tgindex
𝐂𝐡𝐚𝐧𝐧𝐞𝐥-𝐁𝐲-𝐒𝐡𝐢𝐧𝐣𝐮

𝐂𝐡𝐚𝐧𝐧𝐞𝐥-𝐁𝐲-𝐒𝐡𝐢𝐧𝐣𝐮

Статистика

Thank my subscription 💞

Последний пост
16 мая
Последнее чтение
13 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
764
−2 за 1 дн.
Сутки
0
0,00%
Неделя
—
 
Месяц
—
 
Просмотров на пост
471
20 постов
Вовлечённость
61,6%
к подписчикам
Постов в день
0,0
всогО 20
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
—
1/48двое суток
—
1/72трое суток
—

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ကျောင်းတက်တုန်းကတောင် ခိုးစားတဲ့မုန့်ကပိုချိုသလို သူတို့လည်း ချိုလို့ခိုးစားနေကြတာထင်တယ် မပိုင်တဲ့အရာတွေက လူတချို့အတွက်တော့ အမြဲတမ်း ပိုအရသာရှိနေတတ်တာပဲ.ခုလည်းသူများပိုင်တဲအရာကိုခိုးစားပြီး ချိူမြိန်နေကြတုန်းထင်တယ် 💩💩💩

  • တန်ဖိုးရှိတဲ့အရာတိုင်းဟာ ထိန်းသိမ်းဖို့ခက်တယ် ဒါပေမဲ့ ဖျက်ဆီးဖို့ကတော့ စက္ကန့်ပိုင်းပဲ လိုတာပါ မတည်မြဲတဲ့ စိတ်ခံစားချက်နောက်လိုက်ပြီး အတည်တကျရှိတဲ့ သံယောဇဉ်ကို အလွယ်တကူ ဖြတ်တောက်တတ်သူတွေဟာ ဘယ်တော့မှ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရှာတွေ့မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို အလေးမထားတဲ့သူဆီမှာ အချိန်ကုန်ခံနေတာဟာ "နံရံကို ခေါင်းနဲ့တိုက်နေတာ" ထက်တောင် ပိုပြီး အကျိုးမဲ့ပါတယ်။ ဒီလိုလူမျိုးတွေကို ရှောင်တာဟာ သူတို့ကို ရှုံးနိမ့်တာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ "စိတ်ချမ်းသာမှု" နဲ့ "တန်ဖိုး" ကို ကာကွယ်လိုက်တာပဲ ဖြစ်ပါတယ်။ ကိုယ့်အမှတ်တရတွေကို နှမြောတတ်တဲ့၊ ကိုယ့်အမှားကို နားလည်ပေးပြီး အတူပြင်ဆင်ချင်တဲ့သူမျိုးအတွက်ပဲ နေရာပေးလိုက်ပါ။ အမှားတစ်ခုအတွက်နဲ့ အရာအားလုံးကို အလွယ်တကူ စွန့်လွှတ်တတ်တဲ့သူတွေဟာ ကိုယ့်ဘဝအတွက် (စိတ်ပိုင်းဆိုင်ရာ မြေမြှုပ်ဗုံး) တွေနဲ့ တူပါတယ်။ သူတို့နဲ့ ပတ်သက်မိရင် သင်ဟာ အမြဲတမ်း "ကြောက်လန့်တကြား" နေရလိမ့်မယ်။ ငါတစ်ခုခုမှားရင် သူငါ့ကိုထားခဲ့မလား၊ ငါဒီစကားပြောရင် သူ Block သွားမလားဆိုတဲ့ စိုးရိမ်စိတ်က သင့်ကို အမြဲတမ်း ခြောက်လှန့်နေမှာပါ။ Relationship တစ်ခုဟာ လုံခြုံမှုပေးရမယ့်အစား "စိုးရိမ်မှု" တွေပဲ ပေးနေရင် အဲ့ဒါ အချစ်မဟုတ်တော့ဘဲ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု ဖြစ်သွားပါပြီ။ "အနာဂတ်ကို စိတ်ကူးမယဉ်တတ်တဲ့သူအတွက် အတိတ်ဆိုတာ တန်ဖိုးမရှိတဲ့ အမှိုက်တစ်ခုပါပဲ။" "အလွယ်တကူ လက်လွှတ်တတ်တဲ့သူတွေဆီမှာ 'တန်ဖိုးထားခြင်း' ဆိုတဲ့ စကားလုံးက အမြဲတမ်း ပျောက်ဆုံးနေတတ်တယ်။" "အမှားတစ်ခုကို အကြောင်းပြပြီး အရင်ကကောင်းခဲ့တာတွေကို ဖျက်ဆီးပစ်တတ်တဲ့သူတွေနဲ့ ဝေးဝေးနေပါ။ အဲ့ဒီလိုလူမျိုးတွေဟာ သင့်ရဲ့ 'ပေးဆပ်မှု' ထက် သူတို့ရဲ့ 'စိတ်အလို' ကိုပဲ ပိုတန်ဖိုးထားလို့ပါ။" "Relationship ဆိုတာ အတူတူပြင်ဆင်ရတဲ့ အလုပ်ပါ။ ပျက်စီးသွားတာနဲ့ အသစ်လဲဖို့ပဲ စဉ်းစားတတ်တဲ့သူတွေနဲ့ လက်တွဲမိရင် သင့်ဘဝဟာ အမြဲတမ်း 'ယာယီ' ပဲ ဖြစ်နေလိမ့်မယ်။" "ကိုယ့်ရဲ့ တန်ဖိုးကို အမှားသေးသေးလေးတစ်ခုနဲ့ တိုင်းတာပြီး အလွယ်တကူ စွန့်လွှတ်တတ်သူတွေကို ရှောင်တာဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တာပဲ ဖြစ်ပါတယ်။" အမှတ်တရတွေကို နှမြောတတ်တဲ့ နှလုံးသားမရှိသူတွေနဲ့ အနာဂတ်ကို တည်ဆောက်ဖို့ မကြိုးစားပါနဲ့။ မိုးရွာရင် ထီးယူထွက်ပြေးမယ့်သူက သင့်ကို တစ်သက်လုံး ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။"

