Myanmar International News
СтатистикаSharing of Myanmar & International News
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 45
- Всего постов
- 45
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 269
- 1/48двое суток
- 308
- 1/72трое суток
- 332
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်။ #News
без подписи
без подписи
без подписи
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ PDF အဖွဲဝင် ၂၀ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင် တောင်ပိုင်တိုင်းစစ်ဌာနချုပ်မှာ PDF အဖွဲဝင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၂၀ ဦးတို သေနတ် ၇ လက်၊ အီဂါနာဗုံးသီး ၁ လုံး၊ နင်းမိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည် ၄၅၇ တောင့်၊ ကျည်အိမ် ၅ ခု၊ ဖျူးစ် ၃ ချောင်းတိုနဲ့အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရာ အဆိုပါ PDF အဖွဲဝင်များအား လက်ခံကြိုဆိုခြင်းနဲ့ ဆုကြေးငွေ ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြိုအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား လက်နက်၊ ခဲယမ်းများအတွက် ဆုကြေးငွေနဲ့ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ #News
ကာလဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန အသိပေးနှိးဆော် ကာလဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ အနေနဲ့ ရောဂါကာကွယ်ရေးနှင့် ရှေးဦးပြုစုကုသရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန် သက်ဆိုင်ရာက အသိပေးနှိးဆော်ထားပါတယ်။ ကျန်းမာရေးအတွက် သောက်သုံးရေကို ပွက်ပွက်ဆူအောင် ကျိုချက်ပြီးမှ သောက်သုံးရန်၊ အစားအစာများကို ကျက်ကျက်မှန်မှန်ချက်ပြုတ်၍ ပူပူနွေးနွေး စားသုံးရန်နဲ့ ယင်မနားစေရန် သေချာဖုံးအုပ်ထားရန် လိုအပ်ကြောင်း အသိပေးထားပါတယ်။ ဒါ့အပြင် အစားမစားမီ အိမ်သာ အသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ခန့် စနစ်တကျဆေးကြောရန်လည်း တိုက်တွန်းထားပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပါက အဓိကအန္တရာယ်မှာ ခန္ဓာကိုယ်အတွင်း ရေဓာတ်နှင့် ဆားဓာတ်များ ခမ်းခြောက်ခြင်းဖြစ်တာကြောင့် ရောဂါစတင်ဖြစ်ပွားချိန်မှစပြီး ဓာတ်ဆားရည် (ORS) ကို သန့်ရှင်းတဲ့ရေနဲ့ စနစ်တကျဖျော်စပ်ကာ မကြာခဏ တိုက်ပေးရန် လိုအပ်ကြောင်း သိရပါတယ်။ #News
ဆီးချို၊ HIV ၊ ကင်ဆာအပါအဝင် ဆေးဝါးအမယ်သစ် ၆ မျိုး သုတေသနစမ်းသပ်အောင်မြင်၊ ပြည်တွင်းဆေးဝါးစက်ရုံများသို နည်းပညာလွှပြောင်း ဆီးချို၊ HIV၊ အရိုးအကြောအဆစ်နဲ့ ကင်ဆာရောဂါကုသဆေးများအပါအဝင် ဆေးဝါးအမယ်သစ် ၆ မျိုးကို သုတေသနပြုစမ်းသပ်အောင်မြင်ခဲ့တဲ့ ပညာရှင်များအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြိုမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ဆေးဝါးအမယ်သစ်များမှာ ဆီးချိုရောဂါကုသဆေး နှစ်မျိုး၊ HIV ရောဂါကုသဆေးတစ်မျိုး၊ အရိုးအကြောအဆစ်ရောဂါကုသဆေးတစ်မျိုး၊ ကင်ဆာရောဂါကုသဆေး တစ်မျိုးနဲ့ မေ့ဆေးတစ်မျိုး တိုဖြစ်ပြီး အဆိုပါ ဆေးဝါးများဟာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ရဲ့ ခွင့်ပြုချက်ရရှိထားပြီး ပြည်တွင်းဆေးဝါးစက်ရုံများသို နည်းပညာလွှပြောင်းပေးနိုင်ခဲ့သဖြင့် ပြည်တွင်းဆေးဝါးထုတ်လုပ်မှု အားကောင်းလာစေရေးနဲ့ ပြည်ပဆေးဝါးတင်သွင်းမှုအပေါ် မှီခိုမှုလျှော့ချရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ၁၉၈၂ ခုနှစ်မှ ယနေ့အထိ သုတေသနဌာနက ဆေးဝါးအမျိုးအစား ၆၆ မျိုးကို အောင်မြင်စွာ စမ်းသပ်ဖော်ထုတ်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ #News
без подписи
без подписи
မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး မစ္စတာ ငုယင်အန်းဒပ်တို သြဂုတ် ၁၃ ရက်နံနက်ပိုင်းကတွေ့ဆုံစဥ် အထက်ပါအကြောင်းအရာကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။ တွေ့ဆုံစဉ် နှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအရှိန်အဟုန်မြှင့်တင်ရေး၊ နှစ်နိုင်ငံနှင့် ပြည်သူများကြား ကာလရှည်ကြာတည်ရှိပြီးဖြစ်သောချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံကြားတည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေးတိုကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ #News
без подписи
без подписи
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိင်းအစည်းအဝေးသို တက်ရောက်အမှာ စကားပြောကြား အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ၂၀၂၆ခုနှစ်၊(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမမှာ ကျင်းပရာ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးသို ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနဲ့ အဖွဲဝင်များဖြစ်ကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘာသာရပ်ဆိုင်ရာ အကဲဖြတ် ပညာရှင်များနဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ #News
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи