tgindex
တာတေ မဖဲဝါ စာအုပ်များ

တာတေ မဖဲဝါ စာအုပ်များ

Статистика

ဖတ်ချင်တဲ့ မဖဲဝါ စာအုပ်များကို ပြောပြလို့ရပါတယ် တတ်နိုင်သမျှ ရှာပြီးတင်ပေးပါ့မယ် တခြားသရဲ စာအုပ်တွေ လည်း တင်ပေးမှာပါ #တာတေ #မဖဲဝါ #ညမဖတ်ရ #crd

Последний пост
9 апр. 2024 г.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
14 авг.
Подписчики
21 725
мало замеров
Замеров пока мало
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
85,7 тыс
20 постов
Вовлечённость
394,4%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 9 апр. 2024 г.218 тыс1 266135

    STORY. 62 END

  • 9 апр. 2024 г.203 тыс1 765824

    စုန်းမကြီးတွေက ကဝေရာဇာကြီးရဲ့ အောင်မြင်မှုကို ဝမ်းသားအားရ ဖြစ်နေကြတာဗျို့။ ကျုပ် ဒီတော့မှ ဘာလုပ်ရမယ်ဆိုတာ သိသွားတယ်ဗျို့။လွယ်အိတ်ရဲ့ ထောင့်မှာ ထည့်ထားတဲ့ ပစ္စည်းတစ်ခုကို ကျုပ်ထုတ်လိုက်တယ်။ ဆရာကြီးဦးမင်းအောင် နိုင်ငံခြားကို ပြန်မသွားခင်မှာ ကျုပ်ကို ပေးခဲ့တဲ့ ကဝေပိုက်ကွန်ဗျ။ကျုပ် ပိုက်ကွန်ကို ဖြန့်လိုက်ပြီး တံငါတွေ ကွန်ပစ်မယ့်ပုံမျိုး ကိုင်ထားလိုက်တယ်။ ပြီးတော့ ဂူတွေကိုတွယ်ပြီး သင်္ချိုင်းနောက်ဘက်ကို ပြေးခွက်တယ်။ကျုပ် တစ်ရှိန်ထိုး ပြေးထွက်သွားလိုက်တာ စုန်းမကြီးတွေ အံ့သြပြီး ကျုပ်ကို မျက်လုံးပြူးကြီး တွေနဲ့ ကြည့်နေကြတာဗျို့။သူတို့ ကျုပ်ကို ဘာမှ မလုပ်ရသေးခင် ကျုပ်က ကွန်ကို ပစ်လိုက်ပြီ။အုပ်သွားပြီ။အုပ်သွားပြီ။ ငါးယောက်စလုံးကို ကဝေပိုက်ကွန်က အုပ်မိသွားပြီဗျ။ အားလုံး ဘုန်းကနဲ လဲကျပြီး ဆန့်ငင် ဆန့်ငင် ဖြစ်နေရောဗျ။ကျုပ် ပိုက်ကွန်ကို လွှတ်ချလိုက်တယ်။ အချိန်မရှိဘူးဗျ။ကျုပ် လွတ်အိတ်ထဲက သံကဝေရုပ်ကလေးကို ထုတ်ပြီး ဂါထာစုတ်လိုက်တယ်။သံကဝေကလည်း ကျုပ်က အိမ်မှာ ကြိုပြီးနှိုးထားတော့ ချက်ချင်းကို အသက်ဝင်လာပြီး အရောင်တဝင်းဝင်း ထွက်လာတာဗျို့။ “ဝှီး ဝှီး ဝှီး” သံကဝေက ကျုပ်လက်ထဲက ပျံထွက်သွားပြီး ကဝေရာဇာကို ပတ်ပြီး ပျံနေတယ်။ကဝေရာဇာရဲ့ စက်တွေ အရောင်မှိန်သွားပြီဗျ။ ကဝေကြီးက မဖဲဝါကို ဖမ်းထားတဲ့ ဖန်ပုလင်းကို ကိုင်ထားရင်နဲ့ ကျုပ်ကို လှည့်ကြည့်တယ်။သူ့မယားတွေကို ကျုပ် ပိုက်ကွန်နဲ့ အုပ်ဖမ်းထားတာ တွေ့တော့ လန့်သွားပြီး … “ဟေ့ကောင်လေး မင်းက ဘယ်သူတုံး မလောက်လေး မလောက်စားနဲ့ မင်းက ဘာဝင်ရှုပ်တာတုံး ။ ငါ့ကိစ္စ ငါ လုပ်တာကို မင်းက ဝင်ရှုပ်ရအောင် မင်းက ဘာကောင်တုံး” ကဝေစက်အကျမှာ မဖဲဝါက အခွင့်ကောင်းယူလိုက်ပြီဗျို့။ “ခွမ်း” ကဝေလက်ထဲက မှော်ဝင်ပုလင်းကို မဖဲဝါက သူ့စက်တွေနဲ့ ခွဲပစ်လိုက်တယ်။ အပြင်လွင့်ထွက်သွားတာနဲ့ တစ်ပြိုင်နက်တည်းမှာ အရွယ်လည်း ပြန်ကြီးသွားပြီဗျ။ “အမေ ” “မြောက်ဘက်ရှင်မ” မဖဲဝါရဲ့ အော်သံက ယာကွင်းကြီးထဲမှာ ဟိန်းပြီး ထွက်လာတာဗျို့။ဟာ မဖဲဝါရဲ့ တစ်ကိုယ်လုံးမှာ စက်ရောင်တွေ ပျိုးပျိုးပျက်ပျက် ထွက်လာတယ်ဗျို့။ဧက္နဏ မြောက်ဘက်ရှင်မက မဖဲဝါကို စက်တွေ ထပ်ပေးလိုက်ပြီ ထင်တယ်ဗျ။ ဟာ ဟာ မဖဲဝါ လက်နှစ်ဖက်က ထွက်လာတဲ့ စက်ရောင်က မျက်စိမခံနိုင်အောင်လို့ တောက်နေတာဗျို့။ ကဝေရာဇာကြီးကတော့ ကျုပ်ရဲ့ သံကဝေရုပ်ကလေး ပတ်နေတော့ တဖြည်းဖြည်း စက်အားတွေ ကျလာပြီး လူပါ ခွေကျသွားပြီး မြေကြီးမှာ ဒူးထောက်လျက်ကြီး ကျသွားရောဗျာ။ ခေါင်းကြီးကလည်း ငိုက်စိုက်ကြီး ကျနေတယ်။ ဒီတုန်းမှာပဲ မဖဲဝါရဲ့လက်က စူးပြီးတောက်နေတဲ့ စက်တန်းလေး တစ်တန်းက လှစ်ကနဲ ပြေးပင်ကို ပတ်လိုက်တယ်။ “ဟာ” ကျုပ်ပါးစပ်က လန့်ပြီးအော်လိုက်မိတာဗျို့။ ကဝေရာဇာကြီးလည်းပင်း တိကနဲ ပြတ်ကျသွားပြီဗျို့။ ကျုပ်မျက်စိတောင် ကျုပ် မယုံနိုင်အောင် ဖြစ်နေတာ လည်ပင်းငုတ်တိုကြီးကနေ ပန်းထွက်လာတဲ့ သွေးတွေဟာ နှစ်ပေလောက်တောင် ရောက်သွားတယ်ဗျ။ ကျုပ်လည်း ကျုပ်ရဲ့ သံကဝေရုပ်ကလေးကို ပြန်သိမ်းလိုက်တယ်။မဖဲဝါက ကျုပ်ကို လှမ်းကြည့်ပြီး သူ့လက်နှစ်ဖက်ကို ကြိုးဆွဲသလို ဆွဲပြတယ်။ ကျုပ် သိပြီ။ကျုပ် သိပြီ။ကဝေပိုက်ကွန်ကို ဆွဲယူခိုင်း တာဗျို့။ကျုပ် ချက်ချင်းပိုက်ကွန်ကို ပြန်သိမ်းလိုက်တယ်။ “ရွှီး ရွှီး” “ဟာ" ကျုပ်လန့်ပြီးအော်မိပြန်ပြီဗျို့။ကျုပ်လည်း ကဝေပိုက်ကွန် သိမ်းလိုက်ရော မဖဲဝါက စောစောက ကဝေရာဇာကို လည်းပင်ဖြတ်တဲ့ စက်ကို စုန်းမတွေဆီ လွှတ်လိုက်တယ်ဗျ။ “အား အား အား ” စုန်းမကြီးတွေ အသံနက်ကြီးနဲ့ အော်လိုက်ကြတယ်။ ပြီးတော့ တွန့်လိမ့်ပြီးမှ ငြိမ်ကျသွားကြတယ်ဗျို့။ ကျုပ်ကဝေရာဇာကို ကြည့်လိုက်တော့ … “ဟာ ” ကျုပ် လန့်ပြီးအော်မိပြန်ရောဗျာ။ကဝေကြီးရဲ့ အလောင်းက လူမဟုတ်ဘူးဗျ။ခွေးမဲကြီးတစ်ကောင် ဖြစ်နေတယ်။ခွေးမဲကြီးက ဆန့်ဆန့်ကြီး သွေးအိုင်ထဲမှာ လဲနေတာဗျို့။ခေါင်းပြတ်ကြီးက တစ်ပေလောက်အကွာမှာ ခွေးခေါင်ကြီးပဲ။ “ဟာ” ကျုပ်မှာ အံ့သြရပြန်ရောဗျာ။စုန်းမကြီးတွေကို လှည့်ကြည့်တော့ လူတွေ ဟုတ်တော့ဘူးဗျာ အားလုံး လင်းတအသေ ငါးကောင် ဖြစ်နေရောဗျို့။ ကျုပ်အံ့သြပြီး မဖဲဝါကို လှည့်ကြည့်လိုက်တယ်။ မျက်လုံးနီနီကြီးတွေနဲ့ ကျုပ်ကို တစ်ချက်ကြည့်တယ်။ “ဝူး ဝူး ဝူး ဝူး ” ဒီတုန်းမှာပဲ မဖဲဝါရဲ့ ခွေးနက်ကြီးက အပြေးအလွှားရောက်လာပြီး မဖဲဝါရှေ့မှာ ရပ်လိုက်တယ်။ကဝေပိုက်ကွန်ကို သေသေချာချာ ခေါက်နေတဲ့ ကျုပ်ကို ခွေးနက်ကြီးက စိုက်ကြည့်နေတယ်ဗျ။ ဟော သွားကြပြီဗျို့။မဖဲဝါရော သူ့ခွေးနက်ကြီးရော ထွက်သွားကြပြီ။ ကျုပ်လည်း ရွာထဲကို ခပ်သုတ်သုတ် ပြန်ဝင်ခဲ့တယ်။ ကျုပ် အိမ်ပြန်ရောက်တော့ နာရီပြန်နှစ်ချက်ကျော် နေပြီဗျ။အဘနဲ့ အမေ မသိအောင် ကျုပ် အိမ်ထဲကို တိတ်တိတ်ကလေး ဝင်ပြီး အိပ်နေလိုက်တယ်။ ဒါပေမယ့် အိပ်လို့ ဘယ်ပျော်ပါ့မလဲဗျာ။

  • 9 апр. 2024 г.148 тыс445338

    မဖဲဝါ အော်ရယ်လိုက်တာဗျို့။ကဝေရာဇာကြီးက ချက်ချင်း သူရဲ့ စက်တွေ လွှတ်ပြီဗျို့။ပါးစပ်က ထွက်လာတဲ့ အစိမ်းရောင်စက်တွေက မြွေတစ်ကောင် ပြေးသလို ချက်ချင်းပြေးသွားတယ်။မဖဲဝါက မျက်လုံးက အလင်းတန်းသေးသေးလေးနှစ်တန်း ထွက်လာတယ်။အရောင်ကတော့ လိမ္မော်ရောင် တောက်နေတာဗျ။ဟော ကဝေရာဇာရဲ့ စက်တွေနဲ့တွေ့ပြီး စက်နှစ်ခု လိမ်သွားပြီ။ ဟာ ကဝေရာဇာရဲ့ စက်တွေ ပြတ်ထွက်ကုန်ပြီဗျို့။ ဟော ဟော ကဝေရာဇာကြီးပါ ဂူအောက်ကို လိမ့်ကျသွားပြီဗျို့။ “ဝုန်း ဝုန်း” ဟာ ကဝေရာဇာကြီးက ရုပ်ပြောင်းရုပ်လွဲ အတတ်နဲ့ ချက်ချင်ကျားပုံစံ ဖန်ဆင်းလိုက်ပြီဗျ။ ဟာ ကျားမှ နည်းတဲ့ကျားကြီးမဟုတ်ပါဘူးဗျာ။ ဟိန်းထွက်တာမှ မြေကြီးတောင် တုန်သွားတယ်ဗျို့။ ဟော ဟော ဂူကြီးတွေပေါ်ကို ခုန်တက်လိုက်ပြီ လိုက်ပြီဗျို့။လိုက်ပြီ။ မဖဲဝါကို လိုက်ပြီဗျို့။ မဖဲဝါက ဂူတွေပေါ်ကနေ ရိပ်ကနဲ ရိပ်ကနဲ ပြေးတယ်။ကျားကလည်း ဝုန်းကနဲ ဝုန်းကနဲ ဟိန်းပြီး မဖဲဝါကို လိုက်ကိုက်တယ်။ ဘုရား ဘုရား ကျုပ်ဆိုတာ ဘုရားတနေရတော့တာပေါ့ဗျာ။ ဟော မဖဲဝါက ဂူတွေပေါ်က ရိပ်ကနဲ ရိပ်ကနဲ ပြေးရင်က အရှိန်ကို ပိုမြှင့်လိုက်တယ်။ အရိပ်ကလေးပဲ တွေ့ရတယ်ဗျို့။ မြန်လိုက်တာမှ လှစ်ကနဲ လှစ်ကနဲကို ဖြစ်နေတာဗျ။ ကဝေရာဇာကျားကြီးတောင် မဖဲဝါ ပျောက်ပျောက် သွားလို့ လိုက်ရှာနေရတာဗျ။ဟာ မဖဲဝါ ကျားကြီး အနောက်ကို ရောက်သွားပြီ။ ပြေးပြီ။ပြေးပြီ။ မဖဲဝါ ပြေးပြီဗျို့။ရိုက်ပြီ ။ရိုက်လိုက်ပြီ ။ကျားရဲ့ ခါးဆစ်ရိုးနေရာကို သူရဲ့ လက်ဝါးကြီးနဲ့ ရိုက်ချလိုက်တာဗျို့။ “ဘုန်း” တစ်ချက်ပဲ။တစ်ချက်ပဲ။ကျားကြီးက ဂူပေါ်ကနေ ခွေကနဲ ပြုတ်ကျသွားပြီ။ ချက်ချင်းမထနိုင်ဘူးဗျို့။ဟော ထလာပြီ။ ဒါပေမယ့် ကျားမဟုတ်တော့ဘူးဗျို့။ ဂူပေါ်ကို ခုန်တက်လိုက်တယ်။ ဒါပေမယ့် ဒီလူ ခါးနာသွားပုံပဲဗျ။ ဒေါသလည်း တော်တော်ကို ထွက်နေပုံရတယ်ဗျို့။ “နင်က ဘာအဆင့်မှ မရှိတဲ့ သရဲမ။ အရှင်မွေးလို့ နေ့ချင်းကြီးလာတဲ့ကောင်မ။ မယ်တော်လေးပါး စောင့်ရှောက်လို့ နင် အစွမ်းတွေ ရှိလာတာဟဲ့ သရဲမရဲ့။ နင်ကိုနင် ဟုတ်လှပြီ ထင်မနေနဲ့ ငါ ဘာကောင်လဲဆိုတာ မကြာခင် နင် သိစေရမယ် ကဝေရာဇာတဲ့ဟေ့” ကဝေကြီးက ကြုံးဝါးလိုက်ပြီတော့ မျက်လုံးတွေ နှာခေါင်းတွေနဲ့ ပါးစပ်ကပါ စက်တွေ ထွက်လာရောဗျို့ စက်တန်းကြီးငါးခုဟာ မဖဲဝါဆီကို ထိုးဝင်သွားတော့ မဖဲဝါ နောက်ဆုတ်သွားတယ်ဗျ။မဖဲဝါလည်း စက်တွေထုတ်တယ်။ဒါပေမဲ့ မဖဲဝါရဲ့ စက်တွေက ရှေ့ကို တိုးမလာတော့ဘဲ တစ်လံလောက်မှာ ရပ်သွားတယ်။ ဟာ မဖဲဝါ ဘယ်လိုမှ မယှဉ်နိုင်တော့ဘူးဗျ။ “ဟား ဟား ဟားး ဟား ” ကဝေရဲ့ ရယ်သံကြီး ထွက်လာပြီး စက်တွေကို အလုံးလိုက်ထုတ်ပြီး မဖဲဝါဘက်ကို လွှတ်တယ်ဗျ။ မဖဲဝါ ဂူတွေပေါ်က ကျော်ပြီး နောက်ဆုတ်သွားပြီဗျ။ တဖြည်းဖြည်းနဲ့ မဖဲဝါက ဆုတ် ။ကဝေက လိုက်နဲ့ သင်္ချိုင်းအနောက်ဘက်က ယာကွက်ကြီးထဲကို ရောက်သွားပြီဗျို့။ သြော် လက်စသတ်တော့ ကဝေရာဇာက မဖဲဝါကို တမင်တွန်းထုတ်သွားတာကိုးဗျ။ ယာကွက်ထဲမှာ သူကြိုလွှတ်ထားတဲ့ သူ့မယား စုန်းမကြီး ငါးယောက်ကလည်း စက်တွေ တဝင်းဝင်းနဲ့ စောင့်နေကြတာဗျ။ မဖဲဝါ စုန်းမတွေကို မြင်တော့ နည်းနည်းတွန့်သွားပုံရတယ်။ “ဟဲ့ ကောင်မတွေ နင်တို့စက်တွေ ငါ့ဆီပို့ပေးစမ်း ဒီသရဲမက မယ်တော်တွေအားကိုးနဲ့ ငါ့ကို ခံနေတာ ဒီကောင်မကို ငါ ဒီည ရအောင်ဖမ်းမယ်” ဟာ စုန်းမကြီးတွေ သူတို့စက်တွေကို တဝင်းဝင်းနဲ့လွှတ်ပြီဗျို့။ စက်တွေက ကဝေကြီးဆီကို အကုန်ရောက်သွားတာဗျို့။ ကဝေရဲ့ စက်တွေက စုန်းမတွေရဲ့ စက်နဲ့ပေါင်းပြီး အရောင်တွေ ပိုတောက်လာတယ်ဗျ။ မဖဲဝါရဲ့စက်တွေက ရှေ့ကို တိုးမလာနိုင်တော့ဘူးဗျို့။ စောစောက ကဝေရာဇာရဲ့ စပြီးလွှတ်တဲ့အား သိပ်မပြင်းတဲ့စက်ကိုတော့ မဖဲဝါရဲ့စက်က ဖြတ်ထုတ်ပစ်လိုက်နိုင်တယ်ဗျ။ အခုတော့ ဘယ်လိုမှ ယှဉ်နိုင်ပုံ မပေါ်ဘူး။ ဟာ စက်တန်းကြီး။မဖဲဝါကို ပတ်နေပြီ။ မဖဲဝါ အသားဆတ်ဆတ်တုန်နေပြီဗျ။ ဒါပေမယ့် တောင့်ခံထားပုံပဲ။ ဒါပေမယ့် မဖဲဝါရဲ့ခေါင်းက နောက်ကိုလန်နေပြီ လက်ဝါးနှစ်ဖက်နဲ့တော့ ကဝေရဲ့ စက်တွေကို တွန်းထားတုန်းပဲဗျ။ဒီတိုင်းဆိုရင်တော့ မဖဲဝါ ရေရှည်ခံနိုင်ပုံ မပေါ်ဘူးဗျို့။ ဟာ မဖဲဝါ ဒူးထောက်ကျသွားပြီ။ “ဟား ဟား ဟား ဟား နင် ဘာခံနိုင်သေးတုံး သရဲမ ဟင် ကဝေရာဇာကို နင်ယှဉ်နိုင်မယ် ထင်လို့လား ကဲဟာ ကဲဟာ ” ပြောပြောဆိုဆိုနဲ့ လက်ချောင်းတွေကနေ စက်တွေထပ်လွှတ်တယ် ။ ဟာ ဖဲဝါ တဖြည်းဖြည်းနဲ့ သေးသွားပြီဗျို့။ဟာ သေးသေးလေး ဖြစ်သွားပြီဗျာ။ နှစ်လက်မလောက်ကလေးပဲ ရှိတော့တယ်။ ထဘီအနက် အင်္ကျီအနက်နဲ့ တကယ့်အရုပ် ကလေးကျနေတာပဲဗျာ။ဟာ ကဝေက စလွယ်သိုင်း လွယ်ထားတဲ့ သူ့လွယ်အိတ်ကြီးထဲက ပုလင်းတစ်လုံးကို ထုတ်တယ်။ပုလင်းက အဝကျယ်ကျယ်ဗျ။ အဖုံးက ဝက်အူရစ်အဖုံးအနက်ဗျ။ အဖုံးကို လှည့်ပြီး ပုလင်းကို ဖွင့်တယ်။ ပြီးတော့ မဖဲဝါသေးသေးလေးကို ဂုတ်ကကိုင်ပြီး ပုလင်းထဲကို ထည့်လိုက်တယ်။ “မှတ်ထား သရဲမ ဒါ 'မှော်ဝင်ပုလင်း'လို့ခေါ်တယ် မှော်ထောင်ချောက်ဟေ့ မှော်ထောက်ချောက် နင့်လို သရဲတွေ သရဲမတွေကို ဖမ်းတဲ့ ပုလင်းဟဲ့ ဒီပုလင်းထဲကနေ နင် ပြန်ထွက်ချင်ရင် ငါကို နင်သခင်မရဲ့ ပညာဗူး အပ်ပေတော့ အဲဒါ မအပ်မချင်း နင် ဒီပုလင်းထဲကနေ ဘယ်တော့မှ မထွက်ရတော့ဘူး မှတ်ပေတော့” “ဟီး ဟီး ဟီး ဟီး ”

  • 9 апр. 2024 г.98,7 тыс362284

    ဟော လာပြီဗျို့ လာပြီ ပျံလာတဲ့အသံတွေ ကြားပြီ။ ကျုပ်လည်း လက်ထဲက ဆေးပေါ့လိပ်ကို မြေကြီးမှာထိုးပြီး မီးငြိမ်းလိုက်တယ်။ ဟာ မနေ့ကညက လာတဲ့ လင်းတကြီး ငါးကောင်ဗျို့။ဟော ထနောင်းကုန်းသင်္ချိုင်းပေါ်မှာဝဲပြီး ပျံနေကြတာဗျို့။ “ဝီ ဝီ ဝီ ဝီ ဝီ" ဒီနေရာတစ်ဝိုက်မှာ ကျီးတွေ ငှက်တွေတောင် မရှိကြဘူးဗျို့။ရှိရင် လန့်ပြီးပျံမှာပေါ့ဗျာ။ လင်းတကြီးတွေကတော့ ဝဲနေဆဲပဲဗျ။ ဒီနေ့တော့ စက်တွေလွှတ်တဲ့ မတွေ့တော့ဘူးဗျို့။ ဟာ…ဘာတုံးဗ်။ ဒါ ဘာတုံး… “ရွှီ ရွှီ ရွှီ ရွှီ” မှောင်မဲနေတဲ့ ကောင်းကင်မှာ ပေါ်လာတာဗျို့။ အရောင်တွေ တဝင်းဝင်းနဲ့ ရောက်လာတာ ဘာတုံးဗျ။ဟာ နိမ့်လာပြီ။ နိမ့်လာပြီ။ကြည့်စမ်း လင်းတကြီးတွေက အပေါ်ကို ခေါင်းတွေ ထောင်ပြီး ပျံတက်သွားပြီဗျို့။လင်းတကြီးတွေ ကိုယ်ကနေ စက်ရောင်တွေ ဖြာထွက်ထွက်နေလိုက်တာ ကြည့်လို့တောင် ကောင်းသေးတော့ဗျာ။ အောင်မာ အောင်မာ စုန်းမတွေက အပေါ်က ရောက်လာတဲ့ အရောင်တလက်လက်နဲ့ ယာဆီကို ပျံသွားကြတာဗျို့။ ဟာ မဖဲဝါပြောတဲ့ ကဝေရာဇာကြီး ရောက်လာတာ ဖြစ်မယ်ဗျ။လင်းတပုံစံ ဖန်ဆင်းထားတဲ့ စုန်းမကြီး ငါးယောက်က သူတို့ ယောင်္ကျား ကဝေရာဇာကြီးကို အပေါ်တက်ပြီး ကြိုနေကြတာဗျ။ ဟော ဟော ဆင်းလာပြီဗျို့။ အရောင်တွေမှ တဝင်းဝင်းကို ဖြစ်နေတာဗျာ။ အားလုံးအောက်ကို ဆင်းလာပြီဗျ။ ဆင်းလာပြီ။ ဟာ ဂူတွေပေါ်မှာ မတ်တတ်တွေ ရပ်နေကြပြီ။ ကဝေရာဇာကြီးက ကျောင်းအစ်မကြီးရဲ့ ဂူပေါ်မှာ ရပ်လို့ဗျ။သူ့မယား စုန်းမကြီးတွေက ဆံပင်ဖားလျားကြီးတွေနဲ့ ထဘီအနက်ကြီးတွေ ဝတ်ထားတယ်ဗျ။ ကဝေရာဇာဆိုတဲ့ အကောင်ကြီးကတော့ သျှောင်တစ်စောင်းကြီး ထုံးထားတယ်။ သူတို့ရုပ်တွေတော့ ကျုပ်သေသေချာချာ မမြင်ရဘူးဗျ။ညက ကြယ်ရောင်ပဲ ရှိတာဆိုတော့ အမှောင်ကဲနေတာလေဗျာ။ “ရှင်မတို့ နင်တို့စက်တွေကို ကောင်းကောင်းဖြန့်ထား ကြပြီလား” “ဖြန့်ထားပါပြီ အရှင်” “အေး အေး မြေပြင်စက် ဝေဟင်စက်တွေနဲ့ ညှပ်ပြီးမှ ဒီသရဲမကို ဖမ်းလို့ရမှာကွဲ့” “နေပါဦး အရှင် ဒီသရဲတစ္ဆေမကို ဒီလောက်တောင် စက်တွေဖြန့်ပြီး ဖမ်းရတာ အံ့သြလွန်းလို့ပါရှင်။ တခြားပညာသည်တွေနဲ့ တိုက်ရ။ခိုက်ရတာတောင် ဒီလောက်ကြိုပြီး စက်တွေ ဖြန့်နေရတယ်လို့ ကျမတော့ နားကို မလည်လို့ပါရှင်” ” ဟဲ့ သောက်ကန်းမ နားမလည်ဘဲ ထင်ရာလျှောက်ပြောမနေနဲ့ ငါ ထကန်လိုက်ရင် ပင်လယ်ထဲအထိ လွင့်သွားမယ် ဒီသရဲမက ရိုးရိုး သရဲမ မဟုတ်ဘူး နင်သိလား မြောက်ဘက်ရှင်မက သူရဲ့ပညာဗူးကိုစောင့်ဖို့ သူရဲ့စက်တွေ ဒီသရဲမမှာ တပ်ပေးထားတာ နင် သိသလား နင်မှာရှိတဲ့ စက်နဲ့ မြောက်ဘက်ရှင်မရဲ့ စက် အဆင့်ချင်းတူတယ်လို့ နင် ထင်နေသလား ကဲ သွားကြ ငါမှာထားတဲ့အတိုင်းလုပ် သရဲမ လာလို့ ငါနဲ့ ရင်ဆိုင်နေတဲ့အချိန်မှာ နင်တို့က စက်တွေ ဝိုင်းလွှတ်ပေးထားကြ ကြားလား။ဒါမှ ငါ့စက်က အရှိန်ပိုမြင့်လာပြီး ဒီသရဲမကို ဖမ်းချုပ်နိုင်မှာ ကဲ သွားကြတော့” ကဝေရာဇာကြီးက သူ့မယား စုန်းမကြီးတွေကို မောင်းထုတ်လိုက်တယ်။ဟာ စုန်းမကြီးတွေက ထဘီကိုနှစ်ထပ်ထက်ထားတာဗျ။အပေါ်ကတစ်ထပ်ကိုချွတ်ချလိုက်ပြီး “ဗြန်း ဗြန်း နဲ့ ခါလိုက်တယ်။ ပြီးတော့ ဇောက်ထိုးကြီးတွေ ဝတ်လိုက်ကြတယ်။ သြော် လက်စသတ်တော့ အပေါ်က ထပ်ဝတ်တဲ့ ထဘီက ပညာသည်ထဘီတွေကိုး။ စုန်းမကြီးတွေ စက်ရောင်တွေ တလက်လက်နဲ့ သင်္ချိုင်း ထဲက ထွက်သွားတယ်ဗျ။ဒီမိန်းမကြီးတွေက ဘယ်ကိုသွားမှာတုံးဆိုပြီး ကျုပ်က သေသေချာချာ လိုက်ကြည့်တယ်။သင်္ချိုင်း အနောက်ဘက်က ယာခင်းထဲကို ထွက်သွားကြတာဗျ။ ဒီယာကို သင်္ချိုင်း ယာလို့ ခေါ်ကြတယ်။ ဘိုးမင်းဒင်ကြီးရဲ့ယာဗျ။ဘိုးမင်းဒင် မရှိတော့ သူ့သား ကိုကြီးမင်းညို လုပ်နေတာဗျ။ “သရဲမ မဖဲဝါ နင်အခု ချက်ချင်း ဒီသင်္ချိုင်းကုန်းထဲကို လာခဲ့ နင့်သခင်မ မြောက်ဘက်ရှင်မရဲ့ ပညာဗူးကိုပါ တစ်ခါတည်း ယူလာပြီး ငါ့ကိုအပ်ပေတော့ ငါ့ကိုကြောက်ပြီး ပုန်းနေမယ်တော့ မကြံနဲ့ နင့်ဆီကို ငါရောက်လာပြီး ဆံပင်ကနေ ဆွဲခေါ်သွားမယ် မှတ်ပေတော့ ဟား ဟား ဟား ဟား” “ဝူး ဝူး ဝူး အီ အီ အီ” ဟော မဖဲဝါရဲ့ခွေးကြီး အူသံ ကြားနေရပြီဗျို့။ မဖဲဝါလာနေပြီ။လာနေပြီ။ကဝေရာဇာ ဆိုတဲ့ အကောင်ကြီးကတော့ မဖဲဝါခွေးကြီးအူသံကို သိပုံမပေါ်ဘူးဗျ။ “ဝူး ဝူး ဝူး ဝူး အီး အိ” ဟော ခွေးကြီးအူသံက တဖြည်းဖြည်း နီးလာပြီဗျို့။ ဟာ လာပြီဗျို့။လာပြီ။ ဂူတွေပေါ်ကျော်ပြီး ပြေးလာတာဗျို့။ဆယ်ပေလောက်မြင့်တဲ့ ဖြူဖြူအရိပ်ကြီးတစ်ခု ပြေးလာတာဗျို့။ ဟော ဂူကြီးတစ်လုံးပေါ်မှာ ရပ်သွားပြီ။ ကဝေရာဇာကြီးရဲ့ စက်တွေက ဖြန့်ထားတာဆိုတော့ မဖဲဝါရှေ့ကိုတိုးလို့ မရတော့ဘူးထင်တယ်ဗျ။ ဟာ မဖဲဝါက ထဘီအနက် ခါးတောင်အင်္ကျီအနက်နဲ့ ခေါင်းမှာလည်း ခေါင်းပေါင်းအနက် ပေါင်းထားတာဗျ။ ဆံပင်ကတော့ ဖားလျားကြီးချလို့ဗျ။ အရပ်ကြီးမှ ဆယ်ပေလောက်ကို မြင့်တာပါဗျာ။ “ဟဲ့ ကောင်မ မဖဲဝါ ဘယ်မှာတုံး ငါ့ကို အပ်မယ့် ပညာဗူး။ နင့်သခင်မရဲ့ ပညာဗူးကို ငါ လိုချင်တယ် နင် မသေချင်ရင် အခုသွားလိုက်” “ဟီး ဟီး ဟီး ဟီး ဟီး”

