tgindex
NOM.World News

NOM.World News

Статистика

NOM World News Official Channel.

Последний пост
13 авг.
Последнее чтение
15 авг.
Постов за неделю
16
Всего постов
20
Тип
открытый
Язык
my
Категория
Новости и СМИ
В каталоге с
13 авг.
Подписчики
1 931
−1 за 4 дн.
Сутки
−4
−0,21%
Неделя
 
Месяц
 
Просмотров на пост
143
20 постов
Вовлечённость
7,4%
к подписчикам
Постов в день
2,3
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
102
1/48двое суток
116
1/72трое суток
126

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 13 авг.13241из newsofmyanmar

    ကုလသမဂ္ဂ မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်ပြီး အရေးပါမှုပါ လျော့နည်းလာနေ — ဂရော့ဆီ ကုလသမဂ္ဂ (UN) သည် "တဖြည်းဖြည်း မရှိသလောက် ပျောက်ကွယ်လုနီးပါး" ဖြစ်နေပြီး၊ စစ်ပွဲများနှင့် ပဋိပက္ခအသစ်များ ဆက်တိုက်ဖြစ်ပွားနေချိန်တွင် အရေးပါမှု လျော့နည်းလာကာ ဘေးထွက်ထိုင်ကြည့်နေရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ အကြီးအကဲနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်လောင်း ရာဖာအဲလ် ဂရော့ဆီ (Rafael Grossi) က ပြောကြားခဲ့သည်။ “ကုလသမဂ္ဂဟာ ချက်ချင်း လက်ငင်း ပျောက်ကွယ်သွားမယ့် အန္တရာယ်မျိုးတော့ မမြင်မိပါဘူး။ ဒါပေမဲ့ ဒါဟာ တဖြည်းဖြည်း မရှိသလောက် မှေးမှိန်သွားတာမျိုး ပိုဖြစ်နိုင်ပါတယ်။ ကုလသမဂ္ဂဟာ သက်ရောက်မှုရှိပုံ မပေါ်တော့ဘဲ၊ သစ်လွင်တဲ့ ပဋိပက္ခတွေနဲ့ နိုင်ငံအချင်းချင်း ဖြစ်ပွားတဲ့ စစ်ပွဲတွေကို ဖြေရှင်းတဲ့နေရာမှာလည်း ထိရောက်တဲ့ ပံ့ပိုးကူညီမှုမျိုး မလုပ်ပေးနိုင်တော့ပါဘူး” ဟု ဂရော့ဆီက Financial Times သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့အပြင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် နိုင်ငံအချင်းချင်း ပဋိပက္ခများကို ဖြေရှင်းရာတွင် ကုလသမဂ္ဂအနေဖြင့် ထိရောက်သည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့ခြင်း မရှိသလို၊ လူမှုရေးနှင့် ရာသီဥတုဆိုင်ရာ မူဝါဒ ရလဒ်များတွင်လည်း အားရစရာမရှိ စိတ်ပျက်ဖွယ်ရာ ဖြစ်ခဲ့ရကြောင်း ၎င်းက ထောက်ပြခဲ့သည်။ ဂရော့ဆီက ၎င်းသာ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံရပါက ထပ်နေသည့် ကုလသမဂ္ဂ၏ ဖွဲ့စည်းပုံများကို လျှော့ချသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိတွေ့ဆက်ဆံနေရသည့် ဘက်အသီးသီးမှ ခေါင်းဆောင်များနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် ပဋိပက္ခဖြေရှင်းရေးတွင် အထွေထွေအတွင်းရေးမှူးချုပ်၏ တက်ကြွသည့် အခန်းကဏ္ဍကို ပြန်လည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ NOM

