- Последний пост
- 18 янв.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
၂ မိနစ်စာလောက် စာဖတ်ပြချင်ပါတယ် … အနားယူချိန်မှာ နားထောင်ပါဗျာ🤍🍀
без подписи
Good night ပါဗျာ .. စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ 🍀
စိတ်လုံခြုံမှု အစစ်ဟာ ကိုယ့်အတွက်ကိုယ် အပြည့်ဝရှိနေတာ ၊ ရှိနိုင်တာ ၊ ထောက်ပံ့နိုင်တာပဲ ဖြစ်တယ် ။ စားချင်တာ စားဖို့ ၊ ရချင်တာဝယ်ဖို့ ငွေကြေးတတ်နိုင်တာ … နာမကျန်းတစ်ခုခုဖြစ်ရင် ခံစားနေစရာမလိုပဲ ချက်ချင်းကုသဖို့ တတ်နိုင်တာ … ဖုန်းပျက်ရင် ချက်ချင်းပြန်ဝယ်ဖို့ ပိုက်ဆံရှိတာ … ဘယ်သူ့ဆီကမှ အကူညီတောင်းခံစရာမလိုတာ …. ကိုယ်ကျင်လည်ချင်တဲ့ အဝန်းဝိုင်းမှာ ဝင်ဆံ့နိုင်တဲ့ ပညာရည်မျိုးရှိတာ … မလှတဲ့အရာ ပြင်ဖို့ ၊ မလိုချင်တဲ့ အရာတွေ ဖယ်ရှားဖို့ ဂရုစိုက်နိုင် fix လုပ်နိုင်တဲ့ အရည်ချင်းနဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးရှိတာ … စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကြွယ်ဝလုံခြုံမှုတွေကနေ …. ဘယ်သူမှ မခေါ်လည်း ဂရုမစိုက်ပဲ နေတတ်တာ … တစ်ယောက်တည်းလည်း သွားလာ စားသောက် ပျော်ပါးနိုင်တာ … မနာလို ဝန်တိုမရှိပဲ / ဘယ်သူ့ကိုမှ လိုက်ပြိုင်စရာမလိုပဲ ကိုယ့်ဘဝကို ကျေနပ်တာ … မျက်နှာချိုသွေးစရာမလိုပဲ ကိုယ့်စိတ်အတိုင်းနေနိုင်တာ .. ကိုယ့်စိတ်အတက်ကျကို ကိုယ်ပိုင်တာ … ဘယ်သူ့ဆီက နှစ်သိမ့်စကားမှ မလိုအပ်တာ … စတဲ့ စိတ်ပိုင်းဆိုင်ရာ သန်မာပြည့်စုံခြင်းမျိုးထိ ကိုယ့်အတွက်ကိုယ် ပေးနိုင်တဲ့သူဟာ စိတ်လုံခြုံမှု အစစ်ကို ရတဲ့သူပဲ ။ ရချင်တာ စားချင်တာကို ပူဆာတိုင်း ဝယ်ပေးမဲ့သူရှိတာဟာ ကံကောင်းခြင်းလို့ ထင်နိုင်ပေမဲ့ အဲတာဟာ အရင်းနှီးကြီးမားတဲ့ အပေးယူတစ်ခုပဲ ။ ဘာတွေရင်းရသလဲဆို … စိတ် ၊ ကံ ၊ အရည်ချင်း ၊ ခွန်အား နှင့် ဂုဏ်သိက္ခာတွေကို ရင်းရတာ ။ တစ်ပါးသူဆီက အလကားရတဲ့အရာဆိုတာ မရှိပါဘူး ။ မေတ္တာ စေတနာနဲ့ ပေးသည့်တိုင် တူညီတဲ့ အသွားပြန်တွေ တုန့်ပြန်ရပါသေးတယ် ။ အပြောင်းလဲမြန်တဲ့ လူ့စိတ်တွေကြား ကိုယ့်စိတ်ကိုလည်း ကိုယ်မပိုင် ၊ သူ့စိတ်ကိုလည်း ဖမ်းမဆုပ်ထားနိုင်တဲ့အခြေနေတွေဟာ ပိုလို့ နာကျင်ရကောင်းပါတယ် ။ အချိုအချောင် ရနေတဲ့စိတ်ကြောင့်လည်း ဘဝကို အလွယ်မှတ်ပြီး comfort zone မှာ ပိတ်မိသွားတတ် သေးတယ်။ လူဆိုတာ ပြောင်းလဲတဲ့အမျိုးပဲ မဟုတ်လား … ။ တစ်နေ့ ကိုယ်မှီခိုနေတဲ့သူက ပြောင်းလဲသွားရင် မှီထားတဲ့ကိုယ်ဟာ အထိနာရလိမ့်မယ်။ တစ်ပါးသူကို လိုချင်မျက်စိနဲ့ ကြည့်သူဟာ ကိုယ့်အရည်ချင်းကို ကိုယ်တိုင်ကန့်သတ်လိုက်တာပါပဲ ။ ကိုယ်တိုင် ငွေရှာနိုင်သူဟာ ဘယ်သူ့အိတ်ကပ်ထဲကိုမှ လက်မနိုက်တတ်ဘူး မဟုတ်လား ။ စပွန်ဆာကြောင့် ရှေ့ရောက်တယ်ဆိုဟာ ဂုဏ်သိက္ခာမှမရှိပဲလေ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ဘဝရဲ့ လိုအပ်ချက်တွေကို ကိုယ်တိုင်ဖြည့်တင်းနိုင်တယ် ၊ ကိုယ်ခြေထောက်ပေါ် မတ်မတ်ရပ်နိုင်တယ်ဆိုရင် မပြည့်စုံသေးလည်း လိပ်ပြာလုံတဲ့ဘဝပါပဲ ။ ဘာတစ်ခုကိုမှ မှီပြီးရပ်မနေရင် ဘာပြိုလဲစရာမှမရှိပါဘူး။ အမှီခိုနဲ့ parasite လို လူတွေဆီမှာလည်း စစ်မှန်တဲ့ စိတ်လုံခြုံမှုဟာ မကိန်းအောင်းပါဘူး။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမှာလည်း ကိုယ်တိုင်ဟာ အဓိကပါပဲ ။ ချစ်သူဆီက good night နဲ့အိပ်ပြီး good morning နဲ့ နိုးထရတာဟာ ကြည်နူးစရာဆိုပေမဲ့ … အဲဲဒီဘဝမျိုး မရှိလို့မဖြစ်ဘူး မနေတတ်ဘူးဆိုတဲ့သူတွေဟာ သူ့တို့ဘဝမှာ အမြဲ ကွက်လပ်တွေချည်း ခံစားနေကြရမှာပါ ။ စိတ်ရဲ့ အတိကျ လုံခြုံရမှုကို အခြားသူဆီမှာ ရှာဖွေနေရင် ကိုယ့်ကိုကိုယ် trauma born လုပ်တာနဲ့တူတယ် ။ ဘာလို့ဆို အခြားသူရဲ့ စိတ် ၊ ကိုယ့်အပေါ်ထားတဲ့ effort နှင့် အချစ်တွေဟာ အစိုးမှ မရပဲ ။ သိသိရက်နဲ့ သူများဆီက မျှော်လင့်နေရင် နာကျင်မှုဟာ ဘေးထွက်ဆိုးကျိုးအဖြစ် ရောက်လာလိမ့်မယ် ။ စိတ်လုံခြုံမှုဟာ ကိုယ့်အတွက်ကိုယ် အဘက်ဘက်က အပြည့်ဝ ရှိနေမှုသာ ဖြစ်တယ် ။ #TharHtwe #Optimistic machine #ပိုကောင်းတဲ့ဘက်ဆီချဉ်းကပ်ခြင်း စာအုပ်မှ 🍀🤍📚