  • 9 апр. 2024 г.85,6 тыс457276

    “အေး သူထိုင်တဲ့ သစ်သားကုလားထိုင်ကြီးကလည်း ဘုရားလေးဆူက မုဆိုးဒူးထောက်ထိုင်ပြီး ပခုံးတွေနဲ့ ထမ်းထားတဲ့ပုံ ထုထားတာ။ဒီအကောင် မျက်နှာသစ်တဲ့ နေရာမှာလည်း ဘုရားမတ်ရပ်တော် တစ်ဆူက သူ့ကို ရေမှုတ်ကမ်းပေးနေတဲ့ပုံ ထုထားတယ်။ကုလားထိုင် ထိုင်ပြီးရင်လည်း သာလျောင်းပုံထားတဲ့ ဘုရားဆင်းတုပုံတော်ပေါ်မှာ ခြေထောက်တင်ပြီး ထိုင်တာ။ ဒီအကောင် ခြေဖဝါးမှာလည်း ဘုရားပုံတော်တစ်ပုံစီ ထိုးထားတယ်ဟေ့” “ဟာဗျာ ကျုပ်ဖြင့် ကြားတာနဲ့တောင် ကြက်သီးတွေ ထလာမိတယ် မဖဲဝါရေ” “အေး အခု ရောက်လာတဲ့ လင်းတတွေက ဒီအကောင်ရဲ့ မယားတွေဟဲ့ တာတေရဲ့ သူ ပညာပေးထားတဲ့ စုန်းမကြီးတွေလေ။ ဒီကောင်မတွေလည်း ပညာမသေးဘူးပဲ။ ကဝေမြောက်စုန်းတွေ ဖြစ်နေပြီ။ဒီကောင်မ ငါးကောင်က ရှေ့ပြေးလာပြီး စက်တွေဖြန့်နေတာ တခြားပညာသည်တွေ မလာနိုင်အောင် ကြိုပြီး ရှင်းထုတ်နေတာပေါ့ တာတေ” “နေပါဦးဗျ ဒီကဝေရာဇာ ဆိုတဲ့ အကောင်ကြီးက ခင်ဗျားဆီကို ဘာကိစ္စလာမှာတုံး” “ငါ့ကို ဖမ်းဖို့လေ တာတေ” “ဟာ မဖဲဝါကို ဖမ်းဖို့ ဟုတ်လား” “ဟုတ်တယ် တာတေ ငါ့ကို ညှဉ်းပမ်းပြီး ငါ့သခင်မမြောက်ဘက်ရှင်မရဲ့ ပညာဗူးကို တောင်းမှာပေါ့ဟယ် ။ အဲဒီပညာဗူးကို သူတို့လို ကဝေရသွားရင် အသက်ထောင်ချီပြီး နေနိုင်ပြီလေ တာတေရဲ့ ဟား ဟား ဟား ရမတဲ့လား တာတေရယ် ငါက မဖဲဝါလေ ။ အေးလေ ဘယ်သူ ဘာဖြစ်မယ်ဆိုတာတော့ မနက်ဖြန်ည သိကြမှာပေါ့လေ” ” ဗျာ ဘယ်လိုဗျ မဖဲဝါ ။ မနက်ဖြန်ညဆို ဒီကဝေကြီး ရောက်လာတော့မှာ ဟုတ်လား” “အေး …ဟုတ်တယ် တာတေ” “မဖဲဝါ ကျုပ်ပါ လာခဲ့မယ် ကျုပ်တတ်နိုင်သလောက် ကူမယ်” “ဟာ နင်မလာနဲ့ တာတေ ကဝေရာဇာဆိုတာ အန္တရာယ်သိပ်များတဲ့အကောင် ။လူတစ်ယောက် သတ်ဖို့ဆိုတာ ပုရွတ်ဆိတ် သတ်တာလောက်ထင်တဲ့ အကောင်ဟဲ့" ကျုပ် ဖျက်ကနဲ လန့်နိုးသွားတယ် ။မိုးတောင် လင်းတော့မှာဗျ။အမေတောင် ထမင်းချက်နေပြီ။ ဒီနေ့ဆရာတော့်ကျောင်းကို ဆွမ်းချိုင့်ပို့ရမှာဗျ။ ကျုပ်တို့ ဆွမ်းလှည့်လေဗျာ။ မနေ့ကတည်းက အမေ ဝက်သားချက်နေတာ ကျုပ်တွေ့တယ်။ မိုးချုပ်မှာ ဘယ်က ဆုံသားရလာတယ် မသိပါဘူးဗျာ။ကျုပ်တောင် ငရုပ်သီး ဝင်ထောင်းပေးလိုက်သေးတယ်။ အမေချက်တဲ့ ဝက်သားဟင်းကို ကျုပ်ဆရာတော်ကလည်း လွှတ်ကြိုက်တာဗျ။ ကျုပ်ကတော့ ပြောမနေနဲ့တော့ပေါ့ဗျာ။ ကျုပ် ကျောင်းကို ဆွမ်းချိုင့်ဆွဲပြီး အမေနဲ့ လိုက်ရတယ်။ဆွမ်းကပ်ပြီး ဆရာတော်နဲ့ စကားပြောဆိုပြီး ကျုပ်တို့ ပြန်လာခဲ့တယ်။ ထမင်းစားချိန်ရောက်တော့ ကျုပ်ဝက်သားနဲ့ တစ်ဝကို စားပစ်လိုက်တာဗျို့။ ပြီးတော့ မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာ ကျုပ်အိပ်ပစ်လိုက်တယ်။ရာသီက သိပ်မပူသေး တော့ အိပ်လို့ကောင်းသားဗျ။ဘယ်သူမှလည်း ကျုပ်ဆီမလာတော့ ညနေစောင်းမှ ကျုပ်နိုးလာတာဗျို့။ အမှန်ကတော့ ဒီည ကိစ္စတွေ ရှိနေလို့ အိပ်ရေးဝအောင် ကျုပ် ကြိုပြီးအိပ်ထားတာပေါ့ဗျာ။ အိပ်ရာက နိုးတော့ လန်းသွားအောင် ကျုပ် ရေမိုးချိုးပြီး အဝတ်အစားလဲထားလိုက်တယ်။ မိုးမချုပ်ခင် လင်းလင်းရှင်းရှင်းရှိတုန်း ကျုပ်ဆေးလွယ်အိတ်ကို ထုတ်ယူပြီး ကျုပ်ဆရာကြီး ဦးမင်းအောင်နဲ့ ဆရာနွံဖတို့ ချီးမြှင့်ထားတဲ့ အင်းတော် ဆေးတော်တွေ ထုတ်ပြီး စစ်ဆေးလိုက်တယ်။ ဆေးတော်ရုပ်တွေကိုလည်း ဂါထာရွတ်ပြီး နှိုးထားလိုက်တယ်။ကျုပ် ဆရာနွံဖ လုပ်တဲ့အတိုင်း ဘုရားခန်းဝင်ပြီး ဘုရားရှိခိုး ပုတီးစိပ်တယ်။ ဆေးတွေ အင်းတွေ ဆေးတော်ရုပ်တွေကို လင်ဗန်းကလေးနဲ့ ထည့်ပြီး နှိုးထားတဲ့ သဘောပေါ့ဗျာ။ ဆရာကြီး ဦးမင်းအောင် လုပ်တာလည်း ကျုပ် မြင်ဖူးတွေ့ဖူးခဲ့တာမို့လား။ ဆရာကြီး ဦးမင်းအောင်အကြောင်းကို ခင်ဗျား မသိသေးရင်တော့ “ကဝေဆယ်နှစ်ကြိုး” စာအုပ်မှာ ဖတ်ကြည့်ပေါ့ဗျာ။ ကျုပ် နှစ်နာရီလောက်ထိုင်ပြီး ပုတီးစိပ် ဂါထာတွေ ရွတ်ပေါ့ဗျာ။ “ဟဲ့ တာတေရေ ညစာ စားတော့လေ မိုးချုပ်ပြီ” လို့ အမေ သတိပေးတော့မှ ကျုပ် ပုတီးစိတ်တာ ဖြုတ်ပြီး ထမင်းစားလိုက်တယ်။ထမင်းစားပြီးတော့ ကျုပ် ဘုရားခန်း ပြန်ဝင်ပြီး ပုတီးပြန်စိပ်တယ်။ အင်မတန်ကြောက်စရာကောင်းတဲ့ ရန်သူလို့ မဖဲဝါပြောတော့ ကျုပ်ကိုယ်ကျုပ် မပြင်ဆင်ဘဲ သွားလို့ ဘယ်ဖြစ်မှာတုံးဗျာ။ ညကိုးနာရီတိတိကျမှ ကျုပ် အိမ်က ထွက်လာတယ်။ ထနောင်းကုန်းသင်္ချိုင်းကို ရောက်တော့ ပထမညက ကျုပ်ပုန်းပြီးကြည့်တဲ့ မန်ကျည်းပင်ကြီးအောက်ကိုပဲ ကျုပ်လာခဲ့တယ်။မန်ကျည်းပင်ကြီးက တော်တော်ကို ကြီးတာဗျ။လူတစ်နှစ်ဖက်လောက်ကို ရှိတယ်။ ကျုပ် မန်ကျည်းပင်နောက်မှာ ထိုင်ပြီး နဂါးဆေးပေါ့လိပ်ကလေး ဖွာနေလိုက်တယ်။ မီးကိုတော့ ဘေးက မတွေ့အောင် လက်နဲ့အုပ်ပြီး ဖွာရတာပေါ့ဗျာ။ကျောက်ခဲတို့ သာသိရင် လိုက်ချင်မှာဗျ။ ဒါကြောင့် ကျုပ် ဒီကောင်တွေကို မပြောဘဲ ထွက်လာတာ။ကလေးတွေ ခေါ်လို့ ဘယ်ဖြစ်မှာတုံးဗျာ။ ကျုပ်ကတော့ တာတေလေဗျာ။ဒါမျိုးကို ဘယ်တော့မှ လက်လွတ်မခံဘူးဗျ။ရောက်အောင်လာပြီး မြင်အောင်ကြည့်မှာဗျ။ ကျုပ် အိမ်က မထွက်ခင်ကတည်းက မျက်ကွင်းဆေး ကွင်းလာခဲ့တာ။ ပတ်ဝန်းကျင်ကို ကျုပ် လိုက်ကြည့်တော့ ဘာဆိုဘာမှ မမြင်ဘူးဗျ။ တစ္ဆေလည်း မရှိဘူး။ သရဲလည်း မရှိဘူး။ဟိုရက်ကတည်းက စုန်းမကြီးတွေ လာလာပြီး စက်တွေလွှတ်ထားလို့နဲ့ တူတယ်ဗျ။ တစ္ဆေ သရဲတွေလည်း စုန်းကဝေတွေရဲ့ စက်တွေကို ကြောက်နေပုံရတယ်ဗျ။ ကျုပ် မန်ကျည်းပင်ကြီးမှီပြီး ဆေးလိပ်သောက်နေတာ နဂါးဆေးပေါ့လိပ်တစ်လိပ်တောင် ကုန်တော့မယ်ဗျ။ ခုထိ ဘာမှ မတွေ့ရသေးဘူး။ “ဝီ ဝီ ဝီ ဝီ”

  • 9 апр. 2024 г.74,2 тыс438294

    “ကျုပ်လည်း မနေ့က မြင်တယ်ဗျ။ကိုညီလေးရဲ့ အားလုံးပေါင်း ငါးကောင်တောင် အကောင်ကြီးတွေကလည်း အတော်ကြီးသားဗျ။ကျုပ်တွေ့တာက ကျုပ်တို့ ရွာပေါ်မှာကို ဝဲနေတာကိုတွေ့တာ။ ကျုပ်လည်း စိတ်ထဲမှာ ထင်တော့ ထင်သားဗျ။ အရောင်တွေ တစ်ချက် တစ်ချက် လက်သွားသလားလို့ အခု ခင်ဗျား ပြောတော့မှ ဟုတ်နေတာပေါ့ဗျ။ ဒါဘာတွေတုံးဗျ။ရိုးမှ ရိုးရဲ့လား” “အဲဒါတော့ ကျုပ်လည်း မသိဘူးဗျ။ ကိုယာစိန်ရဲ့” အဲဒီတုန်းမှာ သူတို့ပြောတာကို ထိုင်ပြီးနားထောင်နေတဲ့ ကျုပ်ကို မြင်သွားပြီး ဘိုးညီလေးက ပြောတာဗျ။ “ဟဲ့ကောင် ကျောက်ခဲမို့လား” “ဟုတ်တယ် ဘိုး ကျုပ်ပါ ကျောက်ခဲ” “ဟာ ကျောက်ခဲ အတော်ပဲ ခုနက ငါနဲ့ ကိုယာစိန်နဲ့ ပြောတာတွေ မင်းကြားလိုက်တယ်မို့လား” “ကြားတယ် ဘိုး” “အေး မင်းအစ်ကိုကြီး တာတေကို ဒီအကြောင်း ပြောပြလိုက်ဦး ကြားလား” “ဟုတ်ကဲ့ ဘိုး ပြောလိုက်မယ်” “ကိုယာစိန်ရေ ကျုပ်တို့လည်း တာတေတစ်ယောက်ရှိတာ တော်တော်ကို အားကိုးရတာဗျို့ တာတေက လူသာငယ်တာ သတ္တိကလည်း ကောင်းပါ့ဗျာ ဆရာသမားတွေနဲ့ လိုက်ဖူး သွားဖူးတော့လည်း ဗဟုသုတကလည်း ရှိဗျ။ဘယ်သူ့မှာ အကြောင်းကိစ္စရှိရှိ နေတဲ့ကောင် မဟုတ်ဘူးဗျ” “တာတေဆိုတာ ကိုဥာဏ်သားမို့လား” “ဟုတ်တယ်လေ ကိုယာစိန်ရဲ့ လွှတ်အားကိုးရတဲ့ သူငယ်ဗျ” “အဲဒီလို ပြောဆိုပြီး ကျုပ်ကိုကြီးတာတေဆီ သွားခိုင်း လိုက်တာဗျ ဒါနဲ့ ကျုပ်က သံမဏိကို ခေါ်ပြီး ထွက်လာခဲ့တာ” ကျုပ် နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း စဉ်းစားကြည့်တယ် ။ဒါမကောင်းဘူးဗျ။ ကျုပ်တို့ ရွာမှာ ဘာအကြောင်းတွေပေါ်မှာတုံးတော့ မသိဘူးဗျ။ကျုပ်အတွေ့အကြုံအရ ပြောရရင် ဒါစုန်းမကြီးတွေပဲဗျ။ စုန်းဆိုတာကလည်း အမျိုးအစား များသားလား။ အဲဒီထဲမှာမှ ကဝေမြောက်စုန်းဆိုတာ တော်တော်လေး အစွမ်းထက်တာဗျ။ဒါတွေကို ကျုပ် ဆရာကြီး ဒေါက်တာဦးမင်းအောင် ပြောခဲ့တာဗျ။အင်း…အခုနေမျိုးမှ ကျုပ်ဆရာကြီးသာရှိရင် တော်တော်ကို ကောင်းမှာပဲလို့ ကျုပ်တွေးမိတယ်။ ညကိုးနာရီလောက်မှာ ကျုပ် မျက်ကွင်းဆေးကွင်းပြီး ထနောင်းကုန်းသင်္ချိုင်းဘက်ကို ထွက်လာခဲ့တယ်။ သင်္ချိုင်းထဲရောက်တော့ သင်္ချိုင်းမြောက်ဘက်က တစ်ဖက်လောက်ရှိတဲ့ မန်ကျည်းပင်ကြီးတစ်ပင်နောက်မှာ တွယ်ပြီး ကျုပ်စောင့်နေတယ်။အခုထိတော့ ဘာလင်းတမှ မတွေ့ဘူးဗျ။ဘာပဲဖြစ်ဖြစ် သန်းခေါင်ကျော်အောင်တော့ စောင့်ကြည့်ဖို့ ကျုပ် ဆုံးဖြတ်လိုက်တယ်။ “ဝီ ဝီ ဝီ ဝီ” ဟော အသံတွေတော့ ကြားရပြီဗျို့။ ဒါလင်းတပျံတဲ့အသံဗျ။ကျုပ်အပေါ်ကို မော့ကြည့်တယ်။ဟာ လာကြပြီဗျို့။ ပုံမှန်လင်းတထက် နှစ်ဆလောက်ကြီးတယ်ဗျ။ ထနောင်းကုန်းသင်္ချိုင်းမှာ ဝဲနေကြတာဗျ။ “ဝီ ဝီ ဝီ ဝီ ဝီ” အချိန်က သန်းခေါင်နားကပ်လာပြီ။လင်းတတွေက ပျံနေတုန်းပဲ။ဟော ဟော စက်တွေ လွှတ်ပြီဗျို့။ ဝင်းကနဲ လက်ကနဲနဲ့ စက်တွေ လွှတ်နေကြပြီဗျို့။ ဒါ စုန်းမကြီးတွေဆိုတာ သေချာတာပေါ့ဗျာ။ “ဝီ ဝီ ဝီ ဝီ” ဟာ သွားပြီဗျို့။သွားပြီ။အနောက်ဘက်က ပေါ်လာပြီ အနောက်ဘက်ကို ပျံသွားကြတာ။စက်လွှတ်တာကတော့ ဆယ်မိနစ်လောက်ပဲ ကြာတာဗျ။ ကျုပ်ဖြင့် တော်တော်ကို အံ့သြသွားတာဗျို့။ ဒီစုန်းမတွေ ဘာအတွက် ကျုပ်တို့ သင်္ချိုင်းကုန်းမှာ စက်တွေ လာလွှတ်ကြတာပါလိမ့်။ကျုပ် ဘယ်လိုပဲ တွေးတွေးပါဗျာ အဖြေတော့ မရဘူးဗျို့။ ကျုပ် အိမ်ပြင်ရောက်တော့ နာရီပြန်တစ်ချက် ရှိပြီဗျ။အမေ အသင့်ပြင်ပေးထားတဲ့ အိပ်ရာထဲကို ခြေလက် သေသေချာချာဆေးပြီးမှ ကျုပ်ဝင်အိပ်လိုက် တယ်။ “ဟီး ဟီး ဟီး ဟီး” ဟာ ကျုပ်ခေါင်းရင်းမှာ ချိတ်ထားတဲ့ ဆေးလွယ်အိတ်ထဲက မဖဲဝါကိုယ်ခွဲရုပ်ကလေးရဲ့ အသံဗျ။အခြေအနေ အရေးကြီးနေပြီဆိုတာ ကျုပ် မှန်းမိသွားပြီဗျို့ ။ကျုပ် အိပ်ရာထဲက ပြန်ထွက်ပြီး မဖဲဝါကိုယ်တိုင် ကျုပ်ကို အပ်ထားတဲ့ မဖဲဝါ ကိုယ်ခွဲရုပ်ကလေးကို ကျုပ် ယူပြီး ခေါင်းအုံး အောက်မှာ ထားပြီး အိပ်ပျော်သွားတယ်။ “တာတေ ငါ ဒီမှာ” ကျုပ်ကို အိပ်မက်ပေးတိုင်း တွေ့နေကျ ကောင်မလေးပဲဗျ။ခေါင်းမှာ အော်လံပန်းအဝါလေးတစ်ပွင့် ပန်လို့ဗျ။ကျုပ်လှည့်လိုက်တော့ ယုဇနပန်းချုံကြီးဗျ ဒါပေမယ့် ဒီကောင်မလေးကတော့ ယုဇနပန်း မပန်ဘူးဗျ သူ ပန်နေကျ ပန်းအဝါလေးပဲ ပန်ထားတာ။ ကျုပ်နဲ့ သူနဲ့က မနီးဘူး ခပ်လှမ်းလှမ်းကနေ စကားပြောနေတာ။ကျုပ်လည်း သူ့နားကို သိပ်မကပ်ရဲဘူးလေဗျာ။သူက မဖဲဝါပဲ။ “တာတေ ငါ့ဆီကို ရန်သူ လာနေပြီ” “ဟင် ဟုတ်လား မဖဲဝါ ဘယ်က လာနေတာတုံးဗျ။ လမ်းကစောင့်ပြီး ကျုပ် သတ်ပစ်လိုက်မယ်” မဖဲဝါက ပြုံးနေတယ် ။ ပြီးတော့မှ ပြောတယ်။ “နင် သူ့ကို ဘယ်သတ်နိုင်မှာတုံး” “အောင်မယ် သူက ဘယ်သူမို့လို့တုံးဗျ” “ကဝေရာဇာလို့ခေါ်တဲ့ အကောင်ဟဲ့ တာတေရဲ့ သူတို့ ကဝေအချင်းချင်းတောင် သူ့ကို ဦးခိုက်ကြရတာ ကဝေတွေထဲမှာတော့ ဒီအကောင်ကြီးက ပညာအမြင့်ဆုံးပဲဟေ့ အေး သေရင်တော့ မဟာငရဲကြီးမှာ နှစ်ပေါင်းထောင်ချီပြီး ခံရပေမယ့် အကောင်ပေါ့ဟာ ဒီအကောင်က ကျောက်ဂူကြီး တစ်ခုမှာ နေတယ်။ အမြဲနေတာတော့ မဟုတ်ဘူး တာတေ။ ပညာစခန်း ထပ်တက်တော့မှ လာနေတာ အဲဒီကျောက်ဂူကြီးထဲမှာ ဒီအကောင်အိပ်တဲ့ ကုတင်ကို ဘုရားလေးဆူက ထမ်းထားတဲ့ပုံ ထုထားတာဟဲ့” “ဗျာ ရက်စက်လှချည်လားဗျ”

