tgindex
Thukha

စာရေးစရာ အကြောင်းပေါ်လာရင် ရေးမယ်။

Последний пост
21 июл.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
424
−1 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
242
20 постов
Вовлечённость
57,1%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
78
1/48двое суток
89
1/72трое суток
96

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 21 июл.894из naylin00700

    ဗုဒ္ဓဘာသာဝင်တွေဟာ တခြားဘာသာဝင်တွေကို မိစ္ဆာဒိဌိဆိုပြီး လက်ညိုးထိုးတတ်ပါတယ်။ ကိုယ်တိုင်ကတော့ ဘုရားဟောတဲ့ ဆိုလိုချက်ကို မသိ‌သေးဘဲ၊ နားမလည်သေးဘဲ ဒိဌိတန်းလန်းနဲ့  သူတပါးကို စွပ်စွဲနေတာတော့ မသိနိုင်ကြပါဘူး။ ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာဝင် စစ်စစ်မဖြစ်ကြသေးပါဘူး။ မြတ်စွာဘုရားက ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ဖို့ဆိုရင် "ဒိဌိအရင်ပြုတ်အောင် ကြိုးစား"လို့ မှာကြားခဲ့ပါတယ်။ ဒိဌိပြုတ်ဖို့ ဘယ်လောက်တောင် အရေးကြီးလဲဆိုရင် မိမိသေဘေးနဲ့ ချက်ချင်းတုံးကနဲ လဲသေဖို့ ဖြစ်လာရင်တောင် နောက်မှသေ ဒိဌိအရင်ပြုတ်ပါစေလို့ မှာကြားခဲ့ပါတယ်။ ဆိုလိုတာက ဒိဌိမပြုတ်သေးဘဲ သေသွားရင် ကြုံရာဘဝကို ကျရောက်သွားနိုင်လို့ပါ။ အများအားဖြင့် လူ့စိတ်တွေဟာ မကောင်းမှုမှာပဲ မွေ့ပျော်တတ်လို့ အပါယ်ဘေးက မလွတ်နိုင်လို့ပါ။  ဒါကို မြတ်စွာဘုရားက ဘယ်လို ဥပမာပေးလဲ ဆိုတော့ တပါးသူကဖြစ်ဖြစ် အကြောင်းတခုခုကြောင့် ဖြစ်ဖြစ် မိမိရင်ဘတ်ကို အချွန်အထက် တခုခုနဲ့ ထိုးမိရင် ချက်ကောင်းဖြစ်လို့ ချက်ချင်းသေနိုင်ပါတယ်။ အဲ့လောက် အရေးကြီးနေတဲ့အချိန်မှာတောင် ရင်မှာစူးနေတဲ့ အချွန်အထက်ကို နောက်မှနှုတ်ပြီး အသက်ကယ်ပါ။ သေမယ်ရှင်မယ် မပြောနိုင်လို့ မိမိအသိမှာ ဒိဌိပြုတ်အောင် အရင် လုပ်ပါလို့ မှာကြားပါတယ်။ အဲ့လောက် အရေးကြီးပါတယ်။  တကယ်တမ်း တရားဓမ္မအပေါ် စိတ်ဝင်စားမှုမရှိ၊ လေ့လာလိုက်စားမှု မရှိခဲ့ရင် အဲ့ဒီလို သေရေးရှင်ရေး၊ အရေးနဲ့ အကြောင်းကြမှ တရားနှလုံးသွင်း ဆင်ခြင်ဖို့ရာ လုံးဝ မဖြစ်နိုင်ပါဘူး။ ခံစားရတဲ့ နာကျင်မှုကြီးမားနေတာကြောင့် ဝေဒနာအပေါ်မှာပဲ နာကျင်ခံခက် ခံစားနေမှာပါ။ ဘေးက တရားစကားပြောပြနေရင်တောင် ကြားသိနားလည်နိုင်မယ့် အာရုံ ရှိနိုင်မှာ မဟုတ်ပါဘူး။  တရားတော်တွေထဲမှာတော့ ကျားဆွဲခံရတဲ့ရဟန်း၊ ပေါင်ကို ကျောက်တုံးနဲ့ ချိုးပြီး ထွက်မပြေးဘူးလို့ ကိုယ့်ကိုယ်ကို အာမခံပေးတဲ့ ရဟန်းတွေကတော့ သေအံ့မူးမူးမှာ တရားရသွားတဲ့ ပုဂ္ဂိုလ်အဖြစ် ထင်ရှားပါတယ်။ ဒီပုဂ္ဂိုလ်တွေကတော့ ကြီးမားတဲ့ သံဝေဂစိတ်တွေနဲ့ ကြိုတင်တရားရှာခဲ့ကြတဲ့ သူများ ဖြစ်ပါတယ်။ ဒါဆို မိမိတို့ အနေနဲ့က ဘယ်လို လုပ်ရမှာလဲ။ ကြိုတင်ပြင်ဆင် အောင်ပွဲဝင် ဆိုသလို မိမိ သေပေါက်သေဝကို မရောက်ခင် ခံစားချက် တည်တည်ငြိမ်ငြိမ်ရှိနေတဲ့ အချိန်မှာ လုပ်သင့်တာ လုပ်ထားမှ အဆင်ပြေမှာပေါ့။ ခန္ဓာကိုယ်ကလည်း မနာမကျင်၊ စိတ်ကလည်း ပေါ့ပေါ့ပါးပါး အချိန်ဆိုရင် ဉာဏ်ဖြစ်ဖို့ အကောင်းဆုံးအချိန်ပါ။  ဒိဌိပြုတ်ဖို့ ကြိုးစားရာမှာ ကြိုသိထားရမှာက ဒါဟာ ဉာဏ်ရဲ့အလုပ် ဖြစ်ပါတယ်။ ကာယအလုပ်မဟုတ်ပါဘူး။  တကယ်ပဲ နည်းလမ်းကို လိုချင်ရချင်ရင် ကြိုတင်ပြင်ဆင်မှု လုပ်ရပါလိမ့်မယ်။ ကျနော့ channel မှာ အစောပိုင်းကတည်းက တင်ထားခဲ့ပေမယ့် မိတ်ဆွေတွေအနေနဲ့ သတိမထားမိကြပါဘူး။  ကြိုပြင်ဆင်တဲ့ အနေနဲ့ - - ဓမ္မစင်္ကြာတရားတော်ကို နာကြားထားပါ။ https://vt.tiktok.com/ZSXQbFPr9/ - သစ္စာလေးပါးကို နားလည်အောင် ကြိုးစားထားပါ။ - မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ရဲ့ သဘောကို သိအောင် ကြိုးစားထားပါ။  ဒီ ၃ မျိုးကို အနည်းငယ် နားလည်ရင် ရပါပြီ။ သဘောတရားကို ရှင်းပြတဲ့အခါ ကြိုသိထားတော့ ဉာဏ်ဖြစ်လွယ်ဖို့ပါ။ အကျယ်လည်း ရှင်းပြပေးမှာပါ။ ဉာဏ်ရဲ့ အလုပ်ဖြစ်တာကြောင့် ဉာဏ်ရဲ့ အခြံအရံဖြစ်တဲ့ အသိပညာ ဗဟုသုတ ရအောင် အရင်ကြိုးစား ထားနှင့်ရမယ့် သဘောပါ။  မျှဝေခြင်းဖြင့် ကုသိုလ်ဆက်ပါ။ ဆက်လက်ရှင်းပြပေးပါ့မယ်။ #naylin #နေလင်း

  • 13 июл.1516из naylin00700

    သူတပါးထက် အသာစီးရတဲ့ သူတွေက အလိုလို မာနတက်တတ်ကြပါတယ်။  ငွေကြေးဥစ္စာ၊ ကျန်းမာရေး၊ ခွန်အားဗလ၊ အသက်အရွယ်၊ လောကီပညာ၊ ရုပ်ရည်အဆင်း၊ အသံဩဇာ၊ ရာထူးဂုဏ်သိမ် စသဖြင့် မိမိကျင်လည်ရာမှာ သာလွန်တဲ့ အခြေအနေတွေအပေါ် မသိမသာရော၊ သိသိသာသာ၊ ပေါ်ပေါ်ထင်ထင်ပါ မာနထောင်လွှားကြတယ်။ ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပါ။  တချို့မှာ အစစအရာရာ အားနည်းနေတတ် အားငယ်နေတတ်ပေမယ့် ထူးခြားစွာ မာနတက်နေတတ်ကြသေးသည်။ ပါတ်ဝန်းကျင်မှာ ကလေးငယ်တွေကို မိဘတွေက ရိုက်နှက်ဆုံးမတာ မကြာခဏ တွေ့ဖူးကြမှာပါ။ မရိုက်ခင်ကတည်းက ငိုနေတဲ့ ကလေးတွေရှိတယ်။ ရိုက်တော့မှ ငိုတဲ့ ကလေးတွေ ရှိတယ်။ ရိုက်တဲ့အခါမှာ လိုအပ်တာထက် ပိုကျယ်ကျယ် အော်ငိုတဲ့ ကလေးတွေရှိတယ်။ ဘယ်လိုပဲ ငိုငို၊ ငိုတဲ့ကလေးက အရိုက်ခံရ သက်သာတတ်တယ်။  (ငိုသံကြားတဲ့အခါ ရိုက်တဲ့ လူကြီးက ဒီကလေး ကြောက်သွားပြီဆိုပြီး စိတ်ကျေနပ်သွားလို့ ထပ်မရိုက်တော့တာပါ။ တချို့လည်း ဆုံးမတယ်ဆိုပြီး ထထရိုက်ပြီး ကိုယ့်ရဲ့ ဘဝအမောတွေကို ဖြေတတ်ကြသေးတယ်။ ဒါမျိုးကျတော့ ဆုံးမခံရတဲ့ကလေးက ကောင်းလာတာမျိုး ရှားပါတယ်။ ဆုံးမတဲ့ လူကြီးရဲ့ စေတနာ မမှန်လို့ပဲလို့ သုံးသပ်ရမှာပါ။ လူကြီးတွေ ဒီလိုစိတ်ကို သတိထားပေးပါ။ ဒါကြုံလို့ ပြောတာပါ။) တချို့ကလေးတွေကတော့ လူကြီးရိုက်တဲ့အခါမှာ ဖင်တောင်မတွန့်ပါဘူး။ ရိုက်မယ့်နေရာမှာ တခုခု ခံထားတာမျိုး မဟုတ်ပါဘူး။ ရိုက်တာ မနာလို့လဲ မဟုတ်ပါဘူး။ သက်သက်ကို ပေခံတာမျိုးပါ။ "ရိုက်စမ်း၊ ဘယ်လောက်ရိုက်နိုင်မလဲ" ဆိုပြီး ရိုက်တဲ့သူကို ပြန်စိန်ခေါ်တဲ့ သဘောပါ။ "ခင်ဗျားရိုက်တာ လောက်ကတော့....." နာနေတဲ့ကြားက အာခံတဲ့ မာနမျိုးပါ။ ပြီးတော့မှ ကွယ်ရာမှာ ကြိတ်ပြီး ငိုချင်ငိုမယ် ရိုက်တဲ့သူရှေ့မှာ မျက်ရည်တစ်စက်မှ ကျမပြကြဘူး။ ဒီလိုလူတွေ တွေ့ဖူးကြလိမ့်မယ်။ (ကိုယ်တိုင်လည်း ဒီလိုမာန ဖြစ်ခဲ့ဖူးတယ်) တချို့က လူကောင်သေးပေမယ့် စွာတယ်။ ရန်ဖြစ်ဖို့ ဝန်မလေးဘူး။ မိန်းမတွေထဲမှာလည်းရှိသလို ယောင်္ကျားတွေထဲမှာလည်း ရှိတယ်။ လူက ခွန်အားဗလကမရှိ။ "ငါ့လာမစမ်းနဲ့" ဆိုတာက အမြဲပြောတယ်။ ငှက်ကြီးတောင်ဓားကြီး ဆွဲထွက်သွားလိုက်၊ ထိပ်ကြီးကွဲပြီး ပြန်လာလိုက် ဆိုတဲ့ လူမျိုး။ ခံရလည်း ဘယ်တော့မှ အမှတ်မရှိ။ ခံရတဲ့အထဲက တစ်ချက်လောက် ချလိုက်ရတာကို ဂုဏ်ယူပြီး မာန်တက်နေသည်။ မာနက မိုးရောက်နေတတ်တယ်။  နောက်တစ်ဦးက ကျန်းမာရေး မကောင်းတဲ့ သူမျိုး။ ထိုသူမျိုးကို လူအများက ကျန်းမာရေး လိုအပ်ချက်ကြောင့် အရိပ်တကြည့်ကြည့် ရှိနေတတ်တယ်။ မိသားစုအသိုင်းအဝိုင်းက ကြင်ကြင်နာနာ ဆက်ဆံနေတဲ့ကြားက မကျေနပ်နိုင်တဲ့ ကိစ္စတွေမှာ "ငါသေလိုက်လို့ ရတယ် သိလား" ဆိုတာမျိုး ခြိမ်းခြောက်တတ်သေးတယ်။ "ငါ့ဘာမှတ်လဲ၊ သေမှာကို ကြောက်နေတာ မပါဘူး" ဆိုပြီး ကျန်းမာရေးမကောင်းလို့ ဘာမှမလုပ်နိုင်တဲ့ကြားက မရှိမယ့်ရှိမယ့် မာနနဲ့ အကြပ်ကိုင်တတ်ကြသေးတယ်။ သူ့မှာ လုပ်နိုင်တာ ဘာမှမရှိတော့ ကျန်းမာရေး ကောင်းမနေတာက သူ့ရဲ့လက်နတ်။ သူ့ရဲ့ အားသာချက် မာနရပ်ဝန်း ဖြစ်သွားပါတယ်။ မာနသည် လူအမျိုးမျိုးကြားမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတတ်ပါတယ်။ ဘယ်မာနမျိုးမှ မကောင်းပါဘူး။ ငါလည်း လုပ်နိုင်တယ် ဆိုတဲ့ ပြိုင်ဆိုင်ချင်တဲ့ မာနကတော့ ကောင်းတယ်၊ လိုအပ်တယ်လို့ ပြောလို့ရပေမယ့် မာနဟာ မာနပါပဲ။ လောကီမှာ ဘဝ တိုးတက်ဖို့ လိုအပ်ပါလိမ့်မယ်။ မာနကို ကောင်းတယ်လို့တော့ ပြောစရာ မရှိပါဘူး။ မာနထားရင် သံသရာရှည်မယ်။ အကျိုးပေးကတော့ နိမ့်ကျတတ်တဲ့ သဘာဝရှိပါတယ်။ လက်ရှိဘဝမှာတင် "မာနကြီးလိုက်တာ" ဆိုပြီး လူအများ နှာခေါင်းရှုံ့ခံရဖို့ သေချာပါတယ်။  ဘယ်လိုမာနမျိုးပဲ ဖြစ်ဖြစ် မိမိမှာ မကိန်းရလေအောင် - လူအများအပေါ် မေတ္တာထားပါ။  နောင်တမရအောင် နေပါ။ တခုခု တစ်ယောက်ယောက်နဲ့ မနှိုင်းယှဉ်ပါနဲ့။ မတည်မြဲတဲ့ သဘောကို နှလုံးသွင်းပါ။ လောကုတ္တရာမှာ မာနဆိုတာ မရှိဘူး။ သုံးလို့မရဘူး ဆိုတာ ဉာဏ်နဲ့ သိရင် သိတဲ့သူဟာ ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်ပါပြီ။ #naylin(Samwega) #နေလင်း ဝေမျှခြင်းဖြင့် ကုသိုလ်ယူပါ။

