tgindex
Astronomy,Astrophysic,Comslogy,Physics Fields

Astronomy,Astrophysic,Comslogy,Physics Fields

Статистика

အာကာသသိပ္ပံသီအိုရီအစုံ

Последний пост
18 окт. 2025 г.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
331
+1 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
326
21 постов
Вовлечённость
98,5%
к подписчикам
Постов в день
0,0
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 18 окт. 2025 г.399из speedoflight299792458

    без подписи

  • 18 окт. 2025 г.388из speedoflight299792458

    без подписи

  • 18 окт. 2025 г.299из speedoflight299792458

    Alferd Nobelဆိုတာဘယ်သူလဲ။ Alfred Nobelဆိုတာက Swiss သိပ္ပံပညာရှင်၊စွန်းဉီးတီထွင်သူတစ်ဉီးဖြစ်ပါတယ်။သူ့ရဲ့ Dynamiteတီထွင်မှုက လူတွေကြားအင်မတန်ရေပန်းစားသွားပါတယ်။Dynamite တီထွင်မှုနဲ့ပဲ ချမ်းသာလာပြီး ဉရောပတစ်ခွင် စက်ရုံအလုပ်ရုံတွေအမြောက်အမြားပိုင်ဆိုင်တဲ့အဆင့်ထိဖြစ်လာပါတယ်။တစ်နေ့တော့သူ့ရဲ့ အောင်မြင်မှုကိုဂုဏ်ယူတဲ့စိတ်တွေပြောင်းလဲချိန်တန်လာပါပြီ။သူ့သူငယ်ချင်းတစ်ဉီးရဲ့သေဆုံးမှုကိုနာရေးသတင်းစာတွေမှာ သူ့နာမည်နဲ့မှားယွင်းစွာဖော်ပြခံခဲ့ရပါတယ်။အဲ့ခါကြတော့ လူတွေက မသနားကြဘူးဗျ။သူထင်ထားသလိုဝမ်းနည်းမှုကိုမတွေ့ရဘူး။Dynamite ကို ဆောက်လုပ်ရေးလုပ်ငန်းတွေမြန်ဆန်စေဖို့ရည်ရွယ်ခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ စစ်ပွဲတွေမှာ တစ်နှစ်အလိုမှာသေတမ်းစာ တစ်စောင်ရေးခဲ့တယ်။အဲ့စာမှာ သိပ္ပံနယ်ပယ်မှာထူးချွန်ပြောင်မြောက်မှုတွေ၊တနည်းအားဖြင့် လူသားတွေကိုအကျိုးပြုပေးနိုင်သူတွေကို ထိုက်တန်စွာချီးမြင့်ဖို့ပဲဖြစ်တယ်။သူ့ရဲ့ သေတမ်းစာအရ သေပြီးနောက်တစ်နှစ်နေမှာစတင်ပေးအပ်ကြတော့တယ်။သူအိတ်စိုက်ပြီးမတည်ခဲ့တာပေါ။ ဒီနေ့တော့ဒီလောက်ပါပဲဗျ။ခုပြောသွားတဲ့အထဲမှာ ကျွန်တော် ခုနစ်တွေကိန်းဂဏန်းတွေသိပ်သုံးမသွားဘူး။ဘာလိ​ဆို ကျွန်တော့်postတွေဖတ်ပြီးဒါက ဒီလိုရှိတယ် ဘာကနေဖြစ်လာတယ်သိရုံလောက်ပဲ။အရမ်းအသေးစိပ်ဆန်လွန်းနေရင် စာပဲကျက်နေလိုက်ပါဗျ... #frankenstien

  • без подписи

  • 18 окт. 2025 г.215из speedoflight299792458

    1.အခြေခံအကျဆုံး ရှာဖွေတွေ့ရှိမှုတွေကိုအဓိကဆုံးဖြတ်ပါတယ်။သဘာဝကိုနားလည်တဲ့အမြင်တွေပြောင်းလဲသွားစေလောက်တဲ့အထိ ဖြစ်နိုင်တဲ့တွေ့ရှိချက်မျိုးကိုဉီးစားပေးကြည့်ပါတယ်။ဉပမာ-Expanding Univers လိုတွေ့ရှိချက်မျိုးတွေပေါ့။ 2.လက်တွေ့စမ်းသပ်ချက်မျိုးတွေကိုလည်းဉီးစားပေးပါတယ်။ထိုစမ်းသပ်ချက်ကက အကျိုးပြုနိုင်မဲ့ advance ဖြစ်နိုင်မဲ့ Technologyတွေဖြစ်ပေါ်လာနိုင်တယ်။ဒါမျိုးExperimentတွေကို ဉီးစားပေးပါတယ်။ဉပမာ-X-rays တွေ့ရှိမှုတို့ လိုကိစ္စတွေပေါ့။ 3.Technological Advancesတွေကိုလည်းစဉ်းစားစေပါတယ်။အဲ့နည်းပညာတွေက သိပ္ပံနယ်ပယ်နဲ့ လူ့အသိုင်းအဝိုင်းကိုဘယ်လောက်ထိအကျိုးပြုလဲဆိုတာကြည့်ကြပါတယ်။ဉပမာ-detectorတွေ Telescopeလိုမျိုး တီထွင်မှုတွေပါ။ Theory,နည်းပညာစသဖြင့် အသစ်တစ်ခုပေါ်လာတိုင်းချက်ချင်းကြီးNobelဆုပေးတာကတော့ ရှားပါတယ်။အနည်းဆုံး Theoryကိုထောက်ခံတဲ့ စမ်းသပ်ချက်တွေသက်သေတွေပေါ်လာတဲ့အထိစောင့်ကြတာများပါတယ်။အကြိမ်ကြိမ်စစ်ဆေးပြီးအမှားရာခိုင်နှုန်းနည်းမှသာစဉ်းစားကြတာပါ။