  • 9 апр. 2024 г.91 тыс646476

    ကျုပ်တို့ တောင်သူအလုပ်ဆိုတာ အားတယ်လို့ မရှိဘူးဗျာ။ နွားစာကုန်လို့စဉ်းရ။ရေကုန်လို့ ရေစည်တိုက်ရ။ ယာထဲပြေးဆင်းရ။နှမ်းထောင်စောင့်ရ။ ပဲနှုတ်တဲ့အခါ နှုတ်ရ။မြေပဲခွဲ။ဆီကြိတ် အဲဒီလို မအားလပ်တဲ့ကြားထဲကပဲ ရပ်ရေးရွာရေး သာရေးနာရေးတွေမှာလည်း မလွတ်အောင် ပါကြ လုပ်ကြနဲ့ ပင်ပန်းတယ်လို့ မရှိဘဲ။ ပျော်တပြုံးပြုံးနဲ့ နေကြတာပါပဲဗျာ။ ဒီနေတော့ မနက်မိုးလင်းကတည်းက တာတေ ဆီကြိတ်နေတာဗျို့။ ညနေရောက်လို့နေတောင် တော်တော်စောင်းနေပြီ။ အခုထိ တာတေ ဝိုင်းအပြင်ကို တစ်ခေါက် မရောက်သေဘူးဗျ။ မြေပဲကို ဆီကြိတ်တယ်ဆိုတာကလည်း ပြောတော့သာ လွယ်တာဗျ။လက်ကတော့ အတော်ဝင်တာ။ပထမဆုံး ပဲထွတ်ရတယ်။ အဲဒီထွတ်ပြီးသားပဲကို ခြောက်အောင် နေလှန်းရတယ်။ ပြီးတော့ ကြိတ်ဆုံထဲ မထည့်ခင် ပူအောင်လှော်ထားရတာဗျ။ ပူမှ ဆီပိုကျတာ အေးစက်ကြီးဆိုရင်ဆီက မက်ဘူး။ ကျုပ်တို့နွားကြီးတွေက နွာဖီးကြီးတွေဆိုတော့ ဆီဆုံဆွဲလို့ လွှတ်ကောင်းတဲ့ကောင်ကြီးတွေဗျ။ ကျုပ်အမေက ကိုယ်ယာကထွက်တဲ့ ဆီဦးနဲ့ ဆွမ်းဟင်းချက်ကပ်ရတာ လွှတ်စိတ်ချမ်းသာတာဗျ။ အဲဒါကြောင့် ကျုပ် ဒီနေ့ တစ်နေ့ကုန်အောင် ဆီကြိတ်နေရတာဗျ။အမေ လှူဖို့ ဆီဦးလေဗျာ။ အမေ ဆွမ်းဟင်းချက်ဖို့ပေါ့ဗျာ။ “ကိုကြီးတာတေ ဗျို့ ကိုကြီးတာတေ” “ဟေ ကျောက်ခဲလား လာလေကွာ ငါ ဒီမှာကွ ဆီပွတ်နေလို့ ဆီကြိတ်ဆုံကို လာခဲ့ဟေ့” ကျုပ်အသံကြားတော့ ဒီကောင်ကျောက်ခဲ ဝိုင်းထဲကို တန်းဝင်လာတာဗျ။ သူ့နောက်မှာ သံမဏိလည်း ပါလာတယ်။သံမဏိက ကျောက်ခဲလောက် မသွက်ပေမဲ့ သတ္တိရှိနေတဲ့နေရာမှတော့ ကျောက်ခဲထက် မလျော့ဘူးဗျ။ပြီးတော့ ဘာပဲခိုင်း,ခိုင်းလုပ်ခိုင်း နည်းနည်းမှ ပျင်းတဲ့ကောင် မဟုတ်ဘူး။ ဒါပေမယ့် သူက ကျောက်ခဲလောက်တော့ အာသွက်လျှာသွက် မရှိလှဘူးဗျ။တော်ရုံတန်ရုံနှင့် စကားပြောတဲ့ကောင် မဟုတ်ဘူးဗျ။ လွှတ်စကားနည်းတဲ့ကောင်ဗျ။ရာသီက နွေဦးပေါက်ရုံ ရှိသေးတော့ သိပ်မပူသေးဘူးဗျ။ကျုပ်တို့အညာမှာ နေလို့ ထိုင်လို့ ကောင်းတဲ့အချိန်ပေါ့ဗျာ။ “ကိုကြီးတာတေ ဆီပွတ်တာ ကြာပြီလားဗျ ကဲ ဖယ် ကျုပ်စီးမယ်” ကျောက်ခဲက ပြောပြောဆိုဆိုနဲ့ ကျုပ်ကို ဆွဲဖယ်တယ်။ ကျုပ် ဆီဆုံကနေ ဆင်းလိုက်တော့ ဒီကောင်က တွန်းတံကိုဆွဲယူပြီး လှစ်ကနဲ တက်စီးတော့တာပဲဗျ။ တွန်းတံဆိုတာက ဆီဆုံကြီးထဲကနေ ဘေးကို အံထက်လာတဲ့ ပဲဖတ် နှမ်းဖတ်တွေကို ဆုံထဲ ပြန်ပြန်ပြီး တွန်းချရတဲ့ အကံပေါ့ဗျာ။သစ်သားပြားမှာ ဝါးလုံးတပ်ထားတာပါ ။ ဆီဆုံစီးရင်းနဲ့ နှမ်းဖတ် ပဲဖတ်တွေကို ဆုံထဲ ပြန်ပြန်ပြီး တွန်းချရတာပေါ့ဗျာ။ “ကိုကြီးတာတေကို ကျုပ်တို့ ပြောစရာတစ်ခုရှိလို့ လာတာဗ်” ကျောက်ခဲက ကျုပ်နေရာဝင်ပြီး အလုပ် လုပ်တော့ ကျုပ်က အဘနေရာ ဝင်လိုက်တယ်။ဆုံထဲက ကျလာတဲ့ ဆီတွေကို သေသေချာချာ ခံရတဲ့နေရာလေဗျာ။ ဆီထွက်ပေါက်မှာ ပိတ်နေတဲ့ ပဲဖတ်ကို ထိုး,ထိုး ပေးရတာပေါ့ဗျာ။ “ပြောပါဦးကွာ ကျောက်ခဲရ” သံမဏိက အမေ ဆီထည့်တဲ့နေရာကို သွားကူ လုပ်နေတယ်ဗျ။ “ကိုကြီးတာတေ သတိထားမိလား မပြောတတ်ဘူး” “ဘာကိုတုံးကွ ကျောက်ခဲရ” “ကျုပ်ကိုထနောင်းကုန်းသင်္ချိုင်းပေါ်မှာရော ဘန့်ဘွေးကုန်းသင်္ချိုင်း ပေါ်မှာရော လင်းတကြီးတွေဝဲနေတယ်ဗျ” “ဟေ အလောင်းသင်္ဂြိုလ်တာ မလုံမခြုံတွေများ ရှိနေလို့လားမှ မသိတာ” “ဟာ မရှိပါဘူးဗျာ ဘန့်ဘွေးကုန်းမှာရော ကျုပ်တို့ ထနောင်းကုန်းမှာပါ လူသေတာ ပျောက်တာ ရှိမှ မရှိတာ” “အေး ဒါတော့ ဟုတ်တယ်ကွ” “မနက်က ဘိုးညီလေး ပြောနေတာကြားလို့ ကျုပ်တို့ ကိုကြီးတာတေဆီ လာခဲ့တာဗျ” “ဟေ ဘိုးညီလေးက ဘာတွေပြောလို့တုံး” “ဒီလင်းတတွေက ညဘက်ပါ လာပြီးဝဲနေတာတဲ့ဗျ ညက ဘိုးညီလေး မီးလောင်ကုန်းက ပြန်လာတော့ ကိုးနာရီလောက် ရှိပြီတဲ့ဗျ။ မီးလောင်ကုန်းမှာ သူ့ညီ နေမကောင်းလို့ သတင်းသွားမေးတာ လူမမာ သည်းနေလို့ အပြန်နောက်ကျနေတာတဲ့ဗျို့။ အဲဒါ ဘိုးညီလေးက ထနောင်းကုန်း သင်္ချိုင်းဘေးက ပတ်ပြီး ပြန်အလာမှာ လင်းတတွေ ဝဲနေတာတွေ့လို့ ခဏရပ်ကြည့်တာတဲ့ လင်းတတွေဆီက တစ်ချက် တစ်ချက် လက်ကနဲ လက်ကနဲ ဖြစ်သွားတာကို တွေ့ခဲ့ရတယ်တဲ့ ကိုကြီးတာတေ” “ဟေ ဟုတ်လားကွ တစ်မျိုးပါလား ကျောက်ခဲရ” “အဲဒါကြောင့် ကျုပ် လာပြောတာပေါ့ဗျ” ကျုပ် တော်တော်အံ့သြသွားတယ်။ ဘိုးညီလေးက အသက်ကြီးပြီဆိုတော့ အမြင်မှားတာလား တကယ်လို့ ဘိုးညီလေး အမြင်မမှားဘူးဆိုရင်တော့ ဒါကောင်းတဲ့ကိစ္စ မဟုတ်ဘူးဗျ။ ဒီလင်းတကြီးတွေဟာ စုန်းမကြီးတွေဖြစ်ဖို့ သေချာတယ်ဗျ။စုန်းမကြီးတွေ စက်လွှတ်နေတာ ဖြစ်မယ်။ကျုပ်တို့ သင်္ချိုင်းမှာ ဘာကိစ္စရှိနေလို့များတုံး။ ကျုပ် ဥာဏ်မိသလောက် တွေးကြည့်ရတာပေါ့ဗျာ။ “နေဦး ကိုကြီးတာတေရ ဘိုးညီလေး အဲဒီအကြောင်းကို ပြောနေတာ ဘယ်သူနဲ့ ပြောတယ်ထင်တုန်း” “ဟာ …ငါ မသိဘူးလေကွာ” “ဘန့်ဘွေးကုန်းက ဘိုးတော်ကြီးလေဗျာ ကိုကြီးတာတေရဲ့ အဘနဲ့လည်း ရင်းနှီ်းပါတယ် ဟိုဘန့်ဘွေးကုန်းအရှေ့ပိုင်းက ဘိုးယာစိန်ကြီးလေဗျာ” “အေး ဘိုးယာစိန်ကို ငါသိတာပေါ့ ကျောက်ခဲရ အဘရဲ့ မိတ်ဆွေပဲလေကွာ” အေးဗျာ။ အဲဒီအကြောင်းတွေကို ဘိုးညီလေးက ဘိုးယာစိန်နဲ့ ပြောနေတာဗျ။အဲဒီမှာ ဘိုးယာစိန်ကလည်း ပြောတယ်။

  • တာတေ မဖဲဝါ စာအုပ်များ pinned «မဖဲဝါကို ဖမ်းမဲ့ ကဝေ STORY. 62»

  • 9 апр. 2024 г.104 тыс280153

    မဖဲဝါကို ဖမ်းမဲ့ ကဝေ STORY. 62

  • 9 апр. 2024 г.97,6 тыс9717

    STORY. 61 END

  • 9 апр. 2024 г.93,6 тыс170140

    ကျုပ်တို့ရွာထဲပြန်ရောက်တော့ ဦးတက်ခါးရဲ့သားအကြီးကိုကျော်ခေါင်နဲ့ ဦးတက်ခါးသမီးခင်သိန်းနွယ်တို့နှစ်ယောက်စလုံး အကောင်းပကတိဖြစ်နေကြပြီဗျ။ ဆရာတော့်ကျောင်းကိုလိုက်လာကြပြီးအဘိုးဆရာကြီးကိုကန်တော့ကြတယ်။ ကျုပ်ဖြင့်ဝမ်းသာလိုက်တာဗျာ။ ဦးတက်ခါးနဲ့ကျော်မောင်ကို မမီလိုက်တာတော့ ကျုပ်တော်တော်ကို စိတ်မကောင်းဖြစ်မိတယ်ဗျာ။ အဲဒီညမှာပဲ အဘိုးဆရာကြီးပြန်ကြွသွားတယ်။ ကျုပ်လည်း ထနောင်းကုန်းကို ပြန်လာခဲ့တော့တာပေါ့ဗျာ။

  • 9 апр. 2024 г.73,4 тыс292152

    “အခုအဲ့ဒီနတ်မိစ်ဆာကိုအဘိုးခေါ်ပြီး အမိန့်ချတော့မှာကွဲ့၊ ဒါပေမယ့်ဒီကောင်က နတ်မိစ်ဆာဆိုတော့အင်မတန်ဆိုးတာ၊ အဘိုးတို့ကလည်းသူ့ကိုခြေလွန်လက်လွန် ဖြစ်အောင်မလုပ်ချင်ကြဘူးကွဲ့၊ ဒါပေမယ့်အမိန့်မနာခံရင်တော့လည်း ငရဲရောက်အောင်ပို့ပေးရမှာပေါ့ကွယ်” ဘန့်ဘွေးကုန်းသားတွေ ကျောင်းထဲမှာ ပြည့်နေကြပြီဗျို့။ တစ်ယောက်စကားတစ်ယောက်နားပေါ့ဗျာ။ “ကဲ အားလုံး ဝေးဝေးမှာသွားထိုင်ကြ၊ အန်တရာယ်များတယ်” အဘိုးဆရာကြီးကပြောလိုက်တော့ ဘန့်ဘွေးကုန်းသားတွေ ကျောင်းကြီးရဲ့နံရံမှာ သွားကပ်ပြီးထိုင်နေကြရောဗျာ။ “ကဲ မောင်တာတေ အဘိုးဆရာပေးတဲ့ချည်မန်းကွင်းကို အဆင်သင့်ပြင်ထားပေတော့ကွဲ့” “ဟုတ်ကဲ့ အဘိုး” “ဟောဒီဇမ်ဗူတစ်ခွင်မှာ အဖေရှင်အမိန့်ပြန်လိုက်မယ်၊အားလုံးကြားသိစေကြ၊ သမုဒ္ဒရာ ထဲမျှောနေရာကပြန်ရောက်လာတဲ့ ဝိဉာဥ်စုတ်နတ်မိစ်ဆာကောင် ၊သင်ရှိရာအရပ်ကနေ အခုချက်ချင်းငါ့ရှေ့မှောက်ကို ရောက်ရှိစေရမည်၊ အထက်ပုဂ်ဂိုကြီးများအားလုံးရဲ့ အမိန့်တော်” “ဝုန်း” ဟာ အမိန့်ဆုံးတာနဲ့ရောက်လာတာဗျို့။ အဘိုးဆရာကြီးရဲ့အမိန့်ပြင်းချက်ဗျာ။ အောင်မယ်လေး၊ နတ်မိစ်ဆာရဲ့ခေါင်းက ဆံပင်ကစုတ်ဖွားကြီးဗျ။ ခေါင်းမှာရှပ်ပန်းထည်အနီကို ဘောင်းစနှစ်ဖက်ချပြီးပေါင်းထားတာ။ မျက်လုံးကြီးကလည်းပြူးထွက်နေတာဗျို့။ လူတွေကိုလိုက်ကြည့်နေတယ်။ ပြီးတော့အဖေရှင်ကိုသေသေချာချာကြည့်နေတယ်။ တင်ပလ်လင်ချိတ်ထိုင်နေတာဗျ။ အရိုအသေလည်းမပြုဘူး။ “ကျုပ် ရာဇဝင်ကြွေးကို ကျုပ်ဆပ်နေတာ၊ ခင်ဗျားတို့ဝင်မရှုပ်ကြပါနဲ့၊ ကျုပ်ကတော့ဘယ်သူ့ကိုမှကြောက်မယ့်သူ မဟုတ်ဘူးနော်” “မောင်တာတေ စွပ်လိုက်တော့” ကျုပ်ထိုင်နေရာကလှစ်ကနဲပြေးပြီး လက်ထဲကချည်မန်းကွင်းကို နတ်မိစ်ဆာရဲ့ခေါင်းကနေ စွပ်ချလိုက်တယ်။ “တောက်” နတ်မိစ်ဆာကြီးကနောက်ကပြေးဝင်ပြီးချည်မန်းကွင်းစွပ်လိုက်တဲ့ကျုပ်ကို ဆတ်ကနဲလှည့်ကြည့်ပြီး တောက်တစ်ချက်ခေါက်လိုက်တယ်။ ကျုပ်ကချည်မန်းကွင်းစွပ်ပြီးတာနဲ့ နောက်ကိုတစ်လံလောက် ပြန်ဆုတ်ပြီးနေပြီလေဗျာ။ ချည်မန်းကွင်းကစွမ်းလိုက်ပါဘိဗျာ။ စောစောကဒေါသူပုန်ထနေတဲ့ နတ်မိစ်ဆာတစ်ခါတည်းကို ငြိမ်ကျသွားရောဗျို့။ “သင့်ကိုအထက်ပုဂ်ဂိုကြီးတွေက ဟိမဝန်တာမှာသွားပြီးဒဏ်ထမ်းရမယ်လို့ အမိန့်ရှိလိုက်တယ်၊ သင်ဒီအမိန့်ကိုနာခံသလား၊ ဝိဉာဥ်စုတ်တဲ့လူသတ်သမားနတ်မိစ်ဆာကောင်” “ဟေ့ကောင်တွေ မင်းတို့အထက်တွေ အောက်တွေငါ့လာမပြောနဲ့၊ ငါကဘယ်သူ့အမိန့်ကိုမှနာခံတဲ့ကောင်မဟုတ်ဘူး၊ မင်းတို့နိုင်ရင်ငါ့ကိုကြိုက်သလိုလုပ်လိုက်၊ အမိန့်နာခံမလားလို့လာမမေးနဲ့” ကျုပ်တော့အံ့သြတာပဲဗျာ။ အဖေရှင်လိုပုဂ်ဂိုကြီးကိုတောင် ပမာမခန့်ပြောရဲတဲ့ နတ်မိစ်ဆာကြီးဗျာ။ အဖေရှင်ကအချိန်ဆိုင်းမနေဘူးဗျ။ ထိုင်ရာကဆတ်ကနဲထပြီး သူ့လက်ဝါးနဲ့နတ်မိစ်ဆာရဲ့ခေါင်းကို ရိုက်ချလိုက်တယ်။ “ဝုန်း” “အား” နတ်မိစ်ဆာရဲ့ ငယ်သံပါအောင်အော်တဲ့အသံကြီးကို ကြားလိုက်ရတယ်ဗျို့။ ကျုပ်ကမျက်ကွင်းဆေးကွင်းထားတဲ့အပြင်အဘိုးဆရာကြီးက ဒိဗ်ဗသောတလို့ခေါ်တဲ့ အကြားအာရုံပါကျုပ်ကို ဖွင့်ပေးထားတာဗျ။ “မောင်တာတေ အဘိုးအိတ်ထဲက အစိမ်းရောင်ပုလင်းသွားယူ” ကျုပ်ကအဘိုးဆရာကြီးချထားတဲ့ လွယ်အိတ်ထဲကအစိမ်းရောင်ပုလင်းကိုပြေးယူလိုက်တယ်။ “အဖုံးဖွင့်လိုက်” ကျုပ်ကအဖုံးဖွင့်လိုက်တယ်။ ဒီအချိန်မှာအဘိုးဆရာကြီးရိုက်လိုက်တဲ့နတ်မိစ်ဆာဟာ တဖြည်းဖြည်းသေးသေးသွားလိုက်တာ နောက်ဆုံးလက်မအရွယ်လောက်ကလေးပဲရှိတော့တာဗျ။ အဘိုးကနတ်မိစ်ဆာကိုဂုတ်ကဆွဲပြီး ပုလင်းအစိမ်းထဲကိုထည့်လိုက်တယ်။ ပြီးတာနဲ့အဖုံးကိုပြန်ပိတ်လိုက်တယ်။ ကျုပ်စွပ်ထားတဲ့ချည်မန်းကွင်းကကြမ်းပြင်မှာအခွေလိုက်ကလေးဗျ။ “မောင်တာတေ ချည်မန်းကွင်းသိမ်းလိုက်၊ အဘိုးအိတ်ထဲမှာသွားထည့်ထားချေကွဲ့” ကျုပ်ကချည်မန်းကွင်းသိမ်းပေးလိုက်တယ်။ “မောင်တာတေ၊ ရော့ ဟောဒီပုလင်းကို ကိုင်ခဲ့ ၊ဘာမှမကြောက်နဲ့၊ ဒီအကောင်လူတွေကို ဒုက္ခ မပေးနိုင်တော့ပါဘူးကွဲ့ ၊လာ အဘိုးနောက်က လိုက်ခဲ့” ကျုပ်တို့ရွာပြင်ရောက်တော့အဘိုးကမြေကြီးပေါ်မှာစည်းဝိုင်းတစ်ခုဝိုင်းလိုက်တယ်။ “မောင်တာတေ အဘိုးက ပစ်ဆိုရင် အဲဒီပုလင်းကိုပစ်ထည့်လိုက်ကြားလား” ဘန့်ဘွေးကုန်းတစ်ရွာလုံးကျုပ်တို့နောက် ခပ်လှမ်းလှမ်းကနေကြည့်နေကြတာဗျို့။ လူကိုမနည်းဘူး။ အဘိုးဆရာကြီးကမန်တန်တွေ ရွတ်တယ်။ “ဝုန်း” ဟာ မီးတောက်ကြီးဗျာ၊ မြေကြီးထဲကထွက်လာတာဗျို့။ ပူလိုက်တာမှဗျာ၊ ဘယ်လိုပူမှန်းကိုမသိတာဗျ။ “မောင်တာတေ ငရဲတံခါးပွင့်သွားပြီ၊ အဲဒီမီးတောက်ထဲကို မင်းလက်ထဲကပုလင်း ပစ်ထည့်လိုက်” ကျုပ်ကရှေ့နည်းနည်းတိုးပြီးမီးတောက်ထဲကို ပုလင်းအစိမ်းကြီး ပစ်ထည့်လိုက်တယ်။ “ဝုန်း၊ ဝီ၊ ဝီ၊ ဝီ” ဟာ မီးတောက်ကပုလင်းကိုလှမ်းဖမ်းလိုက်သလိုပဲဗျ။ ပုလင်းကိုပိုက်ပြီးမြေကြီးထဲကိုပြန်ဝင်သွားတာဗျို့။ မီးတောက်ကြီးမြေကြီးထဲဆင်းသွားတဲ့အသံက ‘ဝီ၊ ဝီ၊ ဝီ၊ ဝီ’ ဆိုပြီးမြည်သွားတာဗျ။ ကျုပ်စိတ်ထင်တော့အနက်ကြီးကိုဆင်းသွားတယ်လို့ထင်တာပဲဗျ။ “ကဲ မောင်တာတေ၊ ဘုရားမသိ၊ တရားမသိ၊ မြင့်မြတ်သူကိုလည်းမသိတဲ့ နတ်မိစ်ဆာကောင်တော့ မဟာအဝီစိငရဲကိုပို့လိုက်ရပြီကွဲ့၊ ကဲ ရွာထဲဝင်ကြစို့”

