tgindex

အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

описание

အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

6 620
подписчиков
Охват к подписчикам
488,1%
ERR
Реакции к просмотрам
0,42%
2 695 на 20 постов
Пересылки к просмотрам
0,03%
195
Постов в день
0,0
всего 20

Где отзываются чаще

доля реакций к просмотрам
  • 8 июн. 2025 г.MNDAA ဒေသမှာ ယွမ်ငါးသိန်းနဲ့ အထက် ရင်းနှီးမြှုပ်နှံသူကို နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်လုပ်ပေး၊ သိန္နီ အထက်ပိုင်း တရုတ်နိုင်ငံဖြစ်လာ ဇွန် ၈ - ၂ဝ၂၅ MNDAA ထိန်းချုပ်နယ်မြေမှာ တရုတ်ငွေ ယွမ် ငါးသိန်းနဲ့ အထက် ရင်းနှီး မြှုပ်နှံနိုင်သူကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် စတင် လုပ်ပေးနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ "သိန္နီ အထက်ဘက်ပိုင်းက အခု တရုတ်နိုင်ငံ ဖြစ်လာနေပြီ။ တရုတ်ငွေ ယွမ် ငါးသိန်းနဲ့ အထက် ရင်းနှီး မြှုပ်နှံပြီး MNDAA ထိန်းချုပ်နယ်မြေမှာ စီးပွားရေး လုပ်ငန်းလုပ်နေသူ တွေကို ချင်းရွှေဟော် ကနေ တရုတ်နယ်စပ် အဝင်၊ အထွက် လုပ်ပေးနေပြီ ဆိုပြီး ကြေညာ နေတယ်။" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ တရုတ်နိုင်ငံသားတွေလည်း သိန္နီ အထက်ပိုင်း လာရောက် ရင်းနှီးမြှုပ်နှံတဲ့ သူတွေ အရမ်းများလာ နေတယ်လို့ သူက ပြောပါတယ်။ "လားရှိုး - သိန္နီ - ကွမ်းလုံ လမ်းမကြီးဘေး တလျှောက် ဒေသခံ ရှမ်းတွေရဲ့ ခြံတွေတောင် မကျန်တော့ဘူး။ မြေ လာ ငှား နေကြတယ်၊ အဆောက်အဦး တွေ ဆောက်နေကြ တယ်။" လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါ တယ်။ လမ်းသွား လမ်းလာ မမြင်နိုင်တဲ့ တောဘက်ထဲလည်း လက်ရှိ ထိန်းချုပ် နေတဲ့ MNDAA တပ်ဖွဲ့က နေရာချဲ့ယူ ပေး ပြီး တရုတ် နိုင်ငံသား သူဌေးတွေ နေထိုင်တာတွေ၊ ကြံစိုက် တာတွေ၊ ငါးမွေးကန်တွေ မအားမလပ် နေရာလွတ် မရှိ အကုန် နေရာယူလာနေ ကြတယ်လို့ သူက ပြောပါတယ်။ MNDAA ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ် ဘက် က နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်နဲ့ ဝင်လာမယ်ဆိုရင် တရုတ်ဘက်ခြမ်း မိန်းတိန် ဘက် သွားလာလို့ ရပြီး လောက် ကိုင်ဘက်ကနေ တရုတ် နယ်စပ်ဘက် ဝင်မယ် ဆိုရင်တော့ တရုတ်ဘက် နမ့်စန်မြို့ထိ သွားလာလို့ရတယ်လို့ နယ်စပ် ကုန်သည် တယောက်က ပြောပါတယ်။ ဒါ့အပြင် UWSA ထိန်းချုပ် ဒေသက ဒေသခံ မှတ်ပုံတင်ရှိတဲ့ သူတွေလည်း ဝ နယ်စပ် ကနေ တရုတ်ဘက် ဝင်ထွက်ခွင့် လက်မှတ်လုပ်ပေးတာရှိပြီး နှစ်နိုင်ငံ နယ်စပ် အဝင်အထွက် ရတယ်လို့ သိရတယ်လို့ သူက ပြောပါ တယ်။ မုံးကိုး နယ်စပ်ဘက်က နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် နဲ့ တရုတ်နယ်စပ် ဘက် ဝင်ရောက် သူတွေကိုတော့ တရုတ်နိုင်ငံ မံစီမြို့ အထိ သွားလာခွင့် ပြုထားကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒီ နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်ကိုတော့ MNDAA တပ်ဖွဲ့ က ထုတ်ပေးတဲ့ ဒေသခံ အိမ်ထောင်စုနဲ့ ဒေသခံ မှတ်ပုံတင် ကတ်ပြား ရှိသူတွေကို တရုတ်ဘက်ခြမ်း တရုတ် နယ်စပ် ဂိတ်မှာ ကြိုတင် စာရင်း သွင်း ရပြီး အကန့်အသတ်နဲ့ အခမဲ့ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ Crd - VOM1,13%
  • 13 авг. 2024 г.ဂျပု လစ်ကွာ!! 🤣🤣0,81%
  • 8 мая 2024 г.без подписи0,75%