  • 13 авг.1213из newsofmyanmar

    အီရန်စစ်ပွဲနှင့် စားဝတ်နေရေး စိုးရိမ်မှုများကြား ထရမ့်၏ ထောက်ခံမှုနှုန်း စံချိန်တင် ၃၃% အထိ ထိုးဆင်းသွား နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ အမေရိကန်-အစ္စရေး၏ အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် စားဝတ်နေရေး/ ကုန်ဈေးနှုန်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းတို့ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ထောက်ခံမှုနှုန်းမှာ ယခုသီတင်းပတ်အတွင်း ဆက်လက်ထိုးဆင်းသွားခဲ့ပြီး ထောက်ခံမှု ကျဆင်းသည့် လမ်းကြောင်း ပိုမိုကျယ်ပြန့်လာခဲ့သည်။ တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် Economist/YouGov စစ်တမ်းအသစ်အရ ဖြေဆိုသူများ၏ ၃၃ ရာခိုင်နှုန်းကသာ ထရမ့်၏ သမ္မတတာဝန်ထမ်းဆောင်မှုကို ထောက်ခံကြပြီး ၆၂ ရာခိုင်နှုန်းက မထောက်ခံကြကြောင်း ဖော်ပြထားသည်။ ယင်းစစ်တမ်းတွင် ပါတီစွဲ ကွဲပြားမှု အားကောင်းစွာ တွေ့ရှိရပြီး ရီပါဘလစ်ကန် ဖြေဆိုသူ ၇၉ ရာခိုင်နှုန်းက ထရမ့်၏ လုပ်ဆောင်ချက်များကို ထောက်ခံကြသော်လည်း ဒီမိုကရက် ဖြေဆိုသူများတွင်မူ ၄ ရာခိုင်နှုန်းမျှသာ ထောက်ခံကြသည်။ ယခု နောက်ဆုံးရရှိသော ကိန်းဂဏန်းများသည် ထရမ့်၏ ထောက်ခံမှုနှုန်း ပိုမိုဆိုးရွားလာမှုကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။ YouGov စစ်တမ်းများကို အခြေခံထားသည့် The Economist ၏ စစ်တမ်းစောင့်ကြည့်မှုဇယားအရ ထရမ့်၏ အသားတင်ထောက်ခံမှုနှုန်းမှာ အနှုတ် ၂၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ထိုစဉ်က ယင်း စစ်တမ်း မှတ်တမ်းများအရ လူကြိုက်အနည်းဆုံး သမ္မတ ဖြစ်လာခဲ့ကြောင်း ဇွန်လတွင် သတင်းထုတ်ပြန်ခဲ့သည်။ NOM

  • 13 авг.1082из newsofmyanmar

    မြောက်အာဖရိက သဲကန္တာရကို စစ်တပ်၏ အစောင့်အရှောက်ဖြင့် ဖြတ်သန်းနေသည်ဟု ယူဆရသည့် အာဖရိက အမျိုးသား လူတန်းကြီး၏ ရုပ်သံ ထွက်ပေါ် ခန့်မှန်းချက်များအရ ထိုလူတန်းကြီးတွင် ပါဝင်သူ ဦးရေမှာ ၁ သိန်း ခန့် ရှိနိုင်ပြီး အားလုံးသည် ဥရောပဘက်သို့ ဦးတည်ရွေ့လျားနေကြခြင်း ဖြစ်သည်။ NOM

