tgindex
Последний пост
12 авг.
Последнее чтение
15 авг.
Постов за неделю
1
Всего постов
21
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
3 476
+12 за 4 дн.
Сутки
+5
+0,14%
Неделя
 
Месяц
 
Просмотров на пост
558
21 постов
Вовлечённость
16,1%
к подписчикам
Постов в день
0,1
всего 21
Упоминаний
2
каналов
Охват размещения
оценка
1/24сутки в ленте
82
1/48двое суток
93
1/72трое суток
101

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • - Kdrama ဖန်တို့ရဲ့နှင်းဆီခိုင် ကိုစိုးမိုးနိုင်ရဲ့အသစ်စက်စက် Ro-com နက်ဖလစ်စီးရီးလေး... - 📱 📱 ကိုယ့်ကိုယ်ကိုယ် ဘယ်သူဆိုတာတောင် မမှတ်မိတော့တဲ့ အချိန်မှာ အရှေ့မှာ ပေါ်လာတဲ့သူက “ငါက မင်းရည်းစား” လို့ ပြောလာရင် ပရိသတ်ကြီးတို့ ယုံမိမှာလား..? အင်အားကြီး ရာဇဝတ်ဂိုဏ်းတစ်ခုကို စုံစမ်းနေစဉ် မမျှော်လင့်ထားတဲ့ အန္တရာယ်တစ်ခုကြောင့် အမှတ်ဉာဏ်အားလုံး ပျောက်ဆုံးသွားတဲ့ အမှုစစ် ဂိုအွန်းဆယ်၊ သူမ နိုးထလာတဲ့အချိန်မှာ မြို့ပြနဲ့ဝေးကွာတဲ့ ကျေးလက်ရွာလေးတစ်ရွာမှာ ရောက်ရှိနေခဲ့ပါတယ်။ အဲဒီမှာ လက်ဝှေ့သမားဟောင်းတစ်ဖြစ်လဲ လက်ရှိလက်ဝှေ့နည်းပြဖြစ်တဲ့ ဂျန်ထယ်ဟာ နဲ့ဆုံဆည်းခဲ့ပါတော့တယ်။ တစ်ချိန်က ဂိုဏ်းလောကနဲ့ ပတ်သက်ခဲ့ဖူးတဲ့ ထယ်ဟာဟာ အွန်းဆယ်ကို အန္တရာယ်တွေကနေ ကာကွယ်ပေးချင်စိတ်ကြောင့် “ငါဟာ မင်းရည်းစား” လို့ မုသားဆိုခဲ့ရာကနေ အဲဒီမုသားကပဲ နှစ်ယောက်သားရဲ့ကံကြမ္မာကို ပြောင်းလဲသွားစေမယ့် အစဖြစ်လာပါတော့တယ်။ အတိတ်က လျှို့ဝှက်ချက်တွေ၊ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေနဲ့အတူ အတူတကွဖြတ်သန်းရင်း မထင်မှတ်ထားတဲ့ ချစ်ခြင်းမေတ္တာတစ်ခု ပေါက်ဖွားလာတဲ့အခါ…မုသားကနေ စတင်ခဲ့တဲ့အချစ်က အချစ်စစ်အဖြစ် ပြောင်းလဲနိုင်ပါ့မလားဆိုတာ "Our Sticky Love" နက်ဖလစ်စီးရီးအသစ်စက်စက်​လေးမှာ ရင်ခုန်စွာ ကြည့်ရှုလိုက်ရအောင်နော်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+ZLuYB7AtPF01MzQ1 အပိုင်း ၁ မှ ၁၂ စဆုံး🔽 https://t.me/c/2323868586/493 ➖➖➖➖➖➖➖➖➖➖➖

  • - 2010 ခုနှစ်ထွက် စပိန်ရုပ်ရှင် Julia's Eyes ကို Remake ပြန်လည်ရိုက်ကူးထားပြီး မင်းသမီး Shin Min-A ကို နှစ်ကိုယ်ခွဲဇာတ်ကောင်အနေနဲ့ မြင်တွေ့ရမဲ့ သည်းထိတ်ရင်ဖို ရုံတင်ကားသစ်ကြီး ထွက်ရှိလာပါပြီ... - 🙋📱 မျိုးရိုးလိုက်ရောဂါကြောင့် တဖြည်းဖြည်း အမြင်အာရုံဆုံးရှုံးလာကြတဲ့ အမြွှာညီအစ်မ ဘတ်ဆောဂျင်နဲ့ ဘတ်ဆောအင် ၊ မျက်မမြင်ဖြစ်တဲ့ ကိုယ့်ကြောင့် အစ်မဖြစ်သူ ဆောဂျင် ဒုက္ခများရမှာစိုးနေတဲ့ ဆောအင်ရဲ့ အကြံပြုချက်ကြောင့် ညီအစ်မနှစ်ဦးက အိမ်ခွဲနေထိုင်ခဲ့တာလည်း နှစ်ချို့သွားခဲ့ပါပြီ။ ဒီလိုနဲ့ တစ်နေ့မှာ ညီမဖြစ်သူနဲ့ အဆက်အသွယ် လုံးဝမရတာကြောင့် စိတ်ထဲ မသင်္ကာဖြစ်လာပြီး ဆောအင်နေထိုင်တဲ့အိမ်ရှိရာ ဝန်းဂျင်းကို ကိုယ်တိုင်ဆင်းလာခဲ့ပါတယ်။ ဒါပေမဲ့လည်း အိမ်ကိုရောက်ရှိသွားချိန်မှာ ညီမဖြစ်သူကို အသက်မရှိ​တော့တဲ့ အလောင်းအဖြစ်နဲ့သာ တွေ့ရှိလိုက်ရတဲ့အခါမှာတော့...ညီမဖြစ်သူရဲ့ သေဆုံးမှုက တကယ်ပဲ မတော်တဆမှုတစ်ခုလား? ဒါမှမဟုတ် တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလားဆိုတဲ့ မေးခွန်းတွေက ဆောဂျင်ရဲ့စိတ်ထဲမှာ တဖြည်းဖြည်း ပေါ်လာပါတော့တယ်။ အိမ်ထဲမှာလဲ မျှော်လင့်မထားတဲ့ သဲလွန်စတွေနဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေကို တစ်ခုပြီးတစ်ခု ရင်ဆိုင်လာရသလို၊ မျိုးရိုးလိုက်ရောဂါကြောင့် သူမရဲ့အမြင်အာရုံကလည်း အချိန်နဲ့အမျှ ပိုမိုဝေဝါးလာခဲ့ပါ​တော့တယ်။ မြင်ကွင်းတွေ တဖြည်းဖြည်း ဝေဝါးလာတဲ့ကြားထဲကနေ ဆောဂျင်တစ်ယောက် ညီမဖြစ်သူ သေဆုံးမှုရဲ့အမှန်တရားကို ဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ အသစ်စက်စက် "The Eyes" ရုပ်ရှင်ကို ညွှန်းဆို​ပေးလိုက်ရပါတယ်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+e8k07LM6fpEzMzg1 ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2170909244/1016 ➖➖➖➖➖➖➖➖➖➖➖

  • - BlueDragonSeriesAward မှာ အမြင့်ဆုံးဆုဖြစ်တဲ့ Daesang ဆုကြီးကို သိမ်းပိုက်ခဲ့တဲ့ နက်ဖလစ်စီးရီး​ကောင်း​လေး... - ™️ 📱 "တစ်ချို့လူတွေက ဘဝထဲကို အမြဲတမ်းအတူရှိနေဖို့ ရောက်လာကြတာ မဟုတ်ဘူး၊ အမှတ်တရတစ်ခုအဖြစ် ကျန်ရစ်ခဲ့ဖို့ပဲ ရောက်လာကြတာ၊ နင်က ငါ့ဘဝတစ်ခုလုံး မဟုတ်ခဲ့ပေမဲ့၊ ငါ့ဘဝရဲ့ အလှပဆုံး အပိုင်းတစ်ခုတော့ ဖြစ်ခဲ့တယ်..." Ryu Eun Jung ဟာ ပွင့်လင်းပြီး ဖော်ရွေတဲ့ အကျင့်စရိုက်ကြောင့် လူတွေကို အလွယ်တကူ ဆွဲဆောင်နိုင်သူတစ်ဦးပါ။ သူမနဲ့ မူလတန်းမှာတည်းက ဆုံတွေ့ခဲ့ပြီး သူမရဲ့ အခင်ဆုံးသူငယ်ချင်းလည်းဖြစ် ဘဝတစ်လျှောက်လုံး ပြိုင်ဘက်လည်းဖြစ်တဲ့ Cheon Sang Yeon ကတော့ ချမ်းသာတဲ့ မိသားစုကနေလာပြီး တစ်မူ ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်‌တွေကြောင့်ပဲ Eun Jung ဟာ Sang Yeon ကိုအမြဲတမ်း မနာလိုအားကျနေခဲ့ရတာပေါ့။ တစ်ခါတစ်ရံ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးတဲ့အချိန်‌တွေရှိပေမဲ့လည်း အခင်ဆုံးသူငယ်ချင်းအဖြစ် ဆက်ရှိနေကြဆဲဖြစ်တဲ့ သူတို့ ၂ ဦးက မတူညီတဲ့ ဘဝအခြေအနေကြောင့် နှစ်တွေအများကြီးဝေးကွာပြီး အဆက်အသွယ် ပြတ်နေခဲ့ရာမှ အဆက်အသွယ်ပြန်လုပ်ဖြစ်ပြီး အခု အသက် ၄၀ အရွယ်မှာတော့ Eun Jung က ရုပ်ရှင်စာရေးဆရာမတစ်ဦးဖြစ်လာပြီး Sang Yeon ကတော့ အောင်မြင်တဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး ဖြစ်နေပါပြီ။ အဲဒီလိုနဲ့ပဲ တစ်နေ့မှာတော့ Sang Yeon က ရုတ်တရက်ရောက်လာပြီး သူ့ဘဝရဲ့ နောက်ဆုံးနေ့ရက်‌တွေမှာ အဖော်ပြုပေးဖို့အတွက် Eun Jung ကို တောင်းဆိုတဲ့အခါမှာတော့... ဆယ်ကျော်သက်အရွယ်က​နေ အသက် ၄၀ အရွယ်ရောက်တဲ့အထိ တစ်ယောက်အပေါ်တစ်ယောက် အချစ်၊ အမုန်း၊ မနာလိုမှု၊ ပြိုင်ဆိုင်မှုတွေနဲ့ ခင်မင်ရင်းနှီးခဲ့ကြတဲ့ ဒီသူငယ်ချင်း ၂ ဦးက ဘဝရဲ့နောက်ဆုံးအချိန်အထိ ဘယ်လိုအားပေးပြီး အဖော်ပြုပေးသွားမလဲဆိုတာကို "You and Everything Else" ဇာတ်လမ်း​လေးမှာ ကြည့်ရှုလိုက်ကြပါဦးဗျာ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+kHCaetOSElJkMDJl အပိုင်း ၁ မှ ၁၅ စဆုံး🔽 https://t.me/saveme2019cmwai/190 ➖➖➖➖➖➖➖➖➖➖➖

  • - "အတိတ်​တွေကို ပြန်​တွေးရင် နောင်တရရုံပဲရှိပြီး အနာဂတ်အ​ကြောင်းကို တွေးမိရင်လည်း စိတ်မအေးရတာပဲရှိမယ်၊ မ​နေ့ကဆိုတာပြီးသွားပြီ၊ မနက်ဖြန်ဆိုတာမဖြစ်​​သေးဘူး၊ ဒီ​နေ့ဆိုတာမသိရ​သေးဘူး..." အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့သူနဲ့ အသက်ဆက်ရှင်ဖို့ တောင့်ခံနေရတဲ့သူ ဘယ်သူကများ ပိုပင်ပန်းရမလဲ? - 📱 📱 Our Unwritten Seoul ဟာ ဘဝမှာ လမ်းပျောက်နေသလို ခံစားရတဲ့အချိန်တွေ၊ တခြားသူတွေကို ပျော်ရွှင်နေတယ်လို့ထင်ပေမယ့် သူတို့မှာလည်း ကိုယ်မသိတဲ့ နာကျင်မှုတွေ ရှိနေတတ်တာနဲ့ ကိုယ့်ကိုယ်ကို ပြန်ချစ်တတ်ဖို့အကြောင်းကို နူးညံ့စွာ ပြောပြထားတဲ့ ဇာတ်လမ်းလေးပါ။ မိခင်ဖြစ်သူက​တောင် အကြီး/အငယ် မခွဲ​နိုင်​လောက်​အောင် ရုပ်ရည်တူလွန်းတဲ့ အမြွှာညီအမနှစ်​ယောက်၊ တစ်ယောက်က မွေးရပ်မြို့လေးမှာ နေထိုင်ရင်း ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းနေချိန်၊ တစ်ယောက်ကတော့ ဆိုးလ်မြို့ကြီးမှာ အောင်မြင်တဲ့အလုပ်တစ်ခုနဲ့ အားလုံးက အားကျရတဲ့ဘဝကို ပိုင်ဆိုင်ထားသူ​လေး​ပေါ့။ ဘဝကိုယ်စီနဲ့ တစ်​နေရာဆီ နေထိုင်လာခဲ့ကြပေမယ့် အခက်အခဲတွေကြောင့် ငယ်စဥ်ကလိုမျိုး တစ်ယောက်ရဲ့နေရာမှာ တစ်ယောက် “​​နင့်ကိုယ်စား ငါလုပ်ပေးမယ်” ဆိုပြီး နှစ်ယောက်သားရဲ့ဘဝကို အလဲအလှယ်လုပ်လိုက်ကြတဲ့အခါ...မတူညီတဲ့ပတ်ဝန်းကျင်၊ မရင်းနှီးတဲ့လူတွေကြားမှာ တခြားသူတစ်ယောက်အဖြစ် နေထိုင်ရင်း သူတို့ထင်ထားသလို မဟုတ်တဲ့ အမှန်တရားတွေ၊ မိသားစုအတွင်းက မပြောဖြစ်ခဲ့တဲ့ ခံစားချက်တွေနဲ့ ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားခဲ့တဲ့ အကြောင်းအရာတွေကို တဖြည်းဖြည်း ရင်ဆိုင်လာရပါတယ်။ တစ်ယောက်ရဲ့ဘဝကို နေထိုင်ပေးရင်း ကိုယ့်ဘဝကိုယ် ပြန်လည်နားလည်လာကြတဲ့ သူတို့နှစ်ယောက် ၊ အချစ်ဆိုတာ ဘာလဲ၊ ပျော်ရွှင်မှုဆိုတာ ဘာလဲ၊ ကိုယ်တကယ်လိုချင်တဲ့ဘဝက ဘယ်လိုမျိုးလဲဆိုတာကို ရှာဖွေသွားကြပုံကို နွေးနွေးထွေးထွေးနဲ့ ရင်ထဲထိအောင် ရိုက်ကူးပြထာတဲ့ နက်ဖလစ်စီးရီး​ကောင်း​လေးပါ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+v-mu7kbxsM9iNTI1 အပိုင်း ၁ မှ ၁၂ စဆုံး🔽 https://t.me/c/2640608303/498 ➖➖➖➖➖➖➖➖➖➖➖

