tgindex

eLearning Portal for MSMEs

описание

UNDP's eLearning Portal to help "Myanmar MSMEs & entrepreneurs" sustain & grow their businesses!

1 649
подписчиков
Охват к подписчикам
28,7%
ERR
Реакции к просмотрам
0,23%
26 на 22 постов
Пересылки к просмотрам
0,27%
30
Постов в день
0,3
всего 22

Где отзываются чаще

доля реакций к просмотрам
  • 1 авг.📢 ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသော ညောင်ရွှေ၊ ကလောနှင့် တောင်ကြီးမြို့နယ်များရှိ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) အတွက် UNDP Myanmar (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) ၏ ငွေကြေးထောက်ပံ့မှု အစီအစဉ် …. ၂၀၂၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ညောင်ရွှေ၊ ကလောနှင့် တောင်ကြီးမြို့နယ်အတွင်းရှိ အငယ်စားနှင့်အလတ်စားလုပ်ငန်းများ ပြန်လည်ရပ်တည်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိနိုင်ရေးအတွက် UNDP Myanmar က ပေးအပ်မည့် ငွေကြေးထောက်ပံ့မှုများကို သတ်မှတ်ချက်များနှင့် ကိုက်ညီသောလုပ်ငန်းများအနေဖြင့် ပါဝင်လျှောက်ထားနိုင်ပါပြီ။ …. ဘယ်လိုလုပ်ငန်းတွေက ငွေကြေးထောက်ပံ့မှုကို လျှောက်ထားနိုင်ပါသလဲ။ ✅ ညောင်ရွှေ၊ ကလောနှင့် တောင်ကြီးမြို့နယ်အတွင်း တည်ရှိသည့် SME စီးပွားရေး လုပ်ငန်းဖြစ်ရမည်။ ✅ အသေးစားလုပ်ငန်း မဖြစ်ရပါ (Micro-enterprises) ✅လုပ်ငန်းလည်ပတ်မှုသက်တမ်း အနည်းဆုံး (၁၂)လရှိသူ ✅ဝန်ထမ်းအင်အား အနည်းဆုံး (၅) ဦးရှိခဲ့သူ ✅နှစ်စဥ် လုပ်ငန်းဝင်ငွေ ကျပ်သိန်း (၂၀၀) မှ သိန်း (၈၀၀) ကြားရှိသူ ✅လုပ်ငန်းမတည်ငွေ အရင်းအနှီး ကျပ်သိန်း (၂၀၀) အနည်းဆုံးရှိသူ ✅မှတ်ပုံတင်ထားသော လုပ်ငန်းများအတွက် DICA / SME /စည်ပင် လုပ်ငန်းမှတ်ပုံတင်တစ်ခုခုရှိထားပြီး (သို့မဟုတ်) ✅ မှတ်ပုံမတင်ထားသော လုပ်ငန်းများအတွက် လုပ်ငန်းလည်ပတ်မှု အထောက်အထားဥပမာများမှာ - ၁။ လုပ်ငန်းနေရာအတည်တကျရှိခြင်း (ကိုယ်ပိုင်/အငှားဖြင့် အလုပ်ရုံ/စက်ရုံ/ဆိုင်ခန်းနေရာ) ၂။ ၁၂ လ သက်တမ်းအတွင်း စဥ်ဆက်မပြတ် ဝယ်ယူရောင်းချမှုမှတ်တမ်း/ စာချုပ်စာတမ်းများ / ဘေလ်များ စသည် ၃။ ငွေကြေးဆိုင်ရာ မှတ်တမ်းများ (ဘဏ်ငွေသွင်း၊ ငွေထုတ်၊ ငွေစု စာရင်းများ / အရောင်းဘောက်ချာ / စာရင်းများ) စတာတွေနဲ့ ၄။ ခိုင်မာသော ဝယ်ယူအားပေးသူအညွှန်း/ထောက်ခံချက်များ စသည်တို့ ဖြစ်ပါတယ်။ …. ⛔️ ငွေကြေးထောက်ပံ့မှုလျှောက်ထားရန် ကန့်သတ်ထားသော လုပ်ငန်းများကို လေ့လာရန် - [ https://shorturl.at/pRqCp ] …. 📝 လျှောက်ထားရန် အဆင့်များ 1. အဆင့် (၁): လျှောက်လွှာဖောင် ဖြည့်စွက်ပေးပို့ပါ။ 🔗 လျှောက်လွှာတင်ရန် လင့်ခ် : https://ee.kobotoolbox.org/x/ZAOZgFHW 2. အဆင့် (၂): ဖောင်ပြင်ဆင်ရန် ကျွမ်းကျင်သူများနှင့် တိုင်ပင်လိုပါက Viber Channel မှတစ်ဆင့် ဆွေးနွေးနိုင်ပါသည်။ 🔗Viber channel : https://invite.viber.com/?g2=AQAlPcvdPgn4qFYib2YvWj2Ouv2aG%2BgQHyKOdorqu%2BcrQy6cAnyZjI2PYtu7YH15 3. အဆင့် (၃): လုပ်ငန်းအား ကွင်းဆင်းလေ့လာမှုများတွင် ပူးပေါင်းပါဝင်ပေးရမည်။ 4. အဆင့် (၄): ထောက်ပံ့ကြေးရယူရန် လိုအပ်သည့် အချက်အလက်များ မျှဝေပေးရမည်။ 📅 လျှောက်လွှာများ နောက်ဆုံးပေးပို့ရမည့်ရက် - 21 August 2026 (သောကြာနေ့)၊ ညနေ 4:00 PM …. 📞 အသေးစိတ်စုံစမ်းမေးမြန်းရန်အတွက် အောက်ပါဖုန်းနံပါတ်များကို ရုံးချိန် (မနက် ၉ နာရီမှ ညနေ ၄ နာရီ) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ● မခင်မေဦး (09 251 658 646 / khinmayoo@onow.com) ● မဆုနန္ဒာထက် (09 251 376 159 / sunandarhtet@onow.com ) ● မမြင့်မြတ်ခင် (09 251 376 075 / myintmyatkhin@onow.com ) …. ‼️!! အထူးသတိပြုရန် ● ထောက်ပံ့ကြေးငွေ လျှောက်ထားခြင်း လုပ်ငန်းစဉ်တစ်လျှောက် UNDP Myanmar (သို့မဟုတ်) ONOW က အခကြေးငွေ လုံးဝ (လုံးဝ) ကောက်ခံခြင်းမရှိပါ။ ● ထောက်ပံ့ကြေးငွေ လျှောက်ထားခြင်းနှင့် ပတ်သတ်ပြီး လိုအပ်သည်များကို အထက်ဖော်ပြပါ ဗိုက်ဘာချန်နယ် (သို့မဟုတ်) ဖုန်းနံပါတ်များမှတစ်ဆင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းပြီး အကူအညီများ ရယူနိုင်ပါသည်။0,79%
