Golden Gunners Myanmar
Статистика- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 14
- Всего постов
- 22
- Тип
- открытый
- Язык
- my
- Категория
- Спорт (по похожим)
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 102
- 1/48двое суток
- 116
- 1/72трое суток
- 126
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
အာဆင်နယ်အသင်းဟာ ရိစ်နယ်လ်ဆင်ကို အပြီးသတ်ရောင်းချဖို့အတွက် ဝက်စ်ဟမ်းအသင်းနဲ့ ဆွေးနွေးလျက်ရှိပြီး ဒီအပြောင်းအရွှေ့ကနေ ပေါင် ၃ သန်းခန့် ရရှိနိုင်ပါတယ်။ စာချုပ်သက်တမ်း ၁ နှစ်ပဲ ကျန်တော့တဲ့ ရိစ်နယ်လ်ဆင်အတွက် ဒီပမာဏနဲ့ ရောင်းထုတ်တာဟာ အာဆင်နယ်အတွက် ကောင်းမွန်တဲ့ စီးပွားရေးလုပ်ဆောင်မှု ဖြစ်ပါသလား။
အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ဘယ်တောင်ပံ တိုက်စစ်ပိုင်းကို အဆင့်မြှင့်တင်ဖို့ ပြင်ဆင်နေပါတယ်။ စောင့်ကြည့် စဉ်းစားနေတဲ့ ကစားသမားတွေထဲမှာ ပတ်ဒရို နက်တိုလည်း ပါဝင်နေပါတယ်။
အာဆင်နယ်အသင်းဟာ တိုက်စစ်ကစားသမား တစ်ဦး သို့မဟုတ် နှစ်ဦး ခေါ်ယူဖို့ စဉ်းစားနေပြီး ဘယ်တောင်ပံကစားသမားနဲ့ စထရိုက်ကာ (ဗဟိုတိုက်စစ်မှူး) တစ်ဦး ခေါ်ယူရေးလည်း ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ဒါ့အပြင် ဆာလီဘာ နဲ့ တင်းဘာတို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် အသင်းမှာ ချက်ချင်း ဝင်ရောက် ပွဲထွက်ကစားနိုင်မယ့် နောက်ခံလူတစ်ဦးကိုလည်း ခေါ်ယူဖို့ သတင်းထွက်ပေါ်နေပါတယ်။
အာဆင်နယ်အသင်းဟာ ဂျိုအာကွင် ဆီးစ် ကို ခေါ်ယူဖို့ ကလပ်ဘရုဂ်အသင်းနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဂန်းနားတို့ဟာ အသက် ၂၁ နှစ်အရွယ် အစွန်နောက်ခံလူကို အနီးကပ် စောင့်ကြည့်နေပြီး အသေးစိတ် ကင်းထောက် လေ့လာမှုတွေလည်း ပြုလုပ်ထားပြီးဖြစ်ပါတယ်။
အာတီတာ အစစ်ကိုရှာပါ 🤔
မိုင်းလ်စ် လူးဝစ်-စကယ်လီဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ လုံးဝ စိတ်ကူးမရှိပါဘူး။ သူဟာ အသင်းမှာပဲ ဆက်ရှိပြီး နေရာတစ်နေရာရဖို့ တိုက်ပွဲဝင်သွားချင်သလို သူရဲ့ ရေရှည်အနာဂတ်ကိုလည်း အာဆင်နယ်မှာပဲ မြင်တွေ့ထားပါတယ်။
အာတီတာရဲ့ အာဆင်နယ်နည်းပြဘဝပထမဆုံးပွဲစဉ် ပွဲထွက်လူစာရင်း 😶
အာတီတာနဲ့ ဖာဘရီဂတ်စ် ဂန်းနားဂန္တဝင်တွေ အားပြိုင်ကြမဲ့ပွဲ ဒီညရှိပါတယ် MATCHDAY အာဆင်နယ် VS ကိုမို
အာဆင်နယ်အသင်းဟာ ဘရူနို ဂီးမာရိုက်စ်အသင်းကိုရောက်ရှိလာ ပြီးနောက် လူးဝစ်-စကယ်လီကို ချဲလ်ဆီး အသင်းထံ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီးဘက်က လက်ရှိမှာ ချက်ချင်း လှုပ်ရှားကမ်းလှမ်းမယ့် အရိပ်အယောင် မရှိသေးပေမဲ့ ရေရှည်အတွက် စိတ်ဝင်စားမှုတော့ ရှိနေပါတယ်။
🗣️ “ဂျူရီယန်ရဲ့ ပြန်လည်ကောင်းမွန်လာမှုအခြေအနေက တကယ်ကို ကောင်းမွန်နေပါတယ်။ သူက လေ့ကျင့်ရေးကွင်းထဲမှာ ရောက်နေပြီး အခုချိန်မှာ အတော်လေး လှုပ်ရှားဆောင်ရွက်နိုင်နေပြီ ဖြစ်ပေမဲ့ ပါဝင်နိုင်ဖို့ကတော့ သီတင်းပတ်အနည်းငယ် လိုပါသေးတယ်။ ဘယ်လောက်အထိ ကြာမလဲဆိုတာတော့ အတိအကျ မပြောနိုင်သေးပါဘူး။” တင်းဘားရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အာတေတာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မာတင်နယ်လီချစ်သူများ စိတ်ပူစရာမလိုတော့ပါဘူး... ဂါဘီလေးဟာ အသင်းမှာ ဆက်ရှိချင်နေပြီး ဘယ်အသင်းကိုမှ ပြောင်းမှာမဟုတ်ဘူးလို့ သိရပါတယ်
ရီးရဲလ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို နွေရာသီ အပြောင်းအရွှေ့တွင် ခေါ်ယူရန် ဖြစ်နိုင်ခြေများကို လေ့လာစုံစမ်းလျက်ရှိပါတယ်။ အာဆင်နယ်အသင်းကတော့ စပိန်ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ နီးပါး ရရှိမှသာ ရောင်းချရန် ဆိုင်းငံ့ထားကြောင်း သိရပါတယ်
လာမဲ့ရာသီ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အားရပြီလား?