  • - အတိတ်ရဲ့ခေတ်ဟောင်း အငွေ့အသက်တွေကြားက လွမ်းဆွတ်ဖွယ် BLရုပ်ရှင်လေးတစ်ပုဒ်... - ⭐️ 📱 "မင်းကို ဆုံးရှုံးခဲ့ရတယ်လို့လည်း မဆိုနိုင်ဘူး၊ ငါတို့ကြားမှာ အချစ်ထက် မပြောဖြစ်ခဲ့တဲ့ စကားတွေကပဲ ပိုများ​နေခဲ့တာ၊ အချိန်တွေက ရှေ့ဆက်သွားပေမယ့် ငါ့စိတ်ကတော့ အဲ့ဒီနေ့မှာပဲ ကျန်ခဲ့တယ်..." ဇာတ်လမ်းလေးကိုတော့ ၂၀၀၁ ခုနှစ် တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူမြို့က အထက်တန်းကျောင်းလေးတစ်ခုမှာ စတင်ထားပါတယ်။ အဲဒီခေတ်ကာလဟာ LGBTQ+ တွေကို လူမှုအသိုင်းအဝိုင်းမှာ လက်မခံကြသေးသလို ဂျပန်ယဉ်ကျေးမှုနဲ့ ဂီတတွေကိုလည်း ပိတ်ပင်ထားတဲ့ အချိန်ဖြစ်ပါတယ်။ ဂယောင်းဟွမ်ဆိုတဲ့ ကျောင်းသားသစ်လေးဟာ အတန်းထဲမှာ လူတွေနဲ့ မရောဘဲ အထီးကျန်နေတတ်ပြီး၊ တားမြစ်ထားတဲ့ ဂျပန်သီချင်းတွေကို ခိုးနားထောင်ရတာ နှစ်သက်သူပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ ဘေးချင်းကပ်ထိုင်ရတဲ့ အတန်းခေါင်းဆောင် ဂျယ်မင်းကလည်း ဂျပန်ဂီတကို ကြိုက်နှစ်သက်သူဖြစ်ကြောင်း သိရှိသွားခဲ့ပါတယ်။ ကျောင်းဆင်းချိန် ဘတ်စ်ကားပေါ်မှာ အတူတူနားကြပ်တစ်ခုနဲ့ သီချင်းတွေကို မျှဝေနားထောင်ရင်း သူတို့နှစ်ယောက်ကြားမှာ ဘာနဲ့မှ လဲလို့မရတဲ့ ၅ မိနစ်စာ သီးသန့်ကမ္ဘာလေးတစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သံယောဇဉ်တွေတိုးလာပြီး ဂယောင်းဟွမ်တစ်ယောက် ဂျယ်မင်းကိုသဘောကျလာခဲ့ပါတယ်။ စည်းမျဉ်းတွေနဲ့ ရောထွေးနေတဲ့ အဲဒီနားကြပ်ကြိုးလေးကြားက ခံစားချက်တွေကို ဖွင့်ပြောလိုက်တဲ့အခါ သူတို့ရဲ့ ရင်းနှီးမှု ဘယ်လိုအလှည့်အပြောင်း​တွေ ဖြစ်သွားမလဲ? ခေတ်စနစ်ရဲ့ဖိနှိပ်မှု၊ အတင်းအဖျင်းတွေနဲ့ တားမြစ်ချက်တွေ ကြားမှာ သူတို့ရဲ့ပထမဆုံးအချစ်ဟာ အမှတ်တရတစ်ခုအနေနဲ့ပဲ ကျန်ရစ်ခဲ့မှာလားဆိုတာတွေကို လွမ်းဆွေးဖွယ် ခေတ်ဟောင်းအငွေ့အသက်ကို ခံစားရင်း "404 Still Remain, Our 5 Minutes" ရုပ်ရှင်​လေးမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦး​နော်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/dramaseries_mmuser ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/dramaseries_mmuser/772 ➖➖➖➖➖➖➖➖➖➖➖

  • - အားလုံး​မျှော်​နေကြတဲ့ ဇွန်ဘီရုပ်ရှင်ကားကြီး ကြည်​တောက်ရှင်းဗားရှင်းရပါပြီဗျာ... - 🚨 📱 ဒိတ်ဒိတ်ကြဲ castအလန်းစား​တွေနဲ့အတူ Train To Busan လိုရသမျိုး ပြန်လည်ခံစားရမှာမို့ ရုံမှာမကြည့်လိုက်ရတဲ့သူ​တွေ အခုပဲ​ပြေးကြည့်လိုက်​တော့​နော်... Colony ရုပ်ရှင်ကို ထရိန်းတူဘူဆန် ဒါရိုက်တာပဲ ရိုက်ကူး​ပေးထားပြီး ကြည့်ဖူးနေကျ ရိုးရိုးဇွန်ဘီကားတွေလို အဓိပ္ပါယ်မရှိတာတွေ လျှောက်လုပ်နေတဲ့ ဇာတ်လမ်းမျိုးမဟုတ်ဘဲ ကူးစက်ခံရတဲ့ကောင်တွေက အသိဉာဏ်ရှိပြီး ဆင့်ကဲပြောင်းလဲနိုင်တဲ့ (Evolving Zombies) ပုံစံမျိုးနဲ့ အသစ်ဖန်တီးထားတာဖြစ်လို့ ကြည့်ရတာ အကြိုက်တွေ့ကြပါလိမ့်မယ်။ ဇာတ်လမ်းအကျဥ်းက ဆိုးလ်မြို့လယ်ရဲ့ မိုးမျှော်တိုက်ကြီးတစ်ခုမှာ ဇီဝနည်းပညာ ညီလာခံလုပ်နေတုန်း အမည်မသိ ဗိုင်းရပ်စ်တစ်ခု ရုတ်တရက် ပျံ့နှံ့သွားပါတယ်။ အဲဒီအခြေအနေကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေက အဆောက်အအုံတစ်ခုလုံးကို အပြင်က​နေ လုံးဝပိတ်လှောင်လိုက်တဲ့အခါမှာတော့ အထဲကလူတွေ အကုန်ပိတ်မိသွားပါတော့တယ်။ အထဲမှာ ပိတ်မိတဲ့အချိန် ကြာလာလေလေ ကူးစက်ခံရသူတွေရဲ့ ဉာဏ်ရည်တွေ လှုပ်ရှားမှုတွေဟာ အလျင်မြန်ဆုံးနဲ့ ဆင့်ကဲပြောင်းလဲလာတဲ့အခါမှာတော့... ပါ‌မောက္ခ ဂွန်ဆယ်ဂျောင်း ဦးဆောင်တဲ့ အသက်ရှင်ကျန်ရစ်သူအဖွဲ့ဟာ အသက်ရှင်လျက်နဲ့ အဆောက်အဦထဲက​နေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အမိုက်စားကြည့်ရှုရမှာပါ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+sTv-PcTqAoUwZmVl ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2589146425/482 ➖➖➖➖➖➖➖➖➖➖➖

  • - နန်းတွင်းဒရာမာကိုမှ ​ဟော်ရာဗားရှင်းနဲ့ အမိုက်စားတထိုင်တည်းကြည့်ရမဲ့ နက်ဖလစ်စီးရီးအသစ်စက်စက်၊ cast line-up အလန်းစားနဲ့ ပရ​လောကရဲ့စိတ်ဝင်စားဖွယ်ရာ​တွေကို မြင်​နေကြပုံစံမဟုတ်ပဲ နန်းတွင်း​နောက်ခံနဲ့ကြည့်ရှုရမှာမို့ လက်မလွှတ်သင့်ပါ​ကြောင်း... - 📱 📱 ညဉ့်နက်သန်းခေါင်ယံချိန်... ဘုရင်မင်းမြတ်ရဲ့အိပ်ဆောင်မှာ အရိပ်တစ်ခုနဲ့အတူ ပေါ်လာတဲ့ ကြောက်မက်ဖွယ် သရဲတစ်ကောင်၊ ဘုရင့်လည်ပင်းကို ညှစ်ထားပြီး အဲဒီသရဲ တိုက်လိုက်တဲ့ ကျိန်စာကတော့ "ဘုရင့်သွေးသားရင်းချာတွေကို အကုန် အမြစ်ဖြတ် ရှင်းလင်းပစ်မယ်"တဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ က တော်ဝင်မိသားစုကို တုန်လှုပ်ချောက်ချားစေခဲ့တဲ့ ဘေးအန္တရာယ်ကြီးက ထပ်ပြီး တစ်ဖန်စတင်လာပြီဖြစ်ကြောင်း ရိပ်မိသွားတဲ့ဘုရင်လည်း သရဲတစ္ဆေတွေကို မြင်နိုင်ရုံသာမက ဝိညာဉ်ကမ္ဘာထဲ ဖြတ်သန်းသွားလာပြီး ဓားနဲ့ခုတ်သတ်နိုင်တဲ့ အစွမ်းကိုပါ ပိုင်ဆိုင်ထားတဲ့ ဂူချွန်း ဆိုသူနဲ့ သရဲတစ္ဆေတွေရဲ့ အသံကိုကြားနိုင်တဲ့ နန်းတွင်းသူ စိမ်းဂန်း တို့ကို နန်းတော်မှာစွဲကပ်နေတဲ့ ကျိန်စာကို ဖယ်ရှားဖို့အတွက် လျှို့ဝှက်တာဝန်ပေးလိုက်ရာမှာတော့ တကယ်ပဲ ဘယ်လို အငြိုးအတေးတွေကြောင့် တော်ဝင်သွေးသားတွေကို အမြစ်ဖြတ်ချင်နေရတာ ဖြစ်မလဲ? ဂူချွန်းနဲ့ စိမ်းဂန်းတို့ကရော ဒီနန်းတွင်းကျိန်စာကို ဘယ်လိုပုံစံနဲ့ ဖြေရှင်းပေးသွားမလဲဆိုတာ "The East Palace" ဆိုတဲ့ အမိုက်စားနက်ဖလစ်စီးရီးအသစ်စက်စက်မှာ အခုပဲကြည့်ရှုလိုက်ကြဖို့ တင်ဆက်​ပေးလိုက်ရပါတယ်​နော်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+kBqhwYlZxDljMzc1 ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/1672847093/61 ➖➖➖➖➖➖➖➖➖➖➖

