tgindex
မဟာစာပေ

မဟာစာပေ

Статистика

မဟာစာပေရဲ့ Telegram Channel ပါ။ စာဖတ်သူတို့နဲ့ တွေ့ဆုံနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖွင့်ထားတာပါ

Последний пост
15 июл. 2025 г.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
27
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
265
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
318
27 постов
Вовлечённость
120,0%
к подписчикам
Постов в день
0,0
всего 27
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • ခဏခဏ ကုန်လို့ မကြာမကြာ ပြန်ပြန်ရိုက်ရတဲ့ ဆရာအောင်သင်းရဲ့ အမွေ စာအုပ် အခုလည်း ကုန်သွားလို့ ထပ် ရိုက်ရပါအုံးမယ် ဒီစာအုပ်ကို ဖတ်ဖူးတဲ့သူတွေအနေနဲ့ စာအုပ်အပေါ် မိမိရဲ့ ထင်မြင်ယူဆချက်လေးတွေ ပြောပြပေးခဲ့ကြပါလားဗျ အားလုံးကို ကျေးဇူးတင်ပါတယ် မဟာစာပေ

  • The Four စာအုပ်မှာ မူရင်းစာရေးသူ Scott Galloway ဟာ အစိုးရကိုယ်တိုင်က ဥပဒေတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးရတဲ့အထိ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ ကုမ္ပဏီကြီးလေးခုရဲ့ ကမ္ဘာပေါ် မသိမသာ အင်အားချဲ့ထွင်ပုံတွေ၊ ကိုယ်ရေးအချက်အလက်တွေ ရောင်းစားခံရမှာကို သိသိကြီးနဲ့ ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးမှုအောက်က မလွန်ဆန်နိုင်ပုံတွေကို အားမနာတမ်း ချပြထားတယ်။ အဲဒီနည်းပညာဘီလူးကြီးလေးခုဟာ ပျော်ရွှင်မှု၊ လူတစ်ဦးနဲ့တစ်ဦးကြား ဆက်သွယ်မှု၊ ကြွယ်ဝမှုနှင့် ရှာဖွေတွေ့ရှိမှုတွေအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ဖြစ်စေခဲ့တာ အမှန်ပါပဲ။ ပြီးတော့ လစာငွေမြင့်မားတဲ့ အလုပ်အကိုင်ပေါင်းများစွာ၊ အိမ်မှာနေရင်း လုပ်ကိုင်နိုင်တဲ့ Online Shop တွေများစွာကိုလည်း ဖန်တီးပေးခဲ့တယ်။ ဒီလိုဆိုတော့ The Four ဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေခဲ့တာကို ငြင်းမရပါဘူး။ ဒါပေမဲ့ Scott Gallowayကတော့ ဖြစ်လာနိုင်ချေရှိတဲ့ အဆိုးတွေကိုလည်း The Four မှာ စစ်ထုတ် ရေးသားထားပြန်တယ်။ စာအုပ်ရဲ့ အစပိုင်းမှာ လုပ်ငန်းတစ်မျိုးခြင်းစီရဲ့ နည်းဗျူဟာတွေကို ပွင့်ပွင့်လင်းလင်း တင်ပြတယ်။ ဒီကုမ္ပဏီကြီးလေးခုဆီက လေ့လာသင်ယူနိုင်မယ့် အကြောင်းအရာတွေကိုလည်း ထောက်ပြထားသေးတယ်။ The Four ကိုဖတ်ကြည့်ရင်း သူတို့ဟာ လူသားတို့ရဲ့ စိတ်ထဲကို ဘယ်လို ထိုးထွင်းဝင်ရောက်ပြီး လွှမ်းမိုးချုပ်ကိုင်နေကြသလဲ ဆိုတာကိုလည်း သိမြင်လာလိမ့်မယ်။ မိတ်ဆွေအနေနဲ့ နည်းပညာဟာ နောင်တစ်ချိန်မှာ လူသားတွေအပေါ် ဘယ်လောက်ထိ အကျိုးပြုဦးမလဲ၊ ဒါမှမဟုတ် လူသားတွေအပေါ် ဘယ်လို ချုပ်ကိုင်အသုံးချလာမလဲဆိုတာကို စိတ်ဝင်စားသူတစ်ဦး ဆိုရင်တော့ ကိုနေ (Y.I.E) ဘာသာပြန်တဲ့ ‘အောင်မြင်သူတို့ရဲ့ ခရီးလမ်း’ဟာ အချိန်ပေးရတာနဲ့ ထိုက်တန်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါလိမ့်မယ်။ #Mahar Sarpay #ကိုနေ(Y.I.E) #အောင်မြင်သူတို့ခရီးလမ်း . . မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက် (၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner (၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း (၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library) တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

  • 📖 အောင်မြင်သူတို့ခရီးလမ်း 🖊 ကိုနေ (Y.I.E) (မြန်မာပြန်) 📖 The Four 🖊 SCOTT GALLOWAY 🗒 စာမျက်နှာ - ၁၈၄ 💸 တန်ဖိုး ၉၅၀၀ ကျပ် . 🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် - 09450623383 ၊ 09450623384 . 📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌 Scott Galloway ရဲ့ The Four စာအုပ်ကို ကိုနေ (Y.I.E) က ‘အောင်မြင်သူတို့ရဲ့ ခရီးလမ်း’ အမည်နဲ့ ဘာသာပြန်ထားတဲ့စာအုပ်မှာ ကမ္ဘာကျော်ကုမ္ပဏီကြီးလေးခုဖြစ်တဲ့ အက်ပဲလ်၊ အမေဇွန်၊ ဖေ့စ်ဘွတ်၊ ဂူးဂဲလ် တို့ရဲ့ သရုပ်မှန်ကို အကောင်း၊ အဆိုး မျှတစွာ ဘက်မလိုက်ဘဲ ဖော်ပြထားတယ်လို့ ဘာသာပြန်သူက ဆိုပါတယ်။ စာရေးသူ Scott Galloway ဟာသူ့ရဲ့ ထိုးထွင်းဉာဏ်ရှိတဲ့ သုံးသပ်ချက်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်တဲ့ စတိုင်ကြောင့် လူသိများသူပါ။