ဗစ်တာ 🗣️ “အမ်းမရိတ်စ်ကွင်းကို ပြန်လာရပြီး ကွင်းတွင်းအငွေ့အသက်ကို ပြန်လည်ခံစားရတာ၊ ပရိသတ်တွေကို ပြန်တွေ့ရတာ တကယ်ပဲ အံ့ဩဖို့ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း ရလဒ်ကောင်းတစ်ခုကို လိုချင်ခဲ့တာပေါ့။ အခုချိန်မှာ ကျွန်တော်တို့ အခြေအနေကောင်းတစ်ခုမှာ ရှိနေတယ်လို့ ထင်ပါတယ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ လူတိုင်းလည်း ပြန်ရောက်လာကြပြီဆိုတော့ ရှေ့မှာ ကြုံတွေ့ရမယ့် အရာအားလုံးအတွက် ကျွန်တော်တို့ အသင့်ဖြစ်နေမှာ သေချာပါတယ်။”
ဂီမာရိုက်စ် "ရိုက်စ် က 'ဒီကို လာခဲ့ပါ၊ နောက်ဆို ရန်မဖြစ်ကြကြေးနော်၊ ခုဆို ငါတို့က သူငယ်ချင်းတွေ ဖြစ်သွားပြီ' ဆိုပြီး ကျွန်တော့်ဆီ မက်ဆေ့ခ်ျ ပို့လာခဲ့ပါတယ်" 😂 "သူ့မက်ဆေ့ခ်ျကြောင့် ကျွန်တော် ဝမ်းသာမိပါတယ်။ ဒီလိုမျိုး စိန်ခေါ်မှုတစ်ခု ကျွန်တော့်အတွက် လိုအပ်တယ်လို့ ထင်ပါတယ်"
Atlético Madrid ရဲ့ CEO ဖြစ်သူ Miguel Ángel Gil Marín က Alvarez ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေအနေနဲ့ သူ့ရဲ့ ယူရို သန်း ၅၀၀ (ပေါင် ၄၂၈.၅ သန်း) ရှိတဲ့ စာချုပ်လျော်ကြေး ပေးချေခြင်းတစ်ခုတည်းသာ လမ်းစရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဘရူနို G 🗣 “ကျွန်တော် သမိုင်းကြောင်းနဲ့ ပြည့်စုံတဲ့ ကလပ်အသင်းဆီ ရောက်ရှိလာတာဖြစ်ပြီး မျှော်လင့်ချက်နဲ့ တောင်းဆိုမှုတွေဟာ အလွန်ကြီးမားမှန်းလည်း သိပါတယ်။ ဒီအသင်းမှာ ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားတွေ အများကြီးရှိတာကြောင့် ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်သွားရမှာဖြစ်သလို၊ အသင်းနဲ့ အံဝင်ခွင်ကျဖြစ်ပြီး အကောင်းဆုံး ပေးဆပ်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားသွားရပါမယ်။ ဒီအသင်းဟာ သံသယဖြစ်စရာမလိုဘဲ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။ အာဆင်နယ်ကစားသမားတစ်ယောက် ဖြစ်လာခဲ့တဲ့အတွက်လည်း အလွန်ပဲ ဂုဏ်ယူမိပြီး အသင်းနဲ့အတူ စတင်ယှဉ်ပြိုင်ဖို့အတွက် မစောင့်ဆိုင်းနိုင်တော့ပါဘူး။”
ဘရူနို G ရဲ့ IG 🥺❤
အာတီတာနဲ့ အာဆင်နယ်အသင်းဟာ ညာတောင်ပံနေရာအတွက် ကိုဒီဂတ်ပိုကိုခေါ်ယူဖို့ လီဗာပူးအသင်းထံ စုံစမ်းမေးမြန်းမှုတွေစတင်ပြုလုပ်နေပြီလို့ သိရပါတယ်
Bruno G 🗣 "နယူးကာဆယ်ဟာ ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိတဲ့အသင်း ဖြစ်ခဲ့တာမို့ ဒီပြောင်းရွှေ့မှုက တကယ်ကို ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘဝမှာ အတွေ့အကြုံသစ်တစ်ခုကို စိန်ခေါ်ကြည့်ချင်ခဲ့တာပါ"