  • 8 апр. 2025 г.လာရှိုး၊ ကိုးကန့် ကိစ္စ သတင်းတွေ တက်လာတာက လာရှိုးမှာ တရုတ်က ကောင်စစ်ဝန်ရုံးထားရှိပြီး MMDAA နဲ့ စစ်ကောင်စီကြား အထိန်းအကွပ် သဘောမျိုးရှိမယ်ဆိုတာက ဘယ်လိုမှ လက်မခံသင့်တဲ့ ကိစ္စတစ်ခုဗျ။ လာရှိုးကို ကိုးကန့်နဲ့ စကစ ကြား တရုတ် ကြားဝင်တယ်၊ လာရှိုးပြန်ပေးရတယ် ဆိုတဲ့ အထိ မကျေနပ်သော်လဲ မတတ်သာလို့ လက်ခံပေးလို့ရတယ်။ တရုတ်ကောင်စစ်ဝန် ရုံးလာဖွင့်တယ်ဆိုတာကတော့၊ တရုတ်က လာရှိုးထိ တက်သိမ်းတာနဲ့ တူတူပဲ။ ဟိုးမြန်မာ ဘုရင်တွေလက်ထက်တုန်းက လက်ရှိတရုတ်ပြည် ဆစ်ဆောင်ပန်းနား ဒေသမှာ ရုံးစိုက်ပြီး အုပ်ချုပ်ခဲ့တာရှိတယ်။ ဒီလို အကွက်မျိုး သမိုင်းတစ်ပတ်ပြန်လည်ပြီး တရုတ်က ကောင်စစ်ဝန်ရုံးသာ လာစိုက်မယ်ဆိုရင်တော့ နယ်စပ်ကနေ လားရှိုးအထိက တရုတ် လက်အောက် ရောက်သွားတာနဲ့ တူတူပဲ။ နွေဦးတော်လှန်ရေးလုပ်တာ အမြတ်ထွက်သွားတာက တရုတ် နဲ့ ဝ။ ကုန်ကုန်ပြောမယ်ဗျာ၊ သံလွင်မြစ် တစ်ဖက်ကမ်းက မြန်မာ မပိုင်တော့ဘူး။ ခင်ဗျားတို့ အလည်သွားရင်တောင် ဟိုကဒ်ဒီကဒ်တွေလုပ်ရတော့မယ်။ နည်းနည်းတော့ ခံပြင်းစရာကောင်းတယ်။ နိုင်ငံရေးသမားလူကြီးမင်းများလဲ ကြည့်ကျက်လုပ်ကြပါဦး။ ဒီပြည်တွင်းစစ်မှာ ကျွန်တော်တို့ တိုင်းပြည်က စနစ်တကျ ဖျက်စီးခံလိုက်ရပြီလို့ပဲ မြင်တယ်။ အဲဒါ မအလ မကောင်းလို့ ဆိုတာ မှန်တယ်။ သို့သော် တိုက်တုန်းက PDF တွေနဲ့ တိုင်းရင်းသား လူငယ်တွေ အသက်ပေးပြီး နောက်ဆုံးကျ တရုတ်က ရုံးလာစိုက်သွားတယ် ဆိုတာကတော့ သိပ်တော့မမိုက်ဘူး‌ဗျာ။ တကယ်ဖြစ်မလာပါစေနဲ့လို့ပဲ ဆုတောင်းရုံမှ တစ်ပါး အခြားမရှိ။0,68%
  • 28 июн. 2024 г.မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်က သင်္ကြန်အကြိုကာလမှာ ခြောက်လုံးတန်းကို ရောက်လာခဲ့ပြီး မြန်မာနှစ်သစ်ကူး အထိမ်းအမှတ် လို့ ခေါင်းစဉ် တပ်ပါတယ်။ ဇွန်လ ၂၆ ရက်က ဦးသိန်းစိန်နဲ့ တရုတ်သံအမတ်တွေ့ဆုံမှုမှာတော့ ‘’မြန်မာနိုင်ငံအခြေအနေ’’ ကို ဆွေးနွေးခဲ့ကြတယ် လို့ တရုတ်ဘက်က အတိအလင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်မှုမှာတော့ အဲဒီ အချက်ကို ဖော်ပြမထားပါဘူး။ ပလ္လင်ရှေ့ ရောက်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး ပွဲတက်ရုံထက် ပိုမလား ဦးသိန်းစိန် ရဲ့ တရုတ်ခရီးစဉ်ကို လေတပ် အထူးလေယာဉ် နဲ့ စီစဉ်ပေးဓာတ်ပုံ ရင်းမြစ်, MOI ဓာတ်ပုံ ပုံစာ, ဦးသိန်းစိန် ရဲ့ တရုတ်ခရီးစဉ်ကို လေတပ် အထူးလေယာဉ် နဲ့ စီစဉ်ပေး သမ္မတဟောင်း ဦးသိန်းစိန်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဆက်ဆံရေးကောင်းတောက်လျှောက်ရှိခဲ့သူဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို တပ်ချုပ်အဖြစ်ခန့်အပ်ခဲ့တာ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်ပေမယ့် ဦးသိန်းစိန်က သူ့သမ္မတသက်တမ်းမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးနဲ့ ပြန်လည်ခန့်ထားခဲ့ပါတယ်။ သမ္မတရာထူးကနေ အနားယူပြီးနောက်မှာလည်း တပ်မတော်နေ့တွေ မှာ ဦးသိန်းစိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကန်တော့ခံပုဂ္ဂိုလ်နေရာမှာ ဆက်ရှိနေခဲ့ပါတယ်။ ဦးသိန်းစိန်ဟာ သူ့ရဲ့သမ္မတ သက်တမ်းမှာ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက် နဲ့ အမေရိကန်နဲ့ နီးစပ်မှုတွေကြောင့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအဆင်မပြေခဲ့တဲ့ မှတ်တမ်းရှိဖူးသူ ဖြစ်ပါတယ်။ မြစ်ဆုံ ဘာ့ကြောင့် ရပ်လိုက်သလဲ မြစ်ဆုံစီမံကိန်း ဘယ်သူ့မှာ တာဝန်ရှိလဲ - ဝန်ကြီးဟောင်း ဦးစိုးသိန်းနဲ့ ဘီဘီစီ မေးမြန်းခန်း ဒါပေမဲ့ ဦးသိန်းစိန်အနားယူပြီးတဲ့နောက် ခြောက်လုံးတန်းကို တရုတ်ကိုယ်စားလှယ်တွေ တောက်လျှောက်အဝင်အထွက် လုပ်ခဲ့သလို ဘေဂျင်းကိုပါ ပြန်ဖိတ်လိုက်လို့ တရုတ်က သင်ပုန်းချေလိုက်ပြီလို့ ယူဆနိုင်ပါတယ်။ တရုတ်အရေးကို အထူးပြုလေ့လာတဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar ရဲ့‘’အထိုင်သစ်ပြန်ချလာသော တရုတ်၏ မြန်မာ့အရေးမူဝါဒ’’ဆိုတဲ့ စာတမ်းအရ လက်ရှိမြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ တရုတ်ဟာ ခြောက်လုံးတန်းက ခေါင်းဆောင်ဟောင်းတွေ ကို လိုလားပါတယ်။ ‘’တရုတ်နိုင်ငံအတွက်တော့ ရွေးကောက်ပွဲလုပ်၊ အားကြီးတဲ့ပါတီ အနိုင်ယူ၊ တည်ငြိမ်မှုကိုထိန်း၊ အနောက်နိုင်ငံတွေကို လိုတာထက်ပိုမခေါ်နဲ့၊ သူနဲ့တွဲပြီး ‘ဖွံ့ဖြိုးတိုးတက်ရေး’ ကို ဦးစားပေး’’ ဆိုတဲ့ အချက်တွေကို လိုလားတဲ့အကြောင်း ISP Myanmar က ရေးသားခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲ နဲ့ နိုင်ငံရေးအပြောင်းအလဲကို ဖြစ်စေခဲ့တဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ နဲ့ NLD အစိုးရကို အာဏာလွှဲပေးတဲ့ ဦးသိန်းစိန် တို့ကို တရုတ်က မကြာခဏ လာရောက်တွေ့ဆုံတာ ဖြစ်နိုင်တယ် လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဆက်ဆံရေးကောင်းလည်း ရှိသလို နိုင်ငံ့ခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့အတွက် ဦးသိန်းစိန်ရဲ့ ဘေဂျင်း ခရီးစဉ်ဟာ အခမ်းအနားတက်ရုံထက် ပိုလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ပါသွားတာဖြစ်လို့ အဲဒီအဖွဲ့က အဓိက လုပ်စရာရှိတာလုပ်မယ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ‘’မြန်မာ့အကျပ်အတည်းကို တရုတ်က အဆုံးသတ်ချင်နေပြီ။ ဒါကိုဖြေရှင်းဖို့ ဦးသိန်းစိန်ကို သုံးချင်သလားပေါ့၊ ဒါလည်းစဉ်းစားစရာရှိတယ်’’ လို့ အကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။ ‘’စစ်ကောင်စီရဲ့ သဘောထားကို တရုတ်နားဝင်အောင် သူပြောနိုင်မလား၊ တရုတ်ပေးလိုက်တဲ့ ဇာတ်ညွှန်းကို ဦးမင်းအောင်လှိုင်ကို နားချ နိုင်မလား စောင့်ကြည့်ရမယ်’’ လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။ ဒါတွေက ဇူလိုင်လကုန်မှာ လုပ်မယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးဆုံးဖြတ်ချက်မှာ မြင်ရလိမ့်မယ် လို့ သူက သုံးသပ်ပါတယ်။ #BBC0,59%
  • 27 мая 2025 г.ခွေးတွေအခု ဖားကန့်ကို အသည်းအသန် ကျားထိုးတက်နေတယ်ဆိုလို့ ဘာများလဲ မေးမြန်းကြည့်တော့။ မက်လုံးတွေက အကြီးကြီးတွေ ရှိတယ်ပြောတယ်။ အကောင်ကြီးတွေက လုပ်ကွက်အသစ်တွေရမယ်။ အခြားအဆင့်တွေက ကျောက်တွေ့ရင် သယ်နိုင်သလောက်သယ်ခွင့်ရှိတယ်ဆိုပဲ။ နောက်သတင်းတစ်ခုက TNLA ကို ထိုးစစ်ဆင်နေတဲ့ စခတပ်တွေကို ဂြိုလ်တုထောက်လှမ်းရေး ဓာတ်ပုံတွေနဲ့၊ ‌နယ်မြေစိုးမိုးရေးအတွက် မဟာဗျူဟာမြောက်တပ်ဖြန့်မှုတွေကို တရုတ်က အကူအညီပေးနေတယ်ဆိုတဲ့ ကိစ္စပဲ။ လားရှိုးမှာ ထိုင်နေတဲ့ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့ကနေ တဆင့် သတင်းအချက်အလက်ဖြန့်ဝေမှု လုပ်ဆောင်တာလား သို့မဟုတ် ရုရှားကပဲ အကူအညီပေးသလားဆိုတာ သေချာ မရှင်း‌လင်းပေမဲ့။ လေကြောင်းပစ်မှတ်တွေအတွက် ဂြိုလ်တုကနေ တိုက်ရိုက် ထောက်လှမ်းရေး ပစ်မှတ်တွေကို ရှာဖွေနေတာ၊ တော်လှန်ရေးတပ်တွေ ရွေ့လျားမှုတွေကို စောင့်ကြည့်လေ့လာနေတယ်ဆိုတာ သေချာသလောက် သိရတယ်။ မအလရဲ့ စစ်ထောက်လှမ်းရေး ဟောင်းတွေ မနှစ်ကတည်းက အားနည်းနေတဲ့ ထောက်လှမ်းရေး သတင်းရယူဖို့ နည်းလမ်းပေါင်းစုံနဲ့ တရုတ် နဲ့ ရုရှားကို ချဉ်းကပ်ခဲ့တာတွေကို ဆက်စပ်ကြည့် ဖြစ်နိုင်ချေရှိတာကြောင့် အဖွဲ့တွေကိုသတိကပ်‌စေချင်တယ်။0,41%
  • 22 мар. 2024 г.Breaking News ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)ရဲ​ဘော်များ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ်အသွင်ယူပြီး တိုင်းစစ်ဌာနချုပ်အတွင်း ဝင်​ရောက်တိုက်ခိုက် ▪️စစ်​ကောင်စီ၏ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊ အရာခံများ ထိခိုက်ဒဏ်ရာရဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)ပြော ဒီးဒီ/People’s Spring ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲ​ဘော်များသည် တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူဝင်​ရောက်ပြီး တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် ပကဖ(အထူးတပ်ဖွဲ့)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။ ယနေ့ သောကြာ​နေ့ ​နေ့လယ်​ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာသို့ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြင်းအားမြင့် အ​ဝေးထိန်းမိုင်းဖြင့် ​​အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။ ရန်ကုန်ပကဖ(အထူး​ထောက်လှမ်း​ရေးအဖွဲ့)အသွင်ယူ ရဲ​ဘော်များထံမှ တိုင်းစစ်ဌာနချုပ်သို့ စစ်​​ကောင်စီ၏ ကစထ(၅)မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့်အဖွဲ့ လာ​ရောက်မည်ဖြစ်​ကြောင်း၊ ၎င်းအပါအဝင် စစ်​ကောင်စီဝန်ကြီးအချို့၊ ရန်ကုန်တိုင်း စစ်တိုင်းမှူးနှင့် မြို့​တော်ဝန်၊ အခြား တပ်ဘက် အရပ်ဘက်အရာရှိကြီးများ ​လာ​ရောက်ရန်ရှိကြောင်း အတွင်းသတင်းအတိအကျ ​ပေးပို့လာသည့်အတွက် ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲ​ဘော်များက တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူဝင်​ရောက်ပြီးအချိန်မီ တိုက်ခိုက်နိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဟု ဆိုသည်။ အဆိုပါတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီ၏ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊ အရာခံများ ထိခိုက်ဒဏ်ရာရရှိမှု များပြား​​ကြောင်းသိရပြီး ​သေဆုံးစာရင်းကို အတိအကျမသိရ​သေး​​​ဟု ဆက်လက်ပြောသည်။ ဖြစ်စဥ်နှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။ တိုက်ခိုက်မှု ပေါက်ကွဲသံကို ​ဘေးပတ်ဝန်းကျင်မြို့နယ်များက ကြားရပြီး လက်ရှိတိုင်းစစ်ဌာနချုပ်အတွင်းသို့ မီးသတ်ကားနှင့်လူနာတင်ကားများ ဝင်သွား​ကြောင်း သိရသည်ဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြောသည်။ ရန်ကုန်ပကဖသည် စစ်မှုထမ်းဥပ​ဒေကို ထုတ်ပြန်ပြီး ပြည်သူအ​ပေါ် မတရားသဖြင့် ဗိုလ်ကျစိုးမိုး၊ နိုင့်ထက်စီးနင်းပြုမူ​လျက် အာဏာကိုအလွဲသုံးစားလုပ် ​ငွေညှစ်၊ အကြပ်ကိုင်မှုများ၏ အဓိက​ခေါင်းကိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။ ထို့ကြောင့် စစ်ကောင်စီ၏ နောက်လိုက်​နောက်ပါ၊ ​ထောက်တိုင်၊ သတင်း​ပေး၊ တိုင်း၊ခရိုင်၊မြို့နယ်၊ရပ်ကွက်၊​ကျေးရွာ အဆင့်ဆင့် တာဝန်ယူလုပ်ကိုင်​နေသူများကိုလည်း ပြည်သူအ​ပေါ်ဆက်လက်​မောက်မာကျူးလွန်မှုများ ရှိ​နေ​ကြောင်း ​တွေ့ရပါက စနစ်တကျ​လေ့လာပြီး အပြီးသပ်​ချေမှုန်းတိုက်ခိုက်မှုများ ဆက်တိုက်​ဆောက်ရွက်သွားမည်ဖြစ်​ကြောင်းအသိ​ပေးအပ်သည်ဟု သတိ​ပေးထားသည်။ ဖေဖော်ဝါရီနှင့် မတ်လ နှစ်လအတွင်းမှာပင် ရန်ကုန်မြို့တွင်ရှိသည့် စစ်ကောင်စီနှင့် ဆက်စပ်သည့်နေရာ ၁၈နေရာအထိ မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများအနက် အကြီးဆုံးပြစ်မှတ်အနေဖြင့် ငါးခုပါဝင်ခဲ့သည်။ လေယာဥ်ဆီတင် MVသင်္ဘော ဖောက်ခွဲတိုက်ခိုက်မှု၊ MEC အရာရှိများ နေထိုင်သည့် မြဝတီအရာရှိရိပ်သာ ဖောက်ခွဲတိုက်ခိုက်မှု၊ Mytel ရုံးချုပ် ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု၊ အင်းစိန်မြို့နယ်မှာရှိ လေတပ်အိမ်ရာဝင်း ပစ်ခတ်တိုက်ခိုက်နှင့် ယခု ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာအတွင်း ဝင်ရောက်တိုက်ခိုက်မှုတို့ ဖြစ်သည်။0,41%