  • ဇာတ်လမ်းအစမှာ ညီအစ်ကိုနှစ်‌ယောက် မျောက်ရုပ်အဟောင်းကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ ရက်စက်တဲ့ လူသေဆုံးမှုတွေဆက်တိုက်ဖြစ်လာပြီး သူတို့မိသားစုလည်း ပြိုကွဲသွားခဲ့ရတာဟာ တိုက်ဆိုင်တဲ့ အကြောင်းအရာသက်သက်လား။ နောက်ထပ် နှစ်ဆယ့်ငါးနှစ်အကြာမှာ ပြန်ပေါ်လာတဲ့ အဲဒီမျောက်ကြောင့် “ဒီတစ်ခါ ဘယ်သူ့အလှည့်လဲ“ ဆိုတာ ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရပါလိမ့်မယ်။ ငှက်ရဲ့ မူရင်း The Birds ကိုတော့ Daphne Du Maurier က ရေးသားခဲ့ပါတယ်။ ဆရာမကြီးရဲ့ လက်ရာတွေကို ဘာသာပြန်ဆရာများက ပြန်ခဲ့ဖူးလို့ မြန်မာစာဖတ်ပရိသတ်နဲ့ မစိမ်းတဲ့သူ ဖြစ်ပါတယ်။ ဆရာလင်းခန့်က ငှက် အမည်နဲ့ ဘာသာပြန်ထားတဲ့ The Birds ဟာ du Maurier ရဲ့ သည်းထိတ်ရင်ဖို ဝတ္ထုလတ်ဖြစ်ပြီး ဒီဇာတ်လမ်းကို နာမည်ကျော်ဒါရိုက်တာ အဲဖရက်ဟစ်ကော့က ရုပ်ရှင်ပြန်ရိုက်ခဲ့ရာမှာလည်း အောင်မြင်ခဲ့ပါတယ်။ သဘာဝတရားဟာ ငြိမ်းငြိမ်းချမ်းချမ်း လှလှပပ တည်ရှိနေရာကနေ ရုတ်တရက် ကြောက်မက်ဖွယ်ရန်သူအဖြစ် ပြောင်းလဲသွားတတ်ပုံကို လယ်သမားတစ်ဦးနဲ့ သူ့မိသားစုတွေ ငှက်အုပ်များဆီက တိုက်ခိုက်မှုကို ခံရပုံနဲ့ တင်ပြထားတယ်။ ငှက်တွေရဲ့အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ၊ ငှက်တွေဆီက ဘယ်လိုလွတ်မြောက်မလဲ ဆိုတာကို အသည်းတယားယား ဖတ်ရလိမ့်မှာဖြစ်ပြီး လူသားတွေရဲ့ နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်နေပါစေ၊ မမျှော်လင့်ဘဲ ခြိမ်းခြောက်လာတတ်တဲ့ သဘာဝရဲ့ အင်အားကြီးမားမှုကို ရင်ဆိုင်ဖို့မှာတော့ အားနည်းကြောက်ရွံ့နေရကြောင်းကို ဒီဝတ္ထုမှာ ရှုမြင်မိစေမှာ ဖြစ်ပါတယ်။ #Mahar Sarpay #လင်းခန့် #မျောက်ငှက် . . မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက် (၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner (၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း (၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library) တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

  • 📖 မျောက်ငှက် 🖊 လင်းခန့် (မြန်မာပြန်) 📖 The Monkey & The Birds 🖊 Stephen King & Daphne Du Maurier 🗒 စာမျက်နှာ - ၁၃၅ 💸 တန်ဖိုး ၇၀၀၀ ကျပ် . 🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် - 09450623383 ၊ 09450623384 . 📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌 မျောက် ငှက်’ဟာ ကမ္ဘာကျော် စာရေးသူနှစ်ဦးရဲ့ ဇာတ်လမ်းနှစ်ပုဒ်ကို တစ်အုပ်ထဲပေါင်းပြီး ဆရာလင်းခန့်က ဘာသာပြန်ထားတဲ့ စာအုပ်ပါ။ သည်းထိတ်ရင်ဖို ဇာတ်ကြောင်းကိုမှ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစား ဖတ်ချင်သူတွေအတွက် ‘မျောက် ငှက်’ဟာ လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းတအုပ်လို့ ဆိုနိုင်ပါတယ်။ မျောက်ရဲ့ မူလဇာတ်လမ်းရေးသူ Stephen King ကို စာဖတ်ပရိသတ်တို့နဲ့ အထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ Thriller & Mystery ဇာတ်လမ်းရေးသူများအနက် ကမ္ဘာကျော်ထိပ်သီးတစ်ဦးဖြစ်ပြီး ပရိသတ်များက သည်းထိတ်ရင်ဖိုဘုရင်လို့တောင် သတ်မှတ်ကြပါတယ်။ The Monkey ဟာ‌ ဆန်ခါတင်စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့လည်း လူကြိုက်များ ကျော်ကြားခဲ့တာပါ။