  • 18 окт. 2025 г.139из speedoflight299792458

    Nobelဆုကိုဘယ်အဖွဲ့က ပေးအပ်တာလဲ။?? Nobel ဆုမှာနောက်ခံသမိုင်းကြောင်းတော့ရှိတယ်ဗျ။အဲ့သမိုင်းကြောင်းကို နောက်ဆုံးပိတ်အနေနဲ့ပြောမယ်။ဒီတော့ဘယ်အဖွဲ့က ပေးအပ်​လဲ။ Switzerlandနိုင်ငံမှာ The Royal Swedish Academy ဆိုတာရှိတယ်။ အဲ့ Academyက နေပေးအပ်တာပဲ။ အဲ့ အဖွဲ့ချုပ်မှာ ရူပဗေဒအတွက် အထူးအဖွဲ့တစ်ရှိတယ်။ Nobel Committee for Physics လို့ခေါ်တယ်။အဲ့အထူးအဖွဲ့မှာ ဘာသာရပ်ဆိုင်ရာတကယ့် ကျွမ်းကျင် experts တွေ ၅ဉီးပါတယ်။ အတော်တကာ့ အတော်တွေပေါ့။အဲ့ Academyက Stockholm (စတော့ဟုမ်း)မြို့မှာရုံးစိုက်ပါတယ်။Nobelဆုရှင်ရွှေးချယ် ရင်အဖွဲ့ပဲသေချာစီစစ်ကြတာ။ဒီတော့..... Nobel ဆုရှင်ကို ဘယ်လိုရွေးချယ်လဲ။??? Nobelဆု ပေးဖို့အတွက် သူတို့တွေက နှစ်တစ်နှစ်ရဲ့အစကတည်းက အလုပ်တွေရှုပ်နေကြတာ။နှစ်တစ်နှစ်ရဲ့ပထမဆုံးလ မှာတင်လုပ်ငန်းတွေစနေရပြီ။ Academy က 1လပိုင်း ကနေ 3လပိုင်း ထိကမ္ဘာအရပ်ရပ်က professorတွေ၊ researchers တွေထံ လက်ကမ်းဖိတ်စာတွေ ပို့ကြရတယ်။အဲ့ဖိတ်စာတွေမှာ ပညာရှင်တွေက သူတို့ရစေချင်တဲ့ ပုပ္ပိုလ် တွေကို Academyကိုတင်ပြရတယ်။ ပြောရရင် ရူပဗေဒဆိုင်ရာ ရွှေးကောက်ပွဲကျင်းပတာပေါ့။ဒီနှစ်နာမည်ပါတဲ့လူက နောင်နှစ်ငါးဆယ်ထိအကြုံးဝင်တယ်။ဒီနှစ်မရလို့နောက်နှစ်လည်းဖြစ်နိုင်တယ်။သူတို့ရွှေးချယ်ရင်လည်းနှစ်အစဉ်အဆက်ကမဲတွေကိုပြန်ကြည့်ကြတယ်။မဲအရေအတွက်နဲ့ ကြိုးပမ်းမှုကိုကြည့်ပြီးပေးကြတာ။ 3လပိုင်းကနေ9လပိုင်းထိ ခုနကရွှေးချယ်ခံထားရတဲ့လူတွေရဲ့ သုတေသနစာတမ်းတွေ ၊Theory တွေကို အသေးစိပ်ပြန်ကြည့်တော့တာပဲ။အဲ့လုပ်ငန်းကိုလုပ်ဆောင်တာက ခုနကပြောတဲ့ Academyက Physics nobel committee ကပဲလုပ်တာ။သူတို့ရဲ့စာတမ်းတွေကိုပြန်စစိဆေးတယ်လေ့လာတယ် ဇစ်မြစ်တွေကိုတောက်လျှောက် လိုက်စစ်ဆေးပါတယ်။ အဲ့လိုတွေရွေးချယ်ပြီးတဲ့နောက်မှာ 10လပိုင်းရောက်တော့ Academy ကမဲပေးရပါတယ်။ စကာတင်လူတွေထဲကနေ Academyကပြန်စစ်ထုတ်ပါတယ်။ Nobelဆုရှင်ကိုရွေးချယ်တဲ့အခါ အနည်းဆုံးတစ်ဉီးကနေ သုံးဉီးထိပူးတွဲချီးမြင့်ပါတယ်။လုပ်ဆောင်ချက်တူညီမှပေါ့။ အဲ့လိုတွေအဆင့်ဆင့်ရွေးချယ်ပြီးတဲ့နောက်မှာဆုပေးပွဲကို 12လပိုင်း 10ရက်နေ့မှာကျင်းပ ပါတယ်။Nobelဆုရှင်တွေက ဆုတံဆိပ်ပြားရယ်၊Cartificate အသိမှတ်ပြုလက်မှတ်တွေအပြင် ဆုကြေးငွေ ဒေါ်လာ 1 millionကိုချီးမြင့်ခံရပါတယ်။ခုပြောသွားတာတွေက Nobelဆုကိုပေးအပ်မှုလုပ်ဆောင်ပုံအဆင့်ဆင့်ပါ။ဒီတော့ပညာရှင်တွေစစ်ဆေးတဲ့အခါဘယ်အချက်တွေကြည့်ကြလဲ။ဆုကြေးငွေ ဒေါ်လာ 1 millionကိုချီးမြင့်ခံရပါတယ်။ခုပြောသွားတာတွေက Nobelဆုကိုပေးအပ်မှုလုပ်ဆောင်ပုံအဆင့်ဆင့်ပါ။ဒီတော့ပညာရှင်တွေစစ်ဆေးတဲ့အခါဘယ်အချက်တွေကြည့်ကြလဲ။

  • 18 окт. 2025 г.1482из speedoflight299792458

    Nobel ဆုဆိုတာဘာလဲ။?? Nobel ဆုဆိုတာ သိပ္ပံနယ်ပယ်မှာ အမြင့်ဆုံးဆုတစ်ခု ဖြစ်ပါတယ်။တော်ရုံကြိုးစားရုံနဲ့ မရနိုင်ဘူး။ တစ်ကမ္ဘာလုံးနဲ့ချီပြီး ဆုပေးတာဆိုတော့ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဗျ။ အင်မတန့် အင်မတန် bright ဖြစ်နေမှသာရနိုင်မဲ့ဆုမျိူး။ အမြင့်မားဆုံးသော breakthrough တစ်ခုလဲဖြစ်တယ်။ ဆုတစ်ခုဆိုတာထက် သမိုင်းမှတ်ကျောက် တင်ခံရမှုတစ်ခုပေါ့။ ဒီနေ့ Nobel ဆုအကြောင်းကိုပြောပြ သွားပါမယ်။ Nobelဆုကို ပေးတဲ့နယ်ပယ်(၆)ခု ရှိတယ်။ 1.Physics(ရူပဗေဒ) 2.Chemistry(ဓာတုဗေဒ) 3.Medicine(ဆေးပညာ) 4.Literature (စာပေ) 5.Peace (ငြိမ်းချမ်းရေး) 6.Economy(စီးပွားရေး) ဒီတော့ ရူပဗေဒ နဲ့ဆိုင်တဲ့ Nobel ဆုအကြောင်းဆက်ပြောရအောင်။Nobel ဆု ကတော့နှစ်စဉ်ပေးပါတယ်။ချွင်းချက်အနေနဲ့ ကမ္ဘာ့အရေးခင်းကာလတွေဖြစ်တဲ့ ကမ္ဘာ့စစ်ကြီးကာလတွေမှာဆုပေးပွဲမလုပ်ခဲ့ပါဘူး။Economy ဆိုင်ရာ Nobelဆုကို1968 မှာစတင်ပေးအပ်ခဲ့တာပါ။နှစ်စဉ် ပေးတယ်ဆိုတော့ မျှော်လင့်ချက်တော့ရှိတာပေါ့။