  • 16 июн. 2024 г.အခုတလော ရှမ်းမြောက်က ဘက်က အသံတွေသဲ့သဲ့ ကြားရတယ်ဆိုပြီး လူတော်တော်များများ ရင်ခုန်ကြတာတွေ့တယ်။ အမှန်တိုင်း ပြောရရင် ၁၀၂၇ နဲ့ မအလ လောက်ကိုင်မှာ စစ်ဦးကျိုးပြီး လာရှိုးကို နင်းလို့ရတဲ့အချိန် တိုင်းပြည်အတွက် ဖြစ်သင့်တဲ့ အရာကို ဆွေးနွေးရမယ့်အစား တရုတ်ပြည်မှာ ဟိုင်ဂင်ဆွေးနွေးပွဲနဲ့ ကုန်သွယ်ရေး အပေးအယူလုပ်လိုက်တယ်။ အဲကတည်းက ရှမ်းမြောက်ဆို သိပ်ပြီး ရင်ခုန်ချင်စရာမကောင်းတော့ဘူး။ ပြောရရင် တိုင်းရင်းသား စိတ်ဓာတ် မရှိဘူးလို့ပြောရင် လွန်ရာကျမလားတော့မသိဘူး။ အခုလဲ ပစ်ကြခက်ကြမယ်၊ တော်ကြာနေရင် တစ်ဖန်ပြန်နားမယ်။ အဲထဲမှာ တရုတ်ကို ဘယ်သူကလွန်ဆန်ရဲလဲ? လက်ရှိမှာ ပြည်သူကလွဲလို့ အားလုံးက တရုတ်ကိုမလွန်ဆန်ရဲဘူး။ အဲဒါက ဘယ်လိုမှ ငြင်းဆန်လို့ မရတဲ့ အမှန်တရားပဲ။ ဘာကြောင့်ပါ ညာကြောင့်ပါ တွေဆိုတာက အဲလောက်တော့ ယုံချင်စရာမကောင်းတော့ဘူး။ မအလကလဲ ဇာတ်ကို ဆွဲလို့ရသလောက်ဆွဲမယ်။ အမှန်တိုင်းပြောရရင် တမင်ကို လုပ်နေတာ။ စကားတစ်ခွန်းရှိပါတယ်။ “ နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူး” ဆိုတာပဲ။ သတင်းတွေထွက်လာတယ်။ စစ်ပြင်တယ် ဘာညာပေါ့။ မအလက လက်ရှိ အနယ်နယ်အရပ်ရပ်မှာ ခွေးဖြစ်နေတာ ရှမ်းမြောက်ကို ပြန်တိုက်စရာ ဘာအကြောင်းရှိလဲ? ပြီးတော့ အဲရှမ်းမြောက်ကို ပြန်တိုက်မယ်ဆိုတဲ့ ကိစ္စ လျှို့ဝှတ်ချက်ကြီးတစ်ခုလဲ မဟုတ်ဘူး။ စစ်ဆင်ရေး စီမံချက်တစ်ခုအနေနဲ့ လဲ မဟုတ်ဘူး။ တချို့စစ်တပ်ထဲက အတော်သတင်းနှိုက်ရခက် နှုတ်လုံတဲ့ ဟာတွေကပါ။ ဒါကြီးကို တမင်ထုတ်ပြီး လုပ်ပြောနေတယ်ဆိုကတညိးက ခေတ်လူငယ်တွေ စကားနဲ့ ပြောရရင် သိပ်ဖီးလ်မလာဘူး။ ကျွန်တော့ personal အမြင်အရ ပြောရရင် ဝုန်းဝုန်းနဲ့ ခဏဖြစ်ကောင်းဖြစ်မယ်။ တော်ကြာနေ အပစ်ရပ်ကျမယ်ဟေ့လို့ ဖြစ်မယ်။ အဲအချိန်နဲ့တစ်ပြိုင်နက် မအလ တကယ်ဖြိုချင်တဲ့ လက်ရှိ ကရင်နီ KNDF၊ ရှေ့မတိုးနိုင်သေးပါဘူး ဆိုတဲ့ အောင်ဇေယျနဲ့ မြဝတီ အဲဘက်တွေကို အငိုက် ပြန်ဝင်ချင်ဝင်မယ် ဒါပဲရှိတယ်။ အရှေ့က ဖြစ်ခဲ့တဲ့ သင်ခန်းစာတွေကို ကိုယ်တွေဘက်က အိမ်စာကောင်းကောင်းလုပ်သင့်တယ်။ ပလိန်းကြီး ဟိုင်ဂင်နဲ့ အပစ်ရပ်ပါတယ်ဆိုပြီး မအလအတွက် တကယ်ခေါင်းခဲနေရတဲ့ စစ်ကိုင်းဘက်ကို အမုန်းထောင်းခံရတယ်။ NUG ရဲ့ အုပ်ချုပ်ရေး လည်ပတ်နေပါပြီဆိုတဲ့ ကောလင်းကို အသိမ်းခံလိုက်ရတယ်။ ရှမ်းမြောက်မှာ ပစ်ကြခက်ကြနဲ့ နောက်ဆုံး လောက်ကိုင် လက်နက်ချတော့ ကားနဲ့တောင် လားရှိုးကို အေးဆေး ဆေးလိပ်သောက်ပြီး ပြန်သွားလိုက်ကြသေးတာဗျာ။ မအလခွေးတွေ တကယ်သေနေတာ ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ကချင် နဲ့ ကရင်ပြည်နယ်မှာ တကယ်သေနေတာ။ ပြောရရင် ရှမ်းမြောက်ဆိုတာ မအလအတွက် တကယ်ကို သေရေးရှင်ရေအနေနဲ့ ခေါင်းကိုက်စရာ နေရာဒေသတစ်ခုမဟုတ်ဘူး။ လက်ရှိအဓိက မအလရဲ့ ဦးတည်ချက်က အယောင်ပြ ရွှေရေစိမ် ရွေးကောက်ပွဲဆိုပြီး လာမယ့် ၆လ ကနေ ၁ နှစ်အတွင်း လုပ်ပြဖို့အတွက် လူတွေရဲ့ အာရုံစိုက်မှုကို လှည့်စားချင်တဲ့ အကွက်တစ်ခုလို့ပဲ မြင်တယ်။ မအလက လက်ရှိ တိုင်းနဲ့ပြည်နယ် အသီးသီးက မြို့ကြီးတွေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို သန်းခေါင်စာရင်းကောက်ပြီး မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ သဘောကို ဖော်ဆောင်နေတာလို့ပဲ မြင်မိတယ်။ ဘယ်သူမှ မဲမပေးလဲ သူ့ကိုယ်သူ မဲပေးပြီး ရွေးကောက်ပဲ အထမြောက်ပါတယ် လုပ်မှာ။ ကြားသလောက်ကတော့ အရင်ကြံဖွတ်တွေက