  • 🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် - 09450623383 ၊ 09450623384 . 📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌 Note 43 ဆိုတဲ့ စာအုပ်ကလေးဟာ စိတ်ခံစားချက်ကို ဖောက်ထုတ်လိုစိတ်နဲ့ ရေးသားထားပါတယ်လို့ စာရေးဆရာမငွေတီဦးက ဖွင့်ဆိုထားပါတယ်။ ဆရာမက စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေကို မှတ်သားထားချင်စိတ်နဲ့ ဒီစာအုပ်ပါ အကြောင်းအရာတွေကို စုစည်းထားခြင်းလည်း ဖြစ်နိုင်ပါတယ်။ Note 43 ထဲမှာဆိုရင် ဆရာမငွေတီဦးဟာ ဖျတ်ခနဲ မြင်တွေ့လိုက်ရတဲ့ အရာ‌တွေကိုတွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်လေးတွေနဲ့ ချိန်ထိုးနှိုင်းယှဉ်ပြသွားတာကို ဖတ်ရှုရပါလိမ့်မယ်။ ဒီစာအုပ်လေးဟာ ဘာနဲ့တူသလဲဆိုရင် အသိမိတ်ဆွေတစ်ယောက်က သူ့အတွေ့အကြုံ၊ သူဖြတ်သန်းလာရတဲ့ဘဝ၊ သူ့ခံယူချက်တွေကို စာဖတ်သူကို ရင်ဖွင့်ပြောဆိုနေသလိုပါပဲ။ စကားပြောဖော်တစ်ယောက် ဘေးနားရောက်နေသလိုမျိုးပေါ့။ အချိန်နဲ့အမျှ လူသားတို့ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝတွေဟာ ထူးဆန်းအံ့သြဖွယ်ရာတွေ၊ နာကျင်ခက်ခဲမှုတွေ ပြည့်နှက်နေတတ်တာပဲမဟုတ်လား။ ဒါ‌ပေမဲ့ တခါတလေမှာလည်း မြန်မြန်ပဲ ပျောက်ကွယ်သွားတတ်ပြီး လူတွေရဲ့ မှတ်ဉာဏ်ထဲမှာ အမှတ်ရစရာအနေနဲ့သာ ကျန်ရစ်ခဲ့ပါတယ်။ ဆရာမငွေတီဦးကတော့ သူ့ဘဝရဲ့ စိတ်ဝင်စားဖွယ် တစ်စိတ်တစ်ပိုင်းကို စုစည်းထားလိုက်ပြီး မှတ်စုစာအုပ်လေးတစ်အုပ်အဖြစ် အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီစာအုပ်လေးဟာ အဖိုးတန်သော မိတ်ဆွေကောင်းတစ်ဦးလိုမျိုး ကိုယ့်ဘေးနားမှာရှိနေနိုင်ပါတယ်။ Note 43 ကို ပိုပြီးထူးခြားစေတာက ဆရာမရဲ့ ၄၃ နှစ်ပြည့် မွေးနေ့နဲ့လည်း တိုက်ဆိုင်နေတာပါ။ ဒါကြောင့် ငလျင်ဘေးအတွက် အများနည်းတူ ကြေကွဲထိခိုက်‌နေတဲ့ ဆရာမဟာ ဒီစာအုပ်လေးကရလာတဲ့ အကျိုးအမြတ်တွေကို လိုအပ်တဲ့နေရာတွေဆီသာ စီးဆင်းစေမှာဖြစ်ပါတယ်။ Note 43 ဟာ ဖတ်ရှုသူအပေါင်းကို အတွေးအမြင်သစ်များ၊ ဗဟုသုတများနဲ့ ရယ်မောပျော်ရွှင်ဖွယ် စိတ်ခံစားချက်အစုံ ပေးစွမ်းနိုင်ပါလိမ့်မယ်။ လူတစ်ယောက်က တခြားလူတစ်ယောက်ကို သူ့ဘဝရဲ့ခံယူချက်၊ ခံစားချက်တွေပေါ်မူတည်ပြီး အမှားတွေကိုလည်း ထောက်ပြပေးထားတာမို့ လမ်းမှန်ကိုပြပေးတဲ့ မီးအိမ်လေးတစ်လုံးနဲ့လည်းတူပါတယ်။ ဒါကြောင့် Note 43 ကို အနီးအနားမှာထားပြီး ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ #Mahar Sarpay #ငွေတီဦး #မှတ်စု ၄၃ . . မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက် (၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner (၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း (၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library) တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

  • #စာအုပ်ဝယ်ရင်းကူ ငလျင်အလှူ ဆရာမငွေတီဦးရဲ့ မှတ်စု-၄၃ ဆိုတဲ့ စာအုပ်လေးရဲ့ ရောင်းရငွေအားလုံးကို ပြန်လည် လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်ခင်ဗျာ။ ပုံနှိပ်ကုန်ကျစရိတ်နဲ့တကွ စိုက်ထုတ်ထားတဲ့ အဆိုပါစာအုပ်လေးရဲ့ ရင်းနှီးမတည်ငွေကိုပါ ထည့်ဝင်လှူဒါန်းသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ စာအုပ်ရဲ့ ဈေးနှုန်းက ၁၂၀၀၀ ကျပ်ပါ။ Pre Order Pre Paid စနစ်နဲ့ ဝယ်ယူအားပေး လှူဒါန်းမယ့် စာဖတ်သူတို့အတွက် မိမိ၏အမည်နှင့်အတူ ဆရာမငွေတီဦး၏ အမှတ်တရ လက်မှတ် ရရှိမှာပါ။ ဆရာမငွေတီဦးရဲ့ စာဖတ်သူအမျိုးတို့လည်း ဆရာမရဲ့ မွေးနေ့အမှတ်တရအနေနဲ့ ထုတ်ဝေပြီး အကျိုးအမြတ်အားလုံးကို ပြန်လည်လှူဒါန်းပေးမယ့် စာအုပ် ရောင်းချခြင်း အစီစဉ်လေးမှာ ပူးပေါင်းပါဝင်ပေးကြမယ်လို့လည်း ဆရာမအနေနဲ့ မျှော်လင့်ထားပါတယ်ခင်ဗျာ။ စာအုပ် ဖြန့်ချိမယ့်နေ့ကိုတော့ ၁၅-၅-၂၀၂၅ ရက်နေ့ သတ်မှတ်ထားပါတယ်။ အဲ့ဒီနေ့မှစပြီး Pre Order Pre Paid နဲ့ ဝယ်ထားတဲ့ စာဖတ်သူတွေကို စာအုပ် စတင်ပို့ဆောင်ပေးမှာပါ။ စာအုပ်ပို့ပေးချိန်မှာတော့ မြို့နယ်အလိုက် ပို့ခတော့ ရှိပါမယ်။ 📖 မှတ်စု ၄၃ 🖊 ငွေတီဦး 🗒 စာမျက်နှာ - ၁၅၂ 💸 တန်ဖိုး ၁၂၀၀၀ ကျပ် .