  • 14 авг.UNDP Myanmar ရဲ့ eLearning Portal မှာ "Financial Literacy" သင်တန်းတက်ပြီးရင် ဆက်တက်သင့်တဲ့ သင်တန်းကတော့ "Financial Management" သင်တန်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် MSME လုပ်ငန်းတွေ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူတွေ၊ နောင်တစ်ချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ဖို့ ရည်ရွယ်ထားသူတွေ မဖြစ်မနေ တက်ထားသင့်တဲ့ သင်တန်းဖြစ်ပါတယ်။ Financial Literacy သင်တန်းအကြောင်းကိုသိချင်ရင်တော့ အောက်ကလင့်ခ်လေးကို နှိပ်လိုက်ရုံပါပဲ။ https://www.facebook.com/photo?fbid=784306807932258&set=a.255619310801013 .... MSME တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းကို တိုးချဲ့တော့မယ်ဆိုရင် မဖြစ်မနေလိုအပ်လာတာကတော့ ဘဏ်တွေ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း (MFI) တွေကပေးတဲ့ ချေးငွေ (loan) နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကပေးတဲ့ ထောက်ပံ့ငွေ (grant) တွေပဲ ဖြစ်ပါတယ်။ ဘဏ်တွေ၊ MFI တွေကပေးတဲ့ ချေးငွေက အတိုးနဲ့အရင်း ပြန်ပေးရမှာဖြစ်ပြီး INGO၊ NGO နဲ့ အချို့အဖွဲ့အစည်းတွေက‌ပေးတဲ့ ထောက်ပံ့ငွေကတော့ ပြန်ဆပ်စရာမလိုပါဘူး။ .... အဲ့ဒီချေးငွေတွေပေးဖို့ ဘဏ်တွေက ကြည့်တဲ့အထဲမှာ Financial statements လို့ခေါ်တဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေ အဓိကပါပါတယ်။ အများအားဖြင့် ပြီးခဲ့တဲ့ (2) နှစ်နဲ့ လာမယ့်နှစ်အတွက် ခန့်မှန်းထားတဲ့ (1) နှစ်စာ၊ စုစုပေါင်း (3)နှစ်စာ ဘဏ္ဍာရေးရှင်းတမ်းတွေ တင်ပြပေးနိုင်ဖို့ အရေးကြီးပါတယ်။ .... ဘဏ္ဍာရေးရှင်းတမ်းတွေထဲမှာ လက်ကျန်ရှင်းတမ်း (Balance sheet or Statement of financial position)၊ အရှုံးအမြတ်စာရင်းရှင်းတမ်း (Profit & loss statement or Income statement or Statement of comprehensive income) နဲ့ ငွေသားစီးဆင်းမှုရှင်းတမ်း (Cash flow statement or Statement of cash flow) တို့ပါဝင်ပါတယ်။ ဒီဘဏ္ဍာရေးရှင်းတမ်းသုံးခုဟာ တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့အတွက် Balance sheet မှာ တစ်ခုခုမှားယွင်းစွာ ဖော်ပြထားရင် Income statement မှာ လာပေါ်နေပါတယ်။ Cash flow statement မှာ ပြင်ထားရင် Balance sheet မှာ လာပေါ်နေပါတယ်။ .... ဒါ့အပြင် ဒီဘဏ္ဍာရေးရှင်းတမ်းတွေမှာပါတဲ့ ကိန်းဂဏာန်းတွေကို အချိုးတွေ (Ratio analysis) တွက်ချက်ပြီး ဒီစီးပွားရေးလုပ်ငန်း အခြေအနေကောင်းမကောင်း၊ business plan အလုပ်ဖြစ်နိုင်ခြေရှိမရှိ သုံးသပ်လို့ရပါတယ်။ ဒါကြောင့် MSME တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ financial statements တွေကို ကျွမ်းကျွမ်းကျင်ကျင်မဟုတ်ရင်တောင် အထိုက်အလျောက် နားလည်ထားဖို့တော့ လိုအပ်ပါတယ်။ ဒီဘာသာရပ်ကို နိုင်ငံတကာအွန်လိုင်းသင်ကြားရေးပလက်ဖောင်းတွေမှာ အင်္ဂလိပ်လိုပဲ သင်ပေးကြလို့ အချို့ MSMEတွေအတွက် လေ့လာရတာ အခက်အခဲကြုံရပါတယ်။ ဒီကွက်လပ်ကို UNDP က ဖြည့်ဆည်းပေးလိုက်ပါပြီ။ UNDP Myanmar ရဲံ့ eLearning Portal မှာ Financial Management သင်တန်းကို မြန်မာဘာသာစကားနဲ့ အခုပဲ အခမဲ့ လေ့လာသင်ယူနိုင်ပြီ ဖြစ်ပါတယ်။ သင်တန်းကို အောင်မြင်စွာပြီးဆုံးရင် UNDP ကပေးတဲ့ သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion)ကိုလည်း အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။ သင်တန်းတက်ချင်ရင် အောက်ကလင့်ခ်လေးတစ်ဆင့် တက်နိုင်ပါတယ်။ https://msmelearning.mm.undp.org/course/preview/63ae6a2ba7ddd00ae87e3b01 .... ဒီ Financial Management ဘာသာရပ်ကို လေ့လာပြီးရင် ချေးငွေ (loan)တွေ လျှောက်ထားရာမှာ စနစ်တကျပြင်ဆင်လာနိုင်ပြီး မိမိစီးပွားရေးလုပ်ငန်းအခြေအနေကိုလည်း ဓမ္မဒိဌာန်ကျကျ စနစ်တကျခွဲခြမ်းစိတ်ဖြာလာနိုင်မှာ ဖြစ်ပါတယ်။ .... UNDP Myanmar ရဲ့ "eLearning Portal" မှာ အကောင့်ဖွင့်ပုံ၊ သင်တန်းရွေးချယ်က်ပုံ၊ ဖိုင်ဒေါင်းလုတ်ဆွဲပုံတွေပါတဲ့ ဗီဒီ"ယိုဖိုင်ကို ဒီလင့်ခ်လေးနှိပ်ပြီး ကြည့်နိုင်ပါတယ်။ https://www.facebook.com/MMeLearningPortal/videos/1561949664633584 မှတ်ချက်။ ။ အကောင့်ဖွင့်တဲ့အခါ code က အီးမေးလ်ရဲ့ Spam folder ထဲ ရောက်နေတတ်တဲ့အတွက် မိမိအီးမေးလ်ရဲ့ Spam folder ကို စစ်ပေးဖို့လိုအပ်ပါတယ်။ .... မြန်မာဘာသာစကားနဲ့ အခု တက်နိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (22) ခုအကြောင်းကိုတော့ ဒီလင့်ခ်လေးမှာ ကြည့်ရှုနိုင်ပါတယ်။ https://www.facebook.com/photo?fbid=727063833656556&set=a.2556193108010130,70%
  • 16 июл.📢 ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်း မြို့နယ်များအတွင်း အငယ်စားနှင့် အလတ်စားလုပ်ငန်းများအတွက် ကျပ်သိန်း (၄၀) မှ သိန်း (၁၀၀) အထိ ပေးအပ်မည့် ငွေကြေးထောက်ပံ့မှုအစီအစဥ် …. မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ စီးပွားရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီပေးခဲ့သည့် ငွေကြေးထောက်ပံ့မှုအစီအစဉ်ကို ယခုအကြိမ်တွင် ငလျင်ဒဏ်သင့်ခဲ့သော ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်း မြို့နယ်များရှိ ထိခိုက်နစ်နာခဲ့သည့် SME လုပ်ငန်းများအတွက်ပါ တိုးချဲ့စီစဉ်ပေးအပ်သွားမည် ဖြစ်ပါသည်။ …. သတ်မှတ်ထားသော မြို့နယ်များအတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် လုပ်ငန်းရှင်များအနေဖြင့် ယခုအခွင့်အရေးကို လက်လွတ်မခံဘဲ အချိန်မီ လျှောက်ထားကြရန် တိုက်တွန်းလိုပါသည်။ လူကိုယ်တိုင် တက်ရောက်ခဲ့ရသည့် အလုပ်ရုံဆွေးနွေးပွဲများအပြင် လျှောက်လွှာတင်သွင်းခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို အသေးစိတ်ရှင်းလင်းပြသမည့် အွန်လိုင်းဆွေးနွေးပွဲ (Online Session) များကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ဤကဲ့သို့ လျှောက်လွှာပြင်ဆင်ရေးအတွက် လိုအပ်သည့် အသေးစိတ်အချက်အလက်များကို အွန်လိုင်းမှတစ်ဆင့် ဝေမျှပေးမည့် အစီအစဉ်များ ရှိနေသောကြောင့် လုပ်ငန်းရှင်များအနေဖြင့် လျှောက်လွှာများကို အောင်မြင်စွာ ပြင်ဆင်လျှောက်ထားနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ …. မည်သည့်လုပ်ငန်းတွေက ငွေကြေးထောက်ပံ့မှုကို လျှောက်ထားနိုင်ပါသလဲ ❓❓ 🟢 တရားဝင် မှတ်ပုံတင်ထားသော လုပ်ငန်းများ (Formal SMEs) ဖြစ်ပါက 🔺မှတ်ပုံတင်ခြင်း DICA သို့မဟုတ် သက်ဆိုင်ရာကဏ္ဍအလိုက် လိုင်စင် ရှိရမည်။ 🔺ငလျင်မတိုင်ခင် ဝန်ထမ်းအင်အား အချိန်ပြည့်ဝန်ထမ်း ၅ ဦးနှင့်အထက် ရှိရမည်။ 🔺(သို့မဟုတ်) နှစ်စဉ်လုပ်ငန်းဝင်ငွေ။ တစ်နှစ်တာလုပ်ငန်းဝင်ငွေ ကျပ်သိန်း (၂၀၀) မှ ကျပ်သိန်း (၈၀၀) ကြား ရှိရမည်။ 🔺(သို့မဟုတ်) လုပ်ငန်းအရင်းအနှီး။ ကျပ်သိန်း (၂၀၀) နှင့်အထက် ရှိရမည် (မြေနေရာနှင့် မော်တော်ကားတန်ဖိုး ချန်လှပ်၍)။ .. 🟡 မှတ်ပုံမတင်ထားသော လုပ်ငန်းများ (Informal SMEs) ဖြစ်ပါက 🔺အတည်တကျရှိသော လုပ်ငန်းနေရာ၊ ဆိုင်၊ စက်ရုံ သို့မဟုတ် အလုပ်ရုံမှ လည်ပတ်ရမည် (လမ်းဘေး သို့မဟုတ် ယာယီရွေ့လျား လုပ်ငန်းမဖြစ်ရ)။ 🔺သက်တမ်း အထောက်အထား အနည်းဆုံး ၁၂ လ လည်ပတ်ခဲ့ကြောင်း အထောက်အထားများ (ဥပမာ - အငှားစာချုပ်၊ ဘေလ်အမျိုးမျိုး၊ ကုန်ကြမ်းတင်သွင်းရောင်းဝယ် စာချုပ်များ၊ စဉ်ဆက်မပြတ် ဝယ်ယူရောင်းချမှုအော်ဒါများ) ပြသနိုင်ရမည်။ 🔺ငွေကြေး အထောက်အထား။ အခြေခံ ငွေကြေးဆိုင်ရာ အထောက်အထား (ဘဏ်စာရင်း၊ အရောင်းမှတ်တမ်းများ၊ ပစ္စည်းပေးသွင်းသူ/ဖောက်သည် ထောက်ခံချက်များ) ရှိရမည်။ .. 