tgindex
Geopolitics

To raise the future of the country

Последний пост
31 авг. 2024 г.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
2 386
−5 за 3 дн.
Сутки
−2
−0,08%
Неделя
 
Месяц
 
Просмотров на пост
9 809
20 постов
Вовлечённость
411,1%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 31 авг. 2024 г.16,4 тыс20947

    " အစစ်အမှန်နိုင်ငံရေး " °°°°°°°°°°°°°°°°°°°° ကမ္ဘာ့နိုင်ငံရေးဂိမ်းခုံမှာ ကွန်မြူနစ်ကမ္ဘာသား...... လစ်ဗရယ်ကမ္ဘာသား..... နေရှင်နယ်လစ်ဇင် (အစွန်းများရင်ဖက်ဆစ်ဇင်) အင်ပါယာကမ္ဘာသား......... စတဲ့ ကမ္ဘာလုံးဆိုင်ရာအယူအဆ စနစ်တွေရှိနေကြပါတယ်။ အထက်ပါစနစ်တွေနဲ့မတူတဲ့ ဗဟိုကွဲပြားတဲ့အစုဖွဲ့တွေ စုစည်းပြီးအေးချမ်းစွာနေမဲ့ multi-polar theory စနစ် ရယ်လို့ အယူအဆအမျိုးမျိုး ကွဲပြားနေပါတယ်။ ဘယ်လိုပဲကွဲပြားနေပါစေ လောဘ၊ဒေါသ၊မောဟများတဲ့ လူသားတွေတစ်ဦးချင်းစီနဲ့ စုစည်းထားတဲ့နိုင်ငံကြီးတွေဟာ အနီးကအလှမ်းသင့်ရာလောက်တော့ လွှမ်းမိုးထားလေ့ရှိတာမို့ Dependency theory ဟာ မရိုးနိုင်တဲ့အယူအဆတစ်ခုအဖြစ် အမြဲရှိနေမှာပါပဲ။ ဒါကြောင့် မိမိနိုင်ငံရဲ့ Location ၊ size၊ Shape၊ Boundary Demographic power Human Resources power Emotional power တွေကိုအမှန်အတိုင်းကြည့်နိုင်ရမှာပါ။ မိမိအခြေအနေကိုအမှန်အတိုင်းသိပြီး လက်ရှိကမ္ဘာ့နိုင်ငံတွေကို အလွှာလိုက်လွှာကြည့်ရင် မိမိနိုင်ငံအခြေအနေဟာ ဘယ်နေရာမှာရောက်နေသလဲဆိုတဲ့ Real position ကိုသုံးသပ်ပြီး Real politics ကိုကျင့်သုံးရမှာပါ။ အဲ့ဒီလိုမဟုတ်ဘဲ ငါကအချုပ်အခြာအာဏာပိုင် Sovereignty ရှိတဲ့နိုင်ငံမို့ ငါ့အတ်တနဲ့ငါသာ ရှေ့ဆက်မယ်ဆိုတဲ့ အပေါ်ယံလူပိန်းကြိုက် Idealistic နိုင်ငံရေးကို သွားကစားမိရင် မိမိရဲ့ကိုယ်ခံစွမ်းအားမကောင်းချိန် ကျွဲနှစ်ကောင်ခတ်တဲ့ကြားကမြေစာပင်လို ညက်ညက်ကြေသွားနိုင်တာကို သတိပြုရမှာပါ။ Real Politics ကို လူ့အတ္တ၊လူ့မနောပေါ် သုံးသပ်ပြီး ကစားနိုင်ကြပါစေ။ ၃၁.၈.၂၀၂၄ Geopolitics' Admin

  • 30 авг. 2024 г.13,3 тыс14936

    ရခိုင်ပြည််နယ်က သမိုင်းဖျက်မှုများ ******** အနောက်ရခိုင်အရေးဟာအမြဲတမ်းစနက်တံတပ်ထားတဲ့ယမ်းအိုးကြီးလို့ကျွန်တော်အမြဲတင်စားပြောခဲ့ပါတယ်။ ကိုလိုနီခေတ်မှစစ်တကောင်းကဘ င်္ဂါ လီ တွေကို တံခါးမရှိဓားမရှိဝင်ခွင့်ပြုခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကာလမှာ လက်နက်ခဲယမ်းများ ပေးအပ်ခဲ့တယ်။ ၁၉၄၂ ခုနှစ်မှာ ရခိုင်လူမျိုးတွေ သောင်းနှင့်ချီ အ သတ် ခံခဲ့ရပြီး ရခိုင်ကျေးရွာတွေအများကြီး ပျက်စီးခဲ့ရတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်းမှာလည်း မူဂျာဟစ်တွေက ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောဒေသတွေကို အရှေ့ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်)နဲ့ ပေါင်းစည်းရေးကြိုးပမ်းခဲ့ကြတယ်။ ၂၀၁၇ ခုနှစ်မှာ အင်အားထောင်ချီစုပြီး ရခိုင်ရွာတွေ၊ တပ်တပ်စခန်းတွေနဲ့ ရဲကင်း ၃၀ ကျော်ကို တစ်ပြိုင်နက်တိုက်ခိုက်ပြီး ပဋိပက္ခကြီးတစ်ခုအကွက်ချဖန်တီးတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်တွေကိုပြန်နှိမ်နင်းချိန်မှာ ရခိုင်မြောက်ပိုင်းက ဘ င်္ဂါလီ တွေကို တစ်ဖက်နိုင်ငံဆီ အတင်းအကြပ်ထွက် ပြေးစေခဲ့ပြီးကမ္ဘာ့ပဋိပက္ခအဖြစ်ပုံဖော်ခံထားရတယ်။ ရခိုင် ဘ င်္ဂ လီ အရေးကိုခုတုံးလုပ်ပြီး တပ်ခေါင်းဆောင်တွေကိုကန့်သတ်ပိတ်ဆို့ထားတယ်။ အဖွဲ့အစည်းတွေကိုပိတ်ဆို့ထားတယ်။ ကုလသမဂ္ဂတရားရုံးမှာနိုင်ငံကိုတရားစွဲထားတယ်။ ခေါင်းဆောင်တွေကို ICC နဲ့ခြိမ်းခြောက်ထားတယ်။ ARSA၊ RSO တွေဟာမြန်မာနိုင်ငံဘက်က အကြမ်းဖက်အဖွဲ့များအဖြစ်တရားဝင်သတ်မှတ်ထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။ အထောက်အထားတွေအရ AA နဲ့ ARSA၊ RSO အဖွဲ့တွေရဲ့ဆက်စပ်မှုတွေအများကြီးရှိပါတယ်။ AA၊ ARSA နှစ်ဖွဲ့ ပေါင်းပြီးလုံခြုံရေးအဖွဲ့တွေကိုတိုက်ခိုက်ကြောင်းတရားဝင်ထုတ်ပြန်ထားတဲ့သတင်းတွေရှိပါတယ်။ လက်ရှိမှာ မြန်မာတပ်ရယ်၊ AA ရယ်၊ ARSA၊ RSO ရယ်ဟာ ရခိုင်အရေးမှာစစ်တုရင်ခုံပေါ်တင်ခံထားရတဲ့အရုပ်လေးတွေဖြစ်ပါတယ်။ လက်ရှိရခိုင်တိုက်ပွဲတွေအပေါ် 🔹West and Black ဘက်က "ယာလည်းညက်၊ကြက်လည်းပန်း" ချိန်မှာကောက်စားဖို့အတွက် ဘင် တွေကို မြန်မာတပ်ဘက်ကရော၊ AA ဘက်ကရောအကြမ်းဖက်ပါတယ်လို့ အထောက်အထားပေါင်းများစွာထုတ်ပြန်သိမ်းဆည်းထားတယ်။ မြန်မာတပ်ဘက်က AA ကိုတိုက်ဖို့ ARSA ကိုပြန်သုံးနေတယ်လို့အသံလွှင့်လာတယ်။ 🔹AA ဘက်ကလည်း ၂၀၁၆၊ ၂၀၁၇ မှာ ရခိုင်လူမျိုးတွေကို ဘင် အကြမ်းဖက်တွေလက်ထဲကကယ်ပေးခဲ့တဲ့ မြန်မာတပ်ကိုသမိုင်းဖျောက်ဖို့ ARSA အကြမ်းဖက်နဲ့တွဲလုပ်နေကြောင်းထုတ်ပြန်စွပ်စွဲထားတယ်။ ဘင် တွေကိုအကြမ်းဖက်တာသူတို့မဟုတ်ဘဲ တပ်ဖြစ်ကြောင်းစွပ်စွဲထားတယ်။ ဒါပေမဲ့ AA ကိုမလိုတော့တဲ့အချိန်မှာ ဖြုတ်လို့ရအောင်ဟိုက အထောက်အထားတွေယူထားပြီးပါပြီ။ 🔹မြန်မာတပ်အစိုးရဘက်က နိုင်ငံရေးအရှုပ်အထွေးတွေ၊ တစ်နိုင်ငံလုံးကဝန်ထုတ်ဝန်ပိုးတွေနဲ့မို့ဦးမလှည့်နိုင်တာလားမသိဘူး။ နိုင်ငံတော်ကအကြမ်းဖက်အဖြစ်ထုတ်ပြန်ထားတဲ့ ARSA နဲ့ပေါင်းပြီး AA ကိုတိုက်နေတယ်၊ ဘင်တွေကိုအကြမ်းဖက်နေတယ်ဆိုတဲ့ West and Black နဲ့ AA ရဲ့စွပ်စွဲမှုတွေကိုပြန်မရှင်းနိုင်သေးဘူး။ အစိုးရဟာ ဖေဖော်ဝါရီလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး တပ်သားသစ်စုဆောင်းတာ၊ ပြည်သူ့စစ်အဖွဲ့တွေဖွဲ့တာ တစ်နိုင်ငံလုံးမှာဆောင်ရွက်တာပါ။ ရခိုင်ပြည်နယ်မှာလဲ ဘင် တွေဟာ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ညီလို့နိုင်ငံသားဖြစ်နေတဲ့သူတွေရှိမှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့အစိုးရအနေနဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့အညီ နိုင်ငံသား မူဆလင် တွေကိုပြည်သူ့စစ်ဖွဲ့တာ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အသုံးပြုတာရှိပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး အနောက်ဘက်က တပ်ဟာ ARSA၊ RSO နဲ့ပေါင်းပြီး AA ကိုတိုက်နေတယ်၊ ဘင်တွေကိုလူ့အခွင့်အရေးချိုးဖောက်တယ်စွပ်စွဲသလို၊ AA ကလည်း ARSA RSO နဲ့ပေါင်းပြီးသူ့ကိုတိုက်ပါတယ်လို့သမိုင်းကိုပုံဖျက်မှာပါ။ လက်ရှိကာလမှာစစ်ဟာပုံစံရှုပ်ထွေးလာတဲ့ Multi-dimensional ပုံးစံဖြစ်လာလို့ရေပက်မဝင်တဲ့ကာကွယ်မှုတွေဆောင်ရွက်ရမှာဖြစ်ပါတယ်။ အခြေအနေအရဖိအားများနေတယ်ဆိုပေမဲ့၊ အစိုးရတစ်ရပ်လုပ်ရင်ဖြစ်သမျှပြဿနာတိုင်းကိုဖြေရှင်းရမှာဖြစ်လို့ ထောင့်စေ့အောင်တွေးနိုင်မှတန်ကာကျပါတယ်။ လက်ရှိအချိန်မှာအရေးမကြီးဘူးထင်လို့မိမိဘက်ကပေါ့ဆမိတဲ့မီးပွားလေးဟာနောင်တစ်ချိန်မှာမီးတောက်ဖြစ်လာနိုင်ပါတယ်။ အနာဂတ်အတွက်ပါတွေးပြီး ထုတ်ပြန်သင့်တာထုတ်ပြန်၊ ရှင်းလင်းသင့်တာရှင်းလင်းဖို့လိုပါတယ်။ မဟုတ်ရင်သမိုင်းအမှားတွေနေရာရပြီး တရားခံအဖြစ်စာရင်းသွင်းခံရပါလိမ့်မယ်။ ၃၀.၈.၂၀၂၄ Geopolitics Admin

  • без подписи

  • ၂၀၂၄ ခုနှစ် ဖြစ်စဥ်များ ****** ၁။ ဇန်နဝါရီလ ၄ ရက်။ တောင်ငူ- သံတောင်လမ်း၊ (၄) မိုင်ရှိ အကျဉ်းစီးဌာနအား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့။ ၂။ ဇန်နဝါရီလ ၂၈ ရက်။ နတ်သံကွင်း မြို့တွင်း၌ တပ်နှင့် KNLA ၊ PDF ပူးပေါင်းအဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့။ ၃။ ဖေဖော်ဝါရီ ၁ ရက်။ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ရဲစခန်းအား PDF ပဲခူးရိုးမစစ်ကြောင်း(၂)ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်။ ၄။ ဖေဖော်ဝါရီလ ၇ ရက်။ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၌ ခလရ (၇၃)၊ ဇရပ်ကြီးရဲစခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်း၊ ရှားစေလိုစခန်းနှင့်မြို့တဝိုက်တပ်စခန်းများအား ပူးပေါင်းအဖွဲ့တိုက်ခိုက်။ ၅။ ဖေဖော်ဝါရီလ ၈ ရက်။ ရေတာရှည်မြို့နယ် ကံလှရွာတွင် တပ်နှင့် ပူးပေါင်းအဖွဲ့တိုက်ပွဲဖြစ်ပွား။ ၆။ ဖေဖော်ဝါရီလ ၈ ရက်။ နတ်သံကွင်းမြို့၌ တပ်နှင့် KNLA တပ်မဟာ (၃)၊ တပ်ရင်း (၉)၊ PDF တပ်ရင်း (၃၇၀၂) တို့ တိုက်ပွဲဖြစ်ပွားခဲ့။ ၇။ မေလ ၇ ရက်။ ရွှေကျင်မြို့နယ်၊ ရွှေကျင်-ကျောက်ကြီးလမ်းပေါ်ရှိ ဘောကထာစခန်းအား KNLA တပ်မဟာ (၃)နှင့် PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်။ ၈။ မေလ ၁၀ ရက်။ လက်ပံတန်းမြို့နယ်အရှေ့၊ ထန်းပင်ချောင်ရွာ၌ စစ်ကြောင်းအား သာယာဝတီဂဠုန်တပ်ဖွဲ့မှမိုင်းဆွဲတိုက်ခိုက်။ ၉။ ဇွန်လ ၁ ရက်။ ညောင်လေးပင်မြို့နယ်နှင့် ရွှေကျင်မြို့နယ်၊ မဒေါက်မြို့ကြား ရွှေကျင်-ညောင်လေးပင် လမ်းပေါ်ရှိ တံတားတစင်းကို PDF ဘက်ကမိုင်းခွဲခဲ့။ ၁၀။ ပဲခူးရိုးမ၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ တောင်ပေါ်ကြို့ကုန်းအုပ်စု၊ မကျီးစမ်းရွာနှင့် သိမ်ကုန်းရွာကြားတွင် စစ်ကြောင်းအား ၃၆၀၁ PPDF တပ်ရင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့။ ၁၁။ ဇွန်လ ၁၂-၁၅ ရက်။ သာယာဝတီခရိုင်၊ ပဲခူးရိုးမအတွင်း တပ်နှင့် PDF တပ်ဖွဲ့များ ၄ ရက်ဆက်တိုက်ပွဲဖြစ်။ ၁၂။ ဇွန်လ ၂၅ ရက်။ ကျောက်တံခါးမြို့၊ ဈေးပိုင်းရပ်ကွက် (၁)လမ်းနှင့် ဈေးပိုင်းရပ်ကွက် (၂) လမ်းထိပ်ရှိ တပ်ဂိတ်တို့ကို KNLA နှင့် PDF များက ဝင်ရောက်တိုက်ခိုက်။ ၁၃။ ဇူလိုင် ၁၅ ရက်။ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ဆားချောင်းကျေးရွာ၌တပ်အင်အား ၁၅၀ ခန့်စစ်ကြောင်းအား သာယာဝတီခရိုင် MDF တပ်ရင်း(၃၈၀၂) တပ်ခွဲ (၂)၊ တပ်ခွဲ(၃)နှင့် တပ်ရင်း(၃၈၀၃)တို့မှတိုက်ခိုက်ခဲ့။ ၁၄။ ဩဂုတ်လ ၆ ရက်။ ဖြူးမြို့နယ် ညောင်ပင်သာရွာလယ်ဘုန်းကြီးကျောင်းရှိ တပ်ဖွဲ့အား PDF များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့။ ၁၅။ ဩဂုတ်လ ၂၄ ရက်။ ပဲခူးရိုးမ၊ လက်ပံတန်းမြို့နယ်၊ အုပ်ဖိုစုကျေးရွာအနီးတွင် တပ်စစ်ကြောင်းအား သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)ကတိုက်ခိုက်။ ၁၆။ ဩဂုတ်လ ၂၇ ရက်။ လက်ပံတန်းမြို့နယ် တောင်တန်းမြိုင်ကျေးရွာအနီး၌ တပ်စစ်ကြောင်းအား သာယာ၀တီခရိုင် MDF တပ်ရင်း(၃၈၀၂)မှ ခွဲ (၂)၊ (၃)၊ (၆)၊ ရွှေတန်းမြေ PDF ၊ သာယာ၀တီဂဠုန်တပ်ဖွဲ့၊ မိုးညို PDF နှင့် သာယာ၀တီခရိုင် PDF တို့တိုက်ပွဲဖြစ်။ ၁၇။ သြဂုတ် ၂၂ ရက်။ ပြည်ခရိုင်၊ ဝက်ထီးကန်မြို့၊ ဝိုင်းချောင်းကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့များနှင့် PDF များတိုက်ပွဲဖြစ်။ ၂၉.၈.၂၀၂၄ Geopolitics Admin

