- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 20
- Всего постов
- 33
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 31
- 1/48двое суток
- 35
- 1/72трое суток
- 38
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများအား ၁၂ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ ရန်ကုန် သြဂုတ် ၁၅ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင် ပိုင်ရှင်အား ဩဂုတ်လ ၆ ရက်နေ့တွင် ပြန်ပေးဆွဲခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့မအားညမနား ကြိုးပမ်းဆောင်ရွက်မှုကြောင့် ၁၂ နာရီအချိန်အကြာ ဩဂုတ်လ ၇ ရက်နေ့တွင် တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ကသိရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက်ခဲ့ပြီး ဩဂုတ်လ ၇ရက်နေ့ နံနက် ၄နာရီခွဲချိန်ခန့်တွင် ပြန်ပေးဆွဲမှုဖြစ်စဉ်တွင်ပါဝင်သူ တရားခံများ ဖြစ်ကြသည့် မူဒူးဂါး(ခ) ဝင်းကိုအောင်(ဘ)ဦးလှမြင့်(ခ)ဦးဘာစန်း(ဟိန္ဒူ၊ဗုဒ္ဓ)နှင့် ဂင်ဒို(ခ) လင်းလင်း (ဘ)ဦးမောင်မောင် (ဟိန္ဒူ၊ ဗုဒ္ဓ) တို့ နှစ်ဦးအား တာမွေမြို့နယ်၊ စက်စန်းဟိုတယ် အနီးတွင်ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ အဆိုပါနေ့ နံနက် ၅ နာရီခန့်တွင် မျိုးမင်းဦး(ခ) မျိုးကြီး (ဘ) ဦးအုန်းမြနှင့် အောင်သူ(ခ) အောင်သူဦး (ဘ)ဦးဝင်းလှိုင် တို့နှစ်ဦးအား သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးတွင်အသွား၆လက်မခန့်ရှိ ဓားတစ်ချောင်း၊ လှံစွပ်တစ်ချောင်း၊ လက်ထိပ်တစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေရာ တစ်ဝိုက်အား လိုအပ်သည့်ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ပြန်ပေးဆွဲခံရသူ ဦးအောင်မြင့် (ခ) ဆူပရာမန်းနီး အား ၎င်းအနီးရှိ အိမ်ပျက်အတွင်းမှ အသက်ရှင်လျက်ပြန်လည် ရှာဖွေ တွေ့ရှိကယ်တင်နိုင်ခဲ့ပါတယ်။ဖမ်းဆီးရမိခဲ့သည့် တရားခံ စုစုပေါင်း ၉ ဦးတို့အား တည်ဆဲဥပဒေများနှင့် အညီထိရောက် ပြင်းထန်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ R/007( အင်းစိန်) MLND သတင်းဌာန
без подписи
без подписи
без подписи
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများအား ၁၂ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ ရန်ကုန် သြဂုတ် ၁၅
တာချီလိတ်မြို့နယ်ရှိ မိုးမေတ္တာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ စစ်ဗျုဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းနှင့် ခရိုင် တာဝန်ရှိသူများက ဆန်အိတ် ၁၅၀ စုပေါင်းလှူဒါန်း တာချီလိတ် သြဂုတ် ၁၄