  • ဒီစာအုပ်ထဲမှာ အိမ်ခြံမြေပိုင်ရှင်များအတွက် မြေသန့်နည်း၊ အမှောင့်ပယောဂ အစွဲရှင်းနည်း၊ အတိုက်အခိုက် ပြေပျောက်စေနည်း၊ အရောင်းအဝယ် အမြန်ဖြစ်နည်း၊ အိမ်ဆောက်ဖို့အတွက် ရက်ကောင်းရက်မြတ် ရွေးချယ်နည်း‌တွေလို တန်ဖိုးရှိတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။ လောကီပညာရပ်ဆိုတာဟာ သာမန်လူတွေ မမြင်နိုင်တဲ့အရာပါ။ ဒါကြောင့်မို့ ဒီပညာရပ်တွေကို ရေးသားထုတ်ဝေထားတဲ့ ဒီစာအုပ်လေးကို အသုံးပြုပြီး မိမိနေထိုင်ရာ အရပ်ဒေသကို သန့်ရှင်းစင်ကြယ်လိုက်ပါ။ ထိထိရောက်ရောက် ကာကွယ်ပါ။ ဒီစာအုပ်ထဲမှာ အကျိုးစီးပွားဖြစ်ထွန်း‌စေတဲ့ ယတြာ‌တွေ၊ ဂါထာအစွမ်းတွေကိုလည်း တွေ့မြင်ဖတ်ရှုရပါလိမ့်မယ်။ ဆရာဇင်ယော်နီက ခုနှစ်ရက်သားသမီးများအတွက် အိမ်ခြံမြေနဲ့ပတ်သတ်ပြီး ဆောင်ရရှောင်ရမှာတွေ၊ အတိုက်အခိုက်အဖျက်ရန်က ကာကွယ်ရမဲ့အရာတွေကို စေတနာပါပါ ဖော်ပြထားတာမို့ တန်ဖိုးရှိတဲ့ လက်စွဲတော်စာအုပ်ဖြစ်လာပါမယ်။ ရွှေအိမ်တော်အဖွင့်ကျမ်းဟာ တအုပ်ဆောင်ထားရုံဖြင့် တဘဝလုံးအတွက် အကြံဉာဏ်ကောင်းပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် မိမိဘဝတစ်လျှောက်လုံး မင်္ဂလာနိမိတ်၊ မင်္ဂလာအခါတွေနဲ့ ပြည့်ဝစေဖို့အတွက် ရွှေအိမ်တော်အဖွင့်ကျမ်းကို ဆောင်ထားလိုက်ပါ။ #Mahar Sarpay #ဇင်ယော်နီ #ရွှေအိမ်တော်အဖွင့်ကျမ်း . . မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက် (၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner (၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း (၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library) တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

  • 📖 ရွှေအိမ်တော်အဖွင့်ကျမ်း 🖊 ဇင်ယော်နီ 🗒 စာမျက်နှာ - ၁၂၈ 💸 တန်ဖိုး ၇၅၀၀ ကျပ် . 🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် - 09450623383 ၊ 09450623384 . 📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌 ဆရာဇင်ယော်နီရဲ့ ရွှေအိမ်တော်အဖွင့်ကျမ်း စာအုပ်လေးကို အိမ်ခြံမြေဝယ်ယူမဲ့သူတွေ၊ အိမ်ခြံမြေပွဲစားတွေနဲ့ မိမိနေအိမ်ကို အကျိုးဖြစ်ထွန်းစေလိုသူတွေ လုံးဝဆောင်ထားသင့်ပါတယ်။ မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်၊ နေအိမ်‌တွေမှာ အဖျက်ပယောဂ၊ အတိုက်အခိုက်တွေ ရှိမရှိ သံသယဖြစ်နေရင်လည်း ရွှေအိမ်တော်အဖွင့်ကျမ်းကိုသာ ရဲရဲကြီးအားကိုးလိုက်ပါ။ ဗေဒင်၊ ယတြာဆိုတာကို ယုံကြည်ခြင်း၊ မယုံကြည်ခြင်း အသာထားလို့ ဒီစာအုပ်လေးကို ကိုယ့်မိတ်ဆွေအပေါင်းအသင်း၊ တိုင်ပင်ဖော်တိုင်ပင်ဖက် တစ်‌ယောက်လို ဘေးနားမှာ ထားထားလိုက်ပါ။ အချိန်တစ်ခု ကြာသွားတဲ့အခါ ကိုယ့်အတွက် ဘယ်လောက်အကျိုးရှိသလဲဆိုတာ လက်တွေ့သိလာပါလိမ့်မယ်။

