tgindex
Palaw_Education For Public

Palaw_Education For Public

Статистика

Education Is Politics Education For All Education Is Freedom

Последний пост
13 окт. 2025 г.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
13
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
274
мало замеров
Замеров пока мало
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
826
13 постов
Вовлечённость
301,5%
к подписчикам
Постов в день
0,0
всего 13
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ကိုရီးယား၌ ကြမ်းတမ်းစွာပြောသဖြင့် အမှုဖြစ်သည့်နိုင်ငံခြားသားများတွင် မြန်မာ အနည်းဆုံး DVB တောင်ကိုရီးယားမှာ နိုင်ငံသားအချင်းချင်း ကြမ်းတမ်းစွာ စကားပြောဆိုလို့ အမှုအခင်းဖြစ်ရတဲ့ နိုင်ငံခြားသားတွေထဲမှာ  မြန်မာနိုင်ငံသားတွေက အရေအတွက် အနည်းဆုံးဖြစ်တယ်လို့  ကိုးရီးယား ရဲဌာနချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တောင်ကိုရီးယားမှာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ သြဂုတ်လအထိ နိုင်ငံခြားသားအချင်းချင်း ကြမ်းတမ်းစွာစကားပြောဆိုတာ၊ ဂုဏ်သိက္ခာကျဆင်းအောင်ပြုမူတာကြောင့်ဖြစ်ရတဲ့ အမှုတွေနဲ့ ပတ်သက်လို့ ရဲဌာနချုပ်ကိုကိုးကားပြီး အောက်တိုဘာ ၁၀ ရက်မှာ ကိုရီးယားသတင်းဌာနတွေက ဖော်ပြပါတယ်။ #DVB #ကိုရီးယား #မြန်မာ

  • ကမ္ဘာ့စိတ်ကျန်းမာရေးနေ့  (World Mental Health Day)  အောက်တိုဘာလ ၁၀၊ ၂၀၂၅  @palawBOEdu ဒီနေ့က ကျွန်တော်တို့ အချိန်တော်ကြာ ဂရုစိုက်ပေးဖို့မေ့လျော့ခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကအသက်နဲ့အမျှအရေးကြီးတယ်ဆိုတာကို လူတိုင်းသတိထားနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဖြစ်ပါတယ်။  ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကိုသတ်မှတ်ရတဲ့ အဓိကအကြောင်းရင်းကတော့ လူအများအတွက် အခက်ခဲဆုံးအခြေနေတွေ COVID-19 crisis လိုမျိုးအချိန်နဲ့ ကျွန်တော်တို့မြန်မာမှာဆိုရင်တော့ အခုလိုအချိန်ကာလမျိုးမှာ စိတ်ပိုင်းဆိုင်ရာနဲ့သက်ဆိုင်တဲ့ အသိပညာတွေရှိနေစေဖို့နဲ့ တစ်ဦးကိုတစ်ဦးထောက်ပံ့ကူညီပေးနိုင်ဖို့ အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်။  research တွေအရ ကမ္ဘာမှာ လူသုံးယောက်မှာ တစ်ယောက်နှုန်းက စိတ်ပိုင်းဆိုင်ရာအခက်ခဲနဲ့ကြုံနေရပြီး၊ လူနှစ်ဆယ်မှာ တစ်ယောက်ကတော့ ဆိုးရွားတဲ့အခြေနေကိုကြုံနေရပါတယ်။ ကျွန်တော်တို့လို နိုင်ငံရေးအရစိတ်လုံခြုံမှုမရှိသလို၊ အဖက်ဖက်ကကျဆင်းနေတဲ့နိုင်ငံငယ်တစ်ခုအနေနဲ့ စိတ်ကျန်းမာရေးဆိုတာကို အရေးပေးဖြေရှင်းနေဖို့တောင် အချိန်မရနိုင်ကြတာကတော့ လက်ရှိအခြေနေပါ။ ဒီနှစ် ၂၀၂၅ ရဲ့ World Mental Health Day theme ကတော့ “Access to Services: Mental Health in Catastrophes and Emergencies” ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်၊ စစ်ဘေးအန္တရာယ်၊ ပြဿနာအမျိုးမျိုးတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသူများအတွက် စိတ်ရော၊ ကိုယ်ပါ ကျန်းမာရေးအတွက် အချိန်မရွေးအထောက်ပံ့အကူညီရရှိစေရေးအတွက်ရည်ရွယ်ပါတယ်။  ကျွန်တော်တို့နိုင်ငံမှာဆိုလည်း စိတ်ဒဏ်ရာ၊ စိတ်ပင်ပန်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကအတော်လေးများလာပြီး (အသက်ရွယ်မရွေး) စိတ်မလုံခြုံမှုတွေကို အဆိုးဆုံးခံစားနေကြရပါတယ်။ စိတ်ပိုင်းဆိုင်ရာအကူညီကို အချိန်မရွေးရနိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်သေးတဲ့အချိန်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့မှာ ကိုယ့်စိတ်ကလေးကိုရော၊ အနီးနားကလက်လှမ်းမှီသလောက်သူများကိုပါ စိတ်ခံစားချက်လေးတွေ ဂရုစိုက်ပြီးအချင်းချင်းဖေးမကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်။  ဘယ်လောက်ပဲပင်ပန်းခက်ခဲနေပါစေ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး အခြားသူတွေကိုလည်း လက်ဆင့်ကမ်းကူညီပေးပါ။ ပင်ပန်းနေရင် အနားယူပါ၊ အားမလျှော့ဘဲ တစ်ရက်ပြီးတစ်ရက်ဖြည်းဖြည်းချင်းပဲအတူတူရှေ့ဆက်ကြရအောင်ပါနော်။  #mnou #မြန်မာ့နွေဦးတက္ကသိုလ် #ကမ္ဘာ့စိတ်ကျန်းမာရေးနေ့

