tgindex
Последний пост
22 сент. 2024 г.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
14 авг.
Подписчики
3 297
−2 за 3 дн.
Сутки
−2
−0,06%
Неделя
 
Месяц
 
Просмотров на пост
1 833
20 постов
Вовлечённость
55,6%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ကလေးများ အတွက် Vitamin A ကြွယ်ဝတဲ့ meal plan မျက်စိအားကောင်းဖို့အတွက် ဖြစ်ဖြစ် ကိုယ်ခံအား ကောင်းဖို့အတွက်ပဲ ဖြစ်ဖြစ် ကလေးတွေ ကို vitamin A (ဗီတာမင် အေ) ကြွယ်ဝ အောင် ချက်ပြုတ် ကျွေးချင်တယ် ဆိုရင် …. Main Dishes (အဓိက ဟင်းလျာ) 1 ကြက်သည်း/ ကြက်မြစ် 2 ဝက်အသည်း 3 အမဲသား/ ဆိတ်သား 4 ကြက်ဥ 5 နွားနို့ခဲ ဟင်း Side dish (အရံဟင်း) 1 ဟင်းနုနွယ်/ ကန်ဇွန်းရွက် 2 မုန်လာဥနီ 3 ရွေဖရုံသီး 4 ပန်းပွင်းစိမ်း 5 ကန်ဇွန်းဥ သတိပြုရန် အချက်များ 1 အသည်း ကို ကျက်အောင်ချက်ပါ၊ မကျက်ပါက သံထတက်သည်။ 2 အသည်းမတတ်နိုင်ပါက ကြက်ဥ ချက်ပါ။ အနှစ်ကို ကျက်အောင်ချက်ပါ။ 3 အရွက် တွေ ကို ဆားရည်၊ ရှာလကာရည် မိနစ်(၃၀) ခန့်စိမ်ပြီး ရေ (၃) ထပ် ဆေးပါ။ 4 ဆီတော်သင့်ရုံ သာထည့်ပါ။ ထမင်းစားဇွန်း ၂-၃ ဇွန်း ခန့်သာ။ 5 အသားလှီး တဲ့ ဓါး/ စဉ့်လှီတုံး နှင့် အရွက် လှီးတာကို သီးသန့်စီ ခွဲသုံးပါ လေးစားစွာဖြင့် ဒေါက်တာ ညီညီကျော် #drnyinyikyaw #drnutrition #nutrition #အာဟာရ #vitamin #ဗီတာမင်အေ #ကလေး #ကျန်းမာရေး