  • ကမ္ဘာကြီးကို အုပ်စိုးနေတာ ဘောဂဗေဒပညာရှင်တွေနဲ့ နိုင်ငံရေးဒဿနပညာရှင်တွေရဲ့ အိုင်ဒီယာတွေလို့ ဒီစာအုပ်ရဲ့ အစမှာပဲ ဖတ်ရမယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ သူတို့ရဲ့ အိုင်ဒီယာတွေဟာ လူတွေနားလည်ထားတာထက် အများကြီးပိုပြီး သက်ရောက်မှုရှိနေလို့ပါတဲ့။ ဒါဆို Barry Schwartz ရဲ့ Why We Work ကို ဆရာထင်ဇော်မှူးသင်က ကောင်းမွန်သောလုပ်ငန်းခွင် အမည်နဲ့ ဘာသာပြန်ဆိုထားတဲ့ ဒီစာအုပ်မှာ လူတွေဘာကြောင့် အလုပ်လုပ်ကြတယ်၊ အလုပ်လုပ်ဖို့ ဘယ်လိုအရာတွေက သူတို့ကို လှုံ့ဆော်ပေးတယ်၊ လွှမ်းမိုးခံထားရတဲ့ အိုင်ဒီယာတွေရဲ့ အပြင်ဘက်ကို ထွက်ဖို့ ဘယ်လိုစတင်ရမယ် ဆိုတဲ့အရာတွေကို စနစ်တကျ လေ့လာဆန်းစစ်ထားတာ ဖတ်ရှုရပါမယ်။ လူတွေ အလုပ်လုပ်ကြတယ် ဆိုတာ ငွေရဖို့ အဓိကလို့ ဆိုရင် သိပ်တော့ မလွဲပါဘူး။ ဒါပေမဲ့ ငွေရတဲ့ လုပ်ငန်းခွင်တိုင်းက စိတ်ကျေနပ်စရာ ကောင်းပါရဲ့လား? ဒါဆို စိတ်ကျေနပ်စရာ ငွေကြောင့် မဟုတ်တဲ့ တခြားအကြောင်းရင်းတွေကို လိုက်လံဖွေရှာရင် မနည်းမနောပဲ ဆိုတာ သိနိုင်ပါမယ်။ ဒီအကြောင်းက စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ စိတ်ကျေနပ်မှုရတဲ့ ဝန်ထမ်းဆိုတာ - (၁) အလုပ်ထဲမှာ စိတ်ဝင်စားမှု ရှိကြတယ်။ (၂) အလုပ်လုပ်ရတာ ပျော်စရာကောင်းတယ်။ (၃) အလုပ်ထဲမှာ ကြီးစိုးခွင့်ရတယ်။ (၄) လုပ်ပိုင်ခွင့်ကို အသုံးချပြီး အခြားပိုင်ဆိုင်ခွင့်တွေ ဖန်တီးနိုင်တယ်။ (၅) အလုပ်ဟာ အဓိပ္ပာယ်ပြည့်ဝတယ်လို့ ခံယူပြီး ကမ္ဘာကြီးအတွက် ကောင်းတဲ့ အပြောင်းအလဲ ဖြစ်စေမယ်လို့တောင် ယုံကြည်တယ်။ ဟုတ်ပြီ ... ဒါဆို မေးစရာ ရှိလာပါပြီ။ အဲ့ဒီလက္ခဏာတွေ အကုန်လုံးရှိတဲ့ အလုပ်အကိုင်မျိုးက ဘယ်မှာလဲ? ယနေ့ကမ္ဘာမှာ လူအများစုအတွက် အလုပ်ဆိုတာ ပျင်းစရာကောင်းနေကြပါတယ်။ အရင်းရှင်စနစ် ထွန်းကားလာတဲ့အခါ အလုပ်ကနေရနိုင်တဲ့ (ရုပ်ဝတ္ထုပစ္စည်း မဟုတ်တဲ့) အခြားသော စိတ်ကျေနပ်စရာတွေဟာ နည်းပါးလာပါတယ်။ ပျောက်ကွယ်သွားတာတွေတောင် ရှိပါတယ်။ အခြေခံ လစာဝန်ထမ်းအများစုဟာ လခအတွက်ကိုပဲ ဦးစားပေးပြီး အလုပ်လုပ်နေကြတယ်။ သူတို့တွေဟာ အဓိပ္ပာယ်ပြည့်ဝတဲ့အလုပ်မျိုး၊ စိန်ခေါ်မှုရှိတဲ့အလုပ်မျိုး၊ ကိုယ့်လက်ကိုယ်ခြေ လုပ်ခွင့်ရတဲ့အလုပ်မျိုးတွေ ရှာဖွေခဲ့ကြမှာပါ။ ဒါပေမဲ့ သူတို့ကို လစာအတွက် အလုပ်လုပ်ရမဲ့ လုပ်ငန်းခွင်က အနိုင်ယူသွားပါတယ်။ မိတ်ဆွေအနေနဲ့ကော လက်ရှိလုပ်နေတဲ့အလုပ်က ကိုယ်နဲ့ အဆင်ပြေရဲ့လား (သို့) စိတ်ကျေနပ်ပျော်ရွှင်ရဲ့လား ... အလုပ်က မှန်းချက်နဲ့ နှမ်းထွက် ကိုက်မနေဘူးလို့ ယူဆရင် ဒီစာအုပ်ဟာ အဲ့မေးခွန်းအတွက် အဖြေဖြစ်လာပါလိမ့်မယ်။ #Mahar Sarpay #ထင်ဇော်မှူးသင် #ကောင်းမွန်သောလုပ်ငန်းခွင် . . မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက် (၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner (၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း (၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library) တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။+

