tgindex
N

An official telegram channel of Universities of Computer Studies - Interim Board of Education

Последний пост
20:22
Последнее чтение
ещё не заходили
Постов за неделю
1
Всего постов
20
Тип
открытый
Язык
английский
Категория
Образование (по похожим)
В каталоге с
14 авг.
Подписчики
2 450
0 за 3 дн.
Сутки
−1
−0,04%
Неделя
 
Месяц
 
Просмотров на пост
2 590
19 постов
Вовлечённость
105,7%
к подписчикам
Постов в день
0,1
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1 750
1/48двое суток
2 005
1/72трое суток
2 163

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 20:2235858

    без подписи

  • 31 июл.1 19057

    Project Show အတွက် LMS ရဲ့ Announcement အောက်မှာ ကြေညာထားပါတယ်

  • 26 июл.1 97371

    အင်တာနက်ပြတ်တောက်နိုင်ခြေရှိသူများအတွက် အသိပေးချက် (NUCS ကျောင်းသား/သူများအတွက်သာ) Star Link Internet ပြတ်တောက်နိုင်ခြေရှိသည့် သတင်း‌နှင့်ပတ်သက်၍ ကျောင်းသား/သူများ စိုးရိမ်နေကြကြောင်း သိရှိပါသည်။ အင်တာနက် ပြတ်တောက်ပြီး တက္ကသိုလ်နှင့် ကင်းကွာဖြစ်မည်ကိုစိုးရိမ်ကာ ရပ်နားတင်ထားရမည်လား မေးမြန်းထားသည့်အပေါ် NUCS တက္ကသိုလ်စီမံအုပ်ချုပ်ရေးအနေဖြင့် လက်ရှိအခြေအနေကို အမြဲစောင့်ကြည့်လျှက်ရှိပါသည်။ မိမိတို့နေရာဒေသတွင် Star Link Internet ပြတ်တောက်နိုင်ခြေရှိသည့် ကျောင်းသား/သူများသည် ကြိုတင်ပြီး ရပ်နားတင်ထားရန် မလိုအပ်ကြောင်း နှင့် LMS အတွင်း တင်ထားပေးသည့် Form တွင်သာ စာရင်းဖြည့်သွင်းထားရပါမည်။ အကယ်၍ အင်တာနက်ပြတ်တောက်ခဲ့ပါက အင်တာနက်ပြန်လည်အသုံးပြုနိုင်ချိန်တွင် တက္ကသိုလ်သို့ Telegram/Email/Messenger တို့ဖြင့် ပြန်လည်သတင်းပို့ပြီး မိမိ၏သင်ယူမှုများကို ဆက်လက်ပြုလုပ်နိုင်ပါသည်။ အထူးသတိပြုရန် - LMS အတွင်း ပေးထားသည့် Link မှသာ ဖောင်ကိုဖြည့်ပေးကြပါရန်နှင့် အခြားမည်သည့်နေရာတွင်မှ ယင်းလင့်ကို တင်ထားပေးမည် မဟုတ်ပါ။ - NUCS သည် ကျောင်းသား/သူ၏ Personal အချက်အလက်များကို မည်သည့်အခါမှ ကောက်ခံမည် မဟုတ်ပါ။

  • 21 июл.2 436282

    http://nucs-edu.org/annoucements/condolence-20260721/

  • 7 июл.3 00141

    Invitation to celebrate the 2nd Anniversary of the National University of Computer Studies #ucsiboe telegram :t.me/ucs_iboe website: https://nucs-edu.org/ NUCS Email: ucs.iboe@he.moeedu.org studentaffairs@nucs-edu.org