  • - မိုး​အေး​အေးမှာ ရည်းစား​လေးနဲ့မှ အတူကြည့်လို့​ကောင်းမဲ့ အပနှင်​ဟော်ရာရုပ်ရှင်ကားသစ်ကြီး၊ ​အေးစက်စက်အ​​ငွေ့သက်​တွေနဲ့အတူ ဇာတ်ကားကြည့်​နေရင်း အ​နောက်မှာတစ်​ယောက်​ယောက်ရှိ​နေသလို ခံစား​စေရပါလိမ့်မယ်... -🔥📱 ကိုရီးယား-ဂျပန် ယဉ်ကျေးမှု ပရောဂျက်အတွက် ဂျပန်နိုင်ငံ၊ ကိုဘေးမြို့က ရွာ​လေးတစ်ရွာဆီရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားအဖွဲ့မှ အဖွဲ့ဝင် ဟီဂျောင်းဟာ စွန့်ပစ်နတ်ကွန်းတစ်ခုဆီ ကွင်းဆင်းလေ့လာဖို့ သွားရင်းက​နေ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာလည်း ထူးဆန်းရွံရှာဖွယ် သေဆုံးမှု၊ ပျောက်ဆုံးမှု​တွေ ဆက်တိုက်ဖြစ်လာပြီး ရဲတွေတောင် အဖြေရှာမရတော့တဲ့အခါ အဖွဲ့မန်နေဂျာဖြစ်တဲ့ ဂင်ယူမီ လည်း တက္ကသိုလ်တုန်းက စီနီယာဖြစ်တဲ့ မြောင်ဂျင်း ကို လှမ်းအကူအညီတောင်းလိုက်ပါတော့တယ်။ ဝိညာဉ်တွေကို မြင်နိုင်စွမ်းရှိတဲ့ နတ်ဆရာ မြောင်ဂျင်းလည်း မူမမှန်တဲ့အငွေ့အသက်ကို ချက်ချင်းခံစားမိပြီး ဂျပန်နိုင်ငံဆီ အမြန်ဆုံး ဦးတည်ထွက်ခွာလာရာမှာတော့... ဒီနတ်ကွန်းပျက်ကြီးရဲ့ နောက်ကွယ်မှာ ဘယ်လို အမှောင်ဖုံးလျှို့ဝှက်ချက်တွေ ရှိနေမလဲ? မြောင်ဂျင်းနဲ့ ယူမီကရော ကျောင်းသူလေးကို အသက်ရှင်လျက် ကယ်ထုတ်လာနိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ​နောက်​ကျောမလုံတဲ့ ခံစားချက်အပြည့်ဝရရှိ​စေမဲ့ "The Shrine" ဆိုတဲ့ ​အသစ်စက်စက် ဟော်ရာရုပ်ရှင်ကားကြီးကို ညွန်းဆို​ပေးလိုက်ပါတယ်​နော်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+3KtfxB1b7g4yNDll ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2440871366/466 ➖➖➖➖➖➖➖➖➖➖➖

  • - ဂျိုဆွန်းခေတ်က ဆတ်ဆတ်ကြဲ ကိုယ်လုပ်တော်မိဖုရားနဲ့ ၂၁ ရာစုက ခက်ထန်တဲ့အကျင့်စရိုက်ရှိတဲ့ ဗီလန်သူဌေးသားတို့ တွေ့ကြမယ့် Time-slip Fantasy Rom-Com နက်ဖလစ်စီးရီးအသစ်​လေး... - 📱 📱 ဂျိုဆွန်းခေတ်က ဉာဏ်ရည်ထက်မြက်တဲ့အပြင် ကောက်ကျစ်စဥ်းလဲပြီး ရည်မှန်းချက်ကြီးတဲ့ “ဂန်ဒန်ရှင်း” ဆိုတဲ့ တော်ဝင်ကိုယ်လုပ်တော်ရဲ့အကြောင်းနဲ့ အစပြုထားပါတယ်။ “ဂန်ဒန်ရှင်း” က နာမည်ဆိုးနဲ့ကျော်ကြားပြီး အကြင်နာတရားမရှိ ရက်စက်တတ်တဲ့သူဖြစ်တဲ့အလျောက် နောက်ဆုံးမှာ အဆိပ်သောက်သေဖို့အတွက် သေဒဏ်ပါချမှတ်ခံလိုက်ရတဲ့သူပေါ့။ ဒီလိုနဲ့သေဒဏ်ချမှတ်ခံလိုက်ရလို့ သေဆုံးသွားတဲ့ “ဂန်ဒန်ရှင်း” ရဲ့ကံကြမ္မာက ဒီမှာတင်အဆုံးမသတ်သွားသေးဘဲ မျက်မှောက်ခေတ် ၂၁ ရာစုနှစ်ရဲ့ မအောင်မြင်မကျော်ကြား ဇာတ်ဝင်ခန်းသေးသေးလေးတွေမှာပဲ​ သရုပ်ဆောင်ခွင့်ရတဲ့ သရုပ်ဆောင်မင်းသမီး “ရှင်းဆောရီ” ရဲ့ခန္ဓာကိုယ်ထဲကို “ဂန်ဒန်ရှင်း” ရဲ့ဝိညာဥ်ဝင်ရောက်လာတဲ့အခါ ၊ ဆိုးသွမ်းတဲ့ ကိုယ်လုပ်တော်ဝိညာဥ် ဝင်ပူးခံထားရတဲ့ ရုပ်ရှင်မင်းသမီး “ရှင်းဆောရီ” တစ်ယောက် အေးစက်တဲ့အကျင့်စရိုက်နဲ့ အာဏာကြီးသူဌေးမျိုးရိုးရဲ့အမွေဆက်ခံသူ “ချာဆယ်ဂယ်” နဲ့တွေ့ဆုံရာကနေ love-hate relationship တစ်ခု စတင်လာတဲ့အခါမှာတော့ ၊ ဘယ်လို အလွဲအချော်တွေနဲ့ ရယ်စရာ၊ အသည်းယားစရာတွေ ဖြစ်လာမလဲဆိုတာ "My Royal Nemesis" နက်ဖလစ်စီးရီး​လေးမှာ အခုပဲကြည့်ရှုလိုက်ကြပါဦးဗျာ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+RxFcQVyejP4wNDVl အပိုင်း ၁ မှ ၁၄ စဆုံး🔽 https://t.me/c/2185930110/411 ➖➖➖➖➖➖➖➖➖➖➖

  • - ​မြောက်ကိုရီးယားက​နေ ထွက်​ပြေးလာတဲ့ အမျိုးသမီးငယ်​လေးတစ်​ယောက်အ​ကြောင်း... - ⭐️ 📱 မြောက်ကိုးရီးယားကနေ တောင်ကိုရီးယားကို ထွက်ပြေးခိုလှုံလာသူ မိန်းကလေးတစ်ဦးရဲ့ ဖြစ်ရပ်မှန်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ကားသစ်... မြောက်ကိုးရီးယားမှာ မွေးဖွားကြီးပြင်းခဲ့ပြီး တရုတ်နိုင်ငံမှာ ခိုလှုံခဲ့ပြီးနောက် တောင်ကိုးရီးယားကို ရောက်ရှိလာတဲ့ ၂၁ နှစ်အရွယ် မိန်းကလေး ဂျိုဟယ်ဆွန်း ဟာ တင်းကျပ်တဲ့စစ်ဆေးမှုတွေကို ဖြတ်ကျော်ပြီးနောက်မှာ ဒုက္ခသည်တွေအတွက် ပြန်လည်နေရာချထားရေး စင်တာဖြစ်တဲ့ "ဟာနာဝန်း"ဆီကို ရောက်ရှိလာခဲ့ပါတယ်။ တကယ်က မြောက်ပိုင်းကနေ အမေ့ဆေးဖိုးဝါးခ ရှာဖို့အတွက် ထွက်လာခဲ့ပေမဲ့လည်း ဟယ်ဆွန်းကတော့ ပိုက်ဆံရှာဖို့ လွယ်ကူချောမွေ့တဲ့ လမ်းကြောင်းအစား "သူနာပြု"ဖြစ်ချင်တဲ့ အိပ်မက်ကိုပဲ အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ မြောက်ပိုင်းကနေ ထွက်ပြေးလာသူအဖို့ အရွယ်ရောက်ခါမှ ပညာသင်ယူပြီး ဘဝသစ်စဖို့ရာ မလွယ်ကူလှတာကြောင့် အများက ဝိုင်းဝန်းစိုးရိမ်နေတဲ့ကြားကနေ ဟယ်ဆွန်းတစ်ယောက် တောင်ကိုးရီးယားရဲ့ လူနေမှုဘဝနဲ့ ကျင့်သားရအောင်ကြိုးစားပြီး သူ့အိပ်မက်ကို ဘယ်လို အကောင်အထည်ဖော်သွားမလဲဆိုတာကို ကြည့်ရှုရင်း "Hana Korea" ရုပ်ရှင်​လေးက မျှော်လင့်ချက်နဲ့ ခွန်အားတွေ ရရှိစေမဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့ ညွှန်းဆို​ပေးလိုက်ရပါတယ်ဗျာ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+ZLuYB7AtPF01MzQ1 ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2323868586/453 ➖➖➖➖➖➖➖➖➖➖➖

  • - ဆရာဖြစ်သူရဲ့ လွန်ကျူးတဲ့ စွဲလမ်းမှုက​နေ တပည့်ဖြစ်သူအ​ပေါ် ထိန်းမနိုင်သိမ်းမရ ဆိုးရွာတဲ့အ​ခြေအ​နေ​တွေ ကျ​ရောက်လာတဲ့အခါ၊ ဝါရင့်မင်းသားကြီးနဲ့ မင်းသားငယ်​လေးတို့ အပြိုင်ကြဲထားတဲ့ psychological thriller နက်ဖလစ်စီးရီးအသစ်စက်စက်... - ™️ 📱 ဇာတ်လမ်းက စာရေးဆရာဘဝမှာ မအောင်မြင်လို့ စိတ်ပျက်ပြီး ဆရာအဖြစ်စာသင်နေရတဲ့ ပါမောက္ခကြီးတစ်ယောက်နဲ့ သူ့အတန်းထဲက အနောက်ဆုံးတန်းမှာ အမြဲထိုင်လေ့ရှိတဲ့ အင်ဂျင်နီယာကျောင်းသားလေးတစ်ယောက်ရဲ့အကြောင်းပါ။ ဒီကျောင်းသားလေးကတော့ ပါရမီထူးလွန်းပြီး ပါမောက္ခကြီးမရနိုင်တဲ့ စာပေအရေးအသား ကလောင်စွမ်းက အရမ်းထက်လို့နေပါတယ်။ ပါမောက္ခကြီးဟာ ကျောင်းသားလေးရဲ့ စာပေအရေးအသားတွေကို အလွန်အကျူးစွဲလမ်းမိသွားရာက​နေ ဇာတ်လမ်းကစပါတော့တယ်။ ကျောင်းသားလေးကို စာသီးသန့်ခေါ်သင်ပေးရင်းနဲ့ ကျောင်းသားလေးကိုယ်တိုင်ရေးထားတဲ့ ချမ်းသာတဲ့အတန်းဖော်အိမ်ထဲ ခိုးဝင်တဲ့ ဇာတ်လမ်းတွေကို ပါမောက္ခကြီးကဖတ်ရပါတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းတွေအပေါ်မှာ ပါမောက္ခကြီးက တဖြည်းဖြည်းနဲ့ စွဲလန်းရူးသွပ်လာပြီး၊ လက်တွေ့ဘဝမှာပါ သူများအိမ်ထဲထိ ခိုးဝင်ဖို့ ကျောင်းသားလေးကို တွန်းအားပေးလာပါတော့တယ်။ ဒီလိုနဲ့ အခြေအနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး ဆိုးရွားတဲ့အဖြစ်အပျက်တွေဆီကို တဖြည်းဖြည်းနဲ့ ဦးတည်သွားပါတော့တယ်။ ဆရာဖြစ်သူရဲ့ လွန်ကျူးတဲ့ စွဲလမ်းမှုက တပည့်ကို ဘယ်လိုနွံထဲ ဆွဲချသွားမလဲဆိုတာကိုတော့ "Notes from the Last Row" စီးရီးအသစ်စက်စက်​လေးမှာ ကြည့်ရှုလိုက်ကြပါဦးဗျာ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+SpZzbD-Xk7dkYWM1 အပိုင်း ၁ မှ ၆ စဆုံး🔽 https://t.me/jfkdsafkldscnm732089437/43 ➖➖➖➖➖➖➖➖➖➖➖

  • - နာမည်ကြီး​နေတဲ့ ဟာသအက်ရှင်ကားအသစ်... - 📱 📱 မိန်းမဖြစ်သူ ပြန်​ပေးဆွဲခံရလို့ ခင်ပွန်း​ဟောင်းဖြစ်သူနဲ့ လက်ရှိခင်ပွန်းဖြစ်သူတို့ နှစ်​ယောက်​ပေါင်း ကယ်တင်ကြရဖို့ဖြစ်လာတဲ့အခါ၊ cast line-up အမိုက်စားနဲ့ နက်ဖလစ်ရုပ်ရှင်အသစ်... မူးယစ်ဆေးမှု စုံထောက် ဟွမ်ချွန်းရှစ် ဟာဆိုရင် ဇနီးဟောင်းဖြစ်သူ ရှီနယ် အပေါ် သံယောဇဉ်မပြတ်နိုင်သေးသလို သမီးလေး ဟွမ်ယွန်းဂျူ အပေါ်လည်း အရမ်းကြင်နာမှုရှိတဲ့ ဖခင်ကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ရှီနယ်ရဲ့ လက်ရှိခင်ပွန်းဖြစ်သူ တိကုဆရာဝန် အီမင်ဆော့ ရှေ့ကိုရောက်သွားရင်တော့ အတိုင်းအဆမရှိကို ကလေးဆန်သွားတတ်သူပေါ့။ တစ်နေ့ ယွန်းဂျူရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို တက်ရောက်လာကြတဲ့ ချွန်းရှစ်နဲ့ မင်ဆော့တို့က မိသားစုထိုင်ခုံနေရာမှာ ထိုင်ရဖို့အတွက် အားပြိုင်နေကြချိန်မှာပဲ ဟယ်ရန်း ဆိုသူက ရှီနယ်နဲ့ ယွန်းဂျူတို့ကို ပြန်ပေးဆွဲထားကြောင်း၊ ချွန်းရှစ် မကြာသေးခင်က ဖမ်းဆီးခဲ့တဲ့ သူ့ရဲ့ခင်ပွန်းသည် မူးယစ်ဂိုဏ်းခေါင်းဆောင် မာဒိုဂျွန်း ကို ပြန်လည်ခေါ်ဆောင်လာပေးလိုကြောင်း ဖုန်းဆက်ခြိမ်းခြောက်လာပါတော့တယ်။ အဲဒီလိုကနေ ရှီနယ်နဲ့ ယွန်းဂျူကို ကယ်တင်ဖို့အတွက် ချွန်းရှစ်နဲ့ မင်ဆော့တို့ လက်တွဲပူးပေါင်းဖြစ်သွားတဲ့အခါမှာတော့... ရှီနယ့်အပေါ်ထားရှိတဲ့ စိတ်ကတော့ တစ်သားတည်းဆိုပေမဲ့ အကျင့်စရိုက်ရော အလုပ်အကိုင်ပါ ကွဲပြားခြားနားကြတဲ့ ခင်ပွန်းဟောင်းနဲ့ လက်ရှိခင်ပွန်း ၊ ဒီလို ကိုးရိုးကားရားနိုင်ပြီး ရယ်ချင်စဖွယ်ဖြစ်နေတဲ့ ပူးပေါင်းကယ်တင်မှုက တကယ်ပဲ အောင်မြင်နိုင်ပါ့မလားဆိုတာကိုတော့ "Husbands in Action" ရုပ်ရှင်အသစ်စက်စက်​လေးမှာ အခုပဲကြည့်ရှုလိုက်ကြပါဦးဗျာ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+e8k07LM6fpEzMzg1 ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2170909244/1006 ➖➖➖➖➖➖➖➖➖➖➖