  • မြန်မာနိုင်ငံတောင်မြောက်သွယ်တန်းထားတဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး လမ်းနဲ့၊ ရန်ကုန်-ပြည်-မကွေး လမ်းကြောင်းနှစ်ခုဟာ မဟာဗျူဟာမြောက်လမ်းမကြီးနှစ်ခုဖြစ်ပါတယ်။ ဒီလမ်းကြီးကို လက်နက်ကိုင်အဖွဲ့တွေဖြတ်တောက်ဖို့လုပ်ဆောင်လာပါလိမ့်မယ်။ ဆက်စပ်တိုင်းနဲ့ပြည်နယ်တွေမှာဖြစ်ပွားနေတဲ့ဖြစ်စဥ်တွေနဲ့ယှဥ်ထိုးကြည့်ရင်ပိုမြင်နိုင်မှာပါ။ ဥပမာ။ AA+PDF ဟာ မကွေး/ KIA+PDF ဟာ စစ်ကိုင်း၊ ကချင်/ TNLA+PDF ဟာ ရှမ်းတောင်/ KNDF+PDF ဟာ ကယား/ KNLA+PDF ဟာ ကရင်/ NMSP-AD+PDF ဟာ မွန်ပြည်နယ်။ _________ NUG (MOD) ဟာ ပဲခူးတိုင်းကို လက်အောက်ရှိ တောင်ပိုင်းတိုင်း စစ်‌ဒေသလက်အောက်ခံ စစ်‌ဒေသခွဲအဖြစ် သတ်မှတ်ထားပါတယ်။ ပဲခူးတိုင်းစစ်ဒေသခွဲအောက် ▫ ပဲခူးရိုးမအရှေ့ခြမ်းမှာ တောင်ငူခရိုင်- PDF ၃၅၀၁/၃၅၀၂ နှစ်ရင်း၊ ပဲခူးခရိုင်- PDF ၃၇၀၁/၃၇၀၂ နှစ်ရင်း၊ ▫ ပဲခူးရိုးမအနောက်ခြမ်းမှာ ပြည်ခရိုင်- PDF ၃၆၀၁/၃၆၀၂ နှစ်ရင်း၊ သာယာဝတီခရိုင်- ၃၈၀၁/၃၈၀၂ နှစ်ရင်း၊ (စုစုပေါင်း ၄ ခရိုင်၊ ၈ ရင်း ဖွဲ့စည်းလှုပ်ရှားပါတယ်။) ပဲခူးရိုးမအရှေ့ခြမ်း PDF တွေဟာ ရန်ကုန်-နေပြည်တော်ကားလမ်းရဲ့ဘယ်ညာဖြစ်တဲ့ ပဲခူးရိုးမနဲ့ စစ်တောင်းမြစ်တကြောက ရွှေကျင်၊ ကျောက်ကြီး၊ မုန်း၊ သံတောင်ဘက်တွေမှာ KNU-KNLA တပ်၊ ကရင်နီတပ်တွေနဲ့ ပူးတွဲလှုပ်ရှားပါတယ်။ ပဲခူးရိုးမအနောက်ခြမ်း PDF တွေဟာ ပဲခူးရိုးမကိုအခြေပြုပြီး ရန်ကုန်-ပြည်-မကွေးလမ်းကိုထိန်းချုပ်ဖို့ အမည်အမျိုးမျိုးရှိတဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့ငယ်တွေနဲ့ ပြည်၊ ပေါင်းတည်၊ ပေါက်ခေါင်း၊ အင်းမ၊ ရွှေတောင်၊နတ်တလင်း၊ အုတ်ဖို၊ မိုးညို၊ ဝိုင်း၊ သာယာဝတီ၊ သုံးဆယ် မြို့နယ်တွေမှာလှုပ်ရှားနေပါတယ်။ NUG (MOD)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ကစပြီး စစ်တောင်းမြစ်ဝှမ်းဒေသတစ်ခုလုံးမှာ စစ်ရေးအရှိန်မြှင့်မယ်လို့ပြောထားပါတယ်။ စစ်တောင်းမြစ်ဝှမ်းမှာ ရွှေကျင်၊ ကျောက်ကြီး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူး၊ ဝေါ၊ ရေတာရှည်၊ တောင်ငူ၊ ထန်းတပင်၊ အုတ်တွင်းနဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွေအပြင် စစ်တောင်းမြစ်နှင့်ထိစပ်နေတဲ့ဒေသအားလုံး ပါဝင်ကြောင်းဆိုပါတယ်။ အဲ့လိုပြောပြီးချိန်ကနေ လက်ရှိဩဂုတ်လကုန်အထိ ၂၀၂၃ ခုနှစ်အတွင်းမှာ ထိတွေ့မှု ၈ ကြိမ်၊ ၂၀၂၄ ခုနှစ်အတွင်းမှာ ၁၇ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ရှော့တိုက်ဒုံးပစ်တာမထည့်ထားပါဘူး။ _________ မြေပုံထဲမှာ ** ပဲခူးရိုးမ၊ ရန်ကုန်-နေပြည်တော်ကားလမ်း၊ ရန်ကုန်-ပြည်-မကွေးကားလမ်း ပဲခူးရိုးမကိုဖြတ်ပြီး အထက်ပါလမ်းမကြီးနှစ်ခု ကိုဆက်သွယ်ထားတဲ့ လမ်းသုံးကြောင်း ▫ မင်းလှ-စိန်ကန့်လန့်-မြို့ချောင်း-ပိန်းဇလုပ်၊ ▫ ပြည်-ပေါက်ခေါင်း-အုတ်တွင်း၊ ▫ မကွေး(ကိုးပင်)-သာဂရ) တွေကိုဖော်ပြပေးထားပါတယ်။ Dot အစက်တွေက ****** ▫ ခရမ်းရောင် (မြို့တွေ) ▫ အဝါရောင် (၂၀၂၃ ခုနှစ်အတွင်းဖြစ်စဥ်တွေ) ▫ အနီရောင် (၂၀၂၄ ခုနှစ်အတွင်းဖြစ်စဥ်တွေ) မြေပုံပေါ်တင်ထားတာပါ။ မဟာဗျူဟာလမ်းမကြီးတွေဖြစ်တဲ့ ရန်ကုန်-နေပြည်တော် ရန်ကုန်-ပြည်-မကွေး လမ်းကြောင်းနှစ်ခုကိုဖြတ်တောက်ခံလို့မရပါဘူး။ ပဲခူးတိုင်းကို *** အရှေ့ဘက်- ကရင်၊ကရင်နီ၊PDF အနောက်ဘက်နဲ့မြောက်ဘက်ထိစပ်မကွေးတိုင်း- AA၊ PDF တွေ ညှပ်လာနိုင်သလို ဆက်စပ်တိုင်းဖြစ်တဲ့ မန္တလေးတိုင်းကို *** အနောက်- ပခုက္ကူ၊တောင်သာ၊မြင်းခြံ PDF အရှေ့- အင်တော၊ကျောက်ဂူ၊ကျောက်ဆည်၊ ပျော်ဖွယ် PDF၊ DPLA၊ TNLA၊ အခြား မြောက်ဘက်- TNLA၊ KIA၊ PDF ညှပ်နိုင်ပါတယ်။ နိုင်ငံအဆင့် Theater ကြီးကိုကာကွယ်နိုင်ကြပါစေ။ _________ ၂၀၂၃ ခုနှစ်ဖြစ်စဥ်များ ****** ၁။ စက်တင်ဘာလ ၂၇ - ၂၉ ရက်။ ပုဇွန်မြောင်းကျေးရွာ လုံခြုံရေးပူးပေါင်းအဖွဲ့ အင်အား ၁၅၀ ကျော်နှင့် Spring Warriors Column၊ PDF တပ်ရင်း (၃၇၀၂) ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်။ ၂။ အောက်တိုဘာလ ၁၉ ။ ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာရှိ တပ်ဖွဲ့အား ရိုးမစစ်ကြောင်း (၂) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်။ ၃။ အောက်တိုဘာလ ၂၀။ ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာ၊စစ်တောင်းမြစ်ကူးတံတားတပ်ဖွဲ့အား ရိုးမစစ်ကြောင်း (၂) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဗုံးသီးချ။ ၄။ နိုဝင်ဘာလ ၁၇။ ရွှေကျင်မြို့နယ်၊ ကျားချောင်းကျေးရွာအနီး ခမရ (၃၅၁) အား PDF အဖွဲ့တိုက်ခိုက်။ ၅။ နိုဝင်ဘာလ ၂၇။ ဝေါမြို့အရှေ့ဘက်၊ စစ်တောင်းမြစ်ဝှမ်းဘေးရှိ သူရဲသမိန်ကျေးရွာ ရဲစခန်းအား KNLA နှင့် PDF တို့တိုက်ခိုက်။ ၆။ ဒီဇင်ဘာလ ၅ ရက်။ ကျောက်ကြီးမြို့နယ်၊နတ်သံကွင်းမြို့ရဲစခန်းနှင့် တပ်စခန်းအချို့အား KNLA၊ PDF များ ဝင်ရောက်တိုက်ခိုက်။ ၇။ ဒီဇင်ဘာလ ၂၆ ရက်။ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တပ်စခန်းများအား KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်။ ၈။ ဒီဇင်ဘာလ ၂၇ - ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်။ နတ်သံကွင်းမြို့၊ ပဲနွယ်ကုန်းမြို့အရှေ့ဘက်ကျေးရွာများတွင် တပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြားတိုက်ပွဲများဖြစ်။

  • အရာရာ၊အခြေအနေတိုင်း အားနည်းချက် ဖြစ်ပါစေ အားသာချက် ဖြစ်ပါစေ ဖြစ်ပေါ်တဲ့အခြေအနေကို အမှန်အတိုင်းလက်ခံစွမ်း ရှိဖို့လိုပါတယ်။ အခြေအနေမှန်ကိုသိနေမှ အားနည်းချက်ကိုပြုပြင် မိမိအားသာချက်တွေကို ပိုကောင်းအောင်လုပ်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ် ကျဆုံးခဲ့ရတဲ့အချက်များမှ တစ်ခုအဖြစ် " နိုင်ငံအပေါ် စေတနာမှန်တဲ့လူတော်တွေ အများကြီးအုပ်စုဖွဲ့နိုင်ခဲ့ပေမဲ့ အခြေအနေမှန်၊ကိန်းဂဏန်းမှန်၊ စာရင်းဇယားမှန်မရခဲ့တဲ့အတွက် ဆုံးဖြတ်ချက်တွေမှားခဲ့ရခြင်း " အချက်ပါဝင်တာသတိပြုရမှာပါ။ အများကြီးမပြောချင်တော့ပါဘူး။ ရေစီးကြောင်းထဲမှာ ကျရာကဏ္ဍက တိတ်တိတ်ဖော်လိုလိုက်စီးမျောရင်း နေတတ်အောင်ကြိုးစားရင်း မိုးခါးရေသောက်ရင်း ဖြစ်ပျက်သမျှအရာရာ အတိတ်ကံတရားလို့ပုံချပြီး တယောထိုင်ထိုးကြတာပေါ့။ ၂၈.၈.၂၀၂၄ Geopolitics Admin