  • အဖက်ဖ​က် က ဈေးတက်နေချိန် ကုန်ကျစရိတ် သက်သာပြီး အာဟာရရှိအောင် ဘာတွေ အဓိက စားပေးကြမလဲ? အခုအချိန် အဖက်ဖက် က ကုန်ဈေးနှုန်း တက်နေချိန်မှာ 1. ဆန် - ကို ပေါ်ဆန်းချည်း မဟုတ်တော့ ဘဲ အကြမ်း ရောပါ။ အကြမ်းချည်းပဲ စားရင် လဲ ကျန်းမာရေး အတွက် အဆင်ပြေပါတယ်။ အဝလွန်သူတွေ ဆီးချို သမားတွေ အတွက် ဆန်ကြမ်း က အဆာခံတော့ ပိုတောင် သင့်တော်ပါသေးတယ်။ 2. ပဲ - အသားတွေ အရမ်းဈေးတက်နေချိန် အသားဓါတ် ကို ပဲ က ယူပါ။ ဈေးအသက်သာဆုံးဖြစ်ပြီး စားလို့အဆင်ပြေမယ့် ပဲသာရွေးပါ။ ပဲ တွေရဲ့ အာဟာရဓါတ် က တခု နှင့်တခု သိပ်မကွာခြားပါဘူး။ 3. ဆီ - ကတော့ စားအုန်းဆီ ဈေးတောင် အရမ်း တက်နေတော့ အကောင်စား ဆီ တွေ မပြောလိုပေမယ့်၊ ပဲပုပ်စေ့ ဆီ လိုမျိုး (တခြား ဆီ တွေ ထက် ဈေး အနည်းငယ် သက်သာမယ် ထင်လို့ပါ) ကို အဆင်ပြေမယ်ဆိုရင် သုံးပေးပြီး ဆီကို တက်နိုင်သမျှ ချွေတာသုံးပါ။ စားအုန်းဆီ ကတော့ ကျန်းမာရေး အတွက် အဆင်မပြေလှပါဘူး။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ငွေကြေးအခက်အခဲကြောင့် ဒီဆီကို မဖြစ်မနေ သုံးနေကြရပါတယ်။ ဒါဆိုရင်လဲ တတ်နိုင်သမျှ လေး လျှော့သုံးကြပါ။ ဆီအများကြီးနဲ့ ကြော်တာမျိုး မလုပ်ပဲ ပြုတ်ကြော် ကြော်ချက် အနေအထားလေးတွေ သာချက်ပါ။ 4. မြေပဲ ​- အခုအချိန်မှာ ဟင်းဖွယ်ဖွယ်ရာရာ ချက်ဖို့အဆင်မပြေရင် ထမင်းကို မြေပဲ နဲ့ ဆီ နယ်ပြီး စားတာ ကလဲ စားဖို့ အဆင်ပြေနိုင်သလို အာဟာရလည်း ပြည့်ဝပြီး ကယ်လိုရီလဲ များပါတယ်။ 5. ကြက်ဥ၊ ဘဲဥ - အကောင်းဆုံး အစားအစာပါ။ အသားတွေ ထက် ဈေးသက်သာပေမယ့်၊ အခုလို ကြပ်တည်းချိန်မှာ သူကလဲ ဈေးမသေးပါဘူး။ ပြီးတော့ ဒီအချိန်မှာ တောကြက်ဥ CP ကြက်ဥ ခွဲသင့်တဲ့အချိန်တော့ မဟုတ်ပါ။ အရင်ကလဲ အမြဲ ပြောပါတယ် တောကြက်ဥ CP ကြက်ဥ က အာဟာရ အားဖြင့် အများကြီး ကွာခြားမှု့ မရှိလို့၊ ဈေးကြီးတာကို ဝယ်တာ လျှော့ပြီး သက်သာတာ သာ ရှာဝယ်ပါ။ 6. အရွက်ကြော်ထည့်ပါ။ ကြိုက်တဲ့အရွက်ကြော်သာစားပါ။ အာဟာရ ပြည့်ဖို့ဆိုတာ အမျှင်ဓါတ် နှင့် အရွက်က ရမယ့် ဗီတာမင်၊ သတ္တုဓါတ်ကလဲ လိုပါသေးတယ်။ ဒါကြောင့် အဆင်ပြေမယ့် အရွက်ကြော်၊ ဟင်းချို ထည့်စားပါ။ အခုချိန်အရမ်းကြပ်တည်းနေကြတော့ အပိုငွေအကုန်မခံ ပဲ ကျန်းမာရေးနှင့် ညီညွှတ်အောင် အိမ်မှာ သေချာ စနစ်တကျ ချက်ပြုတ် ကြပါ ခင်ဗျာ။ မှတ်ချက် - ဆီလျှော့ပါ၊ ဆားလျှော့ချက်ကြပါ။ လေးစားစွာဖြင့် ဒေါက်တာ ညီညီကျော် #drnyinyikyaw #drnutrition #budget #အာဟာရ

  • ထိုင်းနိုင်ငံရောက် မြန်မာ များ အတွက် ကျွန်တော် ကိုယ်တိုင် ဦးစီးပြီး ထုတ်လုပ်တဲ့ Healthy & Happy မှ ထုတ်တဲ့ cookies နှင့် peanut butter များ ကို Lazada မှာ ဝယ်ယူလို့ ရပါပြီ ခင်ဗျာ အောက်ပါ link က တဆင့် ဝင် ကြည့် လို့ရပါတယ် ခင်ဗျာ https://s.lazada.co.th/s.Lrx53?dsource=share&laz_share_info=1137208827_100_1600_0_1137210827_null&laz_token=d9454cffd0fbdcf223880714031cfe00

