tgindex
KPMS Channel

လိုချင်တဲ့သီချင်းကို Search Bar မှာ ရိုက်ရှာကြည့်ပါ

Последний пост
10 окт. 2023 г.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
15 авг.
Подписчики
1 381
мало замеров
Замеров пока мало
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
3 122
20 постов
Вовлечённость
226,1%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • "I Love You and Me Dancing in the Moonlight......." 😇😇 တစ်ခါနားထောင်ပြီး နားထဲအရမ်းစွဲတာပါ အသံကလည်းချိုချို လူလေးကလည်းလှလှလေးဆိုတော့ လုံးဝကို Attractive ပါပဲ 😃😃She is so beautiful in red dress 💃 မမ Jennie ရဲ့ဒီသီချင်းလေးက World Tour မှာကတည်းက အားလုံးစွဲလမ်းခဲ့ကြရတယ်လို့ပြောလို့ရပါတယ် 😍😍 အခုတော့ Official Performance လေးထွက်လာပြီမို့ mmsub လေးနဲ့တစ်ဝကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် 😉😉 အခုတလော မင်မင် Copyright ထိတာများနေလို့ သီချင်းသံမကြားရရင် အောက်က Youtube နဲ့ Tele Link ထဲဝင်ကြည့်ပေးကြပါနော် 🥹 🥹 Jennie (BLACKPINK) - You & Me (mmsub)

  • 3D နဲ့ Jungkook တစ်ယောက် ဘာတွေကိုကြည့်ချင်နေတာလဲဆိုတာ မင်မင်လည်းမသိပါဘူး မင်မင်သိတာ Jungkook ချောတာပါပဲ 😆😆🤭🤭 သီချင်းရဲ့ Genre က Pop, R&B အမျိုးအစားမို့လို့ မြူးမြူးလေးနဲ့ ငြိမ့်ငြိမ့်လေးနားထောင်ရမှာပါ 😇😇 MV ထဲက Outfit တွေနဲ့ Jungkook ကလိုက်ဖက်နေပြီး English accent ရော Voice color ရောဘာမှကိုပြောစရာမရှိပါဘူး 😃😃 Jack Harlow ရဲ့ Hip Hop နဲ့ပါ ပေါင်းစပ်ထားတော့ ပြီးပြည့်စုံတဲ့ Collaboration ပါပဲ 😉😉 정국 Jung Kook '3D feat Jack Harlow' mmsub

  • "အချစ်မှာ ကြွေဆင်းသွားတယ်ဆိုတဲ့အရာက သိပ်ကိုလှပလွန်းပါတယ် မင်းနဲ့ငါအတူတူ အချစ်ဆိုတဲ့အရာကို အဓိပ္ပာယ်ဖွင့်လိုက်ကြမလား"........🥰🤭 Kep1er ဆိုတာ survival show ကနေခက်ခက်ခဲခဲ debut လာခဲ့ကြရတာမို့ အားလုံးက Talented တွေပါ ဒါပေမယ့်တစ်ရေးနိုးရဲ့ ပေါက်ကရလုပ်မှုတွေကြောင့် ရောက်သင့်တဲ့နေရာအထိ မရောက်နေရဘူးလို့ထင်ပါတယ် 😢😢 ဒါကြောင့် သူတို့ရဲ့ comeback လေးတွေကို Kep1ian လေးတွေက သေချာစောင့်ကြည့်ပေးရုံအပြင်မရှိပါဘူး 🤧🤧 မင်မင်တစ်ခုသတိထားမိတာက သူတို့ရဲ့ album တွေထွက်တိုင်းမှာ Bside Track တွေက တကယ့်ကိုနားထောင်ကောင်းတဲ့ရတနာတွေဖြစ်နေတာပါပဲ😃 ဒီ Title လေးကိုနားထောင်ပြီးရင်လည်း Bside လေးတွေပါ နားထောင်ကြည့်လိုက်ကြပါဦး 😃 Kep1er - Galileo (mmsub)

  • "ပတ်ဝန်းကျင်ဆိုတာကတော့ ကိုယ်ဘယ်လိုပုံစံပဲနေနေ အမျိုးမျိုးဝေဖန်နေကြမှာပါပဲ 😪😪 သူတို့အပြောမှာတော့ ကိုယ့်ပုံစံကအမျိုးမျိုးဖြစ်နေမှာပေါ့ ဘယ်လိုပဲကိုယ့်ပုံစံက အမျိုးမျိုးဖြစ်နေပါစေ ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းက အဆင်ပြေတာမို့ ချစ်ပေးရမှာပါ" 🥹🥹 ဒီတစ်ခေါက် IVE ကတော့ အဓိပ္ပာယ်လေးနက်တဲ့သီချင်းလေးမှာ အရင်ကစတိုင်လေးတွေနဲ့ မတူတဲ့ပုံစံမျိုးလေး ကွဲထွက်နေတာကိုမြင်ရမှာနော် 😃😃 Mature and Attractive Vibe လေးနဲ့ Ohhhh ဆိုတဲ့နေရာလေးက နားထဲကိုအေးမြပြီး နားဝင်ချိုစေတာကတော့ အမှန်ပါ 😍😍 IVE - Either Way (mmsub)

  • စတွဲတုန်းကလိုမျိုး မချစ်ပေးနိုင်တော့တဲ့ရည်းစားအတွက် အေးစက်လာတဲ့ကောင်မလေးရဲ့ ခံစားချက်........😢😢 ကိုယ့်အပေါ် အရင်ကလောက် မချစ်ပေးနိုင်တော့ဘူးလို့ခံစားလာရတဲ့အခါ အထီးကျန်လာပြီး စိတ်ကုန်ခြင်းတွေဖြစ်ပေါ်လာတော့တာပါပဲ 😢😢 Wonder Girls ဆိုတာ Nobody သီချင်းနဲ့ Kpop ကိုကမ္ဘာသိအောင် ဖန်တီးခဲ့တဲ့အဖွဲ့တစ်ခုပါ ယခု Soloist အဖြစ် လှုပ်ရှားနေတဲ့ Sunmi ပါဝင်တဲ့အဖွဲ့လည်းဖြစ်ပြီး wonder girls ဆိုတဲ့နာမည်နဲ့လိုက်ဖက်အောင် တကယ်ကို wonder ဖြစ်စေတဲ့အဖွဲ့ပါ 😃😃 အရင်ကသီချင်းလေးတွေကို ပြန်လည်နားဆင်နိုင်ဖို့ မင်မင်ပြန်တင်ပေးနေရင်း ဒီတစ်ခါတော့ ဒီသီချင်းလေးကိုရွေးဖြစ်သွားပါတယ် 😉😉 WONDER GIRLS - Why so lonely (mmsub)

  • အစကတော့ မတင်တော့ဘူးလို့နေတာ ဒါပေမယ့် မနေနိုင်မထိုင်နိုင် ဘာသာပြန်ချလိုက်ပါပြီ 🤧🤧 တစ်ချိန်လုံးနားထဲမှာ Comin' Back For More ပဲကြားနေမိတော့တယ် TXT ရဲ့ကကွက်အမိုက်စားတွေနဲ့ သံစဉ်တွေကလိုက်ဖက်နေတော့တာပဲ အခုနောက်ပိုင်း TXT က Europe Singer တွေနဲ့ Collaboration Project တွေများလာပါတယ် 🥰🥰 Disco Vibe လေးနဲ့ Annita တို့နဲ့အတူပေါင်းစပ်ထားမှုကတော့ ဝိုးခနဲ ဝါးခနဲပါပဲ စပိန်လိုနည်းနည်းပါတော့ မင်မင်လည်းမသိတာမို့ တစ်ချို့ဘာသာပြန်တွေကို inspired လုပ်ထားပါတယ် 🥲🥲 အမှားပါရင်တော့ခွင့်လွှတ်ကြပါဦး 🥹🥹 TXT - Back For More (ft.Annita) mmsub

  • MV ထဲမှာ ကောင်မလေးနဲ့သရုပ်ဆောင်ထားလို့ J ဝင်နေရတဲ့ EXO-L လေးတွေ စာသားက ဘာအဓိပ္ပာယ်လဲဆိုတာကိုသိလို့ရပါပြီ 🤭🤭 တစ်စုံတစ်ယောက်ကို လိုအပ်နေတဲ့ အထီးကျန်ကောင်လေးရဲ့ ခံစားချက်တွေပါ D.O လိုမပြောရပါဘူး အေးစက်စက်မျက်နှာထားနဲ့ ဂရုစိုက်တတ်တဲ့ကောင်လေးအဖြစ် သရုပ်ဆောင်ထားပါတယ် 🥺🥺 vocal ကပြောစရာမလိုလို့မပြောတော့ဘူးနော် သီချင်းကလည်း နားထောင်ပြီးကြလောက်မယ်ထင်ပါတယ် နားမထောင်ရသေးတဲ့သူတွေလည်း နားထောင်ကြည့်ကြပါဦး 😊😊 ဟီး ကောင်မလေးကချစ်စရာလေးနော် 🫢 ဟဲဟဲစတာပါ နားထောင်ကြတော့ဗျို့ 😆😆 D.O - Somebody (mmsub)

  • လမ်းခွဲခံလိုက်ရပြီး ပေါက်ကွဲထွက်တဲ့သံစဉ်မျိုးနဲ့ ဒီလို snake concept မျိုးနဲ့ MV တွေက ဒီဘက်ခေတ်မှာ သိပ်ရှားသွားတယ်လို့ ပြောလို့ရပါတယ် 🫡🫡 4minute ဆိုတာ တစ်ချိန်ကအောင်မြင်ကျော်ကြားခဲ့တဲ့ Girl Groups တွေထဲကတစ်ဖွဲ့ဖြစ်သလို concept အကြမ်းစားကြီးတွေနဲ့ ရှယ် slay ခဲ့ကြတာပါ 🥹🥹 ဒါကြောင့်ဒီညမှာတော့ throwback အနေနဲ့ အရင်တုန်းက သီချင်းလေးတွေထဲကနေ ရွေးချယ်ပြီး ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် 😉😉 မင်မင်ကတော့ ဒီဘက်ခေတ် Kpop ကိုလည်း သဘောကျသလို အရင်ခေတ် Kpop ကိုလည်း တန်ဖိုးထားဆဲ နားထောင်ဆဲပါပဲ 😍😍 4minute - Volume Up (mmsub)

  • MV ထဲမှာပထမဆုံးမြင်ရမှာကတော့ V ရဲ့ ရေကူးနေတဲ့မြင်ကွင်းကို ခံစားရမှာဖြစ်ပါတယ် 🤣🤣 အဲ့ဒီနောက်မှာတော့ သာယာလှတဲ့အသံလေးနဲ့ ငြိမ့်ညောင်းလှတဲ့တေးသွားတွေနဲ့အတူ Chilling and Healing ဖြစ်ရမှာပေါ့ရှင် 🤭🤭 MV ကို Summer Vibe လေးနဲ့လန်းလန်းဆန်းဆန်းလေးရိုက်ထားပြီး Army လေးတွေကတော့ သေချာပေါက်အကြိုက်တွေ့မှာပါ 😉😉 စာသားအမှားပါဝင်ခဲ့ရင် ဘာသာပြန်မင်မင်ရဲ့အမှားမို့ နားလည်ခွင့်လွှတ်ပေးစေလိုပါတယ် 🥺🥺 V - Slow Dancing (mmsub)

  • 5th Gen ကတော့ Boy Group တွေအပြိုင်ကြဲကြမယ့် Generation လားမသိပါဘူးဗျာ အမိုက်စားတွေချည်းကို Debut နေကြတော့တာပါပဲ 🤧🤧 Debut Song "Memories" ကိုမတင်ဖြစ်လိုက်လို့ Get a guitar လေးကိုနားထောင်ကြည့်ကြပါဗျ 🤗🤗 မင်မင်ကတော့ ဒီတစ်ပုဒ်ကိုပိုကြိုက်သလိုပဲ မြူးမြူးလေးနဲ့ လန်းလန်းဆန်းဆန်းလေး ဟိုတစ်ပုဒ်လည်းအတူတူပါပဲ 😉😉 အကြိုက်ဆုံးကတော့ Seunghan ရဲ့ "Oh baby Oh" ပါပဲ 🤭🤭 RIIZE - Get a Guitar (mmsub)

