SKZ Book
Статистика- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 5
- Всего постов
- 28
- Тип
- открытый
- Язык
- my
- Категория
- Книги
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 46
- 1/48двое суток
- 52
- 1/72трое суток
- 56
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
သတို့သမီး ‘အိမ်ပါ’ အဖြစ်နှင့် ဤရွာမှာ နေရမည်ဖြစ်၍ နောင်ရေးနောင်ရာ အားလုံးကိုလည်း တာဝန်ယူပါမည်ဟု အကြီးဆုံး ကာလသား ခေါင်းဆောင်ကြီးက အာမခံ၏။ ယင်းလည်း တစ်ရွာတွင် လူသစ် တစ်ယောက်အတွက် ထိုခေတ်က လိုအပ်ချက်တစ်ခု ဖြစ်ပေသည်။ ကဲ မိုးလင်းအားကြီး အချိန် သတို့သမီး၏ ရွာထဲသို့ သတို့သားဘက်ကလှည်းများ ရောက်ကြပြီ ဆိုပဲ။ အရေးကြီးသော လက်ရင်းလူများက သတို့သမီး အိမ်ပေါ်တက်ကြ၊ ကျန်လူများက သင့်လျော်ရာတွင် လှည်းများကို ဖြုတ်ကြ၍ ကိုယ့်လှည်းပေါ်မှာပင် မင်္ဂလာပွဲထိုင်ရန် ဝတ်စားပြင်ဆင် ကြသည်။ မင်္ဂလာဆောင်မှာ နံနက်ခင်း ဧည့်ခံ၍ ကျွေးမှာက ဘာတဲ့လဲ၊ ပေါင်မုန့် အုန်းနို့ဆမ်းတဲ့။ အသောက်အစား ဝါသနာ ပါသူများက နောက်ဖေး ကောက်ရိုးပုံကို ကြွကြ။ ဒီရွာက ကာလသားများက ထန်းရည်၊ အရက်၊ ကြက်ကြော်၊ အမဲကြော်တို့နှင့် ဧည့်ခံလျက် ပါပဲ။ ကဲ … မင်္ဂလာပွဲကြီး စပြီ။ ပထမဦးဆုံး သတို့သားဘက်က မည်သည့်လယ် ဘယ်နှဧကကို ဦးပိုင်နံပါတ်နှင့်တကွ ကြေငြာလိုက်၏။ သတို့သား၏ နာရီ၊ လက်စွပ်၊ ရွှေလက်ပတ်ကြိုး၊ ရွှေကြယ်သီး၊ ခန်းဝင်ပစ္စည်း တန်ဖိုးလည်း ပါရ၏။ ဒုတိယ သတို့သမီးဘက်က ထည့်သည့်ပစ္စည်း ရွှေခြေကျင်း၊ ရွှေကြယ်သီး၊ ရွှေလက်ကောက်၊ ရွှေဆွဲကြိုး၊ ရွှေဆံထိုး ဘယ်နှရံ အချိန် ဘယ်လောက်သား၊ ခေတ်တန်ဖိုး ဘယ်လောက်ကအစ ထုတ်ဖော်၍ နှစ်ဘက် စာရင်းတင်ပြရသည်။ ထို့နောက် နှစ်ဘက်သော ဆွေမျိုးများက ကိုယ့်ဘက်ကိုယ် လက်ဖွဲ့ကြခြင်းများ။ “စခန်းကျတဲ့ သဖန်းလှရွာ ဦးမြမောင်-မမယ်ဟန် သတို့သားဘက်က လက်ဖွဲ့ငွေ ငါးထောင်တဲ့ ခင်ဗျာ …” မင်္ဂလာစကား ငါးထောင် ဆိုခြင်းသည် စင်စစ် ၅ိ ဖြစ်၏။ သည်လိုပဲ မင်္ဂလာပွဲမှာ တစ်ကျပ်ကို တစ်ထောင်ဟု ကြေညာရ၏။ သည်လို အော်ဟစ်သူမှာ သတို့သားဘက်က တစ်ယောက်၊ သတို့သမီးဘက်က တစ်ယောက် အသီးသီး ရှိသည်။ လက်ဖွဲ့ကြေးစာရင်း မှတ်သူကလည်း တစ်ဘက်တစ်ယောက် ရှိသည်။ ကိုယ့်ဘက်ကိုယ် အော်ကြ မှတ်ကြရသည်။ ယင်းသည် အချည်းနှီး မဟုတ်၊ ယခင်ကနှင့် နောင်အသွားအပြန် အတွက် ဆွေမျိုးဝတ္တရား ဆောင်ရွက်ရန်များ ဖြစ်ပေသည်။ ဤမင်္ဂလာပွဲမှာ အစ်ကို့ဘက်က လက်ဖွဲ့ကြေးချည်း ၁၈၀ဝိ ကျော်ရ၍ တော်တော်လေး မူးနေပြီ ဖြစ်သော ဦးလေး ဖိုးသီးက … “ကွာ … တို့ဘက်က နှစ်ထောင်တော့ ပြည့်ရမယ်ပေါ့၊ ငါက ၅ဝိ တိုးမယ်” ဟု စပြီး ဘယ်သူဘယ်ဝါက တစ်ဆယ်တိုး နှစ်ဆယ်တိုး ဆိုခြင်းဖြင့် ငွေ ၂၀၀ဝိ (နှစ်ထောင်တိတိ) ပြည့်သွား၏။ မိန်းကလေးဘက်က စုစုပေါင်းမှ ၁၂၀ဝိ မျှသာ ရသဖြင့် ယောက်ျားလေးဘက်က များစွာ သာနေလေ၏။ ယင်းသည်ပင် ဆွေမျိုးအင်အား တောင့်တင်းခြင်းဟု ဂုဏ်ယူသည်။ ဤသို့ အိမ်ထောင်ပြုခဲ့သော အစ်ကိုတို့ လင်မယားမှာ ယခု သူ့သား မောင်စိန်လှိုင်က မိဘ အသိမပေးဘဲ ရုံးတက် လက်ထပ်လိုက်သည် ဆိုတော့ မည်သို့ ခံစားကြရမည်နည်း။ အစ်ကိုသည် သူ့လက်ထဲမှ သူ့သား မင်္ဂလာဆောင် ကြော်ငြာပါသော သတင်းစာရွက်ကို ကြည့်လျက် … “ဒီထဲမှာက ငါ့နာမည်ရော၊ မအေ့နာမည်ရော၊ မင်းနာမည် တရားသူကြီး ဦးထွန်းလင်းတူ ဆိုတာရောပါလို့ ငါ့သား စိန်လှိုင်လို့ ယုံရတာဟေ့ …” ဤတွင် မမယဉ်က … “နေပါဦး မောင်ထွန်းလင်းရဲ့၊ မိန်းကလေးက မင်း သဘောကျ လောက်အောင် တော်ရဲ့လား” “ဪ … မမယဉ်ရယ် … ကျွန်တော့်သဘော မပါရပါဘူး ဆိုနေမှပဲ။ ခုကာလ မြို့ပေါ်က ဟာလေးတွေဟာ များသောအားဖြင့် သူတို့ကြိုက် သူတို့ဟာ သူတို့ သဘောနဲ့ ယူလိုက်ကြတာဗျ” “အခု သင်းတို့ လင်မယား ဘယ်မှာ နေသလဲ” “ဟဲ ... ဟဲ ... မမယဉ်က သူ့ချွေးမ ကြည့်ချင်လှပြီ ထင်ရဲ့” “မကြည့်ချင် မြင်ချင်လျက်သား ဆိုသလိုပေါ့ဟယ်” “မမယဉ်က သိပ်သဘောမကျဘူး ထင်ပါရဲ့။ မောင်စိန်လှိုင်ကို ပေးစားဖို့ ရည်ရွယ်ထားတာများ ဟိုမှာ ရှိနေလို့လား” “ရှိတာပေါ့ဟယ်၊ ရှိတာပေါ့” “ဒါဖြင့် အဆင်သင့် ပါပဲဗျာ” ဆိုပြီး ကျွန်တော်သည် ထိုင်ရာမှထ၍ သိမ်းဆည်းထားသော သတင်းစာ တစ်စောင်ကို ယူခဲ့ပြီး “ကိုမြမောင်တို့က ဒီသတင်းတော့ မတွေ့ဘူး ထင်တယ်၊ အေးလေ … အစ်ကိုတို့ နာမည်တွေလည်း မပါတော့ သူ မဖတ်မိဘူး ထင်ရဲ့” ဟုပြောရင်း ကျွန်တော့် လက်ထဲက သတင်းစာကို ဖြန့်ပြီး တစ်နေရာ လက်ထောက်ပြီး ပြလိုက်ရာ သူတို့ လင်မယား နှစ်ယောက်သည် မျက်လုံးများ ပြူးကြကာ “ဟယ် …” ခနဲ ဖြစ်သွားကြ ကုန်သည်။ သတင်းမှာ … ကျွန်တော် မောင်စိန်လှိုင်နှင့် မေရီသက်တို့သည် ယနေ့မှစ၍ လင်မယား အဖြစ်မှ ပြတ်စဲပါကြောင်း။ အစ်ကိုက “ဟင်... ဘယ့်နှယ်ဟာတွေ ပါလိမ့်ဟယ်” ဟု မှတ်ချက်ချ၍ မမယဉ် မျက်နှာတွင်မူ အံ့ဩရာမှ ပြုံးရောင်သမ်း သွားရာ ကျွန်တော်က ပြောလိုက်သည်။ “မောင်စိန်လှိုင် မိန်းမ ယူတာလည်း ဖိုးထွား နွားဝယ်သလို ပါပဲ မမယဉ်ရဲ့ …” ----------- သော်တာဆွေ (ဤလောကမြေမဟီဝယ်)