  • တကယ်တော့.... ကိုယ်တို့နှစ်ယောက်က တစ်ယောက်အကြောင်း တစ်ယောက် အသိဆုံးဖြစ်ခဲ့ကြသလို၊ တစ်ယောက်ကိုတစ်ယောက် အချစ်ဆုံးတွေလည်း ဖြစ်ခဲ့ဖူးပါတယ်.....။ ဒါပေမဲ့ လောကကြီးရဲ့ "အဆင်မပြေမှု" ဆိုတဲ့ စည်းမျဉ်းတစ်ခုကြားမှာ ကိုယ်တို့နှစ်ယောက်စလုံး ဒူးထောက်အရှုံးပေးခဲ့ရတယ်နော်။ မင်းကို ကိုယ်တောင်းပန်ချင်တာကလေ.... ကိုယ်တို့အတူတူရှိခဲ့စဉ်က မင်းအပေါ် နားလည်မှုမပေးနိုင်ခဲ့တဲ့ အချိန်တွေ၊ ကိုယ့်ရဲ့ မရင့်ကျက်မှုတွေကြောင့် မင်းမျက်ရည်ကျခဲ့ရတဲ့ ခဏတာတွေအတွက် တကယ်တောင်းပန်ပါတယ်။ ကိုယ့်ကြောင့် မင်းစိတ်ညစ်ခဲ့ရတာတွေကိုပဲ မေ့ဖျောက်ပစ်ခဲ့ပြီး ကိုယ်တို့အတူတူရယ်မောခဲ့တဲ့ အချိန်လေးတွေကိုပဲ မှတ်မိနေပေးပါ။ နောက်ပြီး..... မင်းကို ကိုယ်ကျေးဇူးတင်ပါတယ် ကိုယ့်ဘဝရဲ့ အမှောင်ဆုံးနေ့ရက်တွေမှာ မင်းဟာ အလင်းရောင်တစ်ခု ဖြစ်ပေးခဲ့လို့ပါ။ လူတွေအများကြီးကြားထဲမှာ ကိုယ့်ကိုရွေးချယ်ပြီး ချစ်ပေးခဲ့လို့၊ ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို သည်းခံပေးခဲ့လို့ မင်းကိုအမြဲတမ်း ကျေးဇူးတင်နေမှာပါ။ မင်းနဲ့တွေ့ခဲ့ရတာဟာဘဝရဲ့အလှပဆုံး အချိန်တစ်ခုပါပဲ။ ကိုယ်မှာချင်တာကတော့..... ရှေ့ဆက်မယ့် မင်းရဲ့နေ့ရက်တွေမှာ ကိုယ်မရှိတော့တဲ့နောက် မင်းကိုယ်မင်း ပိုချစ်ပါ။ ကိုယ့်ကိုသတိရလို့ ဝမ်းနည်းနေမယ့်အစား မင်းရဲ့အိမ်မက်တွေကိုပဲ အကောင်အထည်ဖော်ပါ။ အချစ်ဆိုတာ ပိုင်ဆိုင်ရမှ အဓိပ္ပာယ်ရှိတာမဟုတ်ပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် ဝေးနေရင်တောင်တစ်ဖက်လူ ပျော်ရွှင်နေတာကို မြင်ရရုံနဲ့ ကျေနပ်ရတာမျိုးပါ။ တကယ်လို့ တစ်နေ့နေ့မှာ မင်းကို ကိုယ့်ထက်ပိုချစ်တဲ့သူ၊ ကိုယ့်ထက်ပိုပြီး ဂရုစိုက်နိုင်တဲ့သူနဲ့ တွေ့ခဲ့ရင်... ဝန်လေးမနေဘဲ အပြည့်အဝလက်ခံလိုက်ပါ။ မင်းရဲ့ပျော်ရွှင်မှုက ကိုယ့်အတွက် အဝေးကကြည့်နေရမယ့် ဆုလာဘ်တစ်ခုမို့ပါ။ အဆုံးသတ်မှာ.... ကိုယ်တို့ရဲ့ ဇာတ်လမ်းလေးက နိဂုံးမလှခဲ့ပေမယ့် "ကိုယ်တို့တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြဖူးတယ်" ဆိုတဲ့ အသိလေးနဲ့တင် ကိုယ့်ဘဝက ပြည့်စုံပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်သူ့အနားမှာပဲရှိရှိ... မင်းအမြဲတမ်း ပြုံးနေနိုင်ပါစေ။ မင်းကိုအဝေးကနေ အမြဲဆုတောင်းပေးနေမယ့် တစ်ချိန်က မင်းကိုအရမ်းချစ်ခဲ့တဲ့ " လူ "။

