U Kan Myint Than
Статистика- Последний пост
- 13 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 1
- Всего постов
- 21
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 227
- 1/48двое суток
- 260
- 1/72трое суток
- 280
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
၂ဝ၂၆ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားကို ၁၃-၈-၂၀၂၆ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။ ဦးစွာ ကျောင်းသား/ကျောင်းသူများက “စုံအောင်စားကြစို့” သီချင်းဖြင့်ကပြ ဖျော်ဖြေတင်ဆက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ၏ လူနေမှုဘဝ မြင့်မားရေးအတွက် ကျန်းမာရေးကဏ္ဍသည် အခြေခံကျပြီး အရေးပါသည့် ကဏ္ဍတစ်ရပ် ဖြစ်ကြောင်း၊ လူတိုင်း ကျန်းမာသန်စွမ်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာ ပါဝင်နိုင်ရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်မှာ အာဟာရပြည့်ဝ မျှတစွာစားသုံး နေထိုင် နိုင်ခြင်းဖြစ်ကြောင်း၊ အာဟာရပြည့်ဝမျှတမှုသည် မွေးကင်းစနှင့် ကလေးငယ်များ၏ ကိုယ်ခန္ဓာ ကြီးထွား ဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကျောင်းနေအရွယ်ကလေးများအတွက် ပညာရေးဆိုင်ရာ စွမ်းရည်မြင့်မားမှု၊ အရွယ်ရောက်သူများ၏ အလုပ်လုပ်နိုင်စွမ်းအား ကောင်းမွန်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံအကျဆုံးအုတ်မြစ်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီအနေဖြင့် အသက်အရွယ်၊ ကျား/မအလိုက် ကိုယ်ခန္ဓာလိုအပ်ချက်များနဲ့ ကိုက်ညီသည့် အာဟာရဓာတ်များကို အချိုးညီမျှစွာရရှိအောင် အစားအစာ အုပ်စု စုံလင်စွာစားသုံးဖို့၊ သန့်ရှင်းသည့် အစားအစာများကို ရွေးချယ်စားသုံးနိုင်ရန် မှန်ကန်သော အာဟာရဆိုင်ရာ အလေ့အကျင့်ကောင်းများရှိရန် အလွန်အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက ကျောင်းကျန်းမာရေးအဆင့်မြှင့်ကျောင်း စံပြဆုရရှိသော ကျောင်းများ၊ စံပြမိခင်ဆု ရရှိသူများ အား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီးအထိမ်းအမှတ် Video Clip အား ပြသမှုအား ကြည့်ရှုခဲ့ပါသည်။ ယင်းနောက် အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခင်ကျင်း ပြသထားသည့် အထိမ်းအမှတ်ပြခန်းများနှင့် အသက်(၅)နှစ်အောက်ကလေးများအား အင်အားပြည့် ဗီတာမင်အေ တိုက်ကျွေးနေမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရ ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများသည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု (တိုင်းအဆင့်) အခမ်းအနားသို့တက်ရောက်သည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများသည် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းအတွက် ဆရာ၊ ဆရာမများနှင့် မိဘများ ပူးပေါင်းပြင်ဆင်ချက်ပြုတ်ထားသည့် ဟင်းလျာများ ပြသထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများက အာဟာရပြည့်ဝကျန်းမာစွာဖြင့် စားသုံးနိုင်သည့် အစားအစာအုပ်စုများနှင့် တစ်နေ့တာ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံအကြောင်း ရှင်းလင်းတင်ပြမှု၊ KG ကျောင်းသား၊ ကျောင်းသူလေးများအား ဆရာ၊ ဆရာမများနှင့် မိဘများ ပူးပေါင်းပြင်ဆင်ချက်ပြုတ်ထားသည့် အာဟာရဖြည့်ဟင်းလျာများ ကျွေးမွေးနေမှု၊ ကျောင်းကျန်းမာရေး မြှင့်တင်ရေးသီချင်းဖြစ်သည့် “စုံအောင်စားစို့” တေးသီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူများက သရုပ်ဖော်ကပြတင်ဆက်မှုတို့ကို ကြည့်ရှုကြပြီး ကျောင်းသား၊ ကျောင်းသူများအား ၎င်းတို့ အသက်အရွယ် ကျား/မ အုပ်စုအလိုက် သံချဆေးနှင့် သံဓာတ်အား ဆေးများကို တိုက်ကျွေးပေးကြသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူ များက ဖုံး၊ သွန်၊လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း သရုပ်ပြသမှု၊ မူလတန်းကျောင်းသား၊ ကျောင်းသူများက စနစ်တကျလက်ဆေးခြင်းနှင့်စနစ်မှန်သွားတိုက်ခြင်း သရုပ်ပြသမှု၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေးနှင့်အညီ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အဖွဲ့လိုက်ဆွေးနွေးမှု၊ မူးယစ်ဆေး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုး အန္တရာယ်များနှင့်ပတ်သက်၍ အဖွဲ့လိုက် အပြန်အလှန်ဆွေးမှု၊ ကျန်းမာရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများက ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုလျက်ရှိမှု၊ အထွေထွေ ကျန်းမာရေးစစ်ဆေးမှု၊ ပဏာမမျက်စိစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းဖွံဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်ခဲ့ကြပါသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့၊ မနက်ပိုင်းက မိုးရာသီကာလအတွင်း သောက်သုံးရေလုပ်ငန်း အသုံးပြုလျက်ရှိသည့် ဆည်များအတွင်းကို ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် ဥတ္တရသီရိဆည်ကို ရောက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ မြို့တော်ဝန်မှ တမံပြုပြင်ထားရှိတဲ့ ဆည်ဖြစ်တဲ့အတွက် တမံမြေသားအခြေအနေကို အမြဲမပြတ်စစ်ဆေးနေရန်၊ ရေပိုလွှဲလမ်းကြောင်း ရေစီးရေလာ ကောင်းမွန်စေရေး သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ချောင်းမကြီးဆည်ကို ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် မြို့တော်ဝန်မှ နေပြည်တော် မြို့ပြရေပေးဝေရေးအတွက် ယခုလက်ရှိအခြေအနေတွင် ချောင်းမကြီးဆည်သည် အဓိကနေရာတွင် ရှိနေသည့်အတွက် ဆည်ကြံ့ခိုင်ရေးကို စစ်ဆေးမှုပုံစံများအတိုင်း စနစ်တကျစစ်ဆေးရန်၊ ရေပြည့်မှတ်ရောက်ရှိရန် အမြင့်ပေ လိုအပ်နေသေးသော်လည်း ရေပိုလွှဲနှင့် ရေလမ်းကြောင်းများ ရှင်းလင်းထားရန်၊ သောက်သုံးရေ ပေးဝေနေသည့် ဆည်ဖြစ်သည့်အတွက် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ဒက္ခိဏသီရိမြို့နယ် စံပယ်လမ်းမကြီး၊ တော်ဝင်သီရိလမ်း၊ သဇင်လမ်းနှင့် တော်ဝင်ရတနာလမ်းတို့၏ လမ်းဘေးဝဲယာရေမြောင်းများမှ မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှုအခြေအနေများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စက်ယန္တရားဖြင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပုဗ္ဗသီရိမြို့နယ် ရာဇာသင်္ဂဟအိမ်ရာအတွင်း လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်ပြီး ပုဗ္ဗသီရိမြို့နယ်ရှိ ဆင်သေချောင်း၊ သိုက်ချောင်းတံတားအနီးနှင့်ဥယျာဉ်တံတားများသို့ သွားရောက်၍ ဆင်သေချောင်းရေစီးဆင်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ပါသည်။
(၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယရွှေကျောင်းတော်၊ ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တနေမိန္ဒ မဟာထေရ်မြတ်ကြီးထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုကြပါသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
မျိုးဆက်သစ်လူငယ်၊ လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ အစဉ်တစိုက် ရှင်သန်နေစေရန်၊ စာပေအဆီအနှစ်များမှတစ်ဆင့် အသိပညာဗဟုသုတ ကြွယ်ဝပြီး နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန် ရည်ရွယ်၍ကျင်းပသော "စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ကို ၁၄-၇၀၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပွဲတော်အတွင်း ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်နေကြသည့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးကာ ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ထူးချွန်ဆုများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့်နောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "စာကြည့်တိုက်ကို သွားကြစို့" တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ၌ လူငယ်များအနေဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို တစ်ဆက်တည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ခေတ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များအနေဖြင့် စာကြည့်တိုက်များသို့ သွားရောက်မှု နည်းပါးလာပြီး စာအုပ်စာစောင် ဖတ်ရှုမှု လျော့နည်းလာသည့်အတွက် ၎င်းတို့ စာအုပ်စာပေများကို စိတ်ဝင်စားလာစေရန်နှင့် ဖတ်ရှုမှုအလေ့အထများ ပြန်လည်ရှင်သန်လာစေရန် ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များနှင့်အတူ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် အသိကြွယ်ခြင်း၊ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိခြင်း၊ ဗဟုသုတကြွယ်ဝခြင်း စသည့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုးများစွာ ရရှိနိုင်သည့်အတွက် ကလေးငယ်များအား ငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အထကောင်းများ ရှိနေစေရန် ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ လူငယ်များအနေဖြင့် နေ့စဉ်စာဖတ်သည့် အလေ့အကျင့်မှတစ်ဆင့် သုတ၊ ရသ ပညာရပ်အစုံကို ဖတ်ရှုလေ့လာပြီး နိုင်ငံတော်က အားကိုးအားထားပြုရမည့် သားကောင်းရတနာများ ဖြစ်လာအောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်များက ဂုဏ်ပြုလွှာများနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများကို ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် ဗဟုသုတဖြစ်ဖွယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်၊ စာစောင်များကိုလှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။ ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ ရက် ၁ဝဝ အတွင်းဆောင်ရွက်သည့် အစီအစဉ်ဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် MSME လုပ်ငန်းများသည် နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အားဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့်အတွက် ဘက်ပေါင်းစုံမှ အားပေးမြှင့်တင်လျက်ရှိကြောင်း၊ စားသောက်ကုန်လုပ်ငန်းများဆောင်ရွက်ရာတွင် Food Safety နှင့်အညီ ကျန်းမာရေးနှင့် ညီညွတ်ရန်လိုအပ်ကြောင်း၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် Agro-based Industry တည်ဆောက်ကာ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပသွင်းကုန် လျှော့ချကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမြှင့်တင်ရန် သင်တန်းများနှင့် Knowledge Sharing အစီအစဉ်များတွင် ပါဝင်ကြရန်နှင့် ဒေသတွင်းပြပွဲများအပြင် Digital Marketing စနစ်များကို အသုံးပြု၍ ဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍နေပြည်တော်MSMEအသင်းဥက္ကဋ္ဌ၊ ဦးသူရိန်က မိတ်ဆက်စကားပြောကြားပြီး MSME လုပ်ငန်းရှင်များက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက MSME ဖွံ့ဖြိုးတက်စေရေးအစီအမံများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ MSME ထုတ်ကုန်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ဗဟိုအဆင့်မှာ ဆုရရှိသူများနှင့် တိုင်းအဆင့် ပြိုင်ပွဲမှာ ဆုရရှိတဲ့ ကျောင်းသား၊ ကျောင်းသူများ၊ အကဲဖြတ်ဒိုင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများရဲ့ မိဘများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေထံမှ ပေးပို့သည့် သဝဏ်လွှာကို နေပြည်တော်ကောင်စီနယ်မြေ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ရဲမှူးကြီး ရဲမိုးက ဖတ်ကြားခဲ့ပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ က (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဗဟိုအဆင့် ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ နေပြည်တော်ကောင်စီဝင် ရဲမှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နေပြည်တော်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများမှာ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများ ကိုလည်းကောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ပုဗ္ပသီရိမြို့ သောက်သုံးရေ ပေးဝေရေးအတွက် ချောင်းမကြီးဆည်မှ ပုဗ္ပသီရိမြို့သို့ ရေကူပေးပို့သည့် ပိုက်လိုင်းကို OD 450 မီလီမီတာ HDPE ပိုက် ပေ ၉၀၀၀ အစားထိုးသွယ်တန်းခြင်း လုပ်ငန်းခွင်နှင့် ဓနသိဒ္ဓိရေစက်ရုံမှာ လုပ်ငန်းလည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူများက ရေပေးဝေနေမှု၊ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနိုင်မှုနှင့် အဆိုပါပိုက်လိုင်း ဆောင်ရွက်ပြီးစီးပါက ချောင်းမကြီးဆည်မှ ပုဗ္ပသီရိမြို့သို့ ရေကူတင်ပို့မှုကို ယခင်ထက် ပိုမိုကောင်းမွန်ပြီး ရေအရည်အသွေး ကောင်းမွန်စွာ ပေးပို့နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ရာ မြို့တော်ဝန်က ပိုက်လိုင်းသွယ်တန်းရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစွာဖြင့် နည်းစနစ်တကျ လျင်မြန်စွာဖြင့် သေချာအောင် ဆောင်ရွက်ရန်၊ ယခုဆောင်ရွက်နေသည့် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ပြီးစီးမှသာလျှင် ပုဗ္ပသီရိမြို့ပြည်သူများသို့ အရည်အသွေးကောင်းမွန်သော ရေကို ပေးပို့ရမည်ဖြစ်သောကြောင့် လုပ်ငန်းများအား သတ်မှတ်အချိန်အတွင်း ပြီးစီးစေအောင် အားသွန်ခွန်စိုက် စေတနာထား ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့ဟာ ချောင်းမငယ်ဆည်မှ ရေကို ဆင်အုံကန်မှတစ်ဆင့် တစ်ရက်လျှင် ရေဂါလန် ၆ သန်း ရယူပြီး သန့်စင်ဖြန့်ဝေပေးမည့် ဓနသိဒ္ဓိရေစက်ရုံမှာ လုပ်ငန်းလည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ တာဝန်ရှိသူများက မကြာမီရက်ပိုင်းအတွင်း ရေအပြည့်အဝပေးဝေနိုင်တော့မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က ယခုရေစက်ရုံသည် နေပြည်တော်၏ သောက်သုံးရေပေးဝေမှုအတွက် အဓိကထောက်ပံ့ပေးမည့် စက်ရုံဖြစ်သည့်အတွက် ချိန်ညှိဆောင်ရွက်မှုများကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန်၊ စက်ရုံပတ်ဝန်းကျင် သာယာလှပရေးကိုလည်း ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ နေပြည်တော် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေး ရောဂါအကြောင်း ပညာပေးဟောပြောပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စနစ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ ကွင်းဆင်းကြည့်ရှုခဲ့ပြီး ခရိုင် /မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပါသည်။ ထို့နောက် ဆရာတော်ကြီးများအား ဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပုဗ္ဗသီရီမြို့နယ်၊ နေပြည်တော်ဗုဒ္ဓဂယာ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး သွားရောက်ဖူးမြော်ကြည်ညို၍ သံဝေဇနိယလေးဌာန ဂေါပကအဖွဲ့ရုံး၌ တာဝန်ရှိသူများ တွေ့ဆုံပြီး တာဝန်ရှိသူများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ၁၄-၆-၂၀၂၆ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး နှင့်ဇနီး၊ နေပြည်တော်အမျိုးသမီးရေးရာနှင့် နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီမှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး၊ အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသော ပညာတတ်များ ပေါများရေး၊ အနည်းဆုံး အလယ်တန်းပညာ (KG+9)ပြီးမြောက်ရေး၊ သင်ကြားသင်ယူမှု အဆင့်မြှင့်တင်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု အားပေးရေးကို အခြေခံ၍ ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှ ပညာသင်ယူရေးအတွက် မူဝါဒများ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အတွက် ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့သား/သမီးများအား ပညာတတ်လူငယ်များဖြစ်စေရေး၊ ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်း ရတနာများ ဖြစ်စေရေး မိဘဆရာ တူယှဉ်တွဲကာ နှစ်ဦးနှစ်ဖက် မျှတစွာ ပဲ့ပြင်ပေးမှသာ ကလေး၏ အနာဂတ် ဖြောင့်ဖြူးနိုင်မည် ဖြစ်ပါကြောင်းနှင့် ဝန်ထမ်းသား/သမီးများအား ပညာရည်မြင့်မားစေရန်အတွက် ယခုလို ချီးမြှင့်ပေးအပ်ခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းသားသမီးများဖြစ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများ၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများ၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၊ KG ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများကို ချီးမြှင့်ပေးအပ်ကြရာ ကျောင်းသား မိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းသားသမီးများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၈ ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၂၆ ဦး၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၆၂ ဦး၊ KG ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ မူကြိုကျောင်းသား၊ကျောင်းသူ ၁၁ ဦး စုစုပေါင်း ၁၃၃ ဦးအတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၉,၀၃၁,၀၀၀ အား ပေးအပ်ချီးမြှင့်နိုင်ခဲ့ပါသည်။
ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက်နှင့် ကျည်တောင်အုပ်စုအတွင်းရှိ လယ်မြေ ၂၅၀ ဧကခန့်၊ မွန်းတည့်ခွင်ကျေးရွာရှိ အိမ်ခြေ ၁၅၀ ခန့်နှင့် ရန်ကုန်-မန္တလေး ကားလမ်းနှင့် ပင်လောင်းလမ်းဆုံတို့တွင် ရေကြီးရေလျှံမှု လျော့နည်းသက်သာသွားစေမည့် ဇေယျာသီရိမြို့နယ်၊ နရဘန်ချောင်းအား သက်နှင်းအင်းကျေးရွာမှ ပေါင်းလောင်းတမံသွားသည့်လမ်းအထိ ချောင်းချဲ့ထွင် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု ပေါင်းလောင်းမြစ်အနီး၌ ကျင်းပပြုလုပ်သည့်ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်၍ မိုးရာသီကာလဖြစ်သည့်အတွက် ရေကြီး၊ရေလျှံမှုများ၊ ကမ်းပါးပြိုမှုများ ဖြစ်ပွားလာနိုင်သည့်အတွက် ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်ပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အဓိကဆောင်ရွက်သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းကြိုတင်စုဖွဲ့လေ့ကျင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အချိန်အခါ အလျောက်ဖြစ်ပေါ်လာနိုင်သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး စသည့် သဘာဝဘေးအန္တရာယ်များနှင့် အခြားသော ရုတ်ချည်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များ ကြုံတွေ့ရပါက အချိန်နှင့်တစ်ပြေးညီ ကူညီ/ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်တွက် လူအင်အား၊ စက်/ယန္တရားများ၊ ပစ္စည်းကိရိယာများ၊ အသင့်ပြင်ဆင်စု ဖွဲ့ထားရှိခြင်း၊ ခရိုင်/မြို့နယ်အလိုက် ကူညီကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ခြင်း၊ အခြားသောအုပ်ချုပ်မှု လိုအပ်သည် များအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ထားကြရန်လိုကြောင်း မှာကြားခဲ့ပါသည်။ ထို့နောက် ဇေယျာသီရိမြို့နယ်၊ သာယာဝှမ်းကျေးရွာရှိ ကျည်တောင်ဝက်မွေးမြူရေးခြံတွင် ဝက်မွေးမြူထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၂-၆-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌအနေဖြင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂ဝ၂၆) ကြိမ်မြောက်အစည်းအဝေးကို ၈-၆-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ပါသည်။ အဖွင့်အမှာစကားပြောကြားရာ ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးကို နေပြည်တော်ကောင်စီအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သော နေပြည်တော်ကို Clean City, Green City, Smart City ဖြစ်စေရန်အတွက် ကဏ္ဍစုံမှကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ခရီးသွားလုပ်ငန်း ကဏ္ဍအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးတို့အတွက်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်သည် နိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး မြင့်မားသည့် စံနှုန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရမည့် မြို့တော်တစ်ခု ဖြစ်သောကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သန့်ရှင်းသာယာသော၊ စိမ်းလန်းစိုပြေသော၊ ခရီးသွားများ လာရောက်လည်ပတ်ဖွယ်ရာ မြို့တော်တစ်ခုဖြစ်လာစေရေးကို နေပြည်တော်ကောင်စီအနေဖြင့် အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း နေပြည်တော်ကို Clean City, Green City, Smart City ဖြစ်စေရန်အတွက် လမ်းညွှန်မှု ပြုထားသည်ကိုလည်း သိရှိကြပြီးဖြစ်ပါကြောင်း၊ SMART City ဖြစ်စေရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ခေတ်မီဆန်းသစ်သော စီမံခန့်ခွဲမှုစနစ်များနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ကို ပေါင်းစပ်အသုံးပြု၍ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်နှင့် အုပ်ချုပ်ရေး ကဏ္ဍများကို ထိရောက်စွာ ဖွံ့ဖြိုးတိုးတက်စေပြီး လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်သော မြို့တစ်မြို့ဖြစ်ရန်လိုအပ်ပါကြောင်း၊ SMART City သည် နည်းပညာတိုးတက်မှုကိုသာ အခြေခံသည့် မြို့တော်တစ်ခုမဟုတ်ဘဲ လူသားဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် စီးပွားရေး တိုးတက်မှု တို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ထားသော အနာဂတ်မြို့တော်ပုံစံတစ်ရပ် ဖြစ်သောကြောင့် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူလူထုတို့၏ပူးပေါင်းဆောင်ရွက်မှု အလွန်အရေးကြီး ပါကြောင်း၊ SMART City ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည့် SMART Economy သည် နည်းပညာအသုံးပြုမှု၊ တီထွင်ဆန်းသစ်မှုနှင့် ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ခြင်းတို့ကို အခြေခံသောစီးပွားရေးစနစ် တစ်ရပ်ဖြစ်ပြီး ခရီးသွားလုပ်ငန်း ကဏ္ဍမှာလည်း ဒစ်ဂျစ်တယ် နည်းပညာများ၊ Online Booking System များ၊ Digital Payment System များ၊ Smart Tourism Platform များကို အသုံးပြုခြင်းဖြင့် ဝန်ဆောင်မှုအရည်အသွေး မြင့်မားလာစေပြီး ခရီးသွားဧည့်သည်များ၏ စိတ်ကျေနပ်မှုကို တိုးမြှင့်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများမှာ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုအရည်အသွေးမြင့်မားစွာ ပေးနိုင်ရန် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု(၃)မျိုးသင်တန်းကို ဇွန်လမှ ဇူလိုင်လအထိ ရက်သတ္တပတ်(၄) ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်သည့်အတွက် ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများမှ စိတ်ပါဝင်စားစွာ တက်ရောက်ကြစေလိုကြောင်း၊ ဟိုတယ်လုပ်ငန်းများသည် စွမ်းအင်ကို အများဆုံးအသုံးပြုသည့် လုပ်ငန်းများ ဖြစ်သည့်လျောက် စွမ်းအင်ကဏ္ဍနှင့်ပတ်သက်ပြီး နေပြည်တော်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းများအနေဖြင့် သန့်ရှင်းသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုနိုင်ရေးအတွက် ဆိုလာစနစ်များ တပ်ဆင်အသုံးပြုကြရန် အလေးထားညွှန်ကြားထားရှိပါကြောင်း၊ ထိုကဲ့သို့ညွှန်ကြား ဆောင်ရွက်ခဲ့မှု၏ရလဒ်အဖြစ် ယခုအချိန်တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ (၁၁) လုံး၌ ဆိုလာစနစ် များကို တပ်ဆင်အသုံးပြုလျက်ရှိနေပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေအတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာများ Solar စွမ်းအင်တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် အရောင်းပြသခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာ(၁၇)လုံးမှ ဆိုလာစွမ်းအင်တပ်ဆင်နိုင်ရေးအတွက် Site Survey ကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် မိမိတို့ ဆောင်ရွက်လိုသည့် လုပ်ငန်းများတွင် အစိုးရကဏ္ဍ၏ ပူးပေါင်းကူညီမှု လိုအပ်ချက်များ၊ မူဝါဒပိုင်းဆိုင်ရာ အခက်အခဲများ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုအပ်ချက်များနှင့် အခြားလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြစေလိုကြောင်း၊ အစိုးရကဏ္ဍအနေဖြင့်လည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တတ်နိုင်သမျှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင် ဦးမင်းဦးနှင့် နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး ဦးဇော်လွင်ထက်တို့က ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သော ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။
без подписи
၆-၆-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နေပြည်တော်ကောင်စီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဦးစွာ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာခန်းမမှာ ဒေသခံတောင်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး တောင်သူများထံ ယူရီးယားဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသွင်းအားစုများအားပေးအပ်ကာ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် လယ်ဝေးမြို့နယ်၊ ရွှေပြည်အေးကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာရှိ ပိုင်ပိုင်ဝါးတူစက်ရုံတွင် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုနှင့် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာ၊ တောင်သူဦးပြည့်စုံ၏ စိုက်ပျိုးမြေ ၄ ဧကပေါ်တွင် Power Harrow ဖြင့် ဘီးကတ်သုံး မျိုးစေ့ချကိရိယာ seeder ဖြင့် မိုးစပါးစိုက်ပျိုးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး လုပ်ငန်းအမျိုးအစားအလိုက် လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အချက်များကို မှာကြားခဲ့ပါသည်။
နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ၄-၆-၂၀၂၆ ရက်နေ့တွင် ကျင်းပသည့်နေပြည်တော်အတွင်း စားရေရိက္ခာဖူလုံရေးနှင့်စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး၌ အမှာစကားပြောကြားရာတွင် စားရေရိက္ခာဖူလုံရေးကော်မတီကို စားရေရိက္ခာမပြတ်လပ်စေရန်၊ သီးနှံနှင့် မွေးမြူရေးကဏ္ဍများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်တည်တံ့သော ဗျူဟာများ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် ချမှတ်ထားသော မူဝါဒများ၊ မဟာဗျူဟာများနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဒေသအလိုက် သတ်မှတ်ထားသော ပန်းတိုင်သီးနှံအထွက်နှုန်းများနှင့် အသား၊ ငါး ထုတ်လုပ်မှုရည်မှန်းချက်များ ပြည့်မီစေရေးအတွက် လိုအပ်သော သွင်းအားစုများ (မျိုးစေ့၊ မြေဩဇာ) နှင့် စိုက်ပျိုးစရိတ်ချေးငွေများ တောင်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိရေး အနီးကပ်ကြီးကြပ်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ဒေသတွင်း စားသုံးဆီဖူလုံရေး၊ အခြေခံစားသောက်ကုန် စျေးနှုန်းတည်ငြိမ်ရေးတို့အတွက် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန်နှင့် ရေရှည်အတွက် ဆည်၊ ကန်၊ တာတမံများကို ပြုပြင်ထိန်းသိမ်းကာ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သားငါးကဏ္ဍတွင်လည်း GAHP စနစ်ကျင့်သုံးရေး၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ရေးနှင့် သုတေသနရလဒ်များကို အခြေခံသည့် စိုက်ပျိုးမွေးမြူရေးနည်းပညာများ လက်တွေ့ကျကျ ကူညီပံ့ပိုးပေးရန်တို့ကို အလေးထားဆွေးနွေးကာ သက်ဆိုင်ရာဌာနများအလိုက် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ လိုအပ်သည်များကို ဖြည့်စွတ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းကဏ္ဍအတွင်း MSME ဒေသတွင်းထုတ်ကုန်များ သုံးစွဲမှုမြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၄-၆-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပရာ ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ နေပြည်တော်MSMEအသင်းဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများအတူ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်နှင့် တည်းခိုရိပ်သာ များအနေဖြင့် ဒေသထွက်ကုန်ပစ္စည်းများ၊ တစ်ပိုင်တစ်နိုင် ထုတ်လုပ်နေသည့် အိမ်တွင်းမှု စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများသည်လည်း အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် အလုံးစုံဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ MSME ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမစနစ်ဖြင့် ဆောင်ရွက်၍ ရသကဲ့သို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းအနေဖြင့်လည်း တစ်ပိုင်တစ်နိုင် ဆောင်ရွက်နိုင်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်ကြမ်းအရင်းအနှီး၊ သွင်းအားစုများနှင့် လူသားအရင်းအမြစ်များ လိုအပ်သည့်အတွက် ကုန်ကြမ်းများကို ပြည်ပမှဝယ်ယူ၍ ဆောင်ရွက်ခြင်းထက် ဒေသအတွင်း မှထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေနိုင်မှာ ဖြစ်ပါကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော လူသား အရင်းအမြစ်များ ရရှိစေရေးအတွက် စာတွေ့၊ လက်တွေ့သင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ခြင်းနှင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ စဉ်ဆက်မပြတ်ရရှိရေးအတွက် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ကုန်ကြမ်းပြတ်လပ်မှု မရှိစေရေးအတွက် အမျှော်အမြင်ရှိရှိ ကြိုတင်ဆောင်ရွက်ထားကြရန် လိုအပ်မှုကို သတိပြုကြစေလိုကြောင်း၊ ခရီးသွားမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်ကြသည့်အခါတွင် ထုတ်ကုန်များ၊ အစားအစာများ၊ အမှတ်တရလက်ဆောင်များသည်လည်း ဒေသအလိုက် ကိုယ်စားပြုမှုကို ဖော်ပြခြင်းဖြစ်သည့်အတွက် MSME ထုတ်ကုန်များအား ပိုမိုအဆင့်မြင့်မားစွာ ဈေးကွက်တွင် နေရာရရှိလာစေရန်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြသည့် ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် တိုးမြှင့်အကောင် အထည်ဖော်နိုင်မည်ဆိုပါက နေပြည်တော်ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည့်အပြင် MSME ကဏ္ဍတစ်ရပ်လုံး၏ တိုးတက်ပြောင်းလဲ မှုကိုလည်း အထင်အရှား မြှင့်တင်နိုင်မည်ဟု ယုံကြည်မျှော်မှန်းပါကြောင်း၊ ထို့ကြောင့် ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ စတင်ကာ အစိုးရ၊ ပုဂ္ဂလိကနှင့် သက်ဆိုင်ရာလုပ်ငန်း ရှင်များအားလုံးအတူတကွ လက်တွဲပူးပေါင်း၍ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်မှုရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ နေပြည်တော် MSME အသင်း ဥက္ကဋ္ဌနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက MSME ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အစီအမံများ၊ ခရီးသွားမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။ ထို့နောက် တာဝန်ရှိသူများနှင့်အတူ ခင်းကျင်းပြသထားသည့် MSME