  • без подписи

  • 26 июн. 2025 г.45534из classic_and_cosmic

    без подписи

  • 26 июн. 2025 г.39583из classic_and_cosmic

    Thermal Energy, Heat Energy, Temperature ဘာကွာခြားလဲ။ •Thermal Energy အရာဝတ္ထုတိုင်းကို အလွန်သေးငယ်တဲ့ atomလေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ၎င်းatomလေးတွေဟာ အမြဲတုန်ခါ၊ လှုပ်ရှားနေကြပါတယ်။ ဥပမာ- အရည်(liquid) တွေမှာဆိုရင် atomတွေဟာ တစ်နေရာကနေ တစ်နေရာကိုသွားလာနေကြပါတယ်။ ၎င်းကို Translational movementလို့ခေါ်ပါတယ်။ ဒါ့အပြင် atomတွေဟာ ၎င်းတို့ရဲ့ဝင်ရိုးအတိုင်း လှည့်လည်နိုင်ကြပါသေးတယါ ဒါကိုတော့ Rotational movementလို့ခေါ်ပါတယ်။ ဒါတင်မကသေးဘဲ atomတွေဟာ တုန်ခါနိုင်ကြပါသေးတယ်။ ဒီလိုတုန်ခါမှုကိုတော့ Vibrational movementလို့ခေါ်ကြပါတယ်။ အဲ့လိုနည်းမျိုးစုံနဲ့ လှုပ်ရှားနေတဲ့ atomလေးတွေမှာရှိတဲ့ စွမ်းအင်ကို ရွေ့လျားစွမ်းအင်(Kinetic Energy)လို့ခေါ်ပါတယ်။ ဒါပေမဲ့ အရည်လိုမဟုတ်ဘဲ ပုံစံနဲ့နေရာအတိအကျရှ်ိနေတဲ့ အစိုင်အခဲ(solid) တွေမှာဆိုရင်တော့ atomလေးတွေဟာ တုန်ခါရုံပဲလုပ်နိုင်ကြပါတယ်။ Thermal Energyဆိုတာကတော့ အရာဝတ္ထုတစ်ခုလုံးမှာရှ်ိတဲ့ atomလေးတွေအားလုံးရဲ့ စုစုပေါင်းရွေ့လျားစွမ်းအင်(Total kinetic energy) ပဲဖြစ်ပါတယ်။ •Temperature Temperatureဆိုတာကတော့ အရာဝတ္ထုတစ်ခုမှာရှိတဲ့ atomရဲ့ ပျမ်းမျှရွေးလျားစွမ်းအင်(Average Kinetic Energy) ပဲဖြစ်ပါတယ်။ ပြောရရင် objectတစ်ခုရဲ့ စုစုပေါင်းရွေ့လျားစွမ်းအင်(Total kinetic energy)ကို စုစုပေါင်း atomအရေအတွက်နဲ့စားလိုက်တာပါပဲ။ ဥပမာ- Object Aမှာ atomအလုံး 100ရှိတယ်ဆိုပါစို့ atomအလုံး100ရဲ့ စုစုပေါင်း Total kinetic energy (or) Thermal ဟာ 500 unit ရှ်ိတယ်ဆိုရင် Total kinetic energy(Thermal energy) ÷ total numbers of atoms 500 ÷ 100 = 5 unit အဲ့ဒီ 5 unitဆိုတာက Object Aမှာရှိတဲ့ atomလေးတစ်ခုတိုင်းရဲ့ ပျမ်းမျှ kinetic energyဖြစ်သလို ထို Object Aရဲ့ Temperatureလို့လဲပြောလို့ရပါတယ်။ အလွယ်ပြောရရင် Thermal energyဆိုတာ ဝတ္ထုတစ်ခုမှာရှ်ိတဲ့ atom‌တွေရဲ့ စုစုပေါင်းkinetic energyဖြစ်ပြီး Temperatureဆိုတာကတော့ atomတစ်ခုချင်းစီရဲ့ ပျမ်းမျှkinetic energyတန်ဖိုးပဲဖြစ်ပါတယ်။ နောက်ထပ် ဥပမာတစ်ခုအနေနဲ့ Object Aမှာ atomအလုံး300 ရှိတယ်ဆိုကြပါစို့။ Object Bမှာ atomအလုံး100ပဲရှိမယ်။ နှစ်ခုလုံးရဲ့ Average kinetic energy (or) Temperatureကတော့ 3 unitပဲ ရှ်ိတယ်လို့ယူဆကြရအောင်။ ဘယ်objမှာ Thermal energyကပိုများမယ်လို့ထင်ပါသလဲ။ Object Aမှာ atomအလုံး300ရှိပြီး atomတစ်လုံးချင်းစီရဲ့ ပျမ်းမျှစွမ်းအင်ပမာဏ(Average kinetic energy)က 3 unitရှိနေတယ်ဆိုရင် Total kinetic energy (thermal energy)= 300×3= 900 unit ဖြစ်မှာပါ။ Object Bကတော့ atomအလုံး100ပဲ ရှိတဲ့အတွက် average kinetic energyပမာဏတူနေရင်တောင် thermal energyပမာဏပိုနည်းနေမှာပါ။ Total kinetic energy (thermal energy)= 100×3= 300 မျက်စိထဲမြင်အောင်ပြောရမယ်ဆိုရင် အသင်းနှစ်ခုမှာ လူအကုန်လုံးက အားသန်တာချင်း တူကြတယ်‌ဆိုရင်တောင် လူပိုများတဲ့ဖက်က ပိုအသာစီးရသလိုမျိုးပါ။ •Heat Energy Heat energyဆိုကတော့ temperatureမတူတဲ့ အရာဝတ္ထုနှစ်ခုကြားမှာ energyကူးပြောင်းခြင်းကိုဆိုလိုတာပါ။ ကျနော်တို့ဟာ အရာဝတ္ထုတစ်ခုမှာ heat energyဘယ်လောက်”ရှိ”နေတယ်လို့ မသုံးနှုန်းကြရပါဘူး။ Heat energyဘယ်လောက်ရလိုက်တယ် heat energyဘယ်လောက်ဆုံးရှုံးသွားတယ်လို့ပဲ ပြောရပါတယ်။ အရာဝတ္ထုနှစ်ရဲ့ temperatureကွာခြားမှုကြောင့် အပူကူးပြောင်းမှု(heat energy transfer)ဖြစ်တယ်ဆိုပေမဲ့ တကယ်တမ်းတော့ Atomလေးတွေရဲ့ ရွေ့လျားမှုစွမ်းအင်(kinetic energy)ကူးပြောင်းသွားတာပဲဖြစ်ပါတယ်။ ဝတ္ထုတစ်ခုမှာရှိတဲ့ Atomလေးတွေရဲ့ တုန်ခါမှုများလေလေ ၎င်းဝတ္ထုရဲ့ temperatureများလေလေပဲဖြစ်ပါတယ်။ ဆိုတော့ temperatureနည်းတဲ့ဝတ္ထုရဲ့atomတွေဟာ နည်းနည်းလေးပဲတုန်ခါနေမှာပါ။ အပူဆိုတာ ပိုပူတဲ့အရာကနေ ပိုအေးတဲ့အရာဆီကိုကူးပြောင်းတာအကုန်လုံးသိကြပါတယ်။ တကယ်တမ်းတော့ များများတုန်ခါနေတဲ့atomလေးက သူ့ဘေးနားကသိပ်မတုန်ခါတဲ့atomလေးကို ပိုတုန်ခါသွားအောင်လုပ်ပေးလိုက်တာပါပဲ။ တစ်နည်းအားဖြင့် ကိုယ့်ရဲ့ energetic extrovertသူငယ်ချင်းက ကိုယ့်လို introvertကို ပိုတက်ကြွလာအောင် energyပေးလိုက်သလိုပါပဲ။ ဒါပေမဲ့ လူတွေနဲ့မတူတာကတော့ ဒီatomလေးတွေမှာ energyကလျော့သွားနိုင်ပါတယ်။ ဥပမာ- Energy 4 unit ရှိတဲ့atom(A)လေးက energy 2 unitပဲရှိတဲ့atom(B)လေးကို ပိုတက်ကြွလာအောင် ပိုတုန်ခါလာအောင် energy 1 unitပေးလိုက်မယ်ဆိုရင် atom(A)လေးမှာ energyပမာဏ 3 unitပဲကျန်ပြီး atom(B)မှာတော့ energyပမာဏ 3 unitဖြစ်လာမှာပါ။ ဒီလောက်ဆိုရင်တော့ Thermal energy, heat energyနဲ့ temperatureကိုကောင်းကောင်းလေးနားလည်သွားပြီလို့မျှော်လင့်ပါတယ်။ အရာဝတ္ထုတွေကြား အပူဘယ်လိုကူးပြောင်းတာလဲဆိုတာလေးကိုပါ နောက်ပို့စ်မှာဆက်တင်ပေးသွားမှာမလို့ စောင့်မျှော်ပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်ဗျ။