  • မမ Hyo ရဲ့ ညို့အားပြင်း သီချင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ် 🤗🤗 နားကြပ်လေးတပ်ပြီးနားထောင်ရင် သီချင်းရဲ့စည်းချက်သံတွေကို သေချာတစ်ဝကြီးနားဆင်နိုင်မှာပါ 😉😉 MV အပြင်အဆင်နဲ့ အကတွေကတော့ ပြောဖို့ကိုမလိုတော့ဘူးနော် Rhythm ကျကျလေးနဲ့ Choreograhy ကလည်းအမိုက်စားကြီးပါပဲ 😱😱 တစ်ယောက်လာတောင်းပေးထားလို့ တင်ပေးလိုက်ပါတယ်ဗျာ ခံစားကြည့်လိုက်ကြပါတော့ 🥰🥰 HYO - PICTURE (mmsub)

  • စိတ်ညစ်စရာတွေများတဲ့လောကကြီးထဲ အမြဲစိတ်ဓာတ်ကျနေတာမျိုးမဟုတ်ပဲ တစ်ခါတစ်လေ Fresh ဖြစ်စေမယ့်သီချင်းလေးတွေနားထောင်သင့်ပါတယ် 🥺🥺 CRAVITY အဖွဲ့ဟာ 2020 မှာ debut ခဲ့ပြီး talent အပြည့်နဲ့ Hidden Treasure လေးတွေပါပဲ ဘာလို့ underrated ဖြစ်နေရလဲမင်မင်လည်းနားမလည်နိုင်ဘူး 🤧🤧 ကောင်လေးတွေက ချစ်စရာလေးတွေပါ comeback ကိုဒီလို concept လေးတွေကလည်းရှားသွားပြီး နွေရာသီနဲ့လိုက်ဖက်တဲ့ vibe လေးမို့ MV ကြည့်ရင်း satisfied ဖြစ်စေမှာပါ 😍😍🏝 CRAVITY - Cheese (mmsub)

  • ဒီညမှာတော့ မရေမရာဖြစ်နေတဲ့ခံစားချက်တွေကို မေးခွန်းထုတ်လိုက်ရအောင်...... 😃😃 Seventeen အဖွဲ့ဝင်တွေဖြစ်တဲ့ Vernon, S.Coups နဲ့ Woozi တို့နဲ့ အတူ Aliee က ပါဝင်ပြီး collaboration လုပ်ထားပါတယ် 😉😉 အချင်းချင်းသဘောကျနေတာသိသာပေမယ့် မေးခွန်းထုတ်လိုက်တဲ့အခါတိုင်း ဝေ့လည်ကြောင်ပတ်ဖြစ်နေတဲ့ ကောင်မလေးကို စိတ်မရှည်တဲ့ကောင်လေးတို့ရဲ့အကြောင်းပါပဲ 🥺🥺 သီချင်းလေး ချစ်စရာကောင်းပြီး ထွက်တာကြာပြီဖြစ်ပေမယ့် အခုချိန်နားထောင်လည်းနားထောင်ကောင်းဆဲပါပဲ 🤭🤭 Situationship ထဲရောက်နေတဲ့သူတွေအဖို့တော့ နားထောင်လိုက်ပါနော် 🤭🤭 Seventeen & Aliee - Q&A (mmsub)