  • ကင်ဆာ နှင့် ဝိသမလောဘ သားများ 👉 သိကြတဲ့အတိုင်း ကင်ဆာ ဆိုတာ နဲ့ လူတိုင်း တုန်လှုပ် ခြောက်ခြား သွားကြတာချည်းပါပဲ။ ဘယ်လောက်ပဲ စိတ်ဓါတ် ကြံ့ခိုင်တယ် ပဲ ပြောပြော ကင်ဆာ ရှိတယ် လို့ သိရင် ကြောက်စိတ် စိုးရိမ်စိတ် တွေ စိတ်ဓါတ်ကျ လာတာ တွေ က အနည်းနှင့် အများ ရင်ဆိုင်ကြရပါတယ်။ ကျွန်တော် ကတော့ အာဟာရ ဆရာဝန် ဆို တော့ ကင်ဆာ သမားတွေ အတွက် အာဟာရ ရှု့ထောင့် ကနေ ပဲ အကြံပေးလေ့ ရှိပါတယ်။ ကင်ဆာ ရှိပြီလို့ ကြားတာ နဲ့ အရပ် ၁၀ မျက်နှာ က ဆရာကြီး တွေ ရောက် လာပြီး ဒါ မစားနဲ့ ဟိုဟာ မစား နဲ့၊ ဒါသောက်ကြည့် ဟိုဟာ သောက်ကြည့် နဲ့ ပြောတာ ကို ကင်ဆာ ဝေဒနာရှင် တွေ ကြုံဖူးပါလိမ့်မယ်။ တချို့က စေတနာနဲ့ သိသလောက် ပြောတာပါ။ ဒါပေမယ့် ပေးတဲ့ အသိပညာ က မှားနေတော့ လူနာ ကို မရည်ရွယ်ပဲ ဒုက္ခပေးသလိုဖြစ်သွားတာပေါ့။ တချို့က တမင် ကို လူနာ ကြောက်အောင် ခြောက်ပြီး ဟိုဆေးရောင်း ဒီဆေးရောင်း ဖြည့်စွက်စာ ရောင်းတာတွေလုပ်တာပါ။ ဒါကတော့ သိသိလျက် နဲ့ လူနာကို ဒုက္ခပေးတာပါ။ တလောကဆို ဖတ် လိုက်ရတာ ကင်ဆာ ဝေဒနာရှင်တွေ ကို ကင်ဆာ အလုံးသေးအောင် ဆိုပြီး ထမင်း လို ကစီဓါတ်ပါတဲ့ ကာဗိုဟိုက်ဒရိတ် တွေ မစားခိုင်းဘူးတဲ့။ ဒါမှ လဲ လူတွေက ဘာစားရမလဲ မသိတော့ ထိတ်ထိတ် လန့်လန့် ဖြစ် နောက်ဆက်တွဲ ကတော့ သူတို့ ဖြည့်စွက်စာတွေ ရောင်းထွက်သွားတာမျိုးပေါ့ …. ရက်စက် လိုက်တာ ဆိုတာ…. အခြေခံစားရမယ့် ထမင်း လိုမျိုး အစားအစာ က စားကို စားရပါမယ်။ ကင်ဆာ အလုံးသေးသွားတာနဲ့လဲ မဆိုင်ပါဘူး။ 👉 ကင်ဆာ အတွက် စားသောက် နည်းဆို တာ ရိုးရှင်းပါတယ်။ 1. သန့်ရှင်း လတ်ဆက် တာစားပါ 2. အသားဓါတ် ပိုစားပေးပါ 3. အဆီ အများကြီး မစားပါနှင့် 4. အငန် လျှော့စားပါ 5. အချိုလွန်ကဲ တာ မစားပါနှင့် (ဆီးချို၊ သွေးတွင်း ကိုလက်စထရောများမှာ ကြောက်လို့ပါ။ ကင်ဆာနှင့်မဆိုင်ပါ) 6. ကီမိုဆေးသွင်းနေပါက လမ်းဘေး အသုပ်၊ အချဉ်ပေါင်း၊ လက်လုပ်ချဉ်၊ စိပ်ထားပြီးသား အသီးအနှံတွေရှောင်ပါ။ (သရက်သီးစိပ်၊ နာနတ်သီးစိပ်) (စားချင်လွန်းရင် အိမ်မှာ အလုံးလိုက်ဝယ်ပြီး သန့်သန့်ရှင်းရှင်း ခွဲစားပါ) 7. ကီမိုဆေးသွင်းနေပါက အသီးစားရင် တတ်နိုင်သမျှ အခွံမာသီးတွေ စားပါ။ လိမ္မော်သီး၊ ငှက်ပျောသီး (ရည်ရွယ်ချက် က အခွံပါး သီးတွေ ဆိုရင် အခွံပါ စားမိတော့ အဲ့ပေါ်က ရောဂါပိုးမွှား ကောင် တွေက ကိုယ်ခံအားကျနေတဲ့ ကီမိုဆေးသွင်းနေတဲ့ လူနာ တွေ ကို ဒုက္ခပေးလို့ပါ) ကီမို ဆေး course ပြီး သွားပြီ ဆိုရင် နှစ်သက်ရာ အသီး (တရုတ်ထမင်းပန်းကန်လုံး တခွက်စာ) တနေ့ကို ၁-၂ ကြိမ် စားပါ။ 8. ကီမိုဆေးသွင်းနေပါက ဟင်းရွက် တွေ ကို ချက်ပြီးမှ စားပါ။ အစိမ်းမစားရ။ 9. ပိုးသတ်ထား/ သေချာ ကျိုချက်ထားသော နွားနို့ သောက်ပါ (ကျိုနည်းကို page မှာ ရေးထားပါတယ်၊ ရှာကြည့်ပါ) 10. ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်ဇွန်းဥ စတာတွေ ကို သာမာန်လူအတိုင်းစားလို့ရပါတယ်။ ကဲ ကျွန်တော်တို့ အခုလို ကုန်စျေးနှုန်းကြီးနေတဲ့ အချိန်မှာ မလိုပဲ နဲ့ ဖြည့်စွက်စာတွေ၊ တခါတလေ ဘယ်ကထုတ်မှန်းမသိ၊ ဘာတွေပါမှန်း မသိတာ တွေ သောက်နေမယ့်အစား အရသာ ရှိရှိ နဲ့ သာမာန် လူတယောက် လို စားသောက်နေထိုင်ပါ။ တကယ့်ကို အကျိုးရှိပါတယ်။ တခုတော့ ရှိပါတယ်။ လူနာ က အစာအမာလုံးဝ မဝင်တော့တဲ့ အခြေအနေ၊ အစာလုံးဝ မစားချင်တဲ့ အခြေအနေ၊ ကီမိုသွင်းတော့ ဘာမှ မစားချင်ပဲ ခံတွင်းပျက် လို့ အရည် လိုမျိုးလေးပဲ သောက်နိုင်တဲ့ အခြေအနေ ဆိုရင် သက်ဆိုင်ရာ အာဟာရမှုန့် တွေ ကို ဆရာဝန် ညွှန်ကြားချက်အတိုင်း ဖျော်စပ် ပြီး တိုက်ရပါမယ်။ အဲ့အချိန်မှာ ဖြည့်စွက်အာဟာရမှုန့် (meal replacement) တွေက အရေးပါ ပါတယ်။ သာမာန် လူကောင်း အတိုင်း စားနိုင်နေတဲ့ သူကတော့ အပေါ် က ပြောသလိုသာ စားရင် လုံလောက်ပါတယ်။ အခုလို ကာလ မှာ မလိုအပ်ပဲ ဖြည့်စွက်စာ စားဖို့ အရမ်း တိုက်တွန်း နေတဲ့ သူတွေလဲ ကိုယ်ချင်းစာ စိတ်လေး ထားပြီး၊ လူနာ သာ ကိုယ့် ဆွေမျိုးသားချင်း ဖြစ်ရင် ဆိုတဲ့ စိတ်ကလေး နဲ့ တွေးပြီး ကူညီပေးသင့်ပါတယ် …. 🔴🔴🔴🔴 မေတ္တာရပ်ခံချက် - ကျွန်တော် က အခုတလော ကျောင်းတဖက်၊ အလုပ်တဖက် ဖြစ်နေလို့ page မှာ မေးတဲ့ မေးခွန်း တွေ ပြန် ဖြေပေးနိုင်လေ့ မရှိပါဘူး ခင်ဗျာ။ မေးတာတွေ တော့ အမြဲ ဖတ် ပြီး အခု လို တခါတည်း စာရေးလေ့ ရှိပါတယ်။ 🟢🟢🟢🟢 ကင်ဆာ ဝေဒနာရှင်များ အတွက် လဲ Facebook group သီးသန့် လုပ်ပေးထားပါတယ်။ ဘာကြေညာ မှ မတင်ပါဘူး။ တင်တဲ့ သူကိုလဲ ban ထားပါတယ်။ ကင်ဆာ ဝေဒနာရှင်တွေ အဆင်ပြေအောင် သီးသန့် ကင်ဆာနဲ့ ပတ်သက်တဲ့ အာဟာရ အကြောင်းတွေ ဖတ်လို့ရအောင်ပါ။ group join ချင်ရင် comment မှာ ရေးထားတဲ့ group လေး ကို အခမဲ့ join လို့ရပါတယ် ခင်ဗျာ…. လေးစားစွာဖြင့် ဒေါက်တာ ညီညီကျော် #drnyinyikyaw #drnutrition #အာဟာရ #nutrition #ကင်ဆာ #cancer

