မဟာဗျူဟာလေ့လာရေး
Статистикаလက်ရှိနိုင်ငံရေးအခင်းအကျင်းအပေါ် မဟာဗျူဟာမြောက်ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ခြင်း
- Последний пост
- 3 янв. 2025 г.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
Breaking News စစ်အာဏာထိန်းကာလအတွင်း EAO နယ်မြေ နဲ့ ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင်နေသူတွေ နေရပ်ပြန်လာနိုင်ကြောင်း နစက ထုတ်ပြန် ဇန်နဝါရီ ၃ နစက ကအာဏာထိန်း ယူထားတဲ့ကာလအတွင်း တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ ရဲ့ နယ်မြေတွေ နဲ့ ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင်နေသူတွေအနေနဲ့ နေရပ်ပြန်လာနိုင်ကြောင်း ဇန်နဝါရီ လ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ စစ်တပ်က အာဏာထိန်း ယူထားတဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ တိမ်းရှောင်နေတဲ့ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းတွေ နဲ့ နိုင်ငံသားတွေ ဟာ EAO များတည်ရှိရာနေရာတွေ နဲ့ ပြည်ပနိုင်ငံတွေ စိုးရိမ်စိတ် နဲ့ တိမ်းရှောင်နေရကြောင်း နစက ကထုတ်ပြန်ထားပြီး နေရပ်ပြန်လာ နိုင်တယ်လို့ ပြောထားတာပါ။ စစ်တပ်အာဏာ ထိန်းထားတဲ့ ကာလအတွင်း တော်လှန်ရေး အဖွဲ့ အစည်းတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေ မှာငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ် ကြောင့်ထွက်ပြေးတိမ်းရှောင် နေကြတဲ့ ဝန်ထမ်းတွေ၊ အသိပညာရှင်၊ အတတ် ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများ ကို သက်ညှာစွာစဉ်းစားပေးသွားမယ်လို့ နစက ကပြောဆိုထားပါတယ်။ နေရပ်ပြန်လာလိုသူတွေ အနေနဲ့ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စစ်ကောင်စီအဖွဲ့ဝင်တွေ နဲ့ သံရုံးတွေကို ဆက်သွယ်နိုင်တယ်လို့လည်းကြေညာထားပါတယ်။ အပြည့်စုံဖတ်ရှုရန် https://t.me/sitmingyi/9907
လွတ်မြောက်နယ်မြေက ပြည်သူများ နစက ထိန်းချုပ်နယ်မြေများသို့ ပြန်လာနိုင်ကြောင်း ကြေညာချက်ထုတ်ပြန် စစ်တပ်အာဏာ ထိန်းထားတဲ့ ကာလအတွင်း တော်လှန်ရေး အဖွဲ့ အစည်းတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေ မှာငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ် ကြောင့်ထွက်ပြေးတိမ်းရှောင် နေကြတဲ့ ဝန်ထမ်းတွေ၊ အသိပညာရှင်၊ အတတ် ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများ ကို သက်ညှာစွာစဉ်းစားပေးသွားမယ်လို့ နစက ကပြောဆိုထားပါတယ်။ https://t.me/sitmingyi/9907
စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်ချိရေး လက်ရှိကာလ ပြည်သူအများစုစိတ်ဝင်စားသိချင်နေကြတာက တိုင်းပြည်စစ်ရေး စစ်ရာ ဘာတွေ ဖြစ်နေသလဲဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။ အရင်ကလို နယ်စွန်နယ်ဖျားတောကြိုအုံကြားဖြစ်တဲ့စစ်မဟုတ်ဘဲ မြို့ကြီးပြကြီးတွေအထိတက် ဖြစ်နေတဲ့စစ်ဖြစ်လို့ကိုယ်နဲ့မဆိုင်ဘူး လို့ မတွေးနိုင်တော့ဘဲ အားလုံးကိုယ်စီပတ်သက်ဆက်စပ်လာနေတဲ့စစ်သတင်းတွေကိုအာရုံစိုက်လာကြပါတယ်။ စစ်ဖြစ်လို့ ထွက်ပြေးလာရတဲ့ စစ်ရှောင်စစ်ပြေးစစ်ဘေးဒုက္ခသည်တွေက ကိုယ့်ဒေသ အေးချမ်းဖို့ အခြေအနေဘယ်လိုရှိသလဲ၊ဘယ်တော့ပြန်ရမလဲ ဆိုတာသိချင်ကြသလို စစ်မဖြစ်တဲ့ဒေသကလူတွေကလည်း သူတို့ဆီ စစ်ရောက်လာမလား စိုးရိမ်ပူပန်မှုတွေနဲ့ စစ်သတင်းတွေကိုနေ့စဥ် သိချင်နေကြပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး သူပုန်အဖွဲ့ပေါင်းစုံနဲ့သူပုန်အားပေးမီဒီယာပေါင်းစုံက စိတ်ဓာတ်စစ် ဆင်ရေး၊ဝါဒဖြန့်ချိရေးကိုနည်းမျိုးစုံသုံးပြီး ပြည်သူလူထုနဲ့ တပ်မတော်သွေးခွဲရေးမြိုင်မြိုင် ဆိုင်ဆိုင် ထိုးဖောက်နေချိန်မှာမိမိဘက်က သတင်းမှောင်ချထားသလို ဖြစ်နေတဲ့အတွက် ရန်သူဘက်က စိတ်ကြိုက်တစ်ဖက်သတ် ဝါဒဖြန့်စိတ်ဓာတ်စစ် ဆင်ရေးဆင်နွှဲ နေတာကို ငုံ့ခံနေရသလို ဖြစ်နေပါတယ်။ အစိုးရတပ်မတော်ဆီက သတင်းတွေ မရတဲ့အခါ ရတဲ့ဆီက ယူသုံးသပ် လေ့လာကြရတဲ့အတွက် မီဒီယာအဆိပ်ခတ်ခံကြရပါတော့တယ်။ တပ်မတော်ချစ်ခင်သူထောက်ခံသူအချို့က သူတို့တတ်စွမ်းသ၍ တန်ပြန် တုံ့ပြန်ကြပေမယ့် စနစ်တကျသင်ကြားလေ့ကျင့်ပေးထားသူတွေ မဟုတ်တဲ့အတွက် တစ်ခါ တစ်ရံ ကိုယ့်တပ်ကိုယ်ပြန်နင်းတဲ့အဖြစ်မျိုးတောင်ဖြစ်သွားတတ်တွေ တွေ့လာရပါတယ်။ မည်သို့ဆိုစေ သူတို့ဟာ တပ်မတော်ကိုချစ်ခင်ထောက်ခံတဲ့စိတ်ရင်းအမှန်နဲ့ ပြောကြတာရေးကြတာဖြစ်လို့ ပြောမှားရေးမှားရှိခဲ့ရင်လည်းထစ်ကနဲရှိ အရေးယူတာထက်ပညာပေးစည်းရုံးလက်တွဲခေါ်ဖို့ လိုပါတယ်။ လေထဲကငှက်ဆယ်ကောင်ထက် လက်ထဲကငှက်တစ်ကောင်က ပိုတန်ဖိုးရှိတယ် ဆိုသလို ရန်သူကိုမိတ်ဆွေ ဖြစ်အောင်လုပ်ဖို့ထက် မိတ်ဆွေကိုရန်သူဖြစ်အောင်မလုပ် ဖို့ကပို အရေးကြီးပါတယ်။ Professional ဖြစ်တဲ့ အစိုးရတပ်မတော် မီဒီယာများက ပြည်သူလူထုသိချင်နေတဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနိုင်ဖို့ လိုအပ်နေပါတယ်။စစ်သတင်းဆိုတာလျို့ဝှက်သင့်တာလျို့ဝှက်ရမှာဖြစ်ပေမယ့် စစ်သတင်းအားလုံးမှောင်ချထားတာနဲ့ လျို့ဝှက်တာမတူ တဲ့အတွက် လျို့ဝှက်စရာမလိုတဲ့စစ်သတင်းတွေကိုလူထုထံ အသိပေးနေနိုင်ဖို့လိုပါတယ်။ မီဒီယာလက်နက်ဆိုတာ သူ့ဘက်သာရှိတာမဟုတ်ဘဲ ကိုယ်ဘက်မှာလည်း အခိုင်အမာထုနဲ့ထည်နဲ့ရှိပြီးသား ဖြစ်လို့ ရှိတဲ့လက်နက်ကို ရဲရဲဝံ့ဝံ့ ထိထိရောက်ရောက်တန်ပြန် တုံ့ပြန်အသုံးချနိုင်ဖို့သာလိုပါတယ်။ ရန်သူဘက်က တိုက်ပွဲသတင်း ဓာတ်ပုံ ဗီဒီယို တွေနဲ့ ဝါဒဖြန့်ချိရေးသတင်းအချက်အလက်တွေ ဖြတ်ညှပ်ကပ် အွန်လိုင်းပေါ်မှာပလူပျံနေပေမယ့် မိမိဘက် က အသုံးပြုစရာ ပုံစာသား တရားဝင် သတင်းအချက်အလက်တွေ ရှာဖွေမရဖြစ်နေတာကလည်း ပြည်တွင်းမီဒီယာတွေ အတွက်အခက်အခဲ ဖြစ်ပါတယ်။ မြေပြင်လက်နက်ကိုင်တိုက်ပွဲတွေလိုပဲမီဒီယာစစ်ပွဲဟာ အရေးပါတဲ့အတွက် မီဒီယာစစ်မျက်နှာမှာ အသာစီးမရနိုင်တောင် ကြိုးနဲ့တုတ်အရိုက်ခံရသလိုငုံ့ခံနေရတဲ့အနေအထားမဖြစ်စေရဘဲယှဥ်ပြိုင်နိုင်တဲ့အဆင့်တစ်ခု တော့ဖြစ်ရပါမယ်။ ရန်သူဘက်က ဝါးလုံးကိုဝါးခြမ်း၊ဂျပိုးကိုလိပ် ဖြစ်အောင် နည်းမျိုးစုံသုံး ပြီးမီဒီယာအဆိပ်ခတ် နေချိန်မှာ မိမိဘက်က ဝါးလုံးကိုဝါးလုံးဖြစ်ကြောင်း၊ဂျပိုးကိုဂျပိုးဖြစ် ကြောင်း လောက်တော့ တန်ပြန်တုံ့ပြန်နိုင်ဖို့လိုအပ်ပါတယ်။ တစ်နိုင်ငံလုံးစစ်မီးအပူဟပ်နေချိန်မှာ စစ်သတင်းမှောင်ချထားခြင်းဟာ အကျိုးထက်အပြစ်ပိုများစေတဲ့အတွက် အများပြည်သူစိတ်ဝင်စားနေတဲ့စစ်သတင်းတွေ နေ့စဥ်ထုတ်ပြန်ပေးနေဖို့လိုတယ်လို့သုံးသပ်မိပါတယ်။
ရက်ထပ်ချိန်းလိုက်တဲ့ ကူမင်းဆွေးနွေးပွဲ ဒီဇင်ဘာ၁၅/၁၆ နစက အစိုးရနဲ့MNDAAကူမင်းဆွေးနွေးပွဲ ရလဒ်တစ်စုံတစ်ရာမရဘဲ ပြီးဆုံးသွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ MNDAAဘက်က လားရှိုးကို အထူးဒေသ(၁)အုပ်ချုပ်ရေးထဲထည့်သွင်းပေးဖို့တောင်းဆိုပြီး၊အစိုးရဘက်ကတောင်းဆိုချက်က ကိုးကန့်တပ်တွေလားရှိုးကပြန်ဆုတ်ခွာတောင်းဆိုတဲ့အတွက် ညှိ နှိုင်းမရဘဲ ဇန်နဝါရီလမှာထပ်ဆွေးနွေးကြဖို့ရှိတယ်လို့ သတင်းတွေကဆိုပါတယ်။(တရားဝင်ထုတ်ပြန်ချက်များမရှိသဖြင့် ရရှိသတင်းများပေါ်သာအခြေပြုရေးရ) MNDAAတောင်းဆိုတဲ့ လားရှိုးကို ရှမ်းပြည် နယ်အထူးဒေသ(၁) ထဲ ပေးဖို့ဆိုတာ နစက အစိုးရ ကပေးခွင့်မရှိမရှိသလို ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း အထူးဒေသဆိုတာမရှိတော့တဲ့အတွက် ဘယ်လိုမှ မဖြစ်နိုင်တဲ့ တောင်း ဆိုချက်ဖြစ်ပါတယ်။(လက်ရှိ လောက်ကိုင်၊ကုန်းကြမ်းနှစ်မြို့နယ်ပေးထားတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လျင် MNDAAသေနတ်ကိုင်အုပ်ချုပ်ခွင့်ပေးထားတာ မဟုတ်ဘဲရွေး ကောက်ခံလွှတ်တော်ကိုယ်စားလှယ်က ဥက္ကဌ လုပ်အုပ်ချုပ်ရတဲ့စနစ်ဖြစ်ပါတယ်) အစိုးရဘက်ကတောင်းဆိုတဲ့ MNDAAတပ်တွေ လားရှိုးကပြန်ဆုတ်ခွာဖို့ ဆိုတာကလည်း စစ်တိုက်ယူထားတဲ့နယ်ကို ဘာမှ ပြန်မရဘဲ ပြန်ဆုတ်ခွာပေးဖို့ ဆိုတာ မဖြစ်နိုင်တဲ့အတွက် ထိုက်တန်တဲ့ တန်ဖိုးပြန်ပေးမှသာ ဆုတ်ခွာမှာဖြစ်ပါတယ်။ဒါကိုနစကဘက်က ဘယ်လိုပြန်ပေးနိုင်မှာလဲ။ ထိုက်တန်တဲ့တန်ဖိုးဆိုတာ နယ်မြေအပေးအယူလုပ်တရားဝင် အသိ အမှတ်ပြုရေးတွေဖြစ်တော့ အခြေခံဥပဒေထက်ကျော်လွန်ပြီးလုပ်ခွင့်မရှိတဲ့ အစိုးရဘက်ကလည်း သမိုင်းတရားခံအဖြစ်ခံပြီး လိုက်လျောစရာအကြောင်းမရှိတဲ့အတွက် တွေ့ဆုံဆွေးနွေးရေးဆိုတာကောင်းပေမယ့်လက်တွေ့ အလုပ်မဖြစ်နိုင်ကြောင်း၊စစ်တိုက်ပြီးပေးလိုက်ရတဲ့နယ်တွေကိုစစ်တိုက်ပြီးပြန်ယူဖို့နည်းသာရှိကြောင်းဆွေးနွေးပွဲ မတိုင်မီကတည်းက လေ့လာသူများက သုံးသပ်ပြခဲ့ကြပြီးဖြစ်ပါတယ်။ ဆွေးနွေးပွဲကပျက်သွားတာ မဟုတ်ဘဲ ဇန်နဝါရီမှာထပ်လုပ်မယ်လို့ ရက်ထပ်ချိန်းလိုက်တာဖြစ်လို့ ဆွေးနွေးပွဲပျက်တာမဟုတ်တဲ့အတွက်MNDAAဘက်က လားရှိုးလေကြောင်းတိုက်ခိုက်မှုဒဏ် မခံရတော့ဘဲ မြို့အုပ်ချုပ်ရေးနဲ့ခံစစ် ပြင်ဆင်ရေးလုပ်ငန်းတွေ အနှောက်အယှက်မရှိ၊အေးအေးဆေးဆေးအချိန်ယူလုပ်နိုင် တဲ့ အခွင့်အရေးရသွားပါတယ်။ အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေး ပွဲဆိုတာ လွတ်လပ်ရေးရပြီးနောက်ပေါ်ပေါက်လာတဲ့ဆွေးနွေးပွဲတိုင်း မှာ အစိုးရဘက်က ငြိမ်းချမ်းစေလိုတဲ့သဘောရိုးနဲ့ ဖိတ်ခေါ်ဆွေးနွေးကြပေမယ့်သူပုန်ကအမြတ်ထုတ်သွားကြတဲ့ဖြစ်စဥ်တွေကို မမေ့ကြဖို့တော့လိုပါတယ်။ အခုဆွေးနွေးပွဲတွေကတော့ တရုတ်က ကမက ထလုပ်တာဖြစ်လို့နှစ်ဘက်စလုံးက မလွှဲမရှောင်သာ တက်ကြတဲ့ သဘောဖြစ်နေပြီး နှစ်ဘက်စလုံးက အလျှော့ပေးနိုင်မယ့် အနေအထားမရှိကြတဲ့အတွက် အချိန်ဆွဲဆွေးနွေး ပွဲကာလအတွင်းအချိန်ရှိခိုက် လုံ့လစိုက် စစ်ရေးပြင်ဆင်ကြဖို့သာရှိပါတယ်။ တရုတ်ကစီစဥ်ပေးတဲ့ ဆွေးနွေးပွဲတွေကို MNDAA,TNLA နဲ့AAက သူတို့စစ်ရေးအသာစီးရနေလို့ အစိုးရဘက်က အလျှော့ပေးလိုက်လျောရမယ် ဆိုတဲ့အယူအဆနဲ့ တက်လာကြမှာ ဖြစ်သလိုအစိုးရဘက်ကလည်း အခြေခံဥပဒေနဲ့ မညီတာ ကိုလိုက်လျောလို့မရတဲ့အတွက် ဆွေးနွေးပွဲတွေဟာ အောင်မြင်ဖို့ မလွယ်ဘူးဆိုတာထက် မဖြစ်နိုင်ဘူးလို့သာ ပြောရမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေအပေါ် အမြတ်ထုတ်ဖို့ကတော့ "နေမင်းကြီးမဝင်ဖို့ အချိန်ဆွဲပေးထားနိုင်သူရှိရင် ဘာမဆိုငါပေးနိုင်ပါတယ်"လို့ စစ်ဘုရင်နပိုလီယံ ပြောခဲ့သလို ပဲ အချိန်ဆွဲ ဆွေးနွေးပွဲကာလ တွေအတွင်း မှာ နောက်ထပ်စစ်ပွဲကြီးတစ်ပွဲထပ် ဆင်နွှဲဖို့ အချိန်ကို အကျိုးရှိရှိ အသုံးချ၊အချိန်ရှိခိုက်လုံ့လစိုက်စစ်ရေး ပြင်ဆင်အမြတ်ထုတ်နိုင်တဲ့ဘက်က နောက်တစ်ကျော့စစ်ပွဲမှာ အသာစီးရသွားမှာ ဖြစ်ပါတယ်။