🟠 လုပ်ငန်းသက်တမ်း ၁ နှစ်အောက်သာ ရှိသေးသော သက်တမ်းနုလုပ်ငန်းများ (Newer SMEs) ဖြစ်ပါက 🔺လုပ်ငန်းစတင်သည့်ရက်စွဲကို မှတ်ပုံတင်၊ အငှားစာချုပ် စသည်တို့ဖြင့် သက်သေပြနိုင်ရမည်။ 🔺အနည်းဆုံး ၆ လ စဉ်ဆက်မပြတ် လည်ပတ်ခဲ့ကြောင်း ခိုင်မာသော အထောက်အထားများ (ဘေလ်အမျိုးမျိုး၊ ပြေစာများ) ရှိရမည်။ 🔺(တင်ပြနိုင်ပါက) ဒေသဆိုင်ရာ အာဏာပိုင်များ၊ ကုန်သည်ကြီးများအသင်း သို့မဟုတ် ရပ်ရွာမှ ကိုယ်စားလှယ် နှစ်ဦး၏ ထောက်ခံချက် တင်ပြနိုင်ပါသည်။ …. ⭐️ အထူးဦးစားပေးအနေဖြင့် 🔹အမျိုးသမီးဦးဆောင်သော သို့မဟုတ် ပိုင်ဆိုင်သော လုပ်ငန်းများ (အနည်းဆုံး ၆၀% ကို ဦးစားပေးမည်)။ 🔹လူငယ်ဦးဆောင်သော လုပ်ငန်းများ (အသက် ၃၅ နှစ်အောက် စီမံခန့်ခွဲသူများ)။ 🔹အရေးပါသောကဏ္ဍများမှ လုပ်ငန်းများ (စားသောက်ကုန်၊ အထည်အလိပ်၊ လက်လီ၊ ဆောက်လုပ်ရေး၊ အီလက်ထရွန်းနစ်နှင့် မရှိမဖြစ် ဝန်ဆောင်မှုလုပ်ငန်းများစသည်)။ 🔹သတ်မှတ်မြို့နယ်များအတွင်းရှိ ဝေးလံ၍ ဝန်ဆောင်မှု နည်းပါးသော ဒေသများမှ လုပ်ငန်းများ။ 🔹အပြုသဘောဆောင်သော ရလဒ်များ၊ အကျိုးကျေးဇူးများ တွင်တွင်ကျယ်ကျယ် အကောင်အထည်ဖော်နိုင်မည့် ရပ်ရွာအခြေပြု လုပ်ငန်းများ၊ သမဝါယမများနှင့် အသင်းအဖွဲ့များ။ 🔹သဘာဝပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားသည့် Green SME များ နှင့် တာဝန်ယူမှုရှိသော SME များကို အဓိကထည့်သွင်းစဉ်းစားသွားမှာဖြစ်ပါတယ်။ …. 👉 ပြန်လည်ထူထောင်ရေးငွေကြေးအထောက်အပံ့ပေးအပ်ခြင်းအကြောင်းအသေးစိတ်ပိုမိုလေ့လာရန် [ https://shorturl.at/eCHgm ] …. ဘယ်လိုလျှောက်ထားရမလဲ ❓ 🟢 SME လုပ်ငန်းငယ်များ (နှစ်စဉ်လုပ်ငန်းဝင်ငွေ ကျပ်သိန်း ၂၀၀ ခန့်၊ ဝန်ထမ်း ၃ ဦးအောက်) အတွက် 💰 ဘေးအန္တရာယ်ကြောင့် အသေးစား သို့မဟုတ် အသင့်အတင့် ဆုံးရှုံးမှုအတွက် ကျပ်သိန်း (၄၀) 💰 ဘေးအန္တရာယ်ကြောင့် အသင့်အတင့် သို့မဟုတ် အကြီးစားဆုံးရှုံးမှုအတွက် ကျပ်သိန်း (၆၀) 🟡 SME လုပ်ငန်းလတ်များ (နှစ်စဉ်လုပ်ငန်းဝင်ငွေ ကျပ်သိန်း ၂၀၀ မှ ၈၀၀ ကြား၊ ဝန်ထမ်း ၅ ဦးခန့်) အတွက် 💰 ဘေးအန္တရာယ်ကြောင့် အသင့်အတင့် သို့မဟုတ် အကြီးစားဆုံးရှုံးမှုအတွက် ကျပ်သိန်း (၈၀) 🔴 SME လုပ်ငန်းကြီးများ (နှစ်စဉ်လုပ်ငန်းဝင်ငွေ ကျပ်သိန်း ၈၀၀ ခန့်၊ ဝန်ထမ်း ၅ဦးခန့် ) အတွက် 💰 ဘေးအန္တရာယ်ကြောင့် သိသိသာသာ အကြီးစား ဆုံးရှုံးမှုအတွက် ကျပ်သိန်း (၁၀၀) …. ⛔️ ငွေကြေးထောက်ပံ့မှုလျှောက်ထားရန် ကန့်သတ်ထားသော လုပ်ငန်းများကို လေ့လာရန် - [https://shorturl.at/BzSUm ]0,60%
  • 10 июл.MSME လုပ်ငန်းတွေမှာပဲဖြစ်ဖြစ်၊ Online shop လုပ်နေတဲ့သူတွေပဲဖြစ်ဖြစ် ရှိသင့်တဲ့ အရေးပါတဲ့စွမ်းရည်တစ်ခုကတော့ "ဈေးကွက်ချဲ့ထွင်ခြင်းနှင့်အမှတ်တံဆိပ်မြှင့်တင်ခြင်း (Marketing & Branding)" ပဲဖြစ်ပါတယ်။ .... "ဈေးကွက်ချဲ့ထွင်ခြင်းနှင့် အမှတ်တံဆိပ်မြှင့်တင်ခြင်း (Marketing & Branding)" ဘာကြောင့်အရေးပါသလဲ။ "ဈေးကွက်ချဲ့ထွင်ခြင်းနှင့်အမှတ်တံဆိပ်မြှင့်တင်ခြင်း (Marketing & Branding)" ပညာရပ်ကတော့ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေသူတွေအတွက် မိမိတို့စီးပွားရေးလုပ်ငန်းက ပစ်မှတ်ထားတဲ့ ဝယ်ယူသုံးစွဲသူတွေ (target audience)ကို နားလည်နိုင်စေဖို့နဲ့ customers တွေတိုးပွားလာစေဖို့ ကူညီပေးပြီး အမှတ်တံဆိပ်မြင်လိုက်တာနဲ့ မိမိရဲ့စီးပွားရေးလုပ်ငန်း၊ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို အလွယ်တကူ မှတ်မိစေနိုင်ပါတယ်။ ဒါ့အပြင် ပြိုင်ဖက်များနဲ့မတူဘဲ မိမိဘာရောင်းနေသလဲဆိုတာကို ခွဲခြားသိရှိစေဖို့ ကူညီပေးနိုင်ပါတယ်။ .... ဒီသင်တန်းမှာ ယနေ့ခေတ်ရဲ့ ဈေးကွက်ချဲ့ထွင်ခြင်းနယ်ပယ်မှာ အသုံးများတဲ့ အခြေခံဈေးကွက်ချဲ့ထွင်ခြင်း သဘောတရားတွေ၊ သီအိုရီတွေ၊ ဥပမာတွေနဲ့ နိုင်ငံတကာမှာ အသုံးပြုနေတဲ့နည်းစနစ်တွေအကြောင်းတွေကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ .... ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ eLearning Portal မှာ "Marketing and Branding" သင်တန်းကို မြန်မာဘာသာစကားနဲ့ အခုပဲ အခမဲ့လေ့လာနေနိုင်ပြီဖြစ်ပါတယ်။ သင်ခန်းစာအားလုံးလေ့လာပြီးလို့ Final test ကို ဖြေဆိုပြီးအောင်မြင်ရင် UNDP ကပေးတဲ့ သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion)ကိုလည်း အခမဲ့ ရရှိမှာဖြစ်ပါတယ်။ သင်တန်းတက်ချင်ရင် အောက်ကလင့်ခ်လေးတစ်ဆင့် တက်နိုင်ပါတယ်။ https://msmelearning.mm.undp.org/course/preview/6139cb156bb88a1dcf4b493f .... UNDP Myanmar ရဲ့"eLearning Portal" မှာ အကောင့်ဖွင့်ပုံ၊ သင်တန်းရွေးချယ်တက်ပုံ၊ ဖိုင်ဒေါင်းလုတ်ဆွဲပုံတွေပါတဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်လေးနှိပ်ပြီး ကြည့်နိုင်ပါတယ်။ https://www.facebook.com/MMeLearningPortal/videos/1561949664633584 အကောင့်ဖွင့်တဲ့အခါ code က အီးမေးလ်ရဲ့ Spam folder ထဲ ရောက်နေတတ်တဲ့အတွက် မိမိအီးမေးလ်ရဲ့ Spam folder ကို စစ်ပေးဖို့လိုအပ်ပါတယ်။ . မြန်မာဘာသာစကားနဲ့ အခုတက်နိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (22) ခုအကြောင်းကိုတော့ ဒီလင့်ခ်လေးမှာ ကြည့်ရှုနိုင်ပါတယ်။ https://www.facebook.com/photo?fbid=727063833656556&set=a.255619310801013 .... UNDP Myanmar ရဲ့ eLearning Portal for MSMEs ဆိုင်ရာ စိတ်ဝင်စားဖွယ်အစီအစဉ်တွေ၊ သင်တန်းတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးကြေညာပေးသွားမှာဖြစ်လို့ Facebook, LinkedIn, Viber နဲ့ Telegram တွေမှာ အောက်ကလင့်ခ်တွေကိုနှိပ်ပြီး like & follow /subscribe လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Facebook: https://www.facebook.com/MMeLearningPortal Telegram: https://t.me/eLearningPortal4MSMEs LinkedIn: https://www.linkedin.com/company/e-learning-portal-for-msmes/?viewAsMember=true Viber: https://invite.viber.com/?g2=AQAsLo9aRL8%2BJFD5gqMAD3haTSHzG018a0TNOP6hUhWG0r%2BIooTwIw94dPaWa15S0,57%
  • 3 июл.⏰ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်း မြို့နယ်များ အတွင်းရှိ လုပ်ငန်းရှင်အများအပြား၏ တောင်းဆိုမှုအရ "ငွေကြေးအထောက်အပံ့လျှောက်ထားမှုစွမ်းရည်မြှင့်တင်ရေးနှင့် UNDP အကြိုအလုပ်ရုံဆွေးနွေးပွဲ (အမှတ်စဉ် ၁၃ နှင့် ၁၄)" သို့ စာရင်းပေးသွင်းရန် နောက်ဆုံးရက်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက် (တနင်္ဂနွေနေ့) ည (၁၂:၀၀) နာရီတိတိ အထိ ထပ်မံတိုးမြှင့်ပေးလိုက်ပြီ ဖြစ်ပါသည်။ …. သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး မလျှောက်ရသေးသည့် လုပ်ငန်းရှင်များအနေဖြင့် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ ယခုပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ။ (အစီအစဉ်တစ်ခုလုံးသည် အခမဲ့ ဖြစ်ပါသည်။) .... 📅 အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ် (၁ ကြိမ်သာ တက်ရောက်ရန်လိုသည်) အမှတ်စဉ် (၁၃): ဇူလိုင်လ ၇ ရက်၊ ၂၀၂၆ (အင်္ဂါနေ့) | နံနက် ၈:၃၀ - ညနေ ၄:၃၀ အမှတ်စဉ် (၁၄): ဇူလိုင်လ ၈ ရက်၊ ၂၀၂၆ (ဗုဒ္ဓဟူးနေ့) | နံနက် ၈:၃၀ - ညနေ ၄:၃၀ 📍 နေရာ: ပျဉ်းမနားမြို့နယ် ⏰ တိုးမြှင့်လိုက်သည့် နောက်ဆုံးရက်: ဇူလိုင်လ ၅ ရက်၊ ၂၀၂၆ (တနင်္ဂနွေနေ့) ည ၁၂:၀၀ နာရီအထိ 🔗 စာရင်းသွင်းရန်လင့်ခ်: https://forms.gle/yRrjaLYNAteQos9R7 (မှတ်ချက်။ ။ ပေးပို့လာသော လျှောက်လွှာများကို စနစ်တကျ စိစစ်ပြီး အရည်အချင်းကိုက်ညီသူများကိုသာ ပြန်လည်ဆက်သွယ်ပေးပါမည်။) …. 