  • ထိုင်းနိုင်ငံရောက် မြန်မာ များ အတွက် ကျွန်တော် ကိုယ်တိုင် ဦးစီးပြီး ထုတ်လုပ်တဲ့ Healthy & Happy မှ ထုတ်တဲ့ cookies နှင့် peanut butter များ ကို Lazada မှာ ဝယ်ယူလို့ ရပါပြီ ခင်ဗျာ Comment က link က တဆင့် ဝင် ကြည့် လို့ရပါတယ် ခင်ဗျာ https://s.lazada.co.th/s.L8Ttq?dsource=share&laz_share_info=1122505394_100_1600_0_1122507394_null&laz_token=367a6c82c7299b3ffd7d6f50a4313b9d

  • ကာလ ဝမ်းရောဂါ အောက်ပါ TikTok link ကနေ ကြည့်နိုင်ပါတယ် https://vt.tiktok.com/ZSY46YKpB/ #drnyinyikyaw #drnutrition #ဝမ်းရောဂါ

  • ကင်ဆာ နှင့် ကလီစာ အောက်ပါ TikTok link ကနေ ကြည့်နိုင်ပါတယ် https://vt.tiktok.com/ZSYCUy6Mr/ #drnyinyikyaw #drnutrition #ကင်ဆာ #cancer #အသည်းအမြစ်

  • ဂေါက်ရောဂါ ရှိရင် ကန်ဇွန်းဥ၊ အာလူး၊ အင်ဥ၊ ပိန်းဥ စားရဲလား ???? https://vt.tiktok.com/ZSYxoSrgA/