အဖမ်းခံရချိန် ငိုနေတဲ့ချစ်သူကို ရင်ခွင်ထဲ ဖက်ထားပြီး အားပေးခဲ့တဲ့ မြန်မာအမျိုးသားကို ထိုင်းမီဒီယာတွေ ချီးကျူး ရယောင်း သြဂုတ် ၁၄ ဩဂုတ်လ ၁၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်၊ ဘန်ချန်းမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တာဝန်ရှိအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးခဲ့ရာမှာ လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမား ၁၉၈ ဦးအနက် တရားမဝင် အလုပ်လုပ်ကိုင်နေသူ ၂၄ ဦး (မြန်မာနိုင်ငံသား ၂၁ ဦးနှင့် တရုတ်နိုင်ငံသား ၃ ဦး) ဖမ်းဆီးခံခဲ့ရ ကြောင်း ထိုင်း မီဒီယာများကဖော်ပြထားကြောင်းသိရသည် အဲဒီလို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေစဉ်အတွင်း နှလုံးသားကို စို့နစ်စေမယ့် ရင်နင့်စရာ မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ အသက် ၂၀ ကျော်အရွယ် မြန်မာချစ်သူစုံတွဲတစ်တွဲရဲ့ ဖြစ်ရပ်ပါပဲ။ မွေးရပ်မြေရဲ့ မငြိမ်သက်မှုဒဏ်တွေကို ကျောခိုင်းပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာတာ တစ်လသာ ရှိသေးတဲ့ အဆိုပါစုံတွဲဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ဖို့ လာရောက်ခဲ့ကြတာပါ။ ခရီးသွားနိုင်ငံကူးလက်မှတ်နဲ့ ဝင်ရောက်လာခဲ့ပေမဲ့ တရားဝင်အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း မရှိသေးတာကြောင့် အခုလို အဖမ်းအဆီးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်သူဟာ မမျှော်လင့်ထားတဲ့ ဖမ်းဆီးခံရမှုအခြေအနေကြောင့် ရင်ထဲမှာ ကြောက်ရွံ့တုန်လှုပ်ကာ ငိုကြွေးနေခဲ့ပါတယ်။ အဲဒီလို အခက်အခဲဆုံးနဲ့ ကြောက်လန့်နေချိန်မှာ အမျိုးသားဖြစ်သူက ချစ်သူကို ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ် ဖက်ထားပေးပြီး အနားကနေ တစ်စက္ကန့်တောင် မခွာဘဲ မေတ္တာရှေ့ထားကာ နှစ်သိမ့်အားပေးနေခဲ့ပါတယ်။ ဥပဒေအရ အရေးယူခံရမယ့် ဘဝရဲ့ အကျပ်အတည်းအကောင်းဆုံး အချိန်အခါမှာတောင် ချစ်သူအပေါ်ထားရှိတဲ့ သစ္စာတရားနဲ့ နှစ်သိမ့်အားပေးနေတဲ့ အဆိုပါ မြန်မာလူငယ်ရဲ့ မေတ္တာစစ်ကို မြင်တွေ့ခဲ့ရတဲ့ ထိုင်းသတင်းမီဒီယာတွေနဲ့ ပရိသတ်တွေက ဝိုင်းဝန်းစာနာချီးကျူးခဲ့ကြပါတယ်။ MLND( နေပြည်တော်)
без подписи
အဖမ်းခံရချိန် ငိုနေတဲ့ချစ်သူကို ရင်ခွင်ထဲ ဖက်ထားပြီး အားပေးခဲ့တဲ့ မြန်မာအမျိုးသားကို ထိုင်းမီဒီယာတွေ ချီးကျူး ရယောင်း သြဂုတ် ၁၄
ဖောင်းပြင်မြို့နယ်တွင် (PDF) အကြမ်းဖက်အဖွဲ့မှ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ ဖောင်းပြင်၊ ဩဂုတ် (၁၄) စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် နန်းမော်လိုက်ရင်း(၁) PDF အကြမ်းဖက်အဖွဲ့မှ အလင်းဝင်ရောက်လာသူ အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁) ဦးတို့အား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ယနေ့ ဩဂုတ်လ ၁၁ ရက်နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ထိုသို့မိဘအုပ်ထိန်းသူများထံအပ်နှံရာတွင် ဒုတိယဗိုလ်မှူးကြီး ဟိန်းထွဋ်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဦးကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းတို့က အလင်းဝင်ရောက်လာသူတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြပြီး ထောက်ပံ့ငွေကျပ် သိန်း (၄၀)ကို ပေးအပ်ခဲ့ကာ အလင်းဝင်ရောက်လာသူ(၁)ဦးမှ အလင်းဝင်ရောက်လာသည့်အပေါ် နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြသည့် သက်ဆိုင်ရာတာဝန်ရှိသူတို့အား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။ MLND( နေပြည်တော်)