  • ငိုလို့ဝရင် တိတ်တော့နော်.. ဒါ ကိုယ်မျက်ရည်ကျတဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး သတိပေးပေးနေရတဲ့ စကားလုံးပေါ့ ကျွန်မ က အငိုသိပ်သန်တာ မျက်ရည်သိပ်လွယ်တာ တစ်ခုခု ဆို စိတ်ထဲ ထည့်ထားပြီး သတိရတိုင်း မျက်ရည်ဝဲ တတ်တဲ့ ကောင်မလေးမျိုးလေဒီတော့ အမြဲတမ်းကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်ရတယ် ။ ဘယ်သူကမှလာပြီး ဖေးမပေးတာမှ မဟုတ်ပဲ လေ သိတယ်မလား ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရမယ် ကိုယ်နာကျင်ရင် ကိုယ်ပဲ ကုစားရတာလေ ။ ဘယ်သူကမှ နာကျင်နေတာလား ပျောက်ပျောက်ဆို ပြီး မှုန်းမမှုတ်ပေးဘူး ပြီးတော့ ဘယ်သူမှ ဖေးမပေး မှာ မဟုတ်ဘူး အနာမြင်ရင် တုတ်နဲ့ ဆွမယ့်လူတွေ ချည်းရပ်နေခဲ့တာပါ မှားတာမြင်ရင်...ပိုပိုသာသာလေး အပြစ်တင်တတ် ကြတာကလဲ သဘာဝပဲ ဖြစ်မှာပါ ။ အဲ့တော့ ကိုယ် ဖြစ်ရင် ကိုယ်ဟာကိုယ်ရဲ့ ဒေါက်တာပဲ ဖြစ်လာတယ်နားလည်မယ်အထင်နဲ့ တစ်ချိန်တုန်းက ကျွန်မ ငိုမိဖူး တယ်.. ဒါပေမယ့် နားလည်မယ်ထင်တဲ့သူတွေက ပို ထိုးနှက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပဲ ပိုနားလည်ရမယ်ဆိုတာကို သဘောပေါက်သွားခဲ့တာ မျက်ရည်ဆိုတာကလေ.. ပြောပြလို့မရတဲ့စကားလုံး တွေကို ဘာသာပြန်ပေးမယ် မွန်းကျပ်လွန်းနေတဲ့စိတ် ကို အနည်းအကျဉ်းတော့ ဖြေလျော့ပေးတယ်လေ ။ အရမ်းပင်ပန်းလာတဲ့အခါ အော်ပြီး ငိုလို့မရရင် ကြိတ် ပြီး ငိုရတယ် ။ပြီးရင်... ငိုပြီးရင်တော့ တိတ်တော့နော်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လဲ အမြဲ သတိပေးနေရတယ် ။ နာကျင်နေ တာလား ညီမလေးရဲ့ လူတွေဟာ သူတို့ခံစားရတဲ့ အရာကိုပဲ ဒဏ်ရာလို့ထင်တတ်ကြတာ... ကိုယ် နာကျင်နေတာကို ဘယ်သူကမှ နားလည်ပေးမှာ မဟုတ်ဘူး သူတို့ဖြစ်နေတာလောက်ကိုသာ စာဖွဲ့ကြတာလေ ကိုယ်ဘာကြောင့် နာကျင်နေရလဲ ဘယ်သူမှစိတ်ဝင်စားမှာ မဟုတ်ဘူး အရမ်းမွန်းကျပ်နေပြီလား ငိုချလိုက် ဝမ်းနည်းနေလို့လား ငိုချလိုက် အကျယ် ကြီး ဟစ်ပြီး ငိုလို့မရတဲ့ဘဝမှာ တိတ်တိတ်လေး ကြိတ်ငိုကြတာပေါ့…. ငိုလို့ဝရင်တော့ တိတ်တော့နော်... ဘဝမှာ ဆက် လျှောက်ရဦးမယ် ဒီလောက်နဲ့ ပြိုလဲကျသွားလို့မှ မရတာလေ….

  • တကယ်တော့... လူနှစ်ယောက် အချိန်အကြာကြီး အတူရှိနေဖို့"ဆိုတာ ရုပ်ရည်တွေ၊ ငွေကြေးတွေထက် 'နားလည်မှုနဲ့ သစ္စာရှိခြင်း' က ပိုအရေးကြီးပါတယ်။ နောက်တစ်ချက်က ဘယ်သူ့ကိုမှ အခွင့်အရေးမပေးဖို့ပါ။ အလုပ်ကိစ္စကလွဲလို့ ယောင်္ကျားလေးဆိုရင် ဘယ် သူစိမ်းမိန်းကလေးနဲ့မှစကားမပြောဘူး။ မိန်းကလေးဆိုရင် ဘယ်သူစိမ်း ယောင်္ကျားလေးနဲ့မှ ရင်း"နှီး"စကားမပြောဘူး။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာပါ။ "ငါမပတ်သက်ဘူး သူတို့က လာလာပတ်သက်နေတာ" ဆိုတာက ကိုယ်တိုင်ကလဲ ပတ်သက်ခွင့်ပြုထားလို့ပါ။ "မီးအိမ်က ငြိမ်ငြိမ်လေး နေနေတာပါ။ ဒါပေမဲ့ အလင်းရောင် ထွက်နေသရွေ့တော့ ပိုးဖလံတွေက တိုးဝှေ့နေကြဦးမှာပဲ။" နောက်တစ်ချက်က အစပိုင်းမှာ လူတိုင်းက အကောင်းဆုံးပုံစံတွေကိုပဲ ပြကြတာမို့ အဆင်ပြေကြတာ မဆန်းပါဘူး။ ဒါပေမဲ့ အချိန်တွေကြာလာတဲ့အခါ၊ တစ်ယောက်ရဲ့ အကျင့်ဆိုးတွေကို နောက်တစ်ယောက်က သိလာတဲ့အခါမှာလည်း အရင်လို ချစ်နေပေးဖို့ဆိုတာ တော်ရုံ 'ချစ်ခြင်းမေတ္တာ' နဲ့တင် မလုံလောက်တော့ဘူး လူနှစ်ယောက်က တစ်ပုံစံတည်း ဘယ်တော့မှ မတူနိုင်ပါဘူး။ စိတ်တိုင်းမကျတဲ့အရာတွေ ရှိလာတဲ့အခါ "ငါနဲ့မတူလို့ လမ်းခွဲမယ်" ဆိုတာထက် "သူ့မှာလည်း သူ့အကြောင်းရှိမှာပဲ" ဆိုတဲ့ စိတ်နဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးတာက ပိုခိုင်မြဲစေပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ Surprise တွေထက် နေမကောင်းတဲ့အခါ ဘေးမှာရှိပေးတာ၊ ပင်ပန်းနေတဲ့အခါ အားပေးစကားပြောတာ၊ အသေးအဖွဲကိစ္စလေးတွေကို မှတ်မိပေးတာမျိုးက သံယောဇဉ်ကို ပိုခိုင်မာစေပါတယ်။ "သူက ငါ့အနားမှာ အမြဲရှိမှာပဲ" ဆိုတဲ့ အတွေးနဲ့ လျစ်လျူမရှုပါနဲ့။ အချိန်အကြာကြီး အတူရှိနေတဲ့ စုံတွဲတွေမှာ အဓိကရှိတာက 'အလေးထားမှု' ပါ။ ဘယ်လောက်ပဲ ကြာပြီဖြစ်ပါစေ... တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတဲ့စိတ် ရှိနေသရွေ့ အဲဒီအချစ်က လတ်ဆတ်နေမှာပါ။ အဆင်မပြေမှုတွေနဲ့ ရှုပ်ထွေးနေတဲ့ အချိန်တွေမှာတောင် လက်တွဲမဖြုတ်ဘဲ အတူတူ ဖြတ်ကျော်ကြတဲ့အခါမှသာ "အကြာကြီး" ဆိုတဲ့ စကားလုံးက အဓိပ္ပာယ်ရှိလာတာ။ ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ သဘောထားကွဲလွဲပါစေ... နောက်ဆုံးမှာတော့ "ငါ့အတွက် သူရှိရင် ဖြစ်တယ်" ဆိုတဲ့ ခိုနားရာလေးတစ်ခုအဖြစ် အချင်းချင်း သတ်မှတ်ထားနိုင်ကြရင်ပဲ အချိန်တွေက သူတို့နှစ်ယောက်ရှေ့မှာ ဒူးထောက်သွားမှာပါ..... 🎀

  • စမိုင်တုန်းက လာတောင်းသွားပီး နင်တို့ မုန့်လုံးရေပေါ်ကျ မပေးဘူးနော် စိတ်ဓာတ်ပဲ 🥺

  • တချို့ message တွေက reply မလာတော့တဲ့နေ့မှာ အဖြေဖြစ်သွားတယ်။ စောင့်နေတဲ့လူအတွက်တော့ "seen” တစ်ခုပဲဖြစ်ဖြစ် စကားလေးတစ်ကြောင်းပဲဖြစ်ဖြစ် အရမ်းတန်ဖိုးရှိတတ်တယ်။ ဒါပေမယ့် တစ်နေ့တစ်ရက်... နှစ်ရက်.. သုံးရက်.. reply မလာတော့တဲ့အချိန်မှာ အဲ့ဒီတိတ်ဆိတ်မှုကပဲ အဖြေတစ်ခုလို ဖြစ်လာတတ်တယ်။ မချစ်တော့ဘူးလို့ မပြောပေမယ့် မလိုတော့ဘူးဆိုတာကို တိတ်တိတ်လေး သိလာရတယ်။ တချို့အဖြေတွေက စကားတွေနဲ့မလာဘူး တိတ်ဆိတ်မှုနဲ့ပဲ လာတတ်တယ်။

  • တကယ်ချစ်လွန်းတော့ တကယ်နစ်မွန်းတာ ဘာထူးလဲ ငါရူးလည်း ရူးပါစ အခါခါစူးလည်း စူးပါစေ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် မင်းကို သိပ်ချစ်တယ်ဆိုတဲ့စကား ဘုရားဟောနဲ့ညီမျှတယ်။ #သစ္စာပိုင်စိုး