  • ဝိတ်ချနေတဲ့ သူများ ကယ်လိုရီ နည်းပြီး အရသာရှိတဲ့ ပင်မှည့် ရေခဲမုန့် လုပ်စားကြည့်ရအောင် ပြုလုပ်နည်း ကို အောက်က TikTok လင့် က တဆင့် ကြည့် ရှု့ နိုင်ပါတယ်။ https://vt.tiktok.com/ZSYuRLVDx/

  • Uric acid များ နေတယ် ဆိုရင် ပဲပင်ပေါက်စားရဲလား???? အောက်က TikTok လင့် က တဆင့် ကြည့် ရှု့ နိုင်ပါတယ်။ https://vt.tiktok.com/ZSYmuGmbv/

  • ကင်ဆာ ဆေးသွင်းနေတုန်း အစားအသောက်ပျက်ပြီး အာဟာရ ချို့တဲ့ တာမျိုး ခဏခဏ ကြုံတွေ့ရတတ်ပါတယ် ဒါမျိုးမဖြစ်ရအောင် အာဟာရလဲ ပြည့် အသားဓါတ်များ စားရတာလဲ လွယ်တဲ့ ရေခဲ့မုန့်လေး လုပ်စား ကြည့်ပါ။ ပြုလုပ်နည်း ကို အောက်က TikTok လင့် က တဆင့် ကြည့် ရှု့ နိုင်ပါတယ်။ #drnutrition #drnyinyikyaw #icecream #healthy #nutritionfacts #ရေခဲမုန့် https://vt.tiktok.com/ZSYaTJdLp/

  • ကယ်လိုရီ ၅၀၀ လောက်ပဲ ရှိတဲ့ peanut butter ခေါက်ဆွဲ ပြုလုပ်နည်း ကို Tik Tok မှာ ကြည့်ရှု့နိုင်ပါတယ် https://vt.tiktok.com/ZSY5gaubw/

  • без подписи

  • Sport Nutrition Class (အားကစားဆိုင်ရာ အာဟာရသင်တန်း) Batch (16) ဘာတွေသင်မှာလဲ???? 1. အားကစား အမျိုးအစား အလိုက် ဘယ်အချိန်မှာ (carbohydrates, protein, fat) စတာတွေ ဘယ်လို တွက်ပြီး စားရမလဲ? 2. အားကစား အမျိုးအစားပေါ် မူတည်ပြီး Carbohydrates, Protein, Fat တွက်စားနည်း 3. အားကစား သမားများ အများစု သောက်နေတဲ့ supplement အကြောင်း 4. အန္တရာယ်ရှိသော supplement များ 5. Energy enhancer နဲ့ Mass enhancer များ အကြောင်း 6. Weight Management တက်သင့်သူများ 1. Gym trainer များ 2. Muscle တက်အောင် ကစားနေသူများ 3. အားကစားသမားများ 4. ဝိတ်လျှော့နေသူများ 5. အားကစား supplement ရောင်းချနေသူများ သင်တန်း ကာလ - June (28, 29, 30) သုံးရက် ဆက်တိုက် အချိန် - 7 pm - 9 pm သင်တန်းကြေး - ၃၀၀၀၀ ကျပ် သင်တန်းပြီးဆုံးပါက - e certificate ပေးပါသည်။ သင်ကြားမယ့် သူ - Dr. Nyi Nyi Kyaw Dr. Nyi Nyi Kyaw M.B,B.S (Ygn) M.Sc (Nutrition & Dietetics) (Bedfordshire, UK) Member Nutritionist from Singapore Nutrition & Dietetic Association (Singapore) Certified Sport Nutrition Specialist (NCSF, USA) Fellowship in Clinical Nutrition (India) Facebook page Viber - 09261104175 မှ တဆင့် သင်တန်း အပ်လို့ရပါတယ်

  • https://vt.tiktok.com/ZSYPQFohu Dragon Fruit Icecream ပြုလုပ်နည်း

  • အားလုံးပဲ မင်္ဂလာပါ ကျန်းမာရေး နှင့် ညီညွတ်တဲ့ ဟင်းချက်နည်းများ ကို အခု ဖော်ပြထားတဲ့ TikTok account က နေ တဆင့် တင်သွားပေးပါမယ် ခင်ဗျာ https://www.tiktok.com/@dr..nutrition92?_t=8nIxkx3wjLz&_r=1