တာချီလိတ်လေဆိပ်မှာPSMSစနစ်နဲ့ စစ်ဆေးရာကနေ တရားခံပြေးအမျိုးသမီးတစ်ဦးဖမ်းဆီးရမိ တာချီလိတ် သြဂုတ် ၁၃ ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်လေဆိပ်မှာ လောင်းကစားအမှုနဲ့ တရားခံပြေးအဖြစ် သတ်မှတ်ထားသူတစ်ဦးကိုဩဂုတ်၁၂ရက်၂၀၂၆ညနေ ၄နာရီခွဲခန်အချိန်က PSMSစနစ်စစ်ဆေးရာကနေ ဖမ်းဆီးရ ခဲ့ကြောင်းရဲတပ်ဖွဲ့သတင်းအရင်းမြစ်ထံကသိရသည့် ဩဂုတ်လ ၁၂ရက်ညနေ ၄နာရီခွဲခန့်ဝန်းကျင်ကတာချီလိပ်လေဆိပ်ကနေဟဲဟိုးလေဆိပ်ကိုထွက်ခွာမယ့်ခရီးသည်တွေကိုစစ်ဆေးနေချိန်မှာအေးငြိမ်းစံ( ခေါ် )အိမ်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ စစ်ဆေး ချက်တွေအရ အေးငြိမ်းစံ ခေါ် အိမ့်ဟာတာချီလိတ်မြို့မရဲစခန်း ၂၀၂၄ခုနှစ်လောင်းကစားဥပဒေပုဒ်မ( ၁၈ )ကအမှုမှာတရားခံပြေးအဖြစ်သတ်မှတ်ထားသူလို့သိရပါတယ်။ဒါကြောင့်သူ့ကိုတာချီလိတ်လေဆိပ်လုံခြုံရေးရဲတပ်ဖွဲ့က ဟောင်လိတ်နယ်မြေရဲစခန်းကို ဩဂုတ်လ၁၂ရက်ညနေ၅နာရီ၂၅မိနစ်မှာခေါ်တောင်အပ်နှံခဲ့တယ်လို့သိရပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားခံပြေးကိုဥပဒေအရဆက်လက်ဥပဒေအရအရေးယူသွားမယ်လို့သိရပါတယ်။ R/007 ( MLND) သတင်းဌာန
без подписи
တာချီလိတ်လေဆိပ်မှာPSMSစနစ်နဲ့ စစ်ဆေးရာကနေ တရားခံပြေးအမျိုးသမီးတစ်ဦးဖမ်းဆီးရမိ တာချီလိတ် သြဂုတ် ၁၃
တာချီလိတ်၌ ရှမ်းပြည်နယ်လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာကော်မတီက မြေယာအငြင်းပွားမှုများ ကွင်းဆင်းစိစစ် တာချီလိတ်၊ ဩဂုတ် ၁၃ ရှမ်းပြည်နယ်လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာကော်မတီမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့ရှိ မြေယာအငြင်းပွားမှုနှင့် ပိုင်ဆိုင်မှုဆိုင်ရာ တိုင်ကြားချက်များကို ဩဂုတ် ၈ ရက်က တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် တွေ့ဆုံစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးမှုအတွင်း တာချီလိတ်မြို့ စက်မှုဇုန်အနီးရှိ မြေယာများနှင့် ပတ်သက်သည့် တိုင်ကြားမှုများကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ စိစစ်ခဲ့ကြသည်။ ယင်းတို့တွင် ဦးကိုဦးက တိုင်ကြားထားသည့် အသိမ်းဆည်းခံမြေဧရိယာများဖြစ်သည့် လွယ်စတုံကျေးရွာသွားလမ်း၊ ဘယ်ဘက် ၁၀ ဧက (ကျောက်ပုံနေရာ) နှင့် ညာဘက် ၁၅ ဧက (တာဝေမီးစက်နေရာ) တို့ ပါဝင်ကြောင်း သိရသည်။ ကော်မတီအဖွဲ့ဝင်များက မြေယာပိုင်ဆိုင်မှု၊ အသုံးပြုခွင့်နှင့် ဆက်စပ်စာရွက်စာတမ်းများကို သက်ဆိုင်ရာဌာနများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး၊ ဥပဒေနှင့်အညီ မှန်ကန်စွာ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များကို