  • ဝေးများဝေးသွားရင်ဆိုပြီး စိတ်ပူနေရတဲ့ အချိန်လေး ပြီးဆုံးသွားပါပြီး... ဘာလို့ဆို တကယ်ပဲ ဝေးသွားကြပြီလေး။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေ ရေရေရာရာ မပေးပဲ တုံးကနဲ တိကနဲ့ဖြတ်ခံလိုက်ရတာပေါ့ နှစ်ဦးသဘောတူမဟုတ်ပေမယ့် သူဘက်က ဘယ်လို့မှမဖြစ်နိုင်တော့တဲ့အဆုံ လက်သင့်ခံလိုက်ရတဲ့ကိုယ့်သဘော ကိုဆန္ဒမပါတဲ့ လမ်းခွဲလေးလေ။ သူ့လမ်းသူ လျှောက်မယ်တဲ့... အင်း တစ်ခွန်းပဲ ပြောနိုင်တယ် ကိုယ်တော့ ဘယ်လမ်းကို ဘယ်လိုလျှောက်ရမလဲ လမ်းပျောက်နေခဲ့တုန်း ရိုက်ချိုးခံလိုက်ရတဲ့ ခြေထောက်တွေနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နော် ဆိုပြီး စာနာခံရသမျိုးလေ ဒေါသလဲထွက်ရသလို ဝမ်းလည်းနည်းရတယ်။ ဒါပေမယ့် သူ့အတွက် ငိုခဲ့ရပေါင်းများပြီလို့ထင်ပါတယ် ဒီတစ်ကြိမ် စို့စို့နစ်နစ်ကြီးကြေကွဲနေတာတောင် မျက်ရည်တွေက ကျမလာတော့ဘူး ပြီးတော့ပြုံးလဲ ပြုံးမပြနိုင်ခဲ့ဘူးလေ။ လေထဲမှာဆောက်ခဲ့တဲ့အိမ်လေး လေထဲမှာ ပျက်စီးသွားတာ မဆန်းပေမယ့်လို့ သူမပါပဲ မက်ခဲ့တဲ့ အိပ်မက်တွေမရှိတော့ ကိုယ့်မှာ ပိုခက်ခဲရတယ် သိပ်မကြာခင် ကကျွန်မကိုယ်ကျွန်မတော့ ပြန်ရှာတွေ့မှာပါ အခုလောလောဆယ်တော့ ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ တချို့အရာတွေကို ဆွဲထားနေမိတုန်းလေ။ ဝေးများဝေးသွားရင်ဆိုပြီး စိတ်ပူနေရတဲ့ အချိန်တွေတော့ ကုန်ဆုံးသွားတာပေါ့ ခု ဆက်တွေရမှာက သူမပါတော့တဲ့ ကိုယ်ရဲ့ အနာဂတ်လေ ဒီလမ်းခွဲမှာ သူက တော့ ပြုံးပြုံးလေး နှုတ်ဆက်နိုင်ခဲ့တယ် ကျွန်မကတော့ မငိုမိအောင် အတတ်နိုင်ဆုံး ထိန်းထားနိုင်ခဲ့တယ်။ ဒီလောက်ပါပဲ 🤩 🥺

  • မဂ်လာအပေါင်း နဲ့ ခညောင်းသော အတာနေ့လေး တစ်နေ့ ဖြစ်ပါစေ 🤝 နှစ်သစ်မှာ မကောင်းတဲ့ အညစ်အကြေးများ အတာရေပက်ဖြန်းသကဲ့သို့ သန့်ရှင်း စင်ကြယ်ပီး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံနိုင်ကြပါစေ ❤️ လိုအပ်သော ဆန္ဒများနဲ့ တောင်းသောဆုတိုင်းလညပြည့်နိုင်ကြပါစေ ချး်ရတဲ့မိသားစု /သူငယ်ချင်း / ကိုချစ်ခင်ရတဲ့သူများနဲ့လည်း ခွဲခွာခြင်းမရှိဘဲ အတူတကွ နေနိုင် / ပေါင်းစည်းနိုင်ကြပါစေ 🤩 အလုပ်အကိုင် များလည်း ဒီရေအလား တိုးပွားကြပါစေလို့( 𝐃𝐞𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 ) မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ရှင့် / ဗျ 👾

  • ငါ့ဘက်ကကြည့်ရင်လည်း ငါမှန်တယ် မင်းဘက်ကကြည့်ပြန်ရင်လည်း မင်းအမှန် ဒါဆို ငါတို့နှစ်ယောက်ကြားမှာ ဘယ်ဟာက မှားနေတာလည်း ... 👫

  • မေ့သွားတယ် မင်းနဲ့ငါ ဘာဆိုင်တော့လို့လည်းတဲ့ ငါ့ဘက်က ဆိုင်ခဲ့ပေမဲ့ မင်းဘက်က မပိုခဲ့တာကို ပြန်စဉ်းစားစမ်းပါအုံး အချစ်ရဲ့.. အခုချိန်ထိ ငါဘဲ ပိုနေတုန်း မင်းက ငါ့အပေါ်သာ အနိုင်ယူနေတာ အခြားသူတွေကျ ပျားရည်လောင်းထားသလိုဘဲ မြင်နေရတာ ရင်နာတယ် ... // #May 🎀