ပေါ်တာဆွဲတာထက် ပြန်ပေးဆွဲစစ်ထဲပို့နေကြတာ ကြာရင်မကောင်းပါ ရပ်ကျေးတွေက အစိုးရနဲ့ တပ်မတော်ရဲ့ပုံရိပ်ကျဆင်းအောင် တမင်များလုပ်နေကြတာလား လို့တောင်တွေးမိတယ် ပေါ်တာဆွဲတယ် ပေါ်တာဆွဲတယ် ဆိုတဲ့ ကောလဟလကြီးကို ကျနော်တို့က လိုင်းပေါ်ကနေချေဖျက်နေတာ " ဘယ်မှာဆွဲတာလဲ သက်သေပြ မဟုတ်ရင်မင်းကိုဖမ်းမယ်ဆိုပြီး ဖြဲနေတာ " ဟိုတနေ့က တပည့်ဟောင်းတစ်ယောက်အိမ်ဝန်းထဲမှာ ထင်းခွဲနေတာ မေးစရာရှိလို့ဆိုပြီးခေါ်သွားတာ စုဆောင်းရေးရောက်သွားရော မိန်းမကဆိုင်ကယ်မှောက်ထားလို့ ခြေထောက်မှာ စတီးရိုးထည့်ထားရတယ် ထော့နဲ့ထော့နဲ့ ဘာမှမလုပ်နိုင်ဘူး နို့စို့ခလေးတစ်ယောက် မူကြိုခလေးတစ်ယောက် နဲ့ကျမတောင်းစားရတော့မယ် ဆရာရေ ကူညီပါဦး " တဲ့ ကိုယ်လဲဘာမှမတတ်နိုင်ဘူး ရပ်ကျေးတွေက သူတို့ရွာကအဆင်းရဲဆုံးနဲ့ နောက်ခံမရှိတဲ့လူတွေကို တမင်ရွေးပြီး ပေါ်တင်ပေါ်တာဆွဲ စစ်ထဲထည့်နေတာ တပ်မတော်နဲ့ အစိုးရရဲ့ပုံရိပ်ကို တမင်ဖျက်ဆီးနေတဲ့ သဘောဖြစ်နေပြီ ဒီလွဲမှားနေတဲ့ ကိစ္စကြီးကိုလည်း ဘယ်သူမှပြင်မပေးနိုင်တော့ဘူး သကြားမင်းဆင်းပြင်မှ ရတော့မယ်ထင်တယ် တပ်မတော်ကြီးရဲ့ သိက္ခာတွေလည်း သွားပါပြီဗျာ https://t.me/sitmingyi/9531 မြတ်သူဟိန်း🇲🇲 19-12-2024 မန်းပြည်သူ့စစ် ရဲပရဟိတအဖွဲ့ဥက္ကဌ
တော်လှန်ရေးပြီးရင် ဘာဖြစ်မလဲ PDFအပါအဝင် ရောင်စုံ သူပုန်တွေ ပြောနေတဲ့ "တော်လှန်ရေးပြီးရင် "ဆိုတဲ့စကားက သူတို့အခေါ်စစ်အာဏာရှင်ကျဆုံးရေးဆိုတဲ့ တပ်မတော်အပေါ် အောင်ပွဲခံယူခြင်းလို့ အဓိပ္ပါယ် ပေါက်ပါတယ်။ ပြည်ပြေးပြည်ပမီဒီယာတွေကမြန်မာ့သမိုင်းတောင် တစ်လွဲပြောနေသူတွေကို ဝါရင့်နိုင်ငံရေး ပညာရှင် ၊ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဆိုတဲ့ဘွဲ့တွေမျိုးစုံတပ်ပြီး မြှောက်ပင့်ပေးနေကြသလိုPDFအပါအဝင် ရောင်စုံသူပုန်တွေက တော်လှန်ရေးပြီးရင် ဖက်ဒရယ်ဒီမိုကရေစီ ရပြီ လို့ ကလေးတွေး တွေးနေကြ ပေမယ့် နိုင်ငံရေးကို ဘက်မလိုက်မှန်မှန်ကန်ကန်လေ့လာသုံးသပ်နေတဲ့ နိုင်ငံတကာပညာရှင်များ က တော့ မြန်မာပြည်မှာ အာဏာ ချုပ်ကိုင်နိုင်တဲ့ ဗဟိုအစိုးရနဲ့ ခိုင်မာတဲ့ တပ်မတော်တစ်ရပ် မရှိတော့ရင် တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာပြိုကွဲပျက်စီးသွားနိုင်တယ်လို့ သုံးသပ်ပြောဆို လာကြပါတယ်။ အိမ်နီးချင်းနိုင်ငံများကလည်း မြန်မာ့နိုင်ငံရေးပြိုကွဲမယ့် ဂယက်က သူတို့နိုင်ငံအကျိုးစီးပွားထိခိုက်လာနိုင်တဲ့အထိမျှော်တွေးလာကြပြီး(ဘင်္ဂလားဒေ့ရ်မှအပ) စိုးရိမ်ပူပန်မှုတွေ ထုတ်ပြောလာတဲ့အထိ ဖြစ်လာကြပါတယ်။ တရုတ်နိုင်ငံက ယခင် ဗကပ ကို ကူညီထောက်ပံ့တယ်ဆိုတာ ခိုင်မာတဲ့နိုင်ငံရေးအယူဝါဒရှိပြီးတစ်နိုင်ငံလုံးလွှမ်းခြုံအာဏာထိန်းနိုင်တဲ့ ညီအကိုပါတီအဖြစ် ကူညီထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ လက်ရှိMNDAA,UWSA,TNLA အပါ အဝင် EAO တွေဟာ မိမိနယ်မြေအစိတ် အပိုင်းအလိုက်သာ အာဏာထိန်းနိုင်မှာဖြစ်ပြီး အင်အားကြီးမားလာတာတဲ့အမျှ အပြိုင်အဆိုင်နယ်လုပွဲ အာဏာလုပွဲနဲ့သာပတ်ချာလည်နေတော့မှာဖြစ်ပါတယ်။လူမျိုးရေးအကြောင်းပြပုန်ကန် ပေမယ့်လူမျိုးတူ လက်နက်ကိုင် အဖွဲ့အချင်းချင်းတောင် အပြန်အလှန်တိုက်ခိုက်နေကြတဲ့ တိုင်းပြည်မှာ ဗဟိုအာဏာစက်မရှိတာနဲ့ တစ်ရွာတစ်မင်းလုပ် လာကြပြီးသူ့အကျိုး စီးပွားထိခိုက်လာတော့မှာ တရုတ်ကသိမြင်နေတဲ့အတွက် သူ့သဘောထားရပ်တည် ချက်ကို တရားဝင်ထုတ်ပြောလာရတာ ဖြစ်ပါတယ်။ သမိုင်းကြောင်းအရမြန်မာ ကို ရှိန်လို့ နယ်စပ်မှာ သူပုန်မွေး ခဲ့တဲ့ ထိုင်းကလည်း မြန်မာမှာ အားနည်းတဲ့အစိုးရအားနည်းတဲ့တပ်မတော် ပေါ်လာပြီး တရုတ်နောက်ခံနဲ့အမေရိကန်နောက်ခံ လက်နက်ကိုင်တွေ အပြိုင်အဆိုင်ဖြစ်လာရင် နှစ်ဖက်စလုံးနဲ့အဆင်ပြေအောင်ချိန်ခွင်လျှာညှိ နေရတဲ့သူ့အကျိုးစီးပွားပါထိခိုက်လာတော့မှာ ဖြစ်လို့ စိုးရိမ်ပြီး ဗဟိုအားကောင်းရေးဝိုင်းကူလာရတဲ့အခြေအနေဖြစ်လာပါတယ်။ မြန်မာနိုင်ငံရဲ့ထာဝရမိတ်ဆွေကြီးအိန္ဒိယကလည်း မြန်မာကိုအထီးကျန်ဖြစ်အောင်ပစ်မထားကြဖို့ ပြောဆိုလာရပါတယ်။ လူများသလောက်နယ်မြေကျဥ်းတဲ့အပြင် ရှိတဲ့နယ်မြေတွေ ကလည်း ပင်လယ်ရေအောက်တတိတိ ရောက်လာနေတဲ့ ဘင်္ဂလားဒေ့အတွက်ကတော့သူမျှော်လင့်ထားတဲ့ ရခိုင်မြေရရှိရေး ဘင်္ဂါလီဒုက္ခသည်အကြောင်းပြ ပြီး အမေရိကန်၊အိုအိုင်စီ၊ကုလ အကူအညီနဲ့ ဘင်္ဂလားဒေ့နိုင်ငံကဘင်္ဂါလီတွေ ပါပြန်ရောသွင်းရေးအခွင့်ကောင်းကြီးအဖြစ် ပြင်ဆင်နေမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရ်နွယ်ဖွားဘင်္ဂါလီလား မြန်မာတိုင်းရင်းသား ရိုဟင်ဂျာလား ဆိုတာ DNA စစ်ကြည့်ရင်အလွယ်တကူ သိနိုင်တဲ့ကိစ္စကို ဘင်္ဂါလီမဟုတ်မြန်မာနွယ်ဖွားရိုဟင်ဂျာ ပါလို့ လုပ်ကြံဖန်တီး နေကတည်းက ဘာတွေ ဘယ်လောက် မဟုတ်တရုတ်တွေ ကြံစည်နေသလဲ ဆိုတာ သိသာနေပါတယ်။ ဒါကြောင့် PDFအပါအဝင် ရောင်စုံသူပုန်တွေ ပြောတဲ့ တော်လှန်ရေးကြီးပြီးရင် ဖက်ဒရယ်ဒီမိုကရေစီ ဝေးလို့၊ လက်နက်ကိုင်အဖွဲ့မျိုးစုံရဲ့ ပြည်တွင်းစစ်ကြားမှာ တဖြုတ်ဖြုတ်သေနေကြရတဲ့ အတူတူ ပင်လယ်ထဲအသက်စွန့် ဆင်းပြေးတာက လွတ်ကောင်းလွတ်နိုင်သေးတယ်လို့ယူဆပြီး ထွက်ပြေးကြတဲ့ ဆီးရီးယားလစ်ဗျား အရှေ့အလယ်ပိုင်းနိုင်ငံကပြည်သူတွေလို မြန်မာပြည်သူတွေ ရင်ဆိုင် ကြုံတွေ့လာကြရဖို့သာ ရှိတယ် ဆိုတာ သတိပြုကြဖို့ လိုပါတယ်။