без подписи
ဘာတိုးတက်မှုမှ လုပ်နေပဲ ထိုင်းညဉ်းနေတဲ့သူတွေ ၊ အခွင့်ရေးကိုသာ စောင့်ပြီး အာထုတ်မှု မရှိသူတွေ ၊ အလုပ်ကို စိတ်ဝင်တစားမလုပ်ပဲ Boss မကောင်းကြောင်း ၊ colleagues မကောင်းကြောင်း ၊ Company မကောင်းကြောင်းတွေသာ ထိုင်ရွတ်နေတတ်သူတွေ … အဲဒီလူတွေဟာ negative vibes အပြည့်နဲ့ လူတွေဖြစ်တယ် ။ သူတို့ဆီကပ်လိုက်တာနဲ့ ကောင်းတာတွေ မကြားရဘူး ။ အတင်းဖျင်းတွေ ၊ သူ့များသိက္ခာနဲ့ စကားဝိုင်းတည်နေကြတာတွေ ချည်းပဲ ။ ဘယ်တောမှ မတိုးတက်တော့မဲ့ လူတွေရဲ့ လက္ခဏာပေါ့ ။ အဲလိုလူတွေဆီက Vibes ဟာ ကူးစက်ဖို့ အလွယ်ဆုံးပဲ ။ ၉ ။ ပြိုင်ပွဲတစ်ခုလို သဘောထားတဲ့သူ အပေါင်းသင်းလိုခင်ပေမဲ့လည်း သာသွားမှာ မနာလို ၊ အောင်မြင်မှုတွေကို ဝမ်းမြောက်ဝမ်းသာပေးခြင်းမရှိပဲ အမြဲ အကန်တွေ လုပ်တဲ့သူမျိူး ။ အဲတာက ဘယ်လိုလဲဆိုရင် တစ်ယောက်က လှလာကြောင်းချီးမွမ်းရင် .. သူက အရင်က အရမ်းရုပ်ဆိုတာ ၊ ခုမှလှလာတာ ဆိုပြီး အကန်ထပြောတာမျိုး ။ တစ်ခုခု အောင်မြင်ကြောင်း ပြောရင် သူခမျာလည်း အောင်မြင်သွားလို့တော်သေးတယ် ။ မဟုတ်ရင် ဘဝပျက်တော့မှာ ဆိုတာမျိုးတွေ ။ တပါးသူရဲ့ Success တွေကို မုဒိတာ မပွါးနိုင်တဲ့ သူတွေအများသားပါပဲ ။ အဲဒီလူတွေဟာ ကိုယ့်ကို ဘယ်တောမှ ကောင်းစားစေချင်သူတွေ မဟုတ်ဘူး ။ အခွင့်သင့်ရင် သင့်သလို ထိုးနှက်သွားကြလိမ့်မယ် ။ *** လူများပြီး ပွဲမစည်ဘူးဆိုတာ ကြားဖူးတယ်မလား ။ အဲလိုပဲ ဘဝထဲမှာ တကယ်ကို အရေးမပါတဲ့ သူတွေရှိတယ် ။ စိတ်ဒုက္ခသက်သက်ပေးတဲ့သူတွေ ၊ မရှိလည်း ဘာမှမဖြစ်တဲ့သူတွေ ၊ သံယောဇဉ်သာဖြတ်ကြည့်လိုက်ရင် ကိုယ့်အတွက် ဘာတန်ဖိုးမှ မရှိတဲ့သူတွေဆိုတာရှိတယ် ။ သူတို့က မိတ်ဆွေ ဖြစ်ရင်ဖြစ်မယ် ၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်နိုင်တယ် ၊ နောက်ဆုံး မိသားစုဝင်တောင် ဖြစ်နိုင်တယ်။ ဒီတော့ ဘယ်လိုလူတွေက နေ့စဉ်ဘဝကို အနှောင့်ယှက်ပေးဖို့ သက်သက်ရှိနေသလဲ သုံးသပ်ကြည့်ပါ ။ အဲဒီနောက် သူတို့နဲ့ပတ်သက်လို့ ရုတ်သိမ်းခြင်းကို ကိုယ်တိုင်လုပ်ပြီး … သန့်စင်ကြည်လင်တဲ့ Life circle ကို ဖန်တီးပါ ။ ဘဝမှာ လူတွေနဲ့ ပတ်သက်ရင် Quantity မလိုဘူး …. Quality သာ လိုအပ်ပါတယ် ။ #TharHtwe #Optimistic machine #ပိုကောင်းတဲ့ဘက်ဆီချဉ်းကပ်ခြင်း စာအုပ်မှ 🍀🤍📚
ပိုကောင်းတဲ့ ဘဝကို ရဖို့အတွက် လုပ် ရမဲ့အရာတွေရဲ့ရှေ့မှာ ရပ် ရမဲ့အရာတွေရှိတယ် ။ အဲလိုပဲ ကိုယ့်ဘဝရဲ့ Circle လေးမှာ ပိုအေးချမ်းလာဖို့ ၊ ကိုယ့်ရဲ့ life table မှာ ပိုကောင်းတဲ့လူတွေ အလည်လာနိုင်ဖို့အတွက် စွန့်ခွါပစ်ပယ်ရမဲ့လူတွေဆိုတာ ရှိတယ် ။ ဘဝမှာ အရာအားလုံးကို သယ်သွားလို့မရဘူး ။ ထားသင့်တဲ့အရာကို ချန်ထားပြီး ဆက်သွားတတ်ရပါတယ်။ ထိုနည်းတူစွာ ဆုံတွေ့သမျှလူတိုင်းကို ဘဝတစ်လျှောက်လုံး ကောင်းကောင်းဆိုးဆိုး သည်းခံပြီး ခေါ်သွားလို့ မရဘူး ။ ပိုကောင်းတာတွေပဲ လုပ်မယ်လို့ ရွေးချယ်တဲ့အခါ … မကောင်းတဲ့သူတွေ ၊ ကိုယ်နဲ့ လမိုင်းမကပ်တဲ့သူတွေဟာ သူတို့ကိုယ်တိုင်ထွက်သွားမလား ၊ ကိုကိုယ်တိုင်ကပဲ စွန့်ခွါမလားဆိုတာတွေ သေချာပေါက် ထည့်စဉ်းစားဖို့ လိုပါတယ် ။ ဆိုတော့ ဘဝထဲကနေ ဖယ်ခွါသင့်တဲ့လူတွေကို စာရင်းလုပ်ထားတယ် … ။ ၁ ။ အငြင်းသန်တဲ့သူ အမှန်တရားကို မလိုချင်ဘူး သူတို့မှန်တာကိုပဲ လိုချင်တဲ့သူတွေ ။ အဲလိုလူတွေဟာ ဘယ်တော့မှ ညှိယူလို့မရဘူး ။ ပြဿနာတိုင်းအတွက် မှန်ကန်တဲ့ solution ဆီ ဘယ်လိုမှ ချဉ်းကပ်မလာနိုင်ဘူး ။ ဘုန်းကြီးသူတစ္ဆေလို သူမှန်တယ်ထင်တဲ့ အစွဲကို ဘယ်လိုမှ ချွတ်မရတဲ့သူပေါ့ ။ နောက်ဆုံး သူတို့မှားတာကြီးက လယ်ပြင်မှာ ဆင်သွားသလို ကွက်ကွက်ကွင်းကွင်းဖြစ်နေတာတောင် အမှားကို ဝန်ခံပြီး မတောင်းပန်ဘူး ။ စကားလမ်းကြောင်းလွှဲပြီး