  • 7 июл.1791из naylin00700

    သူတို့ အချင်းချင်း စကားမပြောဘဲ ပြန်လာကြတယ်။ အပြင်မှာ ကားသံတွေနဲ့ ဆူညံနေပေမယ့် သူတို့စီးလာနေတဲ့ ကားခေါင်းခန်းထဲမှာ တိတ်ဆိတ်နေတယ်။  ဖြစ်ရပ်အစက ဒီလိုပါ။ သူတို့ မှောင်ခိုပစ္စည်းတစ်မျိုးကို တစ်မြို့ကနေ တစ်မြို့ တင်ပို့ကြတယ်။ ဒီနေရာမှာ မှောင်ခိုပစ္စည်းကို ရှင်းပြပါ့မယ်။  အချိန်အခါအရ မှောင်ခိုပစ္စည်း ဖြစ်ပေမယ့် လူတွေအကျိုးယုတ်စေမယ့် မှောင်ခိုပစ္စည်းတော့ သူတို့ အရောင်းအဝယ် မလုပ်ကြပါဘူး။ ဥပမာ ယခု လောလောဆယ် လူတွေသတ်မှတ်တဲ့ တရားမဝင် ကုန်ပစ္စည်းတွေ ဖြစ်တဲ့ ဆန်စပါး (နယ်ကျော်သယ်လို့ မရ) လောင်စာဆီ (သိုလှောင် ရောင်းဝယ်လို့မရ) ထင်း မီးသွေး သစ် (တရားဝင် မျောစာ လို) စသဖြင့် လူတို့ တရားမဝင်ဟု သတ်မှတ်ထားသော်လည်း အဲ့ဒီပစ္စည်းများဟာ လောက သဘာဝအရ အပြစ်မဖြစ်ပါ။ လူသုံးကုန် ပစ္စည်းများသာ ဖြစ်ပါတယ်။  နောက်တစ်ခုက မှောင်ခိုပစ္စည်းတော့မဟုတ်ဘူး။ တရားဝင်ပစ္စည်း ဖြစ်တယ်။ ဒါပေမယ့် ဘုရားမကြိုက်တဲ့ တရားဝင်ပစ္စည်းတွေကိုလည်း သူတို့ အရောင်းအဝယ်မလုပ်ပါဘူး။ ဥပမာ တရားဝင် ကုန်ပစ္စည်းလို့ သတ်မှတ်ထားတဲ့ ပိုးသတ်ဆေး၊ အရက် ဘီယာ ဆေးလိပ်၊ သူတပါးအသက် ( လူ ကြက် ဘဲ ဝက် ဆိတ် သိုး နွား)၊ လူသတ်လက်နတ် (ခွင့်ပြုချက်ရှိရင် တရားဝင်) စသည်တို့ဟာ လူတို့ တရားဝင်ဟု သတ်မှတ်ထားပေမယ့် လောကသဘာဝမှာ အပြစ်ဖြစ်ပါတယ်။  ဒီလိုခွဲခြားသိရင် သူတို့ဟာ တရားမဝင်ပေမယ့် လောကသဘာဝအရ အပြစ်မရှိတဲ့ မှောင်ခိုပစ္စည်းကို ရောင်းဝယ်ကြခြင်း ဖြစ်ပါတယ်။ စားဝတ်နေရေးအရ နီးစပ်ရာ လုပ်ကြတာ ဖြစ်ပါတယ်။  သူတို့ မနက်အစောကတည်းက ထပြီး ပစ္စည်းတင်ကြခါ အခြားမြို့ကို ထွက်ကြတယ်။ ခပ်စောစော ထွက်လာပေမယ့် ကုန်ပစ္စည်း အလေးချိန်ကြောင့် ကား‌ဖြည်းဖြည်း မောင်းရတာကြောင့် နေ့လယ်ခင်းလောက်မှ ချိန်းထားတဲ့နေရာကို ရောက်ကြတယ်။ ပစ္စည်းစစ်ပြီး ကားပေါ်က ချကြတယ်။ ပစ္စည်းအရေအသွေးမှန်လို့ ပစ္စည်းလက်ခံသူတွေက တခြားမိတ်ဆွေတွေကို အချင်းချင်း ပြန်ပြောကြရင်း နောက်ထပ် အော်ဒါရကြတယ်။ ပစ္စည်းချပြီးတာနဲ့ သူတို့မြို့ကို ချက်ချင်းပြန်ကြပြီး နောက်တစ်ခေါက်အတွက် ပြင်ဆင်ကြတယ်။ ဖြစ်ချင်တော့ နောက်တစ်ခေါက် ထွက်လာရင်း လမ်းမှာ မှောင်သွားတယ်။ ဒါ့အပြင် ပစ္စည်းချရမယ့် နေရာကလည်း နေ့ခင်းက ပစ္စည်းချတဲ့ နေရာထက် လမ်းကြမ်းပြီး ခရီးဝေးသွားတယ်။ ဒါပေမယ့် အမြတ်ဆိုတဲ့ ငွေမျက်နှာကြောင့် သည်းခံပြီး သူတို့ ရောက်အောင်သွားလိုက်ကြတယ်။  ပစ္စည်းချမယ့် နေရာရောက်တော့ ပစ္စည်းကို စစ်ကြတယ်။ ပစ္စည်းယူမယ်သူက သူလက်ထဲရှိတဲ့ ပစ္စည်းနဲ့ တိုက်ကြည့်တော့ ပစ္စည်းလွဲနေတယ်ဆိုပြီး ပြန်လွှတ်ပါလေရော။ ဖြစ်ချင်တော့ ပစ္စည်းမှာတဲ့သူနဲ့ ပစ္စည်းယူမယ့်သူက တစ်ယောက်စီ။ ဒါနဲ့ ပစ္စည်းမှာတဲ့သူဆီ ဖုန်းဆက်တော့ ပစ္စည်းလက်ခံမယ့်သူ မကြိုက်ရင် မတတ်နိုင်ဘူးဆိုပြီး ဖုန်းချသွားတယ်။ လမ်းခရီးကြမ်းတာရယ်၊ ညဉ့်နက်တာရယ်၊ ပစ္စည်းက အဆင်မပြေတာရယ်၊ ညှိလို့မရတာရယ်ကြောင့် သူတို့ထဲက တစ်ယောက်က ပစ္စည်းမှာတဲ့သူကို သတ်မယ်ဖြတ်မယ် လုပ်နေလို့ ဖြောင်းဖျပြီး ပြန်ခဲ့ကြတယ်။ အဲ့ဒါပြီးတော့ ပထမဆုံး တင်ပြခဲ့သလို အပြန်လမ်းမှာ သူတို့တွေ ကားထဲ၌ အတွေးကိုယ်စီနဲ့ တိတ်ဆိတ်နေခဲ့ကြတယ်။  ပြောချင်တာက အခုမှ စတာပါ။ ပထမ တစ်ယောက်က တိတ်ဆိတ်မှုကို စပြီး ဖြိုဖျက်လိုက်တယ်။  ပထမလူ- ဒီတောသားတွေ ပစ္စည်းကောင်းကို မမြင်ဖူးကြဘူး။ ဒါကြောင့် သူတို့မှာ ရှိတဲ့ဟာနဲ့ စံချိန်ယူပြီး ငြင်းလိုက်တာ။  ဒုတိယလူ - အေးဗျာ။ နေ့ခင်းကလည်း တစ်ခေါက်ပို့ထားသေးတဲ့ဟာကို။ ကိုယ်တွေကပဲ ညအမှောင်မှာ ဂျင်းထည့်သလိုလို ပြောသွားသေးတယ်။ ပထမလူ - အမှန်က ပစ္စည်းမှာတဲ့သူက လာကြည့်ပြီး ဖြေရှင်းပေးရမှာ။ အခုက ဖုန်းနဲ့တင် ပြီး ပြီးရော ငြင်းလိုက်တာက မဖြစ်သင့်ဘူး။ သွားရတဲ့ ခရီးက နည်းတာမဟုတ်ဘူး။  ဒုတိယလူ - နေပေ့စေ။ ဒီကောင့်ကို ကျနော် တခုခု ပြန်လုပ်မယ်။ ဘာတာဝန်ယူမှုမှ မရှိဘူး။ ဟု ပြောပြီး သူတို့ တိတ်ဆိတ်သွားကြပြန်တယ်။ တော်တော်ကြာအောင် တိတ်ဆိတ်နေပြီးနောက်- ပထမလူ- ဒေါသဖြစ်တာလည်း ဖြစ်တာပေါ့ကွာ တအားလည်း တွေးမနေပါနဲ့။ ဒုတိယလူ- ကျနော်တို့ အဝေးက လာရတာလေ။ ပြီးတော့ ညဉ့်နက်နေပြီ။ အဆင်ပြေအောင် တခုခု လုပ်ပေးသင့်တာပေါ့။ ပထမလူ- အေးပါ။ သိပ်ပြီး တွေးမနေပါနဲ့။ လောလောဆယ် ဘာမှ လုပ်လို့မရသေးဘူး။ အေးအေးဆေးဆေး အိမ်ပြန်ရောက်ဖို့ပဲ လုပ်ရအောင်။ မင်းကသာ သူ့အကြောင်းတွေးပြီး ပေါက်ကွဲနေတာ။ သူက သူ့အိမ်မှာ သာသာယာယာနဲ့ စားနေသောက်နေရင် ဒေါသဖြစ်နေတဲ့ မင်းက နှစ်ခါပြန် ရှုံးနေလိမ့်မယ်။ နောက်တစ်ခေါက် သူနဲ့ မပါတ်သက်နဲ့ ပေါ့ကွာ။  ဒုတိယလူ- ဟုတ်ကဲ့။ ပထမလူ- မင်းက တွေးတွေးပြီး ဒေါသထွက်လေ မင်းဒေါသထွက်တာ သူကမသိတော့ မင်းဒေါသနဲ့မင်း ပြန်ပတ်ပြီး မင်းပဲမောရမှာ။ သူနဲ့တွေ့မှပဲ တခုခု လုပ်တော့။ အခုက မင်းတစ်ယောက်တည်း ဒေါသထွက်နေရတာ မတန်ပါဘူး။ နောက်တစ်ခုက ကိုယ်က သူကို မကျေနပ်နေတာ ကိုယ့်စိတ်မှာ သူ့ကို နေရာပေးပြီး တွေးနေရအောင် တန်လို့လား။ ဒါကို စဉ်းစားရမယ်။ ကိုယ်က မကျေနပ်တဲ့သူကို အချိန်ပေးပြီး တွေးနေတာထက် ကိုယ်ချစ်ရတဲ့ သားသမီးတွေကို သတိရနေတာကမှ တန်ဖိုးရှိအုံးမယ်။ ဒါကြောင့် သူမျက်နှာပုံစံကို မင်းအတွေးထဲမှာ ပေါ်မလာစေနဲ့တော့။ ပေါ်လာရင် အစားထိုးပစ်ရမယ်။

  • 4 июл.161из naylin00700

    ဗုဒ္ဓဘာသာ သာသနာရဲ့ အနှစ်က ဘာလဲ။  ဘာသာရေးကို နည်းနည်း များများ လေ့လာလိုက်စားသူတိုင်း သိကြပါတယ်။ သတိမထားမိကြလို့ပါ။ ရွှေတိဂုံစေတီတော် တောင်ဘက် ဓာတ်လှေကားက တက်လာပြီး ရင်ပြင်ပေါ် ခြေချတာနဲ့ အဆောက်အဦ နံရံမှာ ရေးထိုးထားပါတယ်။  ပထမ ဩဝါဒက မိမိနဲ့ သူတပါး အများသိတဲ့ မကောင်းမှုကို မလုပ်နဲ့ မပြောနဲ့ မကြံစည်နဲ့တဲ့။ ဥပမာ အပေါင်းအသင်းနဲ့ တိုင်ပင်ပြီး မကောင်းမှု လုပ်တာမျိုး။ ကိုယ့်လက်အောက် ငယ်သားတွေကို မကောင်းမှုမှန်း သိလျက် ခိုင်းတာမျိုး။ ကိုယ့်ထက် ဂုဏ် ရာထူး ကြီးသူကို မကောင်းမှန်းသိလျက် အကြံဉာဏ်ပေးတာမျိုး။ နောက်တစ်မျိုးက အများကတော့ မသိဘူး မိမိကိုယ်တိုင်ပဲ သိတဲ့ မကောင်းမှုကိုလည်း မပြုနဲ့ မပြောနဲ့ မကြံစည်နဲ့တဲ့။ အကျဉ်းပြောရရင် မိမိတစ်ဦးတည်း လုပ်လို့ရတဲ့ စာရင်းလိမ်တာမျိုး။ လွယ်လွယ်ကူကူ လိမ်ပြောလိုက်တာမျိုး။ သူတပါး ပျက်စီးရာပျက်စီးကြောင်း ကြိတ်ကြံနေတာမျိုး။ အနှစ်ချုပ်က မကောင်းမှုမှန်သမျှ မလုပ်ပါနဲ့။ မိမိမကြိုက်တာတွေ သူတပါးကို ပေးမိရင် မိမိကရော သူတပါးအမှိုက်တွေကို ကြိုက်နိုင်ပါ့မလား။ ကိုယ်ချင်းစာတရားနဲ့ ကျော်ဖြတ်နိုင်ပါတယ်။ ဒုတိယ ဩဝါဒက မိမိနဲ့ သူတပါး ကောင်းရာကောင်းကြောင်းတွေ ရှိခဲ့ရင် မိမိရောသူတပါးရော အကျိုးရှိနိုင်တာကြောင့် အဲ့ဒီအလုပ်တွေကို လုပ်ပါ ပြောပါ ကြံစည်ပါ။ မိမိအကျိုးမရှိ သူတပါးသာ အကျိုးရှိမယ့် အလုပ်ဆိုလည်း မိမိအတွက် မငဲ့ကွက်ဘဲ လုပ်ပါ ပြောပါ ကြံစည်ပါ။ မိမိအတွက်ပဲ အကျိုးရှိပြီး သူတပါးမထိခိုက်တဲ့ အလုပ်မျိုးလည်း လုပ်ပါ ပြောပါ ကြံစည်ပါတဲ့။ မိမိစိတ်တွေ သန့်ရှင်းတတ်တာမို့ ရွေးကို လုပ်သင့်ပါတယ်။ အနှစ်ချုပ်က ကောင်းမှုမှန်သမျှ လုပ်ပါတဲ့။ မနိုင်ဝန်ထမ်းတာမျိုးမဟုတ်ဘဲ လုပ်နိုင်သလောက် လုပ်ပါလို့ ဆိုလိုပါတယ်။ မနိုင်ဝန် ထမ်းမိရင် မိမိစိတ်မှာ မကောင်းမှုတွေ ဝန်းရံလာတတ်ပါတယ်။ မြင်သာအောင် ပြောရရင် မိမိမတတ်နိုင်ဘဲ အကြွေးယူပြီး အလျူပေးသလိုမျိုးပါ။ အလျူပြီးတော့ အကြွေးဝန်နဲ့ အတိုးဝန်ကြောင့် စိတ်တွေ ပျက်ပြားတတ်တာမျိုးပါ။ စေတနာ သုံးမျိုး မပျက်အောင် အိုးနဲ့ဆန် တန်ရုံ ချက်ရင် ထမင်းကောင်းလို့ စိတ်ချမ်းသာရမှာပါ။ တတိယ ဩဝါဒကတော့ မိမိစိတ်ကို လောဘ ဒေါသ မောဟ ကိလေသာတွေနဲ့ ကင်းအောင် ထားဖို့ပါ။ လွယ်တော့ မလွယ်ပါဘူး။ ဒီအပိုင်းက ဗုဒ္ဓဘာသာ သာသနာရဲ့ အမြင့်ဆုံးအပိုင်းပါ။ သို့သော် မိမိနဲ့ အလှမ်းဝေးနေတာမျိုးတော့ မဟုတ်ပါဘူး။ လောကီ သံဝေဂ ရထားပြီး တရားကို သိလိုသူတွေ ဆက်လက်ရှာဖွေကြရမယ့် အစိတ်အပိုင်းပါ။  အနှစ်သာရက ဖြူအောင် စိတ်ကို ထားရမှာပါ။ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား။ ဆိုပြီး မှတ်ရလွယ်အောင် ရေးသားကြပါတယ်။  မကောင်းမှုရှောင်နဲ့ ကောင်းမှုဆောင် အလုပ်က ပစ္စည်းဥစ္စာ အလျူပေးတာ။ ကာယ လုပ်အား အလျူပေးတာ။ သီလနိုင်သလောက် စောင့်ထိန်းတာနဲ့ လုပ်လို့ရပါတယ်။ ဒီအလုပ်တွေက လောကီမှာပဲ ရှိပါသေးတယ်။ လောကကောင်းကျိုးရှိတဲ့ အလုပ်တွေပါ။ တကယ့် ဗုဒ္ဓဘာသာရဲ့ အနှစ်က ဖြူအောင်စိတ်ကိုထားဖို့ပါ။ ဒီအပိုင်းကမှ လောကုတ္တရာကို ရောက်ပါတယ်။ လောကုတ္တရာဆိုတာ လောက ဥတ္တရ။ လောကကို လွန်၍ လို့ အဓိပ္ပါယ်ရပါတယ်။ နောက်ပိုင်း ဘာသာရေးအနှစ်တွေကို သိရအောင် channel နဲ့ ချိတ်ထားလိုက်ပါ။ အဓိကက တရားအသိကို အခြေခံကစပြီး သိစေချင်လို့ပါ။  တရားဓမ္မလောက် စိတ်ကို အမြဲငြိမ်းချမ်းစေတဲ့ အခြားအရာ မရှိပါဘူး။ #naylin #နေလင်း