  • ပိုဆိုးတာက ၂၀၁၅-၂၀၂၀ ကြားမှာအနုပညာရှင်အစစ်တွေနေရာပျောက်ပြီး အရည်အသွေးဘာမှထင်ထင်ရှားရှားမရှိတဲ့ ပေါ်ပင်ဆယ်လီတွေအများကြီးပေါ်လာခဲ့တာပါ။ မီဒီယာလောကတစ်ခုလုံးကလဲအရည်အသွေးရှိတဲ့အနုပညာရှင်တွေကိုနောက်ထားပြီး ပေါ်ပင် ဆယ်လီတွေကိုသာဇောင်းပေးပြီးအနုပညာလောကကိုဖျက်ဆီးခဲ့ပါတယ်။ ဖျက်ဆီးဆဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ တစ်လခံဆယ်လီများစွာ တစ်ယောက်တက်တစ်ယောက်ဆင်းဖြစ်လာပါတယ်။ ခြိမ့်ကေကို၊ ဖြူဖြူထွေး၊ ဂျမ်းတော၊ အပွားလေး၊ ဝေဝေမြင့်၊ ဟိန်းသူအောင် တို့မှစသည် ယခုမေသဇင်ချစ်အထိ တစ်လခံဆယ်လီတွေနေရာရလာပါတယ်။ ဒါ့အပြင်လက်ရှိမှာလဲ အနုပညာအသိုင်းအဝိုင်းဟာ LGBT လောကကိုလဲ promote လုပ်ပေးနေသလိုဖြစ်လာပါတယ်။ နောက်ပိုင်းမြန်မာ့ရုပ်ရှင်မှာ LGBT မပါရင်ရုပ်ရှင်မဖြစ်တော့လောက်အောင်အထိဖြစ်လာသလို၊ အနှစ်သာရမရှိလူမှုကွန်ရက်ပေါ်မှာ အမြဲတမ်းရိုင်းပျဆဲဆိုနေတဲ့ LGBT တွေဆယ်လီဖြစ်လာတာ၊ အခုထိဖြစ်နေဆဲဆိုတာထင်ရှားပါတယ်။ ပြောခဲ့တဲ့အပေါ်ကဥပမာတွေဟာ ကာယကံရှင်တွေကိုယ်တိုင်ကဘာမှန်းမသိလိုက်ဘဲ ကံကောင်းတယ်၊ စန်းထလာပြီးအောင်မြင်လာကြတယ်လို့ ထင်ကြပေမဲ့ တကယ်တမ်းတော့ marketing game ကစားခံရတာပါ။ တစ်ချို့အချိန်မှာတိုက်ဆိုင်မှုတွေရှိတယ်ဆိုပေမဲ့ အုပ်စုတစ်ခုလုံးရုတ်တရက်ထပေါ်လာတဲ့ မျက်နှာသစ်တွေဟာ ရှိပြီးသားအရည်အသွေးမြင့်အနုပညာရှင်တွေအပေါ်လှိုင်းလုံးနဲ့ဖုံးလိုက်နိုင်တယ်ဆိုတာ မာကတ်တင်းနဲ့ promote လုပ်ခံရတာဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ခြင်းအားဖြင့် လုပ်သူအတွက်ရည်မှန်းချက်ပြည့်ဝခြင်း၊ မြန်မာ့ယဥ်ကျေးမှုအနုသုခုမရပ်ဝန်းတစ်ခုလုံးပျက်စီးယိုယွင်းခြင်းစတဲ့ အကျိုးတွေထွက်သွားပါတယ်။ ဒါဟာနမူနာ case study ရေးထားတာဖြစ်ပြီး ပြစရာဥပမာအများကြီးကျန်ပါသေးတယ်။ အခုနောက်ပိုင်းထွက်တဲ့ရုပ်ရှင်တွေဆိုရင်လဲ မြန်မာ့ရုပ်ရှင်လောကမှာ အိမ်ထောင်ရေးအရှုပ်အထွေးတွေ၊ မိသားစုအရေးအပူအပင်တွေကိုသာရိုက်ကူးစရာရှိနေသလားလို့မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဆက်တိုက်ထွက်လာတဲ့ သမီးဆိုး၊ အိမ်ထောင်၊ လောင်၊ မီး၊ စိတ်ကကြိုး၊ ကြင်ဖော် ဇာတ်ကားတွေကိုသတိထားကြည့်နိုင်ပါတယ်။ ကျွန်တော့်တစ်ဦးတည်းအမြင်အရ 'စိတ်ကကြိုး' ရုပ်ရှင်ထဲက မေပန်းချီကို ညီနန္ဒရိုက်တဲ့ဇာတ်ဝင်ခန်းဟာ အရေးယူခံရတဲ့ ဗညားဘုန်းပြည့်သရုပ်ဆောင်တဲ့ MTV ထက်ပိုရင့်သီးတယ်လို့မြင်ပါတယ်။ ▫ အနုပညာလောကသားတွေ အခြေခံစိတ်ဓာတ်နဲ့ concept ရှိဖို့လို နိုင်ငံသားအားလုံးရဲ့စိတ်အာဟာရကိုဖြည့်စွမ်းရေးမှာအဆုံးအဖြတ်ပေးနေတဲ့မြန်မာ့အနုပညာလောကသားတွေအနေနဲ့ ငါတို့ဟာအနုပညာနဲ့ဝမ်းစာရှာရင်းနိုင်ငံတော်တာဝန်ထမ်းဆောင်ဖို့လိုနေပါလား၊ နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့စိတ်ကိုအာဟာရပြည့်အောင်ဖြည့်ဆည်းပေးဖို့တာဝန်ရှိပါလား ဆိုတဲ့ အခြေခံ concept၊ စိတ်ဓာတ်နဲ့ Responsibility ရှိဖို့လိုပါတယ်။ အစိုးရပိုင်းပြန်ကြားရေးဝန်ကြီးဌာနမှာလည်း အပြုသဘောဆောင်တဲ့ စိတ်ဓာတ်မြှင့်တင်ရေး စိတ်ပညာရှင်တွေ၊ ဝါရင့်အနုပညာရှင်အကြံပေးအဖွဲ့တွေဖွဲ့စည်းပြီးလမ်းပြနိုင်ဖို့လိုပါတယ်။ ခေါက်ရိုးကျိုးနေတဲ့ ပေါ်လစီကားဘယ်နှခုရိုက်ပေးရမယ်၊ ဘယ်လိုဆင်ဆာဖြတ်ရမယ်ဆိုတဲ့ old school of thoughts တွေကိုပြောတာမဟုတ်ဘဲ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့လျော်ညီတဲ့ ဆန်းသစ်တဲ့စိတ်ကူးစိတ်သန်းတွေနဲ့ မြန်မာနိုင်ငံရဲ့ ယဥ်ကျေးမှုဓလေ့ထုံးစံတွေကို အနုပညာလောကကနေ promote လုပ်ဖို့အကြံပြုတင်ပြခြင်းဖြစ်ပါတယ်။ ၂၆.၈.၂၀၂၄ Geopolitics Admin

  • မြတ်နိုးအေးဟာ နစကဆန့်ကျင်ရေးမှာ အနုပညာနဲ့တက်ကြွစွာပါဝင်ဆဲဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန်ကိုရောက်နေပြီး ရံပုံငွေရှာဖွေရေးဆောင်ရွက်နေပါတယ်။ ၂၀၂၃ ခုနှစ် ကျိုးပဲ့အိပ်မက်များရုပ်ရှင်မှာ ချစ်သုဝေ၊ ပိုင်ဖြိုးသု၊ အောင်မြင့်မြတ်၊ နိုဗန်ထူးတို့နဲ့အတူပါဝင်ခဲ့ပြီး အဆိုတော်လင်းလင်းကဂီတမှူးအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ▫ မြနှင်းရည်လွင် မြနှင်းရည်လွင်ကို ၁၉၈၇ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အဲဗားဂေါ်လီသီချင်း၊ ၂၀၁၂ ခုနှစ်မှာ အကယ်ဒမီဗန်းကိုင်လုပ်ခဲ့တာကလွဲပြီးအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာအနည်းငယ်သာရိုက်ကူးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဧဒင်ရဲ့နတ်သမီးရုပ်ရှင်စတင်ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ MRTV-4 က နွေကန္တာဦးဇာတ်လမ်းတွဲရိုက်ကူးခဲ့ပါတယ်။ မြနှင်းရည်လွင်ဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေသာအများဆုံးရိုက်ကူးခဲ့ပြီး နိုင်ငံရေးပဋိပက္ခ ဆန္ဒပြပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တူတဲ့မင်းသမီးလို့နာမည်ထွက်ပြီးရှေ့တန်းကလှုံ့ဆော်ခဲ့သူဖြစ်ပါတယ်။ လက်နက်ကိုင်ဆန့်ကျင်ရေးကို ပြည်ပမှာအနုပညာနဲ့ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ▫ ဟန်နီနွေဦး ဟန်နီနွေဦးဟာ ဗမာ-ရခိုင် ကပြားဖြစ်ပါတယ်။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တက်နေစဉ်မှာပဲ ၂၀၁၉ ခုနှစ်ကစပြီး လူမှုကွန်ရက်မှာရုတ်တရက်လူသိများလာခဲ့ပါတယ်။ အဓိက,ကတော့ လူငယ်တွေအကြိုက် Tik Tok မှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပြည်တွင်းမဂ္ဂဇင်းများနဲ့ဂီတဗီဒီယိုတွေမှာ မော်ဒယ်အဖြစ် စတင်ပါဝင်ခဲ့ပါတယ်။ Oppo ရဲ့ brand ambassador တစ်ယောက်အဖြစ်လည်းခန့်အပ်ခံခဲ့ရပါတယ်။ ၂၀၂၀ ခုနှစ်ထုတ် Yangon In Love ဇာတ်ကားမှာ အဓိကနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံရေးပဋိပက္ခမှာတက်ကြွစွာပါဝင်ခဲ့ပြီး လက်နက်ကိုင်ဆန့်ကျင်ရေးဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ▫ ဒါရိုက်တာကိုပေါက် ကိုပေါက်ဟာအနုပညာလောကမှာကြာပြီဆိုပေမဲ့ မထင်မရှားဇာတ်ပို့နေရာကသာသရုပ်ဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံရေးပဋိပက္ခမဖြစ်မီကာလမှာ ရုပ်ရှင်ကားကြီးပေါင်း ၂၀ ကျော် ဒါရိုက်တာအဖြစ်ရုတ်တရက်ပြောင်းလဲရိုက်ကူးလာခဲ့သူဖြစ်ပါတယ်။ ပဋိပက္ခနောက်ပိုင်းမှာလက်နက်ကိုင်ဆန့်ကျင်ရေးကို အနုပညာနဲ့ဝါဒဖြန့်ခြင်း အားကောင်းကောင်းနဲ့ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ကိုပေါက်ဟာနစကဆန့်ကျင်ရေး “မသောက်မိသောမိုးခါးရေ” နဲ့ “ရောင်နီတွေလာရာလမ်း” Documentary တွေရိုက်ကူးဖြန့်ချိခဲ့ပါတယ်။ ရောင်နီလာရာလမ်းကို ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၄ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာစတင်ပြသခဲ့ပြီး NHK သတင်းဌာနက "အဖိုးမဖြတ်နိုင်သောရုပ်ရှင်ဖြစ်ပြီးကမ္ဘာ့သမိုင်းတွင်မှတ်တမ်းတင်ထိန်းသိမ်းထားသင့်သည်" လို့မှတ်ချက်ပြုခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံ၊ အင်ဒီယာနာပိုလစ်မြို့မှာ ဆက်လက်ပြသခဲ့ပြီး NUG ရဲ့နိုင်ငံခြားရေးဝန်ကြီးဆိုသူ ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီးဆိုသူ ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ ပါတ်မြို့မှာလည်း မတ်လ ၁၁ ရက်နေ့က ပြသခဲ့ပါတယ်။ သီချင်းဆိုပြိုင်ပွဲများ ▫ Myanmar Idol လူကြည့်များတဲ့သီချင်းဆိုပြိုင်ပွဲဖြစ်တဲ့ Myanmar Idol ဟာ ၂၀၁၉ ခုနှစ်မှာ Season 4 ကိုနောက်ဆုံးကျင်းပခဲ့တာဖြစ်ပါတယ်။ season 4 ရဲ့ဒိုင်တွေထဲကမှ ဖြူဖြူကျော်သိန်းဟာ သဘောထားတင်းမာတဲ့ နစကဆန့်ကျင်သူတစ်ဦးဖြစ်ပါတယ်။ season 4 ရဲ့ Top 5 ငါးဦးဟာ Esther Dawt Chin Sung (ချင်း)၊အေးမြဖြူ (ဗမာ)၊ ဘင်ဂျမင်ဆုမ်း (ချင်း)၊ယောကီး (ချင်း)၊ Saw Chris Mooler (ကရင်) ဖြစ်ပါတယ်။ တိုင်းရင်းသားလေးဦးစလုံး ပြည်ပမှာဆန့်ကျင်ရေးဆောင်ရွက်ဆဲဖြစ်ပါတယ်။ အေးမြဖြူဟာလဲ တပ်ကိုအပုပ်ချပြီးရိုက်ကူးခဲ့တဲ့ NLD ပါတီရဲ့မဲဆွယ်ရုပ်ရှင် 'ခေတ်ဝန်ကိုထမ်းခေတ်လမ်းကိုလျှောက်' မှာ ပါဝင်ခဲ့ဖူးပါတယ်။ ▫ The Voice Myanmar နောက်ထပ်လူကြည့်များခဲ့တဲ့ The Voice Myanmar အဆိုပြိုင်ပွဲဟာဆိုရင်လဲ ၂၀၂၀ ခုနှစ်မှာ season 3 ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒိုင်တွေဖြစ်တဲ့ ရန်ရန်ချမ်း၊ ကျားပေါက်၊ အာဇာနည်၊ လင်းလင်း တို့ဟာလက်ရှိအချိန်ထိ ပြည်ပမှာအမာခံဆန့်ကျင်ရေးဆောင်ရွက်ဆဲဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေထဲမှာ season 1 က mark jason၊ season 2 winner နိုဗန်ထူးတို့ဟာလူသိများပြီး ပြည်ပထွက်ဆန့်ကျင်ဆဲဖြစ်ပါတယ်။ နိုင်ငံရေးပဥိပက္ခမှာအနုပညာအသိုင်းအဝိုင်းကအားလုံးနီးပါးလှုံ့ဆော်ခဲ့ကြတယ်ဆိုပေမဲ့အထက်မှာရေးခဲ့သူတွေဟာ ရုတ်တရက်လူသိများလာခြင်း၊ သူများထက်ထူးကဲပိုမိုစွာလှုံ့ဆော်ခဲ့ခြင်း၊ အများစုဟာတတိယနိုင်ငံတွေကို အလွယ်တကူရောက်ရှိသွားပြီးအခုထိ အားကောင်းစွာအုပ်စုဖွဲ့ဆန့်ကျင်နေခြင်း ဆိုတဲ့ထူးခြားချက်တွေရှိနေတာတွေ့ရပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ရုပ်ရည်ပိုင်းမှာသူမသာကိုယ်မသာမင်းသားတွေအများကြီးရှိနေချိန်မှာ နစကဆန့်ကျင်ရေးအများကြီးဆောင်ရွက်ခဲ့ပြီး #ပြည်သူ့လင် အဖြစ်တောင်တင်စားခံခဲ့ရတဲ့ ပိုင်တံခွန်ဟာဆိုရင်လဲရုတ်တရက်စန်းထပြီးအောင်မြင်လာ သူ့ဟာသူတောင်မသိလိုက်ကြောင်း ဖြေကြားခဲ့ဖူးပါတယ်။

