- Последний пост
- 19 июл.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 40
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 53
- 1/48двое суток
- 60
- 1/72трое суток
- 65
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Bonus 🫶 အဝေးဆုံးကို ထွက်ခွာသွားသူကို လွမ်းရတာထက်၊ အနီးဆုံးမှာ ရှိနေပြီး အပိုင်မရနိုင်တော့တဲ့ မင်းကို လွမ်းရတာက ပိုပြီး ရင်ဘတ်ထဲ နာကျင်ရတယ်.....🥀 #zoro
ညဉ့်နက်လေ... အလွမ်းက ကြီးစိုးလေပဲ။ မျက်လုံးမှိတ်လိုက်တိုင်း မင်းမျက်နှာက ပေါ်လာစမြဲမို့ ငါ့အိပ်မက်တွေက မင်းဆီကိုပဲ အမြဲတမ်း ဦးတည်နေခဲ့တယ်။ တကယ်လို့များ... နိုးထလာတဲ့အခါ မင်း ကမ္ဘာထဲမှာ ငါ့ကို သတိရပေးမယ့် စက္ကန့်ပိုင်းလေးတစ်ခုလောက်ပဲ ဖြစ်ဖြစ် ရှိနေမလားဟင်.......🥀 #zoro
နှုတ်ဆက်တဲ့ စကားတစ်ခွန်းတောင် မပြောဘဲ မင်း ကျောခိုင်းထွက်ခွာသွားခဲ့တဲ့အချိန်မှာ ငါ့ကမ္ဘာကြီးတစ်ခုလုံး လစ်ဟာသွားတာပဲ.. မင်းမရှိတဲ့ ဒီနေရာမှာ မင်းကိုလွမ်းရတဲ့ အလုပ်တစ်ခုတည်းနဲ့တင် ငါ့နေ့ရက်တွေ ကုန်ဆုံးနေရတယ်....🥀 #zoro
မိုးရွာတဲ့ နေ့တွေဆို ငါ အရမ်းကြောက်တယ်၊ မိုးရေတွေက မင်းကို ပိုလွမ်းစေတယ်.. လူတွေက မိုးရေထဲမှာ မျက်ရည်ကို ဖုံးကွယ်ကြပေမဲ့ ငါ့မျက်ရည်တွေကတော့ မိုးရေထက်တောင် ပိုပြီး စူးရှပူလောင်နေခဲ့ရတယ်.....🥀 #zoro
ရက်တွေ၊ လတွေ ဘယ်လိုပဲ ပြောင်းပြောင်း ငါ့ရဲ့ အချိန်ဇယားတွေမှာ မင်းပဲ စိုးမိုးထားဆဲပါ.. နာရီလက်တံတွေ ရွေ့နေပေမဲ့ မင်းဆီမှာ ရပ်တန့်ခဲ့တဲ့ ငါ့စိတ်ကတော့ အခုထိ အိမ်ပြန်လမ်း ပျောက်နေတုန်း.....🥀 #zoro
ဘားမှမရေးဖို့ vote ပေးတဲ့သူတွေလည်း ကျေးဇူးပါလို့ ဟုတ်ကဲ့ 😁 အလွမ်းအဆွေးကအများဆုံးဆိုတော့ အလွမ်းအဆွေးလေးတွေဆက်ပြီးတင်ပေးပါ့မယ်ခင်ဗျ ကျနော့် ကဗျာစာတိုလေးတွေကိုကြိုက်လို့ယူသုံးချင်ရင်လည်း crd ပေးပြီး စိတ်ကြိုက်ယူသုံးနိုင်ပါတယ်ခင်ဗျ 🫶
видео или голосовое, без подписи
မင်းရဲ့ ဖုန်းလေးထဲမှာ ဒီစာလေး ရောက်နေတဲ့ အချိန်ဟာ... ကိုယ်ဆိုတဲ့ လူသားတစ်ယောက် မင်းရဲ့ အနာဂတ် နေ့ရက်တွေထဲကနေ အပြီးအပိုင် ထွက်ခွာသွားတဲ့ အချိန်ပါပဲ "နှုတ်ဆက်ခြင်း" ဆိုတဲ့ စကားလုံးက ကမ္ဘာပေါ်မှာ အေးစက်ဆုံး အမုန်းဆုံးအရာမှန်း သိပေမဲ့၊ ကိုယ်တို့ မျှော်လင့်ချက်တွေထက် ကံကြမ္မာရဲ့ ဖိစီးမှုက ပိုပြီး လေးလံလွန်းတဲ့အခါ... ကိုယ်တို့ ရွေးချယ်ခွင့်မရှိဘဲ လက်ခံလိုက်ရတယ်မို့လား မင်းနဲ့ ဆုံခွင့်ရခဲ့တာဟာ ကိုယ့်ဘဝရဲ့ ကံကောင်းခြင်း အရှိဆုံး အပိုင်းအစတွေပါ မင်းရဲ့ စူးစိုက်ကြည့်တတ်တဲ့ မျက်ဝန်းတွေ၊ မင်းရဲ့ချစ်ဖို့ကောင်းတဲ့ရယ် သံလေးတွေနဲ့ အတူတူ နားဆင်ခဲ့တဲ့ သီချင်းလေးတွေ... အားလုံးကို ကိုယ့်ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးမှာ အခိုင်အမာ တံဆိပ်ခတ် ယူဆောင်သွားပါတယ် အတူတူ လျှောက်ဖို့ စိတ်ကူးခဲ့တဲ့ လမ်းတွေ၊ ဖြည့်ဆည်းပေးချင်ခဲ့တဲ့ ကတိတွေ အများကြီး ကျန်နေသေးတာ တွေးမိတိုင်း... ရင်ထဲမှာ မျက်ရည်တွေ စီးကျရတယ်နော်။ ဒါပေမဲ့ ကိုယ်တို့ လျှောက်ရမယ့် လမ်းဆုံက ဒီနေရာတင် လမ်းခွဲဖို့ ဖြစ်လာခဲ့ပြီ "ကိုယ် မင်းအနားမှာ မရှိတော့တဲ့ နေ့ရက်တွေမှာ... ကိုယ့်အစား မင်းကိုယ်မင်း ပိုပြီး မြတ်နိုးပေးပါ။" အစာကို အချိန်မှန်စားပါ၊ ညဘက်တွေ အထီးကျန်ပြီး အိပ်ရေးပျက်မခံပါနဲ့ မငိုပါနဲ့လို့ ကိုယ်မတားတော့ဘူး... ဝမ်းနည်းရင် အားရပါးရ ငိုချလိုက်ပါ။ ဒါပေမဲ့ မျက်ရည်တွေ သုတ်ပြီးတဲ့အခါ... ပိုပြီး ခိုင်မာတဲ့ အပြုံးတစ်ခုနဲ့ ပြန်ထနိုင်အောင် ကြိုးစားပေးပါ ကိုယ့်ကို လွမ်းဆွတ်ပြီး နာကျင်နေမယ့်အစား... ကိုယ်တို့တူတူရှိခဲ့တဲ့ ပျော်စရာ အချိန်လေးတွေကိုပဲ နွေးထွေးတဲ့ အမှတ်တရအဖြစ် သိမ်းဆည်းပေးပါ မင်းဟာ ကိုယ့်ဘဝရဲ့ အစားထိုးလို့မရတဲ့ "စကြာဝဠာငယ်လေး" တစ်ခု ဖြစ်ခဲ့သလို၊ နှမြောတသစရာ အကောင်းဆုံး အလှပဆုံးသော နာကျင်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ် ကိုယ့်ကို မေ့ပစ်လိုက်ဖို့ မတောင်းဆိုပါဘူး... ဒါပေမဲ့ ကိုယ်မရှိတော့လို့ မင်းရဲ့ ကမ္ဘာကြီး မှောင်အတိ ကျမသွားပါစေနဲ့ မင်းဟာ ကိုယ်မပါဘဲလည်း ကောင်းကင်ယံမှာ ရဲရဲတောက် တောက်ပနေရမယ့် ကြယ်တစ်ပွင့်ပဲလေ ဒီစာဟာ ကိုယ့်ရဲ့ နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်ပေမဲ့... မင်းအပေါ် ထားခဲ့တဲ့ ကိုယ့်ရဲ့ မေတ္တာတွေကတော့ မင်းသွားလေရာ နေရာတိုင်းမှာ လေညင်းလေးတစ်ခုလို လိုက်ပါ စောင့်ရှောက်နေမှာပါ။ ပျော်ရွှင်စွာပျံသန်းပါနော်... ကိုယ့်ဘဝရဲ့ အမြတ်နိုးဆုံး အလင်းရောင်လေး #zoro