📞 စုံစမ်းမေးမြန်းရန် (ရုံးချိန်အတွင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ): ● မခိုင်သဇင်ဖြိုး 📱 09400895801 | 📧 khaingthazin.phyoe@impacthub.net ● မနှင်းစင်ဦး 📱 09880914389 | 📧 hninsin.oo@impacthub.net .... မိမိတို့ပတ်ဝန်းကျင်ရှိ အမှန်တကယ်လိုအပ်နေသော လုပ်ငန်းရှင်မိတ်ဆွေများ သိရှိစေရန်အတွက် ဤသတင်းအား လက်ဆင့်ကမ်း မျှဝေ (Share) ပေးနိုင်ပါသည်။ 🤝 #UNDPMyanmar #EarthquakeRelief #SMESupport #FinancialSupport #DeadlineExtended0,41%
  • 9 авг.⌛️ ပျဉ်းမနား၊ လယ်ဝေး နှင့် တပ်ကုန်း မြို့နယ်များအတွင်းရှိ ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် ကျပ်သိန်း (၄၀) မှ (၁၀၀) အထိ ပေးအပ်မည့် UNDP Myanmar ၏ ငွေကြေးထောက်ပံ့မှုအစီအစဉ် လျှောက်လွှာပိတ်ရန် (၅) ရက်သာ ကျန်ရှိပါတော့သည်။ …. ဩဂုတ်လ ၁၃ ရက် (ကြာသပတေးနေ့) သည် လျှောက်လွှာများကို နောက်ဆုံးထား၍ လျှောက်ထားရမည့်ရက်ဖြစ်ပါ၍ လိုအပ်သည့် စာရွက်စာတမ်းများကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံနှင့် အပြီးသတ်ပြီး လျှောက်လွှာအချိန်မှီတင်ရန် အသိပေးအပ်ပါသည်။ မိမိတို့လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်မည့် ယခုအခွင့်အရေးကို မလက်လွတ်ရအောင် အမြန်ဆုံးလျှောက်ထားကြဖို့ တိုက်တွန်းလိုပါသည်။ …. 👉 ပြန်လည်ထူထောင်ရေးငွေကြေးအထောက်အပံ့ပေးအပ်ခြင်းအကြောင်း အသေးစိတ်ပိုမိုလေ့လာရန်: [ https://shorturl.at/eCHgm ] ⛔️ ငွေကြေးထောက်ပံ့မှုလျှောက်ထားရန် ကန့်သတ်ထားသော လုပ်ငန်းများကို လေ့လာရန်: [ https://shorturl.at/BzSUm ] 📅 လျှောက်လွှာများ နောက်ဆုံးပေးပို့နိုင်မည့်ရက်: ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၆ (ကြာသပတေးနေ့) 🔗 လျှောက်လွှာတင်ရန် လင့်ခ်: [ https://ee.kobotoolbox.org/x/XfigNMHc ] 📄 အဖြေနှင့် ပူးတွဲတင်ပြရမည့်အချက်အလက်များကို ကြိုတင်ပြင်ဆင်နိုင်ရန် လျှောက်လွှာပုံစံ: [ https://shorturl.at/QeqLj ] 🤖 လျှောက်လွှာပုံစံတွင်ပါရှိသော မေးခွန်းများကို အသေးစိတ်လမ်းညွှန်မှုရယူနိုင်ရန် Telegram Chatbot: [ https://t.me/IHY_SME_Assistant_bot ] …. 📞 စုံစမ်းမေးမြန်းရန် (ရုံးချိန်အတွင်း): မခိုင်သဇင်ဖြိုး ( khaingthazin.phyoe@impacthub.net | ၀၉ ၈၈၀ ၉၅၇ ၇၀၁ ) မသွယ်သွယ်လင်းလက်ထွန်း ( thwethwelinnlatt.htun@impacthub.net | ၀၉ ၈၈၀ ၉၅၇ ၇၀၅ ) မနှင်းစင်ဦး ( hninsin.oo@impacthub.net | ၀၉ ၈၈၀ ၉၅၇ ၇၀၂ ) .... ❌ (မှတ်ချက်။ ။ ဤငွေကြေးထောက်ပံ့မှုအစီအစဉ်သည် အစအလယ်အဆုံး လုံးဝ (အခမဲ့) ဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာ ပေးဆောင်ရန် မလိုအပ်ပါ။)0,32%
  • 6 авг.📢 ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်း မြို့နယ်များအတွင်းမှ ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် ကျပ်သိန်း (၄၀) မှ သိန်း (၁၀၀) အထိ ပေးအပ်မည့် ငွေကြေးထောက်ပံ့မှုအစီအစဉ်တွင် အွန်လိုင်းမှ လျှောက်လွှာတင်ရန် အခက်အခဲရှိနေပါသလား❓ …. အွန်လိုင်းလျှောက်လွှာဖြည့်စွက်ရာတွင် အဆင်မပြေမှုများရှိနေသည့် လုပ်ငန်းရှင်များ၊ နမူနာမေးခွန်းများနှင့် ပတ်သက်၍ အသေးစိတ် မေးမြန်းလိုသူများနှင့် စာရွက်စာတမ်း တင်ပြရာတွင် ကူညီပံ့ပိုးမှု လိုအပ်နေသူများအတွက် တာ၀န်ရှိအဖွဲ့သားများက သက်ဆိုင်ရာမြို့နယ်များသို့ လူကိုယ်တိုင် လာရောက်၍ လျှောက်လွှာတင်သွင်းခြင်းဆိုင်ရာ အကူအညီများကို အခမဲ့ ပေးအပ်သွားမည် ဖြစ်ပါသည်။ 📍 ပျဉ်းမနားမြို့ - သြဂုတ်လ ၈ ရက်နေ့၊ စနေနေ့ 📍 လယ်၀ေးမြို့ - သြဂုတ်လ ၉ ရက်နေ့၊ တနင်္ဂနွေနေ့ (နေရာလိပ်စာ အတိအကျ သိရှိရန် ဖုန်းဆက်စုံစမ်းပါ) …. 