  • နက္ခတ္တဗေဒပညာရပ်ဟာ လူသားမျိုးနွယ်နဲ့အတူ ရှေးခေတ်ကာလကတည်းက စတင်ခဲ့တယ်ဆိုရင် မမှားပါဘူး။ ကောင်းကင်ကို ကြည့်ပြီး ကြယ်တာရာတွေ၊ လနဲ့နေရဲ့ ရွေ့လျားမှုတွေကို စတင်လေ့လာခဲ့တဲ့အချိန်ကစလို့ အခုလို ခေတ်မီတဲ့ နက္ခတ္တဗေဒပညာရပ် ဖြစ်လာဖို့အတွက် သမိုင်းတစ်လျှောက် အရေးကြီးတဲ့ မှတ်တိုင်တွေ အများကြီးကို ဖြတ်သန်းခဲ့ရပါတယ်။ ရှေးခေတ် နက္ခတ္တဗေဒ (Ancient Astronomy) နက္ခတ္တဗေဒရဲ့ အစောဆုံးမှတ်တိုင်တွေကတော့ မက်ဆိုပိုတေးမီးယား (Mesopotamia)၊ အီဂျစ် (Egypt)၊ တရုတ် (China) နဲ့ မာယာ (Maya) မြို့ပြနိုင်ငံတွေကနေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလူမျိုးတွေဟာ စိုက်ပျိုးရေးအတွက် ရာသီဥတုကို ခန့်မှန်းဖို့နဲ့ ဘာသာရေးရည်ရွယ်ချက်တွေအတွက် ကောင်းကင်ယံဖြစ်စဉ်တွေကို သေချာလေ့လာခဲ့ကြပါတယ်။ သူတို့ဟာ ကြယ်တာရာစုဖွဲ့မှုတွေ (constellations) ကို သတ်မှတ်ခဲ့ကြပြီး ဂြိုဟ်တွေရဲ့ ရွေ့လျားမှုကို မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဂရိလူမျိုးတွေကတော့ နက္ခတ္တဗေဒကို သိပ္ပံနည်းကျချဉ်းကပ်ခဲ့ပြီး Ptolemy လို ပညာရှင်တွေက ကမ္ဘာကို ဗဟိုပြုတဲ့ စကြဝဠာပုံစံ (geocentric model) ကို တည်ဆောက်ခဲ့ပါတယ်။ ရွှေခေတ် နက္ခတ္တဗေဒ (Golden Age of Astronomy - အစ္စလာမ္မစ်ကမ္ဘာ) ၈ ရာစုကနေ ၁၄ ရာစုအထိ အစ္စလာမ္မစ်ကမ္ဘာ (Islamic World) ဟာ နက္ခတ္တဗေဒမှာ အဓိကနေရာကနေ ဦးဆောင်ခဲ့ပါတယ်။ အဘူ မာရှာ (Abu Ma'shar) နဲ့ အယ်လ်-ဘတ်တာနီ (Al-Battani) လို ပညာရှင်တွေဟာ တယ်လီစကုပ် မပေါ်ခင်ကာလမှာပဲ အလွန်တိကျတဲ့ စူးစမ်းလေ့လာမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ဟာ ကောင်းကင်ယံအရာဝတ္ထုတွေရဲ့ လှုပ်ရှားမှုကို ပိုမိုတိကျစွာ တွက်ချက်နိုင်ဖို့ သင်္ချာနဲ့ တြီဂိုနိုမေတြီ (trigonometry) ကို အသုံးပြုခဲ့ကြပြီး ကြယ်တွေရဲ့ စာရင်းဇယားတွေ၊ နက္ခတ်တာရာပြက္ခဒိန်တွေ (almanacs) ကိုလည်း ပြုစုခဲ့ကြပါတယ်။ ဒီကာလဟာ နောက်ပိုင်း ဥရောပရဲ့ နက္ခတ္တဗေဒတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ချပေးခဲ့ပါတယ်။ နက္ခတ္တဗေဒ တော်လှန်ရေး (Astronomical Revolution) အကြီးမားဆုံး အလှည့်အပြောင်းတွေထဲက တစ်ခုကတော့ ၁၆ ရာစုမှာ Nicolaus Copernicus က နေကို ဗဟိုပြုတဲ့ စကြဝဠာပုံစံ (heliocentric model) ကို တင်ပြခဲ့တာပါပဲ။ ဒါဟာ ရာစုနှစ်ပေါင်းများစွာ လက်ခံထားတဲ့ ကမ္ဘာဗဟိုပြု အယူအဆကို ပြောင်းလဲပစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Tycho Brahe က တိကျတဲ့ စူးစမ်းလေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး၊ သူ့ရဲ့ အချက်အလက်တွေကို အခြေခံပြီး Johannes Kepler က ဂြိုဟ်တွေရဲ့ လှုပ်ရှားမှုနိယာမ (laws of planetary motion) ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် Galileo Galilei က ၁၇ ရာစုအစောပိုင်းမှာ တယ်လီစကုပ်ကို တီထွင်ပြီး ကြယ်တွေ၊ ဂြိုဟ်တွေကို စတင်လေ့လာခဲ့ရာကနေ ဂျူပီတာရဲ့ လတွေ၊ ဗီးနပ်စ်ဂြိုဟ်ရဲ့ လကွယ်လကွယ်ခြင်းလိုမျိုး အရေးကြီးတဲ့ တွေ့ရှိမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ရှိချက်တွေဟာ Copernicus ရဲ့ အယူအဆကို ပိုပြီးခိုင်မာစေခဲ့ပါတယ်။ Isaac Newton ကတော့ ဒြပ်ဆွဲအားနိယာမ (law of universal gravitation) ကို ဖော်ထုတ်ပြီး ကောင်းကင်ယံအရာဝတ္ထုတွေရဲ့ လှုပ်ရှားမှုကို သိပ္ပံနည်းကျ ရှင်းပြနိုင်ခဲ့ပါတယ်။ ခေတ်သစ် နက္ခတ္တဗေဒ (Modern Astronomy) ၁၉ ရာစုနဲ့ ၂၀ ရာစုတွေမှာတော့ နက္ခတ္တဗေဒဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။ Sp ectroscopy လို နည်းပညာတွေ ပေါ်လာတာကြောင့် ကြယ်တွေရဲ့ ဓာတုဖွဲ့စည်းပုံနဲ့ အပူချိန်ကို တိုင်းတာနိုင်ခဲ့ပါတယ်။ Edwin Hubble ဟာ ၂၀ ရာစုအစောပိုင်းမှာ ကျွန်တော်တို့ရဲ့ ဂယ်လက်ဆီအပြင်ဘက်မှာ တခြားဂယ်လက်ဆီတွေ အများကြီးရှိတယ်ဆိုတာကို တွေ့ရှိခဲ့ပြီး စကြဝဠာက ကျယ်ပြန့်နေတယ် (expanding universe) ဆိုတဲ့ အယူအဆကိုလည်း တင်ပြခဲ့ပါတယ်။ နက္ခတ္တဗေဒရဲ့ လက်ရှိနှင့် အနာဂတ် (Current and Future of Astronomy) ယနေ့ခေတ်မှာတော့ ဟပ်ဘယ်အာကာသ တယ်လီစကုပ် (Hubble Space Telescope) နဲ့ ဂျိမ်းစ်ဝက်ဘ်အာကာသ တယ်လီစကုပ် (James Webb Space Telescope) လို အဆင့်မြင့် တယ်လီစကုပ်တွေ၊ ကမ္ဘာပေါ်က ဧရာမတယ်လီစကုပ်တွေနဲ့ LIGO (Laser Interferometer Gravitational-Wave Observatory)လို ဒြပ်ဆွဲအားလှိုင်းတွေကို လေ့လာတဲ့ စခန်းတွေကြောင့် စကြဝဠာရဲ့ လျှို့ဝှက်ချက်တွေကို ပိုမိုနက်ရှိုင်းစွာ နားလည်လာကြပါတယ်။ ဂြိုဟ်ပတ်လမ်းပြင်ပ ဂြိုဟ်တွေ (exoplanets) ကို ရှာဖွေတွေ့ရှိတာ၊ အနက်ရောင်တွင်းတွေကို ပုံဖော်နိုင်တာနဲ့ စကြဝဠာရဲ့ အစောဆုံးကာလတွေကို လေ့လာနိုင်တာတွေဟာ မကြာသေးခင်ကမှ ရရှိခဲ့တဲ့ အောင်မြင်မှုတွေပါပဲ။ နက္ခတ္တဗေဒပညာရှင်တွေဟာ အခုဆိုရင် အမှောင်ထုစွမ်းအင် (dark energy) နဲ့ အမှောင်ထုဒြပ်သား (dark matter) လို စကြဝဠာရဲ့ နက်နဲတဲ့အပိုင်းတွေကို ဆက်လက်လေ့လာနေကြပြီး အနာဂတ်မှာလည်း ဒီထက်မက အံ့ဩစရာကောင်းတဲ့ တွေ့ရှိမှုတွေ ပေါ်ထွက်လာဦးမှာ ဖြစ်ပါတယ်။