ရွေးကောက်ပွဲမှာ ၂၀၁၀ လို နေရာပြန်ယူမယ်။ စစ်တပ်က အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးအပ်ပါတယ်ဆိုပြီး ၁၀၀ ဖိုး ၃ပုဒ် ဇာတ်ကွက်ကို ပြန်ခင်းမယ်ဆိုတဲ့ ဓာတ်ပြားဟောင်းကို အမြန်ဆုံးပြန်ဖွင့်ဖို့ တလောက တရုတ်အဖွဲ့က သန်းရွှေ၊ သိန်းစိန်တို့နဲ့ ပြောကြတယ်လို့လဲ သတင်းတွေထွက်တယ်။ အဲတော့ မအလတို့ သန်းရွှေတို့ဆိုတာက တရုတ်ရှိနေသ၍ ဆက်မိုက်နေဦးမယ့် ငရဲခန်းက ပြိတ္တာတွေပါပဲ။ ရှမ်းမြောက်ဆိုတာ တရုတ်က သူ့အကျိုးစီးပွါးအတွက် လိုသလိုသုံးလို့ရတဲ့ နယ်ရုပ်လေးသာသာပါပဲ။ တိုက်ဆိုတိုက် ရပ်ဆိုရပ်ရမယ့်နေရာတစ်ခုပါပဲ။0,41%
  • 1 апр. 2025 г.မနေ့က Mizzima Channel က ဆရာဦးစိန်ဝင်း ဖြေကြားတာလေး နားထောင်ရင်း ခေါင်းထဲ ဝင်လာတာရှိတယ်။ ခက်တာက ဒီကာလမှာ အပစ်အခက်ရပ်စဲဖို့တို့ စကစနဲ့ စကားပြောဖို့တို့ ပြောရင် အင်တာဗျူးမှာ ဆရာဦးစိန်ဝင်းပြောသလို နိုင်ငံရေး ဖဲသုံးချပ်သမားလို့ အထင်ခံရပြန်ကော၊ ဖြစ်စေချင်ဝာာက အခုလို စကစက အဖက်ဖက်မှာ နိမ့်ပါးနေတဲ့ အချိန်မှာ စကားပြောဖို့လိုတယ်။ ကိုယ်လိုချင်တာကို တောင်းဖို့က စကားပြောကို ပြောရမယ်။ စကားပြောကြည့်လို့မှ အဆင်မပြေရင် ဆက်မပြောနဲ့။ ခွေးလုံးလုံးဖြစ်အောင်တိုက်။ သံတမန်ရေးနည်းလမ်းနဲ့ စစ်ကိုအနိုင်ယူတတ်ဖို့လိုတယ်။ ငါတို့က ပြည်သူ နဲ့ တိုင်းပြည်မျက်နှာကြည့်ပြီး စကားပြောဖို့ ဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ ကနဦး သဘောထားတွေ ညှိကြမယ်။ ဟုတ်ပြီး စစ်တပ် ဘယ်လိုမှမရဘူး၊ ဆွေးနွေးညှိနှိုင်းလို့ မရဘူးဆို အခု NUG အပစ်ရပ်ထားတဲ့ ၂ ပတ်ပြီးရင် တိုက်ဗျာ၊ ဟုတ်လား။ ပြောချင်တာက တိုက်မယ်ဆို စည်းစည်းလုံးလုံးနဲ့ မြန်မြန်တိုက်။ အဲလိုမဟုတ်ပဲ တစ်ယောက်တစ်ပေါက်နဲ့ ဆယ်နှစ်ဆယ်မိုးတိုက်မယ်ဆိုရင်တော့ ပြည်သူအပေါ် မေတ္တာမရှိတာ စကစ အုပ်စုတင်မဟုတ်တော့ဘူး။ လက်နက်နိုင်ကိုင်ထားတဲ့ အဖွဲ့တိုင်းက ပြည်သူကို မကြည့်သလိုဖြစ်‌တာဗျ။ တော်လှန်ရေးရှည်ကြာလာတော့ ဘာဖြစ်လာလဲ၊ လုပ်စားတွေများလာပြီး လုပ်စားနိုင်ငံရေး ဖြစ်လာတယ်။ နှစ် ၇၀ ပြည်တွင်းစစ်ဆိုတာ ကမ္ဘာမှာ မြန်မာပဲရှိတယ် ဆိုတာ ဘာကြောင့်မှ မဟုတ်ဘူး။ တကယ့်နိုင်ငံရေးကနေ လုပ်စားနိုင်ငံရေးတွေ ဖြစ်ကုန်တာ။ ကိုယ်ကျိူးအတွက်ကြည့်တယ်၊ ကိုယ်အာဏာပါဝါကို ကြည့်တယ်။ တကယ့်တကယ် ပြည်သူကို ဘယ်သူကြည့်လဲဆိုရင် ဘယ်သူမှမကြည့်ဘူ။ အဲဒါကိုက မြန်မာပြည်ရဲ့ ပြဿနာ။ တိုင်းရင်းသား EAO ဘယ်လောက်ပဲ အင်အား ကောင်းကောင်း ယနေ့ခေတ်လို ပြည်သူ့ အင်အားမပါရင် လက်ရှိ လို အခြေအနေ ရောက်ကို မရောက်လာဘူး။ နိဂုံးချုပ်ရရင် ‌အဖြစ်သင့်ဆုံးလို့ ယူဆတာက မအလနဲ့ စကားပြောဖို့ ကမ်းလှမ်းပြီး လိုချင်တာကို နင်းတောင်း၊ ဘယ်လိုမှ မဖြစ်နိုင်ဘူးလား။ မအလ ကို ရာဇသံပေး နေပြည်တော်ထိ ဒဲ့တိုက်။ လက်ရှိ မြန်မာပြည်အလယ်ပိုင်းမှာ မအလ လေယာဉ်ကွင်း ၁၀ ကွင်းရှိရင် ၉ ကွင်း လောက်က ရဟတ်ယာဉ်ကလွဲ တက်မရ‌သေး ဘူး။ အခုတလော ဗုံးထွက်ကျဲပြတာကလဲ သူတို့အခေါ် ‌ချောက်လှန့်ပစ်ခတ်မှု လုပ်ပြတာ။ လေယာဉ်‌တော့ ရှိသေးတယ် တက်မလာနဲ့ ဆိုတဲ့ အထာမျိုး။ စဉ်းစားကြည့်ဗျာ၊ စစ်ကိုင်း၊ မ‌န္တလေး နေပြည်တော် ၃ နေရာမှာ ကြီးကြီးမားမား ထိခိုက်ထားတာ။ ပြောရရင် စကစ အမာခံ နေရာတွေ ထိထားတာ မနည်းဘူး၊ အဲဒါကို အသည်းအသန် တပ်ထဲမှာ ရေငုံနှုတ်ပိတ်ခိုင်းထားတာ၊ လျှော့ပေါ့ ပြောဆိုတာ အများကြီး။ စကစ လေယာဉ်ကွင်းတွေကကော ဘာသာနဲ့ ထုထားတာ မို့လိုတုန်း။ Air Traffic Tower တွေ ထိခိုက်မှုရှိတယ်။ ရေဒါစခန်းတွေ ပျက်နေတယ်၊ Jammer တွေ ဒေါင်းနေတာ ရှိတယ်။ လျှပ်စစ်မီး တစ်လ လောက်ထိ ပြန်မရနိုင်သေးဘူ။ နောက်ပြီး တစ်နိုင်ငံလုံးကို