  • 26 июн.3 18434

    ၂၆.၆.၂၀၂၆ (သောကြာနေ့)ထိ MES တွင် ပထမနှစ် Enroll (ကျောင်းအပ်)ထားပြီးသူများ LMS အတွင်း ဝင်ရောက်နိုင်ပါပြီ။ ကျောင်းအပ်နည်းလမ်းညွှန် အဆင့် ၈ နှင့် ၉ ပါ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပါ။ (https://nucs-edu.org/admission/enroll-guide/ ) LMS ထဲသို့ ဝင်ရောက်ပြီး 2026-2027 Academic Year —> Batch-4 (June Intake) —> First Year —> Semester-I (June-October) သို့ အဆင့်ဆင့် ဝင်ရောက်ပါ။ LMS ထဲရှိ သင်တန်းဆိုင်ရာ ကြေညာချက်များကို ဖတ်ရှုပြီး လမ်းညွှန်ချက်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။ အဆင်မပြေမှုများရှိပါက တက္ကသိုလ်၏ Facebook နှင့် Telegram ချန်နယ်များနှင့် studentaffairs@nucs-edu.org သို့ ၁။ MES-ID ၂။ NUCS-ID (MES ထဲတွင် ကြည့်ရန်) ၃။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအမှတ်စဉ်နှင့် ၄။ MES ထဲတွင် Register လုပ်ခဲ့သော အီးမေးလ် စသည့်အချက်များ ပြည့်ပြည့်စုံစုံ ဖော်ပြလျှက် မေးမြန်းနိုင်ပါသည်။ အကောင့်လုံခြုံရေးအတွက် အချက်အလက်မပြည့်စုံသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးမည် မဟုတ်ပါ။ အထူးသတိပေးချက် - မိမိတို့၏ MES နှင့် LMS ID များနှင့် Password များကို မည်သူ့ထံသို့မျှ မည်သည့်အကြောင်းကြောင့်မျှ ပေးပို့ခြင်းလုံးဝ (လုံးဝ) မပြုလုပ်ကြပါရန်။ LMS ထဲရှိ ကြေညာချက်များ အပါအဝင် မည်သည့် အချက်အလက်ကိုမှ အပြင်သို ထုတ်ခြင်း၊ ရှဲခြင်း မပြုလုပ်ကြပါရန်။

  • 25 июн.2 18716

    ဘွဲ့လွန်သုတေသနသင်တန်းသားများအတွက် ကျောင်းအပ်နည်းလမ်းညွှန် ပညာသင်ခွင့်ရပ်တန့်နေခဲ့ကြသော ပါရဂူနှင့်မဟာတန်း သုတေသနကျောင်းသား/သူများအတွက် NUCS တွင် သုတေသနဆက်လက်ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ပေးလျှက်ရှိရာ ယခုအခါတွင် ကျောင်းအပ်ခြင်းနှင့် သင်တန်းသားစာရင်းသွင်းခြင်းများကို MES မှ တဆင့် ပြုလုပ်နိုင်ကြပြီ ဖြစ်ပါသည်။ သင်တန်းကြေညာချက်နှင့် သင်တန်းအပ်နည်းလမ်းညွှန်ကို https://nucs-edu.org/academic/postgrad/ တွင် ဝင်ရောက်ဖတ်ရှုပြီး လမ်းညွှန်ချက်များအတိုင်း လိုက်ပါလုပ်ဆောင်နိုင်ပါသည်။ တက္ကသိုလ်ဘက်က စိစစ်စီစဉ်ပြီး အီးမေးလ်ဖြင့် အကြောင်းပြန်ပါမည်။ သင်တန်းသားတစ်ဦးချင်းစီအလိုက် စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါသဖြင့် ကြာမြင့်ချိန် (၃) လအထိ ရှိနိုင်ပါသည်။ စုံစမ်းမေးမြန်းမှုများကို Submit လုပ်ပြီး (၃)လကျော်မှသာ ပြုလုပ်ပါရန်။ အဆင်မပြေမှုရှိပါက NUCS ၏ Facebook နှင့် Telegram Channel များမှသော်လည်းကောင်း၊ studentaffairs@nucs-edu.org သို့ အီးမေးလ်ပို့၍သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျောင်းသားရေးရာဌာန NUCS