  • 📖 ကောင်းမွန်သော လုပ်ငန်းခွင် 🖊 ထင်ဇော်မှူးသင် (မြန်မာပြန်) 📖 Why We Work 🖊 Barry Schwartz 🗒 စာမျက်နှာ - ၁၂၄ 💸 တန်ဖိုး ၆၅၀၀ ကျပ် . 🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် - 09450623383 ၊ 09450623384 . 📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌 အလုပ်လုပ်နေရင်းနဲ့ အလုပ်ရဲ့ သဘောသဘာဝက ဘာလဲ? ငါက ဘာကြောင့် အလုပ်လုပ်နေရတာလဲ? အခုလုပ်နေတဲ့အလုပ်က ငါ့ကို ကျေနပ်မှု ပေးနိုင်ရဲ့လား? ဆိုတဲ့ မေးခွန်းတွေကို မေးမိပြီ ဆိုရင် ဒီစာအုပ်က မိတ်ဆွေအတွက်ပါပဲ။

  • ဆရာကြီးဟာ ဆောင်းပါးတွေကို ရေးဖွဲ့ရာမှာ လူငယ်တွေရဲ့စိတ်ကို နားလည်ခံစားနိုင်အောင် အဓိကထား ရေးဖွဲ့ခဲ့ပေမယ့် စာဖတ်သူတွေအဖို့ ဆရာတစ်ယောက်ရဲ့ မေတ္တာ၊ စေတနာတွေကို ‌လေးလေးနက်နက် ခံစားမိပါလိမ့်မယ်။ ဆရာဆိုတာ ပညာအပြင် စိတ်ကိုပါ သင်ကြားပေးရမယ်ဆိုတာ ဆရာဦးအောင်သင်းက ဒီစာအုပ်လေးရဲ့ စာမျက်နှာတွေပေါ်ကနေ အမွေပေးသွားခဲ့ပါတယ်။ ဆရာကြီးရဲ့ လူငယ်တွေအပေါ်ထားရှိတဲ့ စေတနာကို ဒီဆောင်းပါးတွေထဲမှာ ထိထိမိမိ ခံစားကြရမှာပါ။ #Mahar Sarpay #အောင်သင်း #တစ်ခါတုန်းက တပည့်တွေနှင့် အခြားပင်ကိုရေးဆောင်းပါးများ . . မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက် (၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner (၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း (၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library) တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

  • 📖 တစ်ခါတုန်းက တပည့်တွေ နှင့် အခြားပင်ကိုရေးဆောင်ပါးများ 🖊 အောင်သင်း 🗒 စာမျက်နှာ - ၇၉ 💸 တန်ဖိုး ၄၅၀၀ ကျပ် . 🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် - 09450623383 ၊ 09450623384 . 📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌 ဆရာဦးအောင်သင်းရဲ့ " တစ်ခါတုန်းကတပည့်တွေနှင့် အခြားပင်ကိုရေးဆောင်းပါးများ " ဆိုတဲ့ စာအုပ်ကလေးဟာ လူငယ်တွေနဲ့ စကားပြောဆိုခြင်းလို့ အမည်တပ်ရမလိုပါပဲ။ သူ့ဆောင်းပါးတွေထဲမှာ လူငယ်တွေကို အားကိုးလိုစိတ်၊ ကျေးဇူးတင်စိတ်၊ အမှားအမှန်ကို သင်ခန်းစာယူလိုစိတ်တို့ကို အဓိကထားပြီး ရေးဖွဲ့ထားတယ်။ အမှာစာကို ဖယ်လိုက်ရင် ဆောင်းပါးခြောက်ပုဒ် ဖတ်ရှုရပါမယ်။ ဆရာကြီးရဲ့ အရေးအဖွဲ့တွေထဲမှာ လူငယ်တွေရဲ့စိတ်ကို မြင်ရပြီး လူငယ်တွေရဲ့အသံကိုလည်း ကြားယောင်မိစေမှာပါ။