👉 ပြန်လည်ထူထောင်ရေးငွေကြေးအထောက်အပံ့ပေးအပ်ခြင်းအကြောင်း အသေးစိတ်လေ့လာရန်: [https://shorturl.at/eCHgm] ⛔️ ငွေကြေးထောက်ပံ့မှုလျှောက်ထားရန် ကန့်သတ်ထားသော လုပ်ငန်းများကို လေ့လာရန်: [https://shorturl.at/BzSUm] 📅လျှောက်လွှာပိတ်ရက်: ဩဂုတ်လ ၁၃ ရက်၊ ကြာသပတေးနေ့ 📄 ကြိုတင်ပြင်ဆင်နိုင်ရန် လျှောက်လွှာပုံစံ လေ့လာရန်: https://shorturl.at/QeqLj 🤖 မေးခွန်းများကို အသေးစိတ်လမ်းညွှန်မှုရယူရန် Telegram Chatbot: [https://t.me/IHY_SME_Assistant_bot] …. 📞 လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်မည့် မြို့နယ်အလိုက် Station နေရာ၊ ရက်စွဲနှင့် အချိန်ဇယား အသေးစိတ်ကို သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ မခိုင်သဇင်ဖြိုး 📱 09 880 957 701 မသွယ်သွယ်လင်းလက်ထွန်း 📱 09 880 957 705 မနှင်းစင်ဦး 📱 09 880 957 702 .... (မှတ်ချက်။ ။ ငလျင်ကြောင့် ပျက်စီးထိခိုက်ခဲ့မှု အထောက်အထား ဓာတ်ပုံများ၊ လက်ရှိ လုပ်ငန်းဆိုင် သို့မဟုတ် စက်ရုံနေရာ ဓာတ်ပုံများ၊ ငလျင်မဖြစ်မီနှင့် ဖြစ်ပြီးနောက် ပေါ်ထွက်ခဲ့သည့် ငွေကြေးနှင့် အရောင်းအဝယ် မှတ်တမ်းများ၊ စာရွက်အလွတ်တွင် ကြိုတင်ရေးသားထားသော ပရိုပိုဇယ် (proposal) ၊ မှတ်ပုံတင်၊ DICA သို့မဟုတ် လုပ်ငန်းလိုင်စင်နှင့် အငှားစာချုပ်များကို တစ်ပါတည်း ယူဆောင်လာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)0,24%
  • 16 июл.📅 လျှောက်လွှာများ နောက်ဆုံးပေးပို့နိုင်မယ့်ရက် - ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၆ (သောကြာနေ့) 🔗 လျှောက်လွှာတင်ရန် လင့်ခ် - [https://ee.kobotoolbox.org/x/XfigNMHc] အဖြေနှင့် ပူးတွဲတင်ပြရမည့်အချက်အလက်များကို ကြိုတင်ပြင်ဆင်နိုင်ရန် လျှောက်လွှာပုံစံ - [https://shorturl.at/QeqLj] ကိုလေ့လာပါ။ 🤖 လျှောက်လွှာပုံစံတွင်ပါရှိသော မေးခွန်းများကို အသေးစိတ်လမ်းညွှန်မှုရယူနိုင်ရန် ဤ Telegram Chatbot https://t.me/IHY_SME_Assistant_bot ကို အသုံးပြုနိုင်ပါသည်။ …. 📞 စုံစမ်းမေးမြန်းရန် မခိုင်သဇင်ဖြိုး (khaingthazin.phyoe@impacthub.net | ၀၉ ၈၈၀ ၉၅၇ ၀၀၁) မသွယ်သွယ်လင်းလက်ထွန်း ( thwethwelinnlatt.htun@impacthub.net | ၀၉ ၈၈၀ ၉၅၇ ၇၀၅) မနှင်းစင်ဦး ( hninsin.oo@impacthub.net | ၀၉ ၈၈၀ ၉၅၇ ၀၀၂) .... ဤငွေကြေးထောက်ပံ့မှုအစီအစဉ်သည် အခမဲ့ဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာ ပေးဆောင်ရန် မလိုအပ်ပါ။0,20%
  • 30 июл.🚨 လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးရက် တိုးမြှင့်လိုက်ကြောင်း အသိပေးကြေညာခြင်း …. ⌛️ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်များမှ ငလျင်ဒဏ်သင့် SME များအတွက် ငွေကြေးထောက်ပံ့မှုအစီအစဉ်၏ လျှောက်လွှာပိတ်ရက်ကို ရက်တိုးမြှင့်ပေးလိုက်ပါပြီ! လုပ်ငန်းရှင်များ လျှောက်လွှာနှင့် စာရွက်စာတမ်းများကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံဖြင့် အချိန်လုံလောက်စွာ ပြင်ဆင်တင်သွင်းနိုင်ရန်အတွက် နောက်ဆုံးရက်ကို ဩဂုတ်လ ၁၃ ရက် (ကြာသပတေးနေ့) အထိ တိုးမြှင့်ပေးလိုက်ပါသည်။ …. ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် ကျပ်သိန်း (၄၀) မှ (၁၀၀) အထိ ထောက်ပံ့ပေးသွားမည့် ယခုအခွင့်အရေးကို မလက်လွတ်ရအောင် မလျှောက်ရသေးသည့် လုပ်ငန်းရှင်များအနေဖြင့် အမြန်ဆုံး လျှောက်ထားကြဖို့ တိုက်တွန်းလိုပါသည်။ …. 👉 ပြန်လည်ထူထောင်ရေး ငွေကြေးအထောက်အပံ့ပေးအပ်ခြင်းအကြောင်း အသေးစိတ်လေ့လာရန်: [https://shorturl.at/eCHgm] ⛔️ ငွေကြေးထောက်ပံ့မှုလျှောက်ထားရန် ကန့်သတ်ထားသော လုပ်ငန်းများကို လေ့လာရန်: [https://shorturl.at/BzSUm] …. 