  • 23 июн.217из Naylin007007

    https://t.me/naylin00700/24

  • 18 июн.24951из naylin00700

    မလုပ်သင့်တာတွေ မလုပ်ဖို့ လိုတယ်။ အဓိကက မိမိရဲ့ အာရုံတွေကို ပစ္စုပ္ပန်မှာ ထားဖို့လိုပါတယ်။ အနာဂတ်ကို စိတ်ကူးယဉ်ပြီး မဖြစ်သေးတာတွေကို မစားရဝခမန်း ကြံစည်နေတာတွေဟာ တော်ရုံပဲ ကောင်းပါတယ်။ အဖြေမထွက်သေးရင် တွေးပါ။ အိုင်ဒီယာ မပေါ်သေးရင် ကြံစည်ပါ။ အဖြေတွေ့ရင် ရပ်ပါ။ တောင်စဉ်ရေမရ အတွေးနယ်ချဲ့မနေပါနဲ့။ မရပ်တန့်နိုင်ဘဲ စိတ်ကူးတွေထဲမှာ မျောနေရင် ထင်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ လောကဓံကို ခံနိုင်ဖို့ မလွယ်ပါဘူး။ လက်တွေ့ကျကျ ကြံစည် စဉ်းစားတာ အကောင်းဆုံးပါ။ အချက်အလက် အခိုင်အမာရအောင် ကြိုးစားစုဆောင်းပြီ လက်တွေ့ကျကျ စဉ်းစားတွေးတောတာပဲ ကောင်းပါတယ်။ ထို့အတူ ပြီးခဲ့တဲ့အတိတ်က အကြောင်းတွေကိုလည်း မနေမနား တွေးချည်းနေရင် လက်ရှိအချိန်မှာ ဘာကောင်းကျိုးတွေဖြစ်နေလည်း မသိလိုက်နိုင်တာကြောင့် တစ်ခါ ထပ်ပြီး ဆုံးရှုံးရနိုင်ပါတယ်။ အတိတ်မှာ အောင်မြင်ခဲ့တာတွေကို စဉ်းစားနေတာဟာ လက်ရှိအချိန်မှာ လိုအပ်ချက် ဖြစ်နေလို့ပါ။ လိုအပ်ချက်ကို ပြုပြင် ဖြည့်ဆည်းဖို့ပဲ လိုအပ်ပါတယ်။ အတိတ်ကို အာရုံထဲထည့်ပြီး ကြည်နူးနေလို့ မရပါဘူး။ ဒီလိုပဲ အတိတ်က မပြည့်စုံမှု အလိုမကျခဲ့မှုတွေကို တွေးပြီး နာကျည်း နေလို့မရသလို နောင်တရ ပူဆွေးနေလို့လဲ မဖြစ်ပါဘူး။ လက်ရှိ သာသာယာယာ ရှိနေနိုင်ပါလျှက် အတိတ်မှ အတိတ် ဆွဲကိုင်ပြီး အတိတ်အာရုံမှာပဲ သံယောဇဉ် ဖြစ်နေရင် ပစ္စုပ္ပန်မှာ ခံစားရမယ့် ကြည်နူးမှုတွေ လက်လွတ်သွားမှာပါ။ တကယ်က အတိတ်အကြောင်းတွေဟာ ရှိနေတော့တာ မဟုတ်ပါဘူး။ မရှိတော့တဲ့ ကိစ္စတွေ မရှိတော့တဲ့ အရာတွေကို ဆွဲကိုင် ချင်နေတာ ရူးခြင်း တစ်မျိုးပါပဲ။ အတိတ်က အတွေ့အကြုံ သံဝေဂ သင်ခန်းစာ တခုခု ရခဲ့ရင် ယူလိုက်ပါ။ အတိတ်အာရုံမှာပဲ တဝဲလည်လည် လုပ်မနေပါနဲ့။ အတိတ်က အာရုံတွေဟာ ဘာမှမရှိတဲ့ ကြမ်းပြင်တစ်ခုလိုပါဘဲ။ အမှိုက်သရိုက် ဘာမှမရှိတဲ့ ကြမ်းပြင်ကို ဘာမှ ရှင်းနေစရာ မလိုပါဘူး။ တခြားကိုယ်လုပ်စရာ ရှိတာ လုပ်နေသင့်တာမျိုးပါ။ ဒါကို အကြောင်းမရှိအကြောင်းရှာ သန့်ရှင်း‌အောင်ဆက်လုပ်နေရင် ကောင်းပါ့မလား။ အားအားရှိ ဘာမှမရှိတဲ့ ကြမ်းပြင်ကို လှဲကျင်းနေတဲ့ သူလောက် ရူးတာ ရှိပါ့အုံးမလား။ ဘာမှလုပ်လို့မရတဲ့ အတိတ်ကို အပ်ကြောင်းထပ် တွေးနေသူဟာ ဘာမှမရှိတဲ့ကြမ်းပြင်ကို ထပ်ခါတလဲလဲ လှဲကျင်းနေတဲ့သူနဲ့ ဘာထူးအုံးမှာလဲ။ အမှန်က လက်ရှိပစ္စုပ္ပန်မှာ ကြိုးစားပြီး အကွက်ကျကျ လုပ်နိုင်မှ အနာဂတ်ပစ္စုပ္ပန်မှာ အသီးအပွင့်ကို ခံစားနိုင်မှာပါ။ ယခု ပစ္စုပ္ပန် အပင်မစိုက်ရင် အနာဂတ်ပစ္စုပ္ပန်မှာ အရွက် အပွင့် အသီး အကိုင်း အခက် အရိပ် ရလာစရာ မရှိပါဘူး။ တခါက လင်မယားနှစ်ယောက်နဲ့ ခင်မင်ဖူးသည်။ မိန်းမဖြစ်သူက သူ့ယောင်္ကျား သူ့ကို ဂရုမစိုက်လို့ ဆိုပြီး အလွန်ပဲ မကျေမနပ် ဖြစ်နေသည်။ လင်မယားလည်း ဒီအကြောင်းခံပြီး စကားများကြသည်။ အချိန်အတော်ကြာကြာ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဘဲ နေခဲ့ကြသည်။ မိန်းမလုပ်သူမှာ စိတ်ကြီးလွန်းလို့ နှလုံးရောဂါတောင် ရသွားသည်။ အချိန်တစ်ခုရောက်လာတော့ ယောင်္ကျားဖြစ်သူက စိတ်ပြောင်းလာပြီး မိန်းမဖြစ်သူကို သွားတောင်းပန်သည်။ ချော့သည်။ ဒါကို မိန်းမက မကျေနိုင် ဖြစ်နေသည်။ သူမလည်း တော်တော် ခံစားခဲ့ရသည်ကိုး။ ယောင်္ကျား ပြောသမျှကို ဟိုတုန်းက ဘာဖြစ်ခဲ့တာ ညာဖြစ်ခဲ့တာလို့ဆိုပြီး အကန်ချည်း ပြန်ပြောသည်။ တော်တော်နဲ့ ပြေလည်မှုမရ။ လက်ရှိအချိန်မှာ ယောင်္ကျားက သူ့ကို တောင်းပန်စကားများ၊ ချော့မော့နေသည့်စကားများကိုပင် လက်မခံ။ နားမဝင်ပေ။ အကြောင်းကတော့ ထိုမိန်းမဟာ ယောင်္ကျားနဲ့ စကားမပြောခဲ့တဲ့ တစ်ချိန်လုံး အတွေးထဲမှာ မကျေမနပ်နဲ့ နေလာခဲ့တာကြောင့် အကျင့်ပါနေပြီး အတိတ်ထဲက မထွက်နိုင် ဖြစ်နေခဲ့တာပါ။ လက်ရှိအချိန်မှာ မရှိတော့တဲ့ အတိတ်က အဖြစ်အပျက်တွေကို ရှိနေသေးသယောင် ထင်နေတာဟာ ဆုံးရှုံးခြင်း တစ်မျိုးပါပဲ။ ထိုမိန်းမဟာ အဲ့ဒီအချိန်တုန်းက အချော့ခံချင်ခဲ့သည်။ လိုအပ်တဲ့အချိန်က ချော့မော့တာကို မခံခဲ့ရတော့ ဒါကို စိတ်အလိုမပြေဘဲ အတိတ်ကို ထပ်တလဲလဲ တွေးပြီး ယောင်္ကျားကို အတွေးထဲမှာပင် ရန်ရှာနေခဲ့သည်။ ထိုမိန်းမသည် သူ့ရဲ့ယောင်္ကျားကို သူ့ရဲ့ အတိတ် အတွေးထဲဝင်ပြီး ချော့စေချင်တယ်လို့တောင် ထင်မိသည့်အထိ သူ့ယောင်္ကျားကို အပြစ်တင်သည်။ ယောင်္ကျားလုပ်သူကလည်း အတိတ်ထဲဝင်ပြီး တောင်းပန်လို့မရ ချော့လိုမရတော့ လက်ရှိ အချိန်မှာပဲ တော်တော်သည်းခံ ချော့။ ကတိ‌တွေ အ၊ပ်ထပ်ပေးတော့မှ နောက်ဆုံး အဆင်ပြေသွားပါတယ်။ ဒါကိုကြည့်ရင် မိမိဟာ အတိတ်မှာ နေနေသလား။ အနာဂတ်မှာ နေနေသလား သုံးသပ်ရပါလိမ့်မယ်။ အတိတ်မှာ အာရုံရောက်နေရင်လည်း တရားမရနိုင်သလို အနာဂတ်မှာ နေလွန်းရင်လည်း တရားမရနိုင်ပါဘူး။ အတိတ်နဲ့အနာဂတ် အာရုံတွေဟာ တကယ်အရှိတရား မဟုတ်ဘူးလို့ သိမှ ပစ္စုပ္ပန်မှာ နေနိုင်ပါလိမ့်မယ်။ ဒီနေရာမှာ သိမှုက အရေးကြီးပါတယ်။ သိမှလည်း ဆုံးဖြတ်ချက်ချနိုင်မှာမို့ အသိဉာဏ်ပညာဟာ တရားရဲ့အစ ဖြစ်သလို တရားရဲ့ အဆုံးလည်း ဖြစ်ပါတယ်။ ပစ္စုပ္ပန်မှာ တည့်တည့် အသိဉာဏ်ပညာရှိရှိ နေနိုင်မှ တရားရပါလိမ့်မယ်။ #naylin #နေလင်း