  • iKON ဆိုသည်မှာ လမ်းမခွဲရရင် မနေနိုင်တဲ့အဖွဲ့ပါပဲ 🤧🤧 သီချင်း သံစဉ်လေးကမြူးမြူးလေးမို့ အချစ်အကြောင်းဖွဲ့နွဲ့ထားပြီထင်တာ ဖွဲ့နွဲ့တော့ထားပါရဲ့ နောက်ဆုံးအမှတ်တရတွေနဲ့ပဲကျန်ရစ်နေခဲ့ရပုံလေးပါပဲ 🥹🥹 သီချင်း MV ထဲမှာသေချာကို ပုံဖော်ထားကြတာပါ မင်မင်လည်း သီချင်းနားထောင်ရင်း ဆွေးရမလို ရင်ခုန်ရမလိုပဲ 🤣🤣 ဒီတစ်ခေါက်မှာလည်း - ရည်းစားနဲ့ပြတ်တဲ့သူ - ဒိတ်ရင်းအဆင်မပြေတော့တဲ့သူ - တစ်ဖက်သတ်ချစ်နေတဲ့သူ - အငြင်းခံရတဲ့သူ - ကိုယ်ကငြင်းပြီးမှ နောင်တရနေတဲ့သူနဲ့ - သဘောတွေကျခဲ့ပြီး မတွဲဖြစ်လိုက်တဲ့သူ ကဲကဲ ဖန်ဖန်လေးတို့ရော ဘယ်သူ့အဖွဲ့ထဲပါကြလည်းဟင် မင်မင်ကတော့ နောက်ဆုံးအဖွဲ့ပါ 🤭🤭 iKON - PANORAMA (mmsub)

  • AKMU မောင်နှမနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့သီချင်းလေး.........🤗.🤗 အချစ်နဲ့တွေ့ပြီးနောက်ပိုင်း ပြောင်းလဲသွားတာမျိုး စိတ်ရှုပ်စရာကိစ္စလေးတွေတောင်မှ ဒေါသမထွက်တော့တာမျိုး 🥺🥺🥺 သီချင်းလေးကချစ်ဖို့ကောင်းပြီး MV ထဲမှာလည်း outfit လေးတွေက ကာတွန်းဆန်ဆန်လေးတွေတွေ့ရမှာပါ Talent ရှိပြီးသားမောင်နှမမို့ Vocal ဘာညာကတော့ ပြောစရာမလိုတော့ဘူးနော် 😉😉 AKMU - Love Lee (mmsub)

  • အချိန်အကြာကြီးနေမှ Slay ဖို့ ပြန်ရောက်လာခဲ့ကြတဲ့ Everglow........😎😎 Girl Crush Concept အကြမ်းစားတွေနဲ့အများ Slay တဲ့ Everglow က အခုလည်း Slay သီချင်းနဲ့ ရှယ် slay သွားပြန်ပါတယ် 😱😱 မျှော်လင့်ရတာနဲ့တန်အောင်ကို မိုက်လွန်းပါတယ် သီချင်းကလည်း ၂ခေါက်လောက်နားထောင်ပြီးတော့ မင်မင်တော်တော်သဘောကျလာတယ်ဗျ Hair Style တွေကလည်း တစ်ယောက်တစ်မျိုးစီ ပြောင်းထားကြတာ 😃😃 အကြာကြီးနေမှ Comeback တာမို့ Win စေချင်မိတာအမှန်ပါ ဒီရက်ပိုင်း Comeback တွေကလည်းများနေပြီး အားလုံးကလည်း အမိုက်စားတွေမို့ အပြိုင်အဆိုင်ဖြစ်နေတော့မှာတော့ အသေအချာပါပဲ 🫢🫢 Everglow - Slay (mmsub)

  • နောက်ဆုံးတော့ ONCE တွေအားလုံးမျှော်လင့်နေခဲ့ရတဲ့ Leader ကြီးရဲ့ SOLO Debut ထွက်ရှိလာခဲ့ပါပြီ 🤗🤗 အသံပါဝါအားကောင်းကောင်း ညို့အားပြင်းပြင်းနဲ့ MV ကိုပုံဖော်ထားပြီး သီချင်းရဲ့ အဓိပ္ပာယ်ကတော့ တစ်ယောက်သောသူကြောင့်နဲ့ ခံစားချက်ကောင်းတွေဖြစ်ပေါ်စေတယ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ 😉😉 ဆွဲဆောင်မှုရှိရှိနဲ့ energy အပြည့် dance styleကတော့ jihyo လို့ကိုပြောစရာမလိုပါဘူး မင်မင်လည်း တကယ်သဘောကျမိပါတယ် 😍😍 မြန်မာစာတန်းထိုးနဲ့ နားမထောင်ရသေးရင် ONCE တို့လည်းတစ်ခေါက်လောက်နားထောင်ကြည့်လိုက်ပါဦး 😗😗 JIHYO (TWICE) - Killin' Me Good {mmsub}