📅 တိုးမြှင့်လိုက်သည့် နောက်ဆုံးရက်: ဩဂုတ်လ ၁၃ ရက်၊ ကြာသပတေးနေ့ 🔗 လျှောက်လွှာတင်ရန် လင့်ခ်: https://ee.kobotoolbox.org/x/XfigNMHc 📄 ကြိုတင်ပြင်ဆင်နိုင်ရန် လျှောက်လွှာပုံစံ လေ့လာရန်: https://shorturl.at/QeqLj 🤖 မေးခွန်းများကို အသေးစိတ်လမ်းညွှန်မှုရယူရန် Telegram Chatbot: [https://t.me/IHY_SME_Assistant_bot] ❌ (ဤငွေကြေးထောက်ပံ့မှုအစီအစဉ်သည် အစအလယ်အဆုံး လုံးဝ (အခမဲ့) ဖြစ်ပြီး မည်သည့် ငွေကြေးတစ်စုံတစ်ရာမျှ ပေးဆောင်ရန် မလိုအပ်ပါ။) …. 📞 စုံစမ်းမေးမြန်းရန် (ရုံးချိန်အတွင်း): မခိုင်သဇင်ဖြိုး ( khaingthazin.phyoe@impacthub.net | 09 880 957 701 ) မသွယ်သွယ်လင်းလက်ထွန်း ( thwethwelinnlatt.htun@impacthub.net | 09 880 957 705 ) မနှင်းစင်ဦး ( hninsin.oo@impacthub.net | 09 880 957 702 )0,19%
  • 24 июл.без подписи0,17%
  • 24 июл.ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်များမှ ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် ကျပ်သိန်း (၄၀) မှ (၁၀၀) အထိ UNDP Myanmar က ထောက်ပံ့မည့် အစီအစဉ်ကို ဘယ်လို စတင်လျှောက်ထားရမလဲ။ …. ငွေကြေးထောက်ပံ့မှုအစီအစဉ် လျှောက်ထားရာတွင် အခက်အခဲရှိနေသည့် လုပ်ငန်းရှင်များအနေဖြင့် အဆင်ပြေပြေနှင့် အောင်မြင်စွာ ပါဝင်လျှောက်ထားနိုင်ရေးအတွက် လုပ်ဆောင်ရမည့် အဆင့် (၄) ဆင့်ကို အောက်ပါအတိုင်း စတင်ပြင်ဆင်ရန်လိုအပ်ပါသည်။ …. အဆင့် (၁) - မိမိလုပ်ငန်း အမျိုးအစားနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးပါ။ ⭐️တရားဝင် မှတ်ပုံတင်ထားသော လုပ်ငန်းများ (Formal SMEs): DICA/လိုင်စင် ရှိရမည်၊ ဝန်ထမ်း (၅) ဦးနှင့်အထက် ရှိရမည် (သို့မဟုတ်) နှစ်စဉ်ဝင်ငွေ ကျပ်သိန်း (၂၀၀) မှ (၈၀၀) ကြား ရှိရမည်။ ⭐️မှတ်ပုံမတင်ထားသော်လည်း အတည်တကျရှိသော လုပ်ငန်းများ (Informal SMEs): ဆိုင်/စက်ရုံ အတည်တကျရှိပြီး သက်တမ်း (၁၂) လအထက် လည်ပတ်ခဲ့သည့် အထောက်အထား (ဘေလ်များ၊ အငှားစာချုပ်) ပြသနိုင်ရမည်။ ⭐️သက်တမ်း (၁) နှစ်အောက် လုပ်ငန်းနုများ (Newer SMEs): အနည်းဆုံး (၆) လ စဉ်ဆက်မပြတ် လည်ပတ်ခဲ့သည့် အထောက်အထားများ ပြသနိုင်ရမည်။ …. အဆင့် (၂) - လိုအပ်သည်များကို ကြိုတင်လေ့လာ ပြင်ဆင်ပါ။ ⭐️ ပြန်လည်ထူထောင်ရေး ငွေကြေးအထောက်အပံ့ပေးအပ်ခြင်းအကြောင်း အသေးစိတ် ပိုမိုလေ့လာပါ။ [https://shorturl.at/eCHgm] ⭐️လျှောက်လွှာပုံစံ ကြိုတင်လေ့လာရန်: https://shorturl.at/QeqLj တွင် ကြိုတင်ကြည့်ရှု၍ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများကို စုဆောင်းပါ။ ⭐️ကန့်သတ်ထားသော လုပ်ငန်းများ စစ်ဆေးရန်: https://shorturl.at/BzSUm တွင် မိမိလုပ်ငန်း ပါဝင်ခြင်း ရှိမရှိ စစ်ဆေးပါ။ …. အဆင့် (၃) - အကူအညီနှင့် လမ်းညွှန်ချက်များ ရယူပါ။ ⭐️အွန်လိုင်း ဆွေးနွေးပွဲများ (Online Sessions): လျှောက်လွှာပြင်ဆင်ရေးနှင့် ပတ်သက်သည့် အသေးစိတ် လမ်းညွှန်ချက်များကို အွန်လိုင်းဆွေးနွေးပွဲများမှတစ်ဆင့် ဝေမျှပေးသွားမည် ဖြစ်ပါသည်။ ⭐️Telegram Chatbot အသုံးပြုရန်: မေးခွန်းတစ်ခုချင်းစီအတွက် အသေးစိတ် လမ်းညွှန်မှုရရှိနိုင်ရန် https://t.me/IHY_SME_Assistant_bot ကို အသုံးပြုနိုင်ပါသည်။ …. အဆင့် (၄) - လျှောက်လွှာ တင်သွင်းပါ။ ⭐️သတ်မှတ်ထားသော အချက်အလက်များနှင့် အထောက်အထားများ ပြည့်စုံပါက https://ee.kobotoolbox.org/x/XfigNMHc လင့်ခ်မှတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။ …. ❌ (ဤအစီအစဉ်သည် လုံးဝ အခမဲ့ ဖြစ်ပြီး ငလျင်ဒဏ်သင့် အများပြည်သူ SME လုပ်ငန်းရှင်များအားလုံး လွတ်လပ်စွာ လျှောက်ထားနိုင်သော အစီအစဉ်ဖြစ်ပါသည်။) 📅 နောက်ဆုံးလျှောက်ထားနိုင်မည့်ရက်: ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၆ (သောကြာနေ့) …. 📞 စုံစမ်းမေးမြန်းရန် မခိုင်သဇင်ဖြိုး - ၀၉ ၈၈၀ ၉၅၇ ၇၀၁ | khaingthazin.phyoe@impacthub.net မသွယ်သွယ်လင်းလက်ထွန်း - ၀၉ ၈၈၀ ၉၅၇ ၇၀၅ | thwethwelinnlatt.htun@impacthub.net မနှင်းစင်ဦး - ၀၉ ၈၈၀ ၉၅၇ ၇၀၂ | hninsin.oo@impacthub.net0,14%
  • 14 авг.без подписи0,00%