  • ကြယ်တွေကြွေခဲ့ရတဲ့ည 😞😞 ချောင်းဦး မြို့နယ်ရဲ့ သီတင်းကျွတ်လပြည့်ညလေးဟာ လူမဆန်တဲ့ မိစ္ဆာတသိုက်ကြောင့် အကျည်းတန်ခဲ့ရပါပြီ။ ငြိမ်းချမ်းမှုကို ဦးတည်ပြီး ထွန်းညှိထားတဲ့ အနာဂတ်ဆီမီးလေးတွေလည်း အစွယ်ငွားငွား ဘီလူးတသိုက် ကြောင့် မီးခိုးအငွေ့ တွေအကြား ကူရာကယ်ရာမဲ့ တစစီ ကြွေလင့်ခဲ့ရပါပြီ။ ပေးဆပ်ခဲ့ရတဲ့၊ ပေးဆပ်နေဆဲ ဆီမီးတွေဟာ နောက်ဆုံးအချိန်ထိ အစွမ်းကုန် အလင်းပေးနိုင်ခဲ့ပြီးနောက်မှာ  မမျှော်လင့်စွာနဲ့ မြေခခဲ့ပေမယ့် သူတို့ စတင်ထွန်းညှိခဲ့တဲ့ မျှော်လင့်ချက် မီးစလေးတွေကတော့ ဘယ်တော့မှ မှေးမှိန်ပျောက်ပျက်သွားတော့မှာ မဟုတ်ပါဘူး။ ထို့နည်းတူ နွေဦးထီမှလည်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတိုင်းနဲ့ အမြဲ တသားတည်း ရပ်တည်နေသလို၊  ပြည်သူတွေလိုလားတဲ့ တရားမျှတတဲ့ တိုင်းပြည်ရရှိအောင် နိုင်ရာတာဝန်များနဲ့ ဆက်လက်ထမ်းဆောင်သွားမယ်လို့ ကတိပြုအပ်ပါတယ်။ @palawBOEdu