  • မြန်မာ့အနုပညာလောကကို ပြုပြင်ပြောင်းလဲဖို့အချိန်ကျပြီ =================== မြန်မာ့ရုပ်ရှင်လောကဟာ ပေါကားတွေရိုက်ကြတယ်လို့နှစ်ပေါင်းများစွာ ပရိ​တ်သတ်အပြောခံခဲ့ရရာမှ NLD အစိုးရလက်ထက်မှာ ဒါရိုက်တာအသစ်၊ သရုပ်ဆောင်အသစ်တွေ #ရုတ်တရက် #ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး မြန်မာပြည်သူတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ ▫ ပိုင်ဖြိုးသု၊ ဏကြီး ပိုင်ဖြိုးသုရုပ်ရှင်စရိုက်ချိန်ကသရုပ်ဆောင်သိပ်မကောင်းလို့နေရာမရခဲ့ပေမဲ့ ၂၀၁၆ ခုနှစ်မှာစပြီး အကယ်ဒမီ ဇာတ်ပို့ဆန်ခါတင်စာရင်းမှာပါလာပါတယ်။ ၂၀၁၇ ခုနှစ်မှာဇာတ်ဆောင်ဆန်ခါတင်ဆုပါပြီး/ဇာတ်ပို့ဆုရခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာဇာတ်ဆောင်ဆန်ခါတင်ဆုစာရင်းမှာထပ်ပါဝင်လာပါတယ်။ ၂၀၁၇ ခုနှစ်မှာပဲ ဒါရိုက်တာအသစ် 'ဏကြီး' ရိုက်တဲ့ 'မီ' ဇာတ်ကားမှာခေါင်းဆောင်မင်းသမီးရိုက်ပြီး Star Awards ရုပ်ရှင်ထူးချွန်ဆုရခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဒါရိုက်တာ 'ဏကြီး' နဲ့ပဲလက်ထပ်ခဲ့ပါတယ်။ ပိုင်ဖြိုးသုရဲ့လူသိထပ်များတဲ့ဇာတ်ကားတွေကတော့ ၂၀၁၉ ခုနှစ်ကုန်ခါနီးမှာထွက်လာတဲ့ ဒါရိုက်တာအသစ် ခရစ္စတီးနားခီရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ 'ထာဝရနှောင်ကြိုး'၊ ၂၀၂၀ ခုနှစ်မှာထွက်တဲ့ 'မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်' ဇာတ်ကားတွေဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက ဂျာမနီနိုင်ငံ Oldenburg မြို့မှာကျင်းပခဲ့တဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော် (Oldenburg International Film Festival) မှာ ဒါရိုက်တာ ဏကြီး ရိုက်ကူးခဲ့တဲ့ "what happened to the wolf?" ရုပ်ရှင်ဇာတ်ကားနဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ဇကာတင်စာရင်းမှာ ပါဝင်ခဲ့ပြီး အိန္ဒြာကျော်ဇင်က အကောင်းဆုံးစွမ်းဆောင်ရည်ဆု Setmour Cassel Award for Best Performance ဆု ရရှိခဲ့ပါတယ်။ ဒါရိုက်တာဏကြီး ရိုက်ကူးခဲ့တဲ့ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုလည်း အရောင်တင်ခံရတဲ့အထဲပါခဲ့ပါတယ်။ ▫ ခီမောင်နှံ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ သရုပ်ဆောင် ဇဏ်ခီတို့နှစ်ယောက်လုံးဟာမြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံမှာကြီးပြင်းခဲ့သူတွေဖြစ်ပါတယ်။ နှစ်ယောက်ပေါင်းပြီး ၂၀၁၈ ခုနှစ်မှာ မုဒြာရဲ့ခေါ်သံ၊ ဥပါယ်တံမျဥ် ရုပ်ရှင်နှစ်ကားရုံတင်ခဲ့ပြီး ရုတ်တရက်ဆိုသလိုမြန်မာ့ရုပ်ရှင်လောကမှာ ချက်ချင်းနာမည်ရလာခဲ့ပါတယ်။ ထူးခြားတာက ဒုတိယရိုက်တဲ့ ဥပါယ်တံမျဥ်ကို မြန်မာနိုင်ငံမှာအရင်ပြသခဲ့တာပါ။ ဥပါယ်တံမျဥ်ရုံတင်ပြီးမှ ပထမရိုက်တဲ့ မုဒြာခေါ်သံ ကိုရုံတင်တာဖြစ်ပါတယ်။ မုဒြာခေါ်သံဟာမြန်မာနိုင်ငံမှာရုံမတင်မီကတည်းက နိုင်ငံတကာရုပ်ရှင်ပွဲတော်နှစ်ခုမှာဆုရပြီးသားဖြစ်ပါတယ်။ ဥပါယ်တံမျဥ်ကနေပဲ သိန်းစိုးဇာတ်ကောင်နဲ့ လူသိများလာပြီး တော်လှန်ရေးမှာတက်ကြွစွာပါဝင်တဲ့ မင်းသားအသစ် အောင်မြင့်မြတ်ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ▫ ဒေါင်း ဒေါင်းဟာသရုပ်ဆောင်မဖြစ်မီကဘောလုံးသမားဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှပဲရုပ်ရှင်လောကထဲစရောက်လာပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဒုတိယနှလုံးသားဇာတ်ကားရိုက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာခေါင်းဆောင်မင်းသားအဖြစ် ပိုင်ဖြိုးသုနဲ့ ထီးကလေးပုံပြင် ဇာတ်ကားရိုက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပုဂံမြို့သူဇာတ်ကားပြသခဲ့ပြီး မောင်မောင်ကြီးနေရာကသရုပ်ဆောင်ခဲ့ရာကနာမည်ပိုရလာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ လိပ်ပြာစံအိမ်ဇာတ်ကားရိုက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ လေဆန်ကကြိုး၊ ဒဏ္ဍာရီမိုး၊ ၁၀၁၄ ဇာတ်ကားတွေရိုက်ကူးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ပိုင်ဖြိုးသုနဲ့အတူ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက် ဇာတ်ကားမှာသရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာပဲ ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ လရဲ့အောက်ဘက်မိုင်အဝေးမှာ ဇာတ်ကားမှာ အိန္ဒြာကျော်ဇင်နဲ့ပါဝင်ရိုက်ကူးခဲ့ပါတယ်။ နစက ကိုဆန့်ကျင်ပြီးထိုင်းနိုင်ငံမှာခိုလှုံလျက်ရှိကာ ၂၀၂၂ ခုနှစ်မှာ ထိုင်းနိုင်ငံမှာရိုက်ကူးတဲ့ ထိုင်း-မြန်မာ သမိုင်းရုပ်ရှင် ကျောက်ဖရားမှဧရာဝတီသို့ မှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ▫ မြတ်နိုးအေး မြန်မာ့ရုပ်ရှင်လောကရဲ့မျက်နှာသစ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ ၂၀၁၇ ခုနှစ်မှာ 'ည' ရုပ်ရှင်ကိုပထမဆုံး ရိုက်ကူးပြသခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ 'သူစိမ်းအိမ်' ဇာတ်ကားရိုက်ကူးခဲ့ပြီးအဆိုပါဇာတ်ကားနှစ်ခုကြောင့် နစကဆန့်ကျင်ရေးမှာ အတက်ကြွဆုံး မျက်နှာသစ်သရုပ်ဆောင် မြတ်နိုးအေးပေါ်ထွက်လာခဲ့ပါတယ်။ မြတ်နိုးအေးဟာ အခြေခံပညာကို အထက(၁) ဒဂုံမှာကျောင်းတက်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်က English for Professional Purposes နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ အလှဓာတ်ပုံလေးတွေသာရိုက်ကူးခဲ့ပေမဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦးနဲ့ အမှတ်မထင်တွေ့ပြီး ထူးပိုင်ဇော်ဦးက တစ်လလေ့ကျင့်ပေးကာ 'ည' ဇာတ်ကားမှာချက်ချင်းသရုပ်ဆောင်ခွင့်ရခဲ့ပြီး လူသိများလာပါတယ်။ (ဒါရိုက်တာထူးပိုင်ဇော်ဦးဟာ ၂၀၂၀ ခုနှစ်မှာတော့ လရဲ့အောက်ဘက်မိုင်အဝေးမှာ ဇာတ်ကားကို သရုပ်ဆောင် ဒေါင်းနဲ့ရိုက်ကူးခဲ့ပါတယ်။)

  • ပညာရှင်ဆိုတာ အခုအနီးကပ်နေကြတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ပညာရှင်တွေကိုပြောတာမဟုတ်ပါဘူး။ ယနေ့ခေတ်စစ်သည်တော်တွေအကြောင်းဂဃနဏသိတဲ့ စိတ်ပညာရှင်၊ ဒဿနိကပညာရှင်ကိုပြောတာပါ။ ၂၃.၈.၂၀၂၄ Geopolitics Admin

  • မြန်မာ့တပ်မတော် မျိုးဆက်တွေရဲ့ စိတ်ဓာတ်အင်အားနှိုင်းယှဥ်ချက် +++++++++++++++ ဒီနိုင်ငံမှာဖြစ်နေတဲ့ပြဿနာအပေါ်မှာကျင့်ဝတ်၊ စံတန်ဖိုး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ soft power၊ social norms တွေကိုင်တွယ်ဖို့ကျွန်တော်အမြဲပြောခဲ့ပါတယ်။ မြန်မာတပ်ဘာလို့အားနည်းနေသလဲဆိုတဲ့အချက်ကိုအများကြီးရေးခဲ့ပြီးပြီ။ အဓိကကျတာတွေအခုထိမဖြည့်နိုင်သေးလို့ ထပ်ရေးရဦးမယ်။ ________ စစ်တိုက်တယ်ဆိုတာအတူတူတိုက်ပွဲဝင်ကြတဲ့အိုးစားဖက်တွေစုပြီး မိမိအသက်၊အခြားသူတွေအသက်ကိုလောင်းကြေးထပ်ရတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာအဖိုးတန်လှတဲ့မိမိရဲ့အသက်ကိုနှမြောတသမှုကင်းမဲ့စွာစွန့်လွှတ်ပြီး နိုင်ငံတော်၊ တပ်မတော်၊ အကြီးအကဲ၊ ရဲဘော်အချင်းချင်းအတွက် ပေးဆပ်ဖို့ဆိုတာလွယ်ပါ့မလား။ မလွယ်ပါဘူး။ မလွယ်တဲ့မိမိရဲ့အသက်ပေးချင်စိတ်ဖြစ်လာအောင်တပ်မှူးဟာ မိမိနဲ့မိမိတပ်ရဲ့စိတ်ဓာတ်ကိုပြုစုမွေးမြူပေးရတယ်။ ________ " မြန်မာတပ်မတော်ဟာအဲ့ဒီစိတ်ဓာတ်မွေးမြူရေးဆိုတဲ့ စိတ်ပညာသဘော၊ ဒဿနိကပညာသဘောကိုဘယ်တုန်းကမှမကိုင်တွယ်ခဲ့ဘူး " မြန်မာတပ်မတော်ကိုမျိုးဆက်အရပိုင်းခြားရင် ၃ ဆက်ပိုင်းလို့ရတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်ခဲ့တဲ့ပထမမျိုးဆက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်ခဲ့တဲ့ဒုတိယမျိုးဆက်၊ လက်ရှိတာဝန်ထမ်း​ဆောင်နေတဲ့တတိယမျိုးဆက်။ ပထမမျိုးဆက်ဟာနယ်ချဲ့လက်အောက်မှာခါးသီးမှုတွေခံစားခဲ့ရပြီးလွတ်လပ်ရေးရဲ့တန်ဖိုး၊ ကျွန်ဘဝရဲ့နိမ့်ကျမှုကိုလက်တွေ့သိမြင်ခဲ့တယ်၊ ရဲဘော်သုံးကျိတ်ဝင်တွေကိုယ်တိုင်ခေါင်းဆောင်ခဲ့တဲ့ဒေါင်ဒေါင်မြည်စစ်သားတွေဖြစ်လို့ စိတ်ဓာတ်အနေနဲ့​သီးသန့်မွေးမြူပေးဖို့မလိုဘူး။ အစ္စရေးက မိုရှေဒါယန်တို့လိုစစ်မှော်အောင်သူတောင်မြေပုံစီးချင်းထိုးရာမှာအရှုံးပေးရတဲ့ ဗိုလ်ချုပ်ကြီးထွန်းရီတို့လို ထိတ်ထိတ်ကြဲနာမည်ကျော်တပ်မှူးကြီးတွေဦးဆောင်ခဲ့တယ်။ ဒုတိယမျိုးဆက်ဟာ အဲ့ဒီပထမမျိုးဆက်တပ်မှူးကြီးတွေဆီကပညာရခဲ့တဲ့မျိုးဆက်ဖြစ်တယ်။ ၁၉၈၈ ကနေ ၂၀၁၀ အထိကြားကာလမှာလည်းမှတ်ကျောက်တင်စရာ ပြင်းထန်တဲ့တိုက်ပွဲကြီးတွေမရှိခဲ့ဘူး။ အတိတ်ကိုပြန်လှန်ကြည့်ရင်မြန်မာပြည်သူတွေတပ်ကိုမုန်းတီးတာ ဒုတိယမျိုးဆက်ရဲ့ ၁၉၈၈ နောက်ပိုင်းမှများလာတာပါ။ အထက်ကမျိုးဆက်နှစ်ဆက်မှာ နိုင်ငံရေးစနစ်အရ၊ အုပ်ချုပ်မှုအရ စစ်သည်တော်တွေရဲ့စိတ်ဓာတ်ကိုရိုက်ချိုးတိုက်စားနိုင်တဲ့လှုံ့ဆော်မှုမရှိခဲ့ဘူး။ မလှုံ့ဆော်ရဲခဲ့ဘူး။ လှုံ့ဆော်ရေးသတင်းဖြန့်ဝေမှုဟာယနေ့အင်တာနက်ခေတ်လိုလဲမြန်ဆန်ခြင်းမရှိဘူး။ _______ တတိယမျိုးဆက်ဟာ ၂၀၁၀ ဒီမိုကရေစီဖွင့်ချလိုက်တာနဲ့တိုက်ဆိုင်နေတယ်။ Myanmar's Glasnot ဟာ အရပ်သားပြည်သူတင်မဟုတ်ဘဲ စစ်မျိုးဆက်ကိုပါလာရိုက်ခတ်တယ်။ အင်တာနက်ဖွင့်ခြင်းနဲ့ အထိန်းအကွပ်မရှိပွင့်လင်းမြင်သာမှုက မသမာသူတွေ(ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ အုပ်စု၊ လော်ဘီအုပ်စု၊ နိုင်ငံရေးအုပ်စု၊ အရပ်ဘက်အုပ်စုအသီးသီးက) အတွက် အင်တာနက်ကမ္ဘာကနေအုပ်စုဖွဲ့အမုန်းစိတ်တွေဖြန့်ဖြူးပြီး စစ်သည်တွေရဲ့စိတ်ဓာတ်ကိုရိုက်ချိုးနိုင်စေခဲ့တယ်။ လက်နက်ကိုင်တွေကလဲ တပ်ပါးဝလာပြီး လက်နက်ကိုင်နည်းအပြင် နိုင်ငံရေးနည်း၊ မီဒီယာနည်း၊ လွှတ်တော်နည်းတွေနဲ့ပါ ဖိအားပေးလာကြတယ်။ စစ်ခွေးလို့အခေါ်ခံရတာ၊ ယူနီဖောင်းဝတ်ပြီးတပ်ပြင်မထွက်ရဲတော့လောက်တဲ့အထိဖြစ်လာတာတွေဟာ စစ်သားတစ်ယောက်ဖြစ်တည်မှုရဲ့ဂုဏ်ဒြပ်ကိုသိမ်ငယ်လာစေပါတယ်။ နိုင်ငံရေး၊ လွှတ်တော်၊ မီဒီယာကနေဖိအားပေးလာတာကြောင့် စစ်တိုက်နိုင်စွမ်းကို ကန့်သတ်ချက်တွေများလာတယ်။ External factor က အုပ်စုဖွဲ့ပြီးစိတ်ဓာတ်စစ်ဆင်ရေးလှိုင်းနဲ့ဖိနှိပ်နေချိန်၊ အတွင်း Internal မှာပေးတဲ့အမိန့်နဲ့ညွှန်ကြားချက်တွေဟာလဲ စစ်သားတစ်ယောက်နဲ့မဆိုင်တဲ့အရာများစွာပုခုံးပေါ်ထမ်းရင်းဖိစီးလာတယ်။ ကွပ်ကဲအုပ်ချုပ်မှုမှာ ဆရာတပည့်စိတ်၊ ဖခင်ကောင်းသဖွယ်စိတ်၊ ရဲဘော်ရဲဘက်စိတ်နဲ့ကွပ်ကဲအုပ်ချုပ်တဲ့တပ်မှူးတွေအရေအတွက်နဲ့ အထက်ဖားအောက်ဖိအရေအတွက်ယှဥ်ရင်ဘယ်ဟာကသာနေသလဲဆိုတာဆန်းစစ်သင့်ပါတယ်။ ဒီဒဏ်တွေကို ဆယ်နှစ်မကခံစားလာခဲ့ရတဲ့စစ်သည်တော်တွေရဲ့စိတ်ပိုင်းဆိုင်ရာကိုဘယ်လောက်ပြုစုပေးဖို့လိုသလဲဆိုတာစဥ်းစားရမယ်။ _________ Hard power အမာအားကိုအခြေခံတဲ့ နိုင်ငံအနှံ့အပြားကဗွက်ထနေတဲ့ လက်နက်ကိုင်အားလုံးကို ပါဝါဟန်ချက်ထိန်းထားတာ ဒီတပ်ပါပဲ။ ပါဝါမဏ္ဍိုင်ဖြစ်တဲ့ ဒီတပ်ပျက်ရင်နိုင်ငံပျက်မယ်၊ နှစ် ၃၀ လောက်အဖတ်ဆယ်မရဘူးဆိုတာ ပညာရှင်တိုင်းသိကြပါတယ်။ လွတ်လပ်ရေးရကာစ ရန်ကုန်အစိုးရခေတ်က စစ်သည်တော်တွေနဲ့ယနေ့ခေတ်စစ်သည်တော်တွေရဲ့ စိတ်ဓာတ်အင်အားနှိုင်းယှဥ်ချက်ကြောင့် ဒီနေ့ခေတ်ကြုံနေရတဲ့မြန်မာ့အကြပ်အတည်းဟာ၊ လွတ်လပ်ရေးရကာစခေတ်ထက်ပိုမိုကြီးမားတယ်၊ ရုန်းထွက်ရခက်တယ်၊ ပြိုကျသွားနိုင်တယ်လို့ပြောလို့ရပါတယ်။ " လူ့သဘောသဘာဝကိုနားလည်ပါ " ဆိုတဲ့အချက်ကိုလုံးဝမပေါ့ဆပါနဲ့။ စစ်နိုင်ဖို့၊ ဒီအကြပ်အတည်းကရုန်းထွက်နိုင်ဖို့ စစ်သည်တော်တွေရဲ့စိတ်ဓာတ်ကိုမွေးမြူပေးဖို့လိုပါတယ်။ စိတ်ဓာတ်ကျဆင်းစေမဲ့အပြုအမူတွေကိုဒီအချိန်မှာလျော့ဖို့လိုပါတယ်။ မွေးရမဲ့နည်းလမ်းကိုပညာရှင်တွေနဲ့တိုင်ပင်ပါ။

