Global News - နိုင်ငံတကာသတင်းစုံ
СтатистикаGlobal News - နိုင်ငံတကာသတင်းစုံ
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 87
- Всего постов
- 88
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 200
- 1/48двое суток
- 229
- 1/72трое суток
- 247
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ၃ ဦးသေဆုံး ဂါဇာမှာ ကြာသပတေးနေ့က အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် လူ ၃ ယောက် သေဆုံးခဲ့ကြောင်း ဆေးဘက် ဆိုင်ရာတာဝန်ရှိသူတွေက ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြပါတယ်။ အမေရိကန် ဖိအားကြောင့် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသအတွင်း ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို လျှော့ချထားပေမယ့် ကြာသပတေးနေ့က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲအရာရှိကြီး တစ်ယောက်နဲ့ အရပ်သားပါလက်စတိုင်း နှစ်ယောက်သေဆုံးခဲ့ပါတယ်။ ဒါဟာ တစ်ပတ်ကျော်ကာလအတွင်း ပထမဆုံးသေဆုံးမှု သတင်းဖော်ပြချက်ဖြစ်ပါတယ်။ ပထမအကြိမ် တိုက် ခိုက်မှုက ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်းယူနစ်မြို့ အနောက်ဘက်ပိုင်းက ဆိုင်ကယ်စီးလာသူ နှစ်ယောက်ကို ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ကြာသပတေးနေ့က ဂါဇာမြို့အနောက်ပိုင်းမှာလည်း ဒရုန်းတစ်စင်းဟာ မောင်းနှင်နေတဲ့ မော်တော် ယာဉ်တစ်စီးကို ဒုံးကျည်သုံးစင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူနှစ်ယောက် ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ ဆေး ဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
без подписи
без подписи
без подписи
အမေရိကန်ဒရုန်း ထုတ်လုပ်မည့်အစီအစဉ် ထိုင်းဝန်ကြီးချုပ် ငြင်းဆို ထိုင်းနိုင်ငံတွင်မောင်းသူမဲ့လေယာဉ်ငယ်များ ထုတ်လုပ်ရန် အမေရိကန်က စီစဉ်ထားသည်ဆိုသော သတင်းများကို ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်က ငြင်းဆိုလိုက်ပြီး ထိုကဲ့သို့သော သတင်းမရရှိကြောင်း ပြောကြားသည်။ ကုန်သွယ်ရေးအခွန်ကိစ္စ ဆွေးနွေးညှိနှိုင်းမှုများတွင် အမေရိကန်က စစ်ရေးအကြောင်းအရာများကို ချိတ်ဆက်ထားသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ အနုတင်အား မေးမြန်းခဲ့ကြခြင်းဖြစ်သည်။ ယင်းပြောဆိုမှုကို ဝန်ကြီးချုပ်က ပယ်ချလိုက်ကာ ထိုသို့သော ဆွေးနွေးမှုများ မရှိခဲ့ကြောင်း ပြောသည်။ မူဝါဒဆိုင်ရာ အမေရိကန်ဒုတိယကာကွယ်ရေးဝန်ကြီး အယ်လ်ဘရစ်ကိုဘီ နှင့် မိမိတို့ကြားတွင် ဩဂုတ် ၁၃ ရက် က တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ဒရုန်းများအကြောင်း မပြောခဲ့ကြကြောင်း အနုတင်က ပြောသည်။ “ကုန်သွယ်ရေးအခွန်ကိစ္စက ကုန်သွယ်ရေးကိစ္စဖြစ်ပါတယ်။ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုက စစ်ရေးကိစ္စဖြစ်ပါတယ်။ အဲဒီအကြောင်းအရာနှစ်ခု တစ်ခုနဲ့တစ်ခု ရောထွေးသွားတာကို အစိုးရက ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။ ကိုဘီနှင့် ဆွေးနွေးပွဲက