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ မြန်မာ့နွေဦးတက္ကသိုလ် ကျောင်းတွင်းအတန်းတင်စနစ်ဆိုင်ရာကြေညာချက် စာအမှတ်၊      ပညရ/ မနဥတ/Students Affairs/၂၀၂၅ (၀၂၃) ရက်စွဲ ၊      ၂၀၂၅ ခုနှစ်     စက်တင်ဘာလ     (၂၉)     ရက် ၁။ မြန်မာ့နွေဦးတက္ကသိုလ်က ထုတ်ပြန်ထားပြီးဖြစ်သော အောင်စာရင်းနှင့် တက်လက်စ အတန်းများ အတွက် အောင်စာရင်းတိုင်းတွင် Semester အလိုက် (၁) modules အားလုံးအောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူ (complete)၊ (၂) နောက်ဆက်တွဲဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူ (incomplete) နှင့် (၃) ကျောင်းအပ်ထားပြီး လုံးဝလာတက်ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူ (un-touch) ဟူ၍ ထုတ်ပြန်ထားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ၂။ complete သည် မိမိ တက်ရမည့် နောက်အတန်းသစ် ၏ ပထမပညာသင်ကာလ ကို တက်ရောက်ရမည် ဖြစ်ပြီး MES တွင်လည်း ထိုအတန်း၏ ပထမပညာသင်ကာလ (first semester) ကိုသာ အပ်နှံရမည်။ ၃။ Un-touch သည် မိမိ မပြီးဆုံးခဲ့သော တက်ရောက်ဆဲအတန်းကို ပြန်လည်တက်ရောက်ရမည်ဖြစ်ပြီး MES တွင်လည်း ထိုအတန်း၏ တက်ရောက်ရမည့် ပထမပညာသင်ကာလ (first semester) ကိုသာ အပ်နှံရမည်။ ၄။ ပထမနှစ် incomplete ကျောင်းသား၊ ကျောင်းသူများသည် ဒုတိယနှစ်ကို တက်ရောက်နိုင်ပြီး ဒုတိယနှစ်၊ ပထမပညာသင်ကာလ Module များအပြင် ပထမနှစ်က incomplete ဖြစ်ခဲ့သည့် Module များကို ပြန်လေ့လာရမည်ဖြစ်ပါသည်။ နောက်အတန်းသစ်ကို တက်နေရင်း၊ ယခင်အတန်း၏ မပြီးခဲ့သော Module များကို ပြန်လေ့လာ၍ မေးခွန်းများကိုဖြေဆိုကြရမည်ဖြစ်ပါသည်။ (ပထမနှစ်၊ ပထမပညာသင် ကာလ၊ ဒုတိယပညာသင်ကာလ Module (၆+၆=၁၂) ခုအနက် imcomplete ဖြစ်ခဲ့သော ဘာသာရပ်များ ကိုသာ ပြန်လည်လေ့လာသင်ယူရမည် ဖြစ်သည်။) ထိုကြောင့် incomplete ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းအပ်ကာလ MES တွင် incomplete ဖြစ်နေသော အတန်း နှင့် ထပ်မံတက်ရောက်ရမည့် နောက်အတန်း (၂) ခုလုံး မြင်ရနေမည်ဖြစ်ပြီး၊ ထိုအတန်း (၂) ခုလုံး၏ modules အားလုံးကို မဖြစ်မနေ  ပြန်လည်ရွေးချယ် အပ်နှံရမည် ဖြစ်ပါသည်။ ၅။ သို့သော် အဆိုပါ incomplete ကျောင်းသား၊ ကျောင်းသူများကို ဒုတိယနှစ် မှ တတိယနှစ် သို့ အတန်းတင်ပေးရာ၌ ပထမနှစ်တွင် incomplete ဖြစ်ခဲ့သော ဘာသာရပ်အားလုံး complete ဖြစ်ရန် လိုအပ်ပါသည်။ ပထမနှစ်မှ ဘာသာရပ်များ complete မဖြစ်ပါက၊ ဒုတိယနှစ် တစ်နှစ်တည်းတွင်သာ ပထမနှစ် မှ incomplete ဘာသာရပ်များကို complete ဖြစ်သည်အထိ ထပ်မံတက်ရောက်ခွင့် ရမည်ဖြစ်သည်။ ပထမနှစ်မှ ဘာသာရပ်များအားလုံး Complete ဖြစ်ပြီးမှသာ တတိယနှစ် သို့ တက်ရောက်ခွင့်ပြုမည်။ ၆။ incomplete ကျောင်းသား၊ ကျောင်းသူများကို တတိယနှစ်မှ စတုတ္ထနှစ်သို့ အတန်းတင်ရာတွင်လည်း ဒုတိယနှစ်မှ ဘာသာရပ်များ အားလုံး Complete ဖြစ်ပြီးမှသာ စတုတ္ထနှစ် သို့ တက်ရောက်ခွင့်ပြုမည်။ ၇။ အချို့သော ဘာသာရပ်၊ မေဂျာများသည် ခြွင်းချက်အရ အတန်းတင်စနစ်ကွဲပြားမှုများရှိနိုင်ပြီး အဆိုပါ ဘာသာရပ်/ မေဂျာများအတွက် သီးသန့်ကြေညာပါမည်။ ၈။ အတန်းတင်စနစ်စတင်ကျင့်သုံးမည့်အချိန်ကို ပညာသင်ကာလသတ်မှတ်ချက် (academic calendar) ကြေညာခြင်း နှင့်အတူ ထုတ်ပြန်မည်ဖြစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုကျင့်သုံးမည့် စနစ်သစ် အတန်းတင်စနစ် ကို နားမလည်ပါက ဘာသာရပ် (သို့) MNOU main telegram group များတွင် မေးမြန်းနိုင်ပါသည်။ ၉။ ဘာသာရပ်ဆိုင်ရာ မေဂျာအပြောင်းအရွှေ့များ၊ တက္ကသိုလ် တစ်ခုမှတစ်ခုသို့ အပြောင်းအရွေ့များ အတွက် အသေးစိတ်သီးသန့် ကြေညာမည် ဖြစ်ပါသည်။ ၁၀။ ဂုဏ်ထူးတန်း ကျောင်းသား၊ ကျောင်းသူများ အတွက်လည်း ထပ်မံကြေညာမည်ဖြစ်သည်။ အမိန့်အရ Nancy မော်ကွန်းထိန်း ကျောင်းသားရေးရာဌာနခွဲ သင်တန်းရေးရာဌာန မြန်မာ့နွေဦးတက္ကသိုလ်

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ မြန်မာ့နွေဦးတက္ကသိုလ် စာအမှတ်၊      ပညရ/ မနဥတ/Academic Affairs/၂၀၂၅ (၀၀၇) ရက်စွဲ ၊      ၂၀၂၅ ခုနှစ်     စက်တင်ဘာလ     (၂၉)     ရက် အကြောင်းအရာ။  ။ မြန်မာ့နွေဦးတက္ကသိုလ် ကျောင်းတွင်းအတန်းတင်စနစ်ဆိုင်ရာ ကြေညာခြင်း။ ၁။ မြန်မာ့နွေဦးတက္ကသိုလ်သည် ၂၀၂၀ မတိုင်ခင် တက်လက်စအတန်းများ ကို (၄) ကြိမ် နှင့် တက္ကသိုလ်ဝင်ခွင့် (၃) ကြိမ် စုစုပေါင်း (၇) ကြိမ် တိတိ ကျောင်းသား၊ ကျောင်းသူများကို Myanmar Education System (MES) တွင် ကျောင်းအပ်လက်ခံကာ စဉ်ဆက်မပြတ်ပညာသင်ကြားရေးအတွက် စီမံဆောင်ရွက် ခဲ့ပြီး ဖြစ်ပါသည်။ ၂။ ယခုအခါ အဆိုပါ ကျောင်းသား၊ ကျောင်းသူများ၏ စဉ်ဆက်မပြတ်ပညာရေးအတွက် အတန်းတင်စနစ် ကို စတင်ကျင့်သုံးတော့မည်ဖြစ်ပါသည်။ ၃။ ယခုကျင့်သုံးမည့် အတန်းတင်စနစ်သည် ၂၀၂၀ မတိုင်ခင်က ကျင့်သုံးခဲ့သော စနစ်များနှင့်မတူသည့် ပုံစံအသစ်ဖြစ်ပါသည်။ ၄။ သို့ဖြစ်ပါ၍ အတန်းတင်စနစ်ကို စောင့်မျှော်နေကြသည့် အောင်စာရင်းထွက်ပြီး ကျောင်းသား၊ ကျောင်းသူ များနှင့် အောင်စာရင်းထွက်ရန်ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကြိုတင် ပြင်ဆင် ထားနိုင်ရန် ပူးတွဲပါအတိုင်း ထုတ်ပြန် အသိပေး ပါသည်။           တက္ကသိုလ်ပညာရေးအဖွဲ (ဆီးနိတ်)  ဆုံးဖြတ်ချက်အရ Dr. Nadi ဌာနမှူး (သင်တန်းရေးရာ) သင်တန်းရေးရာဌာန မြန်မာ့နွေဦးတက္ကသိုလ်

