ပျောက်ဆုံးသွားတဲ့အခါမှာတော့ ကားမောင်းသမားရဲ့ နောက်ကွယ်က ကြောက်စရာ အမှောင်ဖုံးနေတဲ့ လျှို့ဝှက်ချက်တွေကို စတင်သိရှိလာရပါတော့တယ်။ လွတ်မြောက်ဖို့ လမ်းစမရှိတဲ့နေရာမှာ ကွယ်ဝှက်နေတဲ့ လူသ@တ်သမားလက်ကနေ မနက်မိုးမလင်းခင်အထိ အသက်ရှင်ကျန်ရစ်အောင် ဘယ်လိုရုန်းကန်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ခြောက်ခြားစရာ အငွေ့အသက်တွေကို ခံစားရမယ့် Independent Horror Thriller ကားကောင်းလေးမို့ သွေးပျက်ခြောက်ခြားဖွယ် ဇာတ်ကားမျိုး ကြိုက်တတ်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားအဖြစ် "Kill Trip" ရုပ်ရှင်လေးကို ညွှန်းဆိုပေးလိုက်ရပါတယ်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/mmuser_channelworld ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/mmuser_channelworld/415 ➖➖➖➖➖➖➖➖➖➖➖
- အားလုံးမျှော်နေကြတဲ့ ဇွန်ဘီရုပ်ရှင်ကားကြီး ကြည်တောက်ရှင်းဗားရှင်းရပါပြီဗျာ... - 🚨 📱 ဒိတ်ဒိတ်ကြဲ castအလန်းစားတွေနဲ့အတူ Train To Busan လိုရသမျိုး ပြန်လည်ခံစားရမှာမို့ ရုံမှာမကြည့်လိုက်ရတဲ့သူတွေ အခုပဲပြေးကြည့်လိုက်တော့နော်... Colony ရုပ်ရှင်ကို ထရိန်းတူဘူဆန် ဒါရိုက်တာပဲ ရိုက်ကူးပေးထားပြီး ကြည့်ဖူးနေကျ ရိုးရိုးဇွန်ဘီကားတွေလို အဓိပ္ပါယ်မရှိတာတွေ လျှောက်လုပ်နေတဲ့ ဇာတ်လမ်းမျိုးမဟုတ်ဘဲ ကူးစက်ခံရတဲ့ကောင်တွေက အသိဉာဏ်ရှိပြီး ဆင့်ကဲပြောင်းလဲနိုင်တဲ့ (Evolving Zombies) ပုံစံမျိုးနဲ့ အသစ်ဖန်တီးထားတာဖြစ်လို့ ကြည့်ရတာ အကြိုက်တွေ့ကြပါလိမ့်မယ်။ ဇာတ်လမ်းအကျဥ်းက ဆိုးလ်မြို့လယ်ရဲ့ မိုးမျှော်တိုက်ကြီးတစ်ခုမှာ ဇီဝနည်းပညာ ညီလာခံလုပ်နေတုန်း အမည်မသိ ဗိုင်းရပ်စ်တစ်ခု ရုတ်တရက် ပျံ့နှံ့သွားပါတယ်။ အဲဒီအခြေအနေကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေက အဆောက်အအုံတစ်ခုလုံးကို အပြင်ကနေ လုံးဝပိတ်လှောင်လိုက်တဲ့အခါမှာတော့ အထဲကလူတွေ အကုန်ပိတ်မိသွားပါတော့တယ်။ အထဲမှာ ပိတ်မိတဲ့အချိန် ကြာလာလေလေ ကူးစက်ခံရသူတွေရဲ့ ဉာဏ်ရည်တွေ လှုပ်ရှားမှုတွေဟာ အလျင်မြန်ဆုံးနဲ့ ဆင့်ကဲပြောင်းလဲလာတဲ့အခါမှာတော့... ပါမောက္ခ ဂွန်ဆယ်ဂျောင်း ဦးဆောင်တဲ့ အသက်ရှင်ကျန်ရစ်သူအဖွဲ့ဟာ အသက်ရှင်လျက်နဲ့ အဆောက်အဦထဲကနေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အမိုက်စားကြည့်ရှုရမှာပါ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+sTv-PcTqAoUwZmVl ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2589146425/482 ➖➖➖➖➖➖➖➖➖➖➖