tgindex
News Of Myanmar

News Of Myanmar

Статистика

News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
98
Всего постов
98
Тип
открытый
Язык
my
Категория
Новости и СМИ
В каталоге с
13 авг.
Подписчики
12 075
−34 за 5 дн.
Сутки
−8
−0,07%
Неделя
 
Месяц
 
Просмотров на пост
495
40 постов
Вовлечённость
4,1%
к подписчикам
Постов в день
14,0
всего 98
Упоминаний
5
каналов
Охват размещения
оценка
1/24сутки в ленте
348
1/48двое суток
398
1/72трое суток
430

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ရာထူးမှ နုတ်ထွက် NOM ကါရိုလိုင်းလီဗစ်သည် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူးအဖြစ်မှ နုတ်ထွက်ကြောင်းကြေညာလိုက်သည်။ ထရမ့်၏ အစိုးရအဖွဲ့က သူမ၏ ငယ်ရွယ်သော ကလေးများအတွက် အချိန်ပိုပေးရန် ဆန္ဒကြောင့် နုတ်ထွက်ခြင်းဟု ယူဆခဲ့သည်။ ထရမ့်သည် တူရကီရှိ Air Force One မှ အစားအသောက် ထရပ်ကားဖြင့် လျှို့ဝှက် ပြောင်းရွှေ့ခံခဲ့ရပြီး လီဗစ်အပါအဝင် ဝန်ထမ်း ၁၀၀ ကျော်ကို လှည့်စားရန် အသုံးပြုခဲ့သော မူလလေယာဉ်ပေါ်တွင် ထားခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် တစ်ရက်အကြာတွင် ယင်းကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

  • ယူကရိန်းတွငိအပစ်အခတ်ရပ်စဲရေးရှိမည်မဟုတ်ဟုရုရှားနိုင်ငံခြားရေးဝန်ကြီးပြော NOM အနောက်နိုင်ငံများ၏ ပံ့ပိုးမှုဖြင့် ယူကရိန်း၏ "စစ်ယန္တရား" ကို ပံ့ပိုးပေးသည့် အဆောက်အအုံများအပေါ် တိုက်ခိုက်မှုများမကြာမီ ပိုမိုပြင်းထန်လာမည်ဟုရုရှားနိုင်ငံခြားရေးဝန်ကြီးလာယော့ဗ်က ပြောလိုက်သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ရုရှားသည် လက်ရှိဆက်သွယ်မှုလမ်းကြောင်းတစ်လျှောက် တိုက်ပွဲများကို ရပ်တန့်ရန် ရည်ရွယ်ချက်မရှိကြောင်း လည်းပြောသည်။

  • ကါလဝမ်းပျက်ဝမ်းလျောရောဂါသတိပေးနှိုးဆော်ချက်

  • ယူကရိန်းက ပင်လယ်နက်တွင် အရပ်ဘက်သင်္ဘောများကို တိုက်ခိုက်မှုများကို အပြန်အလှန်ရပ်တန့်ရန် အဆိုပြု ​NOM ရုရှားနှင့် ယူကရိန်းတို့သည် ပင်လယ်နက်ရှိ အရပ်ဘက်သင်္ဘောများနှင့် သင်္ဘောဆိုင်ရာ အခြေခံအဆောက်အအုံများအားတိုက်ခိုက်မှုကိုအပြန်အလှန်ရပ်တန့်ရန် ယူကရိန်းကအဆိုပြုထားကြောင်း ရိုက်တာသတင်းဌာနက သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။ ​ အဆိုပြုချက်ကို ကြားခံတစ်ဦးမှတစ်ဆင့် ယူကရိန်းကရုရှားဖက်သို့ ပေးပို့ခဲ့သည်။ ​ ရုရှားက ယခုအချိန်အထိတုံ့ပြန်ခြင်း မရှိသေးပေ။ပင်လယ်နက်တွင်ရုရှားအရပ်ဖက်သင်္ဘောများကိုယူကရိန်းကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးရုရှား၏လက်တုန့်ပြန်တိုက်ခိုက်မှုကြောင့်ယူကရိန်းအထိနာလာသဖြင့်ယခုကဲ့သို့ကမ်းလှမ်းခြင်းဖြစ်သည်။