  • 3 окт. 2025 г.267из sanoelay21

    ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အကြိုအထိမ်းအမှတ် စာပေနှင့်အနုပညာ ပြိုင်ပွဲကျင်းပခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား 🍒🍒🍒🍒🍒🍒🍒🍒🍒🍒 "CDM ဆရာတို့အားမာန် မိုးထက်သို့ညံ၊ အနာဂတ်ရှေ့ရေး ပညာအမွေပေး" ဆိုတဲ့ ခေါင်းစဉ်ဖြင့် စာပေအနုပညာပြိုင်ပွဲကို ၂၇/၉/၂၀၂၅ တွင်ကျင်းပခဲ့ပြီး အကြိုဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်း ကို ၃၀/၉/၂၀၂၅ တွင်ကျင်းပခဲ့သည်။💕💕 #Bright_Future_High_School Palaw - Board of Federal Education,𝗠𝗢𝗘,𝗡𝗨𝗚

  • 📨 📨 📨 📨 📨 2025 ခုနှစ် ၊ "ကမ္ဘာ့ဆရာများနေ့" အထိမ်းအမှတ်အဖြစ် NUG MOE BE Social Media Platforms များတွင် အများပြည်သူသို့  ကျောင်း/မြို့နယ်ကိုယ်စားပြု ပြသလိုသည့် လက်ရွေးစင်ဆုရ ရုပ်ပြကာတွန်းများ ၊ ပန်းချီများ ၊ Video File များကို ဤ Message ၏ Comment တွင် ပေးပို့ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည် ။ * ကျောင်း/မြို့နယ်ကိုယ်စားပြု တာဝန်ခံတစ်ဦးကသာ စုစည်း၍ ပေးပို့ပေးပါရန် *