၁၉၃၂ မှာ စည်းမျဉ်းခံဘုရင်စနစ် ပြောင်းလဲသွားတာတောင် ရှင်ဘုရင်တွေက လူချစ်ခံရအောင် နေကြတယ်။ ထိုင်းဘုရင်တွေက လူမချစ်ရင် ဘုရင်စနစ်တည်ထောင်ထားလို့မရဘူးဆိုတာကောင်းကောင်းသိတယ်။ တစ်ဖက်မှာလည်း တိုင်းပြည်အုပ်ချုပ်ရေးကို ဝန်ကြီးချုပ် နှင့် ပါလီမန်စနစ်ကို လွဲလိုက်ရတဲ့အခါ ဘုရင့်အနေနဲ့ အလုပ်တွေနည်းသွားတယ်။ ရာမမင်းဆက်တွေချမ်းသာတာက အင်္ဂလန်ဘုရင်မကြီးထက် (၁၀) ဆ သာတယ်။ ခေတ်အဆက်ဆက် နန်းစဉ်ရတနာတွေရှိတယ်၊ အဓိက ငွေဝင်လမ်းက အိမ်ခြံမြေဆိုတဲ့ property တွေ ငှါးရမ်းရာက ရတယ်။ ဒါပေမယ့် စောစောကပြောသလို ပညာရေးစနစ်ကောင်းစေဖို့ ဘုရင်တိုင်းက တက္ကသိုလ်တည်ထောင်တယ်။ ပညာတတ်တွေ မွေးထုတ်တယ်။ ဘာဖြစ်လို့ဆို ပညာတတ်တွေ သူတို့ကို ချစ်တာမျိုးကို ပိုလိုလားတယ်။ သူတို့မွေးထုတ်လိုက်တဲ့ အဲ့ဒီပညာတတ်တွေထဲမှာ ဘုရင်စနစ်ကို မကြိုက်တဲ့လူတွေလည်း အများကြီးပါတယ်။ ဒါပေမယ့် ကိစ္စမရှိ။ ဒါဟာသူတို့အတွက် different perspective ဖြစ်တယ်။ အမြင်မတူရခြင်းရဲ့ အကြောင်းရင်းကို ဆန်းစစ်ဖို့ အကြောင်းရတာဖြစ်တယ်။ ပြင်တယ်။ ဆင်ချင်တယ်။ ပြန်ထိမ်းတယ်။ လွန်လေပီးဖြစ်တဲ့ ဘုရင် ဘူမိဘောရဲ့ မယ်မယ် ဘုရားဆို ကွန်မြူနစ်စနစ်လွှမ်းမိုးမှုများတဲ့ တိုင်းမြောက်ပိုင်းကို သေချာ ဂရုစိုက်တယ်။ ဘိန်းစိုက်ပျိုးရေး ပပျောက်အောင်၊ လောင်းကစား ပပျောက်အောင်လုပ်တယ်။ ဘုရင်ကြီးကလည်း ချင်းမိုင်းတက္ကသိုလ်တည်ထောင်ပေးတယ်။ စိုက်ပျိုးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နည်းပညာ အစရှိ ဘုရင့်နန်းတော်ရာက အကုန်ကျခံပီး လုပ်ပေးတယ်။ ဘုရင်ကြီး၊ မယ်မယ်ဘုရားနှင့် သမီးတော် သီရိဒုံကအစ တိုင်းသူပြည်သားတွေကို အင်မတန်ချစ်တယ်ဂရုစိုက်တယ်။ ခုဆို မြောက်ပိုင်းဟာ ကိုယ့်မင်းကိုယ့်ချင်း လန်းနားနေပြည်တော်ကို မေ့ပီး လက်ရှိဘုရင်မျိုးဆက်ကို ပိုချစ်ကြတယ်။ အဲ့လိုမေတ္တာတွေပေး ပီးမေတ္တာတွေပြန်ယူတယ်။ ဒီလိူနဲ့ ခွန်တိုင်းတွေရဲ့ ဘုရာင်စနစ်ဟာ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ စည်းမျဉ်းခံဘုရင်စနစ်ကနေ အုပ်ထိမ်းသူနေရာကို မသိမသာယူသွားတယ်။ ဝန်ကြီးချုပ်တွေ ဘယ်လိုပြောင်းပြောင်း ပြောင်း အာဏာသိမ်းတာတွေ ဘယ်လောက်များများ အုပ်ထိမ်းသူတွေကရှိနေသေးတော့ ပြည်မနာဘူး။ ပြည်မပျက်ဘူး။ #Lovely_Thai
без подписи
ဘင်္ဂလားဒေ့ရှ် နွေဦးတော်လှန်ရေးက ဒီမိုကရေစီရဲ့ အောင်ပွဲလား ရှုံးပွဲလား ။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းက ရွေးကောက်ခံပြီးတက်လာတဲ့ ဝန်ကြီးချုပ် ၊ ဒါပေမယ့်ပြသနာက ဥပဒေပညာရှင်လူပုဂ္ဂိုလ် ၃ ယောက်က အစိုးရကိုတရားစွဲတဲ့ကိစ္စနဲ့ ပြုတ်သွားတယ် ။ တရားစွဲတဲ့အကြောင်းကတော့ အစဥ်အဆက်တောက်လျှောက်ကျင့်သုံးခဲ့တဲ့ ဥပဒေတခုကို ၂၀၁၈ ခုနှစ်မှာ အစိုးရကဖျက်သိမ်းကြောင်း ကြေငြာချက်ထုတ်ခဲ့လို့ဖြစ်ပါတယ် ။ အဲ့ဥပဒေက - အရေးပါတဲ့ နေရာ တွေအတွက် ဝန်ထမ်းခေါ်ယူမှုမှာ (သာမန်ပြည်သူကို ၄၀% လောက်ပဲခေါ်ယူတာဖြစ်ပြီး ကျန် ၆၀% လောက်က ) ဟိုးအရင် လွတ်လပ်ရေးရယူတုန်းက ပါဝင်ခဲ့သူများရဲ့ သားသမီးများ ၊ ဆက်နွယ်သူများ အခွင့်ထူးခံများကို တိုက်ရိုက်ခန့်အပ်နိုင်တဲ့ ဥပဒေဖြစ်ပါတယ် ။ ၂၀၁၈ မှာ ဒီဥပဒေကိုမကျေနပ်လို့ အခုလို ဆန္ဒပြမှုရှိခဲ့လို့ ဝန်ကြီးချုပ်ဟောင်းရဲ့အစိုးရကဒီဥပဒေကို ကြေငြာချက်ထုတ်ပြီးရပ်ဆိုင်းခဲ့ရပါတယ် ။ ဒီနှစ် ၆လပိုင်းမှာတော့ ဒီကြေငြာချက်ကို မတရားမှုအဖြစ် တရားပြန်စွဲဆိုသူက တရားနိုင်သွားပြီး ၊ တရားရုံးက ဒီကြေငြာချက်ကို ဥပဒေနဲ့မညီဘူးလို့ဆုံးဖြတ်လိုက်တာကြောင့် အရင် လူထုမကြိုက်တဲ့ဥပဒေကို ပြန်လည်ကျင့်သုံးနိုင်တယ်လိုတွက်ဆကြတဲ့အတွက် လူထုကဆန္ဒပြကြတယ် ။ ရ လပိုင်းမှာ တရားရုံးက ဝန်ထမ်းခေါ်ယူမှုအတွက်သာမန်ပြည်သူထဲမှ ၉၃% ၊ အခွင့်ထူးခံတိုက်ရိုက်ခန့်အပ်သူ ၅% ၊ အခြားလူနည်းစုနှင့်မသန်စွမ်း၂% ခေါ်ယူမည်ဆိုပြီး ပြန်လည်ပြင်ဆင်သတ်မှတ်ပေးခဲ့ပေမယ့် ဆန္ဒပြလူထုကတော့ ဝန်ကြီးချုပ်ဖြုတ်ချရေးကိုပဲ ဆက်လက်ဦးတည်ဆန္ဒပြခဲ့ကြတယ် ။ အခြားစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စများရှိပါသေးတယ် ။ ဝန်ကြီးချုပ် နိုင်ငံခြားကိုထွက်မပြေးခင် ရလပိုင်း ၁၂ ရက်နေ့မှာ တရုတ်ကိုသွားပြီး ၂နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ချုပ်ဆိုခဲ့တယ် ။ ဒေါ်လာ ၅ဘီလျံတန်တဲ့ ချေးငွေရခဲ့တယ် (ပြီးခဲ့တဲ့ ၈ နှစ် အတွင်းမှာလဲ တရုတ်ရင်းနှီးမြုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၄၀ ဘီလျံ ရင်းနှီးမြုပ်နှံမှုရခဲ့တယ် ။ ကုန်သွယ်မှုအပိုင်းမှာလဲ တရုတ်က ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်တယ် ။ လောလောဆယ် နိုဗယ်ဆုရထားတဲ့ဝန်ကြီးချုပ်က အနောက်နိုင်ငံမှာနေပြီး အခုမှ ပြန်လာသူ၊ သဘာဝပတ်ဝန်းကျင်ကိစ္စမှာ တက်ကြွလှုပ်ရှားသူဖြစ်တဲ့အတွက် ဝန်ကြီးချုပ်ဟောင်းနဲ့ စီးပွားရေး လုပ်ပုံကိုင်ပုံကွဲလွဲမှုတွေ များဖို့ရှိပါတယ် ) ။ ဝန်ကြီးချုပ်ဟောင်း အုပ်ချုပ်တဲ့ကာလအတွင်း ၂၀၁၁ ခုနှစ်မှာ တဦးချင်းဂျီဒီပီ ၈၅၆ ဒေါ်လာကနေ ၂၀၂၀ မှာ ၂၀၆ရ ဒေါ်လာ ၊ ၂၀၂၃မှာ ၂၆၂၈ ဒေါ်လာ အသီးသီး တိုးတက်ခဲ့တယ် ။ စီးပွားရေးကိုင်တွယ်မှုကျွမ်းကျင်တဲ့ ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံတကာက အကောင်းမြင်ခဲ့တယ် ( အဆိုပါ ခုနှစ်မှာ နှိုင်းယှဉ်ကြည့်ဖို့ ကျွန်တော့တိူ့နိုင်ငံရဲ့ ကိန်းဂဏန်းကတော့ ၁၂၀၄ ဒေါ်လာ ၊ ၁၄၇၉ ဒေါ်လာ နဲ့ ၁၁၆၉ ဒေါ်လာ အသီးသီးဖြစ်ပါတယ် ) ။ ၂၀၂၃ ၊ ၁၂ လပိုင်းမှာ ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူကလဲ ထူးထူးခြားခြားပြောခဲ့တယ် ၊ ၂၀၂၄ ရွေးကောက်ပွဲရလာဒ်က ပမေရိကန်ရဲ့စိတ်ကြိုက်အဖြေမဟုတ်ခဲ့ရင် အာဏာသိမ်းကိစ္စ (သို့) ပဋိပက္ခအမျိုးမျိုးဖြစ်လာမယ်တဲ့ ။ ထွက်ပြေးတဲ့ဝန်ကြီးချုပ်ဟောင်းအိန္ဒိယဘက်ရောက်ရှိပြီး အင်တာဗျူးတခုမှာပြောခဲ့တာက "လူဖြူတယောက် ကျွန်မကိုကမ်းလှမ်းခဲ့တာရှိတယ် ၊ အကယ်၍ စိန့်မာတင်ကျွန်းမှာ စစ်စခန်းတည်ဆောက်ခွင့်ပေးမယ်ဆိုရင် ရွေးကောက်ပွဲအောင်မြင်ဖို့ သူ အာမခံတယ်"တဲ့ ။ ဒါကြ တော့ဘဂ်လား ဒေခ်ျနိုင်ငံရဲ့အချုပ်အခြာအာဏာကိုငွေပေးဝယ် နေသလိုဘဲ။ဘာ ကြောင့်ဝယ်သလဲ? အမေရိကန်နိုင်ငံရေးကျွမ်းကျင်သူ Russell Amoskirk ရေးခဲ့တဲ့ စာအုပ် The foundation of the American order မှာ - "ကောင်းမွန်တဲ့နိုင်ငံရဲ့ လက္ခဏာက ကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အမှန်တရား ၊ လွတ်လပ်မှုဖြစ်ပါတယ် ။ ဒီ ၃ ခုထဲမှာ ကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်းက အရေးအကြီးဆုံး ။ ဒါရှိမှ အမှန်တရားဖြစ်မြောက်မယ် ၊ ဒါရှိမှ ကောင်းမွန်တဲ့ဥပဒေထွက်လာမယ် ၊ ဒါမှမဟုတ်ရင် လွတ်လပ်မှုဆိုတာ အကြမ်းဖက်ပါပဲ " ။ ဒီတော့ ဒီငွေ ပေးသိမ်းသွင်းမှုကအယ့်ဒီ၃ချက်ထဲက ဘယ်အချက်နဲ့ကိုက်ညီလသလဲ။