  • 9 апр. 2024 г.61,5 тыс289153

    “ဟဲ့တာတေ နင်နောက်ကျသွားပြီ၊ ဒါပေမယ့်ကျန်နေတဲ့လူတော့ မှီမှာပေါ့လေ၊ တက်ခါးရဲ့အဘိုးစံဖြူဆိုတဲ့လူက နတ်မှော်အောင်ထားတဲ့မှော်ဝိဇ်ဇာကြီးဟဲ့၊ ငါတို့တွေအားလုံး သူ့ကိုကြောက်ကြရတာ၊ နတ်မိစ်ဆာကိုဖမ်းပြီး ပုလင်းထဲထည့်တယ်၊ ပြီးတော့မြစ်ထဲကနေပင်လယ်ထဲရောက်စေလို့ အဓိဌာန်လုပ်ပြီးမျှောလိုက်တာ၊ အဲဒီပုလင်းဟာပင်လယ်ထဲနှစ်တစ်ရာလောက်လောက်မျှောနေပြီးတော့မှ ဗမာပြည်ဘက်ကိုပြန်ရောက်လာပြီးပင်လယ်ကမ်းခြေမှာတင်တယ်၊ လူငယ်လေးတစ်ယောက်ကပုလင်းကိုကောက်ယူပြီး အဖုံးဖွင့်ကြည့်တယ်၊ ဒီမှာတင်နတ်မိစ်ဆာလွတ်သွားပြီး အဲဒီလူငယ်ကိုသတိလစ်အောင်လုပ်လိုက်တယ်၊ ပြီးတော့အနှစ်တစ်ရာလုံးလုံးဝိဉာဥ်ငတ်နေတဲ့နတ်မိစ်ဆာဟာ ကောင်လေးရဲ့ဝိဉာဥ်ကိုစုတ်ယူခဲ့တယ်၊ သူကဝိဉာဥ်တစ်ခါစုတ်ရင်ဆယ်နှစ်အသက်ရှည်တယ်၊ အဲဒီဝိဉာဥ်စုတ်တဲ့နတ်မိစ်ဆာကသူ့ကိုပင်လယ်ထဲမျှောခဲ့တဲ့ မှော်ဝိဇ်ဇာစံဖြူကိုရှာတယ်၊ ဒါပေမယ့် စံဖြူမရှိတော့ဘူး၊ သူ့သားငပုတောင်မရှိတော့ဘူး၊ သူ့မြေးတက်ခါးတော့ရှိသေးတယ်ဆိုတာ သိသွားတာနဲ့ချက်ချင်းလိုက်လာပြီးစံဖြူအစားတက်ခါးတို့မိသားစုကို လက်စားချေတော့တာဟေ့၊ နင်နောက်ကျသွားပြီ၊ တက်ခါးနဲ့သူ့သားကို နတ်မိစဆာဝိဉာဥ်စုတ်သွားပြီဟဲ့၊ သူ့ကိုတော်ရုံဆရာတော့နိုင်မှာ မဟုတ်ဘူးတာတေ” ဒါပဲဗျ။ ဒါပဲပြောပြီး မဖဲဝါ ပျောက်သွားတယ်။ “တာတေ ဟဲ့ တာတေ၊ ထဦးဟဲ့ ဒီမှာ သိန်းဇော်ရောက်လို့” ကျုပ် ကပျာကယာထလိုက်တယ်။ ပြီးတော့သိန်းဇော်ကိုမေးလိုက်တယ်။ “သိန်းဇော် ဘိုးတက်ခါး သေပြီမို့လား” “အေး၊ မင်းဘယ်လိုသိနေတာတုံး တာတေ” “ဘယ်သူပါသွားသေတုံး” “ကျော်မောင်ပါ သေသွားတာကွ၊ နှစ်ယောက်စလုံးပါးစပ်ကြီးတွေအကျယ်ကြီးဟပြီး သေသွားတာကွ၊ ခေါင်းကြီးတွေက မော့မော့ကြီးတွေ ဖြစ်နေတာ” “အဲဒါဝိဉာဥ်စုတ်နတ်လက်ချက်ကွ၊ ဘိုးတက်ခါးတို့ဝိဉာဥ်တွေစုတ်သွားတာ” “ဟေ၊ ဘာပြောတယ် တာတေ၊ ဝိဉာဥ်စုတ်နတ် ဟုတ်လား” “အေး ဟုတ်တယ်ကွ၊ လူ့ဝိဉာဥ်ကိုပါးစပ်ကနေ စုတ်ယူသွားတာ၊ ဒါနဲ့မင်းဒီအကြောင်း လာပြောတာလား သိန်းဇော်” “မဟုတ်ဘူးကွ ဒါတင်မကဘူး၊ ငါတို့ဘန့်ဘွေးကုန်းဆရာတော်ကျောင်းမှာ ဘိုးတော်ကြီးတစ်ယောက်ရောက်နေတယ်၊ အဲဒါဆရာတော်ကငါ့ကိုခေါ်ပြီးမိန့်တာဟေ့၊ တာတေကိုအမြန်သွားခေါ်ခဲ့ဆိုလို့ငါလာတာ၊ ဘိုးတက်ခါးသေတဲ့သတင်းလည်း ပြောရင်းပေါ့ကွာ” “ဟေ ဘယ်ကဘိုးတော်တုံးကွ သိန်းဇော်၊ ဘိုးလူပေလား” “ဟာ ဘိုးလူပေကိုငါသိတာပေါ့ကွာ၊ အခုဘိုးတော်ကြီးကို ငါမမြင်ဖူးဘူးကွ” ကျုပ်ချက်ချင်းလိုက်ရတော့တာပေါ့ဗျာ။ ဘန့်ဘွေးကုန်းဆရာတော်ကျောင်းကို ကျုပ်နဲ့သိန်းဇော်ရောက်တော့ ဘုရားခန်းမှာထိုင်နေတဲ့ဘိုးတော်ကြီးကကျုပ်ကိုပြုံးပြတယ်။ “ဟာ အဘိုး၊ အဘိုး ကြွလာတယ် ဟုတ်လား” “အေးကွဲ့ မောင်တာတေရဲ့၊ ကိစ္စကတော်တော့်ကိုအရေးကြီးနေတာလူကလေးရဲ့ ၊အဘိုးမလာလို့မဖြစ်ဘူး၊ ဒါတောင်အဘိုးအရောက် နောက်ကျလို့ တက်ခါးနဲ့သူ့သား တစ်ယောက်ပါသွားရှာပြီ” အခုကျုပ်ကိုပြောနေတာ အဖေရှင်ဗျ။ ‘ ရွှေဂူရှင်မ ‘မှာ ကျုပ်ကိုသိုက်ထဲပြန်ဝင်ခိုင်းတဲ့ အဘိုးဆရာကြီးလေဗျာ။ အဘိုးဆရာကြီးရောက်လာတာ ကျုပ်ဖြင့်အံ့သြလိုက်တာဗျာ။ (အဖေရှင်အကြောင်းကို ‘ မဖဲဝါမဝင်ရ ‘ မှာလည်း ကျုပ်ရေးထားပါတယ်) “မောင်တာတေမှာ ဆေးဝါးအစုံအလင်ပါရဲ့လား” “ပါ,ပါတယ်အဘိုး၊ အဘိုးဘယ်ဆေးကို မေးတာတုံးဗျ” “မျက်ကွင်းဆေးလေ၊ မင်းကိုမောင်ပွားတပည့် ရှမ်းဆရာပေးထားတာလေ” “ဟာ ပါတယ် အဘိုး” “အေး.. အဲဒါထုတ်ပြီး၊ ကွင်းထားလိုက်၊ ဒိဗ်ဗစက်ခုရော၊ ဒိဗ်ဗသောတရော ရအောင်အဘိုးလုပ်ပေးမယ်၊ ရော့ ဟောဒီချည်မန်းကွင်းကို ယူထား၊ အဘိုးကစွပ်လိုက်ဆိုရင် ဘာမှမကြောက်နဲ့၊ ပြေးပြီးတော့သာစွပ်လိုက် ကြားလား မောင်တာတေ၊ ဒီအကောင်မှင်တက်မိနေအောင် အဘိုးလုပ်ထားမှာ” “ဟုတ်ကဲ့ပါ အဘိုး” “အဘိုး ပွဲတွေပြင်ပြီးပါပြီဘုရား” ဘန့်ဘွေးကုန်းသားတွေ အပေါ်ထပ်မှာ ပွဲပြင်နေကြတာဗျ။ “ကဲ ဒါဆိုရင်၊ ကျောင်းအပေါ်ထပ်ကို တက်ကြဟေ့၊ ဒီအကောင်ကို မြန်မြန်မနှိမ်နင်းနိုင်ရင် မင်းတို့တစ်ရွာလုံးတောင်ကုန်သွားနိုင်တယ်၊ ဒီကောင်ကစံဖြူဆွေစဥ်မျိုးဆက်ကို အကုန်လုံးဝိဉာဥ်စုတ်မယ့်ကောင်ကွဲ့” ဟင် အဘိုးဆရာကြီး ဒီကိစ္စ ကြွလာတာကိုး။ နတ်မိစ်ဆာကိုနှိမ်နင်းဖို့ကြွလာတာဗျ။ ကျုပ်ဖြင့်ဝမ်းသာလိုက်တာဗျာ။ အဘိုးပြောနေတာကိုဆရာတော်ရော၊ ဘန့်ဘွေးကုန်းသားတွေရောနားလည်ပုံမရဘူးဗျ။ ကျုပ်ကတော့မဖဲဝါညကအိပ်မက်ထဲမှာပြောသွားလို့သိနေပြီပေါ့ဗျာ။ ဒီကလူတွေကတော့နတ်မိစ်ဆာဆိုတာလည်း မသိကြဘူးပေါ့။ ဝိဉာဥ်စုတ်တယ်ဆိုတာလည်းမသိ။ စံဖြူဆိုတာလည်း ဘယ်သူမှန်းမသိဘူးပေါ့ဗျာ။ ကျောင်းကြီးအပေါ်ထပ်ကိုရောက်တော့ ဘုရားခန်းမှာပွဲတွေပြင်ထားတာဗျ။ ဖယောင်းတိုင် အမွှေးတိုင်တွေလည်း အပြည့်ထွန်းလို့ဗျ။ “မောင်တာတေရော အခု ကိစ္စကိုသိသလားကွဲ့” အပေါ်ထပ်ဘုရားခန်းမှာ ထိုင်လိုက်ပြီးတာနဲ့ အဘိုးကမေးတာဗျို့။ “သိပါတယ်အဘိုး ဦးတက်ခါးရဲ့အဘိုး ဦးစံဖြူက နတ်မိစ်ဆာကို ပုလင်းထဲသွင်းပြီးရေမျှောခဲ့ရာက စတာပါအဘိုး” “ဟာ တယ်ဟုတ်တဲ့ လူပေပဲကွယ်၊ နို့ လူကလေး ဒါတွေကို ဘယ်လိုသိတာတုံးကွဲ့” “မဖဲဝါ ပြောပြတာပါ အဘိုး” “ဪ အေး အေး ဟုတ်ပြီ၊ ဟုတ်ပြီ မောင်တာတေကသိချင်တာလေးရှိရင် သူ့ကိုမေးရတာပေါ့ ဟုတ်လား” “ဟုတ်ပါတယ်အဘိုး”

