မောင်ရစ်(ဘုရင့်နောင်)
Статистика- Последний пост
- 13 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 9
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- 27
- 1/48двое суток
- 30
- 1/72трое суток
- 33
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
(၁၄.၈.၂၀၂၆) ရက် သောကြာနေ့တွင် ကျင်းပပြုလုပ်မည့် တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆)(ဒုတိယနေ့) အခမ်းအနားအစီအစဉ်
၁၁။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြရန်ဖိတ်ခေါ်ခဲ့ရာ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်တင်တင်ငြိမ်းမှ တင်သွင်းမှုအပေါ် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ယင်းအစီရင်ခံ စာသည် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် ယခုအစီရင်ခံစာအပေါ် ဆွေးနွေးဆောင်ရွက်မည်မဟုတ်ဘဲ လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိ မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ၁၂။ အစီအစဉ်အရ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆)(ပထမနေ့)ရပ်နားပါကြောင်းနှင့် (ဒုတိယနေ့)ကို တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ (၁၄-၈-၂၀၂၆)ရက် (သောကြာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်းကြေညာ၍ အစည်းအဝေးအား (၁၁:၂၅)နာရီတွင် ရပ်နားပါခဲ့သည်။ ၁၃။ အစည်းအဝေးတက်ရောက်မှုမှတ်တမ်းများ၊ အခမ်းအနားအစီအစဉ်၊ အခမ်းအနားမှတ်တမ်း ဓါတ်ပုံများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားမှု၊ ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း လျာထားချက်တို့နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းမှု၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူး တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းနှင့်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဉီးရေ၊အဖွဲ့ဝင်များ၏အမည်စာရင်း၊ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့၏အမည်စာရင်းတို့နှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးလွှတ်တော်သို့ အဆိုပြုတင်ပြမှု၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက ပဲခူး တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးလွှတ်တော်သို့အဆိုပြုတင်ပြမှု၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းနှင့်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဉီးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏ အမည်စာရင်းနှင့် ပူးပေါင်း ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းနှင့် အတည်ပြုကြောင်းကြေညာမှု၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြမှုတို့အား ပူးတွဲလျက်မှတ်တမ်းတင်ထားရှိပါသည်။
၆။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီး၏၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ် အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းလျာထားချက်တို့နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးအား တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းဖို့ ဖိတ်ခေါ်ခဲ့ရာ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်းက တင်သွင်းခဲ့ပါသည်။ ၇။ ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်း တင်သွင်းသည့် ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း လျာထားချက်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အစည်းအဝေး ရပ်နားသည့်အခါ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ ယနေ့(၁၆:၀၀)နာရီထက် နောက်မကျစေဘဲ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။ ၈။ အစီအစဉ်အရ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်း နှင့်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတွင် ပါဝင်သင့်သည့်အဖွဲ့ဝင်ဉီးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏အမည်စာရင်းတို့နှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးလွှတ်တော်သို့အဆိုပြုတင်ပြ ခဲ့ပါသည်။ ၉။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်း နှင့်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြရန်ဖိတ်ခေါ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးက လွှတ်တော်သို့ အဆိုပြုတင်ပြခဲ့ပါသည်။ ၁၀။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥပဒေ ကြမ်းနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတွင် ပါဝင်သင့်သည့်အဖွဲ့ဝင်ဉီးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏အမည်စာရင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် လွှတ်တော် ကိုယ်စားလှယ်အားလုံးကသဘောတူညီသည့်အတွက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးကျော်ဌေး၊ ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်၊ အတွင်းရေးမှူးအဖြစ် ဦးမြစိုး၊ ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်း ကော်မတီ၊ အဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်း၊ ဥက္ကဋ္ဌ၊ ဥပဒေရေးရာကိစ္စရပ်များလေ့လာရေးနှင့် ဥပဒေကြမ်းကော်မတီ၊ ဦးတင်မျိုးဝင်း၊ ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေး၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၊ ဒေါက်တာပွင့်ဆန်း၊ ဥက္ကဋ္ဌ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီ၊ ဦးမင်းအောင်၊ ဥက္ကဋ္ဌ၊ စက်မှု၊လျှပ်စစ်၊ လမ်းပန်းနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ၊ ဦးကျော်မင်းနိုင်၊ ဥက္ကဋ္ဌ၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၊ ဦးသန်းဇော်၊ ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် မြေယာကိစ္စရပ်များ ဆိုင်ရာကော်မတီ၊ ဦးမျိုးမင်းဇော်၊ ဥက္ကဋ္ဌ၊ မြို့ပြစည်ပင်သာယာရေးနှင့် ကျေးလက်ဒေသများဖွံ့ဖြိုးရေးဆိုင်ရာကော်မတီ၊ ဦးဝင်းနိုင်၊ ဥက္ကဋ္ဌ၊တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီ၊ ဦးသန်းစိုး၊ အတွင်းရေးမှူး၊ ဥပဒေရေးရာကိစ္စရပ်များလေ့လာရေးနှင့် ဥပဒေကြမ်း ကော်မတီ၊ ဦးအောင်စိုးထက်၊ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေး၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ၊ ဦးအောင်ညီညီစိုး၊ အတွင်းရေးမှူး၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်းကော်မတီ၊ဦးရဲထွဋ်၊အတွင်းရေးမှူး၊ ပညာရေး၊ ကျန်းမာရေး နှင့်လူမှုရေးဆိုင်ရာကော်မတီ၊ ဦးအောင်ကိုမင်း၊ အတွင်းရေးမှူး၊ စက်မှု၊ လျှပ်စစ်၊ လမ်းပန်းနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ၊ဦးညွန့်မင်းစိုး၊ အတွင်းရေးမှူး၊ သယံဇာတ၊ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ၊ ဦးမျိုးမြင့်၊ အတွင်းရေးမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မြေယာ ကိစ္စရပ်များဆိုင်ရာကော်မတီ၊ ဒေါ်ခင်ခင်ဝင်း၊ အတွင်းရေးမှူး၊ မြို့ပြစည်ပင်သာယာရေးနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီ၊ ဦးရန်နိုင်ဝင်း၊ အတွင်းရေးမှူး၊ တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာကော်မတီ၊ ဗိုလ်မှူးဇော်လင်းအောင်၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်၊ ဗိုလ်ကြီးတင်မောင်လွင်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်မြင့်မြင့်ကြည် စာရင်းအင်းပညာရှင်၊ ဦးရဲဝံ့စိုး၊ စီးပွားရေးပညာရှင်တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းကြောင်းနှင့် ပဲခူး တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ သက်တမ်းတို့ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့ပါသည်။