  • ဆရာလယ်တွင်းသားစောချစ်က ပြောတယ် "အချစ်ဆိုတာစေတနာ"တဲ့ သိပ်မှန်တဲ့စကားပေါ့ လူတစ်ယောက်ကိုချစ်မိသွားတဲ့အခါမှာ ကိုယ့်ကိုကိုယ်ထက် သူ့အတွက်ပိုတွေးမိသွားတယ် ကိုယ်အစားကောင်းတစ်ခုခုစားနေရင်တောင် သူ့ကိုတွေးမိပြီး သူ့ကိုလဲကျွေးချင်မိတာမျိုး အပြင်ထွက်လို့အဝတ်စားလှတာတွေ့ရင်တောင် သူနဲ့ဆိုလိုက်မှာပဲဆိုပြီးတွေးနေမိတာမျိုး ကိုယ့်လက်ထဲ၁၀၀၀၀ရှိရင် ၁၀၀၀၀လုံးသူ့အတွက်သုံးပေးချင်တာမျိုး အတူတူမုန့်စားခဲ့ရင်တောင် သူမဝမှာစိုးလို့ ကိုယ်ကဗိုက်ပြည့်ပြီ မစားချင်တော့ဘူးဆိုပြီး ငြင်းမိတာမျိုး ဘာမှမဟုတ်တဲ့ အသေးအဖွဲ့လေးကအစသူ့အတွက်ပဲအရင်တွေးဖြစ်သွားတာမျိုးပေါ့ နောက်ဆုံး ... သူမချစ်တော့လို့ တစ်ယောက်တည်းပဲနေချင်ပါတယ်ဆိုတာတောင် မေတ္တာမပျက်ပဲ သူပျော်ဖို့အတွက် သူထားခဲ့တဲ့နေရာမှာပဲရပ်နေတာမျိုးပေါ့ လူတစ်ယောက်ကိုတကယ်ချစ်မိသွားတဲ့အခါမှာ မိဘကသားသမီးကိုချစ်သလိုမျိုးပေါ့ သူ့ဟာကိုယ့်အတွက် ကလေးတစ်ယောက်ဖြစ်သွားပြီး ကိုယ့်အတွက်ဆိုတဲ့အ တွေးမ ရှိ တော့ပဲ သူ့ကိုပဲ အရာရာ ငဲ့ညှာပြီး သူ့အတွက်ဆိုတဲ့ခေါင်းစဉ်ပဲရှိတော့ပါတယ် ... #Crd #လယ်တွင်းသားစောချစ် #စာတို

