သူရိန်
Статистика- Последний пост
- 14 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 16
- Всего постов
- 29
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 183
- 1/48двое суток
- 209
- 1/72трое суток
- 226
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
သြဂုတ် ၁၃ ကြာသပတေး မနက် USDP ပြည်ထောင်စုနယ်မြေ Bulletin ; နိုင်ငံတကာထူးခြားသတင်းမှာ - ရုရှားနိုင်ငံအတွင်းသို့ လေကာစနစ်များအားဖြတ်ကျော်ပြီး ကီလိုမီတာ ၁၂၀၀ အကွာအထိ ယူကရိမ်းဒရုန်းများဝင်ရောက်တိုက်ခိုက်သဖြင့် နစ္စနီကမ့် မြို့ရှိ ရေနံချက်စက်ရုံမီးလောင်ပေါက်ကွဲ ၊ ဥဇဘက် လုပ်သား ၇ ဦးအပါအဝင် ၁၃ ဦးသေ ၊ ၇၅ ဦးဒဏ်ရာရသည်။ ယူကရိမ်းစစ်မြေပြင် Krush ဒေသ သို့ မြောက်ကိုးရီးယား ခြေလျင်တပ်သား ၅၀၀၀၀ ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာ ၅၀၀၀ ၊ မိုင်းပညာရှင် ၁၀၀၀ ၊ အကြီးစားပဲ့ထိမ်းဒုံး ၁၂၀ စေလွှတ်ထားသည်။ ဇော်မျိုးထိုက် အမည်ရှိ မြန်မာသင်္ဘောသား ၁ ဦး ၊ ပါကစ္စတန် ၁၀ ဦး ၊ အင်ဒိုနီးရှား ၄ ဦးတို့ပါဝင်သော HONOR 35 အမည်ရှိ ရေနံစည် ၂၀၀၀၀ ပါ သင်္ဘော ၊ ဆိုမာလီ ပင်လယ်ဒါမြများက ပြန်ပေးဆွဲ၍ ဒေါ်လာ ၁၀ သန်းတောင်းနေရာ ၊ ၂ လကြာသည်အထိ ညှိနှိုင်းနေ၍ ဒါးစာခံများ စားရေရိက္ခာပြတ်တောက်နေသည်။ အင်ဒိုနီးရှားမြောက်ပိုင်း ဒန်ဂျန်ဘာလာမြို့ တွင် ကျောင်းဆရာမ လင်မယားက အသက် ၁၂ နှစ်အရွယ် မိဘမဲ့ကောင်လေးအား အိမ်ခေါ်ပြီး အဓ္ဓမပြုကျင့်မှု့ ပေါ်ပေါက်၍ ဒေသခံများက ဝိုင်း၍သတ်ဖြတ်ရန်ကြိုးပမ်းစဥ် ရဲ က ခေါ်ထုတ်ပြီး အချုပ်ချထားလိုက်ရသည်။ ပြည်တွင်းထူးခြားသတင်းမှာ - ရန်ကုန်မြို့ပေါ် ၇ မြို့နယ် ဝမ်းပျက်ဝမ်းလျှောဖြစ်နေ၍ ဆေးရုံများ လူနာပြည့်သည်။ ဂမုန်းပွင့် MAB ဘဏ်ကိုငွေအပ်ရန်လာသူ အသက် ၅၂ နှစ်အရွယ်အမျိုးသမီး ကားပေါ်ပါငွေသိန်း ၆၀၀ ပျောက်မှု့ ၊ CCTV မှတ်တမ်းများဖြင့် ခြေရာခံလိုက်ရာ ၊ ခိုးယူသူ ဇော်လတ် ( ၃၈ နှစ်) အား ၎င်းငွေဖြင့်ဝယ်ထားသော ရွှေမောင်းကွင်းလက်စွတ် ၂ ကွင်း ၊ ငွေသားကျပ် သိန်း ၃၄၀ နှင့်အတူ ဟင်္သာတမြို့နယ် အင်းကုန်းကျေးရွာနေအိမ်မှဖမ်းမိသည်။ ချမ်းအေးသာဇံမြို့နယ် ၊ ၂၇ × ၂၈ ကြား ၈၂ လမ်း နေ ရာအိမ်မှူး နိုင်ဝင်း ( ၆၃ နှစ်) ပိုက်ဆံလည်း ပေးရသေးတယ် ၊ စစ်မှု့ထမ်းလည်း ထည့်တယ်ဆိုကာ ပြည်သူ့စစ်မှု့ထမ်း တာဝန်ကြေပြီးပြန်လာသူ က ဒါးဖြင့် ၅ ချက်ထိုး ၊ဒဏ်ရာပြင်းထန် ၊ ဆေးရုံရောက် ၊ ထိုးသူ အမှတ် ၈ ရဲဖမ်းသည်။ မုဒုံမြို့ပေါ် မြို့မ ၂ ရပ်ကွက် ၊ အဲမွန်ဒရာ ၃ လမ်းတွင် အိမ်ငှားနေထိုင်သူ မနွယ်နွယ်ခိုင် ( ၃၂ နှစ် ) PDF ၂ ဦးဆိုင်ကယ်ဖြင့်လာ ၊ ၉ မမပစ္စတိုဖြင့် ၇ ချက်ပစ်၍ သေပြီး ၎င်းတို့ထွက်ပြေးသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် - နိုင်ငံတော်သမ္မတ နှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါ တို့ တွေ့ဆုံခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် ကူညီမည်ပြောသည် ၊ ၎င်းသည် AA ၊ KNU နှင့် NUG ပါဝင်သော SCEF နှင့် ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေးထားသူဖြစ်သည်။ ဥတ္တရသီရိမြို့နယ်တွင်မိုးများရေကြီး၍ သရက်တော ၊ ပိုးစာတော ၊ မသိမ် ၊ တောင်ညိုကျေးရွာများ ရုပ်တရက်ရေမြုပ်ပြီး ပြန်ကျသွားသည်။ ယနေ့မနက် နေပြည်တော်တွင် ထူးခြားဖြစ်စဥ်မရှိကြောင်း တင်ပြအပ်ပါသည်။