  • ယနေ့မြန်မာနိုင်ငံအ​ခြေအနေနဲ့ပတ်သက်ပြီး VOA Burmese က ဦးကျော်ဇံသာရဲ့ ဆွေးနွေးချက်ပါ။ ဆွေးနွေးချက်တွေထဲမှာ twist တွေ၊ လမ်းကြောင်းပေးတဲ့ပြောစကားတွေ၊ ပုံဖျက်စကားတွေ၊ ယောင်ပြစကားတွေအများကြီးပါတယ်။ လေ့လာ Brain stroming လုပ်ပြီး နိုင်ငံရေးပညာယူသင့်တယ်။ လိုအပ်ရင် အဲ့ဒီ twist ၊ ယောင်ပြ၊ လမ်းကြောင်းပေး၊ ပုံဖျက်စကားတွေ Highlight လုပ်ပေးပါမယ်။ ၂၂.၈.၂၀၂၄ Geopolitics Admin

  • " မြန်မာနိုင်ငံပျက်စီးစေမဲ့အချိန်ကိုက် ရိုက်ချက်ကို ကျော်နိုင်ခဲ့တယ် " ========================= မြန်မာ့အရေးဟာ china BRI global code Vs West&Black social animal ဇာတ်သွင်းဧကရာဇ်ပြုမဲ့ global code နှစ်ခုဆုံချက်ဖြစ်သွားတာကြောင့်ဖြစ်လာတယ်ဆိုတာရယ်၊ china ဟာ နောက်ကျပြီးမှ Active defence နဲ့ကမန်းကတန်းဒရွတ်ဆွဲလိုက်နေရတယ်ဆိုတာရယ်အမြဲပြောခဲ့ပါတယ်။ နောက်ဆုံးဖြစ်ခဲ့တဲ့ရိုက်ချက်က တရုတ်မြန်မာနှစ်နိုင်ငံရဲ့ ပြည်သူအချင်းချင်းကြား၊ အစိုးရအချင်းချင်းကြား၊ ပညာရှင်အချင်းချင်းကြား သွေးခွဲရေးရိုက်ချက်ပါ။ တကယ့်တကယ် global code အကြီးကြီးဆွဲပြီးဇာတ်ညွှန်းရိုက်လာတဲ့ Hollywood player တွေအနေနဲ့ နိုင်ငံတစ်ခုကသီးသန့်ထုတ်တဲ့လက်နက်/ပစ္စည်း/ရိက္ခာ၊ တရုတ်ကျောထောက်နောက်ခံလက်နက်ကိုင်အဖွဲ့တွေကို ဇာတ်ညွှန်းတစ်ခုထဲပစ်ထည့်ပြီး smoke screen ကာဖို့ဆိုတာ ငှက်ပျောသီးအခွံခွာစားတာထက်တောင်လွယ်ပါသေးတယ်။ ဒီစစ်ကိုတိုက်ဖို့နှစ်ဆယ်စုချီပြီးပြင်ဆင်လာတာကို ထွင်းဖောက်မြင်တဲ့ဉာဏ်ရှိရင် ဒီအဖွဲ့တွေ ဘဏ္ဍာ၊ လက်နက်၊ ခဲယမ်းဘယ်ကရသလဲမေးပြီးဘယ်သူကြောင့်လို့လက်ညှိုးထိုးနေစရာမလိုပါဘူး။ ပြည်ခိုင်ဖြိုးပါတီကဘုလက်ဦးလှဆွေတို့ဆိုရင် strong Nationalist ။ တရုတ်မကောင်းတဲ့အချက်တွေအများကြီးပြောခဲ့တဲ့လူတစ်ယောက်ပဲ။ တရုတ်နိုင်ငံကရက်ပိုင်းလေးဖိတ်ခေါ်ပြီး စကားပြောလိုက်တာနဲ့တရုတ်ဘက်ပါသွားမတဲ့လား။ ဦးကိုကိုကြီးက ကြားကနေပြည်သူနဲ့နိုင်ငံမနာဖို့ကြိုးစားနေတဲ့ third party၊ အရင်ကတည်းကဒီမိုကရေစီသမား၊ အခုမှတရုတ်ဘက်ပါသွားမတဲ့လား။ ကျွန်တော်ကအချက်အလက်အခြေခံ deep thinker ။ ၂၀၁၅၊ ၂၀၁၇ လောက်ကိုင်စစ်တွေ၊ ရှမ်းမြောက်စစ်တွေ၊ လက်နက်ကိုင်တွေနဲ့ပတ်သက်ပြီး တရုတ်အကြောင်းရေးခဲ့တာတွေအများကြီးပါပဲ။ ပေးစာကမ်းစာလေးယူပြီးမြန်မာနိုင်ငံအပေါ်သစ္စာဖောက်ဖို့၊ ပြည်ပကောင်းဖို့လုပ်မယ်လို့မြင်ကြပြောကြတာရယ်စရာကောင်းပါတယ်။ ရှမ်းမြောက်စစ်အရှိန်အားကောင်းလာတဲ့အချိန်မှာပွဲသိမ်းရိုက်ချက်အနေနဲ့ တရုတ်မြန်မာကွဲထွက်သွားအောင်ရိုက်ချတယ်။ အရင်ကတည်းကဒီမိုအုပ်စုတွေက anti china။ အခု nationalist တွေပါ anti china ။ နစက အစိုးရပိုင်းကပါ anti china ဖြစ်ရင်ဘာဆက်ဖြစ်မလဲ။ စစ်ရေးနိမ့်ပါးနေတဲ့အစိုးရ၊ ပြည်သူထောက်ခံမှုလျော့နေတဲ့အစိုးရ၊ ပြည်ပကန့်သတ်ပိတ်ပင်မှုခံနေရတဲ့အစိုးရ၊ ပြည်တွင်းစီးပွားရေး၊ ကုန်သွယ်ရေးအဝဝမှာအခက်အခဲရှိနေတဲ့အစိုးရဟာ ထီးထီးကြီး lonely ဖြစ်သွားပြီး မြန်မြန်ဆန်ဆန် crack down ဖြစ်သွားမှာပါပဲ။ ဒီဇာတ်ညွှန်းလိုချင်လို့ဒီပုံစံခင်းလာတာ။ ကိုယ့်နိုင်ငံကိုချစ်တဲ့သူတစ်ယောက်အနေနဲ့ buffer ဒဏ်ကိုကောင်းကောင်းခံနေရတဲ့အတွက်ကျွန်တော်လဲအိမ်နီးချင်းရဲ့မရိုးသားမှုတွေအပေါ် မကြိုက်နှစ်သက်တာအများကြီးရှိတာပါပဲ။ သို့သော်....ကာလံ၊ ဒေသံ၊ အ​ခြေအနေတွေအရ anti campaign ကိုဖျက်မှရမဲ့အခြေအနေဆိုတာသိလို့ အမုန်းခံပြီးရဲရဲပြောခဲ့တယ်။ page မှာလဲအာဏာရှိတဲ့သူတွေမြင်အောင်ရေးတယ်။ ကျွန်တော်ပေးချင်တဲ့ မက်ဆေ့ရောက်အောင်ပို့တယ်။ ရလဒ်ထွက်ပါတယ်။ မြန်မာနိုင်ငံအပေါ် အခုဆက်ဆံနေတဲ့တရုတ်ရဲ့အပြုအမူတွေပါပဲ။ အချုပ်ဆိုရရင် နိုင်ငံပြိုဖို့အချိန်ကိုက်ရိုက်ချလိုက်တဲ့ရိုက်ချက်တစ်ခုကိုကျော်နိုင်ခဲ့ပါပြီ။ နောက်ထပ်လာမဲ့ရိုက်ချက်တွေအတွက်ပြင်ဆင်ဖို့လိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မိမိအင်အားကိုအပူတပြင်း တည်ဆောက်ပြီး ခံနိုင်စွမ်းအားမြှင့်တင်နေဖို့လိုတဲ့အချိန်ပါပဲ။ ၂၂.၈.၂၀၂၄ Geopolitics Admin