  • “အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ကြောင်းကြေငြာခြင်း” အင်္ဂလိပ်စာကို အခြေခံမှစ၍စနစ်တကျလေ့လာချင်သူ Beginner များ၊ Pre-intermediate level ရှိသူများအတွက် မြန်မာ့နွေဦးတက္ကသိုလ်မှာ “English Language Proficiency Course for Beginners” သင်တန်းစီစဉ်ပေးထားပါတယ်။ 🧑‍💻သင်တန်းကို ဘယ်သူတွေတက်ရောက်သင့်လဲ ?? ▫️အင်္ဂလိပ်စာ four skills ဖြစ်တဲ့ writing, reading, listening နဲ့ speaking တို့ကို အခြေခံကနေစနစ်တကျလေ့လာချင်သူ ▫️အင်္ဂလိပ်စာရဲ့အခြေခံဖြစ်တဲ့ vocabulary နဲ့ grammar ပိုင်းအားနည်းသူ ▫️နားထောင်ရင်နားလည်ပေမယ့် စကားပြောဖို့အတွက် အခက်ခဲဖြစ်နေသူ ▫️အခြေခံသိထားပေမယ့် လက်တွေ့သုံးဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသူ ဒီသင်တန်းမှာဆိုရင် four skills အတွက် အထောက်ကူဖြစ်စေဖို့ grammar, vocabulary နဲ့ pronunciation တို့ကို စိတ်ဝင်စားစရာ ခေါင်းစဉ်တွေ၊ လေ့ကျင့်ခန်းတွေနဲ့ ပြင်ဆင်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ပြီးသူများက •အင်္ဂလိပ်စာကို အခြေခံမှစ၍စနစ်တကျနားလည်နိုင်မယ် •vocabulary နဲ့ grammar တည်ဆောက်ပုံတို့ကို သေချာသိလာနိုင်မယ် •အင်္ဂလိပ်စကားကို အရင်ထပ်ပိုပြီး ယုံကြည်မှုရှိရှိပြောလာနိုင်မယ် •နောက်ထပ်လိုအပ်တဲ့ skills တွေအတွက် ကိုယ်တိုင် self-study လုပ်နိုင်တဲ့အထိ တိုးတက်မှုတစ်ခုရှိလာနိုင်တဲ့အထိ ပြောင်းလဲမှုတွေကို ကိုယ်တိုင်မြင်လာနိုင်မှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ချင်သူများက ပုံက QRကို scan လုပ်ပြီး လျှောက်ထားနိုင်သလို ပေးထားတဲ့ link ကနေဝင်ပြီးလည်း လျှောက်ထားနိုင်ပါတယ်။ 👇 https://edu.nugmyanmar.org/Eng4SkilRegister 💻သင်ကြားမည့်ပုံစံ - Zoom Class ⌛️သင်တန်းကာလ … အောက်တိုဘာလ ၁၃၊ ၂၀၂၅ မှ ဇန်နဝါရီလ ၂၀၊ ၂၀၂၆ အထိ 📅သင်တန်းရက် … အပတ်စဉ် တနင်္လာနေ့ နှင့် အင်္ဂါနေ့ ⏰သင်တန်းအချိန် … ည ၇ နာရီမှ ၉ နာရီအထိ 💤သင်တန်းလက်ခံကာလ … စက်တင်ဘာလ ၁၈၊ ၂၀၂၅ မှ စက်တင်ဘာလ ၃၀၊ ၂၀၂၅ အထိသာ 💰💰သင်တန်းကြေး … ၅၀၀၀၀ ကျပ် ***သင်တန်းသားဦးရေ (၅၀) ဦးအထိသာ လက်ခံသင်ကြားပေးသွားမှာဖြစ်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲ စီမံရေးရာဌာန မြန်မာ့နွေဦးတက္ကသိုလ် #mnouhrdprogramforall #basicenglish @palawBOEdu

  • ပုလောမြို့နယ်အတွင်း B.Ed(အဝေး) ပ-နှစ်/ ဒု-နှစ် တက်ရင်း CDM ပြုလုပ်ခဲ့သော ပြည်သူ့ဆရာ/ဆရာမ များအနေအဖြင့် B.Ed(အဝေး) ကို ပြန်လည်တက်ရောက်နိုင်ပြီဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။💗 *ပုလောမြို့နယ်ပညာရေးဘုတ်အဖွဲ့ထံသို့ ချိတ်ဆက်လျှောက်ထားနိုင်ပါသည်။                                               Educational-Management             Palaw-BOE