  • 21 июн.2 46235

    ၂၀.၆.၂၀၂၆ (စနေနေ့)ထိ MES တွင် ပထမနှစ် Enroll (ကျောင်းအပ်)ထားပြီးသူများ LMS အတွင်း ဝင်ရောက်နိုင်ပါပြီ။ ကျောင်းအပ်နည်းလမ်းညွှန် အဆင့် ၈ နှင့် ၉ ပါ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပါ။ (https://nucs-edu.org/admission/enroll-guide/ ) LMS ထဲသို့ ဝင်ရောက်ပြီး 2026-2027 Academic Year —> Batch-4 (June Intake) —> First Year —> Semester-I (June-October) သို့ အဆင့်ဆင့် ဝင်ရောက်ပါ။ LMS ထဲရှိ သင်တန်းဆိုင်ရာ ကြေညာချက်များကို ဖတ်ရှုပြီး လမ်းညွှန်ချက်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။ အဆင်မပြေမှုများရှိပါက တက္ကသိုလ်၏ Facebook မက်ဆင်ဂျာ၊ Telegram ချန်နယ်များနှင့် studentaffairs@nucs-edu.org အီးမေးလ်များသို့ ၁။ ကျောင်းသား/သူ၏ MES-ID, ၂။ NUCS-ID (MES ထဲတွင် ကြည့်ရန်), ၃။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအမှတ်စဉ်နှင့် ၄။ MES ထဲတွင် Register လုပ်ခဲ့သော အီးမေးလ် စသည့်အချက်အလက်များ ပြည့်ပြည့်စုံစုံ ဖော်ပြလျှက် မေးမြန်းအကူအညီတောင်းနိုင်ပါသည်။ အကောင့်လုံခြုံရေးအတွက် အချက်အလက်မပြည့်စုံသော မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးမည် မဟုတ်ပါ။ အထူးသတိပေးချက် - မိမိတို့၏ MES နှင့် LMS ID များနှင့် Password များကို မည်သူ့ထံသို့မျှ မည်သည့်အကြောင်းကြောင့်မျှ ပေးပို့ခြင်းလုံးဝ (လုံးဝ) မပြုလုပ်ကြပါရန်။ LMS ထဲရှိ ကြေညာချက်များ အပါအဝင် မည်သည့် အချက်အလက်ကိုမှ အပြင်သို ထုတ်ခြင်း၊ ရှဲခြင်း မပြုလုပ်ကြပါရန်။

  • 14 июн.3 02244

    ဒီ Chat Group က Public ပါ။ ကိုယ့်ကျောင်းသားတွေပဲ ရှိတာမဟုတ်ပါဘူး။ လူပေါင်းစုံ ရှိပါတယ်။ ဒီလောက် ပြောရင် နားလည်ကြပါ။ အားလုံးဘေးကင်းလုံခြုံစွာနဲ့ ပညာသင်ကြားနိုင်စေဖို့ အထူးသတိပေးချက်တွေ ထုတ်ပြန်ပေးရတာဖြစ်ပါတယ်။ တိတိကျကျ လိုက်နာကြပါ။ နောက်လူတွေကျရင် သတိမပေးတော့ပါဘူး။ တခါတည်း မက်ဆေ့ ဖျက်ပါမယ်။

  • 13 июн.3 02030

    ၁၃.၆.၂၀၂၆ (စနေနေ့) ညနေ (၅း၀၀)နာရီထိ Enroll (ကျောင်းအပ်)ထားပြီးသူများ LMS အတွင်း ဝင်ရောက်နိုင်ပါပြီ။ ကျောင်းအပ်နည်းလမ်းညွှန် အဆင့် ၈ နှင့် ၉ ပါ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပါ။ (https://nucs-edu.org/admission/enroll-guide/) LMS ထဲသို့ ဝင်ရောက်ပြီး 2026-2027 Academic Year —> Batch-4 (June Intake) —> First Year —> Semester-I (June-October) သို့ အဆင့်ဆင့် ဝင်ရောက်ပါ။ LMS ထဲရှိ သင်တန်းဆိုင်ရာ ကြေညာချက်များကို ဖတ်ရှုပြီး လမ်းညွှန်ချက်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။   အထူးသတိပေးချက် - မိမိတို့၏ MES နှင့် LMS ID များနှင့် Password များကို မည်သူ့ထံသို့မျှ မည်သည့်အကြောင်းကြောင့်မျှ ပေးပို့ခြင်းလုံးဝ (လုံးဝ) မပြုလုပ်ကြပါရန်။ LMS ထဲရှိ ကြေညာချက်များ အပါအဝင် မည်သည့် အချက်အလက်ကိုမှ အပြင်သို ထုတ်ခြင်း၊ ရှဲခြင်း မပြုလုပ်ကြပါရန်။