  • အင်္ဂလန်တွင်နှစ်၇၀အတွင်းဗလီများနိုင်ငံအနှံ့ရှိလာ NOM ၁၉၅၀ခုနှစ်ကအင်္ဂလန်တွင်ဗလီ၅လုံးသာရှိရာမှ၂၀၂၆ခုနှစ်တွင်တိုးပွါးလာသောဗလီများနိုင်ငံအနှံ့ဖြစ်လာသည်ကိုပုံဖြင့်နှိုင်းယှဉ်ပြသထားသည်။

  • YBSယာဉ်များ၊ယာဉ်စီးခများစက်တင်ဘာလဆန်းမှစတင်တိုးမြှင့်ကောက်ခံသွားမည် NOM၊ဩဂုတ်၁၄၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲလျက်ရှိသောYBSယာဉ်များ၏ ယာဉ်စီးခများစက်တင်ဘာလဆန်းမှစတင်တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်းယနေ့ညနေပိုင်းကပြုလုပ်သည့်စာနယ်ဇင်းရှင်းပွဲတွင်ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှတွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။ "ကျွန်တော်တို့​လက်ရှိ ငွေကျပ် ၂၀၀ ကောက်ခံမှုအစား ငွေကျပ် ၃၀၀၊ ငွေကျပ် ၄၀၀ ကောက်ခံတဲ့အပေါ်မှာ ငွေကျပ် ၆၀၀ တိုးမြှင့်ကောက်ခံဖို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ YBS ကတ်များကိုလည်း နှုန်းထားအတိုင်းပဲ ယာဉ်စီးခများ ကောက်ခံသွားမှာ ဖြစ်ပါတယ်။​ဒီလို ကောက်ခံတဲ့ နှုန်းထားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ လ (၁) ရက်နေ့ကစပြီး စတင်ကောက်ခံဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ခွင့်ပြုပြီး ဖြစ်ပါတယ်"ဟုဦးလျန်ကျင့်မန်ကပြောသည်။​ အဲ့ဒီအပေါ်မှာ YBS ယာဉ်စီးရေ တိုးမြှင့်ထွက်ရှိ ပြေးဆွဲနိုင်ဖို့အတွက် ကု မ္ပဏီအတွင်းရှိ ပြုပြင်ဆဲ ယာဉ်များကို အမြန်ဆုံး ပြုပြင်ဆောင်ရွက်မှသာ ခရီးသွားပြည်သူတွေအတွက် ပိုမို အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ ယာဉ်များကို ပြုပြင်ရာမှာလည်း ယာဉ်အပိုပစ္စည်း ဆက်စပ်ပစ္စည်း ဝယ်ယူမှု ဈေးနှုန်းမြင့်မားခြင်းနဲ့ ဝင်ငွေထွက်ငွေ မမျှမတဖြစ်ခြင်းတို့ကို ကုစားနိုင်ဖို့အတွက် သင့်တင့်မျှတမှုရှိတဲ့ ယာဉ်စီးခနှုန်းထားကို ပြန်လည်သတ်မှတ်နိုင်မှသာ YBS ယာဉ်လိုင်း ကုမ္ပဏီတွေအတွက် အထိုက်အလျောက် အဆင်ပြေစေမှာ ဖြစ်သလို ခရီးသည်တွေလည်း ယာဉ်စီးနင်းရာမှာ အခက်အခဲမရှိ စီးနင်းနိုင်ဖို့ Win-Win Situation ဖြစ်အောင်၊ ခရီးသည်တွေအတွက်လည်း ဝန်ထုတ်ဝန်ပိုး မဖြစ်အောင် ဈေးနှုန်း အနည်းငယ် တိုးမြှင့်မှု ဆောင်ရွက်တာ ဖြစ်ပါတယ်"ဟု၎င်းဆက်လက်ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ကြီးကြပ်မှုအောက်တွင် YBSယာဉ်လိုင်းကုမ္ပဏီ ၂၁ခု၊ယာဉ်လိုင်း ၁၄၅ လိုင်း၊ယာဉ်စီးရေ ၅၃၉၉စီးရှိပြီးနေ့စဉ်ပြေးဆွဲယာဉ်လိုင်း ၁၃၄ လိုင်း ၊ ယာဉ်စီးရေ ၃၃၀၀ စီးခန့်ဖြင့် ခရီးသည် ၁ဒသမ၈သန်းခန့် သယ်ယူပို့ဆောင်ပေးလျက်ရှိ‌ေကြာင်းသိရသည်။