ထုတ်ကုန်များကိုလှည့်လည်ကြည့်ရှုအားပေးကာ MSME လုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီ နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယခုလ ၁ ရက်နေ့ မနက်ပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှိ မင်္ဂလာခန်းမမှာ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း၊ ပြည်သူ့လွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပျဉ်းမနားမြို့၊ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ဆရာတော်ထံမှ သာဓုအနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ကြွရောက်လာကြသည့် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့နောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ထပ်ဆင့်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားပြီး ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိခဲ့သည့် အရာထမ်း၊ အမှုထမ်း ၁၂ ဦး၊ လူမှုထူးချွန်ဆုတံဆိပ် ရရှိခဲ့သည့် အရာထမ်း၊ အမှုထမ်း ၂ ဦးနှင့် သင်တန်းများမှာ ထူးချွန်ဆု ရရှိသူ ၆ ဦးတို့အား ထပ်ဆင့်ဂုဏ်ပြု ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
နေပြည်တော်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့၊ ကျေးရွာနှင့် သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်းဆုတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီရုံး၊ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ဆုရကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ဂုဏ်ပြုဆုရရှိသည့် သက်ဆိုင်ရာမြို့၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ( World Environment Day - 2026 ) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းက ယှဉ်ပြိုင်ခဲ့သော နေပြည်တော်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောကျေးရွာနဲ့ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (Clean and Green School Award )တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကောင်းမွန်သောပတ်ဝန်းကျင် စီမံခန့်ခွဲမှုအလေ့အထများ ကျင့်သုံးဆောင်ရွက်ခြင်းသည် ဒေသအတွင်း မှီတင်းနေထိုင်သူများ၏ လူနေမှုဘဝ မြင့်မားရေး၊ ကျန်းမာပျော်ရွှင်သော လူ့ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်ရေး အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်ကျေးရွာများ အား ဂုဏ်ပြုဆုချီးမြှင့်ခြင်းသည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍအား ထည့်သွင်းပေါင်းစပ်ခြင်းပင်ဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်တရာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုနယ်မြေအတွင်းမှာရှိသည့် စက်မှု လက်မှု ကဏ္ဍများအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် စံနှုန်းများ၊ လမ်းညွှန်ချက်များကို အလေးထားလိုက်နာ ပူးပေါင်းဆောင်ရွက်လာနိုင်မည့် အကျိုးကျေးဇူးများရရှိလာစေမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများအား သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများအဖြစ် ဖွံ့ဖြိုးတိုးတက်ပေါ်ပေါက်လာစေရေးနဲ့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောမြို့၊ ရွာများ ပေါ်ပေါက်လာစေရေးအတွက် သက်ဆိုင်ရာဌာနများအနေနဲ့ လက်တွဲပူးပေါင်းပြီး နှစ်စဉ်အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဆုရရှိသူများအနေဖြင့် မိမိတို့၏အောင်မြင်မှုများကို ဆက်လက်တန်ဖိုးထား ထိန်းသိမ်းကြရန် တိုက်တွန်းပါကြောင်းနှင့် ယခုကဲ့သို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် ဂုဏ်ပြုဆုများမှသည် နိုင်ငံတော်အဆင့်၊ အာဆီယံအဆင့်အထိဆုများထပ်ဆင့်တက်လှမ်း ဆွတ်ခူးနိုင်ပါစေကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ ကျေးရွာဆုနှင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု(Clean and Green School Award) ဆုရကျောင်းများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောမြို့ (ပထမဆု)၏ ပြိုင်ပွဲဝင်Video Clipနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု(Clean and Green School Award) ပထမဆုရရှိခဲ့သည့် အထက်တန်းကျောင်း၏ ပြိုင်ပွဲဝင် Video Clip အား ပြသရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပါသည်။