  • 13 авг.95из newsofmyanmar

    အိမ်ဖြူတော် တန်ဆာဆင်မှုအတွက် ဒေါ်လာ သန်း ၉၀၀ ကျော်အထိ သုံးစွဲရန် ပြင်ဆင်နေသည့် ထရမ့် သမ္မတထရမ့် အစိုးရအဖွဲ့သည် လွှတ်တော်ကို ဘေးဖယ်၍ အိမ်ဖြူတော်၏ အကြီးစား ဆောက်လုပ်ရေး စီမံကိန်းများတွင် အနည်းဆုံး ဒေါ်လာ ၉၂၇ သန်း တိတ်တဆိတ် သုံးစွဲနေကြောင်း သည်ဝါရှင်တန်ပို့စ် The Washington Post သတင်းဌာနက ဖော်ပြခဲ့သည်။ လျှို့ဝှက်ဝန်ဆောင်မှုအဖွဲ့ (Secret Service) နှင့် အခြားအေဂျင်စီများထံမှ ဘဏ္ဍာငွေများကို သာမန်ပြင်ဆင်ထိန်းသိမ်းမှုများအတွက်သာ သုံးလေ့ရှိသည့် "Repair and Restoration" အကောင့်ထဲသို့ လွှဲပြောင်းထည့်သွင်းကာ လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်ပေါင်း ၈၀ အတွင်း အခမ်းနားဆုံး အိမ်ဖြူတော် ပြင်ဆင်မွမ်းမံမှု၏ ကုန်ကျစရိတ် အများစုကို အခွန်ထမ်းပြည်သူများက ကျခံပေးနေရသည့် သဘော ဖြစ်နေသည်။ ဤ မေးခွန်းထုတ်စရာ ပမာဏသည် အစောပိုင်းက ထုတ်ပြန်ခဲ့သည့် ခန့်မှန်းခြေများထက် အဆမတန် ပိုမိုများပြားနေသည် - ထိုအကောင့်ထဲသို့ လွှဲပြောင်းပြီးသည့် ဒေါ်လာ ၈၇၅ သန်းအနက် ဒေါ်လာ သန်း ၅၀၀ ကို လျှို့ဝှက်ဝန်ဆောင်မှုအဖွဲ့ (Secret Service) နှင့် အိမ်ဖြူတော် စစ်ဘက်ဆိုင်ရာရုံး (White House Military Office) တို့၏ ဘဏ္ဍာငွေမှ ရယူထားခြင်းဖြစ်သည်။ ဒေါ်လာ ၃၀၅ သန်းကို ပုဂ္ဂလိက အလှူရှင်များထံမှ ရရှိခဲ့ပြီး အခြား ဒေါ်လာ ၇၀ သန်း ရရှိသည့် အရင်းအမြစ်ကိုမူ မသိရှိရသေးပေ။ Secret Service ဘဏ္ဍာငွေထဲမှ ဒေါ်လာ သန်း ၄၀၀ ကျော်ကို ဇွန်လအတွင်း၌ပင် တစ်ကြိမ်တည်း လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။ ဇွန်လအတွင်း ရန်ပုံငွေများ လွှဲပြောင်းခဲ့ခြင်းမှာ ထရမ့်၏ စိတ်ကြိုက်စီမံကိန်းများ ဖြစ်ကြသည့် အိမ်ဖြူတော်အရှေ့ဘက်ဆောင် အကခန်းမနှင့် ဧည့်သည်များအား လုံခြုံရေး စစ်ဆေးရာ အဆောက်အဦးတို့အတွက် ပွင့်လင်းမြင်သာသော ရန်ပုံငွေရရှိရန် ကွန်ဂရက်လွှတ်တော်တွင်း ထရမ့်၏ မဟာမိတ်များ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ သာမန် ဖက်ဒရယ်သတင်းအချက်အလက် ထုတ်ပြန်ရေး စည်းမျဉ်းများမှ ကင်းလွတ်ခွင့်ရရှိထားသည့် အိမ်ဖြူတော်၏ ရုံးငယ်တစ်ခုဖြစ်သော အိမ်ဖြူတော် အိမ်တော်ထိန်းဌာန (Executive Residence) က ဤကန်ထရိုက်များကို ကြီးကြပ်ကွပ်ကဲနေခြင်းမှာလည်း သံသယဖြစ်ဖွယ် ကောင်းနေသည်။ အစိုးရအဖွဲ့ဘက်ကမူ ဒရုန်းဒဏ်ခံနိုင်သော အဆောက်အအုံများ လိုအပ်ကြောင်းနှင့် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် လုံခြုံရေးအရ မဖြစ်မနေ လိုအပ်ချက်ဖြစ်ကြောင်း ပြောဆို၍ ဤသုံးစွဲမှုကို ကာကွယ်ပြောဆိုထားသည်။ သို့သော်လည်း စီမံကိန်းသည် အကခန်းမ ဆောက်လုပ်ခြင်းထက် မကဘဲ ရဟတ်ယာဉ် ဆင်းသက်သည့်ကွင်းနှင့် လာဖာယက် ပန်းခြံ/ ရင် ပြင်ပတ်ဝန်းကျင် ပြုပြင်မွမ်းမံမှုများအထိ ပါဝင်နေသဖြင့် စုစုပေါင်း ကုန်ကျစရိတ်မှာ ဒေါ်လာ ၁ ဘီလီယံနီးပါးအထိ မြင့်တက်လာနေသည်။ အဓိက စီမံကိန်းဖြစ်သည့် အကခန်းမဆောက်လုပ်မှုကို ဖက်ဒရယ် အယူခံတရားရုံးက မကြာသေးမီက ရပ်ဆိုင်းမိန့် ထုတ်ပြန်ခဲ့ပြီး၊ ယခုကဲ့သို့ ဖျက်ဆီးခြင်းနှင့် အသစ်ဆောက်လုပ်ခြင်းမျိုးအတွက် ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက် လိုအပ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆုံးဖြတ်ခဲ့သည်။ အစိုးရအဖွဲ့ဘက်ကမူ ဤအမှုကို တရားလွှတ်တော်ချုပ်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု မျှော်လင့်ရသည်။ တစ်ဖက်တွင်လည်း တရားရုံး၏ ဆုံးဖြတ်ချက်ကို မစောင့်ဘဲ မြေထိုးဖျက်ဆီးမှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။ NOM