သြဂုတ် ၁၂ ဗုဒ္ဓဟူး မနက် USDP ပြည်ထောင်စုနယ်မြေ Bulletin ; နိုင်ငံတကာထူးခြားသတင်းမှာ - တရုပ်နိုင်ငံ ၏ China sat 4 B ဂြုလ်တု တင်ထားသော လူမဲ့ Long March 7 A ဒုံးပျံ ပစ်စဥ်မှလွှတ်တင်အပြီး ၈၅ စက္ကန့်အကြာ၌ ပေါက်ကွဲမီးလောင် ပျက်ကျသည်။ မြန်မာသင်္ဘောသား ၇ ဦး ၊ ထိုင်ဝမ် ၁ ဦး ပါ တန်ဇန်းနီးယားအလံတင် ထိုင်ဝမ်ပိုင် MV KING SUN ကုန်သင်္ဘော ၊ ကန် ဒေါ်လာ ၁၁၆ . ၂ သန်းတန် ကက်တမင်း ၆၅ အိပ် ( ၁.၃ တန် ) နှင့်အတူ ၊ Riau Island အနီး အင်ဒိုနီးရှားရေတပ်ကဖမ်းမိသည်။ အိန္ဒိယ တွင် Harsh Vardhan Jain ဆိုသူက နေအိမ်တစ်လုံးအား ကမ္ဘာပေါ်တွင်တကယ်မရှိသော နိုင်ငံ၏ သံရုံးတစ်ခုသဖွယ်ပြင်ဆင်၍ မိမိကိုယ်မိမိ သံအမတ်ကြီးဟုပြောဆိုကာ ၁၀ နှစ်ကြာ လိမ်လည်မှု့ ရူပီး ၃ ဘီလျံကျော်နှင့်အတူ ရဲဖမ်းသည်။ ကိုလံဗီယာ ငလျင် သေဆုံးသူ ၁၆၀ ကျော်သွားပြီဖြစ်သည်။ မြန်မာသမ္မတ ကို ဖိတ်ကြားခဲ့၍ ဟုဆိုကာ လာမည့် သြဂုတ် ၂၅ ရက်နေ့ခေါ်ယူမည့်လွှတ်တော်တွင် ထိုင်းဝန်ကြီးချုပ် အနုတင် ကို အယုံအကြည်မရှိ အဆိုတင်မည်ဟု အတိုက်အခံ ပြည်သူ့ပါတီ ကပြောသည်။ ပြည်တွင်းထူးခြားသတင်းမှာ - ကျောက်ဖြူ စနဲ အနီး မင်းပြင်ရွာ AA စခန်း တပ်မတော်သိမ်းယူပြီး သံတွဲ မြို့နယ် ကျောက်ကြီးရွာအနီး AA စခန်း ဗုံးကြဲရာ ၁၀ ဦးသေ ၂ ဦး အစအနပျောက်သည်။ ခင်ဦးမြို့အရှေ့ဘက် ၂ မိုင်အကွာ ရှိ ကွမ်းတိုင်ရွာ PDF ထောက်ပို့အိမ် ဗုံးကြဲရှင်းလင်းသည်။ လဲချားမြို့နယ် ဆီဆောရွာ တရုပ် ကျားဖြန့် ၃၄ ဦး ဆက်စပ်ပစ္စည်းများနှင့် မိ သည်။ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်တစ်မြို့တွင် အသက် ၈၀ အရွယ်မိခင်အား အိမ်ရောင်းရငွေမပေး၍ ရိုက်နှက်သေဆုံးစေခဲ့မှု့၊ သားဖြစ်သူ ကိုးကန့်/တရုပ် လူမျိုး ပင်ဆောင်လင် ( ၄၀ နှစ်) အား လူမြင်ကွင်းတွင် ပစ်သတ် သေဒဏ်ပေးသည်။ ကချင့်အာဇာနည်နေ့ ဆိုသော အထိမ်းအမှတ်မိန့်ခွန်းတွင် KIO ဥက္ကဌ အင်ဘန်လ က စစ်ပွဲကို နိုင်ငံရေးနည်းနှင့်ဖြေရှင်းလိုသည်ဟု ထည့်ပြောသည်။ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ် ၄၈×၄၉ ကြား ၁၀၇ F လမ်း ၊ ငွေကျပ် ၁.၄ ဘီလျံ တန် ဘိန်းဖြူ ၅၉ ကီလို ၊ ဟိုက်ဂျက်ကား ၁ စီး ၊ အမျိုးသမီး ၂ ဦးဖမ်းမိသည်။ မြိတ် အနောက်ဖက် မိုင် ၁၂၀ အကွာ M - 15 ကမ်းလွန်လုပ်ကွက် ၊ CFG ကုမ္ပဏီ နှင့်အတူ စတင်စမ်းသပ် တူးဖော်သည်၊ ၎င်းတွင် ကမ္ဘာ့အဆင့် Gas သိုက်ရှိနေသည်ဟု ခန့်မှန်းထားသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် - ဟော်ရီဇင် ဟိုတယ်၌ မိုင်းလားအဖွဲ့နှင့် ဒုဗိုလ်ချုပ်ကြီးရာပြည့် တို့ ဆွေးနွေးခဲ့ပြီး နိုင်ငံတော်သမ္မတ နှင့် တွေ့ဆုံခဲ့သည် ၊ အဖွဲ့စုံ နှင့် တွေ့ဆုံခဲ့ပြီး KNU ၊ KIA ၊ AA ၊ NUG/PDF များမပါချေ ။ USDP ပြည်ထောင်စုနယ်မြေဥက္ကဌ ဦးလှဆွေ ၊ ပျဥ်းမနားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး ၊ လယ်ဝေးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေး တို့သည် မနက်ပိုင်းတွင် မြို့တော်ဝန် ဦးကံမြင့်သန်း နှင့်အတူ နေပြည်တော်ကောင်စီ ၏ ဝါဆိုသင်္ကန်းကပ်လှူပွဲသို့ ဇနီး နှင့်အတူ တက်ရောက်ခဲ့သည် ၊ နေ့လည်ပိုင်းတွင် ( I - 5 ) လွှတ်တော်ရေးရာ အဆောင်၌ တွေ့ခွင့်တောင်းဆိုသော လယ်ဝေးမြို့နယ် ယက္ကန်းစဥ်တောင်ဆရာတော် နှင့်အဖွဲ့ဝင် ၃ ဦးအား၎င်း ၊ ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ မှ ဦးကျော်စည်သူနှင့် အဖွဲ့ဝင် ၁၀ ဦးအား၎င်း ၊ လွှတ်တော်ကော်မတီရုံးဦးစီးအဖွဲ့နှင့်အတူ လက္ခံတွေ့ဆုံ၍ ၎င်းတို့၏ ဆွေးနွေးချက်များကို ကောင်းစွာ ရေးမှတ်ခဲ့သည် ၊ ညနေပိုင်းတွင် နေပြည်တော် ၄ ခရိုင်ရှိ ခရိုင်နှင့်မြို့နယ် ကျေးလက်ဦးစီးများနှင့် ရွှေကြာပင်ရုံး၌ တွေ့ဆုံ၍ ၂၀၂၇ ဘတ်ဂျက်၌ဆောင်ရွက်မည့် လမ်း/တံတား ကိစ္စရပ်များ အသေးစိပ်ဆွေးနွေးခဲ့သည်။ ယနေ့မနက် နေပြည်တော်တွင် ထူးခြားဖြစ်စဥ်မရှိကြောင်း တင်ပြအပ်ပါသည်။
