- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 12
- Всего постов
- 30
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 81
- 1/48двое суток
- 92
- 1/72трое суток
- 100
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
စင်ကာပူနိုင်ငံ၏ 61st National Day အခမ်းအနား တက်ရောက်ခြင်း #NaingSweOo [15082026]
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Seoul National University တွင် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၂ ရက်ကကျင်းပသည့် Network of East Asian Think Tanks (NEAT) Annual Conference (2026) နှင့် The 44th Country Coordinators' Meeting (CCM) သို့ တက်ရောက် ဆွေးနွေးခြင်း ဒေါက်တာနိုင်ဆွေဦး #NaingSweOo [14082026]
ဇူလိုင် ၂၀ ရက်က သင်ခန်းစာ သွားရောက် ဆွေးနွေး ပို့ချခြင်း ဒေါက်တာနိုင်ဆွေဦး #NaingSweOo [12082026]
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိ၊ မှော်ဘီ ရကသ (၄) တွင် သင်တန်းဖွင့်ထားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ် လက်ရှိအချိန်အထိ မိမိဆန္ဒအလျောက် လျှောက်လွှာတင်သွင်းပြီး တက်ရောက်ရတဲ့ အမျိုးသမီးစစ်မှုထမ်း တပ်သား၊ တပ်ကြပ်ကြီးစာရေးနဲ့ အရာရှိသင်တန်းများကိုသာ ဖွင့်လှစ်ထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနဲ့ သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိကြောင်း ပြောလိုပါတယ်။ ဒါ့ကြောင့် မှော်ဘီ ရကသ (၄) တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းသင်တန်း ဖွင့်လှစ်ထားသည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က လာရောက်ဂါရဝပြုတွေ့ဆုံ နေပြည်တော်၊ ဩဂုတ် - ၁၀ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေး သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေး PPIB Links Youtube | Tiktok | Telegram | Website | X(Twitter)
без подписи
ရေဘေးသင့်ပြည်သူများ မူလလူမှုဘဝအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေး အစိုးရက တတ်နိုင်သမျှကူညီမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား ဧရာဝတီ၊ ဩဂုတ် ၉ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများ၏ အခက်အခဲများ လျော့ပါးသက်သာစေရေးနှင့် မူလလူမှုဘဝအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေးအတွက် အစိုးရအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား လဟာပကျေးရွာရှိ လဟာပကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံစဉ် - ရေဘေးကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ရေဘေးသင့်ပြည်သူများအား ကိုယ်တိုင်လာရောက်အားပေးလိုသည့်အတွက် ရောက်အောင်လာခဲ့ခြင်းဖြစ်ကြောင်း ရေပြန်လည်ကျဆင်းပြီးနောက် ပြည်သူများအနေဖြင့် မိမိတို့တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြမည်ဆိုပါက မူလအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့်လည်း မူလအခြေအနေအတိုင်း နီးပါးပြန်လည်ရောက်ရှိနိုင်ရေး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရေဘေးကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို ကျောင်းပြန်လည်တက်ရောက်စေရန် အလေးထားဆောင်ရွက်ကြစေလိုကြောင်း ကလေးငယ်များ ကျောင်းပညာသင်ကြားခြင်းမှတစ်ဆင့် ပညာတတ်မြောက်မှုသာမက စည်းကမ်းရှိမှု၊ စိတ်ဓာတ်ကောင်းမွန်မှုနှင့် ကြိုးစားအားထုတ်လိုစိတ်တို့ကိုပါ ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်သည့်အတွက် “ကလေးတွေကို ကျောင်းထားဖို့ အနူးအညွတ်တိုက်တွန်းပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများနှင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်ရေကာတာ တာမိုင်(၂၅/၃) တွင် တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းနှင့် ရေနက်ရေစီးကြောင်း ပိတ်ဆို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး Source: PPIB
ရှင်းလင်း ပြတ်သားသည့် သတင်းစကား “ပြီးခဲ့သည့် (၅) နှစ်တာကာလအတွင်း မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌများ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဆက်ဆက်နှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ လက်ရှိအာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသည့် အစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိသဖြင့် နောင်တွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ရေးနှင့် ၎င်း၏အခန်းကဏ္ဍမှာ ဆက်လက်လိုအပ်ခြင်း ရှိမည်မဟုတ် ဟု မှတ်ယူပါသည်။” (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် ထုတ်ပြန်သော နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်မှ) “For the past five years, Myanmar has extended its cooperation with the successive Special Envoys of the ASEAN Chairs on Myanmar to the full extent possible, and will continue to cooperate with the current Special Envoy of the ASEAN Chair. At present, the government, which emerged from the multiparty democratic elections reflecting the genuine will of the people has assumed State responsibility. Therefore, Myanmar is of the view that the appointment and the continued role of the new Special Envoy of the ASEAN Chair are no longer necessary.” Excerpt from the Ministry of Foreign Affairs Statement on the ASEAN Chair’s Statement (August 8, 2026) #NaingSweOo