သွားကျဲရေယို၊ သွားလပ်ကျိုး၊ မျက်ရည်ခံမှဲ့ တဲ့ စသည်များ၊ ယခုခေတ် ကျွန်တော်တို့ နားမလည်ကြပါကုန်။ ကျွန်တော်တို့ ကြည့်ကြသည်က မိန်းကလေး တစ်ယောက်ကို ကိုယ်လုံး ကိုယ်ထည်နှင့် မျက်နှာလောက်သာ ကြည့်တတ်ကြသည်။ တောင့်တယ်၊ ဖြောင့်တယ်၊ အယ်တယ်ဆို ကြိုက်ပြီ။ ရှေးခေတ် လူကြီးများက မိန်းမ တင်ပါးဆုံ ကြီးလွန်းသည်ကို မချီးမွမ်းကြကုန်။ ‘မိန်းမဖင်လေး တုံးဆွကြီးအေ့၊ ကလေးသာ များများမွေး တတ်တယ်၊ ပျင်းတတ် ဖျင်းတတ်တယ်’ ဟု မှတ်ချက်ချ၏။ သိပ်ပြီး ကော့ကော့ပျံပျံ နေပြန်လျှင်လည်း ‘ကောင်မက ကော့ကလန် ဆတ်ဟေ့၊ ပျံတတ် နံ့တတ်တယ်’ ဟု ဆိုကြပြန်၏။ ယင်းသို့ အပြစ်အနာအဆာများ အပြင်လည်း ‘အင်းဝ၊ ရာဇာ၊ ဓမ္မာ၊ သောက’ ‘အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း၊ မိတ်ဖက်ခြင်း’ ဟူသော လင်္ကာများဖြင့် သတို့သား၊ သတို့သမီးတို့ နေ့နံများကို ရွေးကြပြန်ကုန်သေး၏။ အချို့မှာ အားလုံးသင့်လျော် နေသော်လည်း ဤနေ့နံ မတည့်မှုလေး ကြောင့်ပင် မထိမ်းမြား ရသည်များလည်း ရှိ၏။ ‘အိမ်ထောင်ဘက် ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး’ဟူသည် ဆိုးရိုးကလည်း ရှိနေဘိသကိုး။ ယင်းသို့လျှင် ရှေးထုံးရှေးနည်း၊ ရွေးထုံးရွေးနည်း အတိုင်း ဆွေမျိုးတစ်သိုက် အောင်သွယ်တော်ကြီးများ အကူအညီဖြင့် အစ်ကို့အတွက် ကြင်ဘက်ရွေးချယ် ရှာဖွေ လိုက်ကြရာ ၃ နှစ် ၃ မိုးကျော်သည်၌ ရွာချင်း နေ့ဝက်ခရီး ကွာသော သစ်ဆိမ့်ကုန်း ရွာ၌ သတို့သမီး (ယခု အစ်ကို့ဇနီး) မအေးယဉ်ကို တွေ့ကြပါလေ၏။ ထို့ကြောင့် နဖူးစာရွာလည် ဆိုကြသထင့်။ ထိုစဉ်က ကျွန်တော့်အသက် ၁၂ နှစ် ၁၃ နှစ်ခန့် ရှိနေပြီ ဖြစ်၍ ကောင်းစွာ မှတ်မိနေပါပြီ။ မအေးယဉ်သည် ပြောပလောက်အောင် ချောမောလှပါသည်။ အစ်ကို့ထက် ရုပ်သာသည်ဟု ဆိုပါသည်။ ပစ္စည်းမှာ အစ်ကို့ဘက်က သာ၍ ထေကြပါသည်။ အစ်ကို အောင်ခိုင်နှင့် မအေးယဉ်တို့ နှစ်ဘက်မိဘများ စေ့စပ်ကြောင်းလမ်း သည်၌ သူတို့ မင်္ဂလာ မဆောင်မီ အစ်ကိုက သူ့ဇနီးလောင်း အိမ်သွားလည်တိုင်း ကျွန်တော် ပါသွားမြဲ ဖြစ်သည်။ ဪ သူတို့ခေတ် သူတို့ အဖြစ်နှယ် နှစ်ဘက်မိဘ စေ့စပ်ပြီး အိမ်မှာ လွတ်လပ်စွာ တွေ့ခွင့် ရှိကြသော်လည်း သူတို့ချင်း နှစ်ယောက်ထဲ တွေ့၍ စကားမပြောကြသေးချေ။ ကျွန်တော်က ကြားမှ ပုဏ္ဏားတိုင် ပါနေရသေး၏။ တစ်ယောက် တစ်ယောက် ကိုတွေ၊ မောင်တွေ၊ မိတွေ ခေါ်ဖို့ ဝေးဘိတောင်း၊ သူတို့နာမည်မှ မခေါ်တတ်ကြသေး။ ကျွန်တော့် နာမည်မှာ မောင်ထွန်းလင်း ဖြစ်ရာ မအေးယဉ်က အစ်ကို့အား ‘မောင်ထွန်းလင်းအစ်ကို’ ဟု ခေါ်၏။ ကျွန်တော်က မအေးယဉ်အား မမယဉ်ဟု ခေါ်သဖြင့် အစ်ကိုက သူ့ဇနီးလောင်းအား ကျွန်တော့်ရှေ့ထားပြီး ‘မင့်မမယဉ်’ ဟုဆို၍ စကားပြော၏။ တကတဲ ကျွန်တော်မရှိ သူ ဘယ်လိုပြောမယ် မသိ။ ထိုစဉ်အခါမှာ ကျွန်တော်က ကာလပေါ်ဝတ္ထု ဖတ်ခြင်း၊ ရုပ်ရှင် ကြည့်ခြင်းများ ရှိနေပြီ ဖြစ်၍ အစ်ကို့အား “အစ်ကိုက ကျွန်တော့်ကို ဘာလို့ ကြားထဲက ထားနေရတာလဲဗျ။ အစ်ကိုတို့ နှစ်ယောက်ထဲ တွေ့ပြီး ဖက်ပြုနမ်းပါလား” ပြောတော့ အစ်ကိုက ရှက်စနိုးဖြင့် “ဟာ … မင်းကလည်း” ဟု ပြန်ပြောပါသည်။ သို့ဖြင့် လှည်းလမ်းများ ပေါက်၍ စပါး ရောင်းချပြီးသော ထိုနှစ် နွေရာသီမှာ နေ့ကောင်းရက်သာ ရွေးလျက် သူတို့ မင်္ဂလာသဘင် ဆင်ယင်ကျင်းပ ပါသည်။ အစ်ကိုတို့ အိမ်မှာ အစ်ကို့ကို ရှင်ပြုတုန်းက တစ်ကြိမ်၊ ယခု မင်္ဂလာဆောင်မှာ တစ်ကြိမ် ရှိသမျှ ဆွေမျိုး အားလုံးတို့က ရောက်ကြခြင်း ဖြစ်လေသည်။ ကျေးရွာတို့ ဓမ္မတာ လှည်းတွေ လှည်းတွေနဲ့ပေါ့။ အစ်ကိုတို့ ကုက္ကိုကုန်း ရွာနှင့် မမယဉ်တို့ သစ်ဆိမ့်ကုန်း ရွာမှာ ခြေကျင် နေ့ဝက်ခရီး ဖြစ်လေရာ လှည်းများနှင့် သန်းခေါင်ကျော်တွင် ထမောင်းပါမှ နံနက် မင်္ဂလာ အချိန်မီ ရောက်မည် ဖြစ်ခြင်းကြောင့် မင်္ဂလာ အကြိုနေ့ ညနေမှာ အစ်ကိုတို့ အိမ်သို့ ဆွေမျိုးအားလုံး ရောက်နေကြသည်။ စားတာသာ မဏ္ဍပ်ကြီး တစ်ခုတည်းမှာ ဖြစ်၍ အိပ်ရန်မူ အဘယ်လျှင် အိမ်ဆံ့မည်နည်း။ ခြေခင်းလက်ခင်း သာယာသော နွေရာသီဖြစ်၍ လှည်းများပေါ်၌ လည်းကောင်း၊ သစ်ပင်များအောက်၌ လည်းကောင်း အိပ်စက်ကြ ကုန်သည်။ သန်းခေါင်ယံတွင် အိပ်ရာမှ နိုးကြ၍ ပြင်ဆင်ကြပြီး နာရီပြန် တစ်ချက်လောက်မှာ တစ်ရာကျော်သော လှည်းတန်းရှည်ကြီး ထွက်ခဲ့လေသည်။ လှည်းယာဉ်လေးများလည်း ပါ၏။ လှည်းကြမ်းကြီးများလည်း ပါ၏။ အနှေးတစ်ကျော့၊ အမြန်တစ်သော့ဖြင့် ဆူဆူညံညံ မောင်းနှင်ခဲ့ကြရာ နံနက် အရုဏ်တက် သစ်ဆိမ့်ကုန်းရွာ ညိုညိုအတန်းကို လှမ်းမြင် နေရချိန်တွင် လှည်းတန်းရှည်ကြီး တုံ့ခနဲ ရပ်သွားလေသည်။ သတို့သမီးရွာမှ ကာလသားများက ကြိုးတားခြင်း။ ထုံးစံအတိုင်း သတို့သားဘက်မှ လူကြီးများနှင့် ကာလသားများ ဆင်းသွားကြသည်။ ဟိုလူတွေမှာ သောက်စား မူးယစ် နေကြလျက် ဓားတပြက် ဒုတ်တပြက်ဖြင့် သူတို့ လိုချင်တာ မရရင် မင်္ဂလာပွဲ ပျက်အောင် ခုတ်မယ် ထစ်မယ်ပေါ့။ သည်ဘက်က စေ့စပ်သော အခါ၌ ငွေငါးရာ ပေးရမည်ဟု ဆို၏။ ထိုစဉ်မှာ စပါးတစ်ရာမှ တစ်ရာ့အစိတ်၊ တစ်ရာ့ငါးဆယ် ရှိလေရာ ငွေ ၅၀၀ မှာ နည်းနည်းနောနော မဟုတ်ပါချေ။ များလွန်းပါသည် ဆိုသောအခါ၌ နှစ်ဘက်စလုံးမှာ ချမ်းသာသော ထိတ်ထိတ်ကြဲ မင်္ဂလာဆောင်တွင် အနည်းဆုံး တောင်းတာပါပဲ ဆို၏။ သို့ဖြင့် နာက်ဆုံးမှာ ၃၅၀ နှင့် ဈေးတည့်ကြသည်။ ဤအခါ၌ သတို့သားကို သူတို့လှည်းပေါ် တင်၍ သူတို့ကိုယ်တိုင် မင်္ဂလာဆောင်အိမ် ရောက်အောင် လိုက်ပို့ကြသည်။ သတို့သားသည်
“သူတို့ ခန်းဝင် ပစ္စည်းတွေ ဘာတွေကော ပြည့်ပြည့်စုံစုံလား …” “ကြံကြံဖန်ဖန် အစ်ကိုရယ် … အိပ်ရာတစ်ခု၊ ခြင်ထောင်တစ်လုံး ဖြစ်ဖို့မှ အနိုင်နိုင် …” “အောင်မယ်လေး … သူတို့ခေတ် အိမ်ထောင်ပြုလိုက် ကြတာလည်း တယ်လွယ်လိုက် ကြပါလားဟဲ့ …” ဟုတ်ကဲ့။ အစ်ကိုတို့ခေတ်၊ အစ်ကိုတို့ အဖြစ်နှင့်ကား လွန်စွာ ကွာခြားလှပါဘိတောင်း။ ကျွန်တော်သည် အစ်ကိုတို့ခေတ်၊ ရှေးဖြစ်ဟောင်းတွေ ပြန်၍ စဉ်းစားမိ၏။ အစ်ကိုနှင့် ကျွန်တော်သည် မအေညီအစ်မမို့ ညီအစ်ကို တစ်ဝမ်းကွဲ တော်ကြပါ၏။ သို့သော် ကျွန်တော်တို့ မိဘများသည် တစ်ရွာစီ ဖြစ်၏။ ကျွန်တော်တို့ ရွာသည် မြို့ပိုင်ရုံးစိုက်ရာ မြို့ကလေးမှ တောင်ဘက်သို့ ၃ မိုင်ဝေး၍ အစ်ကိုတို့ ရွာသည် နောက်ဘက် ကွင်းခေါင်ခေါင်ကြီး ထဲတွင် ၆ မိုင်ကျော် ဝေး၏။ ကျွန်တော်တို့ ရွာသည် မြို့နှင့် တာလမ်းဆက်၍ မြင်းလှည်းလမ်း ရှိ၏။ အစ်ကိုတို့ ရွာမှာ မြို့နှင့် နွေသာ နွားလှည်းလမ်း ပေါက်ပြီး မိုးတွင်းနှင့် လယ်များ မရိတ်သိမ်းမီ အတွင်း ကန်သင်းရိုး