  • 😴😴😴😴ညည ဆို ဗိုက်ခဏခဏ ဆာ တတ်နေတယ် မလား? အစာစားချင်စိတ်ကို ဖြစ်စေတဲ့ Ghrelin ဟော်မုန်း အကြောင်း ပြောပြချင်ပါတယ်…. Ghrelin (ဂရိလင်) ဟော်မုန်း က ကျွန်တော်တို့ အစာအိမ်ကနေ ထုတ်ပြီး ဦးနှောက်ကို သတင်းပို့ပေးတဲ့ ဟော်မုန်းတမျိုးပါ။ အစာအိမ်မှာ အစာမရှိတော့ရင် Ghrelin (ဂရိလင်) ဟော်မုန်း များလာတတ်ပြီး အစာပြည့် သွားရင်၊ အစားစားပြီးရင် Ghrelin (ဂရိလင်) ဟော်မုန်း နည်းသွားတတ်ပါတယ်။ ကယ်လိုရီ အများကြီး လျှော့ပြီး ထိန်းစားထားရင် Ghrelin (ဂရိလင်) ဟော်မုန်း ပိုများတတ်ပါတယ်။ အစားစားချင်စိတ်ကို ထိန်းထားတဲ့ အခရာ ဟော်မုန်းပေါ့။ တချို့က ပိန်ချင်ကြတော့ အစာစားချင်စိတ်နည်းအောင် ဒီဟော်မုန်း ကို နည်းသွားအောင် လုပ်ချင်ကြပါတယ်။ အစားအစာထဲ မှာ Ghrelin (ဂရိလင်) ဟော်မုန်း ကို လျော့စေတဲ့ အစားအစာ တွေ ရှိလား???? တိုက်ရိုက် လျှော့ချတာမဟုတ်ပေမယ့် သွယ်ဝိုက်ပြီး လျှော့ပေးနိုင်တာကတော့ အစာအိမ်ကို ထဲရောက်သွားတာနဲ့ ဗိုက်ပြည့်သွားစေတဲ့ ခံစားချက်ပေးနိုင်တဲ့ အစားအစားများ စားရပါမယ်။ ဥပမာ - 1 အမျှင်ဓါတ်များတဲ့ ကာဗိုဟိုက်ဒရိတ်များ - ဆန်လုံးညို၊ အုပ်ဂျုံ၊ ပေါင်မုန့်ကြမ်း၊ ကန်ဇွန်းဥ၊ ပြောင်းဖူး၊ အာလူး၊ 2 အသားဓါတ် - ပဲ၊ ကြက်ဥ၊ ကြက်သား၊ ငါး၊ အမဲသား၊ ဝက်သား (အဆီရှောင်စားပါ) 3 မြေပဲ ထောပါတ် စတာတွေ စားပေးခြင်းဖြင့် ဗိုက်ပြည့်လွယ်ပြီး အစားစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ လေးစားစွာဖြင့် ဒေါက်တာ ညီညီကျော် #drnyinyikyaw #drnutrition #ghrelin #appetite #weightloss #carbohydrate #peanutbutter #ဝိတ်ချ