ထပ်မံစုဆောင်းခဲ့ကြသည်။ ထို့နောက် ကော်မတီနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ် ၉ ရက်တွင် အဆိုပါ ပိုင်ဆိုင်မှု အငြင်းပွားနေသော မြေနေရာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြေပြင်အခြေအနေ၊ လက်ရှိအသုံးပြုနေမှုနှင့် တိုင်ကြားချက်များကို စစ်ဆေးမှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာကော်မတီက တိုင်ကြား ထားသည့် မြေယာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်စိစစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်ထုတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းအရ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို ဖွဲ့စည်းထားကြောင်း သိရသည်။ အဆိုပါကော်မတီသည် ဥပဒေမဲ့ သိမ်းဆည်းခဲ့ပြီး လုပ်ပိုင်ခွင့်အာဏာရှိသူများနှင့် ပူးပေါင်းကာ လ/န(၃၉)၊ မြေစာရင်းပုံစံ(၁၀၅)၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) စသည့် စာရွက်စာတမ်းများဖြင့် ရယူထားသည့် မြေယာများကို တည်ဆဲဥပဒေများနှင့်အညီ ပယ်ဖျက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် သိမ်းဆည်းခံရသူ မူလတောင်သူလယ်သမားများထံသို့ ပြန်လည်စွန့်လွှတ်ပေးအပ်နိုင်ရေး ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ MLND သတင်းဌာ(နေပြည်တော်)
တာချီလိတ်၌ ရှမ်းပြည်နယ်လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာကော်မတီက မြေယာအငြင်းပွားမှုများ ကွင်းဆင်းစိစစ် တာချီလိတ်၊ ဩဂုတ် ၁၃
-ကမာရွတ်မြို့နယ် အင်းစိန်လမ်းမကြီးပေါ်တွင် ရပ်ထားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်း ခြောက်ရာခိုးယူသွားသူအား ဟင်္သာတမြို့နယ်တွင် ဖမ်းဆီးရမိ နေပြည်တော် သြဂုတ် ၁၂ ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ အင်းစိန်လမ်းမကြီးပေါ်တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်းခြောက်ရာ ခိုးယူသွားသူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဟင်္သာတမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်မှာသြဂုတ် ၅ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် အမျိုးသမီးတစ်ဦးသည် ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ လှည်းတန်း၊ အင်းစိန်လမ်း၊ MAB Bank ရှေ့တွင် Nissan Mash အဖြူရောင် မော်တော်ယာဉ်အား ခေတ္တရပ်ထားခဲ့ပြီး (၆)မိနစ်ခန့်အကြာတွင် မော်တော်ယာဉ်ဆီသို့ ပြန်လာပြီးယာဉ်တံခါးဖွင့်ကြည့်ရာ ယာဉ်ပေါ်တွင်တင်ထားသော ကြွပ်ကြွပ်အိတ်(၂)အိတ်ဖြင့် ခွဲထုပ်ထားသည့် ငွေကျပ် သိန်း ခြောက်ရာပျောက်ဆုံးနေကြောင်းတွေ့ရှိရ၍ သက်ဆိုင်ရာ ကမာရွတ်မြို့မရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။ထိုသို့တိုင်ကြားရာ အမှုမှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များကစုံစမ်းဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၀ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ ဇော်လတ် (၃၈)နှစ်ဆိုသူ အုန်းကုန်းရွာ၊ ဟင်္သာတမြို့နယ်နေသူအား ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ၊ထို့အပြင် ပြစ်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ငွေကျပ်သိန်း(၆၀၀)အနက်မှ ကျန်ရှိငွေ ကျပ်သိန်း(၃၄၀)နှင့် ၎င်းဝယ်ယူထားသည့် ရွှေထည်ပစ္စည်းများအားသိမ်းဆည်းနိုင်ခဲ့ပြီး ဇော်လတ်ကို တရားစွဲတင်နိုင်ရေးအတွက် ရဲတပ်ဖွဲ့ မှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ MLND( နေပြည်တော်)
без подписи
-ကမာရွတ်မြို့နယ် အင်းစိန်လမ်းမကြီးပေါ်တွင် ရပ်ထားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်း ခြောက်ရာခိုးယူသွားသူအား ဟင်္သာတမြို့နယ်တွင် ဖမ်းဆီးရမိ နေပြည်တော် သြဂုတ် ၁၂
ရေကြည်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုပြီး ရပ်/ ကျေးအုပ်ကြီး ဆိုသူက ငွေကြေးတောင်းခံမှု များကြောင့်ကျေးလက်ပြည်သူများအခက်အခဲ ဖြစ်ပေါ်နေဟု ဆို (ပြည်သူ့အသံ - ကဏ္ဍ) ဧရာဝတီတိုင်း ဒေသကြီး၊ ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ အုပ်ချုပ်ရေးမှူးများက ငွေကြေးတောင်းခံမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသဖြင့် ဒေသခံပြည်သူများမှာ စားဝတ်နေရေးအပြင် ငွေကြေးပေးဆောင်ရသည့် ဖိအားများကြောင့် အထူးဒုက္ခရောက်နေကြရကြောင်း မြန်မာလိုကယ်သတင်းဌာသို့ အထောက်အထားအချက်အလက်များနဲ့ ပေးပို့ ထားသည့် စနစ်တကျ ခြိမ်းခြောက်ငွေတောင်းခံနေခြင်း ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါ ငွေကြေးတောင်းခံမှုများသည် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ စနစ်တကျ အကွက်ချ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ " ပိုက်ဆံထည့်နိုင်တဲ့သူက အေးအေးဆေးဆေးနေရမယ်၊ မထည့်နိုင်တဲ့သူက အာမခံမရှိဘူး" ဟု ပြည်သူများကို ခြိမ်းခြောက် ပြောဆိုမှုများရှိနေပြီး၊ ဤသို့ဖြင့် ငွေကြေးတောင်းခံလာခဲ့သည်မှာ ယခုဆိုလျှင် (၇) ကြိမ်မြောက်အထိပင် ရှိလာပြီဖြစ်ကြောင်းရေကြည်မြို့နယ် ဝါးရုံလအုပ်စု/ ကျေးရွာများက ပြည်သူတွေကပြောကြားသည့် အမှတ်(၁)၊ ကျောင်းကုန်းလမ်း၊ ကိုင်းတံတား၊ ကျားတွင်း၊ လယ်ဝတီ၊ ဦးကုန်း၊ ကျောစ၊ ညောင်ပင်ကုန်း၊ ချင်းကုန်း၊ ကြို့ပင် စသည့် ကျေးရွာများတွင် ငွေကြေးကောက်ခံမှုမှာ ရွာတစ်ရွာလျှင် ကျပ်သိန်းဆယ်ဂဏန်းမှ သိန်းရာချီအထိ မြင့်မားနေကြောင်း၊ အုပ်ချုပ်ရေးမှူးနှင့် ပတ်သက်ဆက်နွှယ်သူများက အခွင့်အရေးယူကာ ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း ဒေသခံများက ရင်ဖွင့်ကြသည်။ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့၏ လုပ်ဆောင်ချက်များ ဝါးရုံလဟာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဟန်ဝင်းစိုး နှင့် ရာအိမ်မှူး မြင့်ဦး၊ ဆယ်အိမ်မှူး မိုးကြီး(ခ)ကျော်စွာဝင်း