၂၀၂၂ မှာ ဆီလောကထဲဝင်ဖို့ အသိညီမ တစ်ယောက်က စဖိတ်တယ် ဆီထည့်ကန်တွေထဲက ဆီဝယ်ရတာပေါ့ မြတ်ရင် ပြန်ရောင်းနဲ့။ နောက်တော့ pprd ဆိုပြီး အစိုးရကဖွဲ့တယ် အဲကနေ ဆီစျေး သတ်မှတ်တာပေါ့ ရောင်းကြတာက pprd ပေါက်စျေးရဲ့ လက်လီစျေး နဲ့ လက်ကားစျေး ကို လျော့ရောင်းကြတာ အဲမှာ ရုရှ က ဆီ ဝင်ဖို့ရှိတယ်ဆိုပြီး အဖွဲ့လိုက်ကြီး ရုရှ သွား ဆီ ဝယ်ကြတယ် ရုရှက ဆီ မရောင်းပဲ ရေနံ့ရောင်းပေးတယိ ကိုယ့်ဖာသာ ပြန်ချက်ပေါ့ ကိုယ့်ဆီ မှာ က ချက်စရာ မရှိ အဲတာနဲ ့ အစိုးရ ဆီ ပြသနာ ရှင်းဖို့ ရုရှ ချက်ပြီးသားဆီ ကို ဝယ်မယ်ဆိုတော့ ရောင်းတဲ့ သဘောင်္ က ကြီးနေတော့ ဒီဘက်က ဖြုန်းအားက မနိူင်ဘူးဖြစ်ရော နောက်တော့ ထိုင်း ဆီကန်တွေ က နေလိုသလောက်ရမယ် စာချုပ်ချုပ် လက်မှတ်ထိုး ငွေပေါင် တင်ဆိုပြီး လာ အရောင်းတင်ကြတယ်။ သီလဝါ ဆိပ်ကမ်း အရောက် တစ်လီတာကို ၆၈၅ကျပ်ပဲ ကျမယ်။ တစ်လီတာ ကို ပေးပြီး ကမ်းပြီး ၈၅၀ ကျပ်အကြော်နဲ့ သွင်းပေးမယ်ဆိုပြီး စဝင်လာကြတယ်။ ထိုထဲမှာ တစ်လီတာကို ဘယ်နှဒေါ်လာဆိုပြီး %ပေးပြီး အစိုးရကို ချိတ်ခိုင်းတော့ ကြားပွဲစားတွေက ချိတ်ကြပြီး ရုရှဆီရရှိရေးဆိုပြီး ဖြစ်သွားတယ် အစိုးရက G to G ရဖို့ကြိုးစားနေချိန်မှာ B to B နဲ့ချိတ်လာကြတယ် အစိုးရက ရုရှ ဆီလုပ်ငန်းရှင်တွေထိ ချိတ်တာပဲ ကြားထဲက မဖော်ဆောင်နိူင်ကြတာလို့ ပြောရမလား စလုံးက ဆိပ်ကမ်းကို ကျော်ခွပြီး လုပ်ကြမယ့်သဘောပေါ့ ထားပါ အဲတာ နဲ့ အစိုးရ ပါ ဆီ အလိမ်ခံထိတယ်။ ကြားထဲက မိတ်ဆတ်ပေးတဲ့ % စား တွေက နိူင်ငံတော် အလိမ်ခံထိတော့ ငြိမ်နေကြလေရဲ့။ ခုတော့ ဘယ်သူက မြှောက်ပေးထားလည်း မသိတဲ့ ဆီစျေး ထိန်းချုပ်စနစ် ကို ပြင်မှရမယ်။ ကြိုက်ရောင်း ကြိုက်ဝယ်။ ဆီစျေး ဖွင့်ချလိုက် ။ နေ့ခြင်းညခြင်း ရောက်လာမယ့် ဆီတွေ ရှိတယ်။ ခုလည်း အပြင်မှာ အစိုးရ PPRD ပေါက်စျေး + 2000ထိ ရှိနေကြတာပဲ။ တကယ်လိုရင် ဝယ်ကြလိမ့်မယ်။ ထို့အပြင် ကားစျေးပါထိုးကျလာလိမ့်မယ် ။ ဘာလို့ဆို ဆီစျေးနိူင်မှ ကားစီးမှာ ။ ခုတော့ ဆီစျေး ထိန်းထားတော့ အားလုံးက တရားခံသည် အစိုးရ ဆိုပြီး လက်ညိုးထိုးလာကြတယ်။ ဆီစျေးကို ဖွင့်ချလိုက်မှ ဒေါ်လာကိုင်ထားသူတွေလည်း လုပ်ငန်းလုပ်ကြမှာလေ ။ ကားစုတ်ကြီးတွေကိုင်ပြီး စျေးကစားနေကြသူတွေလည်း အတန်အသင့်လျော့လိမ့်မယ်။ အစိုးရ က ဆီစျေး ထိန်းလေ ဒေါ်လာရှားလေ ဆီ မဝင်လေ အစိုးရ ကို ခေါင်းစားလေ ဖြစ်မှာ။ အဲတော့ ကား ဆိုင်ကယ် ဝယ် စီး ချင်လား ဆီဖိုးနိူင်မှ စီး ။ မနိူင်ရင် လိုင်းကားတိုးစီးပဲ။ နိူင်ငံတကာမှာလည်း အဲလိုပဲ။ အဲတော့ ဆီမှာ အခွန်တိုးကောက်လိုက်။ ကားမော်ဒယ်နိမ့်တွေလည်း ဖျက်သိမ်းခိုင်းလိုက်။ ကားစျေး လည်း ကျလာနိူင်သလို ဆီ ပြသနာလည်း ရှင်းနိူင်လိမ့်မယ် ထင်တယ်။ မင်း ကြီးသွားတဲ့ လမ်း ဖြောင့် နေအောင် လုပ်ထားပေးတယ်ဆိုပြီး တစ်ပတ်လည် အကွက်တွေ ရိုက်ခံနေရတာကြည့်ပြီး လာဗျာ ပြောပြမယ်ဆိုပြီး မပြောရဲတဲ့သူတွေက အပုံကြီး ဘေးနားက မြှောက်ထိုးတွေကို ကြောက်နေရတာ ဆီပြသနာ ကို ခါးကော့အောင် ခံနေကြရတာ ပြည်သူ တင်မဟုတ် အစိုးရနာမည် ယူထားသူတွေ ထိုထဲ % စားတဲ့သူနဲ့ ငါ့ဆီကားလေးသုံးပေးနဲ့ က အနေချောင် နေကြရော မောင်လူအေး
ကိုးကန့်တပ်ဖွဲ့၏ အခြေခံလစာနှုန်းထားများ တရားဝင်ကြေညာ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့တော်လားရှိုးနှင့် တိုင်းစစ်ဌာနချုပ် ကိုသိမ်းပိုက်ရရှိပြီးနောက်တွင် အုပ်ချုပ်ရေးလုပ်ငန်းများစတင်နေပြီဖြစ်ရာ တပ်ဖွဲ့၏ အခြေခံလစာနှုန်းထားများကို စတင်ကြေညာလိုက်သည်။ အကြမ်းဖက် ကိုးကန့်တပ်ဖွဲ့တွင် ၁။ မြို့စောင့် ရဲ (အနိမ့်ဆုံး ယွမ်၈၀၀ စားရိတ်ငြိမ်း ) ၂။ တပ်သား( ယွမ်က ၈၀၀ ++ စားရိတ်ငြိမ်း) ၃။ လားရှိုးဆေးရုံနှင့် ဆေးပေးခန်းများ တွင် တာဝန်ထမ်းဆောင်ရန် CDM ကျန်းမာရေး ဝန်ထမ်း (ယွမ် ၉၀၀++ စားရိတ်ငြိမ်း ) မှတ်ချက် CDM များ အင်တာဗျူးဖြေစရာမလိုဘဲ အလုပ် တန်းဝင် လို့ရ အမည်စာရင်း များကို လားရှိုး USDP ရုံး ၊ မန်ဆူ ဘုန်းကြီးကျောင်းဝင်းထဲရှိ ယာယီစီမံခန့်ခွဲရေးရုံး နှင့် ယခင် မြို့နယ်ထွေအုပ်ရုံးများတွင် စာရင်းပေးသွင်းနိုင်ပြီဟု ကြေညာသည်။ တရုတ်ကျူးကျော်စစ် စစ်စစ်ဖြစ်ကြောင်း လစာငွေကြေးများဖြင့်ပင် သတ်မှတ်နိုင်ပြီဖြစ်သည်။ စစ်မင်းကြီး https://t.me/sitmingyi/7087
တပ်ချုပ် ရဲ့စစ်ဖက်လက်ထောက်ဖြစ်တဲ့ ဗိုလ်ချုပ်မိုးမြင့်ဆွေ ( အလုပ်သင် -၂၄ ကျောင်းဆင်း ) က ဘယ်လောက်ပိုင်လဲဆိုရင် သူစစ်ဖက်လက်ထောက်ဖြစ်တဲ့အချိန်ကစလို့စစ်တပ်ရဲ့တပ်မမှူးတိုင်းမှူးတွေထဲမှာ အလုပ်သင်ကျောင်းဆင်းတွေ များလာတာကိုကြည့်ရင်သိသာပါတယ်။ အခုဆိုရင် စစ်တိုင်းမှူးထဲမှာ အလုပ်သင်နဲ့DSA ပဲရှိတော့တယ်။ဘွဲ့ရပြီးမှ ဗိုလ်သင်တန်းတက် စစ်ဗိုလ်ဖြစ်တဲ့သူတွေ တိုင်းမှူးထဲမှာမတွေ့ရတော့ဘူး။ ဦးသန်းရွှေတုန်းကလဲ သူရဲ့စစ်ဖက်လက်ထောက်က လဲ အလုပ်သင်ကပဲ ။ဒါပေမဲ့ ဦးသန်းရွှေလက်ထက်မှာ အလုပ်သင်ထဲက တိုင်းမှူးတပ်မမှူးဖြစ်တဲ့သူမရှိဘူး။