  • နက္ခတ္တဗေဒဆိုတာ ဘာလဲ၊ ဘယ်လောက်အထိ လေ့လာလဲ။ နက္ခတ္တဗေဒ (Astronomy) ဆိုတာကတော့ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့အပြင်ဘက်၊ လေထုအပြင်ဘက်မှာ ရှိတဲ့အရာတွေ၊ ဖြစ်စဉ်တွေကို လေ့လာတဲ့ သိပ္ပံပညာရပ်ပေါ့။ ပြောရမယ်ဆိုရင် စကြဝဠာကြီး ဘယ်လိုစခဲ့လဲ၊ ဘယ်လိုပုံစံရှိလဲ၊ ဘယ်လိုပြောင်းလဲလာလဲ၊ နောက်ဆုံး ဘယ်လိုဖြစ်သွားမလဲဆိုတာတွေကို နားလည်အောင် လုပ်တာပါပဲ။ နက္ခတ္တဗေဒပညာရှင်တွေက ကြယ်တွေ၊ ဂြိုဟ်တွေ၊ ဂယ်လက်ဆီတွေ၊ ဥက္ကာခဲတွေ၊ နေအဖွဲ့အစည်းတွေနဲ့ တခြားကောင်းကင်ပေါ်က အရာဝတ္ထုတွေကို လေ့လာကြတာပေါ့။ ဒီပညာရပ်က လူသားတွေ စကြဝဠာကို ဘယ်လောက်နားလည်လဲဆိုတာကို ပိုပြီး ကျယ်ပြန့်စေသလို သဘာဝလောကရဲ့ အံ့ဩစရာတွေကိုလည်း ဖော်ထုတ်ပေးပါတယ်။ လေ့လာနည်းတွေ နက္ခတ္တဗေဒရဲ့ အဓိက လေ့လာနည်းတစ်ခုကတော့ စူးစမ်းလေ့လာရေး နက္ခတ္တဗေဒ (Observational Astronomy) ပါပဲ။ ဒီနည်းလမ်းမှာ နက္ခတ္တဗေဒပညာရှင်တွေက တယ်လီစကုပ်တွေနဲ့ တခြားကိရိယာတွေသုံးပြီး အလင်းရောင်၊ ရေဒီယိုလှိုင်းတွေ၊ အိပ်စ်ရေးလှိုင်းတွေနဲ့ တခြားရောင်စဉ်တန်းတွေကို စုဆောင်းကြတယ်။ ပြီးတော့ အဲဒီကောင်းကင်ယံအရာဝတ္ထုတွေရဲ့ ဂုဏ်သတ္တိတွေကို လေ့လာကြတာပေါ့။ ဥပမာ၊ ကြယ်တစ်လုံးရဲ့ အပူချိန်၊ ဓာတုဖွဲ့စည်းပုံနဲ့ ရွေ့လျားမှုကို အဲဒီကြယ်ကနေ ထုတ်လွှတ်တဲ့အလင်းကို ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်လို့ရတယ်။ ဒီလိုရတဲ့ အချက်အလက်တွေက စကြဝဠာရဲ့ ဖွဲ့စည်းပုံနဲ့ ဘယ်လိုပြောင်းလဲလာတယ်ဆိုတာကို နားလည်ဖို့ အရမ်းအရေးကြီးပါတယ်။ နောက်ထပ် အရေးပါတဲ့ နယ်ပယ်တစ်ခုကတော့ သီအိုရီ နက္ခတ္တဗေဒ (Theoretical Astronomy) လို့ ခေါ်ပါတယ်။ ဒီနယ်ပယ်မှာတော့ သင်္ချာပုံစံတွေနဲ့ ရူပဗေဒနိယာမတွေကိုသုံးပြီး စကြဝဠာမှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေကို ဖော်ပြဖို့ ကြိုးစားကြပါတယ်။ ဥပမာ၊ ကြယ်တွေ ဘယ်လိုမွေးဖွားပြီး ဘယ်လိုသေဆုံးကြလဲ၊ ဂယ်လက်ဆီတွေ ဘယ်လိုပေါင်းစပ်ကြလဲ၊ ဒါမှမဟုတ် စကြဝဠာက ဘယ်လိုကျယ်ပြန့်လာလဲဆိုတာတွေကို နားလည်ဖို့အတွက် သီအိုရီပုံစံတွေ ဖန်တီးကြတာပေါ့။ သီအိုရီ နက္ခတ္တဗေဒက စူးစမ်းလေ့လာရေးကနေရတဲ့ အချက်အလက်တွေကို ရှင်းပြပေးပြီး အနာဂတ် လေ့လာမှုတွေအတွက်လည်း ကြိုတင်ခန့်မှန်းချက်တွေ ပေးနိုင်ပါတယ်။ နက္ခတ္တဗေဒနဲ့ တခြားပညာရပ်တွေ နက္ခတ္တဗေဒဟာ တခြားပညာရပ်တွေအများကြီးနဲ့လည်း ချိတ်ဆက်နေပါတယ်။ ရူပဗေဒ (Physics)၊ ဓာတုဗေဒ (Chemistry)၊ သင်္ချာ (Mathematics) နဲ့ ကွန်ပျူတာသိပ္ပံ (Computer Science) တို့ဟာ နက္ခတ္တဗေဒအတွက် အခြေခံကျတဲ့ အစိတ်အပိုင်းတွေပါပဲ။ ဥပမာ၊ ရူပဗေဒနိယာမတွေက ကြယ်တွေနဲ့ ဂြိုဟ်တွေ ဘယ်လိုရွေ့လျားလဲဆိုတာကို ရှင်းပြနိုင်သလို ဓာတုဗေဒကလည်း ကောင်းကင်ပေါ်က အရာဝတ္ထုတွေ ဘယ်လိုဖွဲ့စည်းထားလဲဆိုတာကို နားလည်စေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် နက္ခတ္တဗေဒပညာရှင်တွေက သူတို့လေ့လာမှုတွေနဲ့ ပုံစံတွေကို ခွဲခြမ်းစိတ်ဖြာဖို့အတွက် ခေတ်မီကွန်ပျူတာနည်းပညာတွေကိုလည်း အသုံးပြုကြပါတယ်။ ဘယ်လောက်အထိ လေ့လာလဲ ခေတ်သစ် နက္ခတ္တဗေဒရဲ့ လေ့လာမှုနယ်ပယ်က အရမ်းကို ကျယ်ပြန့်ပါတယ်။ နေအဖွဲ့အစည်းထဲက ဂြိုဟ်တွေ၊ လတွေနဲ့ ဥက္ကာခဲတွေကို လေ့လာတာကနေစလို့ အဝေးကြီးမှာရှိတဲ့ ဂယ်လက်ဆီတွေ၊ ကွေ့ဆာတွေ (quasars) နဲ့ အနက်ရောင်တွင်းတွေ (black holes) အထိ အားလုံးကို လေ့လာပါတယ်။ ဒါ့အပြင် စကြဝဠာဗေဒ (Cosmology) ဆိုတဲ့ နက္ခတ္တဗေဒရဲ့ အထူးပြုနယ်ပယ်တစ်ခုကတော့ စကြဝဠာကြီးရဲ့ မူလအစ၊ ဖွဲ့စည်းပုံနဲ့ ဘယ်လိုပြောင်းလဲလာတယ်ဆိုတာကို တစ်ခုလုံးအနေနဲ့ လေ့လာတာပါ။ ကမ္ဘာကြီး ဘယ်လိုစခဲ့လဲ၊ ဘယ်လိုပြောင်းလဲလာခဲ့လဲ၊ နောက်ပြီး အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာတွေကိုပါ စူးစမ်းတာပေါ့။ နိဂုံးချုပ် နိဂုံးချုပ်အနေနဲ့ ပြောရရင် နက္ခတ္တဗေဒဆိုတာ စကြဝဠာရဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သိပ္ပံပညာရပ်တစ်ခုပါပဲ။ ဒီပညာရပ်က လူသားတွေကို သူတို့ရဲ့နေရာနဲ့ စကြဝဠာထဲမှာ ဘယ်လိုတည်ရှိနေလဲဆိုတာကို နားလည်စေဖို့ ကူညီပေးပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နက္ခတ္တဗေဒက ပိုပြီး နက်နဲတဲ့နယ်ပယ်တွေကို ဆက်လက်လေ့လာနိုင်ပြီး စကြဝဠာအကြောင်း ကျွန်တော်တို့ရဲ့ အသိပညာတွေကိုလည်း ဆက်ပြီး တိုးချဲ့သွားမှာပါ။