  • 19နှစ်ဆိုတဲ့LoveTheoryအကြောင်း ဖတ်ဖူးလား"? အသက်၁၉နှစ်ဆိုမှာမင်းနဲ့တွေ့ခဲ့ရတဲ့လူဟာ မင်းဘဝအတွက်အဆိုးဆုံးလူတစ်ယောက်ဖြစ်မှာ ၁၉နှစ်အရွယ်မှာမင်းနဲ့ဆုံတွေ့ခဲ့ရတဲ့လူဟာ မင်းရဲ့ဘဝကိုပြိုကွဲပြောင်းလဲစေမယ့်သူဖြစ်ပြီး မင်းရဲ့ဘဝတစ်လျှောက်လုံးTraumatizeဖြစ်စေလိမ့်မယ် ဒီTheoryလေးကိုဖတ်မိတော့ ကိုယ့်အကြောင်းကိုပြန်တွေးမိသွားတယ် Online Rsဖြစ်ခဲ့ပြီး6လလောက်လေးဘဲတွဲခဲ့ပြီး ခုချိန်ထိ move onလို့မရတဲ့ သူ့ကို ကိုယ်က 19နှစ်မှာရှာတွေ့ခဲတာဘဲ သူ့အတွက် ကိုယ်က ဖြတ်လျှောက်သာသာပင်မဲ့ ကိုယ့်အတွက်တော့ ကိုယ့်ဘဝရဲ့ ပထမဆုံးလုပ်ဖူးတဲ့ အရာတွေတော်တော်များများမှာ သူကပါဝင်နေတယ် Onlineပေါ်ကအရာတွေဆို မယုံတတ်လို့ onlineကနေစျေးတောင်မဝယ်တဲ့ ကိုယ်က သူ့ကို ပထမဆုံးအနေနဲ့ ယုံကြည်ပြီး အများကြီးသဘောကျမိသွားခဲ့တယ် အိမ်မပိုင်တဲ့ကိုယ်က သူ့အတွက်ဆိုပြီး ပထမဆုံး ကနေ နောက်ဆုံးဝေးခဲ့ကြတဲ့အချိန်ထိ အများကြီး အတိုက်ခံတွေလုပ်ခဲ့တယ် ကလေးဆန်လွန်းတဲ့ကိုယ်က ပထမဆုံးအနေနဲ့ သူစိမ်းတစ်ယောက်အတွက် နားလည်မှုတွေ ဖြည့်တွေးပေးမှုတွေနဲ့ ကိုယ့်မူရင်းပုံစံလေးကိုပါမေ့သွားရလောက်အောင်ထိ အများကြီးလူကြီးဆန်ခဲ့ရတယ် ပထမဆုံးစပြီးသဘောကျမိသွားထဲက ဖြစ်သင့်တာ မဖြစ်သင့်တာတွေမတွေးဘဲ ဖြစ်ချင်တာဖြစ်အောင်လုပ်မယ်ဆိုပြီး တဇွတ်ထိုးဆန်ခဲ့ပြီး သူ့ရဲ့အရာရာကို နားလည်လက်ခံပေးချင်ပေမဲ့ သူကိုယ်တိုင်က လိုလိုလားလားမရှိတော့တဲ့အခါ ကိုယ်ကိုယ်တိုင်ဘဲ နောက်ဆုံးကျ ဖြစ်နိုင်ခြင်း မဖြစ်နိုင်ခြင်းဆိုတဲ့ အရာတွေကို တစ်ယောက်ထဲလက်ခံနိုင်အောင်ကြိုးစားရင်း အများကြီးပြိုလဲခဲ့ရပြီးမှ ကိုယ့်ကိုပြန်တည်ဆောက်နိုင်ခဲ့တယ် ကိုယ့်ကိုအများကြီးရင့်ကျက်အောင်ကြိုးစားပြီးနေသားကျအောင်မေ့"ပျောက်" နေရင်း အကြောင်းတိုက်ဆိုင်လာတဲ့အခါ ပထမဆုံး ဆုံခဲ့ကြတဲ့ အချိန် ပထမဆုံး စကားပြောဖြစ်ခဲ့ကြတဲ့အကြောင်းတွေ ပထမဆုံး ကြားခဲ့ဖူးတဲ့ သူ့အသံ ပထမဆုံး Screenပေါ်မှာ တွေ့ခဲဖူးတဲ့ သူ့အပြုံး သူအမူအရာလေးတွေက အစ နောက်ဆုံး နာကျင်ခဲ့ရခြင်း အဆုံး အရာအားလုံးက မနေ့တနေ့ကလိုဘဲ ပြန်မြင်ယောင်လာရတယ် အဲ့လိုတွေ မှတ်မိနေရတာကြီးက ကိုယ့်ကို အကြိမ်ကြိမ်နာကျင်စေတာမို့ သူ့ကိုမေ့နိုင်ဖို့ အစားထိုးဖို့လဲ ကြိုးစားကြည့်ဖူးတယ် အစားထိုးလို့လဲ မရတဲ့Traumatizeကြီးမှန်း သိသွားတဲ့ချိန်မှာတော့ ကိုယ်က ဘယ်သူ့ကိုမှ ထပ်မရှာတော့ဘူး ကိုယ့်တစ်ယောက်ထဲ နေသားကျနေဖို့ဘဲကြိုးစားမိတော့တယ် သူ့ကြောင့် ပထမဆုံးအနေနဲ့ ရခဲ့ဖူးတဲ့အရာတွေထဲမှာ စွန့်ပစ်ခံ ရမှာ ကြောက်တဲ့စိတ်ကြီးက အဆိုးဆုံး trumaဘဲ အဲ့စိတ်ကြောင့် ဘယ် သူစိမ်းကိုမှ အစွဲလန်းမထားတတ်အောင်ကိုယ့်ကိုယ်ကို အများကြီး controlလုပ်နေရတယ် သူငယ်ချင်းဖြစ်ဖြစ် မိတ်ဆွေဖြစ်ဖြစ်ပေါ့ ... #Crd

  • သူကပြောတယ် သူ့စိတ်နဲ့ သူအနားမှာ ဘယ်သူ့မှ ကြာကြာမနေနိုင်ဘူးတဲ့ နေပေးခဲ့တဲ့ငါ့ကိုရော ဘာလို့မောင်းထုတ်ရတာလည်း // #စာတို 🎀📫

  • 7 апр.2593иС Spikey_3333

    စတင်လိုက်ကြမလားကျတော်တို့ပြောမယ့်ကျတော်တို့စိတ်ခံစားချက်တေအကြောင်းပေါ့ညည့်တော့နက်နေပါပီဒါမယ့်လဲအိပ်မရမယ့်တူတူစီးကရက်တစ်လိပ်ကိုဖင်စီခံကပ်တဲ့ထိသောက်ရင်းနဲ့နည်းနည်းလောက်တီးတိုးပြောကြည့်ကြရအောင် “စိတ်”ပေါ့ဗျာ ဟုတ်ပ့ အဲ့ဓိ “စိတ်”တော်တော်ဒုက္ခပေးသားပဲကျင့်သားတော့ရသင့်ကောင်းရသင့်ပါရဲ့ဒါပေမယ့်လဲသူလိုကိုယ်လိုပဲပေါ့ဗျာညည့်နက်ချိန်ဆိုထဖောက်လာသတဲ့အကြောင်းအရင်းအစကတော့အတွေးကနေစတာပဲထင်မိပါရဲ့ကျတော်တို့အသက်20ကျော်ဝန်းကျင်မလားအိမ်ပြဿနာအချစ်ရေးပြဿနာအဓိကအပူကတော့ငွေရေးကြေးရေးလို့ထင်ပါရဲ့အိုဗျာတစ်ညတစ်ညအိပ်စက်ဖို့အရေးဘာတေများတွေးပူနေမလဲလို့ခင်ဗျားမေးကောင်းမေးနိုင်ပါရဲ့ဒါမယ့်လဲရင်တွင်းမီးတောက်ကညည့်နက်လေတောက်လောင်လေပဲကိုဗျတစ်ခါတစ်လေဘာတွေးလို့တွေးရမှန်းမသိတော့တဲ့ထိထုံနေတဲ့ဖြစိချင်းမျိုးပဲလားတစ်ယောက်ယောက်ကိုအနားမှာထားချင်တဲ့အသိစိတ်မျိူးပဲလားဘာကိုနက်နက်ရှိုင်းရှိုင်းတွေးနေမိသလဲကိုခုကျတော်တို့ရင်ဖွင့်ရင်းနဲ့ပဲစကားတေရှေ့နောက်လည်နေတာသာကြည့်ပေတော့ခင်ဗျားလဲဖတ်ကြည့်မိတဲ့ချိန်ဒီကောင်ဘာကိုပြောချင်တာလဲမသိပဲဆိုလိုရင်းမရောက်ဖြစ်နေန်ိုင်တာပဲ အဲ့တာပါပဲကျတော်တို့ပြောတဲ့”စိတ်”ခံစားချက်တေဆိုတာကဘာရယ်မှန်းမတိကျတာမျိုးပါပဲ ကဲဗျာ တော်သင့်ပီကျတော့်ဆီးကရက်လဲတစ်လိပ်လုံးပြာဖြစ်သွားပီဗျ ဒီလောက်ပါပဲ: Spikey :3

