KBZPay / KPay Myanmar
СтатистикаKBZ Pay is the mobile wallet platform that helps you make banking simpler, and safer.
- Последний пост
- 10 дек.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 13
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
🔔ဆေးမဟုတ်တဲ့ ခေါင်းကိုက်ပျောက်တဲ့ဆေးဆိုတာ "ငွေလက်ခံရရှိပါသည်"ဆိုတဲ့ KBZPay Notification ပါ🥰 https://www.tiktok.com/@kbzpay_official_tiktok?_t=ZS-90ksHOcVFXb&_r=1 🌐TikTok Channel ကို follow လုပ်ဖို့လဲမမေ့နဲ့အုန်းနော် #KBZPay #headache #transaction #friendship
အလှကုန်ပစ္စည်းများစွာ စုံလင်စွာ Cosmo Mini App မှာ ယခုလင့်ခ် https://kbzpay.co/49E8mYx မှ တစ်ဆင့် ဝယ်ယူပါ #အချိန်တိုင်းအတွက်KBZPayMiniApps #KBZPayMiniAppsforEveryMoments
"KBZPay ဝန်ထမ်းယောင်ဆောင်ပြီး ဆိုရှယ်မီဒီယာမှ လိမ်လည်မှုများ” https://www.facebook.com/share/1A9g9G1S2b/?mibextid=wwXIfr
ဒီလို Challengeလေးတူတူjoinဖို့ လစာဝင်ပြီလား? #KBZPay #kimseohochallenge #payday #salary
KBZ Bank နဲ့ KBZPay မှ Diamond Partner အဖြစ်ပါဝင်အားဖြည့်ပေးထားတဲ့ ❝ငယ်ဘဝအမှတ်ရ တန်ဆောင်တိုင်ည❞ ဆိုတဲ့ 𝐙𝐚𝐲 𝐏𝐰𝐚𝐥 𝐓𝐚𝐰 𝐛𝐲 𝐌𝐘𝐄𝐀 ပွဲမှာ KBZ Bank နဲ့ KBZPay ရဲ့ ပံ့သကူ စာအိတ်လေးတွေ ရှာ ပြီးကြပြီလား။ ပံ့သကူစာအိတ်လေးတွေ ကိုတော့ ပွဲအတွင်းမှာ ရှိတဲ့ ဆိုင်ခန်းလေးတွေစီမှာ ဖွက်ထားမှာဖြစ်ပါတယ်။ စာအိတ်လေးတွေ ရှာတွေ့ပြီဆိုရင်တော့ အထဲမှာပါတဲ့ စာရွက်လေးနဲ့ အတူ KBZ Bank နဲ့ KBZPay Booth မှာလာရောက်လို့ Spin the Wheel လှည့်ကာ ဆုလက်ဆောင်တွေ ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ ပံ့သကူကောက်တယ်ဆိုတာကတော့ မြန်မာလူမျိုးတိုင်းမစိမ်းတဲ့ ဓလေ့တစ်ခုမို့ ငယ်ဘဝ အမှတ်တရလေးတွေရနိုင်ဖို့အတွက် KBZ Bank နဲ့ KBZPay ကနေ စီစဉ်ပေးထားတဲ့ ဒီ ပံ့သကူ အစီအစဉ်လေးမှာစာအိတ်လေးတွေလိုက်ရှာ ဖို့ မမေ့နဲ့နော်။ ဒါကြောင့်မို့ ပျော်စရာ အစီအစဉ်တွေမှာ ပါဝင်ဆင်နွှဲရင်း ငယ်ဘဝအမှတ်တရလေးတွေနဲ့အတူ ဆုလက်ဆောင်တွေရှာဖို့ ❝ငယ်ဘဝအမှတ်ရ တန်ဆောင်တိုင်ည❞ ဆိုတဲ့ 𝐙𝐚𝐲 𝐏𝐰𝐚𝐥 𝐓𝐚𝐰 𝐛𝐲 𝐌𝐘𝐄𝐀 ကို အခုပဲ လှမ်းလာလိုက်တော့နော်။ နေ့ရက် - အောက်တိုဘာလ (၃၁) ရက် မှ နိုဝင်ဘာလ (၂) ရက် ၂၀၂၅ ခုနှစ်အထိ နေရာ - Myanmar Plaza Outdoor Ground အချိန် - နေ့လယ် ၂ နာရီမှ ည ၉ နာရီအထိ
KBZPay QR နဲ့ဆိုဘယ်နေရာမဆို လွယ်လွယ်လေးရှင်းလို့ရပြီနော် #KBZPay #QR #travel #airticket #hotel #busticket #holiday #vacation
ပြည်ပငွေလွှဲများစွာကို KBZPay မှာလက်ခံရင်း အောက်တိုဘာလ ပထမပတ်နှင့် ဒုတိယပတ်အတွင်း ဆုလက်ဆောင် ကံထူးသွားသူများထဲမှ (၁) သိန်းကျပ် နှင့် (၅)သောင်းကျပ် ကံထူးသွားသူများ ထွက်ပေါ်လာပါပြီ။ ဒီလိုမျိုး ငွေသားဆုတွေ ကံထူးဖို့ဆိုရင် Merchantrade Asia, Ria, Western Union တို့မှ လွှဲပို့ငွေ (၅) သိန်းကျပ်နှင့်အထက်ကို KBZPay ထဲမှာ အဝင်လက်ခံလိုက်တဲ့အကြိမ်တိုင်း Spin Wheel ကံစမ်းခွင့် (၁) ကြိမ်စီရမှာဖြစ်ပါတယ်။ ငွေလက်ခံသူတစ်ယောက်လျှင် Spin Wheel ကံစမ်းခွင့် (၅) ကြိမ်ထိ ရရှိမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ဆင်နွှဲရန်အတွက် KBZPay အဆင့် (၂) ရှိဖို့လိုအပ်ပါတယ်။ အစီအစဉ်ကာလကတော့ အောက်တိုဘာလ ၃၁ ရက်နေ့အထိဖြစ်လို့ KBZPay နဲ့ ပြည်ပမှလွှဲပို့ငွေများကို အခုပဲလက်ခံလိုက်တော့နော်။ အစီအစဉ်အသေးစိတ်ကို အောက်ပါလင့်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://kbzpay.co/4h5q7lv
နေရာအနှံ့ လှည့်လည် KBZPay ဝန်ဆောင်မှုများပေးအပ်မယ် မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် KBZPay နှင့်ပတ်သက်သော ဝန်ဆောင်မှုများကို လွယ်ကူစွာရယူနိုင်ရန် KBZPay Center - Mobile Center လူကြီးမင်းတို့ရဲ့ လက်တစ်ကမ်းအနီးသို့ရောက်ရှိလို့လာပါပြီ။ သတ်မှတ်ထားသောရက်များအတွင်း မနက် ၉:၀၀ မှ ညနေ ၅:၀၀ အထိ စနေနေ့ နှင့် တနင်္ဂနွေနေ့ များမှ လွဲ၍ ရန်ကုန်မြို့အနှံ့ ရှိ KBZဘဏ်ခွဲများ နှင့် အထင်ကရဈေးများတွင် ဝန်ဆောင်မှုများကို ပေးအပ်သွားမှာဖြစ်ပါတယ်။ အောက်တိုဘာလ အတွင်း KBZPay Center - Mobile Center ၏ အချိန်နှင့်နေရာကိုသိရှိလိုပါကအောက်ဖော်ပြပါ လင့် မှာဝင်ရောက်ကြည့်ရှုလိုက်ပါ။ 👉https://www.kbzpay.com/en/uncategorized/date-and-place-of-mobile-kbzpay-center-2025/#tab-october Customer များရယူနိုင်သော ဝန်ဆောင်မှုများ ✅KBZPay အကောင့်ဖွင့်ပေးခြင်း။ ✅ကိုယ်ရေးအချက်အလက်ပြင်ဆင်ခြင်း။ ✅ဘဏ်အကောင့်ဖြင့်ချိတ်ဆက်ခြင်း။ ✅KBZPay သို့ငွေသွင်းခြင်း/ KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း။ ✅OTC Remittance ငွေလွှဲ/ငွေထုတ်ခြင်း။ ✅QuickPay ✅ဖုန်းဘေလ်ဖြည့်ပေးခြင်း။ ✅ဘေလ်ပေးဆောင်ခြင်း။ ✅လက်ဆောင်ကဒ်ဝယ်ယူခြင်း။ ✅ခရီးသွားလက်မှတ်ဝယ်ယူခြင်း။ Agent/ Merchant များရယူနိုင်သော ဝန်ဆောင်မှုများ ✅ကိုယ်စားလှယ်ကြီး၊ ကုန်သည်ကြီး ကိုယ်ရေးအချက်အလက်များပြောင်းလဲခြင်း။ ✅ကိုယ်စားလှယ်ကြီး၊ ကုန်သည်ကြီး ဖုန်းနံပါတ်ပြောင်းလဲခြင်း။ ✅ကိုယ်စားလှယ်ကြီး၊ ကုန်သည်ကြီးအကောင့် Pin နံပါတ်ပြောင်းလဲခြင်း။ ✅လုပ်ငန်းအမည်၊ ဆိုင်အမည်ပြောင်းလဲခြင်း။ ✅KBZPay ကိုယ်စားလှယ်ကြီး မှ ကုန်သည်ကြီး အဖြစ်သို့ ပြောင်းလဲပြင်ဆင်ခြင်း။ ✅KBZPay ကုန်သည်ကြီးမှ ကိုယ်စားလှယ်ကြီး အဖြစ်သို့ ပြောင်းလဲပြင်ဆင်ခြင်း။ ✅ကိုယ်စားလှယ်ကြီး၊ ကုန်သည်ကြီး အကောင့်အသစ်ဖွင့်လှစ်ခြင်း။ ✅ကိုယ်စားလှယ်ကြီး၊ ကုန်သည်ကြီး အကောင့်သို့ ငွေဖြည့်သွင်းခြင်း၊ ငွေထုတ်ခြင်း။ မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာ နှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက အောက်ပါလင့်ခ် မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 👉https://www.kbzpay.com/my/updates-mm/announcements-mm/kbzpay-center-for-customer-mm/
လိမ်လည်မှု သတိပေးချက် Remote Desktop App တွေရဲ့ နောက်ကွယ်က အန္တရာယ် ငွေကြေးလိမ်လည်တဲ့ မသမာသူတွေက AnyDesk, TeamViewer တို့လို Remote Access App တွေကိုသုံးပြီး သင့်ရဲ့ ကွန်ပျူတာ (သို့) ဖုန်း ကို အဝေးကနေ အပြည့်အဝ ထိန်းချုပ် ခွင့်ရဖို့ လှည့်ဖြားတာကို Remote Desktop Scam လို့ခေါ်ပါတယ်။ သူတို့ဟာ KBZPay အသုံးပြုသူများကို ဖုန်းဆက်ပြီး အကြောင်းအရာမခိုင်လုံဘဲ Link များပေးပို့တာပဲဖြစ်ဖြစ်၊ KBZPay အအကောင့်ကို လုံခြုံရေးအရ ချက်ချင်း ပြင်ရမယ် စသဖြင့် အကြပ်ကိုင်ကာ AnyDesk/TeamViewer ကို ဒေါင်းလုဒ်လုပ်ပြီး KBZPay PIN Number နဲ့ Password ကို ပေးဖို့ ဖိအားပေး တောင်းဆိုပါလိမ့်မယ်။ တကယ်တမ်းမှာတော့ Remote Deskstop Application တွေကို နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကိုဖြေရှင်းရန် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများ၊ Work from home အလုပ်လုပ်သူများနှင့် ကုမ္ပဏီများတွင် ဝန်ထမ်းများအနေဖြင့်အဖွဲ့လိုက်ပူးပေါင်း လုပ်ဆောင်ရန် လိုအပ်သောအချိန်များတွင် ဆော့ဖ်ဝဲ နှင့် ဖိုင်များလုံခြုံစွာချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် အသုံးပြုလေ့ရှိသော Application တစ်ခုဖြစ်ပါတယ် ။ Anydesk Application ကဲ့သို့သော Remote Access ပြုလုပ်နိုင်တဲ့ အသုံးများတဲ့ Application တွေကတော့ TeamViewer ၊ Zoho Assist နဲ့ ICL Online Application တို့ပဲဖြစ်ပါတယ်။ နောက်ထပ်လည်း KBZPay ကနေပြီးတော့ Remote Deskstop Application တွေကို အသုံးပြုပြီး မသမာသူတွေက ဘယ်လိုလိမ်လည်ကြတယ် ဆိုတာကို ဆက်လက်မျှဝေပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုဖို့မမေ့နဲ့နော်။
ပြည်ပကနေ မြန်မာနိုင်ငံရှိ ချစ်ခင်ရသူတွေဆီ လွှဲပို့လိုက်တဲ့ ငွေလွှဲတွေကို KBZPay မှာ လက်ခံပြီး ဆုလက်ဆောင်တွေကံစမ်းနိုင်မယ့်ရက်က သိပ်မကျန်တော့ဘူးနော်။ Merchantrade Asia, Ria, Western Union တို့ကနေ လွှဲပို့ငွေ (၅) သိန်းကျပ်နှင့်အထက်ကို KBZPay ထဲမှာ အဝင်လက်ခံလိုက်တဲ့အကြိမ်တိုင်း Spin Wheel ကံစမ်းခွင့် (၁) ကြိမ်စီရမှာဖြစ်ပြီး ငွေလက်ခံသူတစ်ယောက်ကို Spin Wheel ကံစမ်းခွင့် (၅) ကြိမ်ထိ ရရှိမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ဆင်နွှဲဖို့ KBZPay အဆင့် (၂) ရှိဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်က အောက်တိုဘာလ ၃၁ ရက် ၂၀၂၅ ခုနှစ် အထိပဲဖြစ်လို့ အမြန်ဆုံးပါဝင်ဖို့လိုပါတယ်။ KBZPay သို့ငွေလွှဲပို့နိုင်မယ့် နိုင်ငံခြားငွေလွှဲဝန်ဆောင်မှုတွေကတော့ • Western Union ဖြင့် နိုင်ငံတကာမှငွေလွှဲခြင်း • Ria ဖြင့် နိုင်ငံတကာမှငွေလွှဲခြင်း • Merchantrade Asia ဖြင့် မလေးရှား၊ ဂျပန်၊ နှင့် ကိုရီးယားနိုင်ငံတို့မှ ငွေလွှဲခြင်း စတာတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ချစ်ရသူတွေရဲ့ ပြည်ပမှ လွှဲပို့ငွေများစွာကို KBZPay မှာလက်ခံပြီး ဆုလက်ဆောင်တွေ အမြန်ဆုံးကံစမ်းလိုက်တော့နော်။ အစီအစဉ်အသေးစိတ်ကို အောက်ပါလင့်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://kbzpay.co/4h5q7lv
၃၅ လမ်း ၊ ၅၆ နှင့် ၅၇ လမ်းကြား ၊ မဟာအောင်မြေမြို့နယ် ရှိ ရဲမွန်တောင် KBZPay Center မှာ ဝန်ဆောင်မှုများရယူနိုင်ပါပြီ ။ ငွေသွင်း ၊ ငွေထုတ် ဝန်ဆောင်မှုများ အပြင် KBZPay အကောင့်နှင့်ပတ်သက်သော အခြားသော ဝန်ဆောင်မှုများကို ရယူနိုင်နေပြီ ဖြစ်ပါတယ်။ ထို့အပြင် ဖုန်းအားသွင်းရန် အခက်အခဲရှိသော customer များအတွက်လည်း charging station များ ထားရှိသွားမှာ ဖြစ်တဲ့အတွက် အားသွင်းရန် လိုအပ်ခဲ့ပါလျှင် စင်တာ သို့ မနက် ၉ နာရီမှ ည ၅ နာရီကြား လာရောက် အားသွင်းနိုင်ပါပြီ။
ပြင်းထန်သည့် ငလျင်ကြောင့် ဖြစ်ပေါ်လာရသည့် ပျက်စီးဆုံးရှုံးမှုများတွင် တဖက်တလမ်းကနေ ပါဝင်ကူညီလိုတဲ့မြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံသူ/နိုင်ငံသားများအနေဖြင့်ငလျင်ဒဏ်သင့်ပြည်သူများအတွက် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းများရဲ့လိုအပ်ချက်တွေကို KBZPay ရဲ့ Donation (အလှူဒါန) ကို အသုံးပြုကာပါဝင်လှုဒါန်းကူညီမှုများပြုလုပ်နိုင်ပြီဖြစ်ကြောင်းအသိပေးအကြောင်းကြားလိုပါတယ်။ KBZPay မှ တစ်ဆင့် လှုဒါန်းမှုများသည် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ၁၀၀% အချိန်နှင့်တပြေးညီ ပြန်လည် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ကူညီမှုများပြုလုပ်ဖို့အတွက် စိတ်ဝင်စားပါက KBZPay ရဲ့ Home Page သို့ ဝင်ရောက်ပြီး Donation (အလှူဒါန) ကို ရွေးချယ်ကာ လှုဒါန်းနိုင်မှာ ဖြစ်ပါတယ်။ Donation (အလှူဒါန) ထဲရှိ Myanmar Red Cross Society မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ Shwe Minn Tha Foundation(Myanmar) စတဲ့အဖွဲ့အစည်းများထဲမှ မိမိလှုဒါန်းလိုတဲ့ အဖွဲ့အစည်းကို ရွေးချယ်ပြီး လှူဒါန်းလိုသောပမာဏကိုရိုက်ထည့်၍ လှုဒါန်းနိုင်မှာဖြစ်ပါတယ်။ လှူဒါန်းရန်- https://kbzpay.co/4hXEC9B ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဝိုင်းဝန်းလက်တွဲလို့ ဖေးမကူရင်းဖြင့် အတူတကွဒီအခက်အခဲများကို ကျော်ဖြတ်ကြပါစို့။
Channel created