NELC-Nelson English Language Centre
Статистика- Последний пост
- 14 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 11
- Всего постов
- 62
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 27
- 1/48двое суток
- 30
- 1/72трое суток
- 33
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
𝐌𝐞𝐞𝐭 𝐎𝐮𝐫 𝐓𝐞𝐚𝐜𝐡𝐢𝐧𝐠 𝐒𝐮𝐩𝐞𝐫𝐯𝐢𝐬𝐨𝐫, 𝐓𝐫. 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐇𝐧𝐢𝐧 🎓 NELC ရဲ့ သင်ကြားရေးစံနှုန်းများကို ပိုမိုမြင့်မားလာစေပြီး ကျောင်းသား၊ ကျောင်းသူတိုင်းရဲ့ ဗီဇစွမ်းရည်များကို အကောင်းဆုံး စနစ်တကျ ပြုစုပျိုးထောင်ပေးနေသူ NELC North Okkalapa Branch ရဲ့ Teaching Supervisor - Tr. Thitsar Hnin နဲ့ မိတ်ဆက်ပေးပါရစေရှင်။ ✨ 🏆 B.A (English) ဘွဲ့ရရှိထားသူ Tr. Thitsar Hnin သည် NELC ၌ လုပ်သက် (၁၅) နှစ်တိုင်တိုင် အတွေ့အကြုံ ရင့်ကျက်စွာ တာဝန်ထမ်းဆောင်လျက်ရှိပြီး လက်ရှိတွင် Preschool နှင့် Young Learners အတန်းများ၏ သင်ကြားရေးကို အဓိက တာဝန်ယူပေးထားသူ ဖြစ်ပါတယ်။ 🎓 Educational Background & Certifications ⭐️ B.A (English) ⭐️ Diploma in ECCD (YUOE) ⭐️ Diploma in ELTM (YUOE) ⭐️ Certificate in TESOL ⭐️ TKT (YL) Band 4 ⭐️ NELC English Levels ⭐️ Special Skills & Expertise (Good Communication, Teamwork) "Tr. Thitsar Hnin ရဲ့ သင်ကြားရေးအပေါ် ခံယူချက်ကတော့ — “ကလေးတိုင်းဟာ လုံခြုံစိတ်ချရပြီး လေးစားမှု၊ အားပေးကူညီမှုတွေ ရရှိတဲ့ ပတ်ဝန်းကျင်မှာ သင်ယူခွင့်ရရင် ပိုမိုတိုးတက်နိုင်ပါတယ်” ဆိုတဲ့ ယုံကြည်ချက်ပဲ ဖြစ်ပါတယ်။ ဒီခံယူချက်နဲ့အညီ ကျောင်းသား၊ ကျောင်းသူလေးတွေ သင်ယူရတာကို ပျော်ရွှင်စွာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ မေးမြန်းစူးစမ်းနိုင်မယ့် အပြုသဘောဆောင်တဲ့ စာသင်ခန်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာအောင် အမြဲကြိုးစားပေးလျက်ရှိပါတယ်။ 💡 Teaching Supervisor တစ်ဦးအနေနဲ့ Tr. Thitsar Hnin ဟာ ကျောင်းသား၊ ကျောင်းသူလေးတွေအတွက် စိတ်အေးချမ်းသာစွာ သင်ယူနိုင်မယ့် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေဖို့ အထူးအလေးထား ဆောင်ရွက်ပေးနေပါတယ်။ အရည်အသွေးပြည့်မီတဲ့ သင်ကြားရေးစနစ်တွေ ဖြစ်ပေါ်လာစေဖို့ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ ပံ့ပိုးပေးခြင်း၊ သားသားမီးမီးတို့ရဲ့ သင်ယူတိုးတက်မှုကို အမြဲမပြတ် လေ့လာစောင့်ကြည့်ပေးခြင်းနဲ့ မိဘများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့မှတစ်ဆင့် ကလေးတို့ရဲ့ အနာဂတ်အတွက် အကောင်းဆုံး ဝန်းရံပေးလျက်ရှိပါတယ်။ NELC ရဲ့ Vision & Mission တွေကို အကောင်အထည်ဖော်ရာမှာလည်း စံနမူနာကောင်းတစ်ဦးအဖြစ် ရပ်တည်ပေးခြင်း၊ Teamwork ကို အားပေးမြှင့်တင်ခြင်းနဲ့ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေကို အချိန်မီ ပံ့ပိုးပေးခြင်းတို့နဲ့ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားရေးလုပ်ငန်းစဉ်တွေကို အကောင်းဆုံး ပံ့ပိုးပေးလျက်ရှိပါတယ်။ ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ တိုးတက်မှုကို အမြဲမပြတ် စောင့်ကြည့်ပေးပြီး အပြုသဘောဆောင်တဲ့ Feedback တွေ၊ အသိအမှတ်ပြုမှုတွေနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ပိုမိုမြင့်မားလာအောင် အားပေးပံ့ပိုးပေးလျက်ရှိပါတယ်။ 🌟 အချင်းချင်း အမြဲဖေးမကူညီပေးကြတဲ့ ရင်းနှီးနွေးထွေးမှု၊ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြတဲ့ Teamwork ကောင်းကောင်းတို့ကြောင့် NELC မှာ စိတ်အေးချမ်းစွာနဲ့ ပျော်ပျော်ရွှင်ရွှင် တာဝန်ထမ်းဆောင်နေရတာပဲ ဖြစ်ပါတယ်ရှင်။ 🤝💐 🏆 Tr. Thitsar Hnin ဟာ ကျောင်းသား၊ ကျောင်းသူလေးတွေအတွက် ခွန်အားဖြစ်စေဖို့ - "အောင်မြင်မှုဆိုတာ အမှတ်စာရင်း တစ်ခုတည်းနဲ့ တိုင်းတာတာ မဟုတ်ဘဲ သားတို့သမီးတို့ရဲ့ ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လ၊ ကြင်နာတတ်မှုနဲ့ ပိုမိုတိုးတက်ချင်တဲ့ စိတ်ဓာတ်တွေနဲ့လည်း တိုင်းတာတာ ဖြစ်ပါတယ်။ အမှားတိုင်းဟာ သင်ယူဖို့ အခွင့်အလမ်းတစ်ခုဖြစ်ပြီး စိန်ခေါ်မှုတိုင်းက သားတို့သမီးတို့ရဲ့ စွမ်းရည်ကို ပိုမိုခိုင်မာစေပါတယ်။ မိမိစွမ်းဆောင်ရည်ကို ယုံကြည်ပါ၊ ကြိုးစားပါ၊ စူးစမ်းလိုစိတ်ရှိပါ၊ အိပ်မက်တွေကို ဘယ်တော့မှ လက်မလျှော့ပါနဲ့" ဆိုပြီး အမြဲတမ်း အားပေးစကား ပြောကြားလေ့ရှိပါတယ်ရှင်။ "သားသားမီးမီးတို့ရဲ့ အနာဂတ်လမ်းကြောင်း လှပဖို့ဆိုရင် မိဘနဲ့ ကျောင်းကြားက ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုက အဓိကပါပဲ။ ကလေးတွေရဲ့ ဘက်စုံတိုးတက်ဖွံ့ဖြိုးမှု (Optimal Development) အတွက် ဖေဖေ၊ မေမေတို့နဲ့အတူ လက်တွဲပြီး အကောင်းဆုံး ပံ့ပိုးကူညီပေးသွားမယ်" ဆိုပြီးတော့လည်း ရင်းနှီးစွာ သတင်းစကားပါးထားပါတယ်ရှင်။ 🤝 🌐 Website: www.nelc-centres.com ================ #NELC #NelsonEnglishLanguageCentre #NELCNorthOkkalapaBranch #TeachingSupervisor #TrThitsarHnin #TeacherProfile #MeetOurEducator #PreschoolAndYoungLearners #EducationMyanmar #EnglishLanguageLearning
без подписи