လောကကြီးက ောက်ရမ်းစိတ်ပျက်ဖို့ကောင်းတယ် #zoro
မင်းနဲ့ငါ့ကြားမှာ အကွာအဝေးတွေ ဘယ်လောက်ပဲ ခြားသွားပါစေ... ငါ့ရဲ့ စိတ်ကူးအိမ်မက်တွေကတော့ မင်းရှိတဲ့နေရာဆီကိုပဲ နေ့တိုင်း အရောက်သွားနေမိတုန်းပဲ....🥀 #zoro
မင်းကို မေ့ပစ်ဖို့ နေ့တိုင်း ကြိုးစားပါတယ်... ဒါပေမဲ့ ညဘက်ရောက်လို့ မျက်လုံးပိတ်လိုက်တိုင်း မင်းမျက်နှာကို အရင်ဆုံး ပြေးမြင်လာတာကိုတော့ ငါ ဘယ်လိုမှ တားဆီးလို့ မရဘူး....🥀 #zoro
ပျော်ရဲ့လားဆိုတော့ နားထောင်တဲ့သီချင်းကိုသာကြည့်ပါတော့ #zoro
"အရာရာက ပုံမှန်အတိုင်း လည်ပတ်နေပေမယ့်၊ မင်းမရှိတဲ့ ငါ့ရဲ့ ကမ္ဘာကတော့ တိတ်ဆိတ်လွန်းနေတယ်။"😌 #jusan
🙄
#zoro
"စောင့်နေတာ မဟုတ်ဘူး… မေ့ဖို့ကြိုးစားနေတာ။ ဒါပေမယ့် မေ့မရသေးတာ။" #jusan
နှစ်ယောက်စခဲ့တဲ့ ဇာတ်လမ်းမှာ အခုတော့ ငါတစ်ယောက်တည်းပဲ ချစ်နေရတော့တယ် မင်းက ဇာတ်ညွှန်းကို ဖျက်ပစ်လိုက်ပေမဲ့... ငါကတော့ မင်းပေးခဲ့တဲ့ ဇာတ်ကောင်ထဲကနေ ရုန်းမထွက်နိုင်သေးဘူး.....🥀 #zoro
မင်း တခြားလူနဲ့ အဆင်မပြေဖြစ်ပြီး ငါ့ဆီ ပြန်လာမယ့်ရက်ကို မျှော်နေမိတာက... တကယ့်ကို အတ္တဆန်ပြီး ရုပ်ဆိုးတဲ့ မျှော်လင့်ချက်မှန်း သိပါတယ် ဒါပေမဲ့ မင်းကလွဲရင် ငါ့မှာ အစားထိုးစရာ အချစ်မှ မရှိတာ......🥀 #zoro
မင်းမှမင်း ဖြစ်နေတဲ့ ကိုယ့်မှာလည်း ကိုယ်မှကိုယ် ဆိုပြီး စောင့်နေတဲ့သူရှိတာမို့ မင်း စီကနေ မရခဲ့တဲ့ မေတ္တာတွေကို ကိုယ် သူ့စီကမတောင်းပဲရနေတယ် ဆိုတာသိထားပေးပါ အဲ့ဒါကြောင့် ကိုယ့် ကိုစိတ်နာသွားအောင်မလုပ်ပြပါနဲ့ အချစ်" #jusan
မင်းက ငါ့ဘဝထဲက ထွက်သွားတာ ကြာပြီဖြစ်ပေမဲ့... ငါ့စိတ်ကူးတွေထဲမှာတော့ မင်းက အခုထိ အိမ်ရှင်အဖြစ် စိုးမိုးထားတုန်းပဲ မင်းချန်ထားခဲ့တဲ့ အမှတ်တရတွေကို ငါ့လက်နဲ့ ဘယ်လိုမှ လွှတ်မချရက်ဘူး......🥀 #zoro