တို့သည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ ငွေတောင်းခံနေခြင်းဖြစ်သည်။ "အိမ်ထောင်စုတစ်ခု မှာ စစ်မှုထမ်းစာရင်းပါသူ တစ်ဦးရှိလျှင် တစ်သိန်း တစ်သောင်း ၂ ဦး ရှိရင် ၂သိန်း ၂ သောင်းအထိပေးဆောင်ကြရပါတယ် ရွာတစ်ရွာလုံးကို သူတို့အပိုင်သဘောမျိုး သတ်မှတ်ပြီး ငွေညှစ်နေကြတာ" ပါဟု အဆိုပါကျေးရွာနေထိုင်သူ တစ်ဦးက ပြောကြားသည့် ယခုကဲ့သို့ အတင်းအကျပ် ငွေတောင်းခံမှုကို မပေးဆောင်နိုင်ပါက "ပေါ်တာဆွဲမည်၊ ဖမ်းဆီးမည်" ဟု ခြိမ်းခြောက် ပြောဆိုသဖြင့် ဒေသခံများမှာ ကြောက်ရွံ့မှုများကြားမှ ပေးဆောင်နေရသည်။ "ဘယ်သူမှ မတိုင်ရဲဘူး၊ ကြောက်လို့။ ကျနော်တို့မှာ အသက်ထက်တောင် တန်ဖိုးထားရတဲ့ တာဝန်တွေ၊ မိသားစုတွေရှိပေမယ့် ဒီလူတွေရဲ့ ခြိမ်းခြောက်မှုကြောင့် အိပ်မပျော်နိုင်အောင် ဖြစ်နေရပြီ" ဟု ဒေသခံတစ်ဦးက ၎င်းတို့၏ စိတ်ဆင်းရဲမှုကို ဖော်ပြသည်။ အဆိုပါဖြစ်စဥ်နှင့်ပက်သက်၍ ၄င်းကျေးရွာမှအုပ်ချုပ်ရေးမှုူး ဆိုသူအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းပေ့မယ် ဖုန်းကိုင်ဆောင်ခြင်းမရှိတာကြောင့် ရာအိမ်မှုူးဖြစ်သူ ဦးမြင့်ဦးအားထပ်မံ ဆက်သွယ်မေးမြန်းကြည့်ရာ ပြည်သူစစ်မှုထမ်းကြေးခေါင်းစဥ်နဲ့ အုပ်ကြီးဟန်ဝင်းစိုးက ငွေကောက်ခိုင်းလို့ ကျတော်ရယ် ဆယ်အိမ်မူး မိုးကြီးနဲအခြားသူများက ကောက်ရတာပါ အတင်းအကြပ်တော့ မကောက်ခံပါဘူး စစ်မှုထမ်း ဆင့်ခေါ်တာဝန်ပေးအပ်သူက မလိုက်နိုင်ရင်အဲ့ဒီ အိမ်ထောင်စု ရှိ တစ်ဦး ပါရင် တစ်သိန်း တသောင်း ၂ ဦးပါရင် ၂သိန်း၂ သောင်းကောက်ခံပါတယ် ကောက်ခံလိုရသည်ငွေများကို အုပ်ကြီး ဟန်ဝင်းစိုးထံကိုစာရင်းဇယားများနဲ ပြန်အပ်ရပါတယ် အဲငွေများကတော့ စစ်မှုထမ်း( အစားထိုးလိုက်မယ်)သူကိုပေးရတာလိုတော့ ကျတော်သိရတာပဲ ကျတော်တိုလည်းကိုရွာသူရွာသားများဆီက ဇွတ်အတင်းကောက်တာတော့မရှိပါဘူး ဒီဘက်နယ်တွေအကုန်လုံး ဒီလိုပဲ အဆင်ပြေအောင်လုပ်ကိုင်နေရတာလို့ ဝါးရုံလကျေးရွာက ရာအိမ်မှုးးဖြစ်သူက မြန်မာလိုကယ်သတင်းဌာန ကို ပြောသည့် ပြည်သူများ၏ တောင်းဆိုချက် ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်၏ တည်ငြိမ်ရေးနှင့် ကာကွယ်ရေးအတွက် ပြဋ္ဌာန်းထားခြင်းဖြစ်သော်လည်း၊ ယခုကဲ့သို့ တာဝန်ရှိသူများက အလွဲသုံးစားပြုကာ ငွေကြေးကောက်ခံခြင်းများကြောင့်ပြည်သူစစ်မှုထမ်းဗဟို ကနစ်နာသူများအား တိုင်ကြားနိုင်ကြောင့် ထုတ်ပြန်ထားသည့် ဤကဲ့သို့ တရားမဝင် ငွေကြေးကောက်ခံမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အချိန်မီ ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၏ အာဏာရှင်ဆန်သော ငွေညှစ်လုပ်ရပ်များကို ထိရောက်စွာ အရေးယူပေးပါရန် ဒေသခံပြည်သူများက အရေးတကြီး တောင်းဆိုထားသည့် MLND( နေပြည်တော်)
ရေကြည်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုပြီး ရပ်/ ကျေးအုပ်ကြီး ဆိုသူက ငွေကြေးတောင်းခံမှု များကြောင့်ကျေးလက်ပြည်သူများအခက်အခဲ ဖြစ်ပေါ်နေဟု ဆို (ပြည်သူ့အသံ - ကဏ္ဍ) နေပြည်တော် သြဂုတ် ၁၂