  • 13 авг.962из newsofmyanmar

    အီရန်စစ်ပွဲအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်တွင် စိတ်ကျန်းမာရေး အကျပ်အတည်း ရင်ဆိုင်နေရ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် ပင်လယ်ပြင်တွင် ၉ လမြောက်အဖြစ် တာဝန်ထမ်းဆောင်နေပြီး ကုန်းမြေသို့ မကပ်ရဘဲ ရက်ပေါင်း ၂၅၀ ဆက်တိုက် စံချိန်တင် တာဝန်ထမ်းဆောင်နေရသဖြင့် သင်္ဘောပေါ်တွင် စိတ်ကျန်းမာရေး အကျပ်အတည်း ပိုမိုဆိုးရွားလာနေကြောင်း မိသားစုများနှင့် ဥပဒေပြုအမတ်များက သတိပေးထားသည်ဟု The Guardian က ဖော်ပြခဲ့သည်။ ယခုလို တာဝန်ထမ်းဆောင်ချိန် အဆမတန် ရှည်ကြာလာမှုအတွင်း စစ်သည်အများအပြား သင်္ဘောပေါ်မှ ပင်လယ်အတွင်းသို့ ခုန်ချရန် ကြိုးပမ်းခဲ့ကြကြောင်း စစ်ဘက်ဆိုင်ရာ သတင်းဌာနများက ဆိုသည်။ ကမ္ဘာ့အလွှမ်းမိုးဆုံးဟု အကြွားထုတ်လေ့ရှိသော အမေရိကန်ရေတပ်အတွက် ယခုဖော်ပြပါ အခြေအနေများသည် အရှက်ရဖွယ် ဖြစ်နေသည် - မှိုတက်နေသည့် ရေချိုးခန်းများ၊ ပျက်စီးနေသည့် အိမ်သာများ၊ အဝတ်လျှော်စက်များ သီတင်းပတ်ပေါင်းများစွာ ပျက်စီးနေမှု၊ ရေပူမရသည်မှာ ကြာမြင့်နေမှု၊ အခြေခံ တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်များ မရှိမှုနှင့် အစားအစာများကို "ထမင်း အနည်းငယ်နှင့် တော်တီလာ (Tortilla) ပေါင်မုန့်ပြား နှစ်ပြား" အထိ လျှော့ချလိုက်ရသည့် အခြေအနေများပင် ဖြစ်သည်။ စစ်သည်တစ်ဦး၏ ဇနီးဖြစ်သူက သူမ၏ ခင်ပွန်းဖြစ်သူသည် "မနက်ဖြန် နိုးမလာတော့ဖို့ပဲ မျှော်လင့်တော့တယ်" ဟု စာပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Hegseth ကမူ ယခင်ထွက်ပေါ်ခဲ့သော အခြေအနေများနှင့် ပတ်သက်သည့် သတင်းများကို "သတင်းအမှားများသာဖြစ်သည်" ဟု ပယ်ချခဲ့သည်။ အီရန်ကို လပေါင်းများစွာ အပြစ်ပေးခံရခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အမေရိကန် စစ်ယန္တရားကြီးသည် ယခုအခါ ပိတ်ဆို့နေသော အိမ်သာများကြောင့် ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ NOM