  • 9 апр. 2024 г.45,2 тыс246151

    “မင်းနဲ့ ဘိုးတက်ခါးသား ကျော်မောင်နဲ့ ရင်းနှီးတယ်ထင်တယ်” “မဟုတ်ဘူး ကိုကြီးတာတေ၊ ကျုပ်အမှန်အတိုင်းပြောပြမယ်၊ ကိုကြီးတာတေက ကျုပ်ရဲ့မတော်လိုက်ရတဲ့ယောက်ဖပဲဗျာ၊ ဒီလိုဗျ၊ ဘိုးတက်ခါးသမီးမသိန်းနွယ်နဲ့ ကျုပ်နဲ့က သမီးရည်းစားဖြစ်နေတာကြာပြီဗျ၊ အခုကျုပ်ရည်းစားပါ ရူးသွားလို့ဗျ၊ ကိုကြီးတာတေရ” “ဪ ဒီလိုလား၊ ငါလည်းဒီအဖြစ်မျိုးကို တစ်ခါမှ မကြားဖူးဘူးသံခဲရဲ့၊ ဒီတော့ဒီလိုလုပ် ဒီတစ်ရက်နှစ်ရက်အတွင်းဘာဖြစ်တယ်ဆိုတာ ကိုကြီးတာတေသိအောင်လုပ်လိုက်မယ်၊ ကဲမိုးချုပ်ပြီ၊ ငါလိုက်ပို့မယ် သံခဲ” “ဟာ ၊မလိုက်နဲ့ ၊မလိုက်နဲ့၊ ကျုပ်ဘာသာ ပြန်ဝံ့ပါတယ်” သံခဲကပြောပြောဆိုဆိုနဲ့ ပြန်ချသွားရောဗျ။ အဘတို့အမေတို့နဲ့ ကျုပ်နဲ့ဒီအကြောင်းကို ဆက်ပြောဖြစ်ကြတယ်။ ရုတ်တရက်ကြီးတစ်အိမ်လုံးရူးသွားတာမျိုး အဘတို့အမေတို့တောင် မကြားဖူးကြဘူးဗျ။ “တာတေရေ၊ တာတေ၊ ငါသိန်းဇော်ပါ” “ဟာ လာပြန်ပြီဟ၊ ဘန့်ဘွေးကုန်းသားတစ်ယောက်” သိန်းဇော်ဆိုတာကျုပ်နဲ့မြို့ကျောင်းမှာအတူတူတက်ခဲ့တဲ့ ငယ်သူငယ်ချင်း လေဗျာ။ “သိန်းဇော် လာလေ၊ တက်ခဲ့” သိန်းဇော်ကတန်းလျားမှာထိုင်လိုက်တာနဲ့ ချထားတဲ့ဆေးပေါ့လိပ်ကိုတန်းကိုင်ပြီး မီးညှိတော့တာဗျ။ သိန်းဇော်ကတော့ကျုပ်အိမ်မှာနဂိုကတည်းက စားအိမ်သောက်အိမ်ဖြစ်နေတာဗျ။ “ဟဲ့ သိန်းဇော်၊ နင်တို့နှမ်းတွေ ဘယ့်နှယ်တုံး ကောင်းရဲ့လား” “ကောင်းတယ်၊ အရီးရ၊ အပင်တွေ တော်တော်တက်တယ်” “အေး အေး၊ ပေါင်းလိုက်ပြီးပြီလား” “မနေ့တစ်နေ့ကပဲ ပြီးသွားတာဗျ” ကျုပ်က သိန်းဇော်ကို ကြည့်ပြီးတော့ မေးလိုက်တယ်။ “မင်းနဲ့ သံခဲနဲ့ လမ်းမှာတွေ့လိုက်လား” “ဘယ်သံခဲလဲ၊ လှယဥ်မောင်လား” “အေးလေ၊ သံခဲအခုပဲ ပြန်သွားတာ” “မတွေ့ဘူးကွ၊ ငါညနေကတည်းကရောက်နေတာ၊ မြောက်ပိုင်းကဘိုးမင်းဒင်ဆီအရင်ဝင်နေလို့ကွ၊ မင်းရဲ့မတော်လိုက်ရတဲ့ယောက်ဖလေးလာသွားပြီဆိုတော့ တို့ရွာကသတင်းတွေ မင်းကြားပြိီးသွားရောပေါ့၊ သံခဲလည်းသူ့ရည်းစား ခင်သိန်းနွယ်အတွက် မစားနိုင် မသောက်နိုင်ဖြစ်နေတာကွ” “ဟဲ့ သိန်းဇော်ရဲ့၊ ကိုတက်ခါးကြီးတို့လည်း ဘယ်လိုဖြစ်ကြတာတုံး၊ စိတ်မကောင်းစရာဟယ်” “ဟုတ်တယ်အရီးရေ၊ အခုရွာထဲကလူတွေသွားပြီးစောင့်နေကြရတာ၊ ဘာကိုမှမမှတ်မိအောင်ရူးသွားကြတာဗျ၊ ရူးသမှသွက်သွက်ကိုလည်ရောဗျာ” “နေပါဦးဟဲ့ သူတို့မိသားစုချင်းမှတ်မိကြလား” “ဘယ်ကသာ မှတ်မိမှာတုံးအရီးရယ်၊ ဖအေကိုသားတွေကမသိ၊ သားတွေကိုလည်းဖအေကမသိဘူးဗျ၊ ခင်သိန်းနွယ်ကိုတော့သူ့အစ်မဝမ်းခွဲတွေ လာပြီးစောင့်နေကြတယ်၊ ဒါပေမယ့်သိပ်ကြမ်းကြမ်းတမ်းတမ်းတွေမဟုတ်လို့ တော်သေးတာပေါ့ဗျာ” “မင်းကလည်း ဒီကိစ္စ လာတာပဲမို့လား” ကျုပ်ကသိန်းဇော်ကိုမေးလိုက်တော့ သိန်းဇော်ကသောက်နေတဲ့ဆေးလိပ်ကို ဘေးချပြီး ပြောလိုက်တယ်။ “အေး ဟုတ်တယ်တာတေ၊ ဒါပေမယ့် မင်းဆီမလာခင် ငါ ဘိုးမင်းဒင်ကိုအရင်သွားတွေ့တာက ဘိုးမင်းဒင်နဲ့ဦးတက်ခါးက ငယ်သူငယ်ချင်းတွေကွ၊ တစ်ယောက်အကြောင်းတစ်ယောက်အကုန်သိကြတာ၊ ဒါကြောင့်ငါကဝင်တွေ့ပြီး အကျိုးအကြောင်းသိရအောင် မေးတာ” “အေး ကောင်းတာပေါ့ကွ သိန်းဇော်ရ၊ နို့ ဘိုးမင်းဒင်က ဦးတက်ခါးနဲ့ပတ်သက်ပြီး ထူးထူးခြားခြားဘာပြောလိုက်တုံး” “ဦးတက်ခါးကတော့ ထူးထူးခြားခြားပြောစရာအကြောင်းဘာမှမရှိပါဘူး။ ဦးတက်ခါးကအေးအေးဆေးဆေးနေတဲ့လူပဲလေကွာ၊ ဒါပေမယ့် ဘိုးမင်းဒင်ပြောတဲ့အထဲမှာ ဦးတက်ခါးရဲ့အဘိုးကဦးစံဖြူတဲ့ကွ၊ အထက်လမ်းလား အောက်လမ်းလားတော့မသိဘူးတဲ့၊ တော်တော်ကိုစွမ်းတာတဲ့ကွာ၊ သူလာတာနဲ့အနီးအနားကမြွေဆိုးမှန်သမျှ ထွက်ပြေးကြတာဆိုပဲ၊ စုန်းတွေ ကဝေတွေဆိုတာ ဘိုးစံဖြူကိုကြောက်ကြတာ ပြားပြားကိုဝပ်နေတာဆိုပဲ၊ (၃၇)မင်းနတ်ကိုတောင် ခေါ်ပြီးခိုင်းနိုင်တာတဲ့ဟေ့၊ နတ်ဆိုးတွေ နတ်မိစ်ဆာတွေဆိုရင်၊ ဘိုးစံဖြူကိုကြောက်လို့ပုန်းနေကြရတာဆိုပဲ၊ အဘိုးကြီးက မေတ္တာသမားလူနုမဟုတ်ဘူးတဲ့ဟေ့၊ တော်တော်ကြမ်းတာဆိုပဲ၊ ပြောမရရင် သရဲ၊ တစ်ဆေ၊ စုန်း၊ ကဝေ မပြောနဲ့ နတ်မိစ်ဆာတွေကိုတောင်သစ်ပင်မှာ ကြိုးတုပ်ပြီးရိုက်တာဆိုပဲ” “ဟာ ဒီလောက်တောင်ပဲလားကွ သိန်းဇော်ရ၊ နေပါဦး၊ ဒီအကြောင်းတွေကို ဘိုးမင်းဒင်ပြောပြတာလား သူကဒါတွေကိုဘယ်လိုသိတာတုံးကွ” “ဦးတက်ခါးရဲ့အဖေ ဦးပုရှိတုန်းက ဘိုးမင်းဒင်ကဦးတက်ခါးတို့အိမ်မှာ ဝင်ထွက်သွားလာပြီး စားသောက်နေတာဆိုတော့ ဘိုးပုကြီးမသေခင်က သူ့အဖေအကြောင်းကို ပြောပြတာတဲ့ကွ” “ဪ တော်တော်စွမ်းတဲ့ အဘိုးကြီးပဲကွ နော်” “အေး ၊ အခုငါလာတာက ရွာလူကြီးတွေက ဘိုးတက်ခါးတို့ မိသားစု ကိစ္စကို အစွမ်းထက်ထက် ဆရာပင့်ဖို့ တာတေနဲ့တိုင်ပင်ပါဆိုလို့ ငါလာတာကွ တာတေရ” “အေး ဟုတ်ပြီ သိန်းဇော်၊ ဒါလည်းရပ်ဆွေရပ်မျိုး ကိစ္စပဲကွာ၊ မင်းတို့ငါတို့လုပ်ကြရမှာပေါ့၊ ငါအမြန်ဆုံးအကြောင်းသိအောင် လုပ်လိုက်ပါ့မယ်၊ ထူးတာနဲ့ ဘန့်ဘွေးကုန်းကို ငါလာခဲ့မယ်” သိန်းဇော်ပြန်သွားတော့ကိုးနာရီထိုးပြီဗျ။ ကျုပ်တို့လည်းအိပ်ရာဝင်ကြတယ်။ တစ်နေ့လုံးလည်းယာထဲမှာလုပ်ခဲ့ကြတော့ အဘရောကျုပ်ရောအိပ်ချင်နေကြပြီပေါ့ဗျာ။ ကျုပ်မဖဲဝါရဲ့ကိုယ်ခွဲရုပ်ကလေးကိုယူပြီး မဖဲဝါကိုအိပ်မက်ပေးပါလို့ ပင့်ဖိတ်လိုက်တယ်။ မဖဲဝါကမိုးလင်းကာနီးမှာ ကျုပ်ကိုအိပ်မက်ပေးတယ်။ ခါတိုင်းလို ဆယ့်နှစ်ရာသီပင်ကြီးအောက်မှာပဲဗျ။

  • 9 апр. 2024 г.101 тыс315152

    အဲ့ဒီပြကွက်ပြီးတော့နောက်ထပ်ပြတဲ့ ပြကွက်တွေကလည်း ကြည့်တဲ့သူတိုင်း ‘ဟာကနဲ၊ ဟာကနဲ’ ဖြစ်ရတာချည်းပါပဲဗျာ။ နောက်ဆုံးပြကွက်ကတော့မနက်မိုးလင်းခါနီးမှ ပြတာဗျ။ ဆရာညိုကစားပွဲပေါ်မှာ တင်ပလ်လင်ခွေပြီးထိုင်တယ်။ ပြီးတော့လေထဲကိုမြောက်တက်လာတယ်။ ကျုပ်စိတ်ထင်လေထဲကိုတစ်ထွာလောက် မြောက်တက်သွားတယ်ဗျ။ သူ့တပည့်နှစ်ယောက်ကဆရာညိုထိုင်တဲ့စားပွဲကိုဆွဲထုတ်ယူလိုက်ကြတယ်။ ဆရာညိုကလေထဲမှာ တင်ပလ်လင်ခွေပြီးထိုင်ရက်သားဗျ။ ဒီပြကွက်ကိုမပြခင်ဆရာညိုက ပရိသတ်ငါးယောက်ကိုစင်ပေါ်တက်ခဲ့ဖို့ခေါ်တယ်ဗျ။ ကျုပ်ကရှေ့ဆုံးကတက်တယ်။ တာတေပဲဗျာ။ ကျုပ်နောက်ကလည်းတခြားသူတွေလိုက်လာတယ်။ သူ့ပြကွက်ကိုကျုပ်တို့ကြိုက်သလောက်စစ်ဆေးနိုင်တယ်လို့ကြိုပြောထားသေးတာဗျ။ ဟုတ်ပါ့ဗျာ၊ ဘာကြိုးနဲ့မှဆွဲထားတာမရှိပါဘူး။ လေထဲမှာကိုတကယ်ထိုင်နေတာပါ။ လူတွေအားလုံးယုံကြည်အောင်ဆရာညိုကထိုင်ရက်သားကနေတစ်ထွာလောက်ထပ်မြှင့်လိုက်တယ်။ ပြကွက်ပြီးတော့မှသူ့တပည့်နှစ်ယောက်ကအောက်မှာစားပွဲခုံပြန်ခံပေးလိုက်တယ်။ ဆရာညိုကပြန်နိမ့်ဆင်းလာပြီးစားပွဲပေါ်မှာ ပြန်ထိုင်တယ်။ နောက်တစ်နေ့ရောက်တော့တစ်ရွာလုံးဗျာ ဆရာညိုအကြောင်းကိုပဲ ထမင်းမေ့ ဟင်းမေ့ပြောနေကြတော့တာဗျို့။ နောက်နှစ်ဘုရားပွဲမှာ ဆရာညိုမျက်လှည့်ကိုပါအောင် ထည့်ဖို့စာချုပ်ကြိုပြီးချုပ်ဖို့ ရွှေတောင်ကုန်းဘုရားပွဲဖြစ်မြောက်ရေးကော်မတီကို ဝိုင်းပြောကြတော့တာပဲဗျာ။ ဘုရားပွဲကော်မတီကလည်း စိတ်ချပါ၊ ဆရာညိုမျက်လှည့်ပါစေရမယ်ဆိုပြီး ကတိပေးကြရတာပေါ့ဗျာ။ ဒီနေ့တော့အဘရောကျုပ်ပါ ယာထဲမှာပေါင်းနှုတ်ကြရလို့ပင်ပန်းနေကြတာဗျ။ မနက်အစောကြီးယာထဲဆင်းပြီးညနေစောင်းမှ အလုပ်သိမ်းကြရတာ။ ဒါတောင်ရွာထဲကပေါင်းနှုတ်လိုက်မယ့်သူတွေကိုအကုန်ခေါ်ပြီးနှုတ်ရတာ။ ဒီနေ့အပြီးသတ်သွားပါပြီ။ ထမင်းစားပြီးတာနဲ့ကျုပ်ကနဂါးဆေးပေါ့လိပ်ကလေးကိုဖွာတယ်။ ခုံတန်းလျားပေါ်မှာ အညောင်းဆန့်ရင်းနားနေတာပေါ့ဗျာ။ “ကိုကြီးတာတေ၊ ကိုကြီးတာတေ ကျုပ်ပါဗျ၊ သံခဲပါ” ကျုပ်ရင်ထဲမှာဒုန်းကနဲဖြစ်သွားတယ်။ ခင်ဗျားကတော့သိမယ်မထင်ဘူး။ သံခဲဆိုတာလှယဥ်ရဲ့မောင်လေဗျာ။ လှယဥ်မှာမောင်နှစ်ယောက်ရှိတယ်။ သံခဲနဲ့ကျောက်ဒိုးတဲ့။ သံခဲကအကြီးကောင်။ လူပျိုကြီးဖားဖားဖြစ်နေပြီဗျ။ လှယဥ်ကိုတော့ခင်ဗျားမှတ်မိမှာပါ။ ကျုပ်ရည်းစားလေ။ ‘ကဝေပျိုရဲ့အချစ်’ မှာ ကျုပ်ရေးပြခဲ့ဖူးပါတယ်။ ကျုပ်နဲ့လှယဥ်ရဲ့အကြောင်းလေဗျာ။ “ဟင် သံခဲ၊ မိုးတောင်ချုပ်နေပြီ၊ လာ လာ အိမ်ပေါ်တက်ခဲ့” သံခဲကကိုရင်ဝတ်ပြီးမှအရပ်ကြီးရှည်လာတာဗျ။ သံခဲကကျုပ်ဘေးမှာဝင်ထိုင်တယ်။ အဘနဲ့အမေကမှန်အိမ်ကအလင်းရောင်လေးနဲ့ကြည့်နေတယ်။ သံခဲကိုဘယ်သူမှန်းသိပုံမရဘူး။ “အဘ ဒါအဘသူငယ်ချင်း ဘိုးအောင်စိန်ရဲ့သား သံခဲလေ” “ဟေ ဒါအောင်စိန့်သားလား၊ ဟာ သံခဲလာစမ်းဒီကို ဘိုးကမင်းကိုလုံးလုံးမမှတ်မိဘူးကွ၊ မင်းကလည်းအရပ်ကြီးရှည်လာလိုက်တာ မိုးထိုးတော့မတတ်ပဲ” သံခဲကအဘနဲ့အမေရှေ့မှာသွားပြီးထိုင်တယ်။ အဘကသံခဲကိုလက်တွေဖျစ်ညှစ်၊ ပခုံးတွေဖျစ်ညှစ်လုပ်နေတယ်။ ဘိုးအောင်စိန်နဲ့အဘကလွှတ်ခင်တဲ့ငယ်သူငယ်ချင်းတွေဗျ။ “မင်းအဘနဲ့ငါနဲ့ ဟိုတစ်နေ့ကတင်တွေ့သေးတယ်၊ တွေ့ရင်လည်းငယ်ငယ်ကအကြောင်းတွေပြောပြီးရယ်ကြရတာအမောပဲဟေ့၊ နို့ မင်းကိုကြီးတာတေဆီကို အလည်လာတာလား” “အလည်သက်သက်တော့မဟုတ်ဘူး ဘိုးရဲ့၊ ကိစ္စနည်းနည်းရှိလို့ဗျ” “ဪ ကဲ၊ ပြောကြ ပြောကြ” သံခဲက ကျုပ်ထိုင်တဲ့ ခုံတန်းလျားမှာပြန်ထိုင်တယ်။ “ကဲ သံခဲပြော၊ ကိစ္စဆိုတာ ဘာကိစ္စတုံး” “ဒီလိုဗျ ကိုကြီးတာတေရဲ့ ကျုပ်တို့ဘန့်ဘွေးကုန်းက ဘိုးတက်ခါးကို ကိုကြီးတာတေသိတယ်မို့လား” “ဟာ သိတာပေါ့ကွ၊ တရုတ်ဟုန်စိန်ရဲ့ဝိုင်းကြီးနဲ့ အိမ်ကြီးကိုဝယ်လိုက်တယ်ဆိုတဲ့ ဘိုးတက်ခါးကိုပြောတာမို့လား” “ဟုတ်တယ် ၊ဟုတ်တယ်” ဘိုးတက်ခါးမိန်းမအရီးမယ်ထုံကမနှစ်ကမှဆုံးသွားတာဗျ။ သူတို့အိမ်မှာဘိုးတက်ခါးရယ်၊ သူ့သားကိုကြီးကျော်ခေါင်နဲ့ သူ့မိန်းမ မစိမ်းရင်ရယ်၊ ဘိုးတက်ခါးရဲ့သားအငယ် ကိုကျော်မောင်ရယ်၊ ဘိုးတက်ခါးရဲ့သမီးကျုပ်နဲ့ရွယ်တူ ခင်သိန်းနွယ်ရယ်၊ အားလုံးငါးယောက်နေကြတယ်ဗျ။ ကိုကြီးကျော်ခေါင်နဲ့အစ်မမစိန်းရင်တို့ကလည်း သားသမီးမမွေးကြဘူး။ “အေး၊ ပြောပါဦးကွ” “အဲဒါ လွန်ခဲ့တဲ့သုံးရက်က အကောင်းသားကနေ တစ်အိမ်သားလုံးရူးသွားကြလို့ဗျ။ အဲ..တစ်အိမ်သားလုံးဆိုပေမယ့် အစ်မ မစိန်းရင်မပါဘူးဗျ၊ မစိမ်းရင်ကဘာမှမဖြစ်ဘူး၊ သူတစ်ယောက်ပဲအကောင်းကျန်နေတာ” “ဟာ” “ဟဲ့ ဘယ်လိုဖြစ်ကြတာတုံး၊ အရီးဖြင့်ဒါမျိုးတစ်ခါမှ မကြားဖူးပါဘူး သံခဲရယ်” “ဟုတ်တယ်ဗျ၊ အရီးရေ ကျုပ်တို့ရွာမှာလည်း လူတိုင်းအံ့သြနေကြတာ၊ တချို့ကလည်းရိုးရာကိုင်တာလို့ပြောနေကြတာ” “အေး..ဟုတ်နိုင်တယ်ဟဲ့၊ ကိုတက်ခါးနဲ့သူ့သားသမီးတွေချည်း ဖြစ်ကြတာဆိုတော့ ရိုးရာဖြစ်နိုင်တယ်။ ချွေးမကဘာမှမဖြစ်ဘူးမို့လား” အမေကလည်းသူထင်မြင်တာတွေပြောတာပေါ့ဗျာ။ အဘကတော့ခေါင်းလေးတညိတ်ညိတ်လုပ်ပြီးမှ ပြောတာဗျို့။ “ရိုးရာချည်းပဲလုပ်မနေနဲ့ဦးဟဲ့ ငွေစိန်ရဲ့၊ လူပြုစားတာလည်း ဖြစ်ချင်ဖြစ်နေမှာ” ကျုပ်ကသံခဲကို မသိမသာအကဲခတ်ပြီးမေးလိုက်တယ်။ “နေပါဦး သံခဲရဲ့၊ မင်းငါ့ကို ဒီအကြောင်းလာပြောတာ ဘန့်ဘွေးကုန်းက တစ်ယောက်ယောက်ပြောခိုင်းတာလား” “ဟာ..မဟုတ်ဘူးဗျ၊ ကျုပ်ဘာသာလာပြီး မေးစမ်းကြည့်တာပါဗျာ”