  • ‘လှူမလား၊ ကူမလား၊အနာဂတ် အိပ်မက်လား… ရွေးချယ်ဖို့အချိန်တန်ပြီ’🚩 ပြည်သူ့အစိုးရထီ ဖြစ်တဲ့ နွေဦးထီကို တော်လှန်ရေးအတွက် ဆိုတဲ့ စိတ်နဲ့ ကံစမ်းကြတာ ဖြစ်လို့ ပိုပြီး ကူနိုင်၊ လှူနိုင်သလို… မကူနိုင်ရင်တောင် မိမိ အနာဂတ် ရပ်တည်ရေးအတွက်လည်း ဦးစားပေးသင့်တဲ့ ထီ ဖြစ်ပါတယ်။🤩 ဒါကြောင့် ကူမလား ၊ လှူမလား ၊ အိပ်မက်တွေရဲရဲမက်မလား စတာတွေကို ငွေကျပ် 2️⃣0️⃣0️⃣0️⃣ နဲ့စတင် အကောင်အထည်ဖော်ဖို့ဆိရင်...Agent NOH-000211 ဖြစ်တဲ့ telegram acc👉 @sanoelay21 ဆီမှာ စတင်ကမ်းစမ်းလိုက်ပါ🩷🩷🩷 https://www.facebook.com/share/p/1GCx3GKeMY/ #NwayOoHti #WeDreamBold

  • “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်း ရည်မှန်းချက် - အမေရိကန်ဒေါ်လာ (၄) သိန်း ကမ်ပိန်းကာလ - ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅) မှ ဩဂုတ်လ (၃၁) အထိ စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများကို အကြမ်းဖက်စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခြင်းများ၊ ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ဆရာများ၊ ကျောင်းသားများ၊ ကလေးသူငယ်များ သေဆုံးထိခိုက်ခဲ့ရပါသည်။ #NationalUnityGovernment #MinistryOfEducation #NUGMOE #SafeSchoolsSafeEducation #SSE #EducationInEmergency

  • တက္ကသိုလ် ဝင်ခွင့် (တတိယအကြိမ်) - Uni Entrance (Third Batch) မှ မြန်မာ့နွေဦးတက္ကသိုလ် မှ မေဂျာများကို Accept လုပ်ထားသော ကျောင်းသား/သူများသို့ Telegram Channel >>https://t.me/palawBOEdu >>> မေဂျာ accept လုပ်သောကာလသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထိ ဖြစ်ပြီး ကျောင်းအပ်ရမည့်ကာလသည် ၂၀၂၅ ခုနှစ် ဩဂုတ် လ လယ်လောက်မှ ဖြစ်ပါမည်။ ### ကျောင်းအပ်ရမည့်ရက်၊ ပုံစံအသေးစိတ်တို့ကို MES ထဲ၌လည်းကောင်း၊ MNOU Facebook page နှင့် student affairs Facebook page ၌ လည်းကောင်း MNOU telegram channel ၌ လည်းကောင်း ကြေညာမည် ဖြစ်၍ အဆိုပါ ချန်နယ်များ နှင့် မိမိ၏ MES acc ပင်မစာမျက်နှာ ( main page) တို့တွင်သာ စောင့်ကြည့်ကြပါရန် တိုက်တွန်းပါသည်။ မှတ်ချက် ။ ကျောင်းအပ်ခြင်းနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်း ထံသို့ Email မှ သော်လည်းကောင်း၊ တခြားနည်းလမ်းဖြင့်သော်လည်းကောင်း ဆက်သွယ်အကြောင်းကြားလိမ့်မည်မဟုတ်ပါ။ ကျောင်းသားရေးရာဌာနခွဲ သင်တန်းရေးရာဌာန မြန်မာ့နွေဦးတက္ကသိုလ်

  • အ ခု လို ဝါ ဆို လ ပြည့် အခါ သ မ ယ လေး မှာ ပြည် သူ အ ပေါင်း ဘေး ဘ ယာ ကင်း ဝေး ကာ စိတ် ချမ်း သာ ကိုယ် ကျန်း မာ စွာ နဲ့ လျှောက် လှမ်း နိုင် ပါ စေ လို့ ကျ နော် တို့ ပု လော မြို့ နယ် ပ ညာ ရေး ဘုတ် အ ဖွဲ့ က နေ ဆု မွန် တောင်း အပ် ပါ တယ်🙏🙏🙏❤️❤️❤️ @palawBOEdu