အင်တာနက်ကနေ စောင့်ကြည့် ထိန်းချုပ်မှု လုပ်မယ်ဆိုပြီး လုပ်ထားတဲ့ ရတနာပုံဆိုက်ဘာစီးတီး၊ ဖိုက်ဘာလိုင်းတွေပါ ပြတ်တောင်ကုန်ပြီး အကုန်ဒေါင်းနေတာ။ ဒီတော့ NUG နဲ့ အခြားသော အင်အားစုတွေကလဲ မအလကို ဒီအချိန်မှာ နင်းပြီး ညှိရမှာ။ ခေါင်းမာနေတုန်းဆိုရင် ‌အခုချိန်ကြီးကို နာနာထောင်းလို့လဲ ဘယ်သူမှ အပြစ်မတင်ဘူး။ ‌ပြည်သူလူထုက ရရာဆွဲပြီး ဝိုင်းဝန်း‌ ပေးကြမှာ။ အဲလိုမှ မဟုတ်ပဲ၊ အွန်းလိုင်းပေါ်ကနေ စာထုတ် ကမ်ပိန်းလုပ်ပြီး၊ ဘာသံခင်းတမန်ခင်း ပရိယာယ် နည်းလမ်းမှ မရှိရင်တော့...ခက်တာတော့ ခက်တယ်ဗျာလို့ပဲ ပြောချင်တယ်။ တကယ်တော့ ဒီငလျင် ဖြစ်စဉ်မှာ တော်တော်လေး စိတ်ထဲမကောင်းမိလို့ပါ။ ရေရှည်အတွက် အကောင်းဆုံး နည်းလမ်းကိုတော့ ရှာကို ရှာဖို့လိုတယ်။ တိုင်းပြည်အတွက် ဘာဆက်လုပ်ကြမှာလဲလို့ပဲ ကျွန်တော် မေးချင်တယ်ဗျာ။0,40%
  • 4 апр. 2024 г.ကနဦး သတင်းထုတ်ပြန်ချက် နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း ကနဦး သတင်းရရှိသည်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Lethal Prop တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ0,39%
  • 11 апр. 2024 г.နေပြည်တော်အေလာလေတပ် ထပ်မံတိုက်ခိုက်ခံရ ********************************** စစ်ကောင်စီဌာနချုပ် နေပြည်တော်ရှိ အေလာလေတပ်စခန်းသည် ယနေ့နံနက်အစောက ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် ထပ်မံတိုက်ခိုက်ခံရသည်။ ပြီးခဲ့သည့် ဧပြီ ၄ရက်နေ့ကလည်း တော်လှန်ရေးတပ်များသည် အေလာလေတပ်နှင့် နေပြည်တော်စစ်ရုံးတို့ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြရာ ယခုတိုက်ခိုက်မှုသည် သတင်းတစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ယနေ့နံနက်အစောပိုင်း အေလာလေတပ်ကိုတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း Mountain Knights Civilian Defense Force (MKCDF) အမည်ရအဖွဲ့က ကြေညာသည်။ တိုက်လေယာဉ်များရှိရာ ထိုလေတပ်ကို နံနက် ၄ နာရီခန့်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ဖြင့်တိုက်ခိုက်ရာတွင် စစ်တပ်ဘက်က အထိအခိုက်များခဲ့သည်ဟု ထိုအဖွဲ့ကဆိုသည်။ “ လက်ရှိ အေလာမစ်ရှင်မှာတော့ လေတပ်အရာရှိ ၅ ဦး၊ ရိုးရိုးတပ်ဖွဲ့ဝင် ၁၂ ဦးသေတယ်၊ နောက် ၁၂ ဦး ဒဏ်ရာ ရတယ်၊ ဖိုက်တာလေယာဉ်တစ်စင်းထိခိုက်တယ်...... စစ်ကားသုံးစီးထိခိုက်တယ်လို့ အတွင်းသတင်းအရ စုံစမ်း သိရှိရပါတယ်” ဟုဆိုသည်။ စစ်ကောင်စီဝါဒဖြန့် လူမှူကွန်ယက်စာမျက်နှာများကမူ အေလာလေဆိပ်တိုက်ခိုက်ခံရကြောင်း ဝန်ခံခဲ့သော်လည်း အထိအခိုက်မရှိဟု ဖော်ပြကြသည်။ လေတပ်အနီးတွင် မပေါက်ကွဲသေးသည့် ရှော့တိုက်ဒုံး (၃) လုံးနှင့် ပေါက်ကွဲပြီး ရှော့တိုက်ဒုံးအခွံ (၄) လုံးတွေ့ ကြောင်းလည်း စစ်တပ်ကျောထောက်နောက်ခံသတင်းဌာနတို့ကလည်း ရေးသားကြသည်။ နိုင်ငံအနှံ့မှ မြို့များ၊စခန်းများသိမ်းခံရပြီး စစ်ကောင်စီရှံးနေချိန် စစ်ကောင်စီ၏ ဌာနချုပ်ဖြစ်သည့် နေပြည်တော် ကိုပင် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက် ခြိမ်းခြောက်မှုများဆက်တိုက် ပြုလုပ်နေသည်။ ပြီးခဲ့သည့် ဧပြီ ၄ရက်နေ့ကပင် နေပြည်တော်မြို့ရှိ စစ်ရုံးချုပ်၊ အေလာလေတပ်ဌာနချူပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နေအိမ်များကို အသေခံဒရုန်း ၃၅ စင်းဖြင့်တိုက်ခိုက်ခဲ့ပြီး ၂၉ စင်းမှာ ပစ်မှတ်များဆီရောက်ရှိခဲ့ သည် ဟု NUG က ကြေညာထားသည်။ ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့လည်း စစ်ဗိုလ်ချုပ်အများအပြားမွေးထုတ်ရာ ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ရှော့တိုက်ဒုံး (၅) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သတင်း- သူရမောင်/ Myanmar Now0,38%