  • 11 июн.2 39512

    11.6.2026 နေ့အထိ ပထမနှစ်ပြန်တက်ခွင့်တင်ထားကြသော အခြားတက္ကသိုလ်ဝင်ခွင့်များမှ ကျောင်းသား/သူများအားလုံး MES ထဲတွင် ကျောင်းအပ်နိုင်ပါပြီ။ ပြန်တက်ခွင့် ထပ်မံတောင်းခံလိုသူများလဲ ၂၅.၆.၂၀၂၆ နေ့အထိ ပြန်တက်ခွင့်လျှောက်လွှာ တင်သွင်းနိုင်ပါသည်။ ယခုဖွင့်လှစ်မည့်ပထမနှစ်တွင် တက်ရောက်ရန် လျှောက်ထားကြသော Resume တန်းမှ ကျောင်းသား/သူများထံလဲ MES အကောင့်ဖွင့်နည်း လမ်းညွှန်များကို အီးမေးလ်ဖြင့် ပေးပို့ထားပါသည်။ အီးမေးလ်ပါ ညွှန်ကြားချက်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။ ကျောင်းအပ်နည်း လမ်းညွှန် - https://nucs-edu.org/admission/enroll-guide/ ကျောင်းအပ်ကာလ ကြည့်ရန် - https://nucs-edu.org/annoucements/2605001/ ကျောင်းသားရေးရာဌာန NUCS

  • 10 июн.2 17817

    ယခင်တက္ကသိုလ်ဝင်ခွင့်များမှ NUCS ဝင်ခွင့်ရပြီးသူ ကျောင်းသား/သူများ ယခုဖွင့်လှစ်မည့်ပထမနှစ်တွင် ကျောင်းအပ်နိုင်ရေး ကြေညာချက် ****** အခြားတက္ကသိုလ်ဝင်ခွင့်များတွင် NUCS တက်ရောက်ခွင့်ရရှိထားပြီး အကြောင်းအမျိုးမျိုးကြောင့် ယခုဖွင့်လှစ်မည့်ပထမနှစ်တွင် ပြန်လည်တက်ရောက်လိုကြသူများသည် MES တွင် ကျောင်းအပ်ခြင်းကို အချိန်မှီ လုပ်ဆောင်ကြရပါမည်။ MES တွင် ကျောင်းအပ်ခွင့်ရရန်အတွက် အောက်ပါလမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ရန် လိုအပ်ပါသည်။ ၁။ NUCS တွင် ပထမနှစ်ကျောင်းအပ်ပြီး NUCS-ID ရှိပြီးသူများ - ကျောင်းပြန်တက်ရောက်ခွင့်တောင်းခြင်းကို NUCS Website → ကျောင်းသားရေးရာ → ရပ်နားနှင့်နှုတ်ထွက်ခြင်း (https://nucs-edu.org/admission/postpone-and-resign/ )မှတဆင့် ဖြည့်သွင်းရပါမည်။ ၂။ ကင်းကွာကျောင်းသား/သူများ (NUCS-ID မရှိသေးသူများ) - ကျောင်းပြန်တက်ရောက်ခွင့်တောင်းခြင်းကို NUCS Website → ကျောင်းသားရေးရာ → ရပ်နားနှင့်နှုတ်ထွက်ခြင်း (https://nucs-edu.org/admission/postpone-and-resign/ )မှတဆင့် ဖြည့်သွင်းရပါမည်။ မှတ်ချက်တွင် တက္ကသိုလ်ဝင်ခွင့် အမှတ်စဉ်နှင့် "NUCS-ID မရှိသေးပါ" ဟု ဖော်ပြပေးရပါမည်။ ⚠️ အထူးသတိပြုရန် - ပြန်လည်တက်ရောက်ခွင့်တောင်းခံခြင်းကို ၂၅.၆.၂၀၂၆ (ဗုဒ္ဓဟူးနေ့) နောက်ဆုံး ဖြည့်သွင်းသူများသာလျှင် ယခုပညာသင်နှစ်ကို ဝင်ရောက်နိုင်ပါမည်။ စိစစ်ခြင်းသည် အနည်းဆုံးအချိန် တပတ်ကြာမည်ဖြစ်ပြီး လိုအပ်သည့် ညွှန်ကြားချက်ကို အီးမေးလ်ဖြင့် အကြောင်းပြန်ကြားပါမည်။ ----- ယခုဖွင့်လှစ်မည့်ပထမနှစ်ကို ပြန်တက်ရောက်ရန် အီးမေးလ်ရှိပြီးသူများသည် ထပ်မံလျှောက်ထားရန် မလိုပါ။ MES တွင် ကျောင်းအပ်ခြင်းကို ၁၂.၆.၂၀၂၆ (သောကြာနေ့)မှစ၍ ပြုလုပ်နိုင်ပါသည်။ ကျောင်းသားရေးရာဌာန NUCS