  • - နန်းတွင်းရုပ်ရှင်နဲ့ အားလုံးကို မျက်ရည်ဖြိုင်ဖြိုင်မိုးစေခဲ့တဲ့ ဒန်ဂျုံးဘုရင်လေး Park Ji-Hoon ရဲ့ အမိုက်စားစီးရီးအသစ်​လေး... - 🔥 📱 ဘာမှမတတ်တဲ့​ကောင်​​လေးတစ်​ယောက် မျက်စိ​ရှေ့မှာပ​​ဟေဠိဆန်တဲ့ system​တွေ​ပေါ်လာရာက​နေ မစ်ရှင်​တွေလုပ်ပြီး အချက်အပြုတ်စ​ကေး​တွေနဲ့ ပရိုတစ်​ယောက်ဖြစ်လာတဲ့အခါ... ဘဝဆိုတာ ​ရွေးချယ်မှု​ပေါင်းများစွာနဲ့ ပြည့်နှက်​​နေတဲ့ ကစားပွဲတစ်ခုလိုပါပဲ။ ဒီကစားပွဲထဲမှာမှ လက်​တွေ့ဘဝရဲ့ ခါးသီးမှု​တွေက​နေ ရုန်းထွက်ချင်လို့ စစ်ထဲဝင်လာခဲ့တဲ့ လူငယ်​လေး ဂန်ဆောင်းဂျယ်တစ်​ယောက်၊ စစ်သင်တန်းကျောင်းမှာ အတော်ဆုံးသင်တန်းသား ဖြစ်ခဲ့ပေမဲ့ တပ်ထဲမှာတော့ အထူးစောင့်ကြည့်ခံ တပ်သားအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဂန်ဆောင်းဂျယ် ဟာ ဂန်လင်း တပ်စခန်းဆီ ပြောင်းရွှေ့ချထားခံရပြီးနောက်မှာ​တော့ စားဖိုမှူးတပ်သားအဖြစ် တာဝန်ပေးအပ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ သူ့မျက်စိရှေ့မှာ ဂိမ်းကာရိုက်တာလိုလို အချက်အပြုတ်ဇယားတွေကို ထူးဆန်းစွာ စမြင်လာရပြီး အဆိုပါ အချက်အပြုတ်ဇယားတွေရဲ့ လမ်းညွှန်ချက်အတိုင်း မစ်ရှင်တွေကို ပြီးမြောက်အောင်လုပ်ဆောင်ရင်း ဆောင်းဂျယ်ရဲ့ ဟင်းချက်လက်ရာကလည်း တစ်ဆင့်ထက်တစ်ဆင့် Level ပိုမြင့်လာတဲ့အခါမှာတော့...ဆောင်းဂျယ်တစ်ယောက် သေနတ်အစား ယောက်ချိုကိုကိုင်စွဲပြီး ရိုးအီနေတဲ့ တပ်ထမင်းဟင်း မီနူးတွေကို ထူးခြားဆန်းပြားတဲ့ ဟင်းလျာတွေအဖြစ် ဘယ်လိုမျိုး လက်စွမ်းပြပြောင်းလဲပေးသွားမလဲဆိုတာ "The Legend of Kitchen Soldier" ဆိုတဲ့ အမိုက်စားစီးရီးအသစ်စက်စက်​လေးမှာ အခုပဲကြည့်ရှုလိုက်ကြဖို့ ညွှန်းဆို​ပေးလိုက်ရပါတယ်ဗျာ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+v-mu7kbxsM9iNTI1 အပိုင်း ၁ မှ ၁၂ စဆုံး🔽 https://t.me/c/2640608303/455 ➖➖➖➖➖➖➖➖➖➖➖

  • - မျက်ရည်​တွေနဲ့ ရင်နင့်ဖွယ်ကြည့်ရမဲ့ကား​လေး... - ⭐️ 📱 စစ်ဖြစ်နေတဲ့ကြားထဲက သမီးလေးကို ကယ်တင်ဖို့ကြိုးစားတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာ၊ ရွာတစ်ရွာလုံးမီးရှို့ခံလိုက်ရတဲ့ ကိုရီးယားနိုင်ငံရဲ့ဖြစ်ရပ်မှန် စစ်​ဘေး​ရှောင်ပြည်သူ​တွေရဲ့အ​ကြောင်း... လူပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူ 4.3 အရေးအခင်းကာလကို ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်း​လေးက ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူကျွန်းမှာ နှိမ်နင်းရေးတပ်ဖွဲ့ရဲ့ ရန်ကြောင့် ဟန်လာတောင်ပေါ် ထွက်ပြေးတိမ်းရှောင်ရဖို့ ဖြစ်လာတဲ့ အာဂျင်းက သမီးဖြစ်သူ ဟယ်စိမ်းနဲ့ လူချင်းကွဲကွာသွားခဲ့ရပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့သမီးလေးကို စိုးရိမ်ရင်းနဲ့ တောင်ပေါ်တက်လာတဲ့ အာဂျင်းတစ်ယောက် စစ်တပ်ကနေ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီဆိုတဲ့ အကြောင်းကြားသိလိုက်ရတဲ့အခါ သမီးလေးကိုရှာဖို့ တောင်အောက်ကို ပြန်ဆင်းလာပါတော့တယ်။ သမီးကိုကယ်တင်ဖို့ ငရဲတွင်းထဲပြန်ဆင်းလာတဲ့ အာဂျင်းနဲ့ အမေ့ကို ရှာဖို့ တောင်ပေါ်တက်လာတဲ့ သမီးလေး ဟယ်စိမ်း ၊ သူတို့သားအမိနှစ်ဦးရဲ့ ရှင်သန်ရေးတိုက်ပွဲက ဘယ်လိုဆက်ဖြစ်မှာလဲ? သမိုင်းရဲ့ နာကျင်ဖွယ် ဒဏ်ရာတွေကြားက ကြီးမားတဲ့ မိခင်မေတ္တာကို ပုံဖော်ရိုက်ကူးပြထားတာမို့လို့ "Hallan" ရုပ်ရှင်​လေးကို အခုပဲကြည့်ရှုလိုက်ကြဖို့ ညွှန်းဆို​ပေးလိုက်ရပါတယ်ဗျာ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+sTv-PcTqAoUwZmVl ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2589146425/441 ➖➖➖➖➖➖➖➖➖➖➖

  • 5 июн.1 811895

    - အချိုးမ​ပြေတဲ့ ​ကျောင်းသား​တွေကို ပညာ​ပေးမဲ့ နက်ဖလစ်စီးရီးအသစ်၊ တရားမျှတမှုဖော်ဆောင်ပေးမဲ့ အက်ရှင်ဇာတ်လမ်းတွေ ​မျှော်​နေတဲ့သူ​တွေအတွက် အမိုက်စားစီးရီးလာပါပြီ... - 📱 📱 စည်းကျော်လာကြတဲ့ ကျောင်းသား၊ မိဘနဲ့ ကျောင်းဆရာတွေကြောင့် ယိုယွင်းပျက်စီးလာတဲ့ ပညာရေးစနစ်ကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ပညာရေးဝန်ကြီး ချွဲဂန်ဆော့ ရဲ့ဦးစီးမှုအောက်မှာ တည်ထောင်လိုက်တဲ့ "ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာန" ဒီဌာနရဲ့ အဓိက တာဝန်ကတော့ ကျောင်းတွေမှာဖြစ်ပွားနေတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှု၊ အာဏာပြမှု အစရှိတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးဖို့ပါပဲ။ အဆိုပါတာဝန်ကို အကောင်အထည်ဖော်ဖို့အတွက် ကြီးကြပ်ရေးမှူး နာဟွာဂျင်း ဦးဆောင်တဲ့အဖွဲ့က ပြဿနာရှိနေတဲ့ ကျောင်းတွေဆီကို ကိုယ်တိုင် သွားရောက်ပြီးတော့ နစ်နာသူဘက်က‌နေ မားမားမတ်မတ်ရပ်တည်ပေးပြီး ကျူးလွန်သူတွေကို ဘယ်လိုပညာပေးဆုံးမသွားမှာလဲ? ပညာရေးနယ်ပယ်ရဲ့ အမှောင်ဘက်ခြမ်းကိုဖော်ထုတ်ပြီး ကျောင်းစည်းကမ်းကို ဘယ်လို တည့်မတ်ပြုပြင်ပေးသွားမလဲဆိုတာကို အားရကျေနပ်ဖွယ် ကြည့်ရှုရမှာမို့လို့ "Teach You a Lesson" ဆိုတဲ့ ၂၀၂၆ရဲ့အမိုက်စား စီးရီးအသစ်စက်စက်​လေးကို အခုပဲကြည့်ရှုလိုက်ကြပါဦးဗျာ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+qj-XNqVa_EdlZGI1 အပိုင်း ၁ မှ ၁၀ စဆုံး🔽 https://t.me/c/1521037474/261 ➖➖➖➖➖➖➖➖➖➖➖