ဘာမှမဖြစ်သလို ဆက်သွားကြတယ် ။ တစ်ဖက်လူရဲ့ ခံစားချက်ကို တစ်ချက်လေးတောင် မငဲ့ကြည့်ပဲပေါ့ ။ ကိုယ်ကပြောပြန်ရင်လည်း မပြီးနိုင် မစီးနိုင် ဆိုတဲ့ စကားမျိုးနဲ့ Gaslight လုပ်တတ်ကြတယ် ။ အဲဒီလူတွေနဲ့ ရှိရတာက Energy drain ဖြစ်စေတယ် ။ ၂ ။ Fragile ego တလွဲမာနနဲ့လူတွေ .. ။ ထောက်ပြလို့မရဘူး ၊ ညှိနှိုင်းလို့မရဘူး ။ ကိုယ်ဘာပြောပြော အကန်တွေလုပ် တတ်တယ် ။ စေတနာတွေကို ဝေဒနာဖြစ်အောင်လုပ်ပြီး တလွဲမာနနဲ့ ဘယ်လိုမှ ကယ်တင်လို့ မရတဲ့သူတွေပေါ့ ။ Fragile ego လူစားတွေဟာ အမှားကိုသိလို့ အမှန်ကို ပြင်တယ်ဆိုတဲ့လူလည်း ဘယ်တောမှ ဖြစ်မလာနိုင်ဘူး ။ မှားတာကို သိပြီး ၊ နောက်မဖြစ်ဖို့ ဆင်ခြင်တောင်းပန်မဲ့အစား ဒီလောက်လေး လုပ်တာကို ၊ မသိလို့မှားမိတာကို ၊ တစ်ခါလောက်လေး စိတ်ယိုင်ပြီး ဖောက်ပြန်မိတာကို စသဖြင့် သူ့အပြစ်ကို လျော့ပေါ့ပြီး closure လုပ်တတ်ကြတယ် ။ အဲလိုလူတွေနဲ့ ပတ်သက်မိတဲ့ ကိစ္စတိုင်းမှာ ပိုကောင်းတဲ့ ရလဒ်ဆိုတာ ရှိမလာနိုင်ဘူး ။ ၃ ။ Push & Pull အနာပေးလိုက် ဆေးပေးလိုက် ၊ တွန်းထုတ်လိုက် ဆွဲခေါ်လိုက်နဲ့ ဂနာမငြိမ်တဲ့သူတွေ … ။ လွယ်လွယ် ပြဿနာတက်နိုင် ၊ စကားလုံးတွေ တနင့်တပိုးနဲ့ နာအောင်လုပ်နိုင်ပြီး ၊ လွယ်လင့်တကူ အဆင်ပြေသွားသလို ပြန်လာရောနိုင်ကြသူတွေပေါ့ ။ လူတိုင်းဟာ သူတို့လို ခပ်ပေါ့ပေါ့ စိတ်ထားနဲ့ နေနိုင်ကြတာမဟုတ်ကြောင်း သူတို့ မသင်ကြားဖူးဘူး ။ အဲလိုလူတွေကြောင့် Self esteem ကျစေတတ်တယ် ။ ၄ ။ No Boundaries Ethics ဆိုတာကို စာလုံးမပေါင်းတတ်သူတွေ ။ စီးကျော်ဘောင်ကျော် ဝင်စွက်ဖက် ၊ ဝေဖန်ပြီးမှ စတာနော် အတည်မယူနဲ့ဆိုတဲ့ လူတွေ ။ ခွင့်ပြုချက်မတောင်းပဲ ပိုင်စိုးပိုင်နင်း အပြုမူတွေနဲ့ လူတွေ ။ အဲဒီ အရာတွေကို သူ့ပြန်လုပ်ရင် ကမ္ဘာမကြေဖြစ်မဲ့ အနေထားနဲ့လူတွေ .. ။ ဘယ်လောက်ခင်ခင် / ချစ်ချစ် Respect ဆိုတာ လိုအပ်တယ် ။ Privacy ဆိုတာ နားလည်ရတယ် ။ အဲလိုလူတွေကို ဘဝထဲ အမြဲထည့်ထားကြည့် … ခဏ ခဏ အရှက်ကွဲရလိမ့်မယ် ။ ၅ ။ Lack of self awareness ဒေါသကို လွယ်လွယ်ထွက်ပြီး ထိလိုက်တာနဲ့ မီးပွင့်မယ်ဆိုသူတွေ ။ ကိုယ့်ရဲ့ current emotion တွေကို ပိုင်ပိုင်နိုင်နိုင် control မလုပ်နိုင်ပဲ နေရာဒေသမရှောင် ၊ လူရှေ့သူရှေ့မရှောင် ကိုယ့်ရဲ့ အရိုင်းဆန်တဲ့အပိုင်းကို စိတ်ရှိသလောက် လှစ်ဟာပြနေတဲ့သူတွေပေါ့ ။ အဲလိုလူတွေဟာ အောင်မြင်တဲ့နေရာဆီ မသွားနိုင် သလို … သေလောက်အောင် ကြိုးစားဦးတော့ လေးစားခံထိုက်သူတွေလည်း ဘယ်တောမှ ဖြစ်မလားကြဘူး ။ ၆ ။ Extremely defensive တစ်ခုခုဆို အနုတ်ဘက်ကတွေးပြီး ၊ အဆိုးမြင်စိတ်နဲ့ ကြည့်နေတဲ့သူတွေ ။ စကားတောင်အမှားမခံတဲ့သူတွေ ။ နောက်ဆုံး ကုန်ကုန်ပြောရရင် တစ်ဖက်လူရဲ့ သာမန် message ကိုတောင် ဒေါသသံပါတဲ့ Tone နဲ့ ဖတ်ပြီး အမြဲရန်လိုနေတတ်သူပေါ့ ။ သူ့ဆီမှာ အမြဲတမ်း အနုတ်ဘက်ရောက်နေတဲ့အတွေး တွေသာရှိတယ် ။ ဒီလူတွေဟာ စိတ်ကို ညစ်ညူးစေပါတယ် ။ ၇ ။ နားမထောင်တတ်သူ ပြောစရာပဲ ရှိပြီး ၊ နားထောင်တတ်တဲ့နား မရှိတဲ့သူပေါ့ ။ စကားဖြတ်ပြောတာတွေ ၊ အခြားသူ ပြောစကားဆို စိတ်မဝင်စားတာတွေ ၊ ဘယ်သူက ဘယ်လောက်ထိ အရေးကြီးတာ ပြောနေနေ … သူ့ topic ဆီပဲ ပိုအရေးကြီးသလို ဆွဲခေါ်တာတွေ … စတဲ့ အပြုမူတွေကို သာမန်ကိစ္စလို သဘောထားသူမျိုးပေါ့ ။ အဲလိုလူတွေနဲ့ ကြာကြာရှိလေလေ … ကိုယ့်ဘဝက ပိုပြီး ငြီးငွေ့စရာကောင်းလေပဲ ။ ၈ ။ Negative energy အပြည့်နဲ့လူ
без подписи
Good morning 🍀
без подписи
နောက်ရက်တွေကျရင် ကျနော်ကိုယ်တိုင် စာဖတ်ပြထားတဲ့ video လေးတွေ လာတင်ပေးပါမယ်ဗျ 🫶
မရင့်ကျက်တဲ့သူတွေက သူတို့ဘဝမှာ အမြဲစိတ်အလိုမကျဖြစ်ရတယ် ။ သူကိုယ်တိုင်တင်မကဘူး .. သူ့ကို ပေါင်းတဲ့ / ချစ်တဲ့ မိတ်ဆွေ သူငယ်ချင်း ၊ ချစ်သူတွေရောပဲ စိတ်ပင်ပန်းရပါတယ် ။ ဘယ်လို မရင့်ကျက်တာလဲ ဆိုရင် … ကိုယ့်စိတ်ကို ကိုယ်တိုင် တာဝန်မယူနိုင်တာ ။ သူဝမ်းနည်းရင် ဘေးကလူတွေက…