  • Teen Fresh Concept လေးနဲ့ အမြဲလန်းဆန်းနေတာကတော့ STAYC ပါပဲ 😃😃😃 ဒီတစ်ခေါက်တော့ Bubble ဆိုတဲ့သီချင်းလေးနဲ့ ချစ်စရာကောင်းပြီး Disneyland ⛪️လေးတွေကိုပါ mv ထဲထည့်သုံးထားတာမို့ ငယ်ဘဝကိုပြန်ရောက်သွားသလိုခံစားရမှာပါ 😇 သီချင်းလေးကတော့ အများနဲ့မတူပဲ ကိုယ်ကကွဲပြားနေလို့သူများတွေလိုမဖြစ်ရကောင်းလားဆိုပြီး စိတ်ဓာတ်မကျပဲ ကွဲပြားမှုကပြဿနာမဟုတ်ကြောင်းကို သီဆိုထားတာဖြစ်ပါတယ် 😉😉 မင်မင်တစ်ဦးတည်းအမြင်အရဆိုရင် ရှေ့သီချင်းလေးတွေကို ပိုကြိုက်နေတုန်းပဲဗျ အဲ့တုန်းကလို ပိုပြီး catchy ဖြစ်ဖြစ်လေးတွေထုတ်ရင်ကောင်းပါမယ် 🥹🥹 STAYC - Bubble (mmsub)

  • ဒီညတော့ အချစ်သီချင်းအေးအေးလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါ့မယ် 😞 ခံစားချက်အပြည့်နဲ့ နားထောင်မယ့်သူတွေကတော့ စိတ်ထဲမှာ အရမ်းကို chilling and missing ဖြစ်မှာပါ 🥺🥺 The Rose အဖွဲ့ရဲ့သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပြီး The Rose ဆိုတာကတော့ 2017 လောက်ကတည်းက debut ခဲ့ကြတဲ့ Rock Band တစ်ခုပါ 😎😎 RS တွေကတော့ စာသားလေးနဲ့နားထောင်ပါ FA လေးတွေကတော့ စာသားမပါပဲ ဒီတိုင်းနားထောင် Feel လို့ကောင်းမယ်ထင်ပါတယ် မင်မင်လည်းစာသားမကြည့်ပဲ သွား feel မိတာ 🤧🤧 ပြီးမှ Our love is true တဲ့ ငိုနေပါပြီ 🥲🥲 The Rose - I.L.Y (mmsub)

  • Healing Voice ပိုင်ရှင်လေးဖြစ်တဲ့ V ရဲ့ SOLO SINGLE "Love Me Again" 😍😍 တစ်ခါနားထောင်လိုက်တာနဲ့ ထပ်ထပ်ပြီးကိုနားထောင်ချင်နေတာပါ healing ဖြစ်တဲ့ သူ့အသံလေးက သီချင်းနဲ့တကယ်ကိုလိုက်ဖက်နေတာပါပဲ😭😭 သီချင်းရဲ့ အဓိပ္ပာယ်ကတော့ ထားခဲ့ပြီးထွက်သွားတဲ့ချစ်သူကောင်မလေးကို သူ့ကိုတစ်ဖန်ပြန်ချစ်လာစေဖို့ တမ်းတနေတဲ့အဓိပ္ပာယ်လေးပါ😢 MV ထဲအရင်မြင်မိတာကတော့ တလက်လက်ထနေတဲ့ V ရဲ့ outfit ပါပဲ လှတဲ့သူတွေများ ဘာဝတ်ဝတ်ကိုလှနေတာပဲနော် 🥲🥲 အခုလောက်ဆို နားထောင်ပြီးလောက်ပြီဆိုပေမယ့် စာတန်းထိုးလေးနဲ့ နောက်တစ်ခေါက်နားထောင်ကြည့်လိုက်ရအောင်😉😉 V - Love Me Again (mmsub)