  • 9 авг. 2024 г.11 тыс19351

    " စစ်ကစားခြင်း " ============= စစ်ပွဲနယ်မြေကြီးတစ်ခုကိုခြုံငုံသုံးသပ်ကြတဲ့အခါမှာ စစ်ကစားလွယ်မှုကျင့်သုံးနိုင်​ခြင်းရှိမရှိကိုထည့်သွင်းတွက်ချက်ရပါတယ်။ စစ်ပွဲနယ်​မြေဆိုတာ အနိမ့်ဆုံးအဆင့် တိုင်းစစ်ဌာနချုပ်နယ်မြေကိုဆိုလိုပါတယ်။ ဥပမာရှမ်းပြည်နယ်မြောက်ပိုင်းပါ။ စစ်ကဏ္ဍကြီးလေးရပ်ဖြစ်တဲ့ ချီစစ်၊ တိုက်စစ်၊ ခံစစ်၊ ခွာစစ်ဆိုတဲ့ ကဏ္ဍလေးရပ်စလုံးကိုပိုင်နိုင်ကျင့်သုံးမှစစ်နည်းဗျူဟာမြောက်ပါတယ်။ ရှေးခေတ်မြန်မာ့သေနင်္ဂဗျူဟာစစ်ပညာမှာလည်း စစ်ချီ၊ စစ်ကပ်၊ စစ်ထိုး၊ စစ်ခံ၊ စစ်ဖျက်၊ စစ်ပြန်ရယ်လို့ပါရှိပြီးသားမို့ စစ်ကဏ္ဍတွေကို အခြေအနေအချိန်အခါပေါ်မူတည်ပြီးလိုက်လျောညီထွေကျင့်သုံးခြင်း၊ စစ်ကစားခြင်းဟာလက်ရုံးရည်သမားစစ်သားတွေရဲ့ နှလုံးရည်ပြည့်ဝမှု 'စံ ပေတံ' ပဲဖြစ်ပါတယ်။ ဒီဘက်ခေတ်မြန်မာတပ်မှူးတွေဟာ မြေပုံတင်ရှင်းလင်းရင်တောင် အရှုံးကိုမလိုချင်ဘူး၊ ဆုတ်ခွာတယ်လို့မကြားချင်ဘူးဆိုတဲ့အယူအဆရှိကြပါတယ်။ အချို့ကခွာစစ်ကိုရှုံးနိမ့်ထွက်ပြေးကြတယ်လို့ အယူအဆမှားပြီးခွာစစ်ကျင့်သုံးမှု၊ လေ့ကျင့်မှုမရှိပါဘူး။ တာဝန်ယူရမဲ့သူတွေကလဲ အကျိုးမရှိတဲ့အခြေအနေမျိုးမှာ ခွာစစ်ဆင်ဖို့တာဝန်ခံပြီးအမိန့်မပေးရဲကြပါဘူး။ လွယ်လွယ်ရှင်းရှင်းပြောရရင် ခွာစစ်ဆိုတာလက်ရှိနေရာမှာရန်သူကိုခုခံခြင်းကအကျိုးမရှိခြင်း၊ ရန်သူကိုကျုံးသွင်းလိုခြင်းတို့ကြောင့် တိုက်ပွဲမှဆုတ်ခွာခြင်း(သို့) နောက်ပိုင်းသို့ဆုတ်ခွာခြင်း ဖြစ်ပါတယ်။ စစ်သမိုင်းမှာသင့်တော်တဲ့အချိန်မှာ ခွာစစ်၊ဟန့်စစ်မဆင်ခဲ့တဲ့အတွက် ဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့သာဓကတွေရှိပါတယ်။ သင့်တော်တဲ့အချိန်မှာခွာစစ်၊ ဟန့်စစ်၊ တန်ပြန်ထိုးစစ် စစ်ကစားခဲ့လို့ ရန်သူအောင်မြင်ပြီလို့သွေးနားထင်ရောက်ချိန်မှာသတ်ကွင်းထဲဆွဲခေါ်နိုင်ပြီး အကျိုးအမြတ်ရခဲ့တဲ့သာဓကတွေလဲရှိပါတယ်။ ၁၀၂၇ ပထမပိုင်းမှာ ချင်းရွှေဟော်ကိုမြောက်သုံးဖွဲ့ဝင်ရောက်တိုက်ခိုက်ပြီးထောက်ပံ့ရေးလမ်းကြောင်းဖြတ်တောက်ကာမြောက်ဘက် လောက်ကိုင်ကိုနယ်မြေသိမ်းပြီးဖြည်းဖြည်းချင်းတက်လာတာပါ။ ရှမ်းမြောက်ဒေသတစ်ခုလုံးကိုတစ်ပြိုင်နက်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး Drone နဲ့လူလှိုင်းနည်းပညာအားသာလွန်နေတာကိုထင်ထင်ရှားရှားသိမြင်ရပါတယ်။ အဲ့ဒီအချိန်မှာ လောက်ကိုင်မြောက်ဘက် တောင်ပေါ်ဒေသတွေဖြစ်တဲ့ တာရွှေထန်၊ ကုန်းကြမ်း၊ ရှင်ပင်ကိုင်း၊ ဆုံကန်၊ မော်ထိုက်ဘက်တစ်ကြောမှာ MNDAA ရဲ့စစ်ရေးမဖော်ဆောင်သေးပါဘူး။ တောင်ပေါ်ဘက်မှာ တပ်ရဲ့ (စကခ ၁၂)၊ (တပ်မဟာ ၁၆) နဲ့ တပ်ရင်းတွေရှိနေပါတယ်။ ရန်သူရဲ့စစ်နည်းပညာတစ်ဆင့်မြင့်နေမှုကိုကြိုတင်သုံးသပ်ပြီး တောင်ပေါ်ကတပ်မတွေအကျိုးမရှိတဲ့နေရာမှာ ဆက်မနေသင့်ကြောင်းသုံးသပ်ပြီး အချိန်အခါကိုက် ဆုတ်ခွာခွင့်ပေးလိုက်ရင်၊ လောက်ကိုင်ကိုအင်အားအပြည့်ပေါင်းစေခဲ့ရင် စစ်ဟာအလှည့်အပြောင်းဖြစ်နိုင်ပါတယ်။ လူတော်တော်များများက လောက်ကိုင်မှာဗိုလ်ချုပ် ၅ ယောက်နဲ့တပ်မ ၄ ခုရှိတယ်လို့ပဲအပေါ်ယံသိကြတာဖြစ်ပါတယ်။ တကယ်တမ်းမှာ အကျိုးမရှိတဲ့နေရာကနေ အချိန်မီခွာစစ်မဆင်နိုင်ခဲ့တဲ့အတွက် တောင်ပေါ်ဆုတ်ခွာရာလမ်းမှာတင် MNDAA အဖွဲ့တွေရဲ့ကြားဖြတ်တိုက်ခံခဲ့ရပြီး စစ်နည်းဗျူဟာ မမြောက်စွာအင်အားလုံးပါးပါးခဲ့ရပါတယ်။ တပ်မတစ်ခုလျှင် ပျမ်းမျှအင်အား ထောင်ဂဏန်းရှိတဲ့အနက် လောက်ကိုင်ကိုရောက်လာချိန်မှာ တစ်ရာဝန်းကျင်သာကျန်ရှိတဲ့ရုံးအဖွဲ့သာလာပေါင်းနိုင်ခဲ့တာဖြစ်ပြီး တိုက်စွမ်းအားဘယ်လိုမှမထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တာကထန်တောင်ကြောပေါ်ကနေ ရှော့တိုက်ဒုံး၊ Drone၊ လက်နက်ကြီးပုံသေပစ်ကြောင်းဆင်ပြီး ပါစင်ကျော်တပ်ကိုရန်သူက သတ်ကွင်းဖန်တီးထားပါတယ်။ မိမိတပ်ကိုပုံသေပစ်ကြောင်းနဲ့တဒိုင်းဒိုင်းပစ်နေတဲ့ ရန်သူကိုရှာဖွေတိုက်စစ်ဆင်ဖို့အမိန့်ပေးရမဲ့အ​ခြေအနေမှာ ပါစင်ကျော်မကျရေးဆိုပြီး ရန်သူ့သတ်ကွင်းထဲကို တပ်မ ၅၅ တပ်တွေနေ့လယ်ခင်းကြီးတစ်ကြောင်းထိုးတက်ခိုင်းလိုက်ပါတယ်။ တပ်တွေဟာရန်သူ့ drone အောက်ပြားပြားဝပ်ပြီး ရှေ့တက်မရ၊နောက်ဆုတ်မရနဲ့ ပေးဆပ်လိိုက်ရပါတယ်။ အလားတူ ကုန်းကြမ်းတပ်ရင်း၊ ညံခွမ်းတပ်ရင်းတွေဟာအချက်အခြာ​မြေလည်းမဟုတ်၊ ဘေးကစစ်ကူပစ်ကူလည်းမပေးနိုင်တဲ့အ​ခြေအနေဖြစ်လာချိန်မှာ အချိန်မီခွာစစ်၊ ဟန့်စစ် မဆောင်ရွက်နိုင်ခဲ့ဘဲ ရန်သူ့ထံမှာတတိတိနဲ့ပေးဆပ်လိုက်ရပြီးလက်နက်ချတဲ့အထိဖြစ်သွားတာဖြစ်ပါတယ်။ စစ်နယ်မြေတစ်ခုလုံးကိုသုံးသပ်ပြီးအချိန်ကိုက်ချီ၊ တိုက်၊ ခံ၊ ခွာ စစ်ကစားမှုမကျင့်သုံးနိုင်ခဲ့တဲ့အားနည်းချက်နဲ့၊ တစ်ခါမှခွာစစ်မကျင့်သုံးခဲ့ဘူးတဲ့တပ်မှူးတွေပေါင်းဆုံပြီး လမ်းမှာတင်အင်အားပြုန်းတီးသွားတာဖြစ်ပါတယ်။ သင်ခန်းစာဖော်ထုတ်ယူနိုင်ဖို့ပါ။ ချီစစ်မှာအလဲအကွဲ၊ ခံစစ်မှာခံစစ်သေ၊ တိုက်စစ်ကိုမဖော်နိုင်၊ ခွာစစ်ကဖရိုဖရဲ ဖြစ်နေခဲ့တယ်ဆိုရင်မိမိတို့ဘာမှားနေပြီလဲဆိုတာဆန်းစစ်ဖို့လိုပါတယ်။ ၉.၈.၂၀၂၄ Geopolitics Admin

  • 8 авг. 2024 г.11,4 тыс4536

    без подписи

  • 8 авг. 2024 г.15,5 тыс11558

    " မြန်မာ-တရုတ်နိုင်ငံကြား ရန်တိုက်မပေးပါနဲ့ " ==================== မြန်မာနိုင်ငံဖြစ်စဥ်ဟာ Black Deep State ရဲ့ ကမ္ဘာ့မနုဿလူသားတိရစ္ဆာန်ဇာတ်သွင်းရေး၊ လူ့တိရစ္ဆာန်ကမ္ဘာကိုဧကရာဇ်အဖြစ်စိုးမိုးရေး၊ အဲ့ဒီစိုးမိုးရေးလမ်းစဥ်အတွက်ခလုတ်ကန်သင်းဖြစ်နေတဲ့ BRI ကွင်းဆက်ဖျက်စီးရေး အစီအမံကြီးတစ်ခုထဲက အစီအမံသေးသေးလေးတစ်ခုသာဖြစ်ကြောင်းကို အထောက်အထားပါတဲ့ အနုမာနအဆိုနဲ့အကိုက် ကျွန်တော်အသေးစိတ်ရေးပြခဲ့ပြီးပါပြီ။ တရုတ်-မြန်မာကိုရန်တိုက်ပေးချင်တဲ့အုပ်စုတွေက BRI လမ်းကြောင်းမြေပုံကြီးဆွဲပြပြီး လမ်းတစ်လျှောက်တိုက်ပွဲဖြစ်တာတရုတ်လက်ချက်ဖြစ်ကြောင်း၊ စီမံကိန်းကိုချုပ်ကိုင်ချင်ကြောင်းတွေလမ်းလွှဲရေးလာတယ်။ ဒါ့အပြင်ဘာမှမဆိုင်တဲ့ AA ကိုလဲတရုတ်လူဖြစ်ကြောင်း၊ ရခိုင်ဒေသကိုတရုတ်သိမ်းချင်ကြောင်းလျှောက်ပြောကြတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရှ်မှာ တရုတ်နဲ့ အနောက်ကိုခွကစားတဲ့ ရှိတ်ဟာစီနာဆင်းပြေးသွားရပြီ။ နိုင်ငံအရေးအခင်းဖြစ်နေတယ်။ စီးပွားရေးနိုဗယ်ဆုရှင်အနောက်ကြိုးဆွဲကိုယာယီသမ္မတအဆိုပြုလာတယ်။ ဒီဖြစ်စဥ်မတိုင်မီက ဟာစီနာကိုအနောက်အုပ်စုက မြန်မာ-ဘင်္ဂလားနယ်စပ်မှာ ခရစ်ယာန်ခြေကုပ်ဒေသဖော်ပေးဖို့လာပြောထားတာလက်မခံခဲ့ဘူးလို့ထုတ်ပြောလာခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်အရေးအခင်းဟာ BRI လမ်းကြောင်းမြန်မာ့နယ်မြေစစ်မီးတောက်အရှိန်မြင့်လာချိန်နဲ့ အချိန်ကိုက် BCIM Bangladesh-China-India-Myanmar လမ်းကြောင်းက ဘင်္ဂလားဒေ့ရှိမှာ မီးပွားထပ်ဖော်တာမဟုတ်ဘူးလား။ ထောက်လှမ်းရေး အမှောက်လုပ်ငန်း...တွေမှာ တရုတ်နိုင်ငံကြီးခံလိုက်ရတယ်။ တရုတ်ကသူငယ်တန်းအဆင့်ဆိုတာပြောတော့လဲလက်မခံကြဘူး။ အခုတရုတ်ခံနေရပြီ။ ဒီအချိန်မှာ Anti china campaign ကိုဘက်စုံကမြန်မာနိုင်ငံမှာလုပ်လာတယ်။တရုတ်-မြန်မာသွေးကွဲမှ မြန်မြန်ပျက်မှာသိတဲ့ အနောက်အုပ်စုမီဒီယာတွေ၊ လော်ဘီတွေ၊ ဥပမာ ISP တို့တစ်ဘက်ကလုပ်ပါတယ်။ ဒါကသူတို့ခံယူရပ်တည်ချက်အရ လိုလားချက်ဖော်ဆောင်တာအပြစ်မပြောလိုပါဘူး။ နောက်အုပ်စုကိုပြောချင်တာ။ အမျိုးသားရေးသမားအမည်ခံတွေကိုယ်တိုင် တရုတ်-မြန်မာ တိုက်ပေးပြီး အတွင်းမှာသပ်လျှိုတာပြန်လုပ်နေကြတယ်။ သိသိရက်နဲ့နိုင်ငံမြန်မြန်ပျက်အောင်တမင်လုပ်တာဆိုရင် ကျွန်တော်ကတော့မှတ်တမ်းတင်ထားပါတယ်။ မသိဘဲ ဘုမသိဘမသိ အပေါ်ယံအဆင့်လောက်နိုင်ငံရေးသိပြီး ပေါ်ပင်လော်ဘီစာတွေရေးရုံနဲ့ တရုတ်-မြန်မာ သွေးခွဲရန်တိုက်တာမလုပ်ဖို့ပြောချင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်လက်ရှိ SAC ဟာ ဘက်ပေါင်းစုံက ဘက်စုံစစ်နဲ့ဝိုင်းတိုက်ခံနေရတာဖြစ်တယ်။ အားနည်းနေချိန်ဖြစ်တယ်။ ကိုယ်ခံစွမ်းအားအရမ်းကျဆင်းနေတယ်။ ဒီအချိန်မှာမိမိအင်အား၊ပြည်သူအင်အားအပြင် မဟာမိတ်အင်အားပါလိုအပ်နေတယ်။ SAC ရဲ့မဟာမိတ်က ဘယ်တုန်းကမှ west and black မဟုတ်ခဲ့ဘူး။ ရုရှားနဲ့ တရုတ် ပဲရှိတယ်။ ရုရှားကအဝေးကြီးမှာသူ့ပြဿနာနဲ့သူ။ အကန့်အသတ်ရှိတယ်။ ရုရှားဝင်လာခြင်းကြောင့် တရုတ်ဘက်ကအမြင်မကြည်တာလဲရှိတယ်။ အကန့်အသတ်နဲ့သာအကူအညီယူရမဲ့အ​ခြေအနေပဲ။ တရုတ်ကအိမ်ကွင်းမှာ။ လက်ရှိတရုတ်ရဲ့ပါဝင်ပတ်သက်မှုဟာ hard power game မှာအဖြေကိုပြောင်းလဲနိုင်စွမ်းရှိတယ်။ လက်ရှိ တရုတ်ဘက်က SAC ကိုလက်မလွှတ်ချင်သေးလို့ တိန့်ရှီကျွမ်းလာနေတာ။ တိန့်ရှီကျွမ်းခရီးစဥ်နဲ့ တိုက်ပွဲဖြစ်တာတွေတိုက်ဆိုင်တာလဲ တရုတ်-မြန်မာသွေးကွဲရေး၊ တရုတ်မုန်းတီးရေးဖြစ်အောင် west and black တမင်လုပ်ထားတာပဲ။ ဒါကိုတိန့်ရှီကျွမ်းလာတာနဲ့ ဘာဖြစ်တယ်ဆိုပြီး Anti Campaign လုပ်နေတာသည် ပြည်ဖျက်ရေးလမ်းစဥ်ပါ။ လက်ရှိအချိန်မှာအစိုးရိမ်ရဆုံးကတရုတ်ဘက်ကမထူးတော့ပါဘူးဆိုပြီး anti အဖွဲ့တွေလမ်းကြောင်းပေးနေသလို သူ့ရဲ့လက်နက်ကိုင် Buffer ကတ်ဆွဲကပ်သုံးသွားမှာကိုပဲ။ ဒီလိုဆိုရင်မြန်မာနိုင်ငံ မြန်မြန်ဆန်ဆန်ပျက်စီးသွားလိမ့်မယ်။ SAC ဘက်က နိုင်ငံအဆင့်ကတိကဝတ်စီးပွားရေးစာချုပ်တွေကိုအာမခံချက်ပေး၊ ယုံကြည်စိတ်ချရမှုရယူပြီး ပေါက်ဖော်ဆီက စစ်သတင်း၊ drone / guard ၊ ဂြိိုလ်တုဆက်သွယ်ရေး၊ စစ်ဘက်အကြံဉာဏ်အား ရယူရမဲ့ ကိုယ်ခံစွမ်းအားဖြစ်နေပြီ။ ဘုမသိဘမသိ လော်ဘီကြောင်တွေသိဖို့လိုတာက........ ▫ လက်ရှိမြန်မာတပ်ရဲ့ကာကွယ်နိုင်စွမ်းအား၊ ပြည်သူ့စစ်ဖော်နိုင်မှုအခြေအနေ။ ▫ တရုတ်နဲ့မြန်မာခေါင်းချင်းဆိုင်မိသွားရင်ဖြစ်လာမဲ့အကျိုးဆက်တွေပါ။ နိုင်ငံပျက်စေချင်တဲ့အုပ်စုလိုလားချက်အတိုင်း ဟိုယောင်ယောင်ဒီယောင်ယောင် ဝင်မသွားမိဖို့လိုပါတယ်။ ဒီလိုတရုတ်ဘက်ကိုအားကိုးရမဲ့အခြေအနေမဖြစ်စေချင်လို့ ယူကရိန်း၊ရုရှားစစ်တုန်းက အိမ်နီးချင်းအင်အားကြီးနားနိုင်ငံတည်ထားရရင်ပြုကျင့်ရမဲ့ မူဝါဒကို နမူနာပိုစ့်ရေးခဲ့သေးတယ်။ အင်အားကြီးနားမှာနေရပြီး၊ သူ့ရဲ့ကမ္ဘာ့အဆင့်စီမံကိန်းအကျိုးစီးပွားတွေရှိနေတာမထောက်ပဲ Balance of power မကစားတတ်ဘဲသွားကစားပြီး အခြား player တွေစုံနေအောင်ခေါ်သွင်းလာတဲ့ဒဏ်ကိုမြန်မာခံနေရတာပဲ။ မူဝါဒချတဲ့ခေါင်းဆောင်အဆင့်မှာ နိုင်ငံရေးပညာပြည့်ဝဖို့လိုပါတယ်။ ၈.၈.၂၀၂၄ Geopolitics Admin မြေပုံက soft power နဲ့ သွေးခွဲနေတဲ့ ISP အဖွဲ့မြေပုံ။