  • 13 авг.932из newsofmyanmar

    အမေရိကန် စစ်အခြေစိုက်စခန်း ထားရှိရေး တောင်းဆိုမှုကို အင်ဒိုနီးရှား ငြင်းပယ် အမေရိကန်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နေသော်လည်း အင်ဒိုနီးရှားပိုင်နက်အတွင်း အမေရိကန် စစ်အခြေစိုက်စခန်း တည်ဆောက်ခွင့်ပြုမည့်ကိစ္စကို စဉ်းစားမည်မဟုတ်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး Sjafrie Sjamsoeddin က ပြောကြားလိုက်သည်။ ၂၀၂၆ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှားနှင့် အမေရိကန်တို့သည် "ဘက်စုံစစ်ရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဆင့်" (MDCP) ကို ထူထောင်ကာ စစ်ရေးဆက်ဆံရေးကို အဆင့်မြှင့်တင်ခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်သည် နှစ်နိုင်ငံအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေသည့် အရေးပါသော ခြေလှမ်းတစ်ခု ဖြစ်ခဲ့သည်။ "ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အဓိကအားဖြင့် အမျိုးသားကာကွယ်ရေး စွမ်းဆောင်ရည် တိုးတက်စေရေး၊ အထူးသဖြင့် ပညာရေး၊ သင်တန်း၊ ဝန်ထမ်းစွမ်းရည်နဲ့ ကျနော်တို့ရဲ့ လိုအပ်ချက်နဲ့ အကျိုးစီးပွားအပေါ် မူတည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမြှင့်တင်ရေး အစီအစဉ်တွေပေါ်မှာပဲ အာရုံစိုက်ပါတယ်" ဟု Sjamsoeddin က ထပ်လောင်းပြောကြားခဲ့သည်။ အမေရိကန်သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၈၀ ကျော်တွင် စစ်အခြေစိုက်စခန်းနှင့် စစ်ဘက်ဆိုင်ရာနေရာပေါင်း ရာနှင့်ချီ၍ ထိန်းချုပ်ထားပြီး ပင်လယ်ကွေ့ဒေသ အပါအဝင် အရှေ့အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများတွင် အများဆုံး အခြေစိုက်ထားခြင်းဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကလည်း နေတိုး (NATO) အဖွဲ့သည် ပစိဖိတ်ဒေသအတွင်းသို့ တဖြည်းဖြည်း တိုးချဲ့ဝင်ရောက်လာနေပြီး ထိုဒေသတွင် လက်နက်သစ်များ တပ်ဆင်လာခြင်းသည် စစ်ပွဲဖြစ်ပွားနိုင်သည့် ခြိမ်းခြောက်မှုကို အဓိပ္ပာယ်မဲ့ မြှင့်တင်နေခြင်းဖြစ်ကြောင်း အောက်တိုဘာလအတွင်းက ဝေဖန်ပြောကြားခဲ့သည်။ NOM

  • без подписи

  • 13 авг.9821из newsofmyanmar

    အီရန်စစ်ပွဲကြောင့် LNG သဘာဝဓာတ်ငွေ့ တင်သွင်းမှုများ ပြတ်တောက်နေပြီး ဥရောပတွင် ဆောင်းရာသီ ဓာတ်ငွေ့လိုအပ်ချက် အကျပ်အတည်းနှင့် ရင်ဆိုင်နေရ - Bloomberg သတင်းဌာန ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဥရောပ၏ သဘာဝဓာတ်ငွေ့ သိုလှောင်ထားရှိမှုမှာ ၅၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး၊ ဒါဟာ ၂၀၀၉ ခုနှစ် စတင်စံချိန်တင်ခဲ့ပြီးနောက်ပိုင်း ယခုလို ရာသီချိန်ခါ၌ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ ဥရောပဒေသသည် ၎င်းတို့အတွက် လိုအပ်သော ဓာတ်ငွေ့အရန်အင်အား မရှိဘဲ ဆောင်းရာသီကာလသို့ ကူးပြောင်းဝင်ရောက်နေရပြီ ဖြစ်သည်။ ဗီဒီယို - NYP NOM

  • 13 авг.10322из newsofmyanmar

    အစ္စရေးက လက်ဘနွန်တောင်ပိုင်းတွင် တောမီးများ တမင်တကာ မီးရှို့နေဟု ဆို — The Guardian အစ္စရေးသည် ဒရုန်းများ၊ မီးကျည်များနှင့် မီးလောင်စေသော အမြောက်ကျည်များကို အသုံးပြု၍ သစ်တောများနှင့် စိုက်ပျိုးမြေများကို မီးရှို့နေကြောင်း မီးသတ်သမားများ၊ ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများက ပြောကြားသည်။ ယင်းမီးလောင်မှုများကြောင့် သံလွင်စိုက်ခင်းများ၊ လယ်ယာမြေများနှင့် သစ်တောအုပ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။ NOM