  • 10 июн.2152из naylin00700

    လောကသဘာဝသည် လူနှင့် သတ္တဝါအပေါင်းတို့အား အလုံးစုံ လှည့်စားထားသည်။ လူနှင့် သတ္တဝါတို့သည် သဘာဝ၏ လှည့်စားထားသမျှကို မသိမမြင်ဘဲ လျှို့ဝှက်ချက်တို့ကို လှစ်လျူရှုလျှက် အပျော်ရှာနေကြရသည်။ ဘယ်မျှပင် ပျော်ရွှင်မှု ရှာသော်လည်း မပျော်ရွှင်ရဘဲနဲ့ ရခဲ့သည့် ဘဝတွေကို ဒီတိုင်း အဆုံးသတ်စေခဲ့ကြသည်။ တချို့မှာ ရခဲ့သည့်ဘဝမှ အမြတ်ရကြသော်လည်း တချို့မှာ အရင်း။ အများအားဖြင့် အရှုံးနဲ့သာ ရင်ဆိုင်ရပြီး နိမ့်ကျသော ဘဝများသို့ ရောက်ကြရသည်။ ရကြရသည်။  သဘာဝတရားတို့၏ လှည့်စားမှုကို သိမြင်သူ အနည်းငယ်သာ လောကမှ လွတ်မြောက်သွားကြသည်။ ဘယ်သူတွေလဲ။ သဘာဝက လူနဲ့ သတ္တဝါများကို ဘာတွေ လှည့်စားထားလဲ။ မိမိတို့ဟာ လက်ရှိ ဘဝရထားပြီမို့ ဘဝ ဖြစ်ရခြင်း။ ဘဝအကျိုးပေး။ ဘဝဖြစ်ရာ ဘုံဘဝတွေကို စိတ်မဝင်စားသည့်တိုင် သိထားသင့်သည်။ ဘဝတွေက ဒီတိုင်း ငြိမ်နေတာမဟုတ်တော့ အောက်တန်းကျတဲ့ ဘဝတွေ မရောက်ရအောင် သိထားသင့်ပါတယ်။ အမှန်တော့ သဘာဝက လှည့်စားတာမဟုတ်ဘဲ။ လူနှင့် သတ္တဝါတို့က သဘာဝကို နားမလည်ခြင်း။ မမြင်တတ်ခြင်း။ မျက်စိ မှောက်နေကြခြင်းသာ ဖြစ်ပါတယ်။ ဥပမာ မိုးခြိမ်းသံကို လူတိုင်း ကြားဖူးကြသည်။ မိုးခြိမ်းသံ ဘယ်မှာ ဖြစ်သလဲ။ မိုးခြိမ်းသံဟာ လျှပ်လက်တဲ့ နေရာမှာ ဖြစ်တာပါ။ လျှပ်လက်ပြီးတာနဲ့ မိုးခြိမ်းသံဖြစ်ပေါ်ပြီး အဲ့ဒီနေရာမှာပဲ မိုးခြိမ်းသံဟာ အပြီးအပြတ် ဖြစ်ပါတယ်။ ကျွန်တော်တို့ မိုးခြိမ်းသံကို ကြားရချိန်မှာ မိုးခြိမ်းသံဖြစ်ပေါ်တဲ့ အကွာအဝေးနဲ့ မိမိရဲ့ တည်ရှိတဲ့ နေရာပေါ်မူတည်ပြီး စက္ကန့်အနည်းငယ် ကွာခြားပြီးမှ ကြားရတတ်တာပါ။ လျှပ်လက်ပြီး မိုးခြိမ်းသံဟာ အဲ့ဒီနေရာမှာတင် အသံပြတ်သွားပေမယ့် ကြားခံလေထုရဲ့ သယ်ဆောင်မှုကြောင့် ကျွန်တော်တို့ မိုးခြိမ်းသံကို ပြန်ကြားရခြင်း ဖြစ်ပါတယ်။ ပထမဆုံး မိုးခြိမ်းသံရဲ့ အထောက်အပံ့ကြောင့် ကျွန်တော်တို့ ကြားလိုက်ရပေမယ့် အဲ့ဒီအသံဟာ တကယ့်မိုးခြိမ်းသံ အစစ်မဟုတ်တော့ပါဘူး။ လျပ်လက်စဉ်က ဖြစ်ခဲ့တဲ့ မိုးခြိမ်းသံရဲ့ ဖြစ်ပြီး ချုပ်ပြီးသား အသံ ဖြစ်နေပါပြီ။ သို့သော် ကျွန်တော်တို့မှာ ဒီအသံကိုပဲ မိုးခြိမ်းသံအဖြစ် လက်ခံ နားလည်နေကြရပါတယ်။ သဘောက တကယ် လက်ရှိ LIVE ဖြစ်နေတဲ့ အသံတွေကို ထိတွေ့နေရတာ မဟုတ်ပါဘူး။ သဘာဝအတိုင်း ဖြစ်ပြီး ချုပ်ပြီးတဲ့ အသံကိုသာ ထိတွေ့ခွင့်ရတာပါ။ ဒါကိုပဲ ငါတို့ကြားနေရတဲ့အသံအဖြစ် လက်ခံနေကြတာပါ။ လက်ရှိ စတိတ်ရှိုးတွေကိုရော ဘယ်လိုခံစားကြမလဲ။ အသံရဲ့ သွားနှုန်းက တစ်စက္ကန့်ကို ပေ ၁၁၀၀ ရှိပါတယ်။ ဓါတ်မီးတိုင် ၁၁ တိုင်လောက်ရှိတဲ့ အကွာအဝေးပေါ့။ စတိတ်ရှိုး ဧရိယာက ဓါတ်မီးတိုင် ၂ တိုင်အတွင်းမှာပဲ ရှိပါတယ်။ တစ်စက္ကန့်ရဲ့ ၅ ပုံ ၁ပုံအတွင်းမှာပဲ ရှိတာ ဆိုတော့ sound box က အသံကို အချိန်မခြား ကြားလိုက်ရသလိုပါပဲ။ အသံရဲ့ သဘာဝက သိပ်မြန်ပါတယ်။ ဒါကို သေချာပြန်သုံးသပ်ရင် sound box က စပီကာရဲ့ အသံဟာ စပီကာကနေ အသံတုန်ခါပြီး ထွက်ပြီးတာနဲ့ အပြီးအပြတ်ပါ။ နောက်ထပ် အကွာအဝေးတိုင်းမှာ ကြားရတဲ့အသံက ကြားခံ လေထုရဲ့ သယ်ဆောင် ထောက်ပံ့မှုကြောင့် ကြားရတဲ့ အသံများပါပဲ။ (သဘာဝ ဖြစ်ချုပ်ပုံ အခြေခံကို သိစေချင်လို့ပါ) ဒီလို ဖြစ်ပြီး ချုပ်ပြီး အစစ်မဟုတ်တော့တဲ့ အသံတွေပေါ်မှာပဲ လူတွေဟာ သာယာနေကြတယ်။ ဒေါသဖြစ်နေကြပါတယ်။ ဒါကိုပဲ ဘဝ လုပ်နေကြပါတယ်။ ကြည်နူးနေကြပါတယ်။ တနုံ့နုံ့နဲ့ ကြေကွဲနေကြပါတယ်။ ဒါကိုပဲ အနှစ်သာရလို့ ထင်နေကြပါတယ်။ ဒီသဘောတရားကို ချဲ့ယူတွေးရင် အာရုံငါးပါးဟာ မသိရင် နှစ်သက်စရာ ဖြစ်လာပါတယ်။ သိရင် တပ်မက်စရာ မဖြစ်တော့ပါဘူး။ ဒါဆိုရင် အာရုံငါးပါးကို မခံစားရတော့ဘူးလားလို့ မေးစရာရှိပါတယ်။ ခံစား နိုင်ပါတယ်။ စွဲလမ်းနိုင်ပါတယ်။ ကိုယ်ထင်သလို စွဲမရဘူးလို့ပဲ သိထားရမှာပါ။ မိသားစုတိုင်းမှာ အဖိုးအဖွား အဖေအမေ ညီအစ်ကိုမောင်နှမ အသီးသီးရှိကြတယ်။ မိသားစုတိုင်းမှာ သေဆုံးပြီးသူတွေ ရှိတတ်ကြတယ်။ သိပ်ငယ်သူတွေမှာတော့ သူတို့ချစ်တဲ့သူတွေ သေဆုံးလို့ ခံစားနေရတာမျိုးတော့ ရှိချင်မှ ရှိနေပါလိမ့်မယ်။  ကျွန်တော်ရဲ့ အဒေါ်မှာ သိပ်အစွဲအလမ်းကြီးပါတယ်။ သူ့အမ ကျွန်တော့အမေ ဆုံးတာ ၈ နှစ်ရှိပါပြီ။ အခုထိ စကားပြောရင်း အမေ့အကြောင်း ပါလာရင် ငိုနေတုန်းပါ။ အဒေါ်ကိုကြည့်ရင် အမေ့ကို ချစ်လို့ စွဲလမ်းနေပါတယ်။ အမေက တမလွန်မှာပါ။ အဒေါ် ဘယ်လောက်ပဲ အမေ့ကို စွဲလမ်းနေပါစေ စွဲလို့မရပါဘူး။  လူအများက အာရုံငါးပါးအပေါ်မှာ လိုအပ်တာထက်ပိုတဲ့ စွဲလမ်းမှုတွေကြောင့် ဒုက္ခရောက်ကြရပါတယ်။ ရှေ့မှာ လူတွေ သေနေကြတာ တွေ့နေရပေမယ့် ငါလည်းသေမှာလို့ တွေးတဲ့သူနည်းပါတယ်။ လူဆိုတာ သေမျိုးချည်းပဲ။ သေရင်ကိုယ့်နောက် ဘာမှမပါဘူးလို့ နှုတ်ကနေ ပြောနေပေမယ့် စိတ်ထဲ ထိထိခိုက်ခိုက် သံဝေဂရသူ နည်းပါတယ်။ သဉာသိကို တကယ်သိထင်ပြီး ပြောဆိုနေကြတာသာ ဖြစ်ပါတယ်။ သေရင်ကိုယ့်နောက် ဘာမှမပါဘူးလို့ ပြောပြီး အလျူကြီးတွေ ပေးနေကြပေမယ့် တမလွန်ကောင်းစားရေး ရမက်နဲ့ လျူနေကြတာ တွေ့ရပါလိမ့်မယ်။ သေရင်ကိုယ့်နောက်ပါမှာ "ကုသိုလ်" ပဲရှိတယ်ဆိုတဲ့ စကားက သက်သေခံပါတယ်။  အချုပ်အားဖြင့် အာရုံငါးပါးကို တကယ်အစစ်မဟုတ်ဘူးလို့ နှလုဲးသားထဲက နက်နက်ရှိုင်းရှိုင်းသိဖို့နဲ့ မစွဲလမ်းဖို့ သိစေချင်တာပါ။ တကယ်က သိသွားရင် မစွဲလမ်းတော့ပါဘူး။