  • 8 апр. 2024 г.သင်္ဃန်းညီနောင် ဗျူဟာမှ စစ်သုံ့ပန်း ၆၀၀ ကျော်အား စစ်ကောင်စီထံ KNUလွှဲပေးခြင်းမရှိ ▪︎လွှဲပေးသည့် အစဉ်အလာ မရှိသကဲ့သို့ လွှဲပေးပါက ရန်သူကို စစ်အင်အားစုဆောင်းပေးသလို ဖြစ်မည်ဟု သတင်းရင်းမြစ်ပြော ထားမြတ်/People’s Spring ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်စစ်ကောင်စီဗျူဟာမှ လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီတပ်သားများ၊ မိသားစုဝင်များ စုစုပေါင်း ၆၀၀ ကျော်ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခြင်းမရှိဘဲ ကရင်အမျိုးသားအစည်းအရုံး(KNU)က ကောင်းမွန်စွာ ထားရှိကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။ ဧပြီ ၅ရက် သင်္ဃန်းညီနောင် ဗျူဟာ သိမ်းပိုက်မှု တွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူး အပါအဝင် အရာရှိ ၆၇ ဦး၊ အခြားအဆင့်နှင့် တပ်သား ၄၁၀ဦး၊ ရဲမေနှင့် တပ်မိသားစုဝင် ၁၄၀ဦး စုစုပေါင်း ၆၁၇ ဦး လက်နက်ချအလင်းဝင်ခဲ့သည်။ “သူတို့ကျတော့ အဲဒီလို ပဲထားထားတပေါ့။မလွှဲပါဘူး။ ကျနော်တို့ဆီမှာ ကူညီစောင့်ရှောက်ပြီးတော့ အစားအသောက်နေထိုင်စားသောက်ရေးပေါ့” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။ တပ်အင်အား ပြုန်းတီးနေသည့် စစ်ကောင်စီထံ ဖမ်းမိ စစ် သုံ့ပန်းများအား လွှဲပေးမည်ဆိုပါက ရန်သူက အင်အား တည်ဆောက်ပြီး အခြား လှုပ်ရှားမှုများ ဆက်လုပ်နိုင်သည့် အခြေအနေရှိကြောင်း ၎င်းက ပြောသည်။ “စစ်သုံ့ပန်းတွေက မဖြစ်မနေ သေရမယ့်အစား အညံ့ခံတာ။ အခုက မဖြစ်မနေ သူများ ဝိုင်းပိတ်ထားတဲ့အချိန် လက် နက်ချတဲ့သဘော။ ကျနော်ထင်တာကတော့ ပြန်လွှဲပေးဖို့ မရှိဘူး။ လွှဲတဲ့ အစဉ်အလာလည်း မရှိဘူး” ဟု ကရင်သတင်းရင်းမြစ်က ပြောပြသည်။ အခြားစစ်​ရေးရင်းမြစ်တစ်ဦးက ဖမ်းဆီးရရှိထား​သောစစ်သုံ့ပန်းများထဲမှ စစ်ရာဇဝတ်မှုကျူးလွန်ထားသူများပါ၊မပါ ၊ပါဝင်ပါက အ​ရေးယူနိုင်ရန် စတင်စီစစ်နေပြီဖြစ်​ကြောင်းလည်းပြောသည်။ ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း သင်္ဃန်းညီနောင်၌ ဖမ်းမိသည့် စစ်ကောင်စီတပ်သားများအား လွှတ်ပေးမည်ဆိုပါက အကြမ်းဖက်အားပေးမှု မြောက်မည်ဖြစ်၍ သက်ဆိုင်ရာ တရားစီရင်မှု ပြီးမြောက်ပြီး နောက်ပိုင်းမှသာ လွှတ်ပေးသင့်ကြောင်း ၎င်း၏ အမြင်ကို လူမှုကွန်ရက်တွင် ရေးသားထားသည်။ လက်ရှိတွင်မြ၀တီ၌ ကျန်နေသည့် ခမရ(၂၇၅) ကို KNU ပူးပေါင်းတပ်က ဝိုင်းပတ်ပိတ်ဆို့ထားရာ အဆိုပါတပ်ရင်း လက်နက်ချ အလင်းဝင်ရေး ညှိနှိုင်းလျက်ရှိသည်ဟုစုံစမ်းသိရသည်။ “၂၇၅ ကို တိုက်တော့ မတိုက်သေးဘူး။ အခုက ဗျူဟာကုန်းရနေပြီ။ အခုကတော့ မြို့နဲ့ နီးတယ်ဆိုတော့ ဆက်တိုက်မယ်ဆိုရင် လူထုလည်းထိမယ်။ဆက်တိုက်ရင် သူတို့ လေယာဉ်နဲ့ လာချမယ်ဆိုတော့လေ” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့ညတွင် စစ်ကောင်စီ ဝန်ထမ်းနှင့် တပ်အပါအဝင် လူဦးရေ ၄၀ကျော်၊ ၅၀ ခန့်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ပြန်ခေါ်သွားသည်ဟု သတင်းရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။ သို့​သော် ​လေယာဥ်ကွင်းပြင်ဘက်မှသတင်းရယူ​သောထိုင်းသတင်းဌာနများက စစ်​ကောင်စီ​လေယာဥ်​ပေါ်ဖြင့် လူ ၂၀.ဦးဝန်းကျင်သာပါသွားပြီး ​ငွေများကိုသယ်​ဆောင်သွား​ကြောင်း သတင်း​ဖော်ပြထားကြသည်။ မြဝတီမြို့အ​ခြေအ​နေမှာ ဧပြီ ၇ ရက်အထိပုံမှန်အတိုင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။ Kawthooleiblood0,26%