  • 13 авг.12041из newsofmyanmar

    တာဝန်ထမ်းဆောင်ချိန် သက်တမ်းတိုးခံရသဖြင့် အမေရိကန် USS Abraham Lincoln လေယာဉ်တင်သင်္ဘောပေါ်မှ ရေတပ်သားများ ပင်လယ်ထဲ ခုန်ချရန် ကြိုးပမ်းခဲ့ကြကြောင်း သတင်းများထွက်ပေါ် အဆိုပါ လေယာဉ်တင်သင်္ဘော၏ သင်္ဘောအဖွဲ့သားများသည် ပင်လယ်ပြင်တွင် (၉) လမြောက်အထိ ရှိနေပြီး ကုန်းမြေသို့ မနင်းရဘဲ ဆက်တိုက် စံချိန်တင် ရက်ပေါင်း ၂၅၀ ကြာ ကင်းလှည့်နေရခြင်းဖြစ်သည်။ အမေရိကန် စစ်သည်တွေရဲ့ စိတ်ဓာတ်ရေးရာကတော့ သိပ်မကောင်းလှဘူးနဲ့ တူပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အမေရိကန်တွေဟာ ပင်လယ်ပြင်မှာ အဓိပ္ပာယ်မရှိဘဲ တိုက်ခိုက်နေကြရလို့ပါ။ သူတို့ဟာ ကိုယ့်အကျိုးစီးပွားအတွက်ပဲ ကြည့်တဲ့ ခရိုနီ သူဌေးကြီးတွေနဲ့ အစ္စရေးတွေအတွက် တိုက်ခိုက်ပေးနေကြရတာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ကာကွယ်တာမျိုးလို ခိုင်လုံတဲ့ ဂုဏ်သိက္ခာရှိတဲ့ အကြောင်းအရင်းမျိုးအတွက် တိုက်ခိုက်နေကြတာ မဟုတ်ပါဘူး။ တိုက်ပွဲတစ်ခုမှာ အနိုင်ရဖို့ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက် (ရည်မှန်းချက်) တစ်ခုတော့ ရှိဖို့ လိုပါတယ်။ NOM

  • 13 авг.11231из newsofmyanmar

    အော်ပရေးရှင်း တာကို Operation Taco စစ်ဆင်ရေးအတွင်း သမ္မတ ထရမ့် လျှို့ဝှက်ပုန်းအောင်းခဲ့သည့်နေရာ — သမ္မတထရမ့်သည် တူရကီသို့ရောက်ရှိစဉ် အီရန်​၏ လက်စားချေ လုပ်ကြံသတ်ဖြတ်မည်ကို စိုးရိမ်ရသောကြောင့် စားသောက်ဖွယ်ရာတင် လှည်းအတွင်း ပုန်းအောင်းကာ မူလစီးနင်းလိုက်ပါမည့် Air Force One လေယာဉ်မှ အခြားလေယာဉ်သို့ တိတ်တဆိတ် ပြောင်းရွှေ့ခဲ့ခြင်း။ NOM

  • 12 авг.1481из newsofmyanmar

    တာလီဘန်တို့က ရုရှားနှင့် အိန္ဒိယကြား ရထားလမ်းကြောင်း လုံခြုံချောမွေ့စွာ ဖြတ်သန်းနိုင်ရေးကို ထောက်ခံ ပံ့ပိုးပေးမည် တာလီဘန် စီးပွားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ ရာမန် ဟာဘစ် က "ဒီစီမံကိန်းဟာ အာဖဂန်နစ္စတန်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမှာပါ" ဟု RT သတင်းဌာနမှ သတင်းထောက် ရွန်းဂျွန်း ရှာမား သို့ ပြောကြားခဲ့သည်။ "ကျွန်တော်တို့အနေနဲ့ ဒီလို စီမံကိန်းတွေကို ထောက်ခံပါတယ်" အစရှိသဖြင့် ပြောကြားခဲ့သည်။ NOM

  • 12 авг.1434из newsofmyanmar

    တူရကီလေတပ်မှ အမေရိကန်ထုတ် F-16 တိုက်လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းမှု ပြုလုပ်စဉ်ပျက်ကျ။ လေယာဉ်မှူးမှာ လေယာဉ်ကို အချိန်မီစွန့်ခွာနိုင်ခဲ့။ NOM

  • 12 авг.1413из newsofmyanmar

    သမ္မတ ထရမ့်ဟာ ဘေးအန္တရာယ်ကင်းဝေးစေဖို့နဲ့ ကျန်းမာရေးအတွက် ဂျူး Kabbalah အယူအဆဆိုင်ရာ Zohar ကျမ်းစာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Book of Pinhas (ပင်ဟက်စ်ကျမ်းစာ) ကို သူ့ရဲ့ အင်္ကျီအောက် ရင်ဘတ်အနီးမှာ ဆောင်ထားလေ့ရှိကြောင်း ဇနီးဟောင်း Marla Maples ရဲ့ ပြောကြားချက်အရ သိရတယ်လို့ Channel 12 / i24 News မှာ ဖော်ပြထားပါတယ်။ NOM