  • 4 июн.1 3173

    - ရုံးမှာ အထက်လူကြီးက မိမိရည်းစား​လေးဖြစ်​နေ​သော်လည်း အမြဲဆူ​​နေသောအခါ၊ ရယ်စရာ အသည်းယားစရာ​လေး​တွေနဲ့ မမနဲ့​မောင်​လေးတို့ ရုံတွင်းအချစ်​ဇာတ်လမ်းလေးတစ်ပုဒ်... - 💗 📱 ဆရာမကြီး Shin Hae-Sun ရဲ့ဇာတ်လမ်းအသစ်​လေးဆို​တော့ မ​ကောင်းမှာ​တော့ ပူစရာမလိုဘူး​​ပေါ့နော်။ ဇာတ်လမ်းအကျဥ်း​လေးက​တော့ နိုဂီဂျွန်း ဟာ ဟယ်မူလုပ်ငန်စုရဲ့ ရုံးတွင်းစာရင်းစစ်အဖွဲ့ ၁ မှာ အတော်ဆုံးအဖွဲ့ဝင်ဖြစ်ပါတယ်။ ချောမောတဲ့ရုပ်ရည်၊ ထက်မြက်တဲ့ဦးနှောက်နဲ့ အရာရာအဆင်ပြေနေခဲ့တဲ့ သူ့ရဲ့ဝန်ထမ်းဘဝလေးဟာ အထက်လူကြီးဖြစ်တဲ့ ဂျူအင်အာ နဲ့ ပတ်သတ်မိပြီးနောက်မှာတော့ ရုံးတွင်းကောလာဟလတွေနဲ့ အတူ ရာထူးချခံလိုက်ရပြီး အရှုံးသမားတွေများတဲ့ အဖွဲ့ဖြစ်တဲ့ စာရင်းစစ် အဖွဲ့ ၃ ကို ရောက်သွားပါတော့တယ်။ ဒီလိုနဲ့ပဲ နိုဂီဂျွန်းတစ်ယောက် ဂျူအင်အာကို လက်စားပြန်​ချေဖို့အတွက် သူမရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့လုပ်ရာကနေ ဂျူအင်အာရဲ့ လျှို့ဝှက်တဲ့ဘဝနဲ့ အတိတ်ဒဏ်ရာတွေ ရှိနေတာကိုပါ သိသွားပြီးနောက်မှာတော့ စိတ်ဒဏ်ရာတွေကို အချင်းချင်းကုစားကြရင်း လက်စားချေချင်တဲ့ မုန်းတီးတဲ့စိတ်ကနေတစ်ဆင့် မြင်ပါများပြီး ချစ်ကျွမ်းဝင်သွားကြမဲ့ စာရင်းစစ်အဖွဲ့ရဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ် "Filing for Love" ကို တင်​ဆင်​ပေးလိုက်ပါတယ်ဗျာ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+3KtfxB1b7g4yNDll အပိုင်း ၁ မှ ၁၂ စဆုံး🔽 https://t.me/c/2440871366/419 ➖➖➖➖➖➖➖➖➖➖➖

  • 29 мая1 0718

    - လူကြည့်အများဆုံး Horror ရုပ်ရှင်အဖြစ် ကိုရီးယားရုပ်ရှင် သမိုင်းတစ်လျှောက် စံချိန်တင်သွားတဲ့ ရုံတင်သရဲကားသစ်ကြီး၊ နာမည်ကြီး Midnight Horror Story အစီအစဉ်မှာလည်း ထည့်သွင်းဖော်ပြခံရဖူးသလို သရဲခြောက်တဲ့နေရာအဖြစ် နာမည်ကြီးတဲ့ "ဆားလ်မို့ဂျီ ရေလှောင်ကန်"အကြောင်းကို နောက်ခံထား ရိုက်ကူးထားတာပါ... -💀📱 ထူးဆန်းတဲ့ ကောလာဟလတွေ မပြတ်ထွက်နေပြီး လူသူအပျောက် အရမ်းများတဲ့ ဆားလ်မို့ဂျီ ရေလှောင်ကန်ရဲ့လမ်းမြင်ကွင်းမှာ ရိုက်ကူးဖူးခြင်းမရှိဘဲ ပေါ်လာတဲ့ ကြက်သီးထဖွယ် ပုံရိပ်တစ်ခု၊ ဖြစ်ချင်တော့ ရိုက်ကူးရေးတာဝန်ခံကလည်း ဆားလ်မို့ဂျီကနေ ပြန်ရောက်လာပြီးတဲ့နောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပြီး ဒီနေ့အတွင်း လမ်းမြင်ကွင်းကို update လုပ်နိုင်ဖို့အတွက် ပြန်လည်ရိုက်ကူးလာဖို့လည်း မဖြစ်မ​နေလိုအပ်နေတာကြောင့် On Road Media ကုမ္ပဏီက ပီဒီ ဟန်ဆူအင်း ဦးဆောင်တဲ့ ရိုက်ကူးရေးအဖွဲ့က ဆားလ်မို့ဂျီရေလှောင်ကန်ဆီ ဦးတည်ထွက်ခွာလာခဲ့ရာ မှောင်မည်းနက်ရှိုင်းတဲ့ ရေအောက်မှာ ပုန်းအောင်းနေတဲ့ တစ်စုံတစ်ရာက သူတို့ကို စောင့်ကြိုနေတဲ့အခါမှာတော့...လူကို အရမ်း ဖမ်းစားတတ်တယ်ဆိုတဲ့ ရေသရဲရှိနေတဲ့ နေရာကိုမှ ခြေချမိသွားကြတဲ့ ဆူအင်းတို့အဖွဲ့က တကယ်ပဲ ရိုက်ကူးရေးကို ချောချောမွေ့မွေ့ အပြီးသတ်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို "Salmokji: Whispering Water" ရုပ်ရှင်မှာ အခုပဲကြည့်ရှုလိုက်ကြပါဦး​ဗျာ... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+RxFcQVyejP4wNDVl ဇာတ်ကားကြည့်ရန်နှိပ်ပါ🔽 https://t.me/c/2185930110/366 ➖➖➖➖➖➖➖➖➖➖➖