  • 9 июн. 2025 г.1921из classic_and_cosmic

    без подписи

  • 9 июн. 2025 г.2276из classic_and_cosmic

    Why Is the Sky Blue? ကျွန်တော်တို့ငယ်စဉ်ကဖြစ်စေ အရွယ်ရောက်မှဖြစ်စေ တူညီတဲ့မေးခွန်းအချို့ကို မေးခဲ့ဖူးကြမှာပါ။ “ကောင်းကင်က ဘာလို့အပြာရောင်ဖြစ်နေရတာလဲ။” “နေထွက်ချိန်၊နေဝင်ချိန်တို့မှာ နေကဘာလို့ နီနေရတာလဲ” 🗣: ပင်လယ်ကရောင်ပြန်ဟပ်တာကြောင့် ကောင်းကင်က အပြာရောင်ဖြစ်နေတယ်။ ဘာလို့လဲဆိုရင် ပင်လယ်ကပြာတာကိုး။ တကယ်တော့ ဒီအဖြေဟာမှားနေပါတယ်။ Rayleigh scatteringလို့ခေါ်တဲ့ ဖြစ်စဉ်တစ်ခုကြောင့် အပြာရောင်ဖြစ်နေရတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်က သင်ဖူးတဲ့အတိုင်း နေကလာတဲ့အလင်းတန်းကို red, orange, yellow, green, blue, indigo, violet ဆိုတဲ့ အရောင်ခုနှစ်မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။ ထိုအရောင်တွေမှာ မတူညီတဲ့ ကြိမ်နှုန်း (frequency) နဲ့ လှိုင်းအလျား (wavelength) တွေရှိကြပါတယ်။ ဒါကြောင့်ကျွန်တော်တို့ရဲ့ မျက်စိတွေဟာလဲ ဒီလိုမတူညီတဲ့ wavelengthတွေကို ခွဲခြားပြီး မတူညီတဲ့အရောင်တွေ အဖြစ်မြင်နိုင်ကြတာပါ။ ဒီထဲမှာ red, orange, yellow တို့က wavelengthအရှည်ဆုံးဖြစ်ကြပြီး blue, indigo, violet တို့ကတော့ wavelengthအတိုဆုံးဖြစ်ကြပါတယ်။ နေရောင်ခြည်ဟာ ကမ္ဘာမြေပေါ်ကျရောက်ဖို့အတွက် ကျွန်တော်တို့ကမ္ဘာရဲ့ လေထုကိုဖြတ်သန်းရပါတယ်။ လေထုမှာ အဓိကအားဖြင့် nitrogen နဲ့ oxygen ဂတ်စ်မော်လီကျုး (gas molecules) တွေပါဝင်ပါတယ်။ ထိုမော်လီကျုးလေးတွေဟာ ဝင်ရောက်လာတဲ့နေရောင်ခြည်ထဲက wavelengthတိုတဲ့အပိုင်းအချို့ (blue, indigo, violet) တွေကိုစစ်ယူထုတ်ထားလိုက်ပါတယ်။ အဲ့လိုစစ်ထုတ်ထားလိုက်တဲ့အတွက်ကြောင့် ကောင်းကင်ထဲမှာ အပြာရောင် တစ်နည်းအားဖြင့် blue, indigo, violet wavelengthတွေအများကြီး ပြန်နှံ့နေပါတယ်။ {တကယ်တန်းတော့ ဖြန့်ကျဲခံ(scatter)ရတာမျိုးပါ နားလည်ရလွယ်အောင် စစ်ထုတ်ခံရတယ်လို့ သုံးနှုန်းထားတာပါ} • ဒါပေမဲ့ကျွန်တော်တို့က ဘာလို့ indigo, violetအရောင်ရှိတဲ့ကောင်းကင်ကို မမြင်ရပဲ အပြာရောင်ကောင်းကင်ကိုသာမြင်ရတာလဲ။ အကြောင်းကတော့ ကျွန်တော်တို့ရဲ့မျက်လုံးတွေဟာ blue lightကို ပိုပြီးsensitiveဖြစ်ကြပါတယ် တစ်နည်းအားဖြင့် ပိုပြီးအာရုံခံနိုင်ကြပါတယ်။ ဒါ့အပြင် violet lightဟာ အိုဇုန်းအလွှာရဲ့စုပ်ယူမှုကို ခံရပါသေးတယ်။ ဒါကြောင့်ကျွန်တော်တို့ဟာ ခရမ်းရောင်ကောင်းကင်ကြီးအစား အပြာရောင်ကောင်းကင်ကိုသာ မြင်ကြရခြင်းဖြစ်ပါတယ်။ • Light spectrumထဲက အပြာရောင်က စုပ်ယူခံထားရတာကို ကျွန်တော်တို့ဘာကြောင့် အဖြူရောင်အလင်းတန်းကို မြင်တွေ့ကြရသေးတာလဲ။ နေကနေလာတဲ့ blue light တစ်စိတ်တပိုင်း (သို့) portionတစ်ချို့ကိုသာ gas moleculesတွေကစုပ်ယူတာကြောင့် ကျန်ရှိနေတဲ့ အဖြူရောင်အလင်းတန်းတွေဟာ ကမ္ဘာမြေပေါ်ဆက်လက်ကျရောက်သေးတာပဲဖြစ်ပါတယ်။ • နေထွက်ချိန်၊နေဝင်ချိန်တို့မှာ နေကဘာလို့ နီနေရတာလဲ။ နေထွက်ချိန်၊နေဝင်ချိန်မှာ နေရောင်ခြည်ဟာကျွန်တော်တို့ဆီ ရောက်ဖို့အတွက် လေထုကိုပိုဖြတ်သန်းရပါတယ်။ အဲ့လိုဖြတ်သန်းရချိန်မှာ blue lightတွေဟာလဲ ပိုမိုစုပ်ယူခံရပါတယ် တစ်နည်းအားဖြင့် ပိုမိုဖြန့်ကျဲ (scatter) ခံရပါတယ်။ ကျွန်တော်တို့ဆီရောက်တဲ့အခါမှာတော့ wavelength ပိုရှည်တဲ့ အနီရောင်၊လိ‌မ္မော်ရောင်၊အဝါရောင် တို့သာကျန်ပါတော့တယ်။ ဒါ့ကြောင့် နေထွက်ချိန်နဲ့ နေဝင်ချိန်တွေဆိုရင် နေနဲ့နေနားတစ်ဝိုက်မှာ အနီရောင်၊လိမ္မော်ရောင် သဏ္ဌာန်ရှိခြင်းပဲဖြစ်ပါတယ်။

  • 4 июн. 2025 г.3271из speedoflight299792458

    အဲ့အယူအဆကိုကျွန်တော်လက်ခံပါတယ်ဘာလို့ဆိုရင်ဝတ္တုတစ်ခုအပေါ်မြင်တဲ့ရှု့ထောက်အပေါ်လိုက်ပြီးကျွန်တော်တို့မြင်ရတဲ့ပုံစံကွဲသွားပါတယ်။relativeသဘောပေါ့....ကြည့်တဲ့ရှု့ထောင့်ပဲမူတည်တာ..ကျွန်တော်တို့လူသားအစအရာအားလုံးဟာတစ်ခုတည်းလိူ့မြင်ပါတယ်စွမ်းအင်ပုံစံကွာခြားသွားလို့သာအမျိုးမျိုးမြင်နေတာပါ..ဉပမာ-9ဆိုတဲ့ဂဏန်းလိုပေါ့ ၊အပေါ်ကကြည့်ရင်9၊ဘေးကကြည့်ရင်၈ or ဖ၊အောက်ဘက်ကကြည့်ရင်6. အဲ့လိုဉပမာမျိုးလိုပါပဲ...ရှိသမျှအရာအားလုံးဟာလှိုင်းတွေပဲrealဆိုလို့only one တစ်ခုသာရှိတယ်.....