  • 10 июн.1 8801

    ယခင်တက္ကသိုလ်ဝင်ခွင့်များမှ NUCS ဝင်ခွင့်ရပြီးသူ ကျောင်းသား/သူများ ယခုဖွင့်လှစ်မည့်ပထမနှစ်တွင် ကျောင်းအပ်နိုင်ရေး ကြေညာချက်

  • 8 июн.2 54138

    NUCS ပထမနှစ် ကျောင်းအပ်ရာမှာ တချို့သော ကျောင်းသား/သူတွေမှာ ကျောင်းအပ်ဖို့ မပေါ်ကြောင်း အကြောင်းကြားလာတာ ရှိပါတယ်။ စိစစ်ပေးနိုင်ရေးအတွက် - 1. MES ID 2. တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့တဲ့ လျှောက်လွှာနံပါတ် 3. MES အကောင့်တွင် Register လုပ်ထားခဲ့သော အီးမေးလ် စတဲ့ ၃ ချက်ကို - - Facebook Messenger - Telegram (Direct Message to Admin) - Email - studentaffairs@nucs-edu.org တခုခုစီကို ပေးပို့ပြီး အကူအညီတောင်းခံနိုင်ပါတယ်။ ဆက်သွယ်လာတဲ့ Channel ကနေ ပြန်လည်အကြောင်းပြန်ပေးပါမယ်။ ကျောင်းသားရေးရာဌာန NUCS

  • 4 июн.2 76550

    စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသား/သူများအတွက် သင်တန်းအပ်ရမည့်ကာလ၊ အတန်းစတင်ဖွင့်လှစ်မည့်ရက် နှင့် သင်တန်းအပ်နည်းလမ်းညွှန်ကြေညာခြင်း ################################# သင်တန်းအပ်ရမည့်ကာလ - ဇွန် ၈၊ ၂၀၂၆ (တနင်္လာနေ့) မှ  ဇူလိုင် ၆၊ ၂၀၂၆ (တနင်္လာနေ့) အထိ သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - ဇွန် ၂၉၊ ၂၀၂၆ (တနင်္လာနေ့) ################################# သင်တန်းအပ်ခြင်းကို MES တွင် ပြုလုပ်ရမည်ဖြစ်ပြီး သင်တန်းအပ်နည်းလမ်းညွှန်ကို  NUCS Website -> ကျောင်းသားရေးရာ -> ကျောင်းအပ်နည်း (https://nucs-edu.org/admission/enroll-guide/)တွင် ကြည့်ရှုနိုင်ပါသည်။ · သင်တန်းအပ်နှံပြီး တပတ်အတွင်း LMS ထဲ ဝင်ရောက်ရမည့် အချက်အလက်များကို ကျောင်းသား/သူများ၏ MES ထဲတွင် ပေးပို့ပေးထားပါမည်။ · LMS ထဲတွင် သင်တန်းဆိုင်ရာလမ်းညွှန်များ တင်ထားပေးမည် ဖြစ်သည်။ · သတ်မှတ်ရက်အတွင်း သင်တန်းအပ်နှံထားသူများသာ ယခုပညာသင်နှစ်ကို တက်ရောက်ခွင့် ရရှိပါမည်။ လမ်းညွှန်ကို သေချဖတ်ရှုပါရန်နှင့် အဆင်မပြေမှုတစုံတရာရှိပါက NUCS ၏ Facebook နှင့် Telegram ချန်နယ်များမှတဆင့် မေးမြန်းနိုင်ပါသည်။      @nucs