𝐄𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐭𝐡𝐞 𝐍𝐞𝐱𝐭 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐰𝐢𝐭𝐡 𝐚 𝐘𝐨𝐮𝐭𝐡 𝐓𝐚𝐥𝐞𝐧𝐭 𝐒𝐡𝐨𝐰𝐜𝐚𝐬𝐞 𝐚𝐭 𝐍𝐄𝐋𝐂 𝐓𝐚𝐦𝐰𝐞 🏆 International Youth Day ကို ကြိုဆိုသောအားဖြင့် NELC Tamwe Branch မှ ကျောင်းသား၊ ကျောင်းသူလေးများရဲ့ ဝါသနာနှင့် Talent များကို မေးမြန်းမျှဝေပေးခဲ့တဲ့ အစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ 🎨✨ ကျောင်းသား၊ ကျောင်းသူလေးတွေဟာ စာပေသင်ယူရုံတင်မကဘဲ ရောင်စုံပန်းချီကားလေးတွေ ရေးဆွဲရတာ ဝါသနာပါသူများ၊ သီချင်းဆိုခြင်း၊ ကကွက်ဆန်းလေးတွေနဲ့ တီးမှုတ်ဖျော်ဖြေရတာ နှစ်သက်သူများ၊ အားကစားနဲ့ လှုပ်ရှားမှုအသစ်တွေကို စိန်ခေါ်ယှဉ်ပြိုင်ချင်သူများ၊ အင်္ဂလိပ်စာစကားပြောနဲ့ သတ္တိရှိရှိ ထုတ်ဖော်ပြောဆိုရတာကို ဝါသနာပါသူများဆိုပြီး မိမိတို့ရဲ့ ဝှက်ထားတဲ့ Talent လေးတွေကို တက်ကြွစွာ ပြသခဲ့ကြပါတယ်။ ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်ရုံတင်မကဘဲ သူတို့ရဲ့ ဝါသနာ၊ ယုံကြည်ချက်နဲ့ စွမ်းရည်များကို သတ္တိရှိရှိ ထုတ်ဖော်ပြသနိုင်အောင် NELC မှ အမြဲမပြတ် ဝန်းရံ ပံ့ပိုးပေးလျက် ရှိပါတယ်ရှင်။ 💙 ပျော်ရွှင်ဖွယ် Talent ပြသမှု ပုံရိပ်များနှင့် ဗီဒီယိုလေးများကို ကြည့်ရှုရင်း သူတို့လေးတွေရဲ့ အနာဂတ်လမ်းကြောင်းအတွက် အတူတကွ ဂုဏ်ပြုပေးလိုက်ကြရအောင်ပါရှင်။ 👇 https://www.facebook.com/share/v/1Bxh3sWXa5/ ==================== 📍 NELC Tamwe Branch 🏫 အမှတ် (၁၄၄)၊ လေးထောင့်ကန်လမ်းမ၊ တာမွေလေးရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ ☎️ Phone: 09 760450406 (Viber) / 09 264938670 / 09 264939628 🌐 Website: www.nelc-centres.com #NELC #NELCTamweBranch #InternationalYouthDay #YouthTalentShowcase #EmpowerTheNextGen #YouthDay #KidsTalent #EnglishForKids #InteractiveLearning
без подписи
𝐍𝐄𝐋𝐂 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡 ရဲ့ 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 𝐐𝐮𝐢𝐳 𝐁𝐨𝐰𝐥 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 ပုံရိပ်များ 🏆 📚 NELC Yankin Branch ရဲ့ Foundation 4A မှ Step Up 2A အထိ ကျောင်းသား၊ ကျောင်းသူလေးတွေ တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ "Vocabulary Quiz Bowl Activity" လေးရဲ့ ပျော်ရွှင်ဖွယ် ရလဒ်များနှင့် အမှတ်တရ ပုံရိပ်လေးများကို မျှဝေတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ ဒီ Vocabulary Quiz Bowl Activity လေးဟာဆိုရင် ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ အင်္ဂလိပ်စာ Vocabulary ကြွယ်ဝမှု၊ လျင်မြန်စွာ စဉ်းစားတွေးခေါ်နိုင်မှုနဲ့ အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ် တွေကို ပိုမိုတိုးတက်စေဖို့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ 💡 ကျောင်းသား၊ ကျောင်းသူလေးတွေ အချင်းချင်း အပြန်အလှန် ယှဉ်ပြိုင်ရင်း ဝေါဟာရအသစ်များကို ပျော်ရွှင်စွာ မှတ်မိလေ့ကျင့်ခွင့်ရခဲ့ကြပြီး သင်ခန်းစာအပေါ် ပိုမိုစိတ်ဝင်စားမှု တိုးပွားစေခဲ့ပါတယ်ရှင်။ https://www.facebook.com/share/v/1cGz9indGn/ ====================== 📍 NELC Yankin Branch: 🏫 အမှတ် (၂၇)၊ ဓမ္မာရုံလမ်း၊ ကံဘဲ့ (၁၃) ရပ်ကွက်၊ မိုးကောင်းဘုရားအနီး၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။ ☎️ Phone: 09-442648588, 09-442 648 599 (Viber), 09 944460022 (Call Only) 🌐 Website: www.nelc-centres.com #NELC #NELCYankinBranch #VocabularyQuizBowl #StudentActivity #Foundation4A #StepUp2A #EnglishVocabulary
без подписи
🌧 𝐑𝐚𝐢𝐧𝐲 𝐒𝐞𝐚𝐬𝐨𝐧 𝐐𝐮𝐢𝐳 𝐓𝐢𝐦𝐞! ☔️ ဒီလို မိုးရာသီမှာ မကြာခဏ ကြုံတွေ့ရလေ့ရှိတဲ့ သဘာဝဘေးအန္တရာယ် အသုံးအနှုန်းလေးကို လေ့လာရင်း Quiz လေး ဖြေကြည့်ကြရအောင်ပါရှင်။ ✨ 👉 ဒီလို မိုးရာသီမှာ ရေကြီး ရေလျှံမှုတွေကို အင်္ဂလိပ်လို .................. လို့ ခေါ်ပါတယ်။ (A) Flud (B) Flood (C) Flode (D) Floode အဖြေမှန် ဘာဖြစ်မလဲဆိုတာကို Comment မှာ ဝင်ရောက်ဖြေဆိုခဲ့ကြပါဦးနော် 👇💙 https://www.facebook.com/share/p/1BuyzZxD8Y/ #QuizTime #EnglishVocabulary #RainySeason #VocabularyQuiz #LearnEnglish #DailyEnglish
𝐍𝐄𝐋𝐂 ကျောင်းသားလေး 𝐌𝐠 𝐌𝐲𝐚𝐭 𝐓𝐡𝐮 𝐓𝐮𝐧 ရဲ့ သင်ယူမှု အတွေ့အကြုံနှင့် ရင်ဖွင့်သံ 🎓✨ NELC တွင် YLE PET Foundation နှင့် Young Learners English 4 Skills အတန်းများကို တက်ရောက်နေသော ကျောင်းသားလေး Mg Myat Thu Tun က NELC ကို စတင်တက်ရောက်ဖြစ်ခဲ့သည့် အကြောင်းရင်းမှစ၍ ယနေ့အချိန်အထိ ရရှိခဲ့သည့် သင်ယူမှုအတွေ့အကြုံများ၊ အမှတ်တရများနှင့် English ဘာသာစကားအပေါ် သူ့ရဲ့အမြင်လေးတွေကို အခုလိုမျှဝေပေးထားပါတယ်။ 💬 ငယ်ငယ်က အိမ်နီးချင်းတစ်ယောက် NELC မှာ တက်နေတာကို တွေ့မိရာကနေ Facebook မှာ NELC အကြောင်း ရှာဖွေလေ့လာဖြစ်ခဲ့ပါတယ်။ Review တွေလည်း ကောင်းတာကြောင့် စိတ်ဝင်စားပြီး NELC မှာ စတင်တက်ရောက်ဖြစ်ခဲ့တာပါ။ NELC မှာ စတင်သင်ယူပြီးနောက် ရရှိခဲ့တဲ့ အတွေ့အကြုံကို ပြောရမယ်ဆိုရင် ကျွန်တော် တက်ဖူးသမျှ သင်တန်းတွေထဲမှာ အကောင်းဆုံးအတွေ့အကြုံတွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် ကျောင်းက