ခြေကျင်လမ်းသာ ရှိ၏။ အစ်ကိုတို့ ရွာမှာ ဘုန်းတော်ကြီး ကျောင်းသာ ရှိသည်။ ကျွန်တော်တို့ ရွာမှာ ထိုခေတ်အခေါ် လောကဓာတ်ကျောင်း ရှိ၍ မြန်မာစာ ၇ တန်းအထိ သင်နိုင်သည်။ ထို့ကြောင့် အစ်ကိုသည် ကျွန်တော်တို့ အိမ်မှာ လာနေ၍ ကျောင်းတက်သည်။ သို့သော် အစ်ကိုသည် ၄ တန်း အောင်လေသလား၊ ၅ တန်း တက်သေးသလား ကျွန်တော် မသိတော့။ ကျွန်တော် ကောင်းစွာ မမှတ်မိသေးသော အချိန်မှာပင် ကျောင်းမှထွက်ပြီး သူ့ရွာ ပြန်သွားလေသည်။ စင်စစ် အစ်ကို၏ မိဘများသည် ကျေးရွာမှ ကြေးရတတတ် လယ်ပိုင်ရှင်များ ဖြစ်သည်။ အစ်ကို့အား ပညာဖြင့် အသက်မွေးရန် မရည်ရွယ်ပေ။ ထိုခေတ် မြေပိုင်ရှင်တို့၏ သဘောထား အတိုင်း သားအား လယ်ယာ လုပ်ငန်းကို တတ်ကျွမ်းအောင် သင်ကြားပြီးနောက် တန်းတူရည်တူ အမျိုးသမီး တစ်ယောက်နှင့် အိမ်ထောင်ချ ထားမည်။ နှစ်ဖက်မိဘ လက်ဖွဲ့သော ပစ္စည်းများဖြင့် လယ်ပိုင် မြေပိုင်ရှင်များ ဖြစ်ကြကာ တစ်သက် ချမ်းသာစွာ လုပ်ကိုင်စားသောက် နေကြစေသတည်း။ ဤကား ရှေးခေတ် (ကျွန်တော်တို့ ငယ်စဉ်က) ကျေးရွာ မြေပိုင်ရှင် မိဘတို့၏ ရည်ရွယ်ချက် ဖြစ်ပါ၏။ ထို့ကြောင့် အစ်ကို့အား ၁၃-၄ နှစ်သား ရှင်ပြုသင့်သော အရွယ်တွင် လောကဓာတ် ကျောင်းမှ နုတ်သွားပြီး သူတို့ရွာ ဘုန်းတော်ကြီး ကျောင်းမှာ သင်္ကန်းဆီးစေ လေသည်။ ကိုရင်ဝတ်နှင့် တစ်နှစ် တစ်ဝါလောက် နေပြီးသော အခါ၌ကား အစ်ကိုသည် သူ့ဘဝ၏ တကယ့် အသက်မွေးပညာ ဖြစ်သော လယ်ကွင်းက တက္ကသိုလ်တွင် မွေးသဖခင် ဆရာကြီး၏ လက်အောက်မှာ သင်ကြားရ လေသည်။ အသက် ၂၀ အရွယ် ရောက်သော အခါ၌ကား အစ်ကိုသည် လယ်ကွင်း တက္ကသိုလ်မှာ ပညာကုန် တတ်မြောက်လေပြီ။ လယ်တစ်ထွန်တုံး၊ နွားတစ်ရှဉ်းလုပ်ကို ကောင်းကောင်းနိုင်ပြီ ဟူသော အောင်လက်မှတ် ကိုလည်း ရလေပြီ။ အစ်ကို့ဘဝ၌ တတ်အပ်သော ပညာနှင့် ခွန်အားဗလ ပြည့်စုံပါချေပြီ။ လောကတံတွာ ဆွေစဉ်မျိုးဆက် ပြန်ပွား စည်ပင်စိမ့်သောငှာ အိမ်ထောင်ပြုဖို့ပဲ ကျန်တော့သည်။ ယင်းအလုပ်သည် အစ်ကို့တာဝန် မဟုတ်ချေ။ ‘မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ’ ဆိုသည်နှင့်အညီ မိဘတို့၏ ဝတ္တရားသာ ဖြစ်ချေသည်။ ထို့ကြောင့် အစ်ကိုသည် အသက် ၂၀ ကျော်မှ စ၍ ၅ နှစ် ၅ မိုးမျှ မိဘကို လုပ်ကျွေး ပြီးသည့်နောက် ‘အိမ်ထောင် ချတော့မည်’ ဟူသော သတင်း ပေါ်ထွက်လာခဲ့ လေ၏။ အရပ်ရပ် အရွာရွာရှိ ဆွေမျိုးသားချင်းတို့ ထံလည်း သင့်လျော်သော သတို့သမီးကို ရှာကြပါ ဟူသော အကြောင်းစကားများ ရောက်လာ၏။ ကုက္ကိုကုန်း ရွာက ဦးဖိုးသက် ဒေါ်မြရွက်တို့၏သား မောင်အောင်ခိုင်၊ မိဘက ဘယ်လောက် ချမ်းသာသည်။ သူ့သားကို လယ်ဘယ်နှဧက လက်ဖွဲ့မည် ဆိုသော ကြေညာချက်လည်း ဒါမျိုးဘက် ဝါသနာပါသော အောင်သွယ်ကျော်တို့မှ တစ်ဆင့် ပျံ့နှံ့လေသည်။ ထိုအခါ အချိန်တန် အရွယ်ရောက်ပြီ ဖြစ်သော သမီးရှင်များ ဘက်ကလည်း ဒီလူငယ် ရုပ်ရည်၊ စိတ်နေ သဘောထား၊ အကျင့်စာရိတ္တ၊ မိဘမျိုးရိုး စသည်တို့ကို ထောက်လှမ်း စုံစမ်းကြကုန်၏။ အစ်ကို့ဘက်မှ ရုပ်ရည် ရည်မွန် သန့်ပြန့်သည်၊ အလောင်းအကစား အသောက်အစား မရှိ။ အကျင့်စာရိတ္တ ကောင်းသည်။ ဆွေမျိုး အသိုင်းအဝန်း တောင့် မတောင့်၊ ဖြောင့် မဖြောင့် ဒါကို ဆွေနှင့်မျိုးနှင့် ချီ၍ တစ်ဘက်နှင့် တစ်ဘက် စုံစမ်းကြသည်။ ဤသုံးချက် ဘက်ညီလောက်မှ တစ်ဘက်နှင့် တစ်ဘက် ချဉ်းကပ်စကား ကမ်းလှမ်းကြည့် ကြသည်။ သို့ကမ်းလှမ်းတိုင်းလည်း မဖြစ်မြောက် တတ်ကြသေး၊ တစ်ဘက်နှင့် တစ်ဘက် ဈေးးခေါ် ဈေးကိုင် ကြသည်လည်း ရှိကြသေး၏။ နောက်ဆုံး၌ ဟိုဘက် သည်ဘက် ‘အိမ်ပါ’ ကလေးနှင့်ပင် ကွဲလွဲ သွားသည်များလည်း ရှိတတ်၏။ အများအားဖြင့် သားရှင်၊ သမီးရှင်တို့သည် ကိုယ့်ချွေးမ၊ ကိုယ့်သမက်ကို အိမ်ပါ ခေါ်ချင်ကြသည်သာ ဖြစ်ကုန်၏။ စင်စစ် သတို့သားနှင့် သတို့သမီးသာ သက်ဆုံးတိုင် ပေါင်းကြရမည် ဖြစ်သော်လည်း ရွေးချယ်သူများက မိဘဆွေမျိုးများသာ ဖြစ်ကုန်၏။ ပထမ သူတို့ သဘောကျပါမှ သတို့သားနှင့် သတို့သမီးတို့ တစ်ဦးနှင့်တစ်ဦး တွေ့ခွင့်၊ ကြည့်ခွင့် ရကြသည်။ သူတို့ ရွေးချယ်ကြသည်များလည်း ရုပ်ရည်ရူပကာရသာ မကဘဲ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဗွေဆိုး၊ ဗွေကောင်း ရွေးဘိသို့ လူများလည်း ထိုသို့ရွေးရန် အချက်အလက်များ ရှိကြကုန်သေး၏။
Fb မိတ်ဆွေ Nyo Htet Nyo က သော်တာဆွေကိုဤသို့မှတ်ချက်ပေးရာကျွန်တော်ကလဲသဘောတူထောက်ခံမိပါသည်။ ------------------------------------- သော်တာဆွေ့ စာ ကောင်းပုံ ကို ပြောရလျှင် အလွန်အမင်း ထမင်းဆာနေချိန် တွင် အစပ်အဟပ် တည့်သော ထမင်းကောင်း ဟင်းကောင်း တို့ကို ခြေခင်းလက်ခင်း သာနေသော စိတ်အခြေအနေ နှင့် စားလိုက်ရသည့်အတိုင်း ဟု ပြောရမည် ထင်သည်။ ပထမဆုံးသော ဝါကျ မှစ၍ နောက်ဆုံး ဝါကျ တိုင်အောင် စာဖတ်သူတို့ကို ဆွဲခေါ်သွားပုံမှာ ထမင်းများ တစ်လုပ်ပြီးတစ်လုပ် လည်ခောျင်းထဲသို့ လျှောခနဲ လျှောခနဲ ဝင်သွားသလို ဖြစ်သည်။ ဖတ်ကောင်းသည် ဟု တိုတိုပြောလျှင် ဖြစ်နိုင်၏။ ဖတ်ကောင်းသည် ဟု သာမန် ဆိုခြင်းကြောင့် ဂုဏ်မငယ် ဂုဏ်မနိမ့်၊ ရသစာတို့၏ ရည်ရွယ်ချက် မှာ ဖတ်ကောင်းဖို့ အဓိကဖြစ်၍ (ဖတ်ကောင်းသည် ဆိုလျှင်ပင် ရသစာပေ တို့၏ ရှိသင့်ရှိထိုက်သော အခြား ဂုဏ်အင်္ဂါများလည်း ကျွဲကူးရေပါ ပါဝင်ပြီး ဖြစ်လေသည်) စာဖတ်သူတို့က ဖတ်ကောင်းသည် ဆိုလျှင်ပင် အလုံးစုံ ပြီးမြောက်ပြီ ဟု ဆိုနိုင်ပါသည်။ ဤနေရာတွင် သော်တာဆွေ သည် ပထမတန်း ဖြစ်၏။ ××××××××××××××××××××××××× သူ့ခေတ်နှင့်သူ (သော်တာဆွေ) ----------------------------------- လယ်ပြီး မိုးနှောင်း ထွန်းတုံး ပိတ်ချိန်၌ အစ်ကိုတို့ လင်မယားသည် ကျွန်တော်တို့ မျှော်လင့်ထားသည့် အတိုင်းပင် ကျွန်တော်၏ အိမ်သို့ ရောက်လာခဲ့ကြ ချေပြီ။ သူတို့ မျက်နှာတွေမှာ ကျွန်တော့်အပေါ် မကျေနပ်သော