မြေဆုံးရေဆုံးချေမှူန်းခံရလိမ့်မယ် မနက်က BBC ကနေသတင်းတစ်ပုဒ်နားထောင် လိုက်ရတယ်။ နိုင်ငံတော်အစိုးရ က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အထဲမှာ KIA နဲ့ AA မပါဘူးတဲ့။ ဝမ်းနည်းတဲ့လေသံနဲ့ပြောတာကို ကြားလိုက်ရတော့ ခပ်ထေ့ထွေပြုံးမိတယ်။ တစ်ခါ AA မီဒီယာ တစ်ခုမှာ …
မြေဆုံးရေဆုံးချေမှူန်းခံရလိမ့်မယ် မနက်က BBC ကနေသတင်းတစ်ပုဒ်နားထောင် လိုက်ရတယ်။ နိုင်ငံတော်အစိုးရ က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အထဲမှာ KIA နဲ့ AA မပါဘူးတဲ့။ ဝမ်းနည်းတဲ့လေသံနဲ့ပြောတာကို ကြားလိုက်ရတော့ ခပ်ထေ့ထွေပြုံးမိတယ်။ တစ်ခါ AA မီဒီယာ တစ်ခုမှာ ဂျပန်က ငြိမ်းချမ်းရေး အကျိုးဆောင် ဆာဆာကာဝါ ကအစိုးရနဲ့ လာတွေ့တာဟာ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဖြစ်လိမ့်မယ်ဆိုပြီး နှပ်ကြောင်းပေးရေးထားပြန်သေးတယ်။ KIA ဘက်ကို ကြည့်ပြန်ရင်လည်းKIA ခေါင်းဆောင် အန်ဘန်လ ကနိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တယ်ဆိုပြီး လေသံ ပစ်လာပြန်ပါတယ်။ ဒီသတင်းတွေ အားလုံး ခြုံငုံပြီးသုံးသပ်ရရင်တော့ KIA ရော AAပါ စစ်ရေးအရေးနိမ့်လာလို့ ငြိမ်းချမ်းရေး လုပ်ချင်တဲ့ အကြောင်း သတင်းစကားပါးတယ်လို့ပဲ ယူဆမိတယ်။ ဘယ်ရမလဲ၊ မြန်မာ့တပ်မတော် ဆိုတာကစစ်ပွဲမျိုးဆက်အပြောင်းအလဲ မှာ၁၁ ရက် ပဲ ခံခဲ့တဲ့ ဆီရီးယား ရဲ့ အာဆက် စစ်တပ် မဟုတ်ဘူး။ ဒီလိုပဲ၊ နှစ်ပေါင်း ၂၀ အကြာ ဒေါ်လာ၈၈ဒသမ ၆ ဘီလီယံ ကျော် အကုန်ခံကာ အမေရိကန် တွေ လေ့ကျင့်ပေး ၊ လက်နက်တွေ တပ်ဆင်ပေးခဲ့ပေမယ့် တာလီဘန်တွေကို ရက်ပိုင်းအတွင်း အရှူံးပေးခဲ့တဲ့ အာဖဂန် နစ္စတန် စစ်တပ်လည်း မဟုတ်ပါဘူး။ ၁၀၂၇ မှာ ဖြစ်ပျက်ခဲ့တာတွေကိုပြန်ဆန်းစစ်ကြည့်ရင် နည်းပညာစစ်ပွဲမျိုးဆက်အပြောင်းအလဲမှာ ကိုယ့်တပ်တွေ အလစ်အငိုက်မိခဲ့တာ ဖြစ်သလို အဆင် သင့် မဖြစ်သေးတာလည်းပါပါတယ်။ စစ်ရေးကို သာမာန်ကာ လျှံကာ လောက်သာ လေ့လာထားတဲ့ သူတွေ အတွက်တော့ ၁၀၂၇ ဟာ ကြီးမားတဲ့ ရှူံးဆုံးမှုကြီး တစ်ခု လို့ ထင်နိုင်ပါတယ်။ သို့သော် ... ဒုတိယ ကမ္ဘာစစ် တုန်းက တတိယမျိုးဆက်စစ်ပွဲ အပြောင်းလဲမှာ ကမ္ဘာ့ကြီး ဘာတွေ ဖြစ်ခဲ့သလဲ ဆိုပြီး နှိုင်းယှဥ် လေ့လာဖူးရင်တော့ ၁၀၂၇ ဆိုတာက နည်းဗျူဟာအဆင့်ဆုံးရှူံးမှုလို့ ပဲ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတာကို ဆက်ရှင်းပြရရင် ၁၉၄၁ ဒီဇင်ဘာလ မှာဂျပန် အမှတ်(၁၅) တပ်တော်မှူးဗိုလ်ချုပ်ကြီးအီးဒါးရဲ့ ထိုးစစ်ကို မြန်မာပြည်စစ်သေနာပတိချုပ် ဗြိတိသျှဗိုလ်ချုပ်ကြီး အလန္ဇဒ္ဒါးနဲ့ အမှတ်(၁)မြန်မာတပ်မကြီး ဗိုလ်ချုပ်ကြီးဆာဝီလီယံစလင်း တို့ ဘာလိုမှ ခုခံနိုင်စွမ်းမရှိတော့ဘဲ အိန္ဒိယ ကို ခွာစစ်ဆင်ခဲ့ရတယ်။ တကယ်ဆိုရင် အဲဒီအချိန်တုန်းကဂျပန်နဲ့အတူပါလာတဲ့ ရဲဘော်သုံးကျိပ်အပါအဝင် ဂျပန်စစ်အင်အားက တစ်သိန်းဝန်းကျင်သာ ရှိခဲ့ပေမယ့် အင်္ဂလိပ်တပ်တွေ ၊ တရုတ်တပ်တွေ ၊ အမေရိကန်တပ်တွေနဲ့အခြားသော မဟာမိတ်တပ်တွေ အပါအဝင်ဗြိတိန်မဟာမိတ် စစ်အင်အားက တစ်သိန်းခုနှစ်သောင်းတောင် ရှိခဲ့ပါတယ်။ ဒီလို ဂျပန်နဲ့ အင်္ဂလိပ် စစ်အင်အား ၂ဆ ၊ တစ်ဆ နီးပါးကွာတာတောင် မြန်မာစစ်မြေပြင် မှာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလကနေ ၁၉၄၂ ခုနှစ် မေလ အထိပဲ ၆ လသာ တောင့်ခံနိုင်ခဲ့ပြီး မြန်မာတစ်ပြည်လုံးကိုစွန့်လွှတ်ကာ အိန္ဒိယ ကို ဆုတ်ခွာပေးခဲ့ရပါတယ်။ ဒီစစ်ပွဲအတွင်း ဗြိတိသျှနဲ့ မဟာမိတ်တပ်တွေရဲ့ကျဆုံး ဒဏ်ရာရနဲ့ အဖမ်းခံရစစ်သုံ့ပန်း ပေါင်း ငါးသောင်းနီးပါးရှိခဲ့တယ်။ ဒါ့အပြင် ဗြိတိသျှ တပ်တွေကို စစ်ကူဖို့လာ ခဲ့တဲ့ တရုတ် အမှတ်(၅) တပ်တော်က တပ်မမှူးကြီးဗိုလ်ချုပ်ဆွန်းလိယန်နဲ့ ထိပ်တန်းစစ် ခေါင်းဆောင်တွေ အပါ အဝင် တရုတ် စစ်သားပေါင်း လေးသောင်းနီးပါး ကျဆုံး သေဆုံး ဒဏ်ရာရခဲ့ပါတယ်။ အိန္ဒိယရောက်တော့ ဗြိတိသျှတပ်တွေဟာ အမြောက်ကြီး ၃၀၀ လက် ၊တင့် ၊သံချပ် ကာ ယဥ်၊ ယန္တယား ၃၈၀၀ ကျော် မြန်မာစစ်မြေပြင်မှာ ရှူံးခဲ့ရတာမို့ စစ်လက်နက်စုစုပေါင်း ၉၀% လောက် ရှူံးဆုံး ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ကြီးစလင်းကွပ်ကဲခဲ့တဲ့ မြန်မာတပ်ဟာ (Burma Corps) စစ်ဌာနချုပ် ရော၊သူ့အောက်က အမှတ် (၁) မြန်မာတပ်မကြီး (1st Burma Division) ရော နှစ်ခုလုံး ကို ဖျက်သိမ်းခဲ့ရတယ်။ ရဲဘော်သုံးကျိပ်နဲ့အတူ ဝင်လာခဲ့တဲ့ဂျပန်အမှတ် (၁၅) တပ်တော် ကတော့ကျဆုံး၊ ဒဏ်ရာရ စုစုပေါင်း ၄,၅၀၀ မှ ၅,၀၀၀ ဝန်းကျင် သာ ရှိခဲ့ပါတယ်။ ဒါကိုလေ့လာကြည့်ရင် စစ်ပွဲမျိုးဆက်အပြောင်းအလဲမှာ အင်္ဂလိပ်နဲ့ မဟာမိတ် တပ်တွေက အသင့် ဖြစ်မနေလို့ ရှူံးရတာဆိုပြီး စစ်ပညာ ရှင်တွေ သုတေသနပြုတွေ့ ရှိခဲ့ကြတယ်။ ဒါက မြန်မာပြည်စစ်မြေပြင်ပဲရှိပါသေးတယ်၊ ဂျာမန်တို့ ဥရောပတစ်ခုလုံးနီးပါးကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့တာလည်း တတိယမျိုးဆက်စစ်ပွဲ စစ်နည်းဗျူဟာကြောင့်ပါပဲ။ အထူးသဖြင့် ဥရောပမှာ ဂျာမန်၊ အာရှမှာ ဂျပန်တို့ ကျင့်သုံးခဲ့တဲ့ Blitzkrieg (လျှပ်တစ်ပြက်စစ်ဆင်ရေး) နည်းဗျူဟာနဲ့ သဘောတရားတူတဲ့ တတိယမျိုးဆက်စစ်ပွဲ (3rd Generation Warfare - 3GW) ရဲ့ မြန်ဆန်မှု၊ စိမ့်ဝင်မှုနဲ့ လှည့်ပတ်တိုက်ခိုက် (Manoeuvre Warfare) တဲ့ စစ်နည်းဗျူဟာကို မကျင့်သုံးနိုင်၊ မတုံ့ပြန်နိုင်ခဲ့လို့။ ဒါ့အပြင် မြန်မာ့ရေမြေ သဘာဝ တောတောင်နဲ့ ကိုက်ညီတဲ့ တောင်တွင်း၊ တောင်ပေါ်၊မြစ်ကူး၊ ပြောက်ကျာစစ်ဆင်ရေး ဆိုတဲ့ အထူးစစ်နည်းဗျူဟာ ကို မကျင့်သုံးနိုင်ခဲ့လို့ပါ။( ဒီအကြောင်းတွေ သိချင်ရင်
ဩဂုတ် ၁၂ ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ် ပြည်တွင်းသတင်းများ -------------------------- ၁။ ကျောင်းတွင်း အာဟာရကျွေးမွေးရေးအတွက် ကျပ် ၂.၈၂ ဘီလီယံ ခွဲဝေ၊ ရှေ့ဆက်၍လည်း တိုးမြှင့်ပေးသွားမည် ၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံသို့ နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က လာရောက်ဂါရဝပြုတွေ့ဆုံ ၃။ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အမျိုးသမီးများ ခေါ်ယူနေဟု ထွက်ပေါ်နေသည့်သတင်းသည် သတင်းမှားသာ ဖြစ်သည်ဟု ဆို ၄။ မြန်မာနိုင်ငံ၏ ဝါ စိုက်ပျိုးမှုကဏ္ဍတိုးတက်စေရေး အီဂျစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည် ၅။ ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် NSPNC နှင့် NDAA တို့ တွေ့ဆုံဆွေးနွေး ၆။ လဲချားမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်သူ တရားမဝင် တရုတ်နိုင်ငံသား ၃၄ ဦး ဖမ်းဆီးရမိ ၇။ ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ် (၁) ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ ၈။ ဩဂုတ် ၁၁ ရက်နေ့ စက်သုံးဆီဈေးနှုန်းများမှာ Octane 92 - ၃၈၄၀ ကျပ်၊ Octane 95 - ၃၉၅၀ ကျပ်၊ Diesel - ၄၁၅၅ ကျပ်၊ Premium Diesel - ၅၀၅၀ ကျပ် နိုင်ငံတကာသတင်းများ ------------------------ ၁။ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌမှ ကွယ်လွန်သူ လာအို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအတွက် ဝမ်းနည်းစွာ ဂါရဝပြု ၂။ ကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ ၁၃၂ ယောက်အထိရှိလာ ၃။ တိဘက်ရွှေ့ပြောင်းငါးများကို စောင့်ကြည့်ရန် တရုတ်က AI Facial ID သုံး ၄။ နေတန်ယာဟုနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်ကြောင်း ထရန့် ပြောကြား ၅။ တရုတ် (တိုင်ပေ) အရေးနှင့်ပတ်သက်ပြီး တရုတ်က ပစိဖိတ်ကျွန်းစုများဆိုင်ရာ သံတမန်အား သတိပေး ၆။ ဩစတြေးလျနှင့် ဗီယက်နမ်က စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဟု ပြောကြား အားကစားသတင်းများ ------------------------ ၁။ ၃၉ ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေ ၁ ခု၊ ငွေ ၃ ခု ဆွတ်ခူးရရှိ ၂။ မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား ဂုဏ်ပြုပွဲကျင်းပ ၃။ ဂျပန်၌ကျင်းပမည့် U12 Junior Soccer World Challenge 2026 တွင် ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၂ အသင်း အဆင်သင့်ဖြစ်နေ ၄။ ရန်ကုန်နဲ့ ရှမ်းအသင်းတိုရဲ့ ပြည်ပအဝေးကွင်း ပွဲများကို သုဝဏ္ဏကွင်းမှာ ကျင်းပမယ် ၅။ လီဗာပူးလ်အနေနဲ့ မိနစ် ၉၀ ပြည့်ကစားနိုင်ဖို လိုအပ်တဲ့စွမ်းအင် မရှိသေးဘူးလို အီရာအိုလာ သုံးသပ် အနုပညာသတင်းများ ------------------------ ၁။ ဩဂုတ်လ ၁၄ ရက် ရုံတင်ပြသမယ့် ကံဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ပွဲ အခမ်းအနား ကျင်းပခဲ့ ၂။ ကင်ဆာဝေဒနာရှင်တွေ အတွက် တန်ဖိုး သိန်း (၁၂၀) ရှိ ကင်ဆာဆေးဝါးများ လှူဒါန်းခဲ့တဲ့ အောင်ရဲလင်း နဲ့ Dr. ရဲဝင့်သူ ၃။ ရန်ကုန်မြေကိုခြေချတာက ဘယ်သူဘယ်ဝါအောင်မြင်လိုမဟုတ်ဘဲ ကိုယ်အနုပညာလေး ချပြခွင့်ရချင်လိုပါ ဆိုတဲ့ ဇာတ်မင်းသား ချမ်းညီညီ ၄။ အချစ်အလွမ်း မိသားစုဒရာမာဇာတ်လမ်းပုံစံ "မဂျိုးကို ဘယ်လိုပြောရပါ့" ဇာတ်လမ်းတွဲ Media Press Show ပွဲကျင်းပခဲ့ ၅။ “ကံဧည့်သည်” ဇာတ်ကားမှာ လုပ်ကွက်ရခဲ့လို့ အစွမ်းကုန် ကြိုးစား သရုပ်ဆောင်ခဲ့တယ် ဆိုတဲ့ စိုးမိုးကြည် #News #mmdbn
မြို့(၆)မြို့ ၌ မြစ်ရေများ စိုးရိမ်ရေမှတ်အထက် တည်ရှိနေ #Crd
. ☯️ ( နေကြပ်အကြို- ကိုလံဘီယာငလျင် 7.7 m ) ကိုလံဘီယာမှာ အင်အားပြင်း ငလျင်လှုပ် — လူ ၁၁၁ ဦးထက်မနည်း သေဆုံး “ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းမှာ မနေ့က (ဩဂုတ် ၁၀၊ ၂၀၂၆) ပြင်းအား ၇.၄ မဂ္ဂနီကျုဒ် ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်သွားပါတယ်။ အာဏာပိုင်တွေ ပြောကြားချက်အရ လက်ရှိအချိန်အထိ လူ ၁၁၁ ဦးထက်မနည်း သေဆုံးထားပါတယ်။ ငလျင်ရဲ့ ဗဟိုချက် (Epicenter) ကတော့ လူနေထူထပ်မှုနည်းတဲ့ Chocó ပြည်နယ်၊ San José del Palmar အနီးမှာ ဖြစ်ပါတယ်။ ဒီငလျင်ဟာ ၂၁ ရာစုအတွင်း ကိုလံဘီယာနိုင်ငံမှာ မှတ်တမ်းတင်ခဲ့သမျှထဲက အပြင်းထန်ဆုံး ငလျင် ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီငလျင်ကြီးဟာ Abelardo De La Espriella သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး ရက်အနည်းငယ်အကြာမှာ ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူအရေအတွက် ဆက်လက်များပြားလာဖို့ရှိနေပါတယ်၊ BaMg ☯️ .