  • без подписи

  • ဖလမ်းမြို့နယ်တွင် ချင်းလက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် လျှပ်စစ်မီးလိုင်းများ ပြုပြင်ရန်သွားသည့် မြို့နယ်လျှပ်စစ်ရုံးမှ နေ့စားဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာများရ NOM ဩဂုတ် ၁၄၊ ၂၀၂၆ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခေါဒါရ်ကျေးရွာနေ မြို့နယ်လျှပ်စစ်ဌာနမှ နေ့စားဝန်ထမ်းများ ဖြစ်ကြသည့် ကိုဗြောင်လျန်ကိမ်း (၂၄) နှစ်၊ မောင်ငွန်လျန်ထမ်း (၁၈) နှစ်တို့သည် ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်၌ လျှပ်စစ်မီးလိုင်းများ ပြုပြင်ရန်အတွက် ဒေသအခေါ် ဘုရားကုန်းတောင်ခြေအနီး ရေလှောင်ကန်သို့ သွားရောက်စဉ် အဆိုပါကန်အနီးအရောက် ချင်းလက်နက်ကိုင် အကြမ်းဖက်အဖွဲ့များထောင်ထားသည့် မိုင်းတစ်လုံးအား ကိုဗြောင်လျန်ကိမ်းမှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ဖလမ်းမြို့ပြည်သူ့ဆေးရုံ (ယာယီ) သို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM

  • ပန်းတောင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တတ်မှုကြောင့်ဒေသခံများအားရေဘေးလွတ်ရာသို့ရွှေ့ပြောင်း NOM၊ဩဂုတ်၁၄၊၂၀၂၆ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်း ယနေ့သဩဂုတ်၁၄ရက်မွန်းလွဲ ၂နာရီခန့်က ဧရာဝတီမြစ်ရေမြင့်တတ်မှုကြောင့်ဒေသခံများအားရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။ ဧရာဝတီမြစ်ရေမြင့်တတ်မှုကြောင့် ပန်းတောင်းမြို့နယ်အတွင်းရှိဖောင်းကန်ရပ်ကွက်၊ ကြခတ်ရပ်ကွက်၊ ထုံးဘိုကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များတွင် ရေဝင်ရောက်ခဲ့သဖြင့်ပန်းတောင်းမြို့နယ်မီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များမှ ရေဝင်ရောက်နေသော အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။

  • အပူပိုင်းမုန်တိုင်း လာလာဟာဝိုင်အီကျွန်းသို့ဦးတည်နေ NOM အပူပိုင်း မုန်တိုင်းလာလာသည် ပိုမိုအားကောင်းလာမည်ဟု မျှော်လင့်ရပြီး စနေနေ့တွင် ဟာဝိုင်အီ၏ ကျွန်းမကြီး သို့ မရောက်ရှိမီ ဟာရီကိန်းအဆင့်သို့ ရောက်ရှိလာနိုင်သည်။ ဟာဝိုင်အီကျွန်းမကြီးသည် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှု၊ အန္တရာယ်ရှိသော လှိုင်းလုံးများ၊ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြင့် အကြီးမားဆုံးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ နေရာအချို့တွင် မိုးရေချိန် ၅-၁၀ လက်မအထိ ရွာသွန်းနိုင်ပြီး သီးခြားဒေသများတွင် ၂၀ လက်မအထိ ရွာသွန်းနိုင်သည်။ အခြားဟာဝိုင်အီကျွန်းများလည်း လာလာ ၏လမ်းကြောင်းကို အနီးကပ်စောင့်ကြည့်နေကြသည်။