  • 4 июн. 2025 г.3311из speedoflight299792458

    https://vt.tiktok.com/ZSkMbFdo2/

  • သိပ္ပံပညာရှင်တွေရဲ့ နောက်ဆုံးတွေ့ရှိချက်တွေအရ ကျွန်တော်တို့ နေအဖွဲ့အစည်းရဲ့ အကြီးဆုံးဂြိုဟ်ဖြစ်တဲ့ ဂျူပီတာ (Jupiter) ဟာ အရင်တုန်းက အခုထက် နှစ်ဆလောက် ပိုကြီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့ သံလိုက်စက်ကွင်း (magnetic field) ကလည်း အခုထက် အဆ ၅၀ လောက် ပိုပြီး အားကောင်းခဲ့တယ်လို့ သိရပါတယ်။ ဒီလိုအားကောင်းတဲ့ သံလိုက်စက်ကွင်းကြောင့် အဲဒီအချိန်တုန်းက အာကာသယာဉ်တွေတောင် အလွယ်တကူ ပျက်စီးသွားနိုင်လောက်အောင် ပြင်းထန်တဲ့ ဓာတ်ရောင်ခြည်ခါးပတ် (radiation belts) တွေ ရှိခဲ့မှာပါ။ ဒီအချက်အလက်တွေက ဂျူပီတာဂြိုဟ်ရဲ့ အစောပိုင်းကာလတွေမှာ ဘယ်လိုဖြစ်တည်လာခဲ့လဲ၊ နေအဖွဲ့အစည်းကို ဘယ်လိုလွှမ်းမိုးခဲ့လဲဆိုတာကို နားလည်ဖို့အတွက် အရေးကြီးတဲ့ အထောက်အထားတွေ ဖြစ်လာပါတယ်။ ဒီတွေ့ရှိချက်တွေကို ဘယ်လိုလုပ်ပြီး သိခဲ့ရလဲဆိုတော့ သိပ္ပံပညာရှင်တွေက ဂျူပီတာရဲ့ အတွင်းပိုင်းလမင်းသေးလေးတွေ (inner moons) ဖြစ်တဲ့ Amalthea (အမာလ်သီယာ) နဲ့ Thebe (သီးဘီ) တို့ရဲ့ လည်ပတ်ပုံကို လေ့လာခဲ့ကြတာပါ။ ဒီလမင်းလေးတွေရဲ့ ပုံမှန်မဟုတ်တဲ့ လည်ပတ်လမ်းကြောင်းတွေကနေ ဂျူပီတာရဲ့ အစောပိုင်းအရွယ်အစားနဲ့ သံလိုက်စက်ကွင်းရဲ့ အင်အားကို ခန့်မှန်းတွက်ချက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ နေအဖွဲ့အစည်းမှာ ပထမဆုံး အစိုင်အခဲအမှုန်လေးတွေ စတင်ဖြစ်တည်ပြီး သန်း ၃.၈ နှစ်အကြာလောက်မှာ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျူပီတာလို ဧရာမဂြိုဟ်တွေက သူတို့ရဲ့ အတွင်းပိုင်းက အပူတွေကို အပြင်ကို ထုတ်လွှတ်ပြီး အချိန်ကြာလာတာနဲ့အမျှ ကျုံ့သွားကာ ပိုပြီးသိပ်သည်းလာတဲ့အတွက် အခုလို အရွယ်အစားနဲ့ သံလိုက်စက်ကွင်းတွေ ပြောင်းလဲသွားခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီသုတေသနက ဂျူပီတာရဲ့ အစောပိုင်းကာလတွေဟာ အခုနဲ့ တော်တော်လေး ကွာခြားခဲ့တယ်ဆိုတာကို ပြသနေပါတယ်။ ဂျူပီတာဟာ အရင်က ဧရာမ သံလိုက်စွမ်းအားစုကြီး (magnetic powerhouse) တစ်ခုလိုဖြစ်ပြီး နေအဖွဲ့အစည်းရဲ့ အစောပိုင်းတည်ဆောက်ပုံကိုပါ လှည့်ပတ်ပြောင်းလဲစေခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီလို အချက်အလက်တွေက ဂြိုဟ်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲ၊ သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ ဘယ်လိုသက်ရောက်မှုတွေ ရှိခဲ့သလဲဆိုတာကို ပိုမိုနားလည်အောင် ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင် အနာဂတ်မှာ ဂျူပီတာကို သွားမယ့် အာကာသယာဉ်တွေအတွက်လည်း ဒီဂြိုဟ်ရဲ့ သံလိုက်သမိုင်းကြောင်းကို ထည့်သွင်းစဉ်းစားပြီး ပိုမိုခိုင်ခံ့တဲ့ အာကာသယာဉ်တွေ တည်ဆောက်နိုင်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

  • အာကာသထဲလျှေက်သွားလို့ရမဲ့ Applicationပါဗျ။နေရာတော်တော်စုံပါပါတယ်

  • Check out "Galaxy Map" https://play.google.com/store/apps/details?id=com.galaxy.galaxymap

  • DART (Double Asteroid Redirection Test) mission ဆိုတာကတော့ ကမ္ဘာ့အာကာသအေဂျင်စီ (NASA) ရဲ့ ဂြိုလ်စောင့်ရှောက်ရေးကာကွယ်ရေး (Planetary Defense) စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပြုလုပ်ခဲ့တဲ့ မစ်ရှင်တစ်ခုဖြစ်ပါတယ်။ ဒီမစ်ရှင်ရဲ့ ရည်ရွယ်ချက်ကတော့ အကယ်၍ အနာဂတ်မှာ ကမ္ဘာနဲ့တိုက်မိနိုင်ခြေရှိတဲ့ ဂြိုလ်သိမ် (asteroid) တစ်ခုခု ပေါ်လာခဲ့ရင် ဘယ်လိုကာကွယ်တားဆီးရမယ်ဆိုတာကို လက်တွေ့စမ်းသပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီမစ်ရှင်မှာ DART အာကာသယာဉ်ကို Dimorphos လို့ခေါ်တဲ့ ဂြိုလ်သိမ်လေးတစ်ခုဆီကို တမင်တကာ ဝင်တိုက်စေခဲ့ ပါတယ်။ Dimorphos ဟာ ပိုကြီးတဲ့ ဂြိုလ်သိမ် Didymos ကို လှည့်ပတ်နေတဲ့ ဂြိုလ်သိမ်ငယ်လေး ဖြစ်ပါတယ်။ DART ယာဉ်က Dimorphos ကို ဝင်တိုက်ခြင်းအားဖြင့် အဲဒီဂြိုလ်သိမ်ရဲ့ ပတ်လမ်းကြောင်းအပေါ် ဘယ်လောက်အထိ ပြောင်းလဲနိုင်လဲဆိုတာကို လေ့လာစမ်းသပ်ခဲ့တာပါ။ ဒီစမ်းသပ်မှုဟာ kinetic impactor လို့ခေါ်တဲ့ နည်းလမ်းကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဆိုလိုတာကတော့ အာကာသယာဉ်ကို မြန်နှုန်းမြင့်စွာနဲ့ ဂြိုလ်သိမ်ကို ဝင်တိုက်ပြီး၊ ထိုဒဏ်ကြောင့် ဂြိုလ်သိမ်ရဲ့ ရွေ့လျားမှုကို အနည်းငယ်ပြောင်းလဲစေတာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ဂြိုလ်သိမ်တစ်ခုရဲ့ လမ်းကြောင်းကို အနည်းငယ်လွှဲဖယ်ဖို့အတွက် ဘယ်လောက်ထိရောက်မှုရှိလဲဆိုတာကို သိပ္ပံပညာရှင်တွေက သိရှိနိုင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာ DART ယာဉ်ဟာ Dimorphos ကို အောင်မြင်စွာ ဝင်တိုက်ခဲ့ပြီး၊ Dimorphos ရဲ့ ပတ်လမ်းကြောင်းကို ၃၂ မိနစ်အထိ လျှော့ချနိုင်ခဲ့ကြောင်း NASA က အတည်ပြုခဲ့ပါတယ်။ ဒါဟာ လူသားတွေ ပထမဆုံးအကြိမ်အဖြစ် အာကာသထဲက အရာဝတ္ထုတစ်ခုရဲ့ ရွေ့လျားမှုကို တမင်တကာ ပြောင်းလဲပစ်နိုင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။