  • 9 апр. 2024 г.48,5 тыс236148

    “အေး..မင်းတို့ကသာလုပ်တယ်ပြောနေတာ၊ ဒီမှာကမောက်ကမတွေဖြစ်ကုန်ပြီလေ၊ ယုန်အကြီးကြီးကိုယုန်သေးသေးလေးဖြစ်အောင်လုပ်ပြီး ပုလင်းထဲသွင်းတယ်၊ ပြီးတော့ယုန်ကိုပုလင်းထဲကပြန်ထွက်ခိုင်းပြီးနဂိုအရွယ်ရောက်အောင်လုပ်တယ်၊ အခုဖွင့်လိုက်တော့ယုန်မဟုတ်တော့ဘဲ စွန်တစ်ကောင်ဖြစ်နေတယ်၊ စွန်ဆိုတာကောင်းကင်မှာဝဲတဲ့ သတ္တဝါ ကွ၊ဘယ်လိုလုပ်ပြီးဒီစားပွဲပေါ်ကို ရောက်နေတုံး၊ ကဲ..ဟောဒီပရိသတ်ကြီးထဲမှာ ပညာသည်တွေပါနေရင်လည်း ကျုပ် မေတ္တာရပ်ခံပါတယ်၊ မနောက်ယှက်ကြပါနဲ့ဗျာ၊ ကျုပ်တို့ကတတ်တဲ့ပညာလေးနဲ့အခုလိုမျက်လှည့်၊ လက်လှည့်၊ ပဥ်စလက်ဆိုတာလေးတွေကို ပြပြီးတစ်ဝမ်းတစ်ခါးစားရသောက်ရတာပါ၊ ပျော်တတ်လို့နောက်တာပြောင်တာဆိုရင်လည်း ကျုပ်ကခွင့်လွှတ်ပါတယ်၊ ပညာကိုပြန်သိမ်းပေးပါဗျာ၊ ကဲဟိုကောင်တွေမင်းတို့သွားကြတော့” ဆရာညိုကပြောလိုက်တော့ သူ့တပည့်တွေက ကန့်လန့်ကာနောက်ကိုဝင်သွားကြတယ်ဗျ။ ခပ်လှမ်းလှမ်းမှာရပ်နေတဲ့တပည့်တစ်ယောက်ပဲ ကျန်တော့တယ်ဗျို့။ ဘင်ကလည်းမှန်မှန်တီးပြီးလင်ကွင်းကလည်းမှန်မှန်တီးနေတာလေဗျာ။ ဆရာညိုကသူ့ရဲ့ပုဝါအမည်းကြီးနဲ့စွန်ကြီးကိုအုပ်လိုက်တယ်။ ပြီးတော့မန်တန်တွေရွတ်ပြန်ရောဗျ။ ခဏနေတော့ဆရာညိုက ဟန်ပါပါနဲ့ပုဝါကိုဖွင့်ပြန်ရောဗျ။ “ဟာ” “မျောက်ကြီးကွ၊ ဘယ်လိုဖြစ်တာတုံးဟ” “တို့ရွာမှာတော့ ပညာသည် မရှိပါဘူး” “ရွာသူနောက်တာ နေမှာပေါ့ဟ” ကျုပ်တို့အညာသားတွေတစ်ယောက်တစ်ပေါက်ဖြစ်ကုန်ပြီပေါ့ဗျာ။ ကျုပ်ကတော့ဆရာညိုရဲ့ပညာကိုမချီးမွမ်းဘဲကိုမနေနိုင်တော့ဘူးဗျို့။ ဆရာညိုကအံ့သြဟန်နဲ့မျောက်ကိုကြည့်နေတယ်။ “ရွှေပွဲလာပရိသတ်ကြီးတို့၊ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲဗျာ၊ ကျုပ်ကိုတော့ရွာသူနောက်ပြီဗျို့၊ ခင်ဗျားတို့ကြားတဲ့အတိုင်းပဲလေ၊ ကျုပ်လည်း မေတ္တာရပ်ခံတာပါပဲဗျာ၊ ဘယ်လိုမှပြောလို့မရတော့ပါဘူးဗျာ၊ ဒီတော့လည်းကျုပ်ကဆိုင်ရာပိုင်ရာနဲ့လုပ်ရတော့မှာပေါ့ဗျာ” “ကဲ..တပည့်မောင်စိန်၊ ကိုးမြို့ရှင်ပွဲ သွားယူခဲ့ကွယ်” ဘေးမှာရပ်နေတဲ့ ဆရာညိုရဲ့တပည့် မောင်စိန်ဆိုတဲ့လူက ဇာတ်စင်နောက်ကို ခပ်သုတ်သုတ်ပြေးဝင်ပြီး ခပ်သုတ်သုတ်ပြန်ထွက်လာတယ်။ မောင်စိန်ကကန်တော့ပွဲတစ်လုံးပွေ့လာပြီးဆရာညိုကိုပေးတယ်။ “မင်းခေါင်းပေါ်မှာရွက်ထား မောင်စိန်” မောင်စိန်က ကိုးမြို့ရှင်ပွဲကို ခေါင်းပေါ်မှာရွက်ထားလိုက်တယ်။ “ကိုးမြို့၊ ကိုးဓား၊ ကိုးတံခါး အပိုင်ရပါတဲ့ ကိုးမြို့ရှင်ဗျာ…..ကျွန်ုပ် ပဥ်စလက်ဆရာညိုကို ရွာသူနှောင့်နေပါပြီ၊ ကိုးမြို့ရှင်ကိုယ်တိုင်ခုချက်ချင်းကြွလာပြီး ရှင်းပေးပါ ခင်ဗျာ” ဆိုင်းဝိုင်းကနတ်ဆိုင်းကိုမြိုင်နေအောင်တီးပေးတာဗျို့။ အဲဒီလိုပြောဆိုပြီးတော့ဆရာညိုကသူ့ရဲ့ပုဝါအနက်နဲ့ ဟိုကုတ်ဒီကုတ်လုပ်နေတဲ့မျောက်ကိုအုပ်လိုက်တယ်။ မျောက်ကတော့ပုဝါအနက်ကြီးအုပ်ရက်နဲ့ကို လှုပ်လှုပ် လှုပ်လှုပ် လုပ်နေတာဗျ။ နောက်ကဘင်နဲ့လင်ကွင်းကလည်းခပ်ကြမ်းကြမ်းထုတော့တာပဲဗျို့။ ဆရာညိုကလည်းမန်တန်တွေရွတ်တော့တာပေါ့ဗျာ။ ခဏနေတော့ဆရာညိုက ပုဝါအနက်ကိုဖွင့်ဖို့ ဟန်ပါပါနဲ့ကိုင်လိုက်တယ်။ ပွဲကြည့်ပရိသတ်က အသက်တောင်မရှူတော့ဘူးထင်တယ်ဗျ။ အားလုံးမျက်တောင်မခတ်ဘဲကို ကြည့်နေကြတာဗျို့။ ဒီထဲမှာ ကျုပ်လည်းပါတာပေါ့ဗျာ။ “ဟေ့ကောင်တွေရှေ့ကထိုင်ကြည့်လေ၊ ဒူးမထောက်နဲ့၊ နောက်ကလူမမြင်တော့ဘူးကွ” ဒူးထောက်တဲ့လူကထောက်၊ အော်တဲ့လူကအော်နဲ့ ပွဲခင်းထဲမှာ ကျွတ်စီကျွတ်စီဖြစ်ကုန်တော့တာပေါ့ဗျာ။ ဒီအချိန်မှာပဲဆရာညိုက ပုဝါကိုဟန်ပါပါနဲ့ဖွင့်လိုက်ရောဗျို့။ “ဟား၊ ဖြောင်း၊ ဖြောင်း၊ ဖြောင်း၊ ဖြောင်း” ပွဲခင်းကြီးတစ်ခုလုံးလက်ခုပ်တီးကြတာ ဆူညံသွားရောဗျာ။ ကျုပ်လည်းသဘောကျလွန်းလို့ လက်ခုပ်တဖြောင်းဖြောင်းတီးလိုက်ရောဗျို့။ စောစောကယုန်ဖြူကြီးဗျ။ ငုတ်တုတ်ကြီးထိုင်လို့။ ဒီတော့မှဆရာညိုကပရိသတ်ကို ရယ်ပြီးလက်ဝှေ့ပြတယ်။ “မလွယ်ဘူးဗျာ၊ ခင်ဗျားတို့နှယ်တွေကိုတော့ ကျုပ်တော်တော်လန့်သွားတာ အမှန်ပါပဲဗျာ၊ ဘယ့်နှယ်ဗျာ၊ ကျုပ်သားကြီးမောင်ဖြူပျောက်သွားပြီး စွန်ဖြစ်လိုဖြစ်၊ မျောက်ဖြစ်လိုဖြစ်နဲ့ ၊ကျုပ်ဖြင့်မန်တန်တွေရွတ်လိုက်ရတာ ချွေးလုံးကိုပြန်လို့” ဆရာညိုကပြောရင်းနဲ့ ယုန်ဖြူကြီးကိုပွေ့ယူလိုက်တယ်။ “ကဲ..ဖေ့သားမောင်ဖြူရေ၊ ပရိသတ်ကြီးကိုဦးညွှတ်ပြီးနှုတ်ဆက်ကြစို့ကွာ” ဆရာညိုကယုန်ဖြူကြီးကိုဘယ်လက်နဲ့ပွေ့ပြီးပရိသတ်ကိုဦးညွှတ်တယ်။ ယုန်ဖြူကြီးကလည်းဆရာညိုလုပ်သလို ဦးညွှတ်တယ်ဗျ။ “ဖြောင်၊ ဖြောင်း၊ ဖြောင်း၊ ဖြောင်း” ကျုပ်တို့အညာသားတွေကတော့သဘောကျပြီဆိုရင် ဟန်မဆောင်တော့ဘူးဗျ။ လက်ခုပ်တဖြောင်းဖြောင်းတီးပြီးတော့ကို ဂုဏ်ပြုကြတာဗျို့။ ကျုပ်ဘေးကပါလာတဲ့ကျောက်ခဲနဲ့သံမဏိက ကျုပ်ကိုလက်ကုတ်ပြီးမေးရောဗျ။ “ကိုကြီးတာတေ၊ စောစောကပဥ်စလက်ဆရာညိုကို ရွာသူနှောင့်ယှက်တာတကယ်လားဗျ၊ ဒါဆိုရင်ကျုပ်တို့ရွာမှာ ပညာသည်ရှိနေလို့ပေါ့ဗျ” “ဟာ..မဟုတ်ပါဘူးကွာ၊ ဆရာညိုကလူတွေပိုပြီးစိတ်ဝင်စားလာအောင် လုပ်ပြတာပါကွ၊ ဘယ်သူမှမနှောင့်ယှက်ပါဘူး” “ဪ..ဒီလိုလား” ဒီတော့မှ ကျောက်ခဲနဲ့သံမဏိကရယ်နေတော့တာဗျ။ “ဆရာညိုဆိုတဲ့လူက တော်တော်ကို တော်တာပဲဗျာ” ကျောက်ခဲကဆရာညိုကို ချီးမွမ်းစကားပြောသဗျ။ “အေးပေါ့ ကျောက်ခဲရ၊ ဒါကြောင့်လည်းဆရာညို ဘယ်နယ်မှာပြပြရုံပြည့်တာပေါ့ကွ၊ ပဥ်စလက်ဆရာညိုဆိုတဲ့နာမည်ကို မသိတဲ့သူရှိတာမှမဟုတ်တာ”

