Mi Sandi
СтатистикаLife & music update of Mi Sandi (Hiphop Singer/Songwriter from Myanmar)
- Последний пост
- 14 мая 2025 г.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Музыка
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
မိစန္ဒီ ရဲ့ သီချင်းဟောင်းလေး ဖြစ်တဲ့ အလွမ်းရဲ့ ထုထည် သီချင်းလေးကို party mix version အမြူးလေး ကို ခုလာမယ့် သောကြာနေ့မှာ ပရိတ်သတ်တွေကို လက်ဆောင်ပေးချင်ပါတယ်.. တကယ်တော့ ဒီ version ကို သင်္ကြန်မတိုင်ခင်မှာ တင်ပေးဖို့ လုပ်ထားတာပါ.. သင်္ကြန်မှာ သီချင်းဆိုရင် ဒီ version လေး ဆိုဖို့ ပြန်တီး ပြန်ဆိုရင်း ပရိတ်သတ်တွေလည်း နားထောင်ရအောင် .. မထူးဘူး တင်ပေးမယ်ဆိုပြီး လုပ်ထားခဲ့တာဖြစ်ပါတယ်.. ဒါပေမယ့် ငလျင်ဖြစ်ပြီး သကြင်္န်လည်း မဆိုဖြစ်တော့ တင်လည်း မတင်ဖြစ်ခဲ့ပါဘူး.. အခုမှ အကြွေးကျန်နေတာလေး တင်ပေးဖြစ်တာပါ.. ခုလာမယ့် Friday 16th May ညလေးမှာ streaming တွေမှာ နားထောင်လို့ရပါပြီ.. TGIF လက်ဆောင်လေးပေါ့နော်.. အသဲကို မြူးမြူးလေး ကွဲကြတာပေါ့ 😍 ဒီလ ဒီ သီချင်းလေးထွက်ပြီးရင် နောက်လ June မိစန္ဒီ birthday က စပြီး သီချင်းသစ်တွေ တန်းစီ ထွက်တော့မှာ ပါလို့ 😙😙😙😍😍😍 အားပေးကြပါဦးနော် 🫶🏻🫶🏻🫶🏻
без подписи
Hello မတွေ့ရတာကြာပြီနော် ဒီမှာ
Pls join naw Mwahh Mwahh
အဲ့ထဲမှာ Comment တွေလည်း ပေးလို့ရတယ်ဆိုတော့ အပြန်အလှန် စကားပြောလို့ရတာပေါ့နော်
Mi Sandi ရဲ့ personal life နဲ့ ပတ်သတ်တဲ့ Video လေးတွေ တင်ပေးမယ်နော် အဲ့ထဲမှာ
အပြင်မှာ မကြေညာခင်လေး လာပြောပြတာပါ
https://invite.viber.com/?g2=AQA681wXZc%2FTmVMHM%2FVdjjUcUAqEYkVn3WsyHDvDrlDqSDjjmhevmBW3hWxbL%2Fg7
Official viber channel လေး လုပ်တော့မှာ မို့ အဲ့မှာ ရှိနေမယ်နော်
Hello hello good morning ပရ်ိသတ်ကြီး🐷🐷🐷❤️❤️❤️❤️
နားထောင်ပြီးပြီလား ❤️🥰🥰🥰🙏🫶🏻🫶🏻
https://youtu.be/1rt3zANrS5I?si=eXwWudxlAUwJahHP
မအိပ်ခင်လေး တူတူနားထောင်ကြမယ် နော် hee hee YouTube မှာ ❤️🫶🏻❤️
без подписи
အားလုံးပဲ စိတ်အေးချမ်းကြပါစေ🌻❤️🌻
без подписи
ဒီနေ့ ဖတ်ဖြစ်တာလေး တစ်ခု မျှဝေလိုက်ပါတယ်
ဒီကာလက ဘယ်သူမဆို အနည်းနဲ့ အများ လောကဓံ ခံနေကြရတဲ့ အချိန်လို့ ထင်တယ် အချို့ လောကဓံတွေက - ကိုယ့် ရဲ့ မြင့်မားတဲ့ မျှော်လင့်ချက် တွေကြောင့် ( high expectations) ၊ လက်တွေ့ဖြစ်မလာတဲ့အခါ ခံစားရတာ - အချို့ လောကဓံတွေက မမျှော်လင့်တဲ့ ပြဿနာတွေ ၊ အခက်အခဲတွေ ကြောင့် - အချို့က ကိုယ့်ရဲ့ စွဲလန်းမှု ပြဿနာ ( own attachments) - အချို့က ကိုယ့် တွေးခေါ်ပုံ - အချို့က ရှုမြင်ပုံ - အချို့က အများနဲ့အတူ ၊ နိုင်ငံနဲ့ အဝှန်း ၊ ကမ္ဘာနဲ့ အဝှန်း ခံရတဲ့ လောကဓံတွေ ဘယ်လို လောကဓံတွေ ကြုံကြုံ လောကထဲမှာ လူရယ်လို့ ဖြစ်လာရင် တစ်ခုမဟုတ် တစ်ခု ကြုံကြရတာပဲ ခံရတဲ့ လောကဓံအမျိုးအစားနဲ့ အနည်းအများ ပေါ် မူတည်ပြီး တော်တော်များများကို ကိုယ့် ရှုမြင်ပုံ ၊ တုန့်ပြန်ပုံ ၊ စိတ်ဓာတ်တွေ ပြောင်းလဲ လိုက်ရင် လောကဓံဟာ ကိုယ့်ကို ပိုကောင်းတဲ့လူ ၊ ပိုသန်မာတဲ့လူ ၊ ပို ရင့်ကျက်တဲ့သူ ဖြစ်လာ စေဖို့ ပုံသွင်းပေးတဲ့ အတွေ့အကြုံတွေပဲ အချို့ လောကဓံတွေကတော့ ခံစားချက် ထက် ဦးဏှောက်နဲ့ logical ဖြေရှင်းရမယ့် အနေအထားတွေ … အချို့ လောကဓံတွေက သံသရာမှာ ကိုယ် စိုက်ခဲ့တဲ့ မျိုးစေ့တွေက အရွယ်ရောက် အပင်ပေါက် အသီးရင့်မှည့်လာတာတွေ … တလောက တရားထိုင်နေရင်း ရင်ထဲမှာ တင်းကြပ်ပြီး ဆို့နေတဲ့ ဝေဒနာကို ခံစားရ တယ် ဘာလို့ပါလိမ့်လို့ သေချာ ဆန်းစစ်ကြည့်တော့ ဘဝမှာ လက်ရှိ ကြုံရတဲ့ အခြေအနေ ၃ ခု နဲ့ ပက်သက်ပြီး မကျေမနပ် ဖြစ်နေတယ် တစ်ခုက rs နောက်တစ်ခုက ဒီ နိုင်ငံမှာ ရုန်းကန်ရတဲ့ အဖြစ်တွေ နောက်တစ်ခုကလည်း ဘဝနဲ့ ပက်သက် တာပါပဲ ဒါနဲ့ စိတ်လျော့ပြီး “ အိုကေ ငါ့ဘဝမှာ ကြုံနေတဲ့ အခြေ အနေတွေနဲ့ပက်သက်ပြီး အရှိကို အရှိအတိုင်း လက်ခံပါတယ် “ လို့ ပြောရင်း စိတ်ထဲက တကယ် လက်ခံလိုက်တော့မှ အဲ့ဒီ တင်းဆို့ နေတဲ့ ခံစားချက်ပြီး ပြုတ်ကျသွားတယ် ဒါမှ ဇောတွေ ကျပြီး ဆက်ပြီး တရား မှတ်နိုင်တယ် ပေါ့ ကိုယ့်ရဲ့ ရင်ထဲက အတွင်း မုန်တိုင်းတွေ နဲ့ ပက်သက်ပြီး အမြဲ သတိရှိ ဆန်းစစ် နေဖို့ ၊ “ လက်ခံခြင်းဆေး” ကို နေ့စဉ် လှုပ်သောက်ဖို့ တွေဟာ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက် ကျန်းမာမှု အတွက် အရမ်း အရေးကြီးပါတယ် ဆေးလှုပ်သောက်ဖို့ မေ့မိတဲ့ နေ့တွေဆို ရင်ထဲမှာ မိုးတွေ အုံ့လာတယ် ပေါ့ နေ့စဉ်ဘဝကို ဖြတ်သန်းရင်း လူတွေဟာ ရင်ထဲမှာ မကျေနပ်မှုတွေ၊ အစိုင်အခဲတွေ၊ ဒဏ်ရာတွေ တဖြည်းဖြည်း စုမိလာတတ် တယ် တစ်နေ့တစ်နေ့ကို အချိန် ပေးပြီး တရား မထိုင်ပဲ ဖြတ်သန်းနေကြတဲ့ လူတွေကို ကျနော် တကယ် နားမလည်ဘူး သူတို့ ဘယ်လိုများ နေထိုင်ဖြတ်သန်း ကြပါလိမ့် ကျနော်တို့တောင် နေ့စဉ် တက်လာတဲ့ ချေးညှော်အမှိုက်တွေကို နေ့စဉ် ဆေးချ နေရတာ မနိုင်မနင်းပဲ ဒီကြားထဲကတောင် စိတ်က ထထဖောက်ချင်နေသေးတယ် 😂😂 အသက် ၃၀ ကျော်လောက်ဆို ဗိုက်နားမှာ အဆီတွေ စုမ်ိလာသလိုမျိုး လူတစ်ယောက်ကနှစ်ပေါင်း ၃၀ ဖြတ်သန်း သမျှ ဘဝ အတက်အကျမှာ စိတ်ဒဏ်ရာတွေ၊ အမှိုက်သရိုက်တွေ စိတ်ထဲမှာ အတော် စုမိ ဆောင်းမိ ဖြစ်လာတတ်ကြပြီ ဒါကြောင့်မို့ပဲ မသိကျိုးကျွန် ဆက်သွား ကြရင် စွဲလန်းမှု ပြဿနာတွေ ၊ အိမ်ထောင်ရေး နဲ့ ဘဝ အဓိပ္ပာယ် ပျောက်ဆုံးမှု ပြဿနာတွေ၊ စိတ်ကျန်းမာရေး ပြဿနာတွေ သက်လက်ပိုင်း မှာ ဖြစ်တတ်ကြတာပါပဲ ဒါကြောင့် ရင်ထဲက အမှောင်ထုကို ရှောင်မပြေးပဲ ၊ ရင်ထဲက အစိုင်အခဲတွေကို မသိချင်ယောင်မဆောင်ပဲ “Sit with it” တရားထိုင်တာမျိူး မဟုတ်တောင် ကိုယ့်ကိုယ်ကို သတိပြုပြီး မေးခွန်းတွေ မေးတာမျိုး shadow work တွေ လုပ်တာမျိုး ဂျာနယ်ရေးတာမျိုးလို တိတ်တဆိတ် ကိုယ်ပိုင်အချိန်တွေဟာ လိုကို လိုအပ်ပါတယ် #swann #spiritual
Good morning ပရိတ်သတ်ကြီး
Take care naw