ပုံသဏ္ဌာန်နှင့်။ သို့သော် ကျွန်တော်မှာ “သည်လိုပဲ ဖြစ်ရမည်” ဟု တွေးထင်ထားသည့် အတိုင်းမို့ ဣနြေ္ဒမပျက်ဘဲ ပြုံးရွှင်စွာဖြင့် … “အစ်ကိုတို့ ဘယ်တုန်းက စသိကြသလဲ …” အစ်ကိုက ဒေါသသံဖြင့် “မင်းတို့ လုပ်ပုံတွေက တယ်ပိရိကြတော့ အခု မိုးနှောင်း မြို့ရောက်တော့မှပဲ မြမောင်အိမ်က ဒီသတင်းစာ ဖြတ်ထားတာ တွေ့လို့ သိရတော့တာပေါ့ကွ …” သူ့အပေါ် အကျႌအိတ်ထဲ၌ ပျောက်ရှမှာ စိုးရိမ်ကြီးစွာနှင့် ခေါက်သွင်းထားသော သတင်းစာရွက်ကို ထုတ်ပြသည်။ တခြား မဟုတ်ပါ။ ရန်ကုန်မြို့တွင် ကျွန်တော့်ရုံး ကျွန်တော့် လက်အောက်၌ အမှုထမ်းနေသော သူ့သားသည် သူ့ဘဝတူ စာရေးမ တစ်ယောက်နှင့် ကျွန်တော့် ရှေ့မှောက်တွင် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး လက်ထပ်သော ကြော်ငြာ ဖြစ်ပါသည်။ အစ်ကိုသည် ကျွန်တော့်မျက်နှာ စေ့စေ့ကြည့်လျက် … “ဘယ့်နှယ်လဲကွာ … မင်းလုပ်ပုံက ငါ့သားကို မင့်ယုံလို့ ပုံအပ်ထားတာ၊ ဒီကိစ္စမှာ မင်းသဘော တစ်ခုတည်းနဲ့ လုပ်လိုက်ကရောလား …” သည်စကားတော့ ကျွန်တော် ခါးခါးသီးသီး ငြင်းရကာ … “အောင်မယ်လေး … အစ်ကို၊ သည်ကိစ္စမှာ ကျွန်တော့်သဘော လုံးဝ မပါပါဘူး ခင်ဗျာ …” အစ်ကိုသည် မည်သို့မျှ မယုံဟန် သဏ္ဌာန်ဖြင့် … “အောင်မယ် … ဘယ့်နှယ်၊ ငါ့သားက ကျောင်းသားထဲက မင်းအိမ်မှာ နေတယ်၊ အလုပ်လုပ်တော့ မင်းရုံးမှာ လုပ်တယ်၊ အခု လက်ထပ်တော့ မင်းရုံးမှာ၊ မင်းက တရားသူကြီးကွာ …” “အဲ့ဒါကြောင့် ကျွန်တော့်သဘော ဘာမှမပါဘူး ပြောတာပေါ့ အစ်ကိုကြီးရ၊ ကျွန်တော်က တရားသူကြီး တစ်ယောက် ဖြစ်နေတော့ အရွယ်ရောက်တဲ့ မိန်းကလေး တစ်ယောက်နဲ့ ယောက်ျားလေး တစ်ယောက် သက်သေ သက္ကာယနဲ့ ကျွန်တော့်ရုံးမှာ လက်ထပ်ချင်တယ် ဆိုတော့ ကျွန်တော်က ဘာမျှ တားပိုင်ခွင့် မရှိဘူး ခင်ဗျာ့၊ ဝတ္တရား ရှိတဲ့အတိုင်း ဆောင်ရွက်ပေးရုံပဲ …” “ကဲ … ဒါတော့ ထားပါတော့ကွာ …၊ ဒီမှာ ထွန်းလင်း … သူတို့ ဒီလို လက်မထပ်ခင်မှာ ငါ့သား စိန်လှိုင်က မင်းကို လူကြီးတစ်ယောက် အနေနဲ့၊ ဦးလေးတစ်ယောက် အနေနဲ့တော့ မတိုင်ပင်ဘူးလား …” “မတိုင်ပင်ဘူး အစ်ကို၊ ပြောရုံပဲ ပြောတယ်၊ ‘ကျွန်တော် ဒီကောင်မလေးနဲ့ ခရီးလွန်နေပြီ၊ လက်မထပ်ရင် မဖြစ်တော့ဘူး …’ တဲ့” “တောက် … သင်း မိန်းမယူတာ ကလည်း ဖိုးထွား နွားဝယ်သလို ကျနေတာပဲ …” သူတို့ရွာက ကိုဖိုးထွားသည် နွားကို မစူးမစမ်း အရမ်းဝယ်တတ်၏။ ဤတွင်ရောက်မှ စကားတစ်ခွန်းမျှ မပြောသေးဘဲ မျက်လုံး ကြောင်တောင်တောင်နှင့် ကြည့်နေသော အစ်ကို့မိန်းမ မအေးယဉ်က … “ဖိုးထွား နွားဝယ်တာက ကိုယ့်လက်ထဲ ရောက်မှ မကြိုက်ရင် နောက်အပတ် နွားပွဲ ချပစ်နိုင်သေးတယ် တော်ရဲ့ …” ကျွန်တော်က စိတ်ထဲက ပြုံးနေ လိုက်ပါသည်။ အစ်ကိုက ဆက်လက်၍ “မင်း စိန်လှိုင်ကို မင့်မိဘတွေဆီ တိုင်ပင်ဦးကော မပြောဘူးလား …” “ပြောသားပဲ အစ်ကို၊ ဒါပေမဲ့ သူက ခုနှယ် မိုးတွင်းကြီး အကြောင်းကြားလို့ အဖေတို့ အမေတို့ လိုက်လာရင် အလုပ်အကိုင် ပျက်ကြရုံ ရှိမှာပေါ့၊ ဒီမှာ ဘာမှ အကြောင်းထူးမှာလည်း မဟုတ်တာဘဲ၊ သီတင်းကျွတ်မှပဲ ရုံးက ခွင့်ယူပြီး သွားကန်တော့မယ် ပြောတယ် …” “နေပါဦး … အခု သူတို့ လက်ထပ်ကြတာ ဘယ်နှလ ရှိသွားပြီလဲ … ဒီထဲမှာ နေ့စွဲက အင်္ဂလိပ်လ၊ ရက်နဲ့ ရေးထားတော့ ငါလည်း မသိဘူးကွ …” ကျွန်တော်က သတင်းစာ လက်ထပ်ကြော်ငြာ လှမ်းကြည့်လိုက်ပြီး … “၃ လ နဲ့ ၂ ရက်ပဲ ရှိပါသေးတယ် အစ်ကို …” “သူတို့ ဘယ်မှာ နေကြသလဲ၊ ကောင်မလေး မိဘအိမ်မှာလား …” “ရန်ကုန်မှာက ခုနှယ် ဘယ်မိဘကမှ သမက်ကို အိမ်မှာ လက်ခံမထား နိုင်ကြဘူးဗျ၊ သူတို့ဟာ သူတို့ လက်ထပ်ပြီး အခန်းလေး တစ်ခန်း ငှားနေကြတာပဲ …”
တစ်ခါက ဦးနေဝင်း နဲ့ စကားများပြီး ပူတူတူး က အတော့ကို စိတ်ဆိုးခဲ့ဖူးပါတယ် တဲ့။ :( တကယ်တော့ သူတို့ က စကားများ နေကျ စိတ်ဆိုးနေကျပါ :) ဦးနေဝင်း ဘက်က စိတ်ဆိုးတာ ကြီးရင်တော့ ပူတူတူးကို အင်းစိန် ကို တန်း ပို့ပေး ရှိပါတယ် ;) သည်တစ်ခါတော့ ဦးနေဝင်း ပြောတာ မှန် နေ လွန်း လို့ ပူတူတူး ခမျာ သူ့လူတွေ အတွက် နာသာ ခံခက် ဖြစ်ခဲ့ရတာပါတဲ့ :( ဗကပ တောပြန် များနဲ့ နိုင်ငံရေးသမား တော်တော်များများကို ရာဇဝတ်မှု မရှိရင် အကြာကြီး ဖမ်း မထားဖို့ မနှိပ်စက်ဖို့ နဲ့ အရည်အချင်း ရှိသူများကို ပြန်လည် စောင့်ရှောက် နေရာပေးဖို့ ပူတူတူးက ဦးနေဝင်း ကို တိုက်တွန်းလေ့ ရှိသလို ပါတီ ဌာနချုပ်နဲ့ စာနယ်ဇင်း ဌာနကြီးမှာ အစိုးရ ဌာနတွေမှာ နေရာ ရ သွားကြသူတွေ အများကြီးပါ :) အဲ့သည် တစ်ခါ မှာတော့ ဘယ်နိုင်ငံရေးသမား ဘယ်သူ ဘာဖြစ်တယ် မသိပါဘူး ဦးနေဝင်း က ပြောတယ်တဲ့။ " ဗိုလ်တင်ဦး မင့် ကောင် နိုင်ငံရေး သမားတွေက သူတို့ဘာသာ စားရ သောက်ရ မဲ့ နေချိန်မှာသာ တောင် အော် မြောက် အော် အော်ကြတာကွ။ ရာထူးလေးပေး နေရာလေးရ ငွေ လေး မြင် ရ တာနဲ့ ဖောက်ပြန်တဲ့ ကောင်တွေက အများကြီးရယ်။ ပြောတော့ တိုင်းပြည် အတွက် အသက်ပဲစွန့် တော့မလိုလို နဲ့ ငွေ မြင်တာနဲ့ အလကား ကောင် အချောင် သမားတွေ " တဲ့။ :( နိုင်ငံရေး သမားတွေကို ပြောလို့ စိတ်ဆိုးပေမယ့် ဦးနေဝင်း ပြောတာ မှန် နေ လို့ အဲ့ သည် တစ်ခါတော့ ပူတူတူးက ငြိမ် ခံခဲ့ရပါကြောင်း မှတ်သားခဲ့ရဖူးပါတယ် ခင်ဗျား #ဆုတင် 20210810
без подписи
без подписи
без подписи
အလကားသုံးစားမရတဲ့ကောင်၊တကိုယ်ကောင်းဆန်တဲ့အတ္တသမား၊ဘာကိုမှတာဝန်မယူတတ်သူ-ဘာညာအာချောင်ခဲ့တာကြောင့်လည်းပါပါတယ်. ဒါကြောင့် ဘတ်ဂျက်ခွဲဝေရေးကြားနာပွဲမှာ Foreign Secretary Mr Rubio က မြန်မာကိစ္စ သူတို့မဝင်နိုင်ပါဘူး၊တရုတ်လွှမ်းမိုးနေလို့ဆိုပြီး အလွတ်ဘော ကန်ပြပစ်လိုက်တာ၊ ပါးစပ်ပိတ်ပေရော့။ ဘာဘဲပြောပြော၊ လာမယ့်မကြာသောကာလ ၂၀၂၇ ဇန်နဝါရီလထဲမှာ ဒီဘဲကြီး အနားယူတော့မှာမို့ တိုင်းပြည်ရဲ့ နိုင်ငံရေးကံကြမ္မာ၊ အကောင်းတစုံတရာ ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်မိကြောင်းပါခဗျား☃️✅ 🍀အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ💦 (လေးလွင် MAf)(193010062026)