Main Teacher ဆရာ၊ ဆရာမတွေက သင်ခန်းစာတွေကို နားလည်လွယ်အောင် စနစ်တကျ ရှင်းပြပေးကြသလို Assistant Teacher တွေကလည်း ကျွန်တော်တို့ကို အနီးကပ်ဂရုစိုက်ပြီး လိုအပ်တာတွေကို ကူညီပေးကြပါတယ်။ 👨🏫 📚 ဒါ့အပြင် NELC မှာ အကြိုက်ဆုံးကတော့ Library ပါ။ စာအုပ်အမျိုးအစားတွေကလည်း စုံလင်ပြီး ကိုယ်စိတ်ဝင်စားတဲ့ စာအုပ်တွေကို ရွေးချယ်ဖတ်ရှုနိုင်တာကြောင့် သဘောကျပါတယ်။ အဲဒီအပြင် Classroom Activities တွေကလည်း စိတ်ဝင်စားစရာကောင်းပြီး သင်ခန်းစာတွေကို ပိုမိုပျော်ရွှင်စွာ သင်ယူနိုင်အောင် အထောက်အကူပြုပါတယ်။ တစ်ခါတလေ Physical Movement လို ကိုယ်လက်လှုပ်ရှားမှုတွေကိုပါ ထည့်သွင်းပေးတာကြောင့် စာသင်ခန်းထဲမှာ အချိန်ကြာကြာထိုင်ပြီး စာသင်နေရတဲ့ပုံစံမျိုး မဖြစ်ဘဲ ပိုမိုတက်ကြွစွာ သင်ယူနိုင်ပါတယ်။အဲဒီလို Activities တွေမှာ ကိုယ်တိုင်မပါဝင်ချင်တဲ့အချိန်မျိုး ရှိခဲ့ရင်လည်း ကိုယ့်အမြင်နဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်တာကလည်း NELC ရဲ့ သဘောကျစရာအချက်တစ်ခုလို့ ခံစားရပါတယ်။ ဒီလို သင်ယူမှုအတွေ့အကြုံတွေကနေတစ်ဆင့် ကျွန်တော့်ရဲ့ English 4 Skills ဖြစ်တဲ့ Reading, Writing, Listening နဲ့ Speaking စွမ်းရည်တွေမှာလည်း သိသိသာသာ တိုးတက်လာတယ်လို့ ခံစားရပါတယ်။ ဆရာ၊ ဆရာမတွေက ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေကို အနီးကပ်လေ့လာပြီး လိုအပ်တဲ့နေရာတွေမှာ အကြံပြုချက်တွေပေးသလို 4 Skills လုံး ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ Activities အမျိုးမျိုးနဲ့လည်း လေ့ကျင့်ပေးကြပါတယ်။ ✨ထို့အပြင် NELC ရဲ့ သင်ကြားပေးတဲ့ပုံစံက တခြားနေရာတွေနဲ့မတူဘဲ Unique ဖြစ်တယ်လို့လည်း ခံစားရပါတယ်။ Course Fee အနေနဲ့လည်း အရမ်းမများဘဲ သင့်တင့်တဲ့အတွက် ကိုယ်တက်ရောက်နေတဲ့အတန်းနဲ့ တန်တယ်လို့ ခံစားရပြီး သင်တန်းအပေါ်မှာလည်း ကျေနပ်မှုရှိပါတယ်။ အားလုံးကိုခြုံပြီး ပြောရမယ်ဆိုရင်တော့ သင်ယူမှု၊ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားပေးမှုနဲ့ Classroom Experience အားလုံးက အဆင်ပြေပါတယ်။ အဲဒီ Classroom Experience တွေထဲမှာတော့ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံးအချိန်က သင်တန်းရဲ့ နောက်ဆုံးနေ့ပဲ ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးတဲ့နေ့မှာ သူငယ်ချင်းတွေအားလုံး စုပြီး Snack Party လေးလုပ်ကြတာ၊ ပျော်စရာ Activities တွေကို အတူတူလုပ်ကြတာတွေအပြင် ဆရာ၊ ဆရာမတွေနဲ့ နှုတ်ဆက်ခဲ့ရတဲ့အချိန်တွေကလည်း အခုထိ မမေ့နိုင်တဲ့ အမှတ်တရကောင်းတွေ ပါပဲ။ ✨နောက်ဆုံးအနေနဲ့ အခုမှ English စာကို စတင်လေ့လာမယ့်သူတွေအတွက်လည်း အကြံပြုချင်ပါတယ်။ English Language က ကိုယ့်ရဲ့ မိခင်ဘာသာစကားမဟုတ်တဲ့အတွက် အစပိုင်းမှာ Vocabulary တွေ၊ Grammar Patterns တွေကို နားလည်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် လုံးဝစိတ်မပူသင့်ပါဘူး။ ဆက်လက်လေ့လာပြီး ပုံမှန်အသုံးပြုသွားမယ်ဆိုရင် လအနည်းငယ်အတွင်းမှာ တဖြည်းဖြည်း ရင်းနှီးလာပြီး ပိုမိုလွယ်ကူလာမှာပါ။ အရေးကြီးဆုံးကတော့ English လို ပြောတဲ့အခါ မကြောက်ဖို့ပါပဲ။ အမှားလုပ်မိမှာကို စိုးရိမ်ပြီး မပြောဘဲနေမယ့်အစား ရဲရဲဝံ့ဝံ့ ပြောကြည့်ဖို့လိုပါတယ်။ ဒါကြောင့် NELC မှာ အမြဲပြောနေကျ စကားလေးတစ်ခွန်းဖြစ်တဲ့ — “Don’t Worry, Just Speak!” ဆိုတဲ့စကားလေးအတိုင်း English ကို ယုံကြည်မှုရှိရှိနဲ့ ဆက်လက်လေ့လာကြဖို့ တိုက်တွန်းချင်ပါတယ်။ ======================== 🌐 Website: www.nelc-centres.com #NELC #NelsonEnglishLanguageCentre #StudentTestimonial #StudentVoice #English4Skills #YLEPETFoundation #YoungLearners #LearnEnglish #DontWorryJustSpeak #EducationMyanmar
без подписи
𝐍𝐄𝐋𝐂 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡 တွင် ဖွင့်လှစ်ပေးသွားမည့် 𝐀𝐝𝐮𝐥𝐭 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐯𝐞 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝟒 𝐒𝐤𝐢𝐥𝐥𝐬 (𝐎𝐧𝐬𝐢𝐭𝐞 𝐂𝐥𝐚𝐬𝐬)💡 📅 August Intake Open! ၂၁ ရာစုမှာ ကိုယ်စီ Skills တွေ ပိုင်ဆိုင်နေကြပြီဖြစ်ပေမဲ့ သင့်မှာရော ဘယ်လို Skills တွေ ပိုင်ဆိုင်ထားပြီးပြီလဲ? 🤔 မိမိတို့မှာရှိတဲ့ ကိုယ်ပိုင်အရည်အချင်းများကို အသုံးပြုပြီး နိုင်ငံတကာနဲ့ ချိတ်ဆက် ပူးတွဲလုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေကို လက်မလွှတ်ရအောင် Global Language တစ်ခုဖြစ်တဲ့ English စာ ဘာသာစကားကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်ထားရဲ့လား? 🌍 ကျောင်းပညာရေးမှာပဲဖြစ်ဖြစ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်မြင့်မားရေးမှာပဲဖြစ်ဖြစ် အဓိက အရေးပါဆုံးနေရာက ပါဝင်နေတာတော့ English ဘာသာစကားပဲ ဖြစ်ပါတယ်။ 📈 ယခုချိန်ထိ နေ့စဉ်သုံး စကားလုံးများဖြင့် တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံပြောဆိုကြတဲ့အခါ - ❌ ကိုယ်ပြောချင်တဲ့ စကားအဓိပ္ပာယ်ကို သေချာ မပြောနိုင်ခြင်း ❌ သူတစ်ပါးပြောတာကို နားလည်နေပါလျက်နဲ့ ကိုယ်တိုင် ဘာပြန်ပြောရမည် မသိခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရဆဲဆိုရင်တော့ အခွင့်အလမ်းကောင်းတွေအတွက် နောက်ကျကျန်ရစ်ခဲ့ဦးမှာပါ။ ကျောင်းပညာရေးအတွက်ပဲဖြစ်ဖြစ်၊ ရာထူးတိုးတက်ရေး အလုပ်အကိုင် အခွင့်အလမ်းများအတွက်ပဲဖြစ်ဖြစ် သင့်ရဲ့ English Skills ကို မြှင့်တင်ချင်တယ်ဆိုရင်တော့ အခြေခံ နေ့စဉ်သုံး စကားလုံးများမှစ၍ Communication ပြုလုပ်သည့်အခါ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်စေမည့် Adult Communicative English 4 Skills အတန်းလေးကို August Intake အတွက် NELC Mandalay Branch တွင် တက်ရောက်နိုင်ပါပြီရှင်။ ⭐️ ဒီအတန်းလေးမှာတော့ - ✨ Individual Presentation ✨ Group Project ✨ Debate စသည့် Activity လေးများစွာ ပါဝင်တာကြောင့် လူအများရှေ့ စကားပြောဆိုရာမှာ မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝ တိုးတက်လာစေမှာ ဖြစ်ပါတယ်။ "လူဦးရေ အကန့်အသတ်နဲ့ စည်းစနစ်ကျနစွာ သင်ကြားပေးတာမို့လို့ စိတ်ချလက်ချ တက်ရောက်နိုင်ဖို့ အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ လိုပါမယ်နော်။ ⏱️ 🎓 Class Information ✔️ Level: Intro (Onsite) ✔️ Class Teacher: Tr. Mya Kay Khaing ✔️ Time: 7:00 AM - 8:30 AM (Mon to Thu) ✔️ Start Date: 17-Aug-2026 ✔️ End Date: 1-Dec-2026 💰 Fees: ✔️ Course Fee: 180,000/- ✔️ Material Fee: 50,000/- ✔️ Registration Fee: 10,000/- ======================== 📍 NELC Mandalay Branch 🏫 ဦးပိုင်အမှတ် (၃+၄+၅)၊ အကွက်အမှတ် (မ-၆၁/၂)၊ ၅၆ လမ်း၊ ၃၇ (ဘီ) လမ်းထောင့်၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။ ☎️ 09 770109392 / 09 754754616 / 09 770066350 🌐 Website: www.nelc-centres.com #NELCMandalay #AdultCommunicativeEnglish #English4Skills #AugustIntake #LanguageLearning #NELCMyanmar #CommunicativeEnglish #ImproveYourEnglish
без подписи
အင်္ဂလိပ်စကားပြောမှာ မူလအဓိပ္ပာယ် (Literal) ထက် အသုံးများတဲ့ Slang/Idiom အဓိပ္ပာယ်လေးတွေ ပြောင်းသွားပြီး သုံးကြတဲ့ အသုံးဝင်လှတဲ့ စကားလုံး (၄) ခုကို မျှဝေပေးလိုက်ပါတယ်ရှင်။ 💡✨ 💬 ဒီ Slang လေးတွေထဲက ဘယ်တစ်ခုကို အကြိုက်ဆုံးဖြစ်မလဲ Comment မှာ ဖြေခဲ့ကြပါဦးနော်... ✨ https://www.facebook.com/share/p/1H3CDWZDXa/ #NELC #NelsonEnglishLanguageCentre #KnowledgeSharing #Slang #Idiom
без подписи
без подписи
без подписи
без подписи