  • https://t.me/naylin00700/18

  • 23 мая3356из naylin00700

    အာရုံကိုသိတဲ့ ဘယ်အာရုံကို ပြောတာလဲ။ အပြင်ဘက်က မိမိစိတ်ထဲကို တခုခုကြောင့် တိုက်ဆိုင်လို့ ပေါ်လာတဲ့ အာရုံတွေကို သိရမှာပါ။ အာရုံတွေဟာ ချစ်ခြင်း မုန်းခြင်း ကောင်းခြင်း ဆိုးခြင်းတွေထဲက တခုခု ဖြစ်နိုင်ပါတယ်။ အာရုံတွေက တိုက်ဆိုင်လို့ ဖြစ်လာတာကြောင့် အဖြစ်တရားတွေ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတော့လည်း စိတ်မှာ ဖြစ်လာတာကြောင့် အကောင်အထည်ဒြပ် မရှိ။ သတ္တဝါလို့ ခေါ်စရာ မရှိ။ ထိလို့ကိုင်လို့မရ။ သိလို့သာ ရတာကြောင့် ပုံရိပ်သက်သက်သာ ဖြစ်ကြပါတယ်။ သာမာန်အားဖြင့် အာရုံမှာ ဖြစ်တဲ့ ပုံရိပ်တွေကို တကယ်သတ္တဝါလို့ ခံစားလိုက်ကြတာကြောင့် စိတ်မှာ ပူခြင်းအေးခြင်းတွေ ဖြစ်လာရပါတယ်။ အကယ်၍သာ အာရုံမှာ ပေါ်လာသမျှ ပုံရိပ်တွေကို ပုံရိပ်တွေလို့ပဲ သိထားမယ်။ သိလိုက်မယ်ဆိုရင် ဘယ်သူမှ ပုံရိပ်တွေပေါ်မှာ အမှန်တကယ် ခံစားနေမှာ မဟုတ်ပါဘူး။ တချို့ဆိုရင် ရုပ်ရှင်တွေကြည့်ပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျတတ်ကြပါတယ်။ ကျွန်တော်တို့လည်း ကျခဲ့ဖူးပါတယ်။ လိုတာထက်ပိုတဲ့ သူတွေကို တွေ့ဖူးပါတယ်။ ဘေးက အချင်းချင်းတောင် ရုပ်ရှင်ပါကွာ တကယ်မှမဟုတ်တာ အဲ့လောက်ကြီး ခံစားမနေပါနဲ့လို့ နှစ်သိမ့်ပေးနေရတဲ့အထိ တွေ့ဖူးခဲ့သလို ကိုယ်တိုင် မျက်ရည်တွေဖြိုင်ဖြိုင်ကျနေရင် ကိုယ့်ဘာသာ သတိနဲ့ ထိန်းခဲ့ရဖူးပါတယ်။ တကယ်အရှိ မဟုတ်တာကို တကယ်ရှိသလို လုပ်နေကြလို့ လူတွေဟာ သောကတွေကြားမှာ အမှောင်ဖုံးနေကြပါတယ်။ ဒါကိုပဲ ရူးတာလို့ဆိုရင် ဘယ်သူတွေ လွတ်အုံးမှာလဲ။ ကျွန်တော်တို့ ရပ်ကွက်ရဲ့ ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ လမ်းမတစ်နေရာမှာ အသက်အရွယ် ကြီးကြီး အဖိုးအို တစ်ယောက် ရှိပါတယ်။ ‌လမ်းဘေးအိပ် လမ်းဘေးစားပါ။ ရေချိုးမယ့် အရိပ်အယောင် မမြင်ရတာကြောင့် အဖိုးအိုဟာ မဲသည်း စုတ်ပြတ်နေပါတယ်။ သူ့နားမှာတော့ ညစ်ပတ်နေတဲ့ အိတ်မျိုးစုံနဲ့ ပစ္စည်းမျိုးစုံကိုလည်း ထည့်ထားတတ်ပါတယ်။ အိတ်ထဲက ပစ္စည်းတွေကတော့ လူတကာအမြင်မှာ သုံးမရတော့တဲ့ ပစ္စည်း အစုတ်အပြတ်တွေပါ။ ဒီပစ္စည်းတွေကို အဖိုးအိုဟာ သူသွားတဲ့ နေရာတိုင်းကို သယ်သွားတတ်ပါတယ်။ ဘယ်လိုကြောင့်လဲ။ တွေးကြည့်လိုက်တော့ အဖိုးအိုစိတ်ထဲမှာ အမှိုက်တွေဟာ သူ့အတွက် တန်ဖိုး တခုခု ရှိနေတယ်ထင်လို့ ကိုယ်နဲ့မကွာ သယ်ဆောင် သွားနေတာပဲ ဖြစ်ပါတယ်။ အဖိုးအိုရဲ့ အထင်သာဖြစ်ပြီး တကယ်တန်ဖိုးမရှိတာ လူတကာသိနေကြပါတယ်။ ဒါဆို အာရုံကို အရှိထင်ပြီး ချစ်ခြင်းမုန်းခြင်းတွေနဲ့ သောကတွေကို တခုတ်တရ ခံစားနေကြတဲ့ ကျွန်တော်တို့နဲ့ အမှိုက်တွေကို သိမ်းပိုက်ထားတဲ့ အဖိုးအိုနဲ့ ဘာတွေများ ကွာနေမှာလဲ။ စဉ်းစားကြည့်ပါ။ ဘာမှကွာမနေပါဘူး။ သို့သော် အဖိုးအိုမှာ စိတ်မူမမှန်တဲ့ အ‌ခြေအနေကြောင့် အမှိုက်တွေကို စွန့်ပစ်ဖို့ ခက်ပေမယ့် ကျွန်တော်တို့မှာ သာမန်အသိရှိနေတာကြောင့် အာရုံမှာထင်လာတဲ့ ပုံရိပ်တွေကို ပုံရိပ်တွေလို့ သိခွင့်ရှိနေပါတယ်။ ဒီလိုသာ ပုံရိပ်တွေကို ပုံရိပ်တွေလို့ ပြတ်ပြတ်သားသား သိလိုက်မယ်ဆိုရင် အာရုံမှာ ထင်လာမယ့် ပုံရိပ်တွေဟာ ကျွန်တော်တို့ စိတ်ထဲကို ပူခြင်းအေးခြင်းတွေ ရောက်လာအောင် မလုပ်နိုင်ပါဘူး။ ခိုင်ခိုင်မာမာ လက်တွေ့သိဖို့တော့ ကြိုးစားရပါလိမ့်မယ်။ #နေလင်း

  • https://youtu.be/i9-xzKr3uAk?si=_BmAbbrVlSvCzkDj ထောက်ပို့အတွက် VPN ခံပြီး အချိန်ယူ ကြည့်ပေးကြပါ။ ထောက်ပို့တာကို ဝင်မလုပ်ဘဲ တော်လှန်ရေးကို နိုင်ချင်လို့ မရပါဘူး။ တော်လှန်ရေးကို ဘေးကနေ အားမရဘူးလို လေနဲ့ ပြောနေလို့ မရပါဘူး။ အားလုံးအတူတူ အားစိုက်ရပါလိမ့်မယ်။ အခုဆို ရန်ကုန်အနှံ့ wifi တွေ တွင်ကျယ်နေပါပြီ။ တော်လှန်ရေးကို ထောက်ပို့ရင်း အားစိုက်ကြရအောင်...။

  • 2 мая3257из htainlinnay7497

    စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ ရဲဝင်းဦးကို သမ္မတဆိုတဲ့ ကောင်က အရေးယူဖို့ အစီအစဥ် ရှိပါ့မလား။ အခုတော့ သမ္မတအမိန့်အရဆိုတဲ့ ကိစ္စတွေရယ် စစ်တပ်က လုပ်ချင်ရာလုပ်နေတာတွေအတွက်ပါ တာဝန်ပိုရှိလာပြီး လည်ပင်းက ကြိုးကွင်းဟာ တစ်ရက်ထက်တစ်ရက် ပိုပိုတင်းတင်း လာနေပြီ... 🦶🦶🦶

  • 28 апр.3408из htainlinnay7497

    မြန်ပြည်ဖြစ် တရုတ်ထုတ်ကုန်...