၁။ တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆)(ပထမနေ့)အဖြစ် (၁၃.၈.၂၀၂၆)ရက် (ကြာသပတေးနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲခူး တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇၆)ဦးအနက် ယနေ့ခွင့်ပန်ကြားသူ(၂)ဦးဖြစ်ပြီး (၇၄)ဦးတက်ရောက်သဖြင့် (၉၇.၃၇%)တက်ရောက် ကြောင်းမှတ်တမ်းတင်ပါသည်။ ထို့အတူ အစည်းအဝေးသို့ တိုင်းဒေသကြီးတရားလွှတ်တော် တရား သူကြီးချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ စာရင်းအင်းပညာရှင်၊ စီးပွားရေးပညာရှင်နှင့် လေ့လာသူ အဖြစ် သတင်းနှင့်မီဒီယာ(၈)ဦးတို့ တက်ရောက်ပါသည်။ ၂။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရန်၊ ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း လျာထားချက်တို့နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းရန်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူး တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းနှင့်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဉီးရေ၊အဖွဲ့ဝင်များ၏အမည်စာရင်း၊ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့၏အမည်စာရင်းတို့နှင့်စပ်လျဉ်းပြီး လွှတ်တော်သို့အဆိုပြုတင်ပြရန်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်း နှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီး လွှတ်တော်သို့အဆိုပြုတင်ပြရန်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဉီးရေ၊ အဖွဲ့ဝင် များ၏ အမည်စာရင်း၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏ အမည်စာရင်းနှင့် ပူးပေါင်းကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရန်နှင့် အတည်ပြုကြောင်း ကြေညာရန်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအား လွှတ်တော်သို့ တင်ပြရန်တို့ဖြစ်ပါသည်။ ၃။ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆) (ပထမနေ့)ကို (၁၃-၈-၂၀၂၆)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ အခမ်းအနားအစီအစဉ်(၁၁)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက စင်မြင့်ထက်ရှိ သတ်မှတ်နေရာတွင်နေရာယူ၍ အခမ်းအနားမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦးက ဆောင်ရွက်ခဲ့ပါသည်။ ၄။ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ယနေ့အစည်းအဝေးသို့ မတက်ရောက် နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ခွင့်တိုင်ကြားကြရန် လွှတ်တော်သို့ ကြေညာခဲ့ရာ ပဲခူးမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာထူးခြားအောင် (ဝန်ကြီး၊ လူမှုရေးရာဝန်ကြီးဌာန)သည် ဝန်ကြီးတာဝန်ဖြင့် လုပ်ငန်းဆောင်ရွက်ရန်ရှိပါသဖြင့် လည်းကောင်း၊ သဲကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအုန်းသွင်သည် ကျန်းမာရေးကိစ္စဆောင်ရွက်ရန်ရှိပါသဖြင့်လည်းကောင်း (၁၃-၈-၂၀၂၆)ရက်နေ့ အစည်းအဝေးသို့ မတက်ရောက်နိုင်ခြင်းအား ခွင့်အဖြစ်သတ်မှတ်ပေးပါရန် ယင်းကိုယ်စားလှယ်(၂)ဦး တို့၏ကိုယ်စား တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေး၊ အစိုးရ၏အာမခံချက်များ၊ကတိ များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ သနပ်ပင်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဝင်း၏ခွင့်ပန်ကြားမှုအပေါ် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌကခွင့်ပြုကြောင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေတင်ပြချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် တက်ရောက်လာကြသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် လွှတ်တော်ကအတည်ပြုကြောင်း ကြေညာပါသည်။ ယနေ့တွင်ခွင့်ပန်ကြား ခြင်းဖြင့် ခွင့်ပြုထားသူ(၂)ဦးရှိပြီး လွှတ်တော်ကိုယ်စားလှယ်(၇၄)ဦးတက်ရောက်ပါသဖြင့် စုစုပေါင်း ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော်ဦးရေတက်ရောက်သည့်အတွက် ၂၀၁၄ခုနှစ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာနည်းဥပဒေ၃၄(ခ)အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် ၂၀၁၄ခုနှစ် ပဲခူး တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ၃၅(ဂ)တို့အရ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာ ခဲ့ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏စားပွဲများပေါ်တွင် အမည်၊ ကိုယ်စားလှယ်အမှတ်စာတမ်းနှင့် (၁၃-၈-၂၀၂၆)ရက်နေ့ ဆောင်ရွက်မည့်အခမ်းအနားအစီအစဉ်တို့အား အသင့်ထားရှိပြီးဖြစ်ပါသည်။ ၅။ အစီအစဉ်အရ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။
без подписи
без подписи
без подписи
https://vt.tiktok.com/ZS4o3JsNq/
ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း လျာထားချက်တို့နှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးမှ တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်း
без подписи
без подписи
без подписи
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ် စတင် တာဝန်ထမ်းဆောင် ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်မှူးကြီး ကျော်စွာလင်းသည် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ်လည်းကောင်း ယနေ့စတင်တာဝန်ထမ်းဆောင်ကြောင်း သိရသည်။
" ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကို တိုက်ထားတဲ့ ဝါဒမှိုင်းတွေအရ ကျွန်တော်အခု ရင်ထဲကစကားတွေ ပြောနေလည်း သူတို့က ယုံခိုင်းမှာမဟုတ်ဘူး..." တောင်ငူအလင်းဝင် ရန်ကုန်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ အလင်းဝင်လာဖြစ်တဲ့အကြောင်းရင်းတွေထဲမှာ ဒလန်ဆိုပြီး စွပ်စွဲသတ်ဖြတ်နေမှုတွေကို လက်မခံနိုင်တော့လို့ ဆိုတာရယ်... အပြည့်စုံကို ရုပ်/သံတွင် ကြည့်ရှုရန်... Thazin Oo (ရွှေဆည်သူ)
ပုံ - ၁ တွင် သတ်ဖြတ်ခံရသော တပ်မတော်သားမိသားစုမီးကျွမ်းအလောင်းများကို တွေ့ရသော်လည်း အနောက်တွင် ၎င်းတို့အကျဥ်းချခံရသော အကျဥ်းစခန်းကိုတွေ့ရသည် ။ - ၎င်းအကျဥ်းစခန်၏ ပတ်ဝန်းကျင်တွင် ဗုံးကြဲခံရသော မြေပြင်အနေအထားမတွေ့ရသကဲ့သို့ မီးလောင်ထားသော သစ်ပင်အနည်းငယ်သာရှိကြောင်း တွေ့ရသည် ။ - ထို့အပြင် မီးရှို့သတ်ဖြတ်ခံရတော့ အလောင်းများတွင် ခြေကျင်းဝတ်သံချောင်းများတွဲလျက်မြင်တွေ့ရသည့်အတွက် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ကြောင်း ပေါ်လွင်နေသည် ။ - အကျဥ်းစခန်းတွင်း သေဆုံးသူများရှိနိုင်သော်လည်း မှတ်တမ်းဓာတ်ပုံများအရ မြင်တွေ့ရသော အလောင်းများသည် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခြင်းမဟုတ်ဘဲ ရည်ရွယ်ချက်ရှိစွာဖြင့် မီးရှို့သတ်ဖြတ်ခြင်းဖြစ်ကြောင်း သုံးသပ်သည် ။ (UNION_Politics_News) တိုက်ပွဲသတင်းစုံ
AA အကြမ်းဖက်အဖွဲရဲ့ လူမဆန်တဲ့ လုပ်ရပ်နှင့် ဝါဒဖြန့်သတင်းက ယုတ္တိရှိရဲ့လား လေယာဉ်ဗုံးကျတယ်ဆိုပေမယ့် လေယာဉ်ဗုံးကျလို ပေါက်ကွဲထားတဲ့ ပုံစံမျိုး မတွေ့ရပါ- ၁။ ဗုံးကွဲမှုကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးထိခိုက်ထားမှု မရှိ ၂။ ဗုံးကွဲမှုကြောင့် ပတ်ဝန်းကျင်အနေအထားတွင် ဗုံးကျင်းနှင့် ဖွာလန်ကျဲနေသည့် မြေအနေအထား မရှိ ၃။ မီးလောင်ကျွမ်းမှုမရှိထားသည့် ရုပ်အလောင်းများမှာလည်း ဗုံးစထိမှန်သေဆုံးသည့် ဒဏ်ရာအနေအထား တစ်ခုမျှ မရှိ ၄။ အနီးပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ဗုံးစထိမှန်ထားသည့် အနေအထားများ မရှိ - စသည့်အချက်များကြောင့် AA အကြမ်းဖက်အဖွဲများအနေဖြင့် ဖမ်းစီးရမိထားသည့် သုံးပန်းများအား ရည်ရွယ်ချက်ရှိစွာဖြင့် လူမဆန်စွာ ရက်ရက်စက်စက် မီးရှိသတ်ဖြတ်ခဲ့ပြီး တပ်မတော်မှ ဗုံးကျဲချေမှုန်းခဲ့ခြင်းဖြစ်တယ် ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ၎င်းတို့ရဲ့ ရက်စက်မှုတွေကို ဖုံးဖိလိုသည့်လုပ်ရပ်ပဲ ဖြစ်ပါတယ်။ - ဒီလို လူမဆန်တဲ့ AA အကြမ်းဖက်အဖွဲကို ဘာလုပ်သင့်သလဲဆိုတာကတော့ နိုင်ငံတော်တာဝန်ရှိသူတွေနဲ့ တပ်မတော်က တာဝန်ရှိသူတွေအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်ပြီး အကောင်အထည်ဖော်ပါလိမ့်မယ်လို မျှော်လင့်ပါတယ်။ Truth Waves တိုက်ပွဲသတင်းစုံ
တောင်ငူ ဖေ၆ရက်၂၀၂၆ ညနေ၅နာရီအချိန်ခန့် နေပူကုန်းအုပ်စုနေပူကုန်းရွာသို့အကြမ်းဖက်များမှဆိုင်ကယ်၅စီးအင်အား၈ယောက်ဖြင့် ရောက်ရှိ လာ ပြီးနေပူကုန်းအုပ်စုအုပ်ချုပ်ရေးမှူးအားသေနတ်များဖြင့်ပစ်ခတ်ခံရပြီးသေဆုံး
တောင်ငူ ဖေ၅ရက်၂၀၂၆ညနေ၅နာရီ၃၀မိနစ်အချိန်ရွှေလေးအင်းအုပ်စု၊ပိ တောက်ကုန်းရွာသို့အကြမ်းဖက်အင်အား၂၀ခန့်ရောက်ရှိလာပြီးကိုဇော်နိုင်သန်းအားဖမ်းဆီးခေါ်ဆောင်သွားပြီးပိတောက်ကုန်းရွာဘောလုံးကွင်းထဲတွင်သေနတ်များဖြင့်ပစ်သတ်ခဲ့
တောင်ငူခရိုင်ဖြူးမြို့နယ် ဇေယျဝတီ ရဲစခန်းမှရဲတပ်ကြပ်အမျိုးသမီးတစ်ဦးအား ဖေ ၁ရက်နံနက်၇နာရီအချိန်ခန့်နေအိမ်၌ရှိနေစဥ် ဖြူးပကဖ ခေါင်းဆောင်အဂ္ဂဦးစီးဆိုင်ကယ်နှစ်စီးဖြင့်သစ်ချောက်ခင်ကျေးရွာဘက်သို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရ
без подписи