မှူးတေဇ
Статистика- Последний пост
- 29 мая
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
နဝရတ်တန်ဆာ လက်ဆောင်စာ ~ ဒီနေ့မနက် ဆရာကြီးဦးသန့်စင် (ပန်းချီလှတင်ထွန်း) ဈာပနမှာ ဆရာကြီးဦးအောင်သောင်း (တက္ကသိုလ်တောသား) နဲ့ မမျှော်လင့်ဘဲ ဆုံပါတယ်။ မမျှော်လင့်ဘူးဆိုတာက ဒီဈာပနကို ဆရာကြီးဦးအောင်သောင်း မလာလောက်ဘူး၊ မလာနိုင်လောက်ဘူး ထင်လို့ပါ။ ဆရာကြီးဟာ ရာသီဥတု အင်မတန်ပူနေတဲ့ကြားက အသက်အရွယ်ကို မထောက်ထားဘဲ လူငယ်လေးတစ်ယောက်လို ပေါ့ပါးသွက်လက်စွာ ရောက်လာပါတယ်။ သံသရာခရီး အပြီးထွက်ခွာသွားတော့မဲ့ သက်တူရွယ်တူ လုပ်ဖော်ကိုင်ဖက် မိတ်ကောင်းဆွေမွန်ရဲ့ ရုပ်ကလာပ်ကို နောက်ဆုံးအနေနဲ့ ကြည့်ရှုဆင်ခြင်သံဝေဂယူပြီး နှုတ်ဆက်ပါတယ်။ ဈာပနပြီးတော့ ဆရာကြီးတို့နဲ့ စကားစမြည်ပြောရင်း "မောင်မှူး အသစ်ထွက်ထားတဲ့ ဆရာ့ကဗျာစာအုပ်ရပြီလား" လို့ ဆရာကြီးက ရုတ်တရက် မေးလိုက်ပါတယ်။ "မရသေးပါဘူး ဆရာကြီး" ဆိုတော့ "အိတ်ထဲမှာ တစ်အုပ်ပါလာတယ်" ဆိုပြီး အမှတ်တရ လက်ဆောင်ပေးပါတယ်။ ဆရာကြီးတို့ ပြန်ဖို့ ကျွန်တော်က Grab Taxi ငှားပေးနေတဲ့အချိန်မှာ ဆရာကြီးက 'ကိုမှူးတေဇအတွက် စာလက်ဆောင်' ဆိုတဲ့ ရည်ညွှန်းလွှာကလေး ရေးပြီး 'နဝရတ်တန်ဆာကဗျာများ' စာအုပ်ကလေးကို ချီးမြှင့်ပါတယ်။ မြန်မာစာဆရာကြီးတစ်ဦးရဲ့ဈာပနကို ဂါရဝပြုလာရင်း မြန်မာစာဆရာကြီးတစ်ဦးရဲ့နဝရတ်တန်ဆာကို ဆင်မြန်းခွင့်ရလိုက်တာ ဖြစ်ပါတယ်။ ဆရာကြီးဦးသန့်စင် (ပန်းချီလှတင်ထွန်း) ကောင်းရာသုဂတိလားပါစေ။ ဆရာကြီးဦးအောင်သောင်း (တက္ကသိုလ်တောသား) ကျန်းကျန်းမာမာနဲ့ အသက်ရာကျော်ရှည်ပါစေ။
без подписи
без подписи
без подписи
без подписи
တောင်ငူခေတ် ဧချင်းအဖွဲ့ခံ မင်းသား၊ မင်းသမီးများ ***** တောင်ငူခေတ် ဧချင်းအဖွဲ့ခံ မင်းသား၊ မင်းသမီးများတွင် ဘုရင့်နောင်၏ ယောက်ဖတော် 'တပင်ရွှေထီး' ကလွဲလျှင် ကျန်မင်းသား၊ မင်းသမီးအားလုံးသည် ဘုရင့်နောင်၏ တူမတော်၊ မြေးတော်၊ မြစ်တော်များ ဖြစ်ပါသည်။ ဘုရင့်နောင်၏အမွေသည် တူမတော်၊ မြေးတော်၊ မြစ်တော်များအတွက် ဧချင်းများ ဖြစ်လာခဲ့သည်။ ဧချင်းစာဆိုများသည် မင်းသား၊ မင်းသမီး အမည်တပ်၍ ဧချင်းများကို ဖွဲ့ဆိုရင်း ဘုရင့်နောင်၏ စစ်ပွဲများ၊ အောင်မြင်မှုများအကြောင်းကို ထိုဧချင်းများတွင် ဖော်ထုတ်ချီးကျူးကြသည်။ တောင်ငူခေတ်သည် ဘုရင့်နောင်ခေတ်၊ စစ်ခေတ်ဖြစ်သောကြောင့် ဘုရင့်နောင်၏ ဘုန်းတန်ခိုးဩဇာသည် တောင်ငူခေတ်ဧချင်းများတွင် အရိပ်ထင်လျက်ရှိပါသည်။ ဧချင်းကဗျာသည် 'ကလေးလက်ဖွဲ့ကဗျာ' ယောင်ဆောင်ထားသော 'ဘုရင့်ဘုန်းတော်ဘွဲ့ကဗျာ' ဖြစ်သည်။ ဧချင်းတွင် ဘုရင့်ဘုန်းတော်ဘွဲ့များ ပါဝင်ခြင်းမှာ ဧချင်းကဗျာ၏ အစဉ်အလာတစ်ခုပင် ဖြစ်သည်။ ဧချင်းစာဆိုများသည် ဘုရင့်ဘုန်းတော်ဘွဲ့များကို