သြဂုတ် ၁၁ အင်္ဂါ မနက် USDP ပြည်ထောင်စုနယ်မြေ Bulletin ; နိုင်ငံတကာထူးခြားသတင်းမှာ - အမေရိကန်က စစ်လျှော်ကြေးပေးမှ ဟော်မုဇ် ကို အပြည့်အဝပြန်ဖွင့်မည်ဟု အီရန် ပြောခွင့်ရကဆိုသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲထို စစ်ဆေးရေးဂိတ် ၌ မြန်မာဘက်ပို့မည့် အသေခံ FPV ဒရုန်း ၄၉၉ စုံဖမ်းမိသည်။ ထိုင်း နွံထပူရီ တွင် ခရိုင်အုပ်ချုပ်ရေးမှုးကို လွှတ်တော်အမတ်ဟောင်းက ပုဂ္ဂိုလ်ရေးဆိုင်ရာကြောင့် ပစ်သတ်ခဲ့ပြီး ယဥ်မောင်းပါ ဒဏ်ရာရရှိခဲ့၍ ရဲဖမ်းသည်။ ကိုလံဘီယာ တွင် ၇.၄ ပြင်းအားရှိ ငလျင်လှုပ်ပြီး လတ်တလော လူ ၂၀ သေထားသည်။ အင်ဒိုနီးရှား တွင် ကမ္ဘာလှည့်ခရီးသည်အလာများသော ဘရိုမိုတာ အမျိုးသားဥယဥ် တောမီးလောင်၍ ဟက်တာ ၅၀၀ ကျော်ပါသွားသည်။ ဖိလစ်ပိုင်နိုင်ငံ ကွီဇုံမြို့ မိုးများရေကြီးနစ်မြုပ်နေသည်။ သြဂုတ် ၁၇ မှ ၂၇ အထိ တောင်ကိုးရီးယား - အမေရိကန် အကြီးစား စစ်ရေးလေ့ကျင့်မည် ။ ပြည်တွင်းထူးခြားသတင်းမှာ - မြိုင်မြို့နယ် PDF အခြေစိုက် မှန်ရင်းရွာ တပ်စစ်ကြောင်းသိမ်းပိုက်သည်။ ရွှေဘိုမြို့ပေါ်သို့ PDF ခေါင်းဆောင် မင်းရာဇာအောင်ဆိုသူ မှတ်ပုံတင်လာလုပ်မည်ဟု သတင်းအတိအကျ ရ၍ စောင့်ဖမ်းမိပြီး ဖွက်ထားသော ပစ္စတို လိုက်ပြမည်ဆိုကာ ထွက်ပြေး၍ ပစ်သတ်သည်။ တောင်သာ - မလှိုင် - မိတ္ထီလာ လမ်းပိုင်း ၊ မလှိုင်မြို့နယ် အောင်သာကျေးရွာ သံလမ်းကူး ၌ PDF ၃၀ ခန့် ကားများကိုတား၍ ဆက်ကြေးကောက်နေသည်။ ဘဏ်ကျွေးများ မဆပ်နိုင်၍ ကုမ္ပဏီ ၂၃ ခု Black List သွင်းသည်။ သံလွင်မြစ်ရေကြီး ၊ ဖားအံ မြေနိမ့်ပိုင်းရေဝင် ၊ ဒုက္ခသည်စခန်း ၂၇ ခုဖွင့်ထားသည်၊ စစ်ကိုင်း ရေကြီးမှု့ သေဆုံးသူ လူ ၂၀ ၊ နွား ၁၃ ကောင်ရှိပြီဖြစ်သည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် - USDP ပြည်ထောင်စုနယ်မြေဥက္ကဌ ဦးလှဆွေ သည် မနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပါတီရုံး၌ ညီလာခံအကြို မြို့နယ်ကော်မတီ အစည်းအဝေး ကို တက်ရောက်ခဲ့သည် ၊ နေ့လည်ပိုင်းတွင် ( I - 5 ) ရေးရာကော်မတီအဆောင်တွင် မိမိအားတွေ့ခွင့်တောင်းသူ ပျော်ဘွယ်မြို့မှ ပြည်သူ ၆ ဦး ၊ မန္တလေးမြို့မှ ပြည်သူ ၂ ဦး ၊ ဇဗ္ဗူသီရိမှ ပြည်သူ ၂ ဦးတို့ကို ရုံးဦးစီးဝန်ထမ်းများနှင့်အတူ လက္ခံ တွေ့ဆုံခဲ့သည် ၊ ညနေပိုင်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဌကြီး စေလွှတ်လိုက်သော စစ်တက္ကသိုလ် ( ၁၇ ) ဆင်း အငြိမ်းစား ဗိုလ်မှုးကြီးနှင့်အဖွဲ့အား နေအိမ်တွင် လက္ခံ တွေ့ဆုံ၍ ၎င်း၏ဆွေးနွေးမှု့များကို ကောင်းစွာ ရေးမှတ်ယူခဲ့သည်။ ယနေ့မနက် နေပြည်တော်တွင် ထူးခြားဖြစ်စဥ်မရှိကြောင်း တင်ပြအပ်ပါသည်။
သြဂုတ် ၁၀ တနင်္လာ မနက် USDP ပြည်ထောင်စုနယ်မြေ Bulletin ; နိုင်ငံတကာ ထူးခြားသတင်းမှာ - သမ္မတဟောင်း ဂျိုးဘိုင်ဒန် ခံစားနေရသော ကင်ဆာဆဲလ်များ အရိုးအထိ ပျံ့နှံ့သွားပြီဖြစ်ကြောင်း သားဖြစ်သူ ဟန်တာဘိုင်ဒန် က ပြောသည်၊ ၎င်းသည် တရားမဝင်လက်နက်ကိုင်ဆောင်မှု့ မူးယစ်ဆေးသုံးစွဲမှု့တို့ဖြင့် တရားစွဲခံရရာမှ ဖခင်ဖြစ်သူကိုယ်တိုင်က ရာထူးမှဆင်းခါနီး လွတ်ငြိမ်းခွင့်ပေးခဲ့သူဖြစ်သည်။ ထိုင်ဝမ် ၏ စစ်အသုံးစာရိတ် ဒေါ်လာ ၁ ထရီလီယံ အထိ လျှာထားကြောင်း သမ္မတ လိုင်ချင်းတီ က ပြောသည်။ တရုပ်အရှေ့ဘက်ကမ်းခြေကို ချဥ်းကပ်လာနေသော စူပါတိုင်ဖွန်း " ဒေါ်လ်ဖင်း " အန္တရာယ်အတွက် ကြိုတင်စီမံမှု့များ တရုပ်အစိုးရလုပ်ဆောင်နေသည်။ ၁၆၄၃ ကီလိုမီတာ အရှည်ရှိ အိန္ဒိယ - မြန်မာ နယ်နိမိတ် မသပ်မှတ်ရသေးသောနေရာများ ၂ နိုင်ငံတွေ့ဆုံ သပ်မှတ်နိုင်ရေး ဆွေးနွေးရန်ရှိသည်ဟု အိန္ဒိယဘက်ကသတင်းထုတ်သည်။ ပြည်တွင်းထူးခြားသတင်းမှာ - မြိုင်မြို့နယ် ယာကြီးပြင် PDF စခန်း တက်မတော်သိမ်းယူပြီး DB ၅၀ ကျော်နှင့် လက်နက်ခဲယမ်းများရခဲ့ပြီး ရဲပြေးဗိုလ်လင်္ကျာဆိုသူ ထွက်ပြေးနေသည်။ AA ထိမ်းချုပ် ပုဏ္ဏားကျွန်းမြို့နယ် ရိုးတရုပ်ရွာ အသက် ၂၀ အရွယ် ရခိုင်မိန်းမပျိုအား လက်ထိတ်နောက်ပြန်ခတ် ၊ အုပ်စုဖွဲ့ ၊ မုဒိမ်းကျင့် ၊ သတ်ဖြတ်ခဲ့သူ AA ထောက်ပို့တာဝန်ခံ တင်ဝင်း အား သေဒဏ် နှင့် ပြစ်မှု့အတူတကွ ကျူးလွန်ခဲ့သော်လည်း ULA လူကြီးပိုင်းနှင့် အမျိုးတော်စပ်သူ ၊ အောင်ကျော် နှင့် သန်းစိုး တို့ကိုမူ ထောင်အနှစ် ၂၀ စီသာ ချခဲ့၍ ရခိုင်လူထုကြား ဝေဘန်မှု့မြင့်တက်နေသည်။ အမ်း မြို့နယ် တလိုင်းတောင်ရွာအနီး AA ရိက္ခာ ထောက်ပို့စခန်း ဗုံးကြဲခံရ၍ ကုန်ကားကြီး ၄ စီး ၊ ကားငယ် ၁ စီး အပါအဝင် စခန်းတစ်ခုလုံးမီးလောင်ပြာကျသည်။ မုံရွာမြို့နယ် ထနောင်းဝင်း - ကျောက်ကာ လမ်းပိုင်း မိုင်းထောင်ပြီး တိုက်စစ်ဆင်ရန်ရှိသဖြင့် လမ်းပိတ်ကြောင်း မုံရွာ PDF ကစာထုတ်သည်။ တောင်ကြီးမြို့နယ် အေးသာယာ နာမည်ကြီးနေသော ဒိုင်းမွန်းစတား KTV ကိုဝင်ဖမ်းရာ မူးယစ်ဆေး ၊ လိုင်စင်မဲ့အရက်ဘီယာ ၊ သက်တမ်းလွန် ကာရာအိုကေလုပ်ငန်း နှင့် မိုက် ၊ ဆောင်းဘောက် စသည့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင် ညိုကြီး နှင့် မန်နေဂျာ ဝေယံ တို့နှင့်အတူ ဖမ်းမိသည်။ ရန်ကုန် ပန်ဘဲတန်းမြို့နယ် ရွှေဘုံသာလမ်း ဒိုင်းမွန်းရှိုင်း စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့် ( ခ ) စူပရာနန္ဒီ ( ဟိန္ဒူ/ဗုဒ္ဓ) အား လူတစ်စုက ည ၈ နာရီအချိန် ပြန်ပေးဆွဲ ၊ ည ၁၁ နာရီအချိန် ၎င်း၏ဖုံးဖြင့် ငွေကျပ် သိန်း ၄၅၀၀ နှင့် ရွှေ ၆၀ ကျပ်သား တောင်း ၊ မနက် ၄ နာရီအချိန် ကျူးလွန်သူ ခေါင်းဆောင် မူဒါးဖား ( ဟိန္ဒူ/ဗုဒ္ဓ) ပါ ၆ ဦးနှင့် လိုက်ပို့သူ တက္ကဆီယဥ်မောင်းတို့အား ဖမ်းမိပြီး ဒါးစာခံကို သာကေတ အိမ်ပျက်တစ်လုံး၌ အသက်ရှင်လျှက် ကယ်တင်နိုင်သည်။ ပင်းတယမြို့နယ် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက္ဘက်ခင်းအတွင်းမှမှိုချက်စားရာမှ မိသားစု ၇ ဦး ဆေးရုံရောက်သည်။ အာဆီယံဥက္ကဌ က ခန့်အပ်သော မြန်မာနိုင်ငံအတွက် ဆက်ဆံရေးအထူးကိုယ်စားလှယ် ဆိုသူ မှာ အစိုးရသစ်ဖွဲ့ပြီးဖြစ်၍ မလိုအပ်တော့ကြောင်း နှင့် အဂတိမှု့ ၊ ရာဇဝတ်မှု့ တို့ဖြင့်ထောင်ကျနေသူကိုလွှတ်ပေးရန်တောင်းဆိုမှု့အတွက် လက္မခံ ၊ စိတ်ပျက်တယ် ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် - လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးသည် ဗွက်ကြီးရိုးကျေးရွာ ဓမ္မာရုံ၌ ပြည်သူ့စကားဝိုင်းပြုလုပ်ရာ ပြည်သူ ၂၀၀ ကျော်တက်ရောက်ပြီး ဒေသခံများ၏အခက်အခဲများကို ရေးမှတ်ခဲ့သည်။ ပျဥ်းမနားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးသည် ပျဥ်းမနား ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးများ ၊ ပါတီဥက္ကဌ များနှင့်အတူ မြို့နယ်ထွေအုပ် ခန်းမ၌ မြို့မိမြို့ဖများ နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုနယ်မြေ USDP ဥက္ကဌ ဦးလှဆွေသည် ၊ ရေစကြိုမှ စစ်ရှောင်ပြည်သူ တစ်ဦး ၊ သမ္မတရုံးမှ အငယ်တန်းဝန်ထမ်းတစ်ဦး ၊ တပ်ကုန်းမှ MRTV ဝန်ထမ်း တစ်ဦးတို့၏အခက်အခဲများတင်ပြချက်ကို တနင်္ဂနွေရုံးပိတ်ရက်ဖြစ်၍ နေအိမ်တွင် လက္ခံတွေ့ဆုံကာ ၎င်းတို့၏တင်ပြချက်ကို ရေးမှတ်ယူခဲ့သည်။ ပေါင်းလောင်းတမံ ရေပြည့်ရန် ၃.၉၄ ပေ လိုသေးကြောင်းနှင့် ယနေ့မနက်ခင်း ထူးခြားဖြစ်စဥ်မရှိကြောင်း တင်ပြအပ်ပါသည်။