🇺🇸🇲🇲နဝတ/နယက အစိုးရအပေါ် နိုင်ငံရေး၊စီးပွားရေးပိတ်ဆို့ထားဆဲကာလ ၉၄ ခု နှစ်ဆန်းပိုင်းမှာ အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်(White House)နဲ့လွှတ်တော်ရုံး (Capitol) ဖက်ကိုရောက်ခဲ့တယ်။ ထိုစဉ်က မြန်မာသစ်တောဝန်ကြီးရဲ့ချစ်ကြည်ရေးအဖွဲ့နဲ့အတူ လိုက်ပါခဲ့ရပေမဲ့ ကျနော့်ရဲ့အဓိကတာဝန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စနဲ့ပါတ်သက်လို့ Langley (စီအိုင်အေ ဌာနချုပ်)ကိုသွားပြီး သူတို့ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးဘို့ပါ... (ဆွေးနွေးခဲ့၊ချဲခဲ့ရတဲ့အကြောင်း ရှေ့က post တခုမှာ ဖော်ပြခဲ့ပြီးပြီ) မူးယစ်ကိစ္စရော နယ်မြေလုံခြုံရေးကိစ္စတွေပါ ပါတယ်ဆိုတော့ အိမ်ဖြူတော်(White House)ကိုရောက်တဲ့အခါ လက်နက်ကိုင်အဖွဲ့အစည်းများဆိုင်ရာ လွှတ်တော်ကော်မီတီက Mr Anthony Principi (Chief Counsel & Staffs Director of Senate Armed Services Committee)က ခရီးဦးကြိုပြု၊လိုက်လံပြသခဲ့တယ်။ (နောက်ပိုင်း.မှာ သူ စစ်မှုထမ်းဟောင်းဆိုင်ရာအဖွဲ့အကြီးအကဲ Commissioner of War Veteran Affairs ဖြစ်သွားခဲ့တယ်) သူနဲ့အတူ သမ္မတ ကလင်တန်ရဲ့ကျန်းမာရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် အမျိုးသမီး Dr Susan Blumenthal လည်း လိုက်ပါခဲ့တယ်.. လွှတ်တော်အဆောက်အဦး (Capitol) ဖက်ရောက်တော့ မိတ်ဆွေဟောင်းကြီး Mr Bill Richardson (Minority Whip, Governor of New Mexico, နောင်တွင် သမ္မတလောင်း)က စောင့်ကြိုပေးပြီး သူ့.ရဲ့စီစဉ်မှုနဲ့ Senate Armed Services Committee ဥက္ကဌဖြစ်လာမယ့် မိတ်ဆွေအမတ် Senator John McCain(နောင် သမ္မတလောင်း)၊ တခါ Senate Foreign Relations Committee ဥက္ကဌ အမတ်ကြီး Senator Jessy Helms တို့နဲ့တွေ့ဆုံခဲ့ရတယ် (** Senator Jessy Helms ၇၄-နှစ်၊ဆိုတာက Burma ဆိုတဲ့နိုင်ငံ ဘယ်မှာမှန်းမသိ၊ Burma ကို Bahama, Bahrain နဲ့ရောယောင်မှားယွင်းပြီး တပ်မတော်အစိုးရကို အမြဲတမ်းပြင်းပြင်းထန်ထန်အပြစ်တင်ဝေဖန်ပြောဆိုနေပေမဲ့ နောက်ဆုံး အားမနာလျှာမကျိုး သူ့ပြည်နယ်ထဲက ဒု-ကမ္ဘာစစ် သမိုင်းဝင် North Carolina Battleship (စစ်သင်္ဘော)ကြမ်းခင်းအတွက် မြန်မာကျွန်းသစ် ၇၈-တန်လောက်လှူဒါန်းဖို့ မေတ္တာရပ်ခံခဲ့တာကြောင့် နဝတ အစိုးရက တန်တစ်ရာကျော် ပေးလှူခဲ့ရတဲ့ သက်တော်ရှည် အမတ်မင်းပေါ့၊ သူ့အကြောင်း ဟိုး ရှေ့ပိုင်း post တခုထဲမှာ တင်ပေးခဲ့ပြီးပြီ)၊ တခြားလွှတ်တော်အမတ်တွေဖြစ်တဲ့ Richard Shelby, FairCloth, Jack Fields -စသူတို့နဲ့လည်း တွေ့ဆုံခဲ့ရပေမဲ့ အသေးစိပ်မပြောလိုတော့ဘူး၊ထားလိုက်ပါတော့။ အားလုံးဆုံတွေ့ပြီးချိန်မှာ Bill က ထူးခြားစွာမေးတယ်- "Would you like to see Senator Mitch Mac?" တဲ့ (Mitch Mac ဆိုတာ Mitch McConnell ကို ပြောတာ) ကျနော်က "နိုး..နိုး-မတွေ့လိုပါဘူး..ဒီအမတ်မင်းက ..ဟို လူကြီး Jessy H လို..ဗမာပြည် ဘယ်မှာမှန်းမသိ၊ဘာမသိညာမသိ၊စွတ်ဘလိန်းနေတဲ့ ဘဲကြီး..အကျိုးမရှိပါဘူး"-ဆိုပြီး ငြင်းပါယ်ပစ်ခဲ့ပါသဗျာ.. အဲဒီဖြစ်စဉ်အားလုံးဟာ အတိတ်တွေပါဘဲ..ဟိုးအနောက်မှာကျန်ခဲ့ပါပြီ.အမည်နာမများလည်း မှတ်မိသလောက်သာပါ...ထိုစဉ်က လူကြီးပိုင်းအတော်များများ..ယနေ့မရှိကြတော့ပါဘူး..ကျနော့် မိတ်ဆွေကြီး Bill Richardson တောင် တမြန်မနှစ်က ဆုံးပါးသွားခဲ့ပြီ..All Gone. Finito! Ya Termino'! Water under the bridge! Everything is Non-Permanent! xxxxxxxxxxxxxxxxxxxxxxxxxxxxxxx သို့သော်- အခုဘာလို့ ဒါတွေထပ်ပြောလာရသလဲ? -ဆိုတော့ ပြီးခဲ့တဲ့အပါတ်ထဲက Mitch McConnell ပြန်ပေါ်လာလို့လေ..ဒီလူကြီး ရှိနေသေးတဲ့သဘော.. ပြီးခဲ့တဲ့အပတ် Senate Appropriation Hearing (အထက်လွှတ်တော်ဘဏ္ဍာငွေခွဲဝေရေးကြားနာပွဲ)မှာ NDAA (National Defence Authorization Act)ဆုံးဖြတ်ချက်အရမြန်မာအစိုးရအပေါ်ဆန့်ကျင်တိုက်ခိုက်ရေးလှုပ်ရှားမှုတွေလုပ်ဖို့ ယခင်၂၀၂၄ ကထဲက အတည်ပြုထားခဲ့တဲ့ ဒေါ်လာသန်း ၁၃၀-ကျော်ကို အခုထိ ချမပေးသေးတဲ့ကိစ္စ နိုင်ငံခြားရေးဝန်ကြီး ရူဘီယို (Marco Rubio)ကို ဒေါသတကြီးစောဒကတက်တဲ့သတင်းတွေ့လိုက်ရလို့ခမျ.. အသက် ၈၄ နှစ်၊လွှတ်တော် သက်တမ်း (၇)ကြိမ်ဆက်တိုက် (နှစ်ပေါင်း၄၀ကျော်)တာဝန်ထမ်းခဲ့တာတောင် မြန်မာအကြောင်း ဂဃနဏမသိဘဲ အစဉ်တစိုက်တဖက်ပိတ်တိုက်ခိုက်လုပ်စားနေခဲ့တာကို တကယ်အံ့အားသင့်မိတယ်.. သူနဲ့ပါတ်သက်ပြီး ၂၀၂၂ လောက်က US မိတ်ဆွေအမတ်ဟောင်းတဦး မြန်မာပြည်ခေတ္တရောက်တုန်းပြောသွားတာကို ပြန်လည်ကြားယောင်မိတယ်၊ဘာတဲ့-သူပြောသွားတာက- "ဒီအဘိုးကြီးက မြန်မာဘယ်မှာရှိမှန်းမသိပါဘူး..မြန်မာပြည်သူတွေကိုလည်းမသိပါဘူး..သူသိတာက ဟိုအမျိုးသမီးတယောက်ထဲကိုသာပါ..သူလွှတ်တော်မှာ ရှိနေသမျှ..မင်းတို့နိုင်ငံကို ဒုက္ခဆက်ပေးနေဦးမှာ-ကိုယ့်လူ" တဲ့ အမှန်တော့ သူတို့သမ္မတ ဒေါ်နယ်လ်ထရမ့်ကိုယ်တိုင်က R ပါတီချင်းတူသော်ငြား သူ့(McConnell)ကို သိပ်ကြည့်ရတာမဟုတ်ပါဘူး၊ ၂၀၂၁ ခုနှစ် ထရမ့်ပ်အပေါ် ဖြုတ်ချဘို့စွပ်စွဲပြစ်တင်မှု(Second Impeachment) ပြုလုပ်ခဲ့တုန်းက ဒီအဖိုးကြီးက ရှေ့တန်းကနေပြင်းထန်စွာ ရှုံ့ချပြစ်တင်ခဲ့လို့ပါ၊နောက်ပြီး ထရမ့်ပ်ကို ၂၀၂၀ ပထမအကြိမ် Impeach လုပ်တုန်းက ကာကွယ်ပေးခဲ့တာ သူအမှားကြီးမှားခဲ့ပါတယ်၊တကယ်တော့ ထရမ့်ပ်ဆိုတာ
без подписи
без подписи