  • 12 авг.1494из newsofmyanmar

    အပစ်အခတ်ရပ်စဲရေးဆိုတာ မရှိခဲ့တဲ့အတွက် လက်ရှိအပစ်ရပ်စဲမှုကို သက်တမ်းတိုးပေးဖို့ မဖြစ်နိုင်ဘူးလို့ အီရန်က ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ "အီရန်ရဲ့ အမြင်အရ အပစ်အခတ်ရပ်စဲရေး စတင်တဲ့ရက်စွဲရယ်လို့ မရှိခဲ့ပါဘူး။ ဒါကြောင့် သက်တမ်းတိုးရမှာမျိုးလည်း မရှိပါဘူး" ဟု အီရန်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ NOM

  • 11 авг.17562из newsofmyanmar

    ပြင်သစ်နိုင်ငံ တူးလူးဇ်မြို့၌ အစ္စလာမ်ဝါဒီတစ်ဦးက ရဲကိုဓားဖြင့် တိုက်ခိုက်မှုဖြစ်ခဲ့ NOM ရဲတပ်ဖွဲ့ဝင်များသည် ရဲကားဖြင့် ကင်းလှည့်နေစဉ် လူတစ်ဦးက ရဲတပ်ဖွဲ့ဝင်များထံ ချဉ်းကပ်လာပြီး စကားပြောဆိုရန် ကြိုးစားခဲ့သည်။ ရဲကားပေါ်ရှိ ရဲတစ်ဦးက ၎င်းနှင့် စကားပြောရန် ကားပြတင်းပေါက်ကို ချလိုက်သည်။ ထိုအချိန်တွင် အဆိုပါလူက အလ္လာဟ်သည်အကြီးမြတ်ဆုံးဟု အော်ဟစ်ကာ ထိုရဲတပ်ဖွဲ့ဝင်၏ လည်ချောင်းကို ဓားဖြင့် အကြိမ်ကြိမ် ထိုးရန် ကြိုးစားခဲ့သည်။ အခြားရဲတပ်ဖွဲ့ဝင်များက ထိုသူကိုဖမ်းရန်ချက်ချင်း ကားပေါ်မှ ဆင်းလာခဲ့ကြသည်။ ထို့နောက် အဆိုပါလူသည် အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးဘက်သို့ လှည့်ကာ ဓားဖြင့် အကြိမ်ကြိမ် ခုတ်/ထိုးခဲ့သည်။ သို့သော် သူမဝတ်ဆင်ထားသည့် ကာကွယ်ရေးအင်္ကျီကြောင့် ထိုဓားချက်များ မထိခိုက်ခဲ့ပေ။ ရဲများက ၎င်း၏ ဓားကို တစ်ကြိမ် ဖယ်ရှားနိုင်ခဲ့သော်လည်း ၎င်းက ချက်ချင်းပင် ဒုတိယဓားတစ်ချောင်းကို ထုတ်ယူခဲ့ပြီး အဆိုပါအမျိုးသမီးရဲ၏လက်မောင်းကို ဒဏ်ရာရစေခဲ့သည်။ ထိုဓားကိုလည်း ရဲများက ထပ်မံဖယ်ရှားနိုင်ခဲ့ပြီးနောက် ၎င်းက တတိယဓားကို ထုတ်ယူရန် ကြိုးစားခဲ့သည်။ နောက်ဆုံးတွင် ရဲတပ်ဖွဲ့က ၎င်းကို အင်အားသုံး၍ ထိန်းချုပ်ကာ ဖမ်းဆီးနိုင်ခဲ့သည်။

  • 9 авг.26852из newsofmyanmar

    ရုရှားဒရုန်းတွေ/ အသေခံဒရုန်းတွေက အကြမ်းဖက် ယူကရိန်းစစ်သားတွေကို ပစ်မှတ်ချိန်ရသွားပြီဆိုရင်တော့ ဇာတ်လမ်းက ပွဲပြီးသွားပါပြီ။ အချို့က ထွက်ပြေး၊ အချို့က ပုန်းအောင်းကြပေမဲ့ နောက်ဆုံးရလဒ်ကတော့ အမြဲတမ်း တူတူပါပဲ။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ရုပ်သံမှတ်တမ်း NOM

  • 9 авг.2625из newsofmyanmar

    နောက်ခံလူမှ ဘောလုံးကို လမ်းပေါ်သို့ ကန်ထုတ်လိုက်ခြင်းကြောင့် မော်တော်ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ဥရုဂွေး ဒုတိယတန်း ဘောလုံးကွင်း၏ ခြံစည်းရိုးများကို ပိုမိုမြင့်မားအောင် ပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။ NOM