ကြီးကျယ်ခမ်းနားစွာ မြှောက်ပင့်ဖွဲ့ဆိုလေ့ရှိကြသည်။ တကယ်ကြည်ညိုလေးစား၍ တကယ်ဖြစ်ပျက်သည့်အတိုင်း ဖွဲ့ဆိုချီးကျူးခြင်းမျိုးလည်း ရှိပါသည်။ ဧချင်းကဗျာသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ပြသော 'ဇာတိမာန်ကဗျာ' ဖြစ်သည်။ အမျိုးကို ချစ်လာအောင်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာအောင် လှုံ့ဆော်ပေးနိုင်သည်။ ရှင်ဘုရင်၏ တိုင်းပြည်အုပ်ချုပ်ရေးအတွက် တိုက်ရိုက်အရေးပါမှု မရှိသော်လည်း သွယ်ဝိုက်သောနည်းဖြင့် တစ်မျိုးတစ်ဖုံ ပံ့ပိုးပေးနိုင်သည်။ ရှင်ဘုရင်၏ လုပ်ရပ်များ၊ အောင်မြင်မှုများ၊ သမိုင်းဝင်ဖြစ်ရပ်များကို မှတ်တမ်းတင် မော်ကွန်းထိုးပေးသော ကဗျာဖြစ်သည်။ မော်ကွန်းကဗျာကဲ့သို့ သမိုင်းဖြစ်ရပ်တစ်ခုကို တစ်ကွက်ကောင်း အကျယ် ဖော်ပြခြင်းမဟုတ်ဘဲ ရှေးမင်းများ၏ ကြိုးပမ်းမှု၊ အောင်မြင်မှု သမိုင်းဖြစ်စဉ်ကို သိုင်းဝိုင်းချဲ့ထွင်၍ အကျဉ်းဖော်ပြခြင်းဖြစ်သည်။ တောင်ငူခေတ် မင်းခမ်းဝင်ကဗျာ၊ တော်ဝင်နန်းသုံးကဗျာဖြစ်သော ဧချင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ တပင်ရွှေထီး ၁။ မင်းတရားရွှေထီးဧချင်း [၈၇၈] ၂။ မင်းတရားရွှေထီးမျိုးတော်စဉ်ဧချင်း [၈၇၈] ၃။ မင်းတရားရွှေထီးနားတော်သွင်း [၈၉၂] မင်းတရားမယ် ၄။ မင်းတရားမယ်တော်ဧချင်း [၉၁၅] နတ်ရှင်မယ် ၅။ နတ်ရှင်မယ်တော်ဧချင်း [၉၁၈] မင်းကြီးစွာ ၆။ မဟာဥပရာဇာဧချင်း [၉၂၂] မင်းရဲကျော်စွာ ၇။ မင်းရဲကျော်စွာစုန်ဧချင်း [၉၃၁] သခင်ကြီး ၈။ သခင်ကြီးဧချင်း [၉၃၆] ယိုးဒယားမိဖုရား ၉။ ယိုးဒယားမိဖုရားဧချင်း [၉၄၀] မင်းရဲနရာ ၁၀။ မင်းရဲနရာဧချင်း [၉၆၇] #မှူးတေဇ
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ၏ စာတမ်းများ ~~~~~~~~~~~~~~~~~~~~~~~~~~ [၁၉၆၆ - ၂၀၂၅] ဆရာကြီး ဘဝတစ်သက်တာ ရေးသားပြုစုခဲ့သော စာတမ်းများမှ ကျွန်တော် လက်လှမ်းမီသမျှ စာတမ်း ၇၀ ကို စာရင်းပြုစုထားခြင်း ဖြစ်ပါသည်။ အချို့စာတမ်းများကို စာတမ်းဖတ်ပွဲများတွင် တင်သွင်းဖတ်ကြားရန် ရေးသားပြုစုခဲ့သည်။ အချို့စာတမ်းများကို ပညာရပ်ဂျာနယ်၊ ပညာရပ်စာစောင်၊ ပညာရပ်စာအုပ်များတွင် ပုံနှိပ်ဖော်ပြရန် ရေးသားပြုစုခဲ့သည်။ ၁၉၆၆ ခုနှစ်၊ မတ်လ တက္ကသိုလ်ပညာပဒေသာစာစောင် အတွဲ ၁၊ အပိုင်း ၁ တွင် ရေးသားခဲ့သော 'လူ့ကိုယ်ခန္ဓာနှင့် ဘာသာစကား' စာတမ်းသည် ဆရာကြီး၏ ပထမဆုံးစာတမ်း ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မကွယ်လွန်မီ ရက်ပိုင်းအလိုတွင် ရေးသားခဲ့သော 'ဇာတကပျို့များ၏ အပြောက်အမွမ်းသဘော' စာတမ်းမှာ ဆရာကြီး၏ နောက်ဆုံးစာတမ်း ဖြစ်ပါသည်။
မနက်ဖြန် စာတမ်းဖတ်ပွဲအတွက် Zoom Link လေးပါ။
https://us06web.zoom.us/j/5218152818?pwd=ZHYzcFZKditVWTBFbFlTck9RdnJIZz09