  • ရေဒီယိုလေးတစ်လုံးဟာ အသံလှိုင်းတွေကတဆင့် စိတ်ခံစားချက်တွေကိုချိတ်ဆက်ပေးတယ်။ မမြင်ရတဲ့လိုင်းဆွဲအားတွေ၊ စွမ်းအင်တွေနဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်တယ်။ ချစ်ခြင်းမေတ္တာကိုလည်း ဆောင်ယူပေးနိုင်တယ်။ ပန်းကလေးတွေဟာလည်း ရေဒီယိုလေး နည်းတူပါပဲ။ သူ့မှာကတော့ လှိုင်းတွေ၊ ဆွဲငင်အားတွေမရှိပေမယ့် ရနံ့တွေနဲ့ ချိတ်ဆက်နိုင်တယ်။ ပန်းတွေဟာ နူးညံ့တဲ့သဘောရှိပေမယ့် ကြီးမားတဲ့ချစ်ခြင်းမေတ္တာကို မွေးဖွားနိုင်စွမ်းရှိတယ်။ ပန်းကလေးတွေဟာ ခက်ထန်နေတဲ့စိတ်တွေ၊ ဝမ်းနည်းထိရှလွယ်တဲ့ ခံစားချက်တွေကို သူ့ရဲ့ရနံ့၊ အရောင်အဆင်းတွေနဲ့ ဖြားယောင်းပြီး ဆန့်ကျင်ဖက်ဖြစ်အောင်‌ ပြောင်းလဲနိုင်စွမ်းလည်းရှိတယ်။ နွေဦးကရော ဘယ်အရာတွေကိုမျှော်လင့်ပြီး ဘယ်အရာတွေကို ချိတ်ဆတ်‌ချင်နေပါသတဲ့လဲ။ နွေဦးဟာ မိန်းမသားဖြစ်တဲ့အတွက် ပန်းလေးတစ်ပွင့်ပဲ ဆိုကြပါစို့။ သူ့ရဲ့ရနံ့ဟာ ချစ်ခြင်းမေတ္တာတွေကို ဖန်တီးနိုင်စွမ်းရှိလာမှာလား။ ပြီးတော့ ရေဒီယိုလေးတစ်လုံးကနေ သူချိတ်ဆက်ချင်တဲ့အရာကရော ဘာများဖြစ်မလဲ။ အရာအားလုံးကို သေသေချာချာလေး သိဖို့အတွက် ရေဒီယိုပန်းဆိုင်ဆိုတဲ့ စာအုပ်ကလေးကိုကိုင်ပြီး စာမျက်နှာလေးတွေသာ လှန်လှောကြည့်လိုက်ပါ။ ရောင်စုံပန်းခင်းကြီးထဲကနေ ပန်းရနံ့လှိုင်လှိုင်လေး မွှေးနေမှာကတော့ အသေအချာပါပဲ။ #Mahar Sarpay #ခတ္တာခင် #ရေဒီယိုပန်းဆိုင် . . မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက် (၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner (၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း (၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library) တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

  • 📖 ရေဒီယိုပန်းဆိုင် 🖊 ခတ္တာခင် 🗒 စာမျက်နှာ - ၃၂၈ 💸 တန်ဖိုး ၁၅၀၀၀ ကျပ် . 🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် - 09450623383 ၊ 09450623384 . 📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌 ရေဒီယိုပန်းဆိုင်တဲ့။ ဆရာမခတ္တာခင်ရဲ့ သိမ်မွေ့လှပတဲ့ ဝတ္တုဇာတ်လမ်းလေးနာမည်ပါ။ ဆရာမခတ္တာခင်ဟာ စာဖတ်ပရိသတ်ကို စာအုပ်ခေါင်းစဉ်လှလှလေးတွေက အစပြုပြီး ဆွဲဆောင်နိုင်သူတစ်ဦးလို့ ဆိုရင် မမှားပါဘူး။ ဒီစာအုပ်လေးမှာဆိုရင် နွေဦးဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာလို့ အမည်တပ်လို့ရမယ့် ရင်ခုန်သံအဖြူထည်လေးကို ဘဝနဲ့ရောထွေးပြီး နူးညံ့စွာ ရေးဖွဲ့ပြထားပါတယ်။ ရေဒီယိုပန်းဆိုင်မှာ နွေဦး၊ နှင်းနု၊ ကိုသူဆိုတဲ့ လူသားသုံးဦးကြားက ဖြူစင်မှုတွေ၊ သံယောဇဉ်တွေ၊ သိမ်မွေ့ရှုပ်ထွေးတတ်တဲ့ စိတ်ခံစားချက်တွေကို ဆရာမခတ္တာခင်က ဖြည်းဖြည်းချင်း ပုံဖော်ထားတာ ဖတ်ရှုရပါလိမ့်မယ်။

  • “သမီး ယောကျ်ားအရမ်းလိုချင်လို့ မဟုတ်ဘူး။ အမေ့ဆီက မရဖူးတာတွေ ကိုအောင်က ပေးလို့ …” ဒါဟာ မေလွင်ဆိုတဲ့ မိန်း‌ကလေးက သူ့အမေကိုပြောတဲ့ စကားလုံးပါ။ သမီးမိန်းကလေး မွေးထားတဲ့မိဘတွေ၊ အုပ်ထိန်းသူတွေဟာ ကိုယ့်ဆီကပေးရမယ့် မေတ္တာတွေကို အပြည့်အဝ ပေးထားရမှာဖြစ်ပြီး လုပ်သင့်လုပ်ပေးထိုက်တဲ့ တာဝန်တွေကိုလည်း အထိုက်အလျောက်လေးတော့ လုပ်ပေးရမှာပါ။ ဘာကြောင့်လဲဆိုရင် အရွယ်ရောက်လာတဲ့ မိန်းကလေးအများစုဟာ ကိုယ့်အိမ်က မပေးနိုင်တဲ့အရာတွေကို သူစိမ်းယောက်ျားတယောက်ဆီက ရလိုက်တဲ့အခါ အိမ်ထောင်ရေးဆိုတဲ့နွံကြီးထဲ ခုန်ဆင်းဖို့ အဆင်သင့် ဖြစ်သွားတတ်ကြတာကို ဒီစာအုပ်မှာ အတိုင်းသား မြင်တွေ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ အိမ်တအိမ်မှာ အိမ်သားတွေ မြဲချင်တဲ့အခါ အကြောက်တရားတွေ၊ စကားလုံးတွေနဲ့ ထိန်းချုပ်ပိတ်လှောင်ရမှာ မဟုတ်ပါဘူး။ အခိုင်ဆုံးကြိုးဟာ မေတ္တာပါပဲ။ မေတ္တာတရားနဲ့ နွေးထွေးလုံခြုံစေတဲ့ အိမ်တံခါးပေါက်ကနေ ဘယ်ခြေထောက်ကမှ ဝေးဝေး ထွက်မသွားနိုင်ပါဘူး။ ထိန်းချုပ်မှုပုံစံမှားယွင်းမှသာ မိန်းကလေးတစ်ယောက်ဟာ လမ်းအမှားကို ဇွတ်တိုးဝင်မိတာပါ။ တစ်လှမ်း၊ နှစ်လှမ်း၊ ပြီးတော့ တဘဝလုံး။ ဒီစာအုပ်ထဲက ဇာတ်ကောင်မေလွင်ကရော ဘယ်လိုဘဝမျိုးကို ရွေးခဲ့မိတာလဲ။ ရုန်းထွက်မှာလား၊ ရှေ့ဆက်မှာလား ဆိုတာကိုတော့ ဆရာမ သဲဆုမွန်ရဲ့ အတိတ်ရဲ့အခြားတစ်ဖက်ကို ဖတ်ကြည့်ရင်း ထပ်တူခံစားပေးစေချင်ပါတယ်။ #Mahar Sarpay #သဲဆုမွန် #အတိတ်ရဲ့အခြားတစ်ဖက်မှာ . . မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက် (၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner (၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း (၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library) တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