အလွန်ပင် အဆင်ပြေခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။ လုံခြုံရေးကိစ္စများနှင့် ကုန်သွယ်ရေးဆွေးနွေးမှုများကို သီးခြားစီ ထားရှိသင့်သလားဟု မေးမြန်းရာတွင်လည်း ယင်းမှာ အမြဲတမ်းပင် အမေရိကန်တို့၏ ချဉ်းကပ်ပုံ ဖြစ်သည်ဟု အနုတင်က ဖြေကြားသည်။ “အမေရိကန် က အမြဲတမ်း အဲဒီလိုပါပဲ။ ဒုတိယကာကွယ်ရေးဝန်ကြီး ကိုဘီမှာ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ မရှိပါဘူး” ဟု ၎င်းက ဆက်ပြောသည်။ Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပုံမှန်အတိုင်း ဆက်လက် ကျင်းပသွားမည်လား ဟု မေးမြန်းချိန်တွင်လည်း ကျင်းပသွားမည်ဟု ဝန်ကြီးချုပ်က ပြောသည်။ “ဒါဟာ ပုံမှန်ပါပဲ၊ ကျနော်တို့ ဒါကို လုပ်လာတာ ဆယ်စုနှစ်နဲ့ ချီနေပါပြီ။ ဒီကိစ္စကို ဘယ်သူက စလိုက်သလဲမသိပါဘူး။ ဘာပြဿနာမှ မရှိပါဘူး” ဟု အနုတင်က ပြောသည်။ ကုန်သွယ်ရေး အခွန်အကောက်များနှင့် ပတ်သက်၍လည်း ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးဝန်ကြီး ဆူပါဂျီးဆူသမ်ပွန်က အသိပေးပြောကြားလိမ့်မည်ဟု ၎င်းက ဆက်ပြောသည်။ တနင်္လာနေ့က ကျင်းပခဲ့သော အစိုးရအဖွဲ့ အစည်းအဝေးတွင် ကုန်သွယ်ရေး ညှိနှိုင်းမှုများနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေ တင်ပြမှုရရှိခဲ့ပြီး အနေအထားအားလုံးသည် ညှိနှိုင်းရေးအသင်းက ချမှတ်ထားသည့် အချိန်ဇယားအတိုင်း ရှိနေကြောင်း ပြောသည်။
ဆီးချို၊ HIV၊ ကင်ဆာအပါအဝင် ဆေးဝါးအမယ်သစ် ၆ မျိုး သုတေသနစမ်းသပ်အောင်မြင်၊ ပြည်တွင်းဆေးဝါးစက်ရုံများသို နည်းပညာလွှပြောင်း ဆီးချို၊ HIV၊ အရိုးအကြောအဆစ်နှင့် ကင်ဆာရောဂါကုသဆေးများအပါအဝင် ဆေးဝါးအမယ်သစ် ခြောက်မျိုးကို သုတေသနပြုစမ်းသပ်၍ အောင်မြင်ခဲ့သည့် ပညာရှင်များအား ဂုဏ်ပြုသည့်အခမ်းအနားကို ဩဂုတ် ၁၃ ရက်က ရန်ကုန်မြို၌ ကျင်းပခဲ့ကြောင်း သိရသည်။ သုတေသနစမ်းသပ်အောင်မြင်ခဲ့သည့် ဆေးဝါးအမယ်သစ်များမှာ ဆီးချိုရောဂါကုသဆေး နှစ်မျိုး၊ HIV ရောဂါကုသဆေး တစ်မျိုး၊ အရိုးအကြောအဆစ်ရောဂါကုသဆေး တစ်မျိုး၊ ကင်ဆာရောဂါကုသဆေး တစ်မျိုးနှင့် မေ့ဆေးတစ်မျိုး စုစုပေါင်း ခြောက်မျိုးဖြစ်သည်။ အဆိုပါ ဆေးဝါးများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်ရရှိထားပြီး ပြည်တွင်းဆေးဝါးစက်ရုံများသို နည်းပညာလွှပြောင်းပေးနိုင်ခဲ့သဖြင့် ပြည်တွင်းဆေးဝါးထုတ်လုပ်မှု အားကောင်းလာစေရေးနှင့် ပြည်ပဆေးဝါးတင်သွင်းမှုအပေါ် မှီခိုမှုလျှော့ချရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
без подписи
без подписи
без подписи
သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင်နေထိုင်သည့် ရန်ကုန်မှပြန်လာသော အမျိုးသမီးတစ်ဦးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိခဲ့ရပြီး ၎င်းနှင့်ထိတွေ့ခဲ့သည့် မိသားစုဝင်များအား Quarantine ထားရှိ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင်နေထိုင်သည့် ရန်ကုန်မှ ပြန်လာသော အမျိုးသမီးတစ်ဦးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိခဲ့ရပြီး ၎င်းနှင့်ထိတွေ့ခဲ့သည့် မိသားစုဝင်များအား Quarantine ထားရှိထားကြောင်း သိရသည်။ ထိုအမျိုးသမီးမှာ ကျိုက္ခမီမြို့၊ ရန်အောင်မြင်ရပ်ကွက်၊ ရွှေကျင်ကျောင်းလမ်းနေ အသက် (၅၉) နှစ်အရွယ် ဒေါ်ဌေးမွန် ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ ဩဂုတ်လ (၉) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ သရက်တောဘုန်းကြီးကျောင်းမှ တူမဖြစ်သူ အသက် (၄၀) နှစ်အရွယ် ဒေါ်အိအိဖြိုး ဆိုသူနှင့်အတူ ကျိုက္ခမီမြို့သို့ပြန်လာခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ၎င်းကဆက်လက်ပြီး “ဒေါ်ဌေးမွန် က ဩဂုတ်လ (၁၃) ရက်နေ့ည (၇) နာရီခွဲအချိန်လောက်မှာမကြာခဏဝမ်းသွားနေလို့ ကျိုက္ခမီတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ တိုက်နယ်ဆေးရုံ ဆရာဝန်ကလည်း ဒေါ်ဌေးမွန်ကို စမ်းသပ်စစ်ဆေးတဲ့အခါမှာ Cholera Test Kit Positive (ပြင်းထန်ဝမ်းပျက်ဝမ်းလျော) ဖြစ်ပွားနေတာကို စမ်းသပ်တွ့ရှိခဲ့ရပါတယ်” ဟု ပြောကြားသည်။ ဒေါ်ဌေးမွန်အား ကျိုက္မမီတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုပေးထားပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာကာ ဝမ်းအနည်းငယ်သာ သွားတော့ကြောင်း ၎င်းကဆိုသည်။ ၎င်းနှင့် ထိတွေ့ခဲ့သည့် မိသားစုတင် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၇) ဦးတို့ကိုလည်း ကျိုက္ခမီတိုက်နယ်ဆေးရုံတွင် Quarantine ထားရှိကာ စောင့်ကြည့်ထားကြောင်းလည်း သိရသည်။
без подписи
без подписи
Air India လေကြောင်းလိုင်းမှ လေယာဉ်မှူးအားလုံးကို တားမြစ်ဆေးဝါးများ သုံးထားခြင်းရှိ၊ မရှိ စစ်ဆေးမည် Air India လေကြောင်းလိုင်းသည် ၎င်း၏ လေယာဉ်မှူးအားလုံးကို မူးယစ်ဆေးဝါးအပါအဝင် တားမြစ်ပစ္စည်းများ သုံးစွဲထားခြင်း ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးမှုများကို ချက်ချင်းစတင်မည်ဟု သိရသည်။ ဖူးခက်မှ ဒေလီသို့ ပျံသန်းလာသည့် Air India လေယာဉ်တစ်စင်း ရုတ်တရက် အမြင့်ပေကျဆင်းခဲ့ပြီး ပဏာမစုံစမ်းစစ်ဆေးမှုအရ အဆိုပါလေယာဉ်၏ အကြီးတန်းလေယာဉ်မှူးသည် မူးယစ်ဆေးဝါးစစ်ဆေးမှုကို ထပ်မံခံယူခဲ့ရသည်။ သတင်းများအရ လေယာဉ်မှူး၏ စစ်ဆေးမှုရလဒ်တွင် ဆေးခြောက်သုံးစွဲထားကြောင်း တွေ့ခဲ့သည်။ Air India ၏ စရိတ်နည်း လေကြောင်းလိုင်းခွဲဖြစ်သည့် Air India Express မှ လေယာဉ်မှူးများကိုလည်း အလားတူ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ မူးယစ်ဆေးအပြင် လေကြောင်းစည်းမျဉ်းများအရ လေယာဉ်မှူးများ သုံးစွဲခွင့်တားမြစ်ထားသည့် ဆေးဝါးများကိုလည်း ထည့်သွင်းစစ်ဆေးမည်ဖြစ်သည်။ စည်းမျဉ်းသတ်မှတ်ချက်များထက် ကျော်လွန်ပြီး လုပ်ဆောင်သည့် ယခုအစီအစဉ်သည် ဘေးကင်းလုံခြုံရေးနှင့် ပရော်ဖက်ရှင်နယ် စံနှုန်းများကို အမြင့်ဆုံးအဆင့်တွင် ထိန်းသိမ်းရန်ဖြစ်ပြီး ခရီးသည်များနှင့် လူထုတစ်ရပ်လုံးအတွက် ယုံကြည်စိတ်ချမှု ရှိစေရန် ရည်ရွယ်သည်ဟု Air India က ပြောသည်။ Air India သည် ၂၀၂၅ ခုနှစ် ၊ ဇွန်လအတွင်း လေယာဉ်ပျက်ကျခဲ့သည့် ဖြစ်စဉ်ကြောင့်လည်း စောင့်ကြည့်စစ်ဆေးမှုများနှင့် ဖိအားများကို ရင်ဆိုင်နေရသည်။ အာမက်ဒါဘတ်မှ လန်ဒန်သို့ ပျံသန်းသည့် လေယာဉ်ပျက်ကျခဲ့မှု၌ လေယာဉ်ပေါ်လိုက်ပါလာသူ လူ ၂၄၁ ဦးနှင့် မြေပြင်ပေါ်ရှိ လူ ၁၉ ဦး သေဆုံးခဲ့ကာ ခရီးသည်တစ်ဦးသာ ရှင်ကျန်ခဲ့သည်။
без подписи
အီရန် New Development Bank သို့ မကြာမီ ဝင်ရောက်မည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ပြော အီရန်နိုင်ငံသည် BRICS အဖွဲ့က တည်ထောင်ထားသည့် New Development Bank (NDB) သို့ မကြာမီ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်မည်ဖြစ်ကြောင်း အီရန်ဗဟိုဘဏ်ဥက္ကဋ္ဌ အဗ္ဗဒူလ်နာဆာ ဟမ်မာတီက ပြောကြားသည်။ အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် BRICS ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ တက်ရောက်နေသည့် ဟမ်မာတီက BRICS ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့် ရလဒ်တစ်ခုမှာ NDB တည်ထောင်နိုင်ခဲ့ခြင်းဖြစ်ပြီး အီရန်အနေဖြင့် မကြာမီ ဘဏ်၏အဖွဲ့ဝင်ဖြစ်လာမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော် အီရန်၏ NDB အဖွဲ့ဝင်ဖြစ်ရေးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးကြောင်း NDB ၏ ကော်ပိုရိတ်ဆက်သွယ်ရေးဌာနက ရိုက်တာသတင်းဌာနသို့ ပြောကြားထားသည်။ အီရန်သည် ၂၀၂၄ ခုနှစ်တွင် BRICS အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီးနောက် NDB ၏ အဖွဲ့ဝင်နှင့် ရှယ်ယာရှင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ NDB ကို အခြေခံအဆောက်အအုံနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် ငွေကြေးထောက်ပံ့ပေးရန် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့က ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် BRICS အဖွဲ့ဝင်နိုင်ငံများအကြား အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုလျှော့ချပြီး သက်ဆိုင်ရာနိုင်ငံသုံးငွေကြေးများဖြင့် ကုန်သွယ်မှုနှင့် ငွေကြေးလွှဲပြောင်းမှုများ တိုးမြှင့်နိုင်ရေး ကြိုးပမ်းနေကြောင်း၊ အီရန်အနေဖြင့်လည်း အခြားအဖွဲ့ဝင်နိုင်ငံများနှင့် နှစ်နိုင်ငံ၊ သုံးနိုင်ငံအလိုက် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ကြိုးပမ်းနေကြောင်း ဟမ်မာတီက ပြောကြားခဲ့သည်။
လျှပ်စစ်မီတာအသစ်များကို ဝက်ဘ်ဆိုက် (Website) ကနေ လျှောက်ထားရာမှာ ပေးသွင်းရမည့် နှုန်းထားများကို အသိပေးကြေညာ။
အမြန်လမ်း ၁၁၅ မိုင် DENKO ဆီဆိုင်တွင် ရွှေထုပ်တစ်ထုပ် ကောက်ရထား၊ ပိုင်ရှင်လာရောက်ဆက်သွယ်နိုင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၅ မိုင်ရှိ DENKO ဖြူး ဆီဆိုင်တွင် ရွှေထည်ပစ္စည်းများပါဝင်သည့် ရွှေထုပ်တစ်ထုပ် ကောက်ရထားကြောင်း ဆီဆိုင်ဘက်က ယနေ့ ဩဂုတ် ၁၄ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ ကောက်ရထားသည့် ရွှေထုပ်နှင့်ပတ်သက်၍ ပိုင်ရှင်ဖြစ်သူအနေဖြင့် သက်ဆိုင်ရာ DENKO ဖြူး (အမြန်လမ်း ၁၁၅ မိုင်) ဆိုင်ခွဲသို လာရောက်ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။ သိုသော် ကောက်ရထားသည့် ရွှေထုပ်အတွင်း ပါဝင်သည့် ရွှေထည်အမျိုးအစား၊ အရေအတွက်နှင့် တန်ဖိုးတိုကို ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားခြင်း မရှိသေးကြောင်း သိရသည်။
без подписи