  • - ​အောင်မြင်​နေကြတဲ့ သူငယ်ချင်း​တွေကြားထဲမှာ ကိုယ်တစ်​ယောက်တည်း ဘဝမ​​ပြေလည်ပဲ ​နောက်ကျကျန်ခဲ့တဲ့အခါ၊ "ငါကြမှ ဘာလို့ဒီလို​တွေဖြစ်​နေရတာလဲ" ဆိုတဲ့ခံစားချက်၊ မနာလိုဝန်တိုမှု​တွေနဲ့ စိတ်ရှုပ်​ထွေး​နေရတဲ့ သူတစ်​ယောက်ရဲ့ စိတ်ငြိမ်းချမ်းမှုရှာ​ဖွေ​တဲ့ အ​ကြောင်းကိုရိုက်ကူးထားတာပါ... - 📱 📱 နေ့စဉ်ဘဝမှာ အဆင်မပြေမှုကြုံတွေ့​နေရသူတွေ၊ စိတ်ဓာတ်ကျနေသူတွေအတွက် "လူတိုင်းက ကိုယ်ပိုင်သိမ်ငယ်စိတ်တွေနဲ့ တိုက်ပွဲဝင်နေကြရတာပါပဲ" ဆိုတဲ့ အားပေးစကားကိုပေးစွမ်းမယ့် Healing Drama လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်း​လေးက ရုပ်ရှင်လောကရဲ့ နာမည်ကြီးအဖွဲ့ဖြစ်တဲ့ "The Eight" ထဲမှာ ပွဲဦးထွက်ခွင့်မရသေးတဲ့ တစ်ဦးတည်းသောသူဖြစ်တဲ့အပြင် သူငယ်ချင်းတွေအောင်မြင်နေချိန်မှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ခံစားနေရတဲ့ ဒါရိုက်တာဖြစ်ဖို့ ကြိုးစားနေသူ ဟွမ်ဒုံမန် နဲ့ ရုပ်ရှင်ဇာတ်ညွှန်းတွေကို ပြတ်ပြတ်သားသား ဝေဖန်တတ်လွန်းလို့ "ပုဆိန်" လို့တောင် တင်စားခေါ်ဝေါ်ခံရပေမဲ့လည်း အတွင်းစိတ်ထဲမှာ ဒေါသနဲ့ ကြောက်ရွံ့မှုတွေကို ဖုံးကွယ်ထားတဲ့ ထုတ်လုပ်သူ ဗြောင်အွန်းအာ တို့အပြင် မနာလိုဝန်တိုမှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ခံစားရတဲ့ သိမ်ငယ်မှုတွေကြားမှာ ရုန်းကန်ရင်း စိတ်အေးချမ်းမှုကို ရှာဖွေကြတဲ့ လူသားတွေရဲ့အကြောင်းကို နက်နက်ရှိုင်းရှိုင်းပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် "We Are All Trying Here" စီးရီးအသစ်​လေးက ကြည့်မိလို့​ အချိန်ကုန်ရကျိုးနပ်​စေပါလိမ့်မယ်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+e8k07LM6fpEzMzg1 အပိုင်း ၁ မှ ၁၂ စဆုံး🔽 https://t.me/c/2170909244/1000 ➖➖➖➖➖➖➖➖➖➖➖

  • - ကမ္ဘာပျက်မယ်သတင်းကြားပြီး မထင်မှတ်ပဲ သဘာဝလွန်စွမ်းအား​တွေရလာတဲ့အခါ၊ Cast အလန်းစား​တွေနဲ့ အမိုက်စား စူပါဟီးရိုး နက်ဖလစ်စီးရီးအသစ်​လေး... - 📱 📱 ၁၉၉၉ ခုနှစ်ကာလ ကိုးရီးယားနိုင်ငံ ဟယ်ဆောင်းမြို့အတွင်းမှာ “နေကမ္ဘာပျက်မယ်” ဆိုတဲ့သတင်းစကားဟာ လူထုအကြားမှာ ပြန့်နှံ့လာပြီး ကြောက်ရွံ့မှုတွေလည်း တိုးလာခဲ့ပါတယ်။ တစ်နေ့မှာ ဟယ်ဆောင်းမြို့သူလေး အွန်းချယ်နီနဲ့အတူ သူမနဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ဆွန်းဂယောင်းအွန်နဲ့ ဂန်ရိုဘင်းတို့ဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ပါဝင်ပတ်သက်မိရာမှ သဘာဝလွန်စွမ်းအားတွေ ရရှိသွားကြပါတယ်။ အဲဒီအချိန်မှာပဲ မြို့အနှံ့မှာ မသင်္ကာစရာ ထူးဆန်းတဲ့ အခြေအနေ​တွေများပြားပြီး လူပျောက်ဆုံးမှု​တွေ ဆက်တိုက်ဖြစ်လာသလို တစ်ဖက်မှာလည်း ဆိုးလ်ကနေ ဟယ်ဆောင်းမြို့ကို ပြောင်းရွေ့လာတဲ့ အစိုးရဝန်ထမ်း အီအွန်ဂျောင်ဟာလည်း ဒီထူးဆန်းတဲ့အမှုထဲ ပါဝင်ပတ်သက်လာခဲ့ပြီး ဒီပဟေဠိဆန်တဲ့ အဖြစ်အပျက်ကြီးရဲ့ လျှို့ဝှက်ချက်တွေဟာ တဖြည်းဖြည်း နက်ရှိုင်းလာတဲ့အခါ...ဟယ်ဆောင်းမြို့လေး အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာ အမှတ်မထင် စွမ်းအားတွေရသွားခဲ့ကြတဲ့ ဒီသူရဲကောင်းအဖွဲ့လေးဟာ ပြင်ပအန္တရာယ်တွေအပြင် ကိုယ့်ရဲ့အားနည်းချက်တွေကိုပါ ရင်ဆိုင်ရင်း မြို့ကို ကယ်တင်ဖို့ကြိုးစားပုံတွေကို စိတ်ဝင်စားဖွယ် mystery, fantasy နဲ့ comedy တို့ ပေါင်းစပ်ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူပရိသတ်တွေအနေနဲ့ မပျင်းမရိဘဲ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမယ့် "The WONDERfools" နက်ဖလစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+cqfRxFXoAEI5Yzdl အပိုင်း ၁ မှ ၈ စဆုံး🔽 https://t.me/akdjiedj11133/109 ➖➖➖➖➖➖➖➖➖➖➖

  • - ဖြစ်ရပ်မှန်ကို အ​ခြေခံရိုက်ကူးထားတဲ့ Bl မကျ၊ Bromance မကျ၊ ကိုရီးယား-ဂျပန် နက်ဖလစ် စီးရီးအသစ်​လေး၊ မြို့ကြီးပြကြီးတွေရဲ့ အလှအပတွေ Cinematic တွေကို တစ်ဝကြီး ခံစားနိုင်မှာဖြစ်ပြီး ဆွေးဆွေးမြည့်မြည့်​လေးကြည့်ရှုရမှာပါ... - ™️ 📱 အချစ်ဆုံး သူငယ်ချင်းဖြစ်သူရဲ့ ဘဝကို ဖျက်ဆီးခဲ့မိပြီးနောက်မှာ နာရူတာကီ ဟာ အရာအားလုံးကို ကျောခိုင်းစွန့်ပစ်ခဲ့ပြီး ဂျပန်နိုင်ငံကနေ ထွက်လာခဲ့ပါတယ်။ နိုင်ငံခြားက ဘုရားကျောင်းတစ်ကျောင်းမှာ သေလုမြောပါးဖြစ်နေခဲ့တဲ့ နာရူတာကီကို ကိုရီးယားလူမျိုး လက်ဝှေ့သမားဖြစ်တဲ့ ဟွမ်ဂျိုဟန် က ကယ်တင်ခဲ့ပါတယ်။ ကုစားလို့မရနိုင်တဲ့ နက်နဲတဲ့ စိတ်ဒဏ်ရာတွေ ကိုယ်စီရှိနေကြတဲ့ အထီးကျန်နေတဲ့ ဝိညာဉ်နှစ်ခုဟာ တစ်ယောက်ကိုတစ်ယောက် ဆွဲငင်မိကြရင်း တစ်ယောက်အတွက်တစ်ယောက် မရှိမဖြစ် "Soul Mate" တွေဖြစ်လာတဲ့အခါမှာတော့... တစ်ခါတလေမှာ အရင်းနှီးဆုံးလူတွေထက် လူစိမ်းတစ်ယောက်က ပိုပြီး ကိုယ့်ကို နားလည်ပေးနိုင်မလား? ဘာလင်မြို့ ဆိုးလ်မြို့နဲ့ တိုကျိုမြို့တွေမှာ သူတို့ ၂ ယောက်အတွက် မေ့မရတဲ့ နာကျင်မှု ခံစားချက်တွေ အဆုံးမရှိ ပျော်ရွှင်မှုတွေကို ခံစားရင်း အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဖေးမကူညီသွားမလဲဆိုတာကို အသစ်စက်စက်ထွက်ရှိထားတဲ့ ကိုရီးယား-ဂျပန် နက်ဖလစ်စီးရီး​ကောင်း​လေးတစ်ပုဒ်... ဇာတ်ကားကြည့်ရန်ချန်နယ်အရင်ဂျွိုင်းပါ🔗 https://t.me/+ZLuYB7AtPF01MzQ1 အပိုင်း ၁ မှ ၈ စဆုံး🔽 https://t.me/c/2323868586/412 ➖➖➖➖➖➖➖➖➖➖➖