  • 📖 အတိတ်ရဲ့ အခြားတစ်ဖက်မှာ 🖊 သဲဆုမွန် 🗒 စာမျက်နှာ - ၂၃၉ 💸 တန်ဖိုး ၁၂၀၀၀ ကျပ် . 🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် - 09450623383 ၊ 09450623384 . 📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌 မိန်းမတစ်ယောက်ဟာ တချိန်ချိန်မှာတော့ အိမ်ထောင်ရေး ဆိုတဲ့ အရာကြီးနဲ့ ထိပ်တိုက်တွေ့ဆုံရမှာပါပဲ။ သာယာချိုမြိန်တဲ့ အိမ်ထောင်တခုဟာ လုံခြုံနွေးထွေးတဲ့ အရပ်ဒေသနဲ့ တူပါတယ်။ လူ အရွေးမှားခဲ့ရင်တော့ အဲဒီအိမ်‌ထောင်ရေးဟာ နွံအိုင်တအိုင် ဖြစ်ခဲ့ပြီပေါ့။ ခြေတလှမ်း မှားလိုက်တဲ့အချိန်ကစပြီး တဘဝလုံး နစ်တော့တာပါ။ ဆရာမ သဲဆုမွန်ရဲ့ အတိတ်ရဲ့ အခြားတစ်ဖက်မှာဆိုတဲ့ ဝတ္ထုဇာတ်လမ်းဟာ သမီးတစ်‌ယောက်ရဲ့စိတ်ကို နားလည်လိုတဲ့ မိခင်များ၊ မိခင်ရဲ့ဖြတ်သန်းမှုကို ကိုယ်ချင်းစာ ခံစားပေးလိုတဲ့သမီးများ ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းလေးလို့ ဆိုလိုက်ပါရစေ။

  • အိမ်နီးချင်းနိုင်ငံတခုက နာမည်ကျော်လက်ဝှေးကစားသမား ခွန်းနက်ကို မယ်သီတာဂျိုကာ ဘယ်လို ယှဉ်ပြိုင်မလဲ? ကိုမင်းထင် မသိအောင်ရော ရေရှည် ဖုံးကွယ်နိုင်မှာလား? ဖတ်ရခဲတဲ့ အမျိုးသမီး လက်ဝှေ့နဲ့ ပတ်သက်တဲ့ ဝတ္ထုတစ်အုပ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်စရိုက်တွေနဲ့ အချိတ်အဆက်မိမိ ရေးသားထားသလို ဆရာအကြည်တော်ရဲ့ စာအုပ်တွေအတိုင်း ဖတ်ရင်းနဲ့ ခွိခနဲ ပြုံးရ၊ ရယ်ရမယ့် ဇာတ်ကွက်တွေ ပေါင်းစပ်ထားတာမို့ မယ်သီတာဂျိုကာဟာ အကြည်တော်ရဲ့ ပရိသတ်တွေ စိတ်ကျေနပ်မှု အပြည့်ရစေဦးမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ #Mahar Sarpay #အကြည်တော် #မယ်သီတာဂျိုကာ . . မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက် (၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner (၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း (၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library) တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

  • 📖 မယ်သီတာ ဂျိုကာ 🖊 အကြည်တော် 🗒 စာမျက်နှာ - ၂၁၄ 💸 တန်ဖိုး ၁၁၀၀၀ ကျပ် 🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် - 09450623383 ၊ 09450623384 📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌 လက်ဝှေ့ လို့ ဆိုရင် ဘာကို အရင်ဆုံး မြင်မိကြသလဲ? ဗလကောင်းကောင်း လက်ဝှေ့သမားကြီးတစ်ယောက်ဖြစ်ဖြစ်၊ ကြိုးဝိုင်းထဲ လူနှစ်ယောက် တိုက်ခိုက်နေတာဖြစ်ဖြစ်၊ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ပြီးမှ အနိုင်ရတဲ့ အားကစားအဖြစ် မြင်မိကြမှာပါ။ ပြီးတော့ လက်ဝှေ့လို့ ဆိုလိုက်တာနဲ့ ယောက်ျားလေး‌(အမျိုးသား) ဆိုတာကို အကုန်လုံးနီးပါး တွဲမြင်ကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်က အမျိုးသမီးတွေလည်း လက်ဝှေ့ ကစားကြပါတယ်။ ကွယ်လွန်သူ ဆရာအကြည်တော် ရေးသားထားခဲ့ပြီး မထုတ်ဝေရသေးတဲ့ စာအုပ်အသစ်တွေထဲကတစ်အုပ် ‘မယ်သီတာဂျိုကာ’မှာ အမျိုးသမီးလက်ဝှေ့မယ်အကြောင်း ဖတ်ရှုရပါမယ်။