သူ ဝါသနာပါတဲ့ စာလုံးလှရေးခြင်း နဲ့ သစ်သီးဝလံစိုက်ပျိုးခြင်း (အထူးသဖြင့် စပျစ်သီးစိုက်ပျိုးခြင်း) တွေကိုသာ တစ်ဘက်တစ်လမ်းက လုပ်ကိုင်ရင်း ဘဝကို ကျေနပ်စွာ ဖြတ်သန်းသွားခဲ့ပါတယ်။ ဟွာကိုဖုန်းဟာ မော်စီတုန်းအလွန် တရုတ်ပြည် ဖရိုဖရဲဖြစ်မယ့် အခြေအနေကနေ တိန်ရှောင်ပိန်ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု (Reform and Opening-up) ကာလကို ကူးပြောင်းပေးခဲ့တဲ့ "ကြားခံပေါင်းကူးတံတား" ခေါင်းဆောင်တစ်ဦး"အဖြစ် သမိုင်းပညာရှင်တွေက သတ်မှတ်ကြပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်၊ အသက် ၈၇ နှစ်အရွယ်မှာ ပေကျင်းမြို့မှာအေးချမ်းစွာ ကွယ်လွန်ခဲ့ပါတယ်။
ဟွာကိုဖုန်း (Hua Guofeng ) တရုတ်သမိုင်းမှာ ပါတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နဲ့ စစ်ကော်မရှင်ဥက္ကဋ္ဌ ရာထူး ၃ ခုလုံးကို တစ်ပြိုင်တည်း ကိုင်ခဲ့ဖူးတဲ့ တစ်ဦးတည်းသော ခေါင်းဆောင်က ဟွာကိုဖုန်း အကြောင်း တင်ပြပေးချင်ပါတယ်ဗျ။ တရုတ်နိုင်ငံရဲ့ ဒုတိယမြောက် အဓိကခေါင်းဆောင်ကြီးလို့ ပြောလို့ရတဲ့ ဟွာကိုဖုန်း (Hua Guofeng )အကြောင်းဟာ တရုတ်ကွန်မြူနစ်ပါတီသမိုင်းမှာ အလွန်စိတ်ဝင်စားဖို့ကောင်းပြီး အရေးပါတဲ့ အချိုးအကွေ့တစ်ခု ဖြစ်ပါတယ်။ ဟွာကိုဖုန်းကို ၁၉၂၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက ဂျပန်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်တွေမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ မော်စီတုန်းရဲ့မွေးရပ်မြေဖြစ်တဲ့ ဟူနန်ပြည်နယ်မှာ တာဝန်ထမ်းဆောင်စဉ်အတွင်း အလုပ်ကြိုးစားမှု၊ ရိုးသားမှုနဲ့ မော်စီတုန်းအပေါ် သစ္စာရှိမှုတို့ကြောင့် သတိပြုမိခြင်း ခံခဲ့ရပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ "မဟာယဉ်ကျေးမှုတော်လှန်ရေး" (Cultural Revolution)ကာလအတွင်း ခေါင်းဆောင်အတော်များများ ရာထူးကပြုတ်၊ နှိပ်စက်ခံရချိန်မှာ ဟွာကော်ဖုန်းကတော့ အစွန်းမရောက်ဘဲ မော်စီတုန်းရဲ့ ယုံကြည်မှုကို ပိုမိုရရှိလာခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်ဟာ တရုတ်ပြည်အတွက် အပြောင်းအလဲအကြီးဆုံး နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဇန်နဝါရီမှာ ဝန်ကြီးချုပ် ချူအင်လိုင်း ကွယ်လွန်သွားတဲ့အခါ မော်စီတုန်းက ဟွာကိုဖုန်းကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီနှစ် စက်တင်ဘာမှာ မော်စီတုန်းပါ ကွယ်လွန်သွားတဲ့အခါ ဟွာကိုဖုန်းဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ စစ်ကော်မရှင်ဥက္ကဋ္ဌ ဆိုတဲ့ ရာထူးကြီး ၃ ခုစလုံးကို တစ်ပြိုင်နက်တည်း ဆုပ်ကိုင်ခွင့်ရခဲ့တဲ့ သမိုင်းမှာ တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ မော်စီတုန်း ကွယ်လွန်ခါနီးမှာ ဟွာကိုဖုန်းကို ယုံကြည်စိတ်ချရတဲ့အတွက် "မင်းလုပ်ရင် ငါစိတ်ချပါတယ်" ("You in charge, I'm at ease") ဆိုတဲ့ လက်ရေးမှတ်စုကို ပေးအပ်ခဲ့ပါတယ်။ ဒီမှတ်စုလေး တစ်ခုတည်းကပင် ဟွာကိုဖုန်းကို ယာယီဝန်ကြီးချုပ်နဲ့ ပါတီဥက္ကဋ္ဌ ဖြစ်လာစေရန် ကြီးမားတဲ့ တရားဝင်မှု (Legitimacy) ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ မော်စီတုန်းကွယ်လွန်ပြီး တစ်လမပြည့်ခင် (အောက်တိုဘာလ) မှာတင် ဟွာကိုဖုန်းဟာ သမိုင်းဝင် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။ အဲဒါကတော့ မဟာယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း အာဏာပြင်းထန်ခဲ့ပြီး တရုတ်ပြည်ကို ဖရိုဖရဲဖြစ်အောင် လုပ်ခဲ့တဲ့ မော်စီတုန်းရဲ့ဇနီး ကျန်းချင်း (Jiang Qing)နဲ့ သူမရဲ့ အပေါင်းအပါ "လေးဦးဂိုဏ်း" (Gang of Four)ကို စစ်တပ်အကူအညီနဲ့ အမြန်ဆုံး ဖမ်းဆီးဖြိုခွင်းလိုက်တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့်ပဲ ၁၀ နှစ်ကြာ သွေးစွန်းခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကြီး တရားဝင် ပြီးဆုံးသွားခဲ့ပြီး တရုတ်ပြည်သူတွေရဲ့ ထောက်ခံမှုကို အကြီးအကျယ် ရရှိခဲ့ပါတယ်။ ဟွာကိုဖုန်းဟာ လူလေးစုဂိုဏ်းကို ဖြိုခွင်းခဲ့ပေမဲ့ မော်စီတုန်းရဲ့ လမ်းစဉ်ကိုတော့ ဆက်လက်ဆုပ်ကိုင်ချင်ခဲ့ပါတယ်။ သူက "ဘာပဲဖြစ်ဖြစ် နှစ်ချက်" ပေါ်လစီ (The "Two Whatevers") လို့ခေါ်တဲ့ ဝါဒတစ်ခုကို ချမှတ်ခဲ့ပါတယ်။ နှစ်ချက်ပေါ်လစီကတော့ မော်စီတုန်း ချမှတ်ခဲ့တဲ့ ပေါ်လစီမှန်သမျှကို ငါတို့ ဘာပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်မယ်။ မော်စီတုန်း ပေးခဲ့တဲ့ ညွှန်ကြားချက်မှန်သမျှကို ငါတို့ ဘာပဲဖြစ်ဖြစ် မသွေမဖိ အကောင်အထည်ဖော်မယ်။ ဒီလို မော်စီတုန်းရဲ့ အရိပ်အောက်ကနေ မထွက်နိုင်တဲ့ လမ်းစဉ်ဟာ တရုတ်ပြည်စီးပွားရေး ပြန်လည်နာလန်ထူဖို့နဲ့ ခေတ်မီတိုးတက်ဖို့အတွက် အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ ဒီအချိန်မှာပဲ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ရာထူးချခံထားရတဲ့ ဝါရင့်ခေါင်းဆောင် တိန်ရှောင်ဖိန် (Deng Xiaoping) ပြန်လည်အာဏာရလာပါတယ်။ တိန်ရှောင်ဖိန်က ဟွာကိုဖုန်းရဲ့ "Two Whatevers" လမ်းစဉ်ကို ဝေဖန်ပြီး "အမှန်တရားကို လက်တွေ့ကျကျ ရှာဖွေခြင်း" (Seeking Truth from Facts) ဆိုတဲ့ လက်တွေ့ဆန်တဲ့ လမ်းစဉ်ကို ရှေ့တန်းတင်လာပါတယ်။ ဟွာကိုဖုန်းဟာ စီးပွားရေးနဲ့ နိုင်ငံရေးဗျူဟာပိုင်းမှာ တိန်ရှောင်ဖိန်နဲ့ သူ့ရဲ့အုပ်စုကို မယှဉ်နိုင်ဘဲ တဖြည်းဖြည်း အားနည်းလာခဲ့ပါတယ်။ ၁၉၈၀ မှာ တော့သူဟာဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ခဲ့ရပါတယ်။ ၁၉၈၁ မှာ ပါတီဥက္ကဋ္ဌ ရာထူးကို လွှဲပြောင်းပေးခဲ့ရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ သမိုင်းမှာ ထူးခြားတာကတော့ ဟွာကိုဖုန်းဟာ အာဏာလက်လွှတ်ခဲ့ရပေမဲ့ ယခင်ခေါင်းဆောင်တွေလို နှိပ်စက်ညှဉ်းပန်းခံရခြင်း၊ ထောင်ချခံရခြင်း မရှိဘဲ ပုံမှန်အငြိမ်းစားဘဝနဲ့ အေးအေးချမ်းချမ်း နေထိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဟွာကိုဖုန်းအာဏာရှိစဉ်မှာ တိန်ရှောင်ဖိန်ကို ဖယ်ရှားပစ်တာမျိုး မလုပ်ဘဲ ပြန်လည်နေရာချထားပေးခဲ့ခြင်းက သူ့ရဲ့ နိုင်ငံရေး ရင့်ကျက်မှုနဲ့သဘောထားကြီးမှုကို ပြသနေပြီး၊ နောက်ပိုင်းမှာ သူ့ထက် ပိုတော်တဲ့သူကို နေရာဖယ်ပေးခဲ့တဲ့ ခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်။ သူအာဏာကနေ ဆင်းပေးခဲ့ရပြီးနောက် ဟွာကိုဖုန်းဟာ နိုင်ငံရေးကို လုံးဝ မလုပ်တော့ဘဲ သူ့ရဲ့ ပေကျင်းအိမ်မှာ တိတ်ဆိတ်အေးချမ်းစွာ နေထိုင်ခဲ့ပါတယ်။