မိုးကြီးမည့်သတိပေးချက် (အမှတ်စဉ် ၄၁/၂၀၂၆) (ဩဂုတ် ၁၀ ရက်၊ နံနက် ၈ နာရီ) ⛈ မိုးကြီးနိုင်သော ဒေသများ: ဩဂုတ် ၁၀ ရက်မှ ၁၃ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ 🌧 သတိပြုရန် (သဘာဝဘေးအန္တရာယ်): မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်နှင့် မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူများ၊ လေကြောင်းနှင့် ရေကြောင်းသွားလာရေးများ ကြိုတင်သတိပြုရန် လိုအပ်ပါသည်။ 🌊 မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုတ်သုံလေ အားကောင်းမှုကြောင့် မုတ္တမကွေ့နှင့် မွန်-တနင်္သာရီတွင် လေတိုက်နှုန်း ၃၅ မိုင်အထိ၊ လှိုင်းအမြင့် ၉-၁၁ ပေခန့်ဖြင့် လှိုင်းကြီးမည်ဖြစ်ပြီး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတွင် လေတိုက်နှုန်း ၂၅-၃၀ မိုင်၊ လှိုင်းအမြင့် ၇-၉ ပေခန့်ဖြင့် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ Ref: မိုး/ဇလ
. ☯️ 12.8.26 နေ့နော် နေကြပ်မယ် (အလုံးစုံ ) 28.8.26 လကြပ် ( တစိပ်တပိုင်း ) (၆) လအတွင်းသက်ရောက်မှုတွေရှိမယ် ဩဂုတ် ၁၂ — နေကြတ် (Solar Eclipse) ၂၀၂၆ ဩဂုတ် ၁၂ ရက်မှာ Total Solar Eclipse (နေကြတ်အပြည့်) ဖြစ်ပါတယ်။ Greenland၊ Iceland၊ မြောက်ပိုင်း Russia၊ Spain နဲ့ Portugal ရဲ့ အစိတ်အပိုင်းတချို့မှာ နေကြတ်အပြည့် မြင်ရပါမယ်။ Europe၊ Africa နဲ့ North America ရဲ့ အစိတ်အပိုင်းတွေမှာတော့ Partial Solar Eclipse (နေကြတ်တစ်စိတ်တစ်ပိုင်း) မြင်ရပါမယ်။ ဩဂုတ် ၂၇–၂၈ — လကြတ် (Lunar Eclipse) ဒီတစ်ကြိမ်က Partial Lunar Eclipse (လကြတ်တစ်စိတ်တစ်ပိုင်း) ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ အလွန်နက်တဲ့ partial eclipse ဖြစ်ပါတယ်။ လရဲ့ 96.2% ခန့်ဟာ Earth’s Umbra (ကမ္ဘာ့အရိပ်အမှောင်ပိုင်း) ထဲ ဝင်သွားမှာပါ။ အဓိကအချိန်တွေက UTC အရ— Penumbral စတင် — Aug 28, 01:24 UTC Partial စတင် — 02:34 UTC အမြင့်ဆုံး — 04:13 UTC Partial ပြီး — 05:52 UTC Penumbral ပြီး — 07:02 UTC ဘာတွေ “ဖြစ်မှာ” လဲ ❓ သိပ္ပံနည်းကျအရတော့ နေကြတ်၊ လကြတ်တွေဟာ နေ–ကမ္ဘာ–လ တန်းစီမှု (celestial alignment) ကြောင့် ဖြစ်တဲ့ ပုံမှန် astronomical events (နက္ခတ္တဗေဒဖြစ်ရပ်များ) တွေပါ။ ဒါကြောင့်— ငလျင်ကြီး ဖြစ်မယ် စစ်ပွဲ ဖြစ်မယ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်မယ် လူတွေရဲ့ ကံကြမ္မာကို တိုက်ရိုက်ပြောင်းမယ် မြန်မာနိုင်ငံအတွက် အသုံးများတဲ့ Independence chart (လွတ်လပ်ရေးဇာတာ) ကို 1948 Jan 4, 4:20 AM, Yangon အဖြစ် သတ်မှတ်ထားတဲ့ chart တစ်ခုရှိပြီး Tropical chart အရ Sun 12° Capricorn၊ Moon 17° Libra၊ Ascendant 10° Sagittarius လို့ ဖော်ပြထားပါတယ်။ August 12 Solar Eclipse — 20° Leo ဩဂုတ် ၁၂ ရက် Solar Eclipse (နေကြတ်) က Tropical zodiac အရ Leo 20°08′ ဝန်းကျင်မှာ ဖြစ်ပါတယ်။ မြန်မာ Independence chart ရဲ့ Sun 12° Capricorn နဲ့တော့ တိုက်ရိုက် conjunction မဟုတ်ပေမယ့် Leo–Aquarius axis က Myanmar chart ထဲက authority, leadership, public power ဆိုတဲ့ theme တွေကို စိတ်ဝင်စားစရာ ဖြစ်စေပါတယ်။ ကျန်တာတွေကတော့ ဆြာကြီးတွေ အဟောထွက်ကြပါလိမ့်မယ်၊ BaMg ☯️ . https://t.me/nayzinlatt2023
နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်ထဲ့က သဘောကျတဲ့အချက် ယခုအခါ မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသည့် အစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိသဖြင့် နောင်တွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ရေးနှင့် ၎င်း၏အခန်းကဏ္ဍမှာ ဆက်လက်လိုအပ်ခြင်း ရှိမည်မဟုတ် ဟု မှတ်ယူပါသည်။ #Crd