  • 3 авг. 2024 г.11,2 тыс13717

    စစ်ခင်းတယ်ဆိုတာတစ်ဘက်နဲ့တစ်ဘက်မာယာချင်းပြိုင်ကြတာဖြစ်ပါတယ်။ အဲ့လိုမာယာများတာကိုပဲစစ်နည်းဗျူဟာလို့ပြောကြတာဖြစ်ပါတယ်။ ရန်သူမိမိအားသာချက်အားနည်းချက်တွေကိုနှိုင်းယှဥ်ချိန်ထိုးပြီး မိမိအားသာချက်ကိုအသုံးချ၊အားနည်းချက်ကိုပြင်ဆင်၊ ရန်သူ့အားသာချက်ကိုထိုးနှက်၊ အားနည်းချက်ကိုဖိနင်းရတာဖြစ်ပါတယ်။ လက်ရှိရန်သူအားသာချက်က မြို့တွင်းစစ်နည်းဗျူဟာ၊ Drone နည်းပညာ၊ လူငယ်မျိုးဆက်သစ်ပဲရှိပါတယ်။ မိမိဘက်မှာလေယာဥ်၊အမြောက်၊ဒုံး၊သံချပ်ကာ၊နည်းပညာမြင့်စနစ်တွေရှိနေပါတယ်။ ဒါတွေကိုရှိလျက်နဲ့မအောင်မမြင်ဘာလို့ဖြစ်နေသလဲဆိုတာကို လက်ရှိရန်သူနဲ့ရင်ဆိုင်ခဲ့တဲ့သူတွေဆီကနေ brain stroming လုပ်ပြီးပြင်ဆင်လိုက်ရင် turning point ရောက်ပါလိမ့်မယ်။ ၃.၈.၂၀၂၄ Geopolitics Admin

  • 1 авг. 2024 г.12,6 тыс16948

    စစ်အောင်ရာသောအကြောင်းကြီးများနဲ့ညီသလား၊ မညီဘူးလားဆန်းစစ်ပါ။ မညီရင်ညီအောင်ပြင်လိုက်ပေါ့၊ ဘာခက်လို့လဲ။ အရင်ကသူပုန်တွေစာဖတ်ပြီးတတ်သွားမှာစိုးလို့ရယ်၊ တပ်ဘက်ကဒီအချိန်ဆိုမြင်လောက်ပြီထင်လို့ရယ်ဘာမှမပြောဘဲစောင့်ကြည့်နေခဲ့တာ။ သိမြင်ပြီးပြင်ထားမယ်ထင်ပေမဲ့ လားရှိုးလဲလောက်ကိုင်လိုခံနေရတာကြည့်ပြီး အခုထိမိမိအားနည်းချက်ကိုဆန်းစစ်ဖော်ထုတ်ပြင်ဆင်မှုမရှိသေးပါလားလို့ယူဆလာလို့ထုတ်ပြောတာဖြစ်ပါတယ်။ လောက်ကိုင်ကျကတည်းကပြန်လာတဲ့အရာရှိ၊စစ်သည်တွေဆီကနေ ရမခမှာစုစည်း operating brefing လုပ်ပြီး မင်းတို့ကျရှုံးခဲ့ရတဲ့အားနည်းချက်တွေချရေးစမ်း၊ငါတို့ပြင်ကြမယ်လို့ လုပ်ခဲ့သလား။ မသိပါဘူး။ အရေးကြီးဆုံးအချက်ကတော့ အထက်အောက်အပြန်အလှန်ပေါင်းစပ်ရေးပါ။ ဒီအချိန်မှာ မူဝါဒချတဲ့သူတွေအဆင့်မှာ theatre တစ်ခုလုံးကိုကွပ်ကဲနေရပြီး စစ်ဒဏ်ကြောင့်စိတ်ဖိစီးမှုများနေတာတစ်ကြောင်း၊ ​ခေတ်သစ်စစ်နည်းဗျူဟာကိုအကျွမ်းတဝင်မရှိတာတစ်ကြောင်းနဲ့ အပေါ်ကစီးဆင်းလာတဲ့ခေတ်ဟောင်းအတွေးအခေါ်အမိန့်အတိုင်းသာ လုပ်နေရင်းဆုံးရှုံးမှုတွေများခဲ့ပါပြီ။ ခေတ်သစ်စစ်ပွဲအတွက်အကြံဉာဏ်တွေဟာလန်းဆန်းတဲ့လူငယ်ဦးနှောက်တွေမှာရှိပါတယ်။ အနားမှာရှိနေတဲ့သူတွေဆီကအကြံဉာဏ်ရယူပါ။ တစ်ခေါင်းထဲပြဿနာကိုဖြေရှင်းတာထက် ခေါင်းများတော့ပညာပိုထွက်တာပေါ့။ ပြောရင်ထူးဆန်းနေလိမ့်မယ်။ လောက်ကိုင်စစ်ပွဲတစ်လျှောက်တစ်ခါမှ စစ်ဆင်ရေးအဖွဲ့တွေ Operation Brefing မဝင်ခဲ့ဘူး။ စစ်ဆင်ရေးကွပ်ကဲသူ လူ ၇ ယောက်လောက်တောင်စားပွဲမှာစုစည်း၊ ခေါင်းချင်းဆိုင်ပြီး ငါတို့ဘာလုပ်ရမလဲဆိုတဲ့ စုစည်းအား brain stroming အားမယူခဲ့ဘူး။ အပေါ်ကစားပွဲမှာထိုင်ပြီးမြေပြင်အခြေအနေနဲ့ကင်းကွာနေတဲ့အမိန့်စီးဆင်းမှုအတိုင်းသာ complaint မရှိဘဲလုပ်ခဲ့ကြတာ။ အကြံပေးတယ်ဆိုတာကန့်သတ်ချက်ရှိပါတယ်။ တစ်ခါအကြံပေး၊ နှစ်ခါပေး၊ အလွန်ဆုံးသုံးခါပေးလို့ရှိရင် ဒီကောင်ဘာကောင်လဲလို့မိမိဆီပါအမြင်စောင်းသွားတာမျိုးခံရတယ်။ အကြံကိုမယူဘဲဆုံးရှုံးသွားရင်လဲရင်နာရတယ်။ စိတ်ပျက်ရတယ်။ ဒီလိုရေးလို့ personal ထိခိုက်ရင်လဲခံလိုက်ပါမယ်။ နိုင်ငံကောင်းဖို့တွေးမြင်စရာတစ်ခုခုထွက်ရင်ပဲ ကိုယ်နဲ့ရင်းပြီးထားခဲ့တဲ့ သစ္စာလို့တိုင်တည်ပါတယ်။ လိပ်ပြာလုံချင်ပါတယ်။ ဒါတွေငါတို့သိပြီးသား၊ ငါတို့ပြင်နေတယ်ဆိုရင်ကျေးဇူးတင်ပါတယ်။ မဟုတ်သေးရင်လဲအခုအချိန်မီပြင်လိုက်ပါ။ ______ တစ်လက်စတည်းပြောချင်တာက ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ မြို့ကိုကာကွယ်မဲ့အင်အားကိုအခုကတည်းကစုဖွဲ့ထားပါ။ မြို့မြေပုံတွေမျှဝေထားပြီး ကျွန်တော်အထက်ကပြောခဲ့တဲ့ မြို့တွင်းစစ်ဆင်ရေးနည်းဗျူဟာတွေကို ဇာတ်တိုက်ထားပါ။ နယ်မြေကျွမ်းကျင်အောင် လမ်းကြိုလမ်းကြားမကျန်အခုကတည်းက လိုက်ပတ်ထားကြပါ။ တပ်၊ ရဲ၊ ပြည်သူ့စစ်၊ စစ်မှုထမ်းဟောင်းတွေကို ဖွဲ့စည်းပုံစနစ်တကျဖွဲ့ပါ။ တပ်ကထိုးထွင်းဉာဏ်ရှိတဲ့အစုအဖွဲ့နဲ့မြို့တွင်းစစ်ဆင်ရေးကိုကွပ်ကဲပြီး၊ တိုင်းစစ်ဌာနချုပ်တွေနဲ့ကွပ်ကဲမှုစနစ်၊ ဆက်သွယ်ရေးစနစ်အသားကျလေ့ကျင့်ထားပါ။ မြို့တွင်းကာကွယ်ရေး အဖွဲ့စနစ် harmony ဖြစ်အောင် လိုအပ်တဲ့စစ်နည်းဗျူဟာ၊ အုပ်ချုပ်မှု၊ ဆက်သွယ်ရေးတွေကိုပေါင်းစပ်ပါ။ အပြန်အလှန်ရင်းနှီးမှု၊ ယုံကြည်မှုရအောင်လုပ်ဖို့ကအနည်းဆုံး ၃ လလောက်စုစည်းပေးထားဖို့လိုပါတယ်။ ၁.၈.၂၀၂၄ Geopolitics Admin

  • 1 авг. 2024 г.10,8 тыс6939

    ကျွန်တော်ကမလျော့သေးဘူး၊ ဒုတိယအကြိမ်ထပ်အကြံပေးတယ်။ အပစ်ရပ်ကာလမို့ကျည်မထွက်လဲရတယ်။ သို့သော် သံချပ်ကာသုံးစီးကိုရှေ့လယ်နောက်ထား၊ အလယ်မှာ 4 wheel ကားတွေထည့်ပြီး mobilize မြန်တဲ့အပေါ့ပါးဆုံးယာဥ်တန်းတစ်ခုဖွဲ့ပါ။ တစ်မြို့လုံးကိုပတ်မောင်းပြီးတိုက်တွေကို သံချပ်ကာအမြောက်နဲ့ချိန်ပါ၊ Hand speaker နဲ့အော်ပြီးဖိအားပေး ဆုတ်ခိုင်းပါလို့အကြံပေးတယ်။ Action မရှိဘူး။ အဲ့လိုနဲ့ MNDAA က ဒကစ ကိုမြင်နိုင်တဲ့နေရာကိုရောက်လာတယ်။ ဒကစကိုအပေါ်ကနေ စီးနေတဲ့ အထပ်မြင့်တိုက်တန်းတွေရှိတယ်။ လက်ရှိမှာမြို့တိုင်းမြို့တိုင်း urban expansion ဖြစ်လာတဲ့အခါ ​ပြည်သူနေတဲ့ရပ်ကွက်တွေ၊ တိုက်တွေက တပ်ဌာနချုပ်တွေ၊ တပ်စခန်းတွေကိုပိတ်ပြီးစိုးမိုးလာတယ်။ မြင်သာအောင်ပြောရရင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို " ဝ " ပိုင်တဲ့ ၈ မိုင်လမ်းဆုံက Hotel Yangon ကစိုးမိုးထားတယ်။ အဲ့ဒီနေရာတွေကနေရှော့တိုက်ဒုံးချိန်ပစ်လို့ရတယ်။ ဒါတွေကိုဖြိုချရမယ်။ ရိုးရိုးအမြောက်ပစ်ဖြိုလို့မရဘူး။ ညဘက်မှာ ကွန်မန်ဒိုအဖွဲ့ထုတ်ပြီး တိုက်အခြေတွေကိုယမ်းပျော့တွေကပ်၊ဖောက်ခွဲပြီးဖြိုချလိုက်ပါလို့အကြံပေးတယ်။ ဒါပေမယ့်သံချပ်ကာအမြောက်နဲ့ပဲအဝေးကနေပစ်ဖြိုတယ်။ တိုက်တွေကထုနဲ့ထည်နဲ့ဆောက်ထားတာမပြိုကျဘူး။ ရန်သူခြေကုတ်ရသွားတယ်။ ဒကစ ထဲကို တဒိုင်းဒိုင်းနဲ့ပစ်ခဲ့တာအဲ့တိုက်တွေက၊ အခုလားရှိုးရမခမှာလဲအဲ့လိုပဲဖြစ်လိမ့်မယ်။ လောက်ကိုင်မြို့ကျသွားတာကအဲ့လိုမြို့တွင်းစစ်နည်းဗျူဟာကိုမသိတဲ့အတွက်၊အကျွမ်းတဝင်မရှိတဲ့အတွက်ကျသွားတာ။ အခုလားရှိုးမှာရပ်ကွက်တွေထဲစိမ့်ဝင်လာတာဒီနည်းပဲ။ အိမ်တိုင်းမှာ အစုငယ်လေးတွေနဲ့ဖြန့်နေကြတာ။ လေယာဥ်ဗုံးကြဲကြဲ၊ အတွဲလိုက်ဒုံးပစ်ပစ် အစုလေးတွေဖြန့်ခွဲနေကြတဲ့အခါဘယ်လိုလုပ်ထိရောက်တော့မလဲ။ _______ ရန်သူကစစ်ရေးကိုဝန်ပိစေမဲ့အလုပ်တွေလျော့ချထားတယ်။ လက်ရှိမြန်မာတပ်လိုတပ်စုတပ်စိတ်အလိုက်ရိက္ခာထုတ်ပေးပြီး ထမင်း၊ ဟင်းချက်မဲ့အချိန်မကုန်စေဘူး။ အင်အားတစ်ထောင်ဆိုတစ်ထောင်စာ ချက်ပြုတ်ရေးအဖွဲ့ရှိတယ်။ safe ဖြစ်တဲ့နောက်ပိုင်းနေရာမှာစုချက်တယ်။ ပလတ်စတစ်အိတ်ထဲကို ထမင်း၊ ဟင်းအကုန်ရောထည့်ပြီး ဆာလာအိတ်ထဲထည့်ပြီးမှတပ်ရင်းအလိုက် 4 wheel နဲ့လိုက်ပို့တယ်။ အသင့်ဖြည်စားပြီးအိတ်ခွံပစ်လိုက်ရုံပဲ။ (တပ်လို ထင်းရှာ၊ ရေရှာ၊ ချက်ပြုတ်မဲ့အချိန်မလိုလို့ စစ်ရေးကိုအာရုံစိုက်ထားနိုင်တယ်။ ရက္ခာသယ်ဖို့မလိုတဲ့အတွက် လှုပ်ရှားရတာပေါ့ပါးတယ်။ ပစ်အားရှိအောင် ခဲယမ်းကိုပိုသယ်နိုင်တယ်။ တပ်မှာကရိက္ခာထမ်း၊ချက်ပြုတ်စားသောက်ဝန်ပိနေတယ်။ ရိက္ခာသယ်ရလေးပင်လို့ ခဲယမ်းလျော့သယ်ရတယ်။ မြို့တွင်းစစ်နဲ့မြို့ကိုလာထိပါးချိန်မှာထမင်းကို ဘုံချက်တဲ့စနစ်ပြောင်းရမယ်) ရန်သူက supply လုပ်လို့ရအောင်လို့လဲ သူစိုးမိုးထားတဲ့နယ်မြေကိုအကြားအလပ်မရှိအဖွဲ့ငယ်တွေဖြန့်ပြီးထိန်းချုပ်ပြီး LoC ဆောက်ထားတယ်။ တပ်ကဝင်လာရင်အဲ့နေရာမှာရှိတဲ့ တပ်စိတ်ပစ်အားနဲ့ခဏထိန်းပြီးကျန်အဖွဲ့တွေက mobilize ကောင်းကောင်းနဲ့ချက်ချင်းပိတ်ဆို့ပြီးတပ်ကိုပြန်စားတာ။ ဒါတွေလုပ်ဖို့က အဖွဲ့စနစ်၊ ဆင့်ကဲကွပ်ကဲမှု၊ ဆက်သွယ်ရေး၊ လှုပ်ရှားစစ်ကစားလွယ်မှုရှိရတယ်။ အဖွဲ့ငယ်လေးတွေကိုကွပ်ကဲဖို့ အဆင့်ဆင့်ပါဝါပေးထားရတယ်။ တပ်ရင်းမှူးက တပ်စုမှူးနဲ့အချိန်ကုန်ခံပြီးမချိတ်ဘူး။ တပ်ခွဲမှူးကနေပဲချိတ်တယ်။ (တပ်မှာ သာမန်အခြေအနေတုန်းက ဗျူဟာမှူးလောက်က တပ်စိတ်မှူးနဲ့ဖုန်းပြောချင်ပြောနေပြီး အလယ်ကအဆင့်လိုက်ကွပ်ကဲမှုနဲ့ဆက်သွယ်ရေးကိုဖျက်ထားတော့ တကယ်တိုက်ပွဲများလာချိန်မှာမနိုင်မနင်းနဲ့ အဖွဲ့စနစ်ပျက်သွားတာမျိုးတွေအများကြီးပဲ။) ရန်သူကကွပ်ကဲလွယ်ဖို့ဆက်သွယ်ရေးစနစ်ကိုကွန်ရက်ဖွဲ့ဆောက်ထားတယ်။ ၃ ယောက်တစ်ဖွဲ့တိုင်း Icon ပါတယ်။ တချို့တိုက်ပွဲတွေမှာဆိုရင်လူတိုင်း icon ပါတယ်။ (တပ်မှာတပ်စိတ်မှူးတွေဟာ ရန်သူလိုလူငယ်တွေမဟုတ်တဲ့ အကြပ်အဆင့်အသက်ကြီးပိုင်းတွေ။ စိတ်ဓာတ်ရှိပေမဲ့ ဖြတ်ဖြတ်လတ်လတ်မလှုပ်ရှားနိုင်ဘူး။ တပ်စိတ်အဆင့် ဆက်သွယ်ရေးစနစ်ကောင်းကောင်းမရှိဘူး။ မြို့တွင်းစစ်ကိုမကြုံဖူးတဲ့အပြင် လူငယ်လိုထိုးထွင်းမမြင်နိုင်ဘူး။ ဒါကမြို့တွင်းစစ်အတွက်ဆိုရင်ကြီးမားတဲ့ အားနည်းချက်ပါ) ရန်သူက mobilize ကောင်းဖို့ ၃ ယောက်ဆိုဆိုင်ကယ်နှစ်စီး၊ ၇ ယောက်ဆို 4 wheel ၁ စီးဖြန့်ခွဲထားတယ်။ (တပ်မှာအခုထိမြို့တွင်းကိုအလုံပိတ်မိုးကာဖုံးထားတဲ့ faw နဲ့သွားနေတုန်းပဲ။ လမ်းလျှောက်နေတုန်း။ တစ်နေရာတိုက်ပွဲဖြစ်ရင်အခြားစစ်ကူအချိန်မီမလာနိုင်ဘူး။ နှေးကွေးတော့လမ်းမှာစောင့်ပိတ်တာခံရတယ်။ အခုလိုထုထည်ကြီးတဲ့ Assaulter ထက်စာရင် လျင်မြန်တဲ့အပေါ့စားသံချပ်ကာ၊ 4 wheel၊ အင်ဂျင်ပါဝါကောင်းတဲ့ ​ဆိုင်ကယ်တွေသုံးပြီး ဖွဲ့စည်းပုံကိုပြန်ပြင်ယူရမယ်) _______ မြန်မာတပ်ရဲ့သင်တန်းတိုင်းတဖွဖွရွတ်နေတဲ့ စစ်အောင်ရာသောအကြောင်းကြီးများမှာ အင်အားကိုစုစည်းအသုံးပြုခြင်း(စနစ်တကျစုဖွဲ့)၊ လွယ်ကူစွာလှုပ်ရှားသွားလာနိုင်ခြင်း၊ အငိုက်ဖမ်းနိုင်ခြင်း၊ သတင်းစုံစွာရယူခြင်း၊ ပြောင်းလွယ်ပြင်လွယ်ရှိခြင်း၊ အချင်းချင်းပေါင်းစပ်ညှိနှိုင်းမှုကောင်းခြင်း၊ အုပ်ချုပ်ထောက်ပံ့မှုနှင့်ကွပ်ကဲမှုကောင်းခြင်း ဆိုတဲ့အချက်တွေပါနေတာပဲ။ မိမိတိုက်နေတဲ့စစ်ဟာ