без подписи
ဗိုလ်မှူးဝေယံလင်းကို အဖ ဦးစိုးကြည်+အမိ ဒေါ်ကျင်သောင်းတို့မှ ၂၀-၂-၁၉၉၁ ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကရင်ကျေးရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း(၄)ဦးအနက် (၃)ဦးမြောက်ဖြစ်ပါသည်။ ငယ်စဉ်ကတည်းက အနေအထိုင် အေးဆေးတည်ငြိမ်သူဖြစ်ပါသည်။၂၀၀၇ ခုနှစ်တွင် ဒဿမတန်းကို ထူးချွန်စွာဖြင့် အောင်မြင်ခဲ့သော်လည်း ပြင်ပတက္ကသိုလ်ဝင်ခွင့် တစုံတရာကိုပင် လျှောက်ထားခဲ့ခြင်းမရှိပါ။ စစ်တက္ကသိုလ် အမှတ်စဉ် (၅၃) ဗိုလ်လောင်းသင်တန်းကို ၂၅-၁၂-၂၀၀၇ ခုနှစ်တွင် တက်ရောက်ခဲ့ပါသည်။ သီဟသူရဘွဲ့ ရရှိမှု ၂၁-၁၂-၂၀၂၅ ရက်နေ့ ရခိုင်ပြည်နယ်၊ညောင်ကျိုးဒေသအတွင်း အကြမ်းဖက်သောင်းကျန်းသူများ ခြေကုပ်ရယူထားသော စခန်းအမှတ် ပွိုင့် ၆၆၆ ကို မြန့်မာတပ်မတော်မှ တပ်မတော်သားများက တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း ရန်သူအင်အားအလုံးအရင်း၏ တန်ပြန်ထိုးစစ်ကို အလူးအလဲခံခဲ့ရပါသည်။ ထိုအခြေအနေတွင် ဗိုလ်မှူးဝေယံလင်းအနေဖြင့် ခန္ဓာကိုယ်အနှံ့၊ပါးစပ်၊လျှာ အစရှိသည်တို့တွင် ထိခိုက်ဒဏ်ရာပေါင်းများစွာ ရရှိထားပါသည်။ ရန်သူ့ပစ်ခတ်နေမှုများအတွင်း ဒဏ်ရာများရရှိနေသည့်အတွက် တပ်ရင်းမှူးမှ နောက်ချန်နေရာတွင်နေခဲ့ရန်နှင့် ဒဏ်ရာများကို သွေးတိတ်စေရန် ကုသစေခဲ့ပါသည်။သို့သော် ဗမ ဝေယံလင်းသည် အသက်ကို ပဓာန မထား ၊ဆေးကုသမှုကို ခံယူခြင်းမရှိပဲ ရှေ့မှနေ၍ သူဦးစီးသော တပ်ခွဲကို ဆက်လက်ကွပ်ကဲနေခဲ့သည်။ ထိုအချိန်တွင် ရန်သူပစ်ခတ်မှုနှင့် ပစ်အားသိသိသာသာ ကောင်းမွန်လာခဲ့သည့်အတွက် မိမိဘက်မှ စစ်သည်များထိခိုက်မှုရှိလာခဲ့ပါသည်။ ရန်သူ့ပစ်ခတ်မှုများအတွင်းမှ လွတ်မြောက်ရန်လမ်းစရှာမရပဲ အားလုံးကျဆုံးရမည့် အခြေအနေတွင် ဗမ ဝေယံလင်းသည် ဆုံးဖြတ်ချက်တခုကို ခိုင်မာစွာ ချခဲ့ပြီး အနီးရှိ ဆေးအကူနှင့် ရဲဘော်အား လက်ယက်ခေါ်ယူကာ (စကားပြောနိုင်ခြင်းမရှိသဖြင့်) မိသားစု၏ အမှတ်တရပစ္စည်းများ၊ အသုံးအဆောင်နှင့် မိသားစုဓာတ်ပုံစသည်များအားလုံးကိုအပ်နှံပြီး ရဲဘော်ထံမှ လက်ပစ်ဗုံးတလုံးတောင်းယူခဲ့ပြီး ကိုယ်ပေါ်ရှိ လက်ပစ်ဗုံးတလုံး စုစုပေါင်း(၂)လုံးကို စနက်တံဖြုတ်ကာ စကားပြောဆိုနိုင်ခြင်းမရှိသည့် အခြေအနေတွင် တပည့်များအား စစ်သုံးsign ဖြင့်အချက်ပြ၍ ရန်သူ့ပစ်အားကောင်းသည့်နေရာသို့ ဝိုင်းဝန်းပစ်ရန်နှင့် ကိုယ်တိုင်မှာ တက်လုံး၍ ရန်သူဖရိုဖရဲဖြစ်နေစဉ်အတွင်း ဆုတ်ခွာရန် (သို့) အခြေအနေပေါ်မူတည်ပြီး ထိုးစစ်ဆင်နွှဲရန် ညွှန်ကြားခဲ့ပါသည်။ ထို့နောက် ရန်သူ့စခန်းကုန်းအတွင်း ဝင်ရောက်သွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများနှင့် လက်ပစ်ဗုံးဖြင့် အသေခံ ဗုံးခွဲတိုက်ခိုက်မှုမှာ ထိရောက်မှုရှိခဲ့သည်။ မိမိတို့ဘက်မှ ယင်းအခြေအနေကို အသုံးချခဲ့ပြီး စုဖွဲ့မှုလုပ်၍ ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ စခန်းကုန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါသည်။ ဗမဝေယံလင်း၏ စွန့်လွှတ်အနစ်နာခံမှုသည် တပ်မတော်သားများ၏ အသက်ကို ကယ်တင်ရာရောက်ခဲ့သည့်အပြင် အောင်မြင်မှုများကိုလည်း ရရှိစေခဲ့သည့်အတွက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ၄-၁-၂၀၂၆ ရက်နေ့တွင် နိုင်ငံတော်မှ “သီဟသူရ”ဘွဲ့အား ထိုက်တန်စွာ ချီးမြှင့်ခဲ့ပါသည်။ ###Kyaw Swar Win Saw
без подписи
#မျိုးရန်နောင်သိမ်းရဲ့_ကာမလိမ်လည်မှုနှင့်ပါတီကနေ ထုတ်ပယ်ခံရတဲ့ အကြောင်းအရင်း''.. #NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ပါတီရဲ့ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူးဟောင်းမျိုးရန်နောင်သိန်းရဲ့ကာမလိမ်လည်မှု စွပ်စွဲခံရတဲ့ ပြဿနာဟာ ၂၀၁၈ ခုနှစ်နှောင်းပိုင်းက နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ လူမှုကွန်ရက်မှာ အတော်လေး ဂယက်ရိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး #သတင်းမီဒီယာတွေမှာ အခိုင်အမာ ဖော်ပြခဲ့တဲ့ အဓိက အချက်အလက်တွေကို အောက်ပါအတိုင်း စုစည်းတင်ပြပေးလိုက်ပါတယ် - #ဖြစ်စဉ်အကျဉ်း • စွပ်စွဲသူနဲ့ စတင်သိကျွမ်းမှု: ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ #အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှာ_လုပ်ကိုင်နေတဲ့ အသက် (၂၅) နှစ်အရွယ် ဒေါ်ရတနာထွန်းဆိုသူ အမျိုးသမီးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ #သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်လယ်လောက်မှာ လုပ်ငန်းကိစ္စတွေနဲ့ စတင်သိကျွမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။ • စွပ်စွဲချက်: ထိုသို့သိကျွမ်းပြီးနောက်ပိုင်း ပုဂ္ဂိုလ်ရေးအရ နီးစပ်ခဲ့ကြရာမှာ #မျိုးရန်နောင်သိန်းက_လက်ထပ်မယ်လို့ကတိပေး လှည့်စားပြီး ကာမလိမ်လည်ရယူခဲ့တယ်လို့ ဒေါ်ရတနာထွန်းက စွပ်စွဲခဲ့ပါတယ်။ ဒါကြောင့် #သူ့အနေနဲ့မျိုးရန်နောင်သိန်းကို "ကာမလိမ်လည်ရယူမှု" နဲ့ တရားစွဲဆိုဖို့ စီစဉ်နေကြောင်း မီဒီယာတွေကို တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ • ထိုစဉ်က ရာထူးတာဝန်: အဲ့ဒီအချိန်က မျိုးရန်နောင်သိန်းဟာ #အာဏာရ NLD ပါတီရဲ့ #ဗဟိုသုတေသနလမ်းညွှန်အဖွဲ့အတွင်းရေးမှူး တာဝန်လိုမျိုး အရေးပါတဲ့ နေရာကို ရယူထားချိန် ဖြစ်ပါတယ်။ ပါတီ၏ အရေးယူဆောင်ရွက်မှု အကျိုးဆက် ဒီလို လူသိရှင်ကြား စွပ်စွဲခံရတဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ အခြားသော တိုင်ကြားစာတွေကြောင့် ပါတီတွင်းရော ပြင်ပမှာပါ ကြီးမားတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ #စုံစမ်းစစ်ဆေးခြင်း: NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ • တာဝန်မှ ရပ်ဆိုင်းခံရခြင်း: #စုံစမ်းစစ်ဆေးမှုတွေ အပြီးမှာတော့ ပါတီစည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှု ကျူးလွန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်းမှာ မျိုးရန်နောင်သိန်းကို ပါတီတာဝန်တွေကနေ အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း NLD ပါတီက တရားဝင် ကြေညာခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ #နိုင်ငံရေးနယ်ပယ်က ထင်ရှားသူတစ်ဦးရဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး အများပြည်သူကြား ဝေဖန်မှုအများဆုံးခံခဲ့ရတဲ့ အမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ #တရားရုံးမှာ တရားမမှု/ရာဇဝတ်မှုအနေနဲ့ ဆက်လက်ရင်ဆိုင် ရတဲ့ အခြေအနေနဲ့ ပြစ်ဒဏ်ချမှတ်ခံရမှု အသေးစိတ် ကိုတော့ သတင်းမီဒီယာတွေမှာ နောက်ပိုင်း ဆက်လက်ဖော်ပြတာမျိုး သိပ်မတွေ့ရတော့ဘဲ၊ NLD ပါတီ တာဝန်တွေကနေ ဖယ်ရှားခံလိုက်ရတာကတော့ ဒီအရှုပ်တော်ပုံရဲ့ အထင်ရှားဆုံး နိုင်ငံရေးအကျိုးဆက် ဖြစ်ခဲ့ပါတယ်။. #မျိုးရန်နောင်သိန်းက MOD အောက်ကို ဝင်ခိုင်းတာ COC တစ်ခုထဲအောက်မှာ ရှိခိုင်းတာ Local အဖွဲ့တွေကို အမှိုက်လို့9 ဘာမှားလို့လဲ ပြောတဲ့သူတွေကိုလဲ.. #မျိုးရန်နောင်သိန်း သန္ဓေမမှန်တဲ့ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကို ဆက်လက်ဖော်ထုတ်ရေးသာf မှာပါ Lu Myat Kyaw
без подписи
မြို့ခံ အရာရှိသည် သူ့စကား ဆုံးအောင် နားထောင်ခြင်း မပြု။ အရာရှိကြီး သမီးက မြို့တွင် နာမည်ကြီးသည့် ရေမုန့်ကို စားချင်သည် ဆိုသဖြင့် သွားဝယ် ရဦးမည် မဟုတ်လော။ “သွားဗျာ ... ကျုပ် အလုပ်များ နေတယ်” မြို့ခံ အရာရှိသည် သူ့ကား ဒရိုင်ဘာကို လှမ်းခေါ်ကာ ရေခဲမုန့်ဝယ်ရန် အသေးစိတ် ညွှန်ကြားချက် ပေးနေပြီးနောက် အပေါ်ထပ်သို့ ခပ်သုတ်သုတ် ပြန်တက်သွားသည်။ ဦးထွန်းဖေသည် စိတ်ပျက် လက်ပျက်ဖြင့် သူ့တန်းလျားဆီသို့ ပြန်လာခဲ့၏။ တန်းလျားတွင် သူ့မိန်းမသည် ဆေးပေါ့လိပ်ကြီး တဖွားဖွားဖြင့် မန်ကျည်းသီးမှည့် များကို ထုနေသည်။ ထိုမန်ကျည်းပင်မှ မန်ကျည်းသီးမှည့် များကို ကောက်ထု၍ ရောင်းခဲ့ကြသည်။ သည်ဗိုလ်တဲမှ ထွက်ရတော့မည် ဆိုလျှင် မန်ကျည်းသီးမှည့်တွေလည်း ကောက်ခွင့် ရတော့မည် မဟုတ်။ နေစရာလည်း ရှိတော့မည် မဟုတ်။ အကြွင်းအကျန် ကလေးများကိုလည်း စားရတော့မည် မဟုတ်။ ပင်စင် လစာလည်း ရတော့မည် မဟုတ်။ မိမိအား အလုပ်မှ ဖြုတ်ပစ်မည်ဟု ယတိပြတ် ပြောလိုက်ပြီ မဟုတ်လော။ ဦးထွန်းဖေသည် မြို့ခံ အရာရှိ၏ အောက်မှ အရာရှိကလေး တစ်ယောက်ထံ ချဉ်းကပ်၍ သူ့ကိစ္စကို တင်ပြပြန်သည်။ ထိုအရာရှိအား သူ့ကို မဖြုတ်အောင် ပြောပေးရန် ဖြစ်၏။ ထို အရာရှိကလေးမှာ လူငယ်ဖြစ်၍ သဘောလည်း ကောင်းပုံရသည်။ “ခက်တယ်ဗျာ၊ ကျွန်တော်တို့ ဆရာကလည်း သူ့မြို့မှာ လာတုန်း အစစအရာရာ ဧည့်ဝတ် ကျေချင်တာ၊ ခင်ဗျားက လစ်ဟင်းသွားတော့ ပြောစရာ ဖြစ်တာပေါ့။ ခင်ဗျားကိုယ်တိုင် သူ့ကို ပြောကြည့် ပါဦးလေ။ ကျွန်တော်တို့ ဝင်ပြောရင် ကျွန်တော်တို့ ကိုပါ ဆူနေဦးမယ်။ ခင်ဗျား ပြောပြီးမှ ကျွန်တော်တို့က သူ့အခြေအနေ ကြည့်ပြီး ပြောရတာပေါ့” ဦးထွန်းဖေသည် မျှော်လင့်ချက် ကြီးစွာဖြင့် မြို့ခံ အရာရှိ၏ အလစ်ကို စောင့်သည်။ မြို့ခံ အရာရှိက အထက်လူကြီး လာသဖြင့် လွန်စွာ အလုပ်များ နေသဖြင့် သူ့ကို တွေ့ဖို့ မလွယ်။ ညနေပိုင်းတွင် မြို့ခံ အရာရှိသည် အောက်ထပ်သို့ ဆင်းလာပြန်သည်။ ဦးထွန်းဖေသည် သူ့အနားကို မယောင်မလည် ကပ်လာခဲ့ ပြန်ကာ သူ့ကိစ္စကို စကားစ ပြန်သည်။ “ဆရာရယ်၊ လက်သုတ်ပဝါ မှားချမိတာ ကျွန်တော့်အပြစ်ပါ၊ နောင် ဒါမျိုး ...” “သွား ... သွား ... ကျုပ် အလုပ်များ နေတယ်” မြို့ခံ အရာရှိသည် သူ့ဒရိုင်ဘာကို လှမ်းခေါ်ပြီး တစ်စုံတစ်ရာကို ခေါ်ခိုင်း နေပြန်သည်။ ဧည့်သည် အရာရှိကြီး ကတော်က ထိုမြို့တွင် နာမည်ကြီးသည့် သနပ်ခါးတုံး လိုချင်သည် ဆိုသဖြင့် အဝယ်ခိုင်းနေခြင်း ဖြစ်သည်။ မြို့ခံ အရာရှိသည် ဦးထွန်းဖေကို တစ်ချက်မျှ လှည့်မကြည့်ဘဲ လှေကားပေါ်သို့ ပြန်တက်၏။ လှေကားပေါ်သို့ တက်ခါနီးတွင် သူ့ဒရိုင်ဘာကို လှမ်း၍ ... “ဟေ့ကောင် မြန်မြန်လာခဲ့နော်၊ ဆယ်မိနစ် အတွင်း ရောက်အောင် လာခဲ့၊ အကောင်းဆုံး ဆိုတဲ့ ဆိုင်က အကောင်းဆုံး သနပ်ခါးကို ရွေးဝယ်ခဲ့၊ ကလေးတွေ ကရော မမကရော ဒီမှာ သိပ်ပူလွန်းလို့တဲ့၊ ခုည ပြန်ကြတော့မယ်၊ အချိန်မီ ရောက်အောင် လာခဲ့” မြို့ခံ အရာရှိသည် အပေါ်ထပ်သို့ ခပ်သုတ်သုတ် တက်သွား၏။ ဦးထွန်းဖေသည် ညှိုးငယ်သော မျက်နှာဖြင့် အရာရှိကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။ ထိုနေ့ ညစာ စားပြီးသည့် အချိန်တွင် ဧည့်သည် အရာရှိကြီးနှင့် အဖွဲ့သည် ဗိုလ်တဲမှ ပြန်လည် ထွက်ခွါသွားသည်။ ထိုည သန်းခေါင်ကျော် လောက်တွင် ဦးထွန်းဖေသည် သွေးတိုး ရောဂါဖြင့် ကွယ်လွန် အနိစ္စ ရောက်လေသည်။ ------------- မြသန်းတင့် သာရ မဂ္ဂဇင်း၊ ဧပြီ၊ ၁၉၈၈။ (ကြေးနီရောင် အချစ်နှင့် ဝတ္ထုတိုများ) ==== Orange cherry စာမျက်နှာမှတဆင့် ကူးယူမျှဝေပေးပါသည်။ ချစ်ခြင်းများစွာဖြင့် ဝတ္ထုတို ဝတ္ထုရှည်များ