  • 9 апр. 2024 г.37,1 тыс270154

    ဆရာညိုကတော့မျက်လှည့်ဆရာတို့ရဲ့ထုံးစံအတိုင်းစကားတွေကို သိုင်းသိုင်းဝိုင်းဝိုင်းနဲ့အများကြီးပြောတာပေါ့ဗျာ။ ဆရာညိုစကားပြောနေတုန်းမှာ နောက်ကနေဘင်သံနဲ့ လင်ကွင်းသံကလည်း စီးချက်လိုက်ပေးနေတာဗျ။ လူတွေရဲ့အာရုံကိုအပြည့်ဖမ်းစားနိုင်တာပေါ့ဗျာ။ ဆရာညိုကစကားပြောလို့ ပြီးတော့မှ စားပွဲပေါ်ကယုန်ဖြူကြီးကို.. “ဖေ့သားကြီး ထိုင်လိုက်တော့ဟေ့” လို့ပြောလိုက်တာနဲ့ စားပွဲပေါ်ကယုန်ဖြူကြီးကငေါက်ကနဲထထိုင်တာဗျ။ လူစကားကိုသေသေချာချာနားလည်တဲ့ကောင်ပါဗျာ။ လက်ကလေးနှစ်ဖက်ကို ကွေးကွေးလေးလုပ်ပြီးငြိမ်ထိုင်နေတာဗျ။ ဆရာညိုကပါးစပ်ကနေပရိသတ်စိတ်ဝင်စားအောင်စကားတွေပြောပြီး လက်မှာကိုင်ထားတဲ့ပုဝါအနက်နဲ့ယုန်ကိုအုပ်လိုက်တယ်။ ခဏလေးပဲဗျ။ ပြီးတာနဲ့ပုဝါကို ပြန်ဖွင့်လိုက်တယ်။ “ဟာ” ကြည့်နေတဲ့သူတွေထအော်ကြတာဗျ။ အော်တဲ့အထဲမှာတာတေလည်းပါတာပေါ့ဗျာ။ ယုန်ကသေးသွားတာဗျ။ ကျုပ်စိတ်ထင်တော့အရွယ်အစားတစ်ဝက်လောက်ကိုငယ်သွားတာဗျ။ ဆရာညိုကထိုင်လျက်ကလေးရှိနေတဲ့ ယုန်ဖြူကိုနောက်တစ်ခါပုဝါအနက်နဲ့ ထပ်အုပ်လိုက်တယ်။ ပြီးတော့ဖွင့်လိုက်တယ်။ “ဟာ” ဟုတ်ပါ့ဗျာ။ ပရိသတ်အော်မယ်ဆိုလည်းအော်စရာပဲဗျာ။ ယုန်ကထပ်သေးသွားပြန်ပြီဗျ။ ကျုပ်စိတ်ထင်ပူးလေးတစ်ကောင်လောက်ပဲရှိတော့တယ်ဗျို့။ နောက်တစ်ခါထပ်အုပ်ပြီးဖွင့်လိုက်တယ်။ “ဟာ” ယုန်ဖြူလေးကပုဝါတစ်ခါအုပ်ရင် တစ်ခါထပ်သေးသွားတာကြွက်တစ်ကောင်လောက်ပဲ ကျန်တော့တယ်ဗျို့။ ထပ်အုပ်ပြန်ပြီ။ ဆရာညိုကကြွက်ဖြူလေးတစ်ကောင်လောက်ရှိတဲ့ယုန်လေးကို ပုဝါနဲ့ထပ်အုပ်တယ်။ ဖွင့်လိုက်ပြန်ပြီ။ “ဟာ လက်သန်းလောက်ပဲရှိတော့တယ်ဟေ့” “ယုန်မရှိတော့ဘူးဟ၊ လုံးဝပျောက်သွားပြီ” နည်းနည်းဝေးတဲ့လူက ယုန်ကိုမမြင်တော့ပျောက်သွားပြီထင်ပြီးပြောနေတာဗျို့။ တစ်ယောက်တစ်ပေါက် နဲ့ကျုပ်တို့အညာသားတွေဝိုင်းအော်နေကြတာပေါ့ဗျာ။ ဆရာညိုကလည်းဒါကိုကြားမှာပေါ့ဗျာ။ လက်သန်းလောက်ပဲကျန်တော့တဲ့ယုန်ကိုယူပြီးသူ့ရဲ့ဘယ်ဘက်လက်ဝါးပေါ်မှာတင်လိုက်တယ်။ ယုန်ဖြူကြီးကတော့သူသေးသွားတာသိမှသိရဲ့လားမသိဘူးဗျ။ ထိုင်နေတုန်းပဲ။ ဆရာညိုကဇာတ်စင်ရှေ့ဆုံးကလူတွေကို လိုက်ပြတယ်။ ပြီးတာနဲ့စားပွဲပေါ်မှာတင်ထားတဲ့ ဖန်ပုလင်းအဖြူကိုကောက်ကိုင်လိုက်တယ်။ မျက်လှည့်ဆရာပီပီပါးစပ်ကတော့မနားတမ်းပြောနေတာပေါ့ဗျာ။ ဒါကလည်းပရိသတ်ကိုဖမ်းစားနည်းတစ်မျိုးပေါ့ဗျာ။ လက်သန်းလောက်ပဲရှိတော့တဲ့ယုန်ဖြူလေးကိုနားရွက်နှစ်ဖက်ကကိုင်ပြီးပုလင်းထဲကိုထည့်လိုက်တယ်။ ယုန်ဖြူလေးကပုလင်းထဲမှာချောင်ချောင်ချိချိပဲဗျ။ လျှောက်သွားနေတယ်။ ဆရာညိုရဲ့တပည့်ကငှက်ပျောဖူးပုလင်းကိုကိုင်ပြီး ဇာတ်စင်ပေါ်ကဆင်းလာတယ်။ ပွဲကြည့်ပရိသတ်ကြားထဲမှာနှံ့အောင်လိုက်ပြတယ်။ ဒီအချိန်မှာစင်ပေါ်ကဆိုင်းဝိုင်းကလည်းတိီးမှုတ်ပေးနေတော့ တော်တော်ကိုစိတ်ဝင်စားစရာပေါ့ဗျာ။ “ဟာ ဟုတ်ပါ့ကွာ၊ ယုန်သေးသေးလေးဖြစ်သွားတာကွ၊ ဟား၊ ဟား၊ ဟား” ကျုပ်တို့အညာသားတွေလွှတ်သဘောကျကြတာပေါ့ဗျာ။ ပွဲခင်းထဲမှာနှံ့အောင်ပြပြီးတော့မှဆရာညိုရဲ့တပည့်ကဇာတ်စင်ပေါ်ပြန်တက်လာတယ်။ ဆရာညိုကပုလင်းကိုလှဲချလိုက်ပြီး ယုန်ဖြူလေးကိုအပြင်ထွက်ခိုင်းလိုက်တယ်။ ယုန်ဖြူလေးကပုလင်းလည်တိုင်ထဲကနေဝမ်းလျားထိုးပြီးထွက်လာတယ်။ ဒီယုန်ကတော့ဆရာညိုပြောသမျှကို အကုန်နားလည်နေတော့တာဗျို့။ ဆရာညိုကလက်သန်းလောက်ရှိတဲ့ယုန်ဖြူလေးကို စားပွဲပေါ်မှာတင်ပြီး.. “ကဲဟေ့၊ ဖေ့သားလေး စောစောက ထိုင်သလိုထိုင်လိုက်ပေတော့” ယုန်ဖြူလေးကငုတ်တုတ်ကလေးထိုင်လိုက်တယ်။ ဆရာညိုကပါးစပ်ကနေမန်တန်လိုလို ဂါထာလိုလိုတွေကို ရွတ်တယ်ဗျ။ ရွတ်တာကလည်းမြန်မာစကားနဲ့မဟုတ်ဘူးဗျ။ ဘာ,ဘာသာစကားနဲ့ရွတ်မှန်းမသိဘူး။ အဲဒီလိုရွတ်ရင်းကနေသူ့ရဲ့ပုဝါအနက်နဲ့ ယုန်လေးကိုအုပ်လိုက်တယ်။ ဒီတစ်ခါတော့ပုဝါကိုခဏခဏမဖွင့်ဘူးဗျ။ မန်တန်ကိုပဲဆက်ရွတ်နေတာ။ “ဟော ကြီးလာပြီဟေ့၊ ကြီးလာပြီကွ” ပွဲကြည့်ပရိသတ်ကဝိုင်းအော်ကြတာဗျ။ ဟုတ်ပါ့ဗျာ။ ယုန်သေးသေးလေးကို အုပ်ထားတဲ့ပုဝါက တဖြည်းဖြည်းကြွတက်လာပြီး မြင့်လာတာလေဗျာ။ ခဏနေတော့ဆရာညိုကရွတ်တာဖတ်တာတွေရပ်လိုက်ပြီး ဘင်နဲ့လင်ကွင်းကိုခပ်ကြမ်းကြမ်းတီးခိုင်းတယ်ဗျ။ ပြီးတော့မှဟန်ပါပါနဲ့ပုဝါအနက်ကိုဖွင့်လိုက်တာ။ “ဟာ” “ယုန်မဟုတ်ဘူးဟ” “သိန်းငှက်ကြီးဟ” “လဒကြီးပါကွာ” “လဒမဟုတ်ပါဘူးကွ၊ ငှက်ကြီးဒုန်းစပ်ပါ” ဟုတ်ပါ့ဗျာ။ အားလုံးကနဂိုအရွယ်ပြန်ရောက်နေမယ့်ယုန်ဖြူကြီးကိုကြည့်ဖို့စောင့်နေတာဗျ။ ဖွင့်လိုက်တော့ယုန်မဟုတ်ဘဲ ငှက်ကြီးတစ်ကောင်ဖြစ်နေတော့ တော်တော်ကိုအံသြကုန်ကြတာပေါ့ဗျာ။ ဒီမှာတင်ဆရာညိုက သူ့တပည့်တွေကိုခေါ်ပြီး ပရိသတ်ကြားအောင်မိုက်နဲ့မေးတာဗျို့။ “ဟေ့ကောင်တွေ မင်းတို့လုပ်ရမယ့်အလုပ်တွေ သေသေချာချာလုပ်ကြရဲ့လား” “လုပ်ပါတယ်ဆရာကြီး” “ကိုးမြို့ရှင်၊ နယ်တော်ရှင်၊ရွာတော်ရှင်၊မြောက်ဘက်ရှင်မ၊အနောက်ဘက်ရှင်မနဲ့မဖဲဝါမကျန်အောင်တင်ကြမြှောက်ကြရဲ့လား၊ ပွဲတွေပေးကြရဲ့လား၊ မဖဲဝါကအမဲသားဟင်းကြိုက်တယ်လို့ငါပြောထားတယ်မို့လား၊ သေသေချာချာကျွေးရဲ့လား” “အားလုံးလုပ်ပါတယ် ဆရာကြီး”

  • 9 апр. 2024 г.58,7 тыс434260

    ကဆုန်လမှာကြဲတဲ့နှမ်းတွေက ဝါဆို၊ဝါခေါင်မှာနှုတ်ရတာပေါ့ဗျာ။ ပြီးရင်နှမ်းပြန်စိုက်ကြတာပေါ့။ ပြီးခဲ့တဲ့တပေါင်းလကကျုပ်တို့ရွာရွှေတောင်ကုန်းဘုရားပွဲမှာ ပွဲသွင်းတဲ့အထဲမှာ မျက်လှည့်ပွဲလည်းပါတယ်ဗျ။ မျက်လှည့်ဆရာရဲ့နာမည်က ‘ပျဥ်စလက်ဆရာညို’တဲ့ဗျ။ ရုံဝင်ပေါက်မှာအနောက်တိုင်းဝတ်စုံကိုစမတ်ကျကျ ဝတ်ထားတဲ့ဆရာညိုရဲ့ပုံကြီးတွေချိတ်လို့ပေါ့ဗျာ။ ဆိုင်းဘုတ်ကြီးတွေမှာ ‘ပဥ်စလက်ဆရာညိုမျက်လှည့်’ ဆိုတဲ့ရောင်စုံစာလုံးကြီးတွေကလည်း ပရိသတ်ကိုတော်တော်ဆွဲဆောင်နိုင်တာဗျ။ ပြကွက်ပေါင်းကိုမရေမတွက်နိုင်အောင်ပြတဲ့ဆရာကြီး မျက်လှည့်ကိုမိုးလင်းအောင်ပြနိုင်တယ်ဆိုတာ စဥ်းစားသာကြည့်တော့ဗျာ။ မျက်လှည့်သာပြောတာဗျ။ မြွေလမ်ပါယ်လည်းပြသေးတာ။ မြွေတွေကိုလှလှပပကခိုင်းနိုင်တဲ့ လူတွေပါဗျာ။ မြွေလမ်ပါယ်ပြတာကတော့ပဥ်စလက်ဆရာညိုမဟုတ်ဘူး တခြားဆရာတစ်ယောက်ဗျ။ ကျုပ်တို့ရွာသားတွေဆိုတာဗျာ တပေါင်းလကပြသွားတဲ့မျက်လှည့်အကြောင်းကိုအခုထိကိုပြောလို့မပြီးနိုင်အောင် ဖြစ်ကျန်ခဲ့တာဗျ။ လာမယ့်နှစ်ဘုရားပွဲမှာ ပဥ်စလက်ဆရာညိုမျက်လှည့် နှစ်ညထည့်ပေးဖို့တောင်းဆိုနေကြလေရဲ့ဗျို့။ ဆရာညိုရဲ့ပြကွက်တော်တော်များများကမှော်ပညာတွေဗျ။ ကျုပ်ကတော့သိတာပေါ့ဗျာ။ ဒါပေမယ့်မှော်ပညာကိုမျက်လှည့်ပြကွက်ဖြစ်အောင်ပြောင်းပြီးပြသွားတဲ့ပဥ်စလက်ဆရာညိုကိုကျုပ်လည်းချီးမွမ်းတယ်ဗျာ။ ဆရာညိုရဲ့ပြကွက်တွေကိုကျုပ်လည်းကြိုက်တာပဲဗျ။ ကျုပ်အကြိုက်ဆုံးပြကွက်တွေကို ပြောပြရဦးမယ်။ ဆရာညိုကဥရောပဝတ်စုံကို စမတ်ကျကျဝတ်ထားတာဗျ။ လူကအရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ မျက်နှာကလည်းတော်တော်လေးခန့်ငြားပြီးတည်ကြည်တဲ့လူပါဗျာ။ နှုတ်ခမ်းမွေးသဲ့သဲ့ပါတယ်ဗျ။ ဆရာညိုဇာတ်စင်ရှေ့ကို ထွက်လာကတည်းက.. “ဖြောင်း၊ ဖြောင်း၊ ဖြောင်း၊ ဖြောင်း၊ ရွှီ၊ ရွှီ” ရုံပြည့်ရုံလျှံအားပေးကြတဲ့ ပရိတ်သတ်ကြီးကဆရာညိုကို လက်ခုပ်တီးပြီးကြိုဆိုလိုက်ကြတာဗျာ။ ဆူညံသွားတော့တာဗျို့။ ဆရာညိုကလက်ထဲမှာလမ်းလျှောက်တုတ်ကောက်တစ်ချောင်းကိုကိုင်လို့ဗျ။ သက်ကလပ်ဦးထုပ်အနက်ဆောင်းထားတယ်။ လမ်းလျှောက်တုတ်ကိုလက်ထဲမှာ ဟန်ပါပါလွှဲရင်းဟန်ပါပါထွက်လာတဲ့ဆရာညိုက ခေါင်းမှာဆောင်းထားတဲ့ဦးထုပ်ကိုချွတ်ပြီးပရိသတ်ကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။ ဆိုင်းဝိုင်းကလည်းဆရာညိုရဲ့အမူအရာနဲ့ လိုက်တဲ့တီးလုံးကိုတီးလို့ပေါ့ဗျာ။ ဆရာညိုကလည်းဇာတ်စင်ရဲ့ရှေ့တည့်တည့်ကပရိသတ်ကိုတစ်ကြိမ်၊ဇာတ်စင်ရဲ့ဘယ်ဘက်ခြမ်းကိုတစ်ကြိမ်၊ဇာတ်စင်ရဲ့ညာဘက်ခြမ်းကိုတစ်ကြိမ် သုံးကြိမ်တိတိဦးညွှတ်ပြီးနှုတ်ဆက်တာဗျ။ ပြီးတာနဲ့ဆရာညိုကနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တယ်။ ပြီးတော့နောက်တစ်လှမ်းထပ်ဆုတ်တယ်။ “ဟ…ဒါဘာဖြစ်တာတုံး” “ဟာ..မြွေကြီး၊ မြွေကြီး၊ တုတ်ကောက်ကမြွေကြီးဖြစ်သွားပြီဟ” ပထမပြောလိုက်တဲ့ ‘ဟ ဒါဘာဖြစ်တာတုံး’ ဆိုတာကဆရာညိုပြောတာဗျ။ မိုက်ထဲကနေထွက်လာတဲ့အသံ။ ဒုတိယ ‘ဟာ မြွေကြီး၊ မြွေကြီး၊ တုတ်ကောက်ကြီးကမြွေကြီးဖြစ်သွားပြီဟ’ ဆိုတာကပရိသတ်ရဲ့အသံဗျ။ ဟုတ်ပါ့ဗျာ။ ဆရာညိုလက်ထဲမှာဟန်ပါပါကိုင်လာတဲ့တုတ်ချောင်းကချက်ချင်းကိုမြွေဖြစ်သွားတာဗျို့။ ဆရာညိုကလည်းကြောက်လန့်သွားတဲ့ပုံနဲ့ဇာတ်ခုံပေါ်မှာ လုပ်ပြတယ်။ လက်ထဲကမြွေကိုဇာတ်စင်ရဲ့ကြမ်းပြင်ပေါ်ကိုပစ်ချတယ်။ မြွေကပါးပြင်းကြီးထထောင်လို့ဗျ။ လူတွေဆိုတာဆူညံသွားတော့တာဗျာ။ ဒီအချိန်မှာဘင်ထုသံနဲ့ လင်ကွင်းတီးသံကစီးချက်မှန်မှန်တီးပေးနေတာဗျ။ ဆရာညိုကမြွေကိုလက်ဝါးထောင်ပြပြီးညှို့သလိုလုပ်တယ်။ မြွေကပါးပြင်းကြီးထောင်နေရာကနေ တဖြည်းဖြည်းပါးပြင်းပျောက်သွားတယ်။ ခေါင်းကိုကြမ်းပြင်မှာချပြီး ဆန့်ဆန့်ကြီးလုပ်ထားတယ်ဗျ။ ဆရာညိုကမြွေနားကိုကပ်သွားပြီးလက်နဲ့သပ်သလိုလုပ်ပြီးဆတ်ကနဲကောက်ကိုင်လိုက်တယ်။ မြွေမဟုတ်တော့ဘူးဗျို့။ တုတ်ကောက်ပြန်ဖြစ်နေပြီ။ သူထွက်လာတုန်းက ကိုင်လာတဲ့သစ်သားတုတ်ကောက်ပြောင်ပြောင်လေးအတိုင်းပဲဗျ။ “ဟား၊ ဟား၊ ဟား၊ လန့်လိုက်တာဗျာ၊ တုတ်ကောက်ကနေချက်ချင်းကြီးမြွေထဖြစ်ရတယ်လို့၊ ဟား၊ ဟား၊ ဟား၊ ဟား” “ရွှီ၊ ဖြောင်း၊ ဖြောင်း၊ ဖြောင်း၊ ဖြောင်း” ပွဲကြည့်ပရိသတ်က သဘောတွေကျပြိီးလက်ခုပ်တွေတီးတော့တာပေါ့ဗျာ။ ကျုပ်ကြိုက်တဲ့နောက်ထပ်ပြကွက်တစ်ခုက ယုန်ပြကွက်ဗျ။ ကျုပ်တကယ်ကိုအံ့သြတာပါဗျာ။ ယုန်ဖြူကြီးဗျ။ အကောင်တော်တော်ကြီးသား။ ထိုင်လိုက်ရင်တစ်ပေကျော်ကျော်လောက်ရှိမယ်။ ဆရာညိုရဲ့တပည့်ကပြကွက်ကိုအဆင်သင့်ပြင်ပေးထားတာဗျ။ စားပွဲခုံလေးတစ်လုံးပေါ်မှာယုန်ဖြူတစ်ကောင်ကိုတင်ထားပြီးဘေးမှာဖန်ပုလင်းတစ်လုံးလည်းချပေးထားတယ်။ ပုလင်းကခင်ဗျားတို့ကျုပ်တို့အိမ်တွေမှာ ဆီထည့်တဲ့ပုလင်းမျိးဗျ။ ငှက်ပျောဖူးပုလင်းလို့ခေါ်တာပေါ့ဗျာ။ ဆရာညိုကသူ့အက်ျီအိတ်ထဲကပုဝါတစ်ထည်ကိုထုတ်လိုက်တယ်။ ခေါက်ထားတဲ့ပုဝါကိုခါပြီးဖြန့်လိုက်တယ်။ ပုဝါကအနက်ရောင်ဗျ။ ဖြန့်လိုက်တော့ပုဝါကတော်တော်လေးကြီးသားပဲ။ နှစ်ပေပတ်လည်လောက်ရှိမယ်။ “ရွှေပွဲလာပရိသတ်ကြီးများ အထူးစိတ်ဝင်စားမယ့်ပြကွက်တစ်ခုပါ၊ ဒါကိုမှော်အတတ်နဲ့ပြရမှာပါ၊ ပဥ်စလက်မှော်လို့ခေါ်တဲ့အတတ်ဗျ”

  • တာတေ မဖဲဝါ စာအုပ်များ pinned «ဝိဉာဉ်စုတ်တဲ့နတ် STORY. 61»

  • 9 апр. 2024 г.73,9 тыс19596

    ဝိဉာဉ်စုတ်တဲ့နတ် STORY. 61