  • ရန်ကုန်မြို့၌ ယနေ့စက်သုံးဆီစျေးနှုန်းများ ပြန်ကျ NOM ဩဂုတ် ၁၄၊ ၂၀၂၆ ရန်ကုန်မြို့ရှိ စက်သုံးဆီစျေးနှုန်းများ ယနေ့ (သြဂုတ် ၁၄ ရက်)တွင် အနည်းငယ် ပြန်ကျလာခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ ကော်မတီ၏ဈေးနှုန်းများအရ ယနေ့(သြဂုတ် ၁၄ ရက်) ရန်ကုန်၌ 92 တစ်လီတာလျှင် ၃၆၅၀ ကျပ်၊ 95 တစ်လီတာလျှင် ၃၇၇၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၀၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၄၈၇၀ ကျပ်ဖြစ်ကြောင်း သိရသည်။ NOM

  • မြန်မာ- ဗီယက်နမ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေး ဆွေးနွေး   ဩဂုတ် ၁၃၊ ၂၀၂၆   မြန်မာ - ဗီယက်နမ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအပြင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ရန်ကုန်မြို့အခြေစိုက် ဗီယက်နမ်သံရုံးမှ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြောင်း သိရသည်။   အဆိုပါတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

  • без подписи

  • без подписи

  • ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ အနိမ့်ပိုင်း ရပ်ကွက်များရေဝပ်ဧရိယာတွင် ရေစုပ်ထုတ်နေမှုကို ကြည့်ရှု စစ်ဆေး၊ ရေဝင်ရောက်အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များပေးအပ်၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး ဩဂုတ် ၁၄၊ ၂၀၂၆ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့ အနိမ့်ပိုင်းရပ်ကွက်များရှိ ရေဝပ်ဧရိယာများတွင် ရေစုပ်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ရေဝင်ရောက်သော နေအိမ်များမှအိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ဒေါနိုးကူးရပ်ကွက်နှင့် မင်းစုရပ်ကွက် အနိမ့်ပိုင်းရေဝပ်ဧရိယာများတွင် ရေစုပ်ထုတ်ရန်အတွက် သီးခြားဆောင်ရွက်ထားသည့် 160 kVA ထရန်စဖော်မာဖြင့် 50HP မော်တာနှစ်လုံးနှင့် ခြောက်လက်မ PVC ပိုက်နှစ်လုံးတပ်ဆင်၍ ဘီလူးချောင်းအတွင်းသို့ ရေစုပ်ထုတ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေစုပ်ထုတ်လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရန် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် ခြင်ပေါက်ပွားမှုလျော့ကျစေရန် ဆေးဖြန်းခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်းများဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါနိုးကူးရပ်ကွက်ဓမ္မာရုံ၌ ရေဝင်ရောက်အိမ်ထောင်စုဝင်များနှင့် တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားပြီး ဒေါနိုးကူးရပ်ကွက်မှ အိမ်ထောင်စု ၄၈ စုနှင့် မင်းစုရပ်ကွက်မှ အိမ်ထောင်စု ၉၈ စု၊ စုစုပေါင်း ၁၄၆ စု တို့အတွက် ဆန်၊ ဆီနှင့် ကြက်ဥစသည့် အခြေခံစားသောက်ကုန်များကို ပေးအပ်ကာ ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေနီကန်ကျေးရွာသို့ သွားရောက်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဆောင်ရွက်သည့်စံပြသရုပ်ပြ ဥစားကြက်မွေးမြူရေးခြံအသစ် တည်ဆောက်နေမှုအားကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။ ဆက်လက်၍ စံပြသရုပ်ပြအသားတိုးဝက်မွေးမြူရေးခြံ၌ DYL အသားတိုးဝက်မျိုးမွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကြက်ဥနှင့် အသားများဖူလုံပြီး ဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရန်၊ မွေးမြူရေးလုပ်ငန်းများတွင် ယခုထက်ပိုမို၍ တိုးတက်မွေးမြူနိုင်အောင် လုပ်ငန်းရှင်များဖိတ်ခေါ်စည်းရုံး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

  • လျှပ်စစ်မီတာအသစ်များကို ဝက်ဘ်ဆိုက် (Website) ကနေ လျှောက်ထားရာမှာ ပေးသွင်းရမည့် နှုန်းထားများကို အသိပေးကြေညာ။ NOM

  • без подписи

  • без подписи

  • без подписи

  • без подписи