  • နှလုံးကျန်းမာရေး အတွက် ဘာတွေ စားသင့်သလဲ???? ရာစုနှစ်တွေ ပြောင်းလဲ လာတာနှင့်အမျှ တဖက်က ကျန်းမာရေး အမြင်တွေတိုးတက်လာသလို တဖက်မှာ လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူ အနေအထိုင် အစားအသောက် တွေ များလာပါတယ်။ ဥပမာ Gym လိုမျိုး အားကစား ခန်းမ တွေ များလာသလို အသင်စား fast food ဆိုင်တွေ မှာ လည်းလူတွေများလာပါတယ်။ တချို့က နေထိုင်မှု့ ပုံစံ ပြောင်းလဲ လာနိုင်သလို တချို့ ကြပြန်တော့လည်း မပြောင်းလဲ နိုင်သေးဘဲ ရှိနေပါသေးတယ်။ ဒါကြောင့် အခု နောက်ပိုင်း အဖြစ်များလာတဲ့ ရောဂါ တွေ ထဲ က တစ်ခု ဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ကို အစားအသောက် အာဟာရ ဘက် ကနေ ဘယ်လို ကာကွယ်လို့ရလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ နှလုံးအတွက် ဘယ်အာဟာရ တွေ က အရေးကြီးလဲ? (1) Coenzyme Q 10 (CoQ10) - ဓါတ်တိုးဆန့်ကျင့် သတ္တိရှိတဲ့ အာစာရဓါတ် တမျိုးဖြစ်ပါတယ်။ CoQ10 က သွေးတိုးကျစေခြင်း, Heart Failure သမားတွေ အတွက် ရောဂါ လက္ခဏာ သက်သာစေခြင်း စတဲ့ ကောင်းကျိုးတွေ ရှိပါတယ်။ CoQ10 အသား၊ ငါး နှင့် အစေ့အဆန် တချို့မှာ ပါပေမယ့် အစားအသောက် မှာ ပါဝင်တဲ့ ပမာဏ က မလုံလောက်ပါဘူး။ ဒါကြောင့်လဲ အားဆေး၊ ဆေးရည် စသဖြင့် သောက်လာကြသလို၊ သက်ဆိုင်ရာ ဆရာဝန်တွေ ကလဲ တိုက်လာကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်တဲ့ သူတွေ ကို သေချာမေူပြီးမှ သောက်ပါတယ်။ (2) L- Carnitine - သူလဲ နှလုံးကို အထောက်အကူဖြစ်စေတဲ့ အာဟာရဓါတ် တမျိုးပါပဲ။ အသားတော်တော်များများမှာ ပါဝင်ပါတယ်။ အထူးသဖြင့် အနီရောင်အသားတွေ မှာ ပိုပါဝင်ပါတယ်။ ဒါပေမယ့် အနီရောင် အသားတွေ ကတော့ အများကြီးစားသင့်တဲ့ အသား မဟုတ်ပါဘူး။ (3) EPA/ DHA - ပြောရရင်တော့ ဒါတွေက Omega 3 တွေပါ။ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးခြင်း၊ သွေးတွင်း အဆီဓါတ် (ကိုလက်စထရော) လျှော့ချပေးနိုင်ခြင်း စတဲ့ ကောင်းကျိုးများစွာရှိပါတယ်။ ဒါဆိုရင် ဘာတွေစားရမလဲ?? 1. ငါးများများ စားပေးပါ။ အိုမီဂါ သရီး ကြွယ်ဝ တဲ့ ပင်လယ်ကါးလိုမျိုးတွေ စားပေးတာအကောင်းဆုံးပါ။ ဥပမာ - တူနာငါး၊ ငါးသေတ္တာ၊ ငါးတန်၊ ဆော်လမွန် စတာတွေ စားပေးပါ။ သွေးတွင်း ကိုလက်စထရော ကို ကျစေတဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ကို ကာကွယ်ပေးနိုင်ပါသည်။ 2. အစေ့အဆန် စားပေးပါ။ ဥပမာ - မြေပဲ၊ နေကြာစေ့၊ ဗာဒံစေ့၊ သီဟိုစေ့ တွေ စားပေးပါ။ အစေ့အဆန် တွေ က သွေးတွင်း ကိုလက်စထရော ကျစေပေမယ့် ကယ်လိုရီ များတဲ့ အတွက် အများကြီးစားရင် လူကို ဝစေပါတယ်။ စားသင့်တဲ့ ပမာဏတွေ ကတော့ - လက်တဆုပ်ဆို လုံလောက်ပါတယ်။ 3. ဘယ်ရီသီး တွေစားပေးပါ။ ဥပမာ - ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ခရမ်ဘယ်ရီ စတာတွေ စားပေးပါ။ Phytonutrients၊ အမျှင်ဓါတ် နှင့် အိုမီဂါ သရီး ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှု့ ကို လျှော့ချပေးနိုင်ပါတယ်။ 4. တိုဟူးစားပေးပါ။ တိုဟူး ဆိုတဲ့ နေရာ မှာ ဂျပန် ပဲပြား ခေါ် ဂျပန်တိုဟူး ကို ဆိုလိုပါသည်။ သူ့ထဲမှာ Phytoestrogens တွေ များစွာပါဝင်တဲ့ အတွက် နှလုံး သွေးကြေညကျဉ်းရောဂါ ကို အထိုက် အလျောက်ကာကွယ်ပေးပါသည်။ 5. အမျှင်ဓါတ်များတဲ့ ကွေကာအုပ် လိုမျိုးကို မနက်စာ အနေနဲ့ စားပေးပါ။ 6. အခုနောက်ပိုင်း စူပါမတ်ကတ်တွေမှာ ရောင်းလာတဲ့ Flaxseeds တွေ မှာ အိုမီဂါ သရီး၊ ဖိုက်တိုအီစတိုဂျင် (Phytoestrogens)နှင့် အမျှင်ဓါတ်တွေ ပါဝင်တဲ့ အတွက် စားပေးသင့်တဲ့ အစားအစာ တစ်မျိုးပါ။ 7. အသီးအနှံ ပာင်းသီးပာင်းရွက် တွေ ကို အရောင် စုံအောင်စားပေးပါ။ လေးစားစွာဖြင့် ဒေါက်တာ ညီညီကျော် #drnyinyikyaw #drnutrition #ကိုလက်စထရော #cholesterol

  • ထိုင်းနိုင်ငံရောက် မြန်မာ များ အတွက် ကျွန်တော် ကိုယ်တိုင် ဦးစီးပြီး ထုတ်လုပ်တဲ့ Healthy & Happy မှ ထုတ်တဲ့ cookies နှင့် peanut butter များ ကို Lazada မှာ ဝယ်ယူလို့ ရပါပြီ ခင်ဗျာ Comment က link က တဆင့် ဝင် ကြည့် လို့ရပါတယ် ခင်ဗျာ https://s.lazada.co.th/s.oWWZO?dsource=share&laz_share_info=1055957055_100_1600_0_1055957055_null&laz_token=be946521d9213f87048286d7d2ec0a44