  • 9 авг.2085из newsofmyanmar

    ဂျပန်ယန်းငွေတန်ဖိုးကို ကယ်တင်ရန် တိုကျိုနှင့် ဝါရှင်တန်တို့၏ နောက်ဆုံး ကြားဝင်စွက်ဖက်မှု စရိတ်မှာ ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါး ကုန်ကျဖွယ် ရှိနေ ဂျပန်ယန်းငွေတန်ဖိုးသည် သမိုင်းဝင် အနိမ့်ဆုံးစံချိန်ဖြစ်သည့် တစ်ဒေါ်လာလျှင် ၁၆၄ ယန်းအထိ ကျဆင်းခဲ့ရာမှ ပြန်လည်ဦးမော့လာခဲ့ပြီး လက်ရှိတွင် တစ်ဒေါ်လာလျှင် ၁၅၈ ယန်းဝန်းကျင်၌ တည်ငြိမ်လျက်ရှိသည်။ ဂျပန်ဗဟိုဘဏ် (BOJ) တစ်ခုတည်းပင် နှစ်ရက်အတွင်း ဒေါ်လာ ၈၇ ဘီလီယံ ထုတ်သုံးခဲ့ရပြီး ဒါဟာ ယခင် ကြားဝင်စွက်ဖက်ခဲ့ဖူးသည့် ပမာဏများထက် များစွာ ပိုမိုကြီးမားသည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ဒေါ်လာ ၅ ဘီလီယံမှ ၁၀ ဘီလီယံကြား ထည့်ဝင်ကူညီခဲ့သည်။ ဤကြားဝင်စွက်ဖက်မှုတွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဒေါ်လာပိုင်ဆိုင်မှုများအစား ၎င်းတို့၏ ယူရိုပိုင်ဆိုင်မှုများကို ထုတ်သုံးရန် ငြင်းခုံဖွယ်ရာ ဆုံးဖြတ်ခဲ့သည်။ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ယူရိုငွေကြေးများကို ရောင်းချခဲ့ခြင်းကြောင့် ဥရောပနိုင်ငံမြို့တော်များအကြား ပြင်းထန်သော သတိပေးခေါင်းလောင်းသံများ ထွက်ပေါ်လာခဲ့သည်။ ဤလုပ်ရပ်သည် ဒေါ်နယ်ထရန့် အစိုးရအဖွဲ့အပေါ် ဥရောပသမဂ္ဂ (EU) ၏ မကျေနပ်ချက်များစွာထဲသို့ ထပ်မံဖြည့်စွက်လိုက်သလို ဖြစ်သွားပြီး အနာဂတ်အငြင်းပွားမှုတစ်ခုခုတွင် EU ဘက်က အမေရိကန် ပိုင်ဆိုင်မှုများကို အလုံးအရင်း ထုတ်ရောင်းပစ်သည့် အစွန်းရောက် နည်းလမ်း (nuclear option) ကို သုံးလာနိုင်ခြေ ပိုမိုမြင့်တက်သွားစေနိုင်သည်။ အီရန်စစ်ပွဲ စတင်ချိန်မှစ၍ ၁၀ နှစ်သက်တမ်းရှိ အစိုးရစာချုပ် အကျိုးအမြတ်နှုန်းမှာ အခြေခံအမှတ် ၈၀ နီးပါး မြင့်တက်လာခဲ့သဖြင့် ဒေါ်လာနှင့် အမေရိကန် စာချုပ်ဈေးကွက်မှာ ပြင်းထန်သော ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ဤကြားဝင်စွက်ဖက်မှုအတွက် မတည်ငွေထုတ်ယူရာတွင် ဝါရှင်တန်အနေဖြင့် ယူရိုအစား ဒေါ်လာကိုသာ သုံးစွဲခဲ့ပါက စာချုပ်ဈေးကွက်ပေါ်၌ အရောင်းဖိအားများကို ပိုမိုသက်ရောက်စေမည် ဖြစ်သည်။ NOM

  • 9 авг.1865из newsofmyanmar

    ရုရှားတပ်မတော်သည် ယူကရိန်းနိုင်ငံ ခါကော့ဗ် (Kharkov) ဒေသရှိ ဒရုန်းများ၊ ဒရုန်းအစိတ်အပိုင်းများနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေး (EW) ပစ္စည်းများ သိုလှောင်ထားသော အကြမ်းဖက် ယူကရိန်းစစ်တပ်​၏ စက်ရုံ/ဂိုဒေါင်များကို "Geran" ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ NOM