တပ်မတော်မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့🍉စိတ်ရှိနေတဲ့ညီမောင်တွေကိုတခုတော့သတိပေးပြောကြားချင်တယ် တို့မြန်မာ့တပ်မတော်ကြီးကိုစတင်ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကစပြီး ဗိုလ်ချုပ်ကြီးနေဝင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ရှိဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထိ တပ်မတော်ဟာတို့တာဝန်အရေးသုံးပါးကိုဦးထိပ်ရွက်ပန်ဆင်ပြီး အမျိုးဘာသာသာသနာနဲ့တို့ရဲ့တိုင်းပြည်ကိုကာကွယ်ဖို့အတွက်ဖွဲ့စည်းထားတာဖြစ်တယ် တို့တိုသ်းပြည်ကိုတိုင်းတပါးသားနယ်ချဲ့တွေကအမြဲတန်းကျုးကျော်တိုက်ခိုက်အပိုသ်စီးချင်နေကြတာကိုငါ့ညီတို့အထူးသတ်ိချပ်သင့်တယ် ငါ့ညီတို့ရှေ့ကအသီးသီးတာဝန်ထမ်းဆောင်သွားကြတဲ့ ဗိုလ်ချုပ်ကြီးမောင်အေးတို့ ဗိုလ်ချုပ်ထွန်းကြည် ဗိုလ်ချုပ်ကျော်ဘ ဗိုလ်ချုပ်ချစ်ဆွေတို့ဗိုလ်ချုပ်ကျော်မင်း ဗိုလ်ချုပ်မောင်ဘို ဗိုလ်ချုပ်ကျော်ဝင်း ဗိုလ်ချုပ်ကက်စိန် ဗိုလ်ချုပ်အေးသောင် ဗိုလ်ချုပ်ခင်မောင်သန်း ဗိုလ်ချုပ်စိုးဝင်း ဗိုလ်ချုပ်စိုးနိူင် ဗိုလ်ချုပ်အောင်မင်း ဗိုလ်ချုပ်သိုးထိန်း ဗိုလ်ချုပ်ကျော်ဆွေ ဗိုလ်ချုပ်မြင့်စိုး ဗိုလ်ချုပ်သောင်းအေး ဗိုလ်ချုပ်အောင်စိုးတို့အစရှိတဲ့ ပုဂ္ဂိုလ်ကြီးများတိုင်းပြည်ကိုအမြဲတန်းကာကွယ်တိုက်ပွဲတွေမြောက်များစွာတိုက် ယ္ခုလက်ရှိ ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ ဗိုလ်ချုပ်ရာပြည့်တို့ ဗိုလ်ချုပ်အောင်လင်းဒွေးတို့ ဗိုလ်ချုပ်ရဲဝင်းဦးတို့ဗိုလ်ချုပ်လင်းအောင်တို့ဗိုလ်ချုပ်မျိုးသန့်နိူင်တို့ဗိုလ်ချုပ်စိုးမင်းဦးတို့ ဗိုလ်ချုပ်ကိုကိုဦးတို့တွေ တိုက်ပွဲတွေအလီလီတိုက်ခဲ့ကြတယ် ဒီလူတွေရဲ့တိုင်းပြည်အပေါ်ထားခဲ့တဲ့စိတ်တပ်မတော်အပေါ်ခောတ်အဆက်ဆက်တာဝန်ကျေခဲ့ကြတယ် ငါ့ညီတို့လဲရှက်တတ်ရင် တိုင်းပြည်အပေါ်တကယ်ချစ်ရင် တပ်မတော်ရဲ့သစ္စာလေးချက်ကိုဗိုလ်သင်တန်းကျောင်းကိုစရောက်ကတည်းကဦးထိပ်ရွက်ပန်ဆင်ပြီးရွတ်ဖတ်ခဲ့တာတွေက်ိုအမှတ်ယပြီး စိတ်ဓါတ်တွေပြင်ပါ တိုင်းပြည်ကိုချစ်ကြပါလို့တိုက်တွန်းပါရစေ*** တပ်မတော်သားတွေကိုချစ်တဲ့ အောင်စေ
စစ်ရေးဗျူဟာတွေကို တိတိပပကိုနားမလည်ပဲ စဆရက လုပ်တဲ့ သတင်းငနဲ ကိုပဲ ညှိကွပ် ပေးလိုက်ရင်မကောင်းဘူးလားလို့ အတွေးရောက်မိတယ် တစ်ဆက်တည်းပဲ စစ်ပွဲကြီးတွေမှာ လုပ်ဆောင်လေ့ရှိတဲ့ principle တွေကို လေ့လာသိရှိထားသလောက်မျှ sharing လုပ်ချင်လာပါတယ် ။ ဘယ်စစ်ပွဲကြီးတွေမှာမဆို အထူးသဖြင့် ကျူးကျော်စစ်တွေကို ရင်ဆိုင်ရတဲ့စစ်ပွဲတွေမှာ ခံခွာချီတိုက် ဆိုတဲ့ စစ်ကဏ္ဍကြီးတွေကို သူ့ Sequence တွေအတိုင်းလိုက်နာ လုပ်ဆောင်ကြတာကိုတွေ့ရလိမ့်မယ် ပထမဦးဆုံး ကဏ္ဍက ခံစစ်ပဲ ခံစစ်ဆိုတာ ရန်သူ့ အင်အားကို အတတ်နိုင်ဆုံး ချိနဲ့အောင်လုပ်ရတာ ဒါကြောင့် အကောင်းဆုံးခံစစ်သည် အထိရောက်ဆုံး တိုက်စစ်ဖြစ်တယ်လို့ သတ်မှတ်ကြတယ်၊ ခံစစ်ဆင်ကြရာမှာလည်း လုပ်ဆောင်ရမည့် ဥပဒေသတွေရှိပါတယ် အသေးစိပ်တော့မပြောတော့ပါဘူး အဲ့ဒီဥပဒေသတွေအတိုင်း တိတိကျကျလုပ်နိုင်ရင် ခံစစ်ကောင်းမှာဖြစ်ပြီး ရန်သူအင်အားကို ကောင်းကောင်း ချိနဲ့အောင်လုပ်နိုင်မှာဖြစ်ပြီး သတ်မှတ်ချက်တွေကို တိတိကျကျ မလုပ်ထားရင်တော့ ခံစစ်က အားနည်းပြီး ကိုယ်ကရန်သူကိုမချေမှုန်းခင် ရန်သူရဲ့ ချေမှုန်းခြင်းကို လွယ်လွယ်လေးခံသွားရနိုင်တယ် ။ ရန်သူကို ကောင်းကောင်းခံစစ်ဆင်ပြီးရင် ဒုတိယစစ်ကဏ္ဍဖြစ်တဲ့ ခွာစစ်ကို လုပ်ကြတာပါ စစ်ကဏ္ဍကြီး ၄ ရပ်ထဲမှာ ခွာစစ်က အခက်အခဲဆုံးနဲ့ အရေးကြီးဆုံးလို့ သတ်မှတ်ကြပါတယ် ခွာစစ်ဆင်တယ်ဆိုတာ ထွက်ပြေးတာမဟုတ်ပါဘူး အရေးကြီးတဲ့ စစ်ကဏ္ဍကြီးတစ်ခုကို လုပ်ဆောင်တာပါ သူ့မှာလည်း လိုက်နာရမည့် ဥပဒေသတွေရှိပါတယ် ခွါစစ်ဆင်ရာမှာ ရန်သူကို တစ်ဘက်က ရင်ဆိုင်ထိန်းထားယင်း ရန်သူမသိအောင် အဆင့်ဆင့်ဆုတ်ခွါရသလို မိမိတပ်ဖွဲ့ဝင်အားလုံး (ဒဏ်ရာရတွေပါအပါ) အရေးကြီးစာရွက်စာတမ်း လက်နက်ခဲယမ်း အပါအဝင်ကို ရည်မှန်းချက်နေရာရောက်အောင် ဆုတ်ခွါရတာဖြစ်ပါတယ် မသယ်နိုင်တာတွေရှိ ငါလည်း ရန်သူ့လက်ထဲမရောက်ဖို့ ဖျက်ဆီးခဲ့ရပါသေးတယ်။ ခွါစစ်ပြီးလျင် ချီစစ်အတွက်ပြန်လည်စုဖွဲ့ပြင်ဆင်ရပါတယ် လူအင်အား လက်နက်အင်အား ထောက်ပံ့ပို့ဆောင်မှု အကုန်ပြည့်စုံအောင်စီစဥ်ရပါတယ် အချိန်ယူပြင်ဆင်ရတာပါ ပြီးမှ (ယ)ရက် သတ်မှတ်ပြီး စစ်ကြောင်းကြီးတွေချီကာ တိုက်စစ်ကို ဟန်ချက်ညီညီ ထိုးစစ်ဆင်တိုက်ခိုက်ကြတာပါ ။ ဒီစစ်ကဏ္ဍကြီးတွေနဲ့ စစ်ဆင်တိုက်ခိုက်တာကို အနီးစပ်ဆုံး မြင်သာအောင် ဥပမာပေးရရင် ဒုတိယကမ္ဘာစစ်ပါပဲ ၊ စစ်ပွဲ အစပိုင်းမှာ ဂျာမန်တွေရဲ့ တိုက်စစ်က မဟာမိတ်တွေ အလူးအလဲခံရတယ် တတ်နိုင်သလောက်ခံစစ်ဆင်ပြီး ခွါစစ်ဆင်ခဲ့ရတယ်၊ ပြင်သစ် ပိုလန် သြစတြီးယား အီတလီ ဂရိ အစရှိတဲ့ ဥရောပနိုင်ငံ အားလုံးနီးပါး ဂျာမဏီလက်ထဲရောက်သွားတယ် ဂျာမဏီလက်အောက်မရောက်တာဆိုလို့ အရှေ့ဥရောပမှာ ရှပ်ရားနဲ့ အနောက်ဘက်မှာ အင်္ဂလန် ပဲရှိတော့တယ် မဟာမိတ်တပ်တွေဟာ အင်္ဂလန်ကိုခွါစစ်ဆင် ပြန်လည်စုဖွဲ့ပြီး ဂျာမန်တွေကို အီတလီ ကမ်းခြေဘက်ကနေ ချီစစ်တိုက်စစ်နဲ့ ပြန်တိုက်မယ်လို့ ထင်ရအောင် လှည်စားမှုတွေလုပ်ပြီး D-day မှာတော့ ပြင်သစ် နော်မန်ဒီ ကမ်းခြေကနေ ချီစစ်တိုက်စစ်နဲ့ ဟန်ချက်ညီညီ ထိုးစစ်ဆင်တိုက်ခိုက်တာ ဂျာမဏီ အကြီးအကျယ်စစ်ရှုံးသွားရတာပါ။ ခေတ်တွေတိုးတက်လာလို့ အသုံးပြုလက်နက်တွေ တိုးတက် ပြောင်းလဲလာပေမဲ့ စစ်ပွဲကြီးတွေရဲ့ အခြေခံ principle ကတော့ မပြောင်းလဲသေးပါဘူး ။ ကျွန်တော်တို့နိုင်ငံဟာ ယနေ့အချိန်မှာ ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေရဲ့ ငွေဝယ်ကျွန်တွေကတစ်ဆင့် တစ်ပိုင်းတစ်စ ကျူးကျော်စစ် (semi invasion war)ကို ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်နေပါတယ် တစ်မြို့မြို့ပြီးတစ်မြို့ ဆုံးရှုံးနေရတဲ့အချိန်ပါ ဒါကို တစ်ဘက်ကလည်း တပ်မတော်က ရှုံးနေပြီလို့ ဝါဒဖြန့်နေတာကို ပြည်သူအများစုကလည်း ယုံကြည်ပြီး စိုးရိမ်မှုတွေမြင့်တက်နေကာ တပ်မတော်အပေါ် အားမလို အားမရမှု တွေဖြစ်နေကြရတာပါ ၊ တပ်မတော်ခေါင်းဆောင်တွေဟာ သူတို့အလုပ် သူတို့ လုပ်နေကြတာလို့ မြင်ကြဖို့လိုပါတယ် ၊ အစိုးရိမ် မလွန်ကဲကြဖို့လဲလိုပါတယ်။ တပ်တော်က အဓိက လိုနေတာက လက်နက်တွေ စစ်နည်းဗျူဟာမဟုတ်ဘူး၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အားပေးကူညီမှုပဲ ကျွန်တော်တို့ နိုင်ငံဟာ တစ်ဦးတစ်ယောက်ရဲ့ ပရောဂကြောင့် ဝါးအစည်းပြေသလို စုစည်းကျစ်လစ်မှု ပြိုကွဲခဲ့ရတာ၊ ဒါကို အခွင့်ကောင်းစောင့်နေတဲ့ မိစ္ဆာနိုင်ငံတွေက တိုင်းပြည်ကို တစ်စစီဖဲ့ထုတ်ဖို့ လုပ်လာကြတာ၊ တိုင်းပြည် စည်းလုံးမှုရှိတုံးက မျက်စတောင် မပြစ်ရဲတဲ့ အကောင်တွေက စည်းလုံးမှု ပြိုကွဲတဲ့ အချိန်မှာ မုဒိမ်းကျင့်ဖို့ လုပ်လာကြတာ ၊ ဒါတောင် Semi invasion war ပဲရှိသေးတယ် Total invadion war ဆိုရင်တော့ စဥ်းစားကြည့်ကြပေါ့ ။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံသားတွေဟာ ပြသနာရဲ့ အရင်းခံကို သေသေခြာခြာ နားလည်သိမြင်တတ်ကြဖို့ လိုအပ်သလို ပြည်ထောင်စု မပြိုကွဲရေးအတွက် အားလုံး စည်းစည်းလုံးလုံးနဲ့ ကာကွယ်သွားဖို့လိုအပ်နေပါပြီ။ စည်းလုံးခြင်းသည်အင်အားပါ မိမိနိုင်ငံကို ကာကွယ်ခြင်းသည် တရားဥပဒေနှင့်ညီပါသည် တရားသောစစ် ဘယ်တော့မှ မရှုံးပါဘူး ။ 03 Aug 2024 1300
без подписи
. ☯️ နည်းချင်ရာနည်း ဉာဏ်တော့မနည်းကြပါစေနဲ့ တချိန်တုန်းက Agree to disagree ခေတ်စားခဲ့ဘူးတယ် ဒါပေမဲ့ Disagree to agree ဘယ်အခါမှာဖြစ်ရမလဲဆိုတာ အော်နေတဲ့သူကိုယ်တိုင်မသိခဲ့ကြဘူး၊ ရှိသေးတယ် Freedom from fear တဲ့ ဒီနေ့ Fear of freedom ဖြစ်နေကြတာ မြင်ကြရဲ့လား⁉️ ဟိုတရက်က Geopolitics နဲ့ပါတ်သက်ပြီး Heartland ,Rimland စတာတွေပြောနေတာ တွေ့တာနဲ့.... Starlink ခေတ်မှာ အဲ့ဒါတွေမရှိတာကြာပြီနော်... လို့ သတိပေးလိုက်ရသေးတယ်၊ ရှေးရိုးစွဲ လက်ရင်းကျမ်းတွေ၊ သဘောတရားတွေက သမိုင်းစာအုပ်ထဲမှာ ကျန်ရစ်တာ နှစ် (၃-၄၀) ဆယ်လောက်ရှိသွားပြီ၊ " အော်.... လူ့သမိုင်းမှာ ဒါတွေရှိခဲ့ဘူးပါလား".. ဆိုတာလောက်ပဲ သတိရဖို့သာပါ၊ မတူတဲ့ခေတ် မတူတော့တဲ့အခြေအနေမှာ အဟောင်းတွေကို ဖက်တွယ်ထားရင် ရလဒ်က အနှုတ်ကလွဲပြီး ဘာမှထွက်လာမှာမဟုတ်ဘူး၊ လက်ရင်းကျမ်းတွေ၊ ရေးရိုးစွဲ အယူအဆတွေကို ကမ္ဘာကြီးမလိုက်နာတော့တာကြာပြီနော်၊ Huntington တောင် ခဏခဏ ပြင်ရေးနေရတာကို သတိထားကြပါ၊ အရေးကြီးတာက ယူကရိမ်းစစ် ဘယ်လိုအဆုံးသတ်မလဲ❗ အစ္စရေး- အီရန်စစ်ဘယ်လိုဖြစ်လာမလဲ❗ အဲ့ဒီက ဘာတွေကို မွေးထုတ်လာမလဲ❗ ဒါမျိုးတွေကို ကြိုတင်ပြောနိုင်ဖို့လိုတယ် ဒါမှလက်တွေ့ပညာလို့ခေါ်တယ်၊ ဒီအတိုင်းပဲ 1027 ကိုဘယ်လိုဆက်ပြီး ကိုင်တွယ်ကြမလဲ❗ ဘယ်လို Exit လုပ်ကြမလဲကသာ အရေးပါတဲ့ စဉ်းစားချက်မျိုးပါ၊ လူနာရဲ့ရောဂါလက္ခဏာတွေကို ရွတ်ပြနေရမဲ့ အချိန်မျိုးမဟုတ်သလို၊ ရောဂါဖြစ်ရခြင်းအကြောင်းကိုလဲ မချင့်တင်ကဲ ပြောနေရမဲ့အချိန်လဲမဟုတ်တော့ဘူး၊ ဘယ်လို ကုထုံးမျိုးနဲ့ ကုရမလဲဆိုတဲ့ အဖြေထုတ်ချိန်မျိုး ဖြစ်ပါတယ်၊ ဒေါက်တာနေဇင်လတ်
မြန်မာပြည်ငြိမ်းချမ်းစေလိုသူများ ဇူလိုင်လ၂၇ရက် နိုင်ငံရေးပါတီ လေးပါတီ တရုပ်နိုင်ငံကပြန်လာပြီးနောက် မြောက်သုံးဖွဲ့ ကို ကူညီထောက်ပံ့မှုလုံးဝမလုပ်ဘူး လို့တရုပ်အစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ကြောင်း အသံတွေ ထွက်ပေါ် လာပါတယ်။ ဇူလိုင်၂၉ ရက် နေ့စွဲနဲ့ UWSP က ၂၀၂၁ခုနှစ်မြန်မာနိုင်ငံမတည်မငြိမ်ဖြစ်ပွားချိန်ကစပြီးမည်သည့်အဖွဲ့အစည်း၏စစ်ရေးပဋိပက္ခတွင် မှပါဝင်ပတ်သက်မှု မပြုလုပ်ခြင်းနှင့်စစ်မီးမမွှေးခြင်းဆိုသည့် ဘက်မလိုက်မူဝါဒ ကိုဆုံးဖြတ်အတည်ပြုထားကြောင်း၊ဤရပ်တည်ချက်သည် အချိန်ကာလနှင့် အခြေအနေအမျိုးမျိုးကြောင့်ပြောင်းလဲသွားမည်မဟုတ်ကြောင်း၊တွေ့ဆုံဆွေးနွေးရေးအပါအဝင်ငြိမ်းချမ်းတဲ့နည်းလမ်းမျိုးနဲ့ဖြေရှင်းကြဖို့ တိုက်တွန်းကြောင်း၊ဝပြည်နယ်အနေဖြင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးအတွက် မိမိ၏အင်အားဖြင့် ဆက်လက်ကြိုးပမ်းစွမ်းဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအချက်အလက်တွေကို ခြုံကြည့်ရင် တရုပ်က မြောက်သုံးဖွဲ့ကို ဘာမှ မကူညီမထောက်ပံ့ဘူး၊ ဝ က လည်း ဘက်မလိုက်မူအရဘယ်ဘက်မှမပါဘဲ မြောက်သုံးဖွဲ့ကို မကူညီဘူးဆိုတဲ့အဓိပ္ပါယ်ရောက်နေပြီး (ကူညီနိုင်တာလည်း တရုပ်နဲ့ ဝ ပဲရှိတဲ့အတွက် )MNDAAဦးဆောင်တဲ့ မြောက်သုံးဖွဲ့ဟာ ဘယ်သူ့ဆီကမှ အကူအညီမရဘဲ စစ်တိုက်နေတဲ့ လူစွမ်းကောင်းစူပါမင်းတွေလိုဖြစ်နေပါတယ်။ မေးစရာရှိလာတာက တရုပ်ကိုယ်စားလှယ် တိန့်ရှီကျွမ်းမြန်မာပြည်မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် မြောက်သုံးဖွဲ့ခေါင်းဆောင် တွေနဲ့တွေ့ဆုံပြီး၁၀၂၇ စစ်ဆင်ရေးစတင်ပေါ် ပေါက်လာတာ ဘာကြောင့်ပါလဲ။မြန်မာပြည်တည်ငြိမ်အေးချမ်းရေးအတွက် စစ်မီးမမွှေးကြဖို့ တားဆီးခဲ့တာလား၊စစ်မီးမွှေးဖို့မီးစိမ်းပြလိုက်တာလား ဆိုတာပါပဲ။(၁၀၂၇မစမီ မြောက်သုံးဖွဲ့နဲ့ တိန့်ရှီကျွမ်းတွေ့ခဲ့ကြောင်း၊ကျားဖြန့်နှိမ်နင်းရေးအတွက်မြောက်သုံးဖွဲ့က ကူညီဖို့ ဆွေးနွေးခဲ့ကြောင်းTNLA တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်) တစ်ခါ ဘယ်ဘက်ကမှ မပါဘူးဆိုတဲ့ ဝ ကလည်း ၁၀၂၇စစ်ဆင်ရေး ချင်းရွှေဟော်ကိုစတိုက်ဖို့ ဝနယ် နမ့်တစ် ကနေ MNDAA တပ်တွေဝင်ရောက်ဖြတ်သန်းခွင့်ပြုပေးလိုက်တာဟာ ဘယ်ဘက်မှမပါဘဲ နေတာလား၊မြန်မာပြည်ကြီးငြိမ်းချမ်းသာယာစေချင်လို့လား၊စစ်မီးတောက်စေချင်လို့လား မေးရမှာ ဖြစ်ပါတယ်။ မြောက်သုံးဖွဲ့ခေါင်းဆောင် MNDAAက သူ့အပေါ်ဘာမှမကူညီ မထောက်ပံ့တဲ့ တရုပ်ကို တရုပ်ကွန်မြူနစ်ပါတီဗဟိုကော်မီတီ အစည်းအဝေးကိုဂုဏ်ပြုသောအားဖြင့်ယာယီအပစ်ရပ်ကြောင်း၊တရုပ်နိုင်ငံ၏ တောင်းဆိုချက်ကိုတက်ကြွစွာနာခံသောအားဖြင့်ယာယီအပစ်ရပ်ကြောင်းကြေညာချက်တွေ၊တရုပ်အကျိုးစီးပွားတွေကာကွယ်ကြဆိုတဲ့စာတွေ ဘာကြောင့်ထုတ်ပြန်နေတာပါလဲ။ ဘာအကူအညီမှ မပေးတဲ့ ဝ ကို MNDAAသိမ်းပိုက်ရရှိတဲ့ ဟိုပန် ပန်လုံနှစ်မြို့ လက်ဆောင်ပေးလိုက်တာလဲ။ ရှမ်းမြောက်စစ်မီးအစဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေး မစမီ မြောက်သုံးဖွဲခေါင်း ဆောင်တွေကို တွေ့ဆုံပြီးဘာတွေ မိန့်ခွန်းချွေခဲ့ကြောင်း မပြောတဲ့ တရုပ်နိုင်ငံက မြန်မာပြည် ငြိမ်းချမ်းရေးရတာအမြင်ချင်ဆုံးဟာတရုပ်နိုင်ငံဖြစ်တယ်လို့ပြောနေသလို၊စစ်မီးစမွှေးဖို့ ဝနယ် နမ့်တစ်က ဝင်ရောက်တိုက်ခိုက်ခွင့်ပြုခဲ့တဲ့ UWSAကလည်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသွားမယ် ဆိုတော့ ငြိမ်းချမ်းရေးနိုဗယ်ဆု ပူးတွဲ ပေးရမလို တောင် ဖြစ်နေပါ တော့တယ်။
သင်ခန်းစာယူစရာများ လက်ရှိတိုင်းပြည်ရဲ့အခြေအနေဟာ ၁၉၄၉ပြည်တွင်းစစ်ကာလပြီးရင် ဒုတိယမြောက်အဆိုးဆုံးအခြေအနေရောက်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ၁၉၄၉ပြည်တွင်းစစ်ကာလအလွန် မှာ ဒီကနေ့ ကာလလောက်မြို့ရွာပေါင်းများစွာ သူပုန်လက်အောက်ကျရောက်ခဲ့တာမရှိခဲ့ဖူးသေးတဲ့အတွက်လည်း ဒီလိုသုံးသပ်ကြတာ မှားတယ်လို့တော့ပြောလို့မရတဲ့အခြေအနေဖြစ်နေပါတယ်။ အထူးသဖြင့် ရှမ်းမြောက်ဒေသ ၂၀၂၃ အောက်တို ဘာကစခဲ့တဲ့တိုက်ပွဲတွေ မှာမယုံနိုင်စရာကောင်းလောက်အောင် တစ်မြို့ပြီးတစ်မြို့ ဆက်တိုက် ကျသွားခဲ့ရပါတယ်။ဟိုင်ဂင်သဘောတူညီချက်အရ အပစ်ရပ်ခဲ့တာငါးလခြောက်လောက်အကြာမှာ ၁၀၂၇ဒုတိယပိုင်းဆိုပြီး မိုးကုတ် ၊မိုးမိတ်၊မတ္တရာ၊နောင်ချို၊ကျောက်မဲနဲ့လားရှိုးမြိူ့တွေပါ အတိုက်ခံလာရပြန်ပါတယ်။ ရခိုင်မှာလည်းမြောက်ပိုင်းတင်မကတောင်ပိုင်းအထိ ပါ စစ်မီးကူးစက်လာတယ်။ပထမအကျော့မှာပါသွားတဲ့မြို့တွေ ပြန်သိမ်းပိုက်ဖို့ အရိပ်အယောင်မတွေ့ရသေးဘဲ ဒုတိယအကျော့မှာ အတိုက်ခံနေရတဲ့မြို့တွေပါမသွားရေးအပြင်း အထန်ခုခံနေရတဲ့အနေအထား ဖြစ်လို့ ၁၉၄၉ကာလလို အဆိုးဝါးဆုံးဖြစ်သွားမှာကိုစိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာ ပါပဲ။ အဆိုးဝါးဆုံး ပြည်တွင်းစစ်၁၉၄၉ကာလမျိုးဆီပြန်မရောက်ရေး အစိုးရနဲ့တပ်မတော်မှာ အဓိကတာဝန်ရှိသလို သောင်းကျန်းသူတွေကိုချေမှုန်းပြီး လက်ရှိစစ်မီးကိုအမြန်ဆုံးငြှိမ်းသတ်ရေးဟာ အေးချမ်းစွာနေလိုတဲ့ပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန္ဒအမှန်လည်း ဖြစ်ပါတယ်။ ၁၉၄၉ ပြည်တွင်း စစ်မီးကြီး ဘာကြောင့်ဖြစ်ပွားခဲ့ရတယ်၊ဘယ်လို ပြန်လည် ငြှိမ်းသတ်ခဲ့ရတယ်ဆိုတဲ့ သင်ခန်းစာယူစရာ နမူနာယူစရာတွေကိုယူပြီး အခု စစ်မီးငြှိမ်းသတ်ရေးမှာ အသုံးချကြဖို့သင့်ပါတယ်။ သောင်းလွင်ဟိန်း မဟာဗျူဟာလေ့လာရေး
Ko Myo ၆၊ ရှမ်းမြောက်ပိုင်းနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ထောက်ခံသူတွေက တရုတ်အပေါ် ဘာမျှော်လင့်ချက်ထားရှိခဲ့သလဲ။ သူတို့ရဲ့မျှော်လင့်ချက်က မြောက်ပိုင်းသုံးဖွဲ့ကို တရုတ်ထိန်းပေးနိုင်မယ်လို့ သူတို့မျှော်လင့်တယ်၊ ယုံလည်းယုံကြည်တယ်။ သူတို့မျှော်လင့်သလို မဖြစ်တဲ့အခါ နာလည်းနာ၊ရှက်လည်းရှက်ပြီး အရူးလိုတရုတ်ကိုလျှောက်ကိုက်လာတယ်။ အစိမ်းတချို့က အရင်တုန်းက ပညာရှိယဉ်ကျေးသူဟန်ဆောင်တယ်။ ၁၀၂၇ ဖြစ်ပြီး ယဉ်ကျေးဟန်လုံးဝမဆောင်တော့ဘူး။ အရိုင်းဆုံးပုံစံပေါ်လာတယ်။ ဘာကြောင့်လဲ။ မခံနိုင်လောက်အောင်ရှက်တာနာတာပါ။ ၇၊ တရုတ်က ရှမ်းမြောက်ပိုင်းကိစ္စမှာ ပါဝင်ခဲ့သလား။ မပါဝင်ခဲ့ဘူး။ ရှမ်းမြောက်ပိုင်းအဖွဲ့တွေကို မထောက်ခံခဲ့ဘူး။ အစိမ်းတွေမျှော်လင့်သလိုလည်းမထိန်းပေးခဲ့ဘူး။ အဲလိုပဲထားလိုက်တာ။ အဲလိုထားလိုက်တော့ အရှုံးအနိုင်က သဘာဝအတိုင်းဖြစ်သွားတာ၊ ဘာမှမထူးပါဘူး။ ၈၊ တရုတ်က မြောက်ပိုင်းအဖွဲ့တွေကို ထိန်းနိုင်သလား။ မထိန်းနိုင်ဘူး။ မြောက်ပိုင်းအဖွဲ့နဲ့ စစ်တပ်ချင်းချုပ်ဆိုတဲ့စာချုပ်ကို နှစ်ဖက်လုံး ကြိုက်သလိုဖျက်တယ်။ ၉၊ မြန်မာစစ်တပ်ဘာကြောင့် ဒီလောက်ရှုံးသလဲ။ မြန်မာပြည်မှာ သုံးသပ်ပြီး နားလည်တဲ့လူရှိသလား။ ရှိပါတယ်။ လူအများစုသိပါတယ်။ ဒါပေမဲ့စစ်တပ်ထောက်ခံတဲ့အစိမ်းတွေတော့ နားမလည်ချင်ဘူး။ တရုတ်ကိုအပြစ်တင်ခြင်းဖြင့် မိမိကို မူးယစ်တာပါ။ ၁၀၊ နောင်မြန်မာပြည်ရဲ့အခြေအနေဘယ်လိုသွားမလဲ။ အခုမြန်မာပြည်ရဲ့အခြေအနေက ၁၉၄၈-၁၉၄၉ ခုနှစ်က တရုတ်ပြည်နဲ့ဆင်တူတယ်။ အာဏာပိုင်တဲ့အဖွဲ့က စစ်မြေပြင်မှာ တိုက်တိုင်းရှုံးတယ်။ စီးပွါးရေးမထိန်းနိုင်လောက်အောင်ကျဆင်းတယ်။ ပြည်သူတွေဆင်းရဲဒုက္ခခံရတယ်။ ဒါဆို ကိုမင်တန်အစိုးရလို နစကလည်းအလျင်အမြန်တောင်ပြိုမြေပြိုသလို ပြိုလဲနိုင်မလား။ မဖြစ်နိုင်လောက်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဆန့်ကျင်ဖက်အဖွဲ့တွေက တရုတ်ကွန်မြူနစ်ပါတီလောက် မတော်ဘူး။ အဲလိုပဲ မသေမရှင် အကြာကြီးအချိန်ဆွဲလိမ့်မယ်။