  • မိုးရာသီတွင် သတိပြုစဟာ ဝမ်းရောဂါ ဒီရက်ပိုင်း ရာသီဥတု က မိုးတွင်းဆိုတော့ သတိထား ပြီး နေထိုင်စားသောက်သင့်ပါတယ် အခန့်မသင့်လို့ #မသန့်ရှင်းတဲ့ အစားအစာ တွေ စားမိပြန်ရင်လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါ က အလွယ်တကူဖြစ်လာနိုင်တဲ့ အပြင် ပူလွန်းအားကြီးတော့ ရေဓါတ်ပိုမို ဆုံးရှုံးပြီး ဝမ်းပါလျှော တော့ ရေဓါတ် ခမ်းခြောက်တာမျိုး ဖြစ်တတ်ပါတယ်။ လမ်းဘေးစာ - အသုပ်တွေ၊ လှီးပြီးသား အသီးတွေ၊ လက်လုပ်ချဉ်၊ အချဉ်ပေါင်း တွေက အခုချိန်မှာ ဝမ်းပျက်စေနိုင်တဲ့ ဇာတ်လမ်း အစ ဖြစ်လာနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှော ရောဂါက ပေါ့လို့မရပါဘူး။ ဖြစ်နေကြပဲ ပေါ့ပေါ့တန်တန် နေလိုက်ရင် အသက်ပါ ပေးသွားရနိုင်ပါတယ်။ အခု ခေတ်မှာ တော့ အဲ့လို အဖြစ်အပျက် တွေ က ရှားသွားပြီ ဆိုပေမယ့် ဘယ်အရာမှ မပေါ့ဆသင့်ပါဘူး …. 👉👉👉👉 ဝမ်းလျှောရင် အရေးအကြီးဆုံးကတော့ ဓါတ်ဆားရည် ပါ။ သေချာတိုက်ပေးဖို့ ဘိုအပ်ပါတယ်။ ရေဓါတ် အရမ်းနည်းလာရင် (dehydration) အသက်အန္တရာယ် ပါစိုးရိမ်ရပါတယ်။ ရေဓါတ် ဆုံးရှုံးခြင်း (Dehydration) လက္ခဏာ များ 1 ခေါင်းမူးခြင်း 2 ရေ ခဏခဏ ဆာခြင်း 3 ဆီးအရောင် ရင့်လာခြင်း (တခါတလေ လိမ္မော် ရင့်ရင့် အရောင် ပါ တွေ့ရတတ်သည်) 4 ဆီးနည်းသွားခြင်း 5 နှုံးလာခြင်း 6 မျက်တွင်းချိုင့်လာခြင်း 7 နှုတ်ခမ်း၊ ပါးစပ်၊ လျှာ ခြောက်လာခြင်း စတာတွေ တွေ့ရပြီဆို ဓါတ်ဆားရည် သောက်ဖို့ လိုအပ်လာပါပြီ။ ပြင်းထန်ပါက သက်ဆိုင်ရာ ကျန်းမာရေး ဌာန ကို သွားရပါမယ်။ 👉 တခြား ကိုယ်ခံအားကောင်းလာအောင် ဘာတွေ စားပေးသင့်လဲ….? 1 ဗီတာမင်စီ ပါဝင်တဲ့ အစားအစာ၊ ရေဓါတ်ဖြည့် အချိုရည် / ဓါတ်ဆားရည် စတာတွေ တိုက်ပေးပါ 2 ဗီတာမင်စီများတဲ့ အသီးများ မာလကာသီး၊ နာနတ်သီး၊ ဘယ်ရီသီး၊ စပျစ်သီး လိုမျိုးကျွေးပေးပါ။ ရာသီ အကူးအပြောင်းမှ ဖြစ်တတ်တဲ့ နှာစေးချောင်းဆိုး အပြင် အစားမှားတာ နဲ့ ဝမ်းပျက်ဝမ်းလျော ရောဂါ တွေ က အလွယ်လေး ဖြစ်လာတတ်တာ ဆိုတော့ ဒါတွေ ကို အလွယ်တကူ မဖြစ်အောင် ကာကွယ်ဖို့ အတွက် ကိုယ်ခံ အားကောင်းနေဖို့လိုပါတယ်။ 3 အစာတစ်ခုခု စားခါနီးတိုင်း သေချာစွာ နမ်းကြည့်ပါ၊ အနံအသက် မကောင်းစ ပြုလာရင် ဆက်မစားသင့်တော့ပါ။ မိုးတွင်းမှာ ယင်ကောင် ပေါတဲ့ အတွက် အစားအသောက်တွေ ကို မစားခင် အုပ်ဆောင်း နဲ့ အချိန်ပြည့် အုပ်ထားသင့်သလို ဟင်းတွေကို ပြန်နွှေးပေးတာမျိုး ချက်ပြုတ်ကတည်း က သန့်သန့်ရှင်းရှင်း ချက်ပြုတ်တာမျိုး လုပ်ပေးရပါမယ်။ 4 #အသီးအရွက် များများတတ်နိုင်သလောက်ကျွေးပေးရပါမယ်။ လေးစားစွာဖြင့် ဒေါက်တာ ညီညီကျော် #drnutrition #drnyinyikyaw #မိုးရာသီ #ဝမ်းပျက်ဝမ်းလျှော