  • စချစ်ခဲတာသူဆိုပေ့မယ့် ဆက်ချစ်ပေးခဲရတာ ကိုယ့် ဒီလိုဝေးရမှန်းသာ သိရင် မင်းနဲစသိခဲ့တဲချိန်ကိုပြန်သွားချင်တယ် မင်းကို မချစ်ဘူးလို့ ငြင်းချင်တယ် ။ 💅

  • ငါလိုးမသား အမြည်းက ပိုဈေးကြီးတယ်ကွ L33 မှမခေါ်ဘူး 💩

  • သူတို့ကိုမြှောက်ပေးရတာ အားမရတော့ ကိုယ်ပါဝင်ချ 🙄

  • ကျူးလွန်မှုလား…❓ ဝဋ်ကြွေးလား… ဒီနှစ်ခုက မတူပါဘူး... ရှောင်လို့ရရဲ့သားနဲ့ မရှောင်ကြဥ်ပဲ ကျူးလွန်ချင်လို့ ကျူးလွန်ပြီးမှ “ဝဋ်ကြွေးပါ…” လို့ ပြောတတ်သူတွေ ရှိတတ်ပါတယ်...☺ 𝒲𝓇𝒾𝓉𝓉ℯ𝓃 𝒷𝓎 ℰ𝓂ℯ𝓇𝒶𝓁𝒹'𝓈 𝒟𝒾𝒶𝓇𝓎 🌿 ဝဋ်ကြွေးဆိုတာ…👈 ကိုယ်က ကောင်းအောင်နေထိုင်နေပါလျက်နဲ့ အတိတ်က အကုသိုလ်ကံကြွေးကြောင့် ရှောင်လွှဲမရပဲ ကြုံတွေ့ရတဲ့ ဒုက္ခတွေကို ခေါ်တာပါ.. အဆင်မပြေမှုတွေ… လူမုန်းခံရတာတွေ… ရောဂါဖြစ်ရတာတွေ.. မတရားစွပ်စွဲခံရတာတွေ… ဒီလိုမျိုး ဆန္ဒမပါပဲ ခံစားရတာတွေ ပါ..🖤 ဒါပေမဲ့… ကျူးလွန်မှုဆိုတာတော့ 👈 ရှောင်ကြဉ်သင့်တဲ့အရာကို မရှောင်ပဲ ကိုယ်ကျင့်တရားကို ကိုယ်တိုင် ချိုးဖောက်သွားတာပါ.. အလွန်အကျွံ သောက်စားမူးယစ်တာ… သူတစ်ပါးပစ္စည်းကို မတရားယူတာ… သူတစ်ပါးအိမ်ထောင်ကို လွန်ကျူးပြီးတော့ “အချစ်စစ်ကို အခုမှ တွေ့လို့ပါ…ဒါဟာ ဝဋ်ကြွေးပါ…..အပြစ်မတင်ကြပါနဲ့ ” ဆိုပြီး ကျူးလွန်ဖောက်ပြန်မှုအပြစ်ကို ကံကြောင့်လို့ ရောချတတ်တာမျိုးပေါ့...😄 ဝဋ်ကြွေးဆိုတာ ဆန္ဒမပါဘဲ ခံစားရတာမျိုးပါ... ကျူးလွန်မှုဆိုတာ သာယာမှုနောက်ကို ဆန္ဒပါပါနဲ့ လိုက်သွားတာမျိုးပါ... ဝဋ်ကြွေးဆိုတာ အတိတ်က ကံကြွေးအဟောင်းကို ဆပ်ရတာဖြစ်ပေမဲ့…❗ ကျူးလွန်မှုဆိုတာတော့ အတိုးနဲ့ ဝဋ်အသစ်တွေ ထပ်ဝယ်ယူနေတာပါ...❗ နောင်တဆိုတဲ့ မီးတောက်တွေ တစ်နေ့ ကြုံလာတဲ့အခါမှ “ဝဋ်ကြွေးပါ…” လို့ ထပ်ပြီး မညည်းမိပါစေနဲ့.... ကျူးလွန်သူဖြစ်တုန်းက ပျော်ပျော်ကြီး ကျူးလွန်ခဲ့ပြီးမှနော်.. #crd #fty // 👾 #M