မရင့်ကျက်တဲ့သူတွေက သူတို့ဘဝမှာ အမြဲစိတ်အလိုမကျဖြစ်ရတယ် ။ သူကိုယ်တိုင်တင်မကဘူး .. သူ့ကို ပေါင်းတဲ့ / ချစ်တဲ့ မိတ်ဆွေ သူငယ်ချင်း ၊ ချစ်သူတွေရောပဲ စိတ်ပင်ပန်းရပါတယ် ။ ဘယ်လို မရင့်ကျက်တာလဲ ဆိုရင် … ကိုယ့်စိတ်ကို ကိုယ်တိုင် တာဝန်မယူနိုင်တာ ။ သူဝမ်းနည်းရင် ဘေးကလူတွေက ဂရုစိုက်ပေးရမယ် ၊ ကိုယ့်စိတ်အတက်ကျကို သူကမပြောပြပဲ ချစ်သူ/သူငယ်ချင်း တွေက အလိုလိုသိ နားလည်ပြီး စာနာပေးရမယ် ၊ သူ့ခံစားချက်ကို ဦးစားပေးနေရမယ်လို့ ထင်နေကြတာ ။ မမျှော်လင့်နဲ့ … ကိုယ်တိုင်ရော ၊ ဘေးကလူပါ စိတ်ပင်ပန်းရတယ် ။ လူတွေဟာ သူတို့ပြဿနာနဲ့သူတို့ .. ကိုယ့်အရေးကိစ္စတွေတောင် ဖြေရှင်းရင်း တိုင်ပတ်နေကြတာ ၊ ချစ်လို့ ခင်လို့ တစ်ခုတည်းနဲ့ သူများစိတ်ကိုပါ လိုက်နားလည်မပေးနိုင်ဘူး ။ အားပြီး အချိန်တွေပိုနေရင်တော့ တစ်မျိုးပေါ့ … လူအများစုကလည်း သူအလုပ်နဲ့သူ ရှုပ်နေကြတာပဲလေ ။ ကိုယ့်ဘေးက လူတွေဆိုတာ ကိုယ့်ကို အမြဲ နားလည်ပေးဖို့ … ကိုယ့်ကိုပျော်အောင်ထားဖို့ တာဝန်ရှိမနေဘူး ။ သူတို့ဟာ မျှဝေခံစားပေးရုံ ၊ အားပေးကြရုံပဲ တတ်နိုင်မှာ ။ လူဆိုတာ ကိုယ့်စိတ်အတက်ကျကို ကိုယ့်ဘာသာကိုယ် အရည်ချင်းရှိရှိ Control လုပ်ရမှာ ၊ ကိုယ့်ဘာသာ နားလည်ပြီး .. ပျော်အောင်နေရမှာ .. အဲ့ဒီကနေမှ စိတ်အကြည်ဓာတ်ရတာ ။ အဲ့ဒီ့အကြည်ဓာတ်တွေကို ဘေးပတ်ဝန်းကျင်က လူတွေဆီ ဖြန့်ကျက်ပေးရတာ ။ ဒါဟာ အချစ် ၊ ဒါဟာ မေတ္တာပဲ ။ ကိုယ်ဒဏ်ရာမှ နာတတ် ၊ ကိုယ့်ခံစားချက်ကိုမှ စာဖွဲ့နေရင် ချစ်တာ မဟုတ်ဘူး .. အတ္တလို့ခေါ်တယ် ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် အပြည့်ဝ တာဝန်ယူနိုင်ရတယ် ။ မဟုတ်ရင် ကိုယ်ပဲ ဝမ်းနည်းနေရမှာ ။ လူတွေဟာ ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်အလုပ်ကိုယ်လုပ်နေရင်းမှ .. တစ်စုံတစ်ယောက်က ကိုယ့်အပေါ် ထူးထူးခြားခြား ကောင်းပေးတဲ့သူနဲ့ ဆုံရတာဟာ Blessing လို့ခေါ်တယ် ။ အဲ့တာဟာ အခြားသူဆီက မျှော်လင့်ပြီး တောင်းခံနေရတာမဟုတ်ဘူး .. အတိတ်ကံကြောင့်ရတာ ။ အဓိက ကိုကိုယ်တိုင်ပဲ … ။ ကိုယ်ကို ဝမ်းမနည်းစေမှာလဲ ကိုယ်ပဲ … ကိုယ့်ကို အပြည့်ဝချစ်ပေးမှာလဲ ကိုယ်တိုင်ပဲ … စိတ်လုံခြုံမှုပေးမဲ့သူ .. မနာကျင်စေမဲ့သူကလည်း ကိုယ်တိုင်ပဲ ။ ဘယ်သူမှ မရှိလဲ ကိုယ့်အတွက် ကိုယ်ရှိနေတယ် ဆိုတာ သိထားဖို့ လိုမယ် .. ။ #TharHtwe #ကိုယ်တိုင်လွတ်မြောက်ခြင်း 📚🩵
без подписи
ဒါကတော့ ကျနော့်ရဲ့ new year plan ပါ 😅
Happy new year ပါနော် 🫶🍾🎉
Hello 👋 ဒီနေ့ အဆင်ပြေကြရဲ့လား .. ။ နှစ်သစ်ကို ရောက်တော့မယ် ။ ဒီနှစ်ရဲ့ နာကျင်မှုတွေ ၊ သောကတွေ ၊ toxic တွေအားလုံး … နှစ်မကုန်ခင် စစ်ထုတ်ယူနိုင်ဖို့ ကြိုးစားပါ ။ စိတ်သစ် လူသစ်နဲ့ နှစ်သစ်ကို ကူးပြောင်းကြပါနော် .. ။ ၂၀၂၆ က ကိုယ့်ရဲ့ ရွှေနှစ်ဖြစ်ကြပါစေ 🍀🤍
@hlainghlaing37 틴자르 @Phyoe_4
ပထမဆုံး ပေါ်လာတဲ့ သုံးဦးက စာအုပ်လက်ဆောင် လာယူပါဗျာ ။ တစ်ယောက် ၂ အုပ်စီပါ ။ ၂ ရက်အတွင်း သူတို့မဆက်သွယ်လာရင် အခြားသူ ထပ်ရွေးပါ့မယ် ။ လက်ဆောင်ကိုက လတိုင်းလည်း ပေးမှာမို့ .. ခုမရလည်း နောက်ကျရမှာပဲလို့ မှတ်ထားပေးနော် 🫶❤️
Hi 👋 ကျနော် channel လေးကို ပစ်ထားမိတာကြာပါပြီ ။ ခုချိန်ကစပြီး သေချာလေး run ပါ့မယ်ဗျာ ။ ကျနော့်ကို မေးချင်တာ သိချင်တာတွေ မေးလို့ ပြောလို့ ရင်ဖွင့်လို့ရပါတယ် ။ ရေးစေချင်တာတွေလည်း ပြောလို့ ရပါတယ် ။ နှစ်သစ်မှာ နွေးနွေးထွေးထွေး ခင်မင်ကြရအောင်ပါ ။ အမြဲ စာလာတင် ၊ စာလာပို့ပြီး ဒီmember နည်းနည်းလေးကို ဂရုစိုက်ပါမယ် ။ GA ကလည်း ဘယ်သူမှ မမှန်ကြပါဘူး ။ အဖြေမှန်က - သက်တံ့တို့ဖြင့်ရက်ဖွဲ့ ချစ်သူ၏ ခြုံလွှာ ခေါင်းမော့လိုက်တော့မင်း ခေါင်းငုံ့လိုက်တော့သူ မအိမ်ကံ တို့ဖြစ်ကြပါတယ်ဗျ ။ ဘယ်လိုပဲ ဖြစ်ဖြစ် စာအုပ်ကံထူးရှင်အနေနဲ့ random people သုံးဦးကို ရွေးလိုက်ပါ့မယ် ။