ဟောင်ကောင်အခြေစိုက် Phoenix ရုပ်သံတွင် ပါရှိသော နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်နှင့် ပတ်သက်၍ ဖြေကြားချက် မေးမြန်းမှုတွေကို တစ်နာရီခန့်ကြာ ပြည့်စုံစွာ ဖြေကြားခဲ့ပေမယ့် သတင်းဌာနရဲ့ လိုအပ်ချက်အရ အပိုင်းတိုလေးသာ ထုတ်လွှင့်ခဲ့ကြောင်း တွေ့ရပါတယ်။ ဒေါက်တာ နိုင်ဆွေဦး #NaingSweOo [08082026]
без подписи
ဟောင်ကောင်အခြေစိုက် Phoenix သတင်းဌာနက နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်နှင့် ပတ်သက်၍ သုံးသပ်ချက်အား လာရောက်မေးမြန်းခြင်း ဒေါက်တာ နိုင်ဆွေဦး #NaingSweOo [07082026]
မြန်မာ–ထိုင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ မြှင့်တင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဒေသတွင်းစီးပွားရေးကွန်ရက် ချိတ်ဆက်မှုများ ပိုမိုခိုင်မာလာစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ် ၆ ရက်က ဗန်ကောက်မြို့၌ ကျင်းပသည့် မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ တွင် နှစ်နိုင်ငံခေါင်းဆောင်များက ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ ပြောကြားချက်များမှ ကောက်နုတ်ချက်များမှာ- -ထိုင်းနိုင်ငံက ယခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီ (Joint Trade Committee–JTC) အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်။ -နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန် ထိုင်းနိုင်ငံက တွန်းအားပေးသွားမည်။ -၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ် ဇွန်လအထိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇွန်လအထိ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅၈ ဘီလီယံရှိခဲ့သည်။ -ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၌ ပဉ္စမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်-ဒေါ်လာ ၄၆၀၅ ဒသမ ၄၈၄ သန်းတန်ဖိုးရှိ လုပ်ငန်းပေါင်း ၁၀၃ ခု ရင်းနှီးမြှုပ်နှံထားသည်။ -စွမ်းအင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအစာထုတ်လုပ်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ -EV ယာဉ်၊ ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ သံမဏိ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ၊ ရာဘာ-အခြေခံပရိဘောဂနှင့် တာယာထုတ်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။EV နှင့် ဆက်စပ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများအတွက် အကောက်ခွန်နှုန်းထားများ လျှော့ချပေးလျက်ရှိသည်။ -မြဝတီ၊ တာချီလိတ်နှင့် ကော့သောင်း နယ်စပ်ဒေသများတွင် နယ်စပ်စီးပွားရေးဇုန်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် Logistics လုပ်ငန်းများ တိုးချဲ့နိုင်မည့် အခွင့်အလမ်းများရှိသည်။ -အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကို RCEP နှင့် အာဆီယံစီးပွားရေးစင်္ကြံတို့ ချိတ်ဆက်ပေးမည့် အဓိကသော့ချက်အဖြစ် ရှုမြင်ထားသည်။ -နယ်စပ်ကုန်သွယ်မှုတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ တိုက်ရိုက်ပေးချေသည့်စနစ်ကို ၂၀၂၂ ခုနှစ်မှ စတင်အသုံးပြုခဲ့သည်။ -တရားမဝင်ကုန်သွယ်မှု၊ အရည်အသွေးမမီသည့် စားသောက်ကုန်နှင့် ဆေးဝါးများ ဝင်ရောက်မှုကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရန် တိုက်တွန်းခဲ့သည်။ -ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင် ဖန်တီးရေး၊ လုပ်ထုံးလုပ်နည်းလွယ်ကူချောမွေ့ရေးနှင့် မူဝါဒဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်။ -မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ နှင့် ဧက ၁၀,၀၀၀ ခန့်ရှိ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းတွင်လည်း ထိုင်းရင်းနှီးမြှုပ်နှံသူများ ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ -မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ထိုင်းနိုင်ငံ၏ နည်းပညာ၊ အရင်းအနှီးနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံတို့ဖြင့် ပေါင်းစပ်ကာ အပြန်အလှန်အကျိုးရှိသည့် စီးပွားရေးပတ်ဝန်းကျင် တည်ဆောက်ရန် ရည်ရွယ်ထားသည်။