📚 ကျောင်းမှာ သင်ခဲ့တာကို ဒီနေ့ပဲ ပြန်လေ့ကျင့်ပြီး စာကို အမှီလိုက်ချင်လား? KG မှ Grade 9 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် NELC Tachileik Branch 2 တွင် Evening Guide Class ကို ဖွင့်လှစ်ပေးလိုက်ပါပြီ။ ✨ Private School ပဲဖြစ်ဖြစ်၊ အစိုးရကျောင်းပဲဖြစ်ဖြစ်… ဖေဖေ၊ မေမေတို့အနေနဲ့ ကလေးရဲ့ 📖 ကျောင်းစာ မလိုက်နိုင်မှာ၊ 📝 Homework တွေ မပြီးနိုင်မှာ၊ 📚 သင်ခန်းစာတွေကို သေချာနားမလည်သေးမှာ၊ 📑 Unit Test နဲ့ Final Exam တွေမှာ အမှတ်လျော့မှာ၊ ⏰ အိမ်မှာ စာပြန်လုပ်ဖို့ အချိန်မရှိတာ၊ လမ်းညွှန်ပေးမယ့်သူ မရှိတာ စတဲ့ စိုးရိမ်ပူပန်မှုတွေကို NELC Evening Guide Class က အတူဖြေရှင်းပေးမှာပါ။ 💙 ⭐️ တစ်နေ့ ၂ နာရီပဲ တက်ရောက်ရုံနဲ့... ✅ ကျောင်းမှာ သင်ခဲ့တဲ့ သင်ခန်းစာတွေကို ချက်ချင်း ပြန်လည်လေ့ကျင့်နိုင်မယ်။ ✅ Homework နဲ့ Assignment တွေကို ဆရာ၊ ဆရာမများရဲ့ လမ်းညွှန်မှုနဲ့ စနစ်တကျ ပြီးမြောက်စေနိုင်မယ်။ ✅ နားမလည်သေးတဲ့ သင်ခန်းစာတွေကို ထပ်မံရှင်းလင်း သင်ကြားပေးမယ်။ ✅ အတန်းတွင်း စာလိုက်နိုင်အောင် အခြေခံမှစပြီး နားလည်အောင် လေ့ကျင့်ပေးမယ်။ ✅ Unit Test၊ Monthly Test နဲ့ Final Exam မတိုင်ခင် ကြိုတင်လေ့ကျင့်ပေးပြီး ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်အောင် ပြင်ဆင်ပေးမယ်။ ✅ နေ့စဉ် ပုံမှန်စာလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရရှိစေပြီး သင်ယူမှုကို စဉ်ဆက်မပြတ် တိုးတက်စေမယ်။ 💙 ကလေးတွေ စာကို နေ့စဉ်ပုံမှန် ပြန်လေ့ကျင့်တဲ့ အလေ့အကျင့် ရလာတာကြောင့် စာမေးပွဲနီးမှ အလောတကြီး ကျက်ရတဲ့ ဖိအားကိုလည်း လျော့နည်းစေပါတယ်။ ဒါကြောင့် ဖေဖေ၊ မေမေတို့အနေနဲ့ ကလေးရဲ့ နေ့စဉ်ကျောင်းစာ၊ Homework နဲ့ စာမေးပွဲအတွက် အလွန်အမင်း စိုးရိမ်နေစရာ မလိုတော့ပါဘူး။ NELC မှ အတွေ့အကြုံရှိ ဆရာ၊ ဆရာမများက စနစ်တကျ လမ်းညွှန်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 🌟 🕓 Class Time (2 Hours Only) 📅 Sunday to Friday 🕓 4:00 PM – 6:00 PM 🌙 7:30 PM – 9:30 PM 📩 အသေးစိတ်အချက်အလက်များနှင့် အတန်းအပ်နှံလိုပါက Page Messenger (သို့) ဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ━━━━━━━━━━━━━━━ 📍 NELC Tachileik Branch 2 🏫 အာခါစျေးလမ်း၊ လမ်းသွယ် (၇) လမ်း၊ အိမ်အမှတ် ဝက(ခ)-၁၀၂၊ ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့။ ☎️ 09 699 343 319 #NELC #NELCTachileik #NELCTachileikBranch2 #EveningGuideClass #GuideClass #KGtoGrade9 #PrivateSchool #GovernmentSchool #HomeworkSupport #ExamPreparation #AfterSchoolLearning #StudentSuccess #LearnTodayReviewToday #QualityEducation #EnglishAndAcademicSupport
без подписи