  • 21 апр.3389из htainlinnay7497

    သူငယ်ချင်း မင်းမှာ Facebook acc ရှိလား... ရှိတယ်...သူငယ်ချင်း... ငါ့မှာဆို Facebook acc လေးခုတောင်ရှိတယ်... များလှချည်လား... များဆို...စစ်ခွေးတပ်နဲ့ မင်းအောင်လှိုင်ကို လှည့်ဆဲဖို့ ဖွင့်ထားတာ...တစ်ကောင့်မှမကျသွားဘူး... ဟုတ်လှချည်လား... ဟုတ်ရမယ်လေ...ငါတို့ကသာ Facebook acc တွေနဲ့ သာယာနေတာ... တချို့ဆို Facebook acc ဖွင့်ရရင်တောင် ကြာကြာမခံဘူး ငါ့ကောင်ရေ...လူရာသွင်း မခံရတာပေါ့ကွာ...အသံ​ကြားတာနဲ့ ဖြုတ်ချတာ ငါ့ကောင်...သူခမျာ ငပေါကြီးကို ဖြစ်လို့ဟေ့...တချို့တွေ...တချို့တွေ... 😂😂😂

  • 20 апр.3207из htainlinnay7497

    ထိုင်းက မင်းအောင်လှိုင်နဲ့ ဆက်ဆံနေတာ တခြား မထင်နဲ့။ ထိုင်းနဲ့ အဆင်မပြေရင် ထိုင်းကို စောက်ရူးက အပျင်းပြေ လက်နတ်ကြီးနဲ့ ထိုင်ပစ်နေရင် ထိုင်းပြည်သူတွေက သူတို့အစိုးရကို အော်မှာလေ။ နောက်တစ်ကြိမ် ရွေးကောက်ခံရဖို့ မလွယ်တော့ဘူး။ ဒါကြောင့် သူတို့ ပြည်သူ့အသံကိုကြောက်ပြီး မြန်မာပြည်သူတွေ ဘယ်လောက်အော်အော် ဂရုမစိုက်ဘဲ ဆက်ဆံနေရတာ။ သူတို့က ပြန်ပစ်လို့တော့ရတယ်။ မင်းအောင်လှိုင်က ထပ်ပစ်ခိုင်းမှာပဲ။ အောက်ကစစ်ခွေးတွေ သေလည်း ဂရုစိုက်မှာ မဟုတ်တာကို ထိုင်းကသိနေတော့ ခွေးရူးနဲ့ပြိုင်မကိုက်ရဲဘူးလေ။ ဒါကြောင့် အစဥ်လာမပျက် ဆက်ဆံနေရတာကို နားလည်ဖို့လိုတယ်။ ဒါကို စောက်ရူးက အသိအမှတ်ပြုတယ်ဆိုပြီး စလွယ်ကြီးလွယ်ပြီး ဓာတ်ပုံအရိုက်ခံအုံးမယ်။ ခွေးရူးနဲ့လည်ပါတ် လိုက်လည်းလိုက်ပါတယ်။ ဘောမတွေ စောက်ထင်ကြီးနေမှာစိုးလို့ နှိမ်ထားတာ... 😂😂😂

  • 20 апр.2078из htainlinnay7497

    သမ္မတကြီးကို နေအိမ်အကျယ်ချုပ်လို ပြန်ထားလိုက်တာဟာ... သမ္မတကြီးရဲ့ ပြည်သူ့အပေါ် သြဇာသက်ရောက်မှုကို မင်းအောင်လှိုင် ကြောက်နေသလို... သမ္မတကြီးလို့ အသိအမှတ် ပြုလိုက်တာပါပဲ... အတုနဲ့အစစ် အရှိန်အဝါချင်းက ကွာပါတယ်... 😱😱😱

  • 20 апр.2055из htainlinnay7497

    သမ္မတကြီး ဦးဝင်းမြင့် လွတ်လာပြီး အမေစုသတင်း ဘာမှမကြားရတာ ဘာလို့လဲ။ တော်တော်ရွံစရာကောင်း သလို တော်တော်လည်း ကြောက်နေကြတဲ့ အခြေအနေလို့ မြင်မိပါတယ်။ မတရား ထောင်ချထားတယ်ဆိုတော့ အမေစု အမှုတွေကို ကြည့်ပါတဲ့။ တော်တော်လည်း ရယ်ချင်ပါတယ်။ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်နေကြတာ ရှင်းနေတာပါပဲ။ ဆိုချင်တာက အပြစ်ရှိတယ်လို့ ယူဆလို့ အပြစ်ပေး ထောင်ချထားပြီပဲ။ ထောင်သားအခွင့်အရေး ဖြစ်တဲ့ ပစ္စည်းပို့ခွင့် လူတွေခွင့်တွေ ဘာကြောင့် မပေးတာလဲ။ မင်းတို့ မာန်ထောင်နေကြတဲ့ ယောင်္ကျားကွ။ ယောင်္ကျားထဲမှာ စစ်သားကွ ဆိုတဲ့ မာန်တွေ အမေစု အရိပ်အောက်မှာ ပြားပြား ဝပ်ကုန်ကြပြီမလား။ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာ ကိုယ်အသာစီးရလို့ ဟောင်တဲ့စကား။ မှန်မှန်ကန်ကန်တော့ မလုပ်ရဲဘူးလေ။ ထင်ရှားနေတာပဲ။ အမေစုနဲ့ ပြင်ပနဲ့ အဆက်အသွယ်ရသွားရင် တော်လှန်ရေး အရှိန်မြင့်မှာ စိုးရိမ်လို့လား။ လေတပ်နဲ့ ရေတပ်နဲ့ အကျောပေးထားတဲ့အပြင် ပစ တွေပါ အပိုပေးထားသေးတာပဲ။ ယောင်္ကျားချင်း တိုက်မရဲလို့ ပြည်သူချစ်တဲ့ မိခင်ကို ပြန်ပေးဆွဲထားကြတာလား။ အမေစု လွှတ်ပေးလိုက်လို့ တော်လှန်ရေး ပိုပြီး အင်အားကောင်းလာမယ် ဆိုတာက စစ်ခွေးမင်းတို့ အထင်နဲ့ ကြောက်နေတာပါ။ တော်လှန်ရေး ပြီးသွားတာလည်း ဖြစ်နိုင်တာပဲလေ။ ဘာလို့ အဆိုးချည်းတွေးပြီး ကြောက်နေကြတာလဲ။ တကယ်လို့ တော်လှန်ရေး ပိုပြင်းထန်လာရင်လည်း ပြန်တိုက်လေ။ ဘာကြောက်နေကြတာလဲ။ ရှုံးမယ်ဆိုတာ သိနေလို့ အမေစုကို မလွှတ်ပေးရဲကြတာလား။ လွှတ်ပေးပေး မပေးပေး စစ်ခွေးတပ်က ကျရှုံးမှာ ကျိမ်းသေပဲ။ ရှုံးမှာ သေချာလို့ အညှာကိုင်ပြီး စောင့်နေတာပေါ့။ နိုင်မယ်ထင်ရင် ဖွင့်ကစားမှာပေါ့။ ဒါဆို အမေစုလွှတ်ဖို့ ဘာလို့ ပြောနေရသလဲလို့ မေးစရာရှိတယ်။ ခွေးမျိုးတွေက လူကြီးမှန်းမသိ ဘာမသိနဲ့ မတရားသဖြင့် ချုပ်နှောင်ထားခံရတဲ့ အမေစုကို တို့ပြည်သူတွေက သနားလို့သာ ပြောနေရတာ။ မင်းတို့ အာဏာရူးပြီး လူကြီးမှန်းမသိ ရက်စက်နေတာကို ငါတို့က ကြည့်မနေနိုင်ဘူး။ တနည်းနည်းနဲ့ လုပ်စရာရှိတာ လုပ်နေမှာပဲ။ အချိန်တန်ရင် ကိစ္စအားလုံး ပြီးသွားလိမ့်မယ်။ အခုတော်လှန်ရေးက အမေစုနဲ့ ဘာမှ မပါတ်သက်ဘူး။ အမေစု မတရားအဖမ်းခံရပြီးမှ ဖြစ် လာတဲ့ တော်လှန်ရေးဆိုတော့ အပြင်မှာ ဖြစ်နေတာ အမေစု ဘာမှမသိဘူးလို့ ပြောရမှာပဲ။ စစ်ခွေးတွေက ထောင်ချောက်ဆင်ပြီး သွားပြောထားရင်တော့ ကိုယ့်အကြောင်းဘဲ။ တော်လှန်ရေးက တကယ်ဆို အမေစုနဲ့ ဘာမှမဆိုင်ဘူး။ တကယ် စောက်ကျင့်ယုတ်ချင်နေရင်တောင် အိန္ဒြေတော့ထား​ကြလေ။ သူတပါး မရိပ်မိအောင်လုပ်လေ။ အခုတော့ အားလုံးသိနေတဲ့ အောက်တန်းကျကွက်တွေနဲ့ လုပ်ထားတာ မရှက်ကြဘူးလား။ စစ်ခွေးတွေက မရှက်တတ်ကြသလို တော်လှန်ရေးကိုလည်း နိုင်မှာ မဟုတ်ဘူး။ အခုချိန်မှာ တရုတ်ကျွန်ခံပြီး ငြိမ်နေနိုင်တာကို နိုင်တယ်မထင်နဲ့။ ကမ္ဘာကြီးက လှုပ်နေတာ။ အခြေအနေ တစ်ချက်ပြောင်းလို့ တရုတ်ပျက်တာနဲ့ စစ်ခွေးတပ်ပြိုမှာပဲ။ စစ်ခွေးတွေအသိဆုံး။ သူတို့တပ်ထဲက ဆရာမွေး တပည့်မွေးကောင်တွေ ဆရာသေရင် တပည့်ပါ ကာလနာတိုက်တာ သူတို့အသိဆုံး။ သူတို့ ဘောမတွေ ပြောတာ ရှိပါသေးတယ်။ ထမိန်အောက်က ထွက်ခဲ့တဲ့။ ငါတို့က အမေ့ကို ချစ်လို့ ထမိန်အောက် နေတယ်ဆိုရင်တောင် မင်းတို့ အဘတွေက အမေ့ကို ကြောက်လို့ ထမိန်အောက် ဝင်ပုန်းနေတာ မျက်နှာတွေမှာ စောက်ရည်တွေပါ ရွှဲနေပြီ ခွေးသားအပေါင်းတို့... #ထိန်လင်းနေ