  • တပ်ခေါင်းဆောင်တွေပြင်ဆင်ရမဲ့ စစ်နည်းဗျူဟာအားနည်းချက်များ +++++++++++++++++++++ မြန်မာနိုင်ငံမြေပုံတွေရုံးခန်းတိုင်းမှာချိတ်ထားကြတာပဲ။ တစ်နိုင်ငံလုံးကစစ်ရေးမိုးလေဝသကိုမြေပုံပေါ်အမြဲတင်ထားပြီးတော့ ကိုယ့်ရေမြေတောတောင်နဲ့ယှဥ်သုံးသပ်လိုက်ရင် မြေပုံတွေကစကားပြောလာပါလိမ့်မယ်။ ပုန်ကန်သူတွေရဲ့နည်းဗျူဟာကိုထင်ထင်ရှားရှားမြင်နိုင်ပါလိမ့်မယ်။ အထက်အဆင့်ကအဓိကလုပ်ဖို့ကမဟာဗျူဟာချခင်းဖို့ပါ။ တပ်မနဲ့အောက်အဆင့်တွေက မူဝါဒကိုအောင်မြင်ဖို့လွတ်လပ်စွာစစ်ကစားခွင့်ရှိမှရမယ်။ လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတာပြည်ပကလက်နက်ကိုင်တပ်တွေ လူ၊ လက်နက်၊ နည်းပညာအသာနဲ့ ​ဝင်ကျူးကျော်တဲ့စစ်မဟုတ်ပါဘူး။ ရှိလှ freelance ကြေးစားနည်းနည်းလောက်နဲ့ နည်းပညာ/ စစ်နည်းဗျူဟာအကြံပေးတာ၊ လက်နက်၊ ခဲယမ်း၊ ရိက္ခာ ထောက်ပံ့တာ၊ မီဒီယာအားနဲ့ဖိပေးတာ၊ သံတမန်ဖိအားပေးတာ၊ စီးပွားရေးနဲ့အခြားကဏ္ဍအနည်းငယ်ကိုနှောင့်ယှက်တာပဲရှိတာပါ။ ထူးထွေဆန်းပြား မိမိမမြင်ဖူးတဲ့စစ်လက်နက်ကြီးတွေသုံးနေတာမျိုးလဲမဟုတ်သလို၊ မြေလျှိုးမိုးပျံနေကြတာလဲမဟုတ်ပါဘူး။ လက်ရှိမှာခေါက်ရိုးကျိုးနေတဲ့အထက်အောက်ဗျူရိုကရက်ကြိုးနီစနစ်အုပ်ချုပ်မှု၊ အထက်မှအောက်သို့ပါဝါစီးဆင်းမှုပုံစံကိုပြောင်းလဲဖို့လိုနေပြီ။ မပြောင်းလဲလို့အခုလိုခံနေရတာပါ။ _______ လက်ရှိစစ်မှာတပ်ကကြုံနေရတဲအခက်အခဲနှစ်ရပ်ရှိပါတယ်။ ▫ မြို့တွင်းစစ်နည်းဗျူဟာနဲ့ ▫ ခေတ်သစ်စစ်ပွဲနည်းပညာပါ။ မြန်မာနိုင်ငံမှာအရင်တုန်းကတပ်မတော်ရော၊ လက်နက်ကိုင်တွေရော တောတွင်းနဲ့တောင်ပေါ်စစ်နည်းဗျူဟာသာအကျွမ်းတဝင်ရှိခဲ့တယ်။ ဒါပေမဲ့ west and black ကြေးစားနည်းပြတွေဝင်လာပြီးသင်ပေးကြတဲ့အခါလက်နက်ကိုင်တွေကမြို့တွင်းစစ်အတွက်အလေ့အကျင့်ရသွားတယ်။ အရင်စစ်က အုပ်စုအကြီးကြီးနဲ့ အင်အားများစွာနဲ့ စစ်မျက်နှာတစ်ခုတည်းကနေ(သို့) နှစ်ခုကနေ ပစ်ခတ်မှု၊ စစ်ကစားမှုပေါင်းပြီးမြေသိမ်းတဲ့စနစ်။ ဗကပ လဲသုံးတယ်။ လက်နက်ကိုင်တွေလဲသုံးနေဆဲ။ တပ်လဲသုံးတာပဲ။ သူ့စစ်နည်းဗျူဟာမှာစစ်မျက်နှာအလွန်ဆုံးရှိရင်နှစ်ခုပဲ။ ယောင်ပြစစ်ကြောင်းနဲ့၊ အဓိကစစ်ကြောင်း၊ လက်နက်ကြီးပစ်ကူ။ ဒီလိုနည်းနဲ့တိုက်စစ်လုပ်တယ်၊ အခြေအနေမဟန်ရင် ဒီစုဖွဲ့မှုအတိုင်းပဲ လေးလေးဖင့်ဖင့်ခွာစစ်ဆင်တယ်။ အနည်းဆုံးတပ်ခွဲအဆင့်၊ စစ်ကြောင်းအဆင့်ထိပဲ တပ်ကိုဖြန့်ခွဲတယ်။ တပ်စု၊ တပ်စိတ်အဆင့်ထိမဖြန့်ခွဲဘူး။ ဒါကြောင့်တပ်မတော်မှာ တပ်စိတ်အလိုက်ထိရောက်တဲ့တိုက်စွမ်းအားရအောင် မလှုပ်ရှားတတ်ဘူး။ မြို့တွင်းစစ်အတွက်ကျတော့အင်အားအလုံးအရင်းထက်စာရင် တပ်စိတ်အဆင့်တွေကိုဖြန့်ကျဲလာတာ။ အကြမ်းဖျဥ်းပြောရရင် ၇ ယောက်ပါတဲ့အစုလေးတွေ။ လားရှိုးမှာဓာတ်ပုံလိုက်ရိုက်နေတဲ့ MNDAA က အဲ့လိုနှစ်စိတ် ၁၄ ယောက်လောက်နဲ့ဓာတ်ပုံလိုက်ရိုက်တာ။ _____ အဲ့ဒီမြို့တွင်းစစ်နည်းဗျူဟာကိုပြင်းပြင်းထန်ထန်စခံလိုက်ရတာက ၁၀၂၇ မဖြစ်မီ ၂၀၂၃ ခုနှစ်အတွင်း တပ်မ ၅၅ ရဲ့ ကယားပြည်နယ် စစ်ဆင်ရေးမှာ။ စစ်သည်တွေကမြို့တွင်းစစ်နဲ့ အကျွမ်းတဝင်မရှိတဲ့အခါမှာ အစုလိုက်ခံလိုက်ရတယ်။ လနဲ့ချီကြာပြီးမှအသားကျသွားတာ။ ဒုတိယအကြိမ်ခံလိုက်ရတာကလောက်ကိုင်မှာ။ လောက်ကိုင်မကျခင် ဒုတိယဗိုလ်ချုပ်ကြီးဦးစီးတဲ့အဖွဲ့ တရုတ်ဘက်မှာနှစ်ကြိမ်သွားဆွေးနွေးကြတယ်။ ဆွေးနွေးကြတဲ့အခါတိုင်းနှုတ်မိန့်နဲ့နှစ်ကြိမ်အပစ်ရပ်တယ်။ ပထမအကြိမ်အပစ်ရပ်ချိန်မတိုင်မီ MNDAA ဟာ လောက်ကိုင်မြို့တွင်းမဝင်နိုင်သေးဘူး။ မြို့အရှေ့ဘက်မှာတပ်ကထုတ်ကာထားတဲ့အဖွဲ့တွေနဲ့ရင်ဆိုင်ထားတဲ့အခြေအနေရှိနေတယ်။ ပထမအကြိမ်အပစ်ရပ်ခိုင်းတဲ့အချိန်မှာ MNDAA ဘက်ကကျည်မထွက်ပဲမြို့တွင်းဝင်ဖို့လှုပ်ရှားချင်တဲ့အရိပ်အယောင်တွေ့လာတယ်။ လောက်ကိုင်မြို့တွင်းကိုဝင်နိုင်တဲ့လမ်းကြိုလမ်းကြားလမ်းသွယ်တွေအများကြီးရှိပါတယ်။ ဒါကြောင့်မြို့တွင်းလုံခြုံရေးလုပ်နေတဲ့တပ်တွေကိုဒီအတိုင်းတပ်ခွဲအလိုက်စုထိုင်နေကြမဲ့အစား ဧရိယာသတ်မှတ်ပေးပြီးလမ်းကြိုလမ်းကြားတွေပါမကျန် ဘယ်ရီဂိတ်တွေတားဖို့၊ ဖြန့်ခွဲနေရာချဖို့၊ အပစ်ရပ်ကာလမှာလမ်းတစ်လျှောက်လှည့်ကင်းတပ်စိတ်နဲ့လိုက်စစ်ဖို့၊ MNDAA ဝင်လာရင်ပြန်ဆုတ်ပြီးမိမိရောက်တဲ့နေရာပြန်သွားအောင်မောင်းထုတ်ဖို့အကြံပေးခဲ့တယ်။ သို့သော် မြို့တွင်းစစ်နဲ့မယဥ်ပါးသေးတဲ့ တပ်ထိပ်ပိုင်းကအသာနေတဲ့အခါမှာ MNDAA ဟာ တပ်စိတ်အဆင့်ဖြန့်ခွဲပြီးညဘက်မှာ မြို့အတွင်းတပ်ဖျောက်ဝင်လာတယ်။ တပ်တွေရဲ့ပတ်လည်ကစိုးမိုးတဲ့ အထပ်မြင့်တိုက်တွေအားလုံးပေါ်ကို ၃၊ ၄၊ ၇၊ ၁၄ ယောက်အဖွဲ့လေးတွေခွဲတက်သွားပြီးအထိုင်ချလိုက်တယ်။ တပ်ကအဖွဲ့တွေမနက်မိုးလင်းမှ သူတို့နားကဘယ်တိုက်ပေါ်ရောက်နေပါပြီဖြစ်ကြတယ်။ ဝိုင်းပိတ်ခံထားရပြီဖြစ်လို့ဆက်ထားလို့မရဘဲနောက်ပိုင်းကိုတပ်တွေရွေ့ရတယ်။ အဲ့ဒီနည်းနဲ့ကျည်တစ်ချက်မဖောက်ပဲမြို့တစ်ဝက်ကိုဝင်သိမ်းသွားတာ။ (လားရှိုးမြို့ကိုလည်း ဒီနည်းအတိုင်းပဲသိမ်းသွားတာ။) _____