  • 27 мая3 13319

    ဘွဲ့လက်မှတ်လျှောက်ထားကြသူများအတွက် အသိပေးချက် မေ ၂၇၊ ၂၀၂၆ စစ်အာဏာသိမ်းမှုကြောင့် ပညာရေးရပ်တန့်ခဲ့ကြသည့် နောက်ဆုံးနှစ် ကျောင်းသား/သူများအတွက် ဘွဲ့ရယူနိုင်ရေး NUCS က စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။ လမ်းညွှန်ချက်များကို https://nucs-edu.org/admission/announcement-for-final-students/ လင့်တွင် ဖတ်ရှုနိုင်ပါသည်။ ယင်းဘွဲ့လက်မှတ်လျှောက်ထားကြသူများကို လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ၊​ အောင်လက်မှတ်များ ပြန်လည်ပေးပို့ပါရန် အကြောင်းကြားသည့် အီးမေးလ်များကို ပေးပို့ထားပြီး ဖြစ်ပါသည်။ ဘွဲ့လက်မှတ် လျှောက်ထားကြသော ကျောင်းသား/သူများအနေဖြင့် မိမိတို့၏ အီးမေးလ်များကို စစ်ဆေးပေးပါရန်နှင့် Spam Mail များတွင်ပါ ဝင်ရောက်စစ်ဆေးပြီး လိုအပ်သည့်အချက်အလက်များ၊ ဖိုင်များကို အမြန်ဆုံးပြန်လည်ပေးပို့ပါရန် အသိပေးပါသည်။ ယခုမှ လျှောက်ထားလိုကြသော ကျောင်းသား/သူများကိုလည်း လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ NUCS ၏ Facebook Page နှင့် Telegram Channel တို့မှလည်း မေးမြန်းနိုင်ပါသည်။ #nucs #degree

  • 25 мая2 74022

    တက္ကသိုလ်ပြောင်းရွှေ့လျှောက်ထားခြင်းဆိုင်ရာ အသိပေးချက် မေ ၂၅၊ ၂၀၂၆ MES မှ တဆင့် တက္ကသိုလ်ပြောင်းရွှေ့လျှောက်ထားမှုများကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အဖွဲ့က ၂၅.၅.၂၀၂၆ မှ စ၍ ၈.၆.၂၀၂၆ နေ့အထိ ခွင့်ပြုပေးထားပါသည်။ ပြောင်းရွှေ့ခွင့်တောင်းခံထားကြသော NUCS မှ ကျောင်းသား/သူများကိုလဲ MES ထဲတွင် ပြောင်းရွှေ့လျှောက်ထားခွင့် ဖွင့်ထားပေးပြီး ဖြစ်ပါသည်။ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အဖွဲ့၏ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအတိုင်း MES မှတဆင့် လျှောက်ထားကြရမည် ဖြစ်ပါသည်။ NUCS ကျောင်းသား/သူများအတွက် NUCS ထံမှ ခွင့်ပြုချက်တောင်းခံခြင်းကို ၂၅.၅.၂၀၂၆ ထိ ခွင့်ပြုထားလျှက်ရှိရာ ယင်းကို ၆.၆.၂၀၂၆ နေ့ထိ တောင်းခံခွင့်ပြုပါမည်။ တောင်းခံပြီး ၂ ရက်အတွင်း MES ထဲတွင် ဖွင့်ပေးပါမည်။ အခြားတက္ကသိုလ် ကျောင်းသား/သူများလည်း NUCS ဖောင်တွင် လာဖြည့်ထားခြင်းများ တွေ့ရပါသည်။ NUCS အနေဖြင့် အခြားတက္ကသိုလ် ကျောင်းသား/သူများ၏ ကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါသဖြင့် မိမိတို့ တက္ကသိုလ်များသို့သာ ဆက်သွယ်ပါရန် အကြံပြုပါသည်။ လိုအပ်ပါက NUCS ၏ Facebook Page နှင့် Telegram Channel များတွင် မေးမြန်းနိုင်ပါသည်။

  • 21 мая3 26136

    သုတေသနပြုလုပ်ဆဲ မဟာတန်းများ နှင့် ပါရဂူတန်း သင်တန်းသား/သူများ NUCS တွင် သုတေသနလုပ်ငန်းများ ဆက်လက်ပြုလုပ်နိုင်ရေး ကြေညာချက် မေ ၂၁၊ ၂၀၂၆ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လျှက် ယနေ့တိုင် CDM ပြုလုပ်ထားကြသည့် ကွန်ပျူတာတက္ကသိုလ်များနှင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တို့၏ မဟာတန်းနှင့် ပါရဂူတန်းအသီးသီးမှ သုတေသနပြုလုပ်နေကြသော သင်တန်းသား/သူများအတွက် National University of Computer Studies (NUCS) တွင် သုတေသနလုပ်ငန်းများ ဆက်လက်ပြုလုပ်နိုင်ရေး လက်ခံပေးလျှက် ရှိပါသည်။ အသေးစိတ်အချက်အလက်များကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။ https://nucs-edu.org/annoucements/call-postgraduate-research/ #Masters #PhD #nucs

  • 18 мая2 71217

    https://www.facebook.com/share/v/1KcqUPf5KB/

  • 16 мая3 13326

    без подписи