  • 18 апр.188161из htainlinnay7497

    သမ္မတကြီး လွတ်လာတော့ ဝမ်းသာရတယ်...ဒီဝမ်းသာမှုက အတုကြီး... ခွေးမသား မင်းအောင်လှိုင်ရဲ့ လက်နတ်အားကိုး...နောက်လိုက်ခွေးတွေရဲ့ အသိဥာဏ် မဲ့မှုကြောင့်သာ မတရားသဖြင့် ထောင်ထဲ ရောက်ခဲ့ရတာကြောင့် ဝမ်းသာရမယ့်အချိန် မဟုတ်ဘဲ ဝမ်းသာလိုက်ရတာ... တကယ်က ပြီးခဲ့တဲ့ ငါးနှစ်မှာ အမေစုနဲ့သမ္မတကြီးတို့ နိုင်ငံအတွက် အလုပ်ကို သေသေချာချာ လုပ်လိုက်ရရင် အနည်းဆုံး ကိုဗစ်ကစလို့ လူတွေ အစုလိုက်အပြုံလိုက် သေတာမျိုးဖြစ်လာမှာ မဟုတ်ဘူး... စည်းစိမ်းတွေ ပျက်စီးရမယ့် ရွာမီးရှို့ ခံရတာတွေ ဗုံးကြဲ ခံရတာတွေ ဖြစ်မှာ မဟုတ်ဘူး... နိုင်ငံသားတွေ အသားလွတ်ကြီး သတ်ဖြတ်ခံရမှာ မဟုတ်ဘူး...ဥပဒေအကာအကွယ်ရှိနေတော့ သတ်ရဲဖြတ်ရဲမှာ မဟုတ်ဘူး... ​နောက်​ပြီး ထိုင်းမှာလို နိုင်ငံတကာမှာရှိတဲ့ မြန်မာနိုင်ငံသားတွေလည်း မျက်နှာငယ်ကြ... အဖမ်းခံကြရမှာ မဟုတ်ဘူး...သမ္မတကြီးတို့ရဲ့ မားမားမတ်မတ် ရပ်တည်မှုကြောင့် သက်ဆိုင်ရာ နိုင်ငံအစိုးရတွေက မြန်မာနိုင်ငံသားတွေကို ဂရုစိုက်ကြမှာပဲ... မြန်မာလူငယ်အချင်းချင်း တိုက်ကြတဲ့ တိုက်ပွဲဆိုတာဟာလည်း ဖြစ်လာမယ်လို့ စိတ်ကူးမိမယ်တောင် မဟုတ်ပါဘူး... PUBG လောက်မှာပဲ တိုက်နေကြမှာပါ... နိုင်ငံအေးချမ်းမှုရဲ့ အရသာကို အပြည့်အဝ ခံစားနေရမယ့် အချိန်တွေပါ... အခုတော့ ခွေးစိတ်ပေါက်နေတဲ့ အကောင် တစ်ကောင်ကြောင့် အလုံးစုံ ပျက်စီးခဲ့ရတယ်... ဒင်းသေမှ အေးမှာပါ... ဒင်းတင်မက ဒင်းရဲ့အဖွဲ့ရော ဦးဏှောက်မရှိ ထောက်ခံနေသူတွေပါ ရပ်တည်ခွင့်မရမှ နိုင်ငံအေးချမ်းမှာပါ... သမ္မတကြီးကို NUG နဲ့ ပါတ််သက်ပြီး သဘောထားပေးအောင် ထောင်ချောက်ဆင်ကြလိမ့်အုံးမယ်... တော်လှန်ရေးနဲ့ ဆက်စပ်ပြီး ကျုံးသွင်းကြလိမ့်အုံးမယ်... သဘောထားသေးသိမ် အောက်တန်းကျတဲ့ စစ်ခွေးတပ် အဖွဲ့အစည်းပါ... (သမ္မတကြီးကတော့ စစ်ခွေးတပ်ရဲ့ ဆိုက်ဝါးတွေကို ပါးပါးလေး ပုတ်သွားမှာ မြင်ယောင်မိပါသေးတယ်...) ဒါကြောင့် သမ္မတကြီးလွတ်မြောက်လာတာ ဝမ်းသာပါတယ်... ဝမ်းသာစရာ အကြောင်းစစ် အကြောင်းမှန် မဟုတ်လို့ မင်းအောင်လှိုင် လုပ်ရပ်ဟာ ကျေးဇူးတင်စရာမဟုတ်ပါဘူး... ကျေးဇူးလည်း မတက်ပါဘူး... ပြည်သူဆန္ဒ... တော်လှန်ရေး ဖိအားနဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့ ဖိအားပေးမှုကြောင့်သာ သမ္မတကြီးကို လွှတ်ပေးပြီး နိုင်ငံတကာကို အချိုကျွေးကြည့်တဲ့ သဘောပါ... ခွေးသား ကျမ်းသစ္စာ ဆိုပြီးချိန် နိုင်ငံတကာက ထောက်ခံ...အာဆီယံက အသိအမှတ် ပြုခဲ့ရင် သမ္မတကြီးကို သိတောင်ရမှာ မဟုတ်ပါဘူး...တော်လှန်ရေးကို ဦးဆောင်နေတဲ့ ပြည်သူတွေကြောင့်သာ အောင်မြင်ခဲ့တာပါ... အပြစ်သားတစ်ယောက်လို သတင်းထုတ်ပြန်ချက်ကိုလည်း စိတ်နာပါတယ်... မင်းအောင်လှိုင်မှာ သဘောထားကြီးတာမျိုး မရှိတာ နားလည်ထားပါ... သက်သက်ခိုင် အဖြစ်မျိုးက နမူနာပါပဲ... ပြည်သူ့သမ္မတစစ်စစ် ဦးဝင်းမြင့် ကျန်းမာပါစေ... နိုင်ငံ့ကောင်းကျိုးတွေကို သက်ဆုံးတိုင် ဆောင်ရွက်နိုင်ပါစေ... #ထိန်လင်းနေ

  • 17 апр.18810из htainlinnay7497

    နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်က ဦးဝင်းမြင့်ပဲ မအေလိုး မင်းအောင်လှိုင်က မအေလိုးပဲ တစ်ပြားမှ မလျော့ဘူး 😂😂😂

  • 17 апр.2738из htainlinnay7497

    TNLA လုပ်ချင်တာ လုပ်မယ်ဆိုလည်း တော်လှန်ရေး ခေါင်းစဉ် မတပ်သင့်ပါ။ တော်လှန်ပြည်သူ‌ တွေ ကိုလည်း တော်လှန်ရေး ဂတိတွေမပေးသင့်ပါ။ စစ်ခွေးတပ်နဲ့ ပေါင်းတာက သူတို့ဗျူဟာဆိုရင် နဂါးဗျူဟာလို့ ပြောချင်တာလား။ လုပ်ချင်တိုင်းလုပ်နေတာကို နားလည်ပေးနေရရင် တော်လှန်ရေးဆိုတာ နာမည်တောင် ကျန်မှာမဟုတ်တော့ဘူး။ MNDAA က TNLA တိုက်တဲ့အခါကျတော့ အားကိုးရှာတဲ့အခါ တရုတ်ကလည်း အားကိုးမရ။ ပြည်သူကလည်း မိုးကုတ်ကိစ္စကတည်းက အမြင်မကြည်တော့ နိုင်ငံရေး စစ်ရေးမှာ ကျရှုံးသွားတာ သိသွားပြီ။ ဒီတော့ နောက်ခံအမာခံရှာရင်း အားနည်းနေတဲ့အချိန် စစ်ခွေးတပ်က အင်အားသုံး ဗုံးကြဲမှာ ကြောက်တာနဲ့ စစ်ခွေးတပ်ဘက် ယိမ်းသွားတာ ဆိုရင် အခြေအနေက နီးစပ်လိမ့်မယ်။ စိတ်မမှန်တဲ့ TNLA တပ်ကို တအောင်း ပြည်သူတွေကပါ ရှုံ့ချနေကြပြီ။ တအောင်းနယ်မြေမှာ မင်းအောင်လှိုင်လို မတရားမှုတွေ ပေါ်ပေါက်လာမှာ မြင်ယောင်သေးတယ်။ ခွေးနဲ့ပေါင်းရင် ခွေးစိတ်ပေါက်မှာ အမှန်ပါဘဲ။ ကျွန်တော်တို့ ဆဲခဲ့ကြတာ မှန်နေတာပဲ။ ဆဲရကျိုးနပ်ပါတယ်။ #ထိန်လင်းနေ

  • 17 апр.1763из htainlinnay7497

    မင်းအောင်လှိုင် အစိုးရအဖွဲ့ကို ယခင်ရာထူးများနဲ့ ဖော်ပြရင် ဘယ်လိုဖြစ်နေမလဲ... စစ်ခွေးအုပ်စုဆိုတာပဲ ပေါ်လာလိမ့်မယ်... 😂😂😂