OMB channel
Статистика- Последний пост
- 26 авг. 2024 г.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ငါ့ကို စောက်ရေးမပါသလို ဆက်ဆံလာရင် ဘယ်လောက်အရေးကြီးကြီး တဖြေးဖြေး ငါ့အတွက် စောက်ရေးမပါတဲ့သူပဲ ဖြစ်သွားမှာ လူတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရာမှာ respect ဟာသိပ်အရေးကြီးတယ်။ ကိုယ်က ဘာမှမပေးနိုင်ပဲ သူများဆီကချည်း လိုချင်နေလို့မရဘူး။ ငါ့အတွက်တော့ ငါ့မာနကိုထိပါးစေတဲ့ ဒါမှမဟုတ် ငါ့ကိုသိမ်ငယ်လာအောင် ခံစားစေရတဲ့ ဘယ်သူ့ကိုမဆို ငါ့ဘ၀ရဲ့ဘယ်နေရာမှာဖြစ်ဖြစ် ထားပစ်ခဲ့မှာ။ #စာတို
ကျနော်တော့ လူတစ်ယောက်ကို အေးအေးချမ်းချမ်းလေးပဲ ချစ်ချင်တယ် ။ မျှော်လင့်ချက်ကင်းကင်းလေးနဲ့လေ သိတယ်မလား ။ ကိုယ်ပေးနိုင်သလောက်လေးပဲပေးမယ် ပြန်ရရ မရရပေါ့ အဓိက က ကိုယ့်ပေးလိုက်တဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့အတွက် နွေးထွေးကြည်လင်သွားတယ် ဆိုရင် လုံလောက်ပြီ ။ 🌻🤍 #ခက်နှောင်
တချို့က ကြည့်လိုက်ရင် ပုံမှန်ပဲ ။ စားတယ် ၊ အိပ်တယ် ၊ စကားပြောတယ် ၊ ရယ်တယ် ။ ဒါပေမဲ့ သူတို့ရဲ့ နှလုံးသားက အေးစက်နာကျင်ပြီး အထီးကျန်နေတာ ကြာလှပါပြီ ။ အရွယ်ရောက်သူရဲ့ ကမ္ဘာဟာ ပြိုလဲရင်တောင် အသံမဲ့ပါတယ် ။ #crd_to_owner_with_respect
လူငယ်တစ်ယောက်ပါ အချစ်ကိုမက်သလို ငွေကိုလည်းမက်ပါသည် ။ သို့သော် မဖောက်ပြန်တဲ့ချစ်ခြင်းမေတ္တာနဲ့ သန့်ရှင်းကိုသော ငွေကိုသာ မက်မောပါသည် ။ #crd
အခု နောက်ပိုင်းတွေမှာ တဖြည်းဖြည်းနဲ့နေသားကျလာတယ်။ ပြောင်းလဲသွားတဲ့အရာတွေကို ပြောင်းလဲသွားတဲ့အတိုင်း လက်ခံပေးတတ်လာတယ်။ ဘယ်အရာကိုမဆို မျှော်လင့်ချက် နည်းနိုင်သမျှ နည်းအောင်ထားတတ်လာတယ်။ သိပ်အထီးကျန်လာတဲ့ အခါထွက်ပြေးနေတတ်ပြီး စိတ်ကြည်လင်မှုရှိတဲ့အခါမျိူးတွေမယ်တော့ သီချင်းတွေ ပိုနားထောင်ဖြစ်ပါတယ် ။ #crd
လူတစ်ယောက်က ကိုယ့်ကို ဆက်သွယ်ဖို့ မကြိုးစားတော့ဘူးဆိုရင်ကိုယ်ကရော ဘာလို့ ဆက်ပြီး ဆက်သွယ် နေမှာလဲ ? လူတစ်ယောက်ကို သိပ်ချစ်မိတဲ့အခါ သူ့ထက် ခြေလှမ်းနှစ်လှမ်း ရှေ့သို့ လှမ်းပြီး သူ့ဆီ သွားလိုက်ပါ ကိုယ်လာနေတာကို တွေ့နေရင်တောင် ဝမ်းပန်းတသာ မကြိုဆိုဘူးဆိုရင် ရပ်လိုက်သင့်တယ် နာကျင်စရာကောင်းပေမဲ့ ဒါဟာ အကောင်းဆုံးအဖြေပါ။ ချစ်တဲ့စိတ်ကို လူတွေ ထိန်းချုပ်ဖို့ အခက်ဆုံးပဲ ဒါကြောင့် မဆက်သွယ်ခြင်းအားလုံးက မချစ်ဘူး အရေးမပါဘူးလို့ ဖော်ပြနေပါတယ် ချစ်တဲ့အခါ မရမက ဆက်သွယ်ဖို့ ကြိုးစားမှာပဲလေ တစ်ဖက်က ကိုယ့်ကို အလိုမရှိတော့ဘူးဆိုပြီး ပါးစပ်နဲ့ တိုက်ရိုက်မပြောဘဲ လုပ်ရပ်ဖြင့် ပြတဲ့အခါ ဒါကို နားလည်ဖို့ လိုတာပါ။ Crd to original writer with respect 💌
အလုပ်တွေလုပ်ပြီး ကိုယ်တိုင် ပိုက်ဆံ ရှာတတ်လာတဲ့အခါ . . . ငွေရဲ့တန်ဖိုးကို နားလည်လာတယ် မကုန်သင့်တဲ့နေရာမှာ မကုန်ဖို့ စုဆောင်းတတ်လာတယ်. . . အသုံးနဲ့အဖြုန်းကို ခွဲခြားတတ်ဖို့ ကိုယ့်ချွေးနဲစာနဲ့ ရှာဖွေထားတဲ့ ငွေကို တန်ဖိုးထားတတ်လာတယ်. . . အလုပ်လုပ်ရဖို့ တွေးကြောက်ပြီးနေတာထက် အပင်ပန်းခံပြီး ပိုက်ဆံရှာရတာကို ပိုပြီးနှစ်သက်လာတယ်. . . ကြိုတင်စုဆောင်းတတ်ဖို့အတွက် ငယ်ရွယ်ချိန်ရဲ့ တန်ဖိုးကို သိဖို့ အရင်ကြိုးစားရတယ်. . . ကိုယ့်အတွက်အကျိုးရှိဖို့ရယ် သူတစ်ပါးအတွက် အကျိုးရှိဖို့အတွက်ကိုပဲ အချိန်တွေကုန်ဆုံးတယ်. . . ငွေရဲ့တန်ဖိုး အချိန်ရဲ့တန်ဖိုး ငယ်ရွယ်ခြင်းရဲ့တန်ဖိုးကို နားလည်မှ ဘဝဟာ ပိုပြီးတန်ဖိုးရှိမှာ . . .။ #crd_to_owner_with_respect
ရုပ်ရည်ကြောင့် ရွေးချယ်မခံရရင် ကျနော်တို့ဟာ ကြည်ဖြူစွာလက်လွှတ်ပေးတတ်ရမယ် ဒါဟာလည်း ချစ်ခြင်းမေတ္တာတမျိုးပါပဲ ဘယ်သူကရော ကိုယ်မချစ်မနှစ်သက်သောသူနဲ့ အတူတူဘယ်အိုမင်းသွားချင်ပါ့မလဲ (ဒါကြောင့်)အရာရာဟာတရားပါတယ်။
တချို့လူတွေက သူတို့မှားတယ်ဆိုတာ သိတယ် ။ ဒါပေမယ့် အဲ့ဒီအမှားကိုဝန်ခံဖို့ ဘယ်တော့မှ မတွေးဘူး ။ မှန်နေတဲ့လူက နေပါစေတော့ ဆိုပြီး နှုတ်ဆိတ်နေတဲ့အခါ အမှားလုပ်ထားတဲ့သူက မပြုပြင်တဲ့အပြင် သူတို့အမှားကို အမှန်ပါလို့ သတ်ပုံပြင်လိုက်ကြတယ် ။ တချို့ကျ သူတို့ဘက်က လွန်တယ်ဆိုတာ သိတယ် ။ ဒါပေမယ့် ဆောရီးတစ်ခွန်းနဲ့ တောင်းပန်ဖို့တောင် ဝန်လေးတတ်ကြတယ် ။ ခံရတဲ့သူက ထားလိုက်ပါတော့လေ ဆိုပြီး နားလည်ပေးတဲ့အခါ သူတို့စည်းကျော်တာကို သူတို့မေ့သွားပြီး တဖက်လူကို ထည့်စဉ်းစားဖို့ အတွေးမရှိကြတော့ဘူး ။ ငြိမ်ခံနေဖို့ မသင့်တော်တဲ့အချိန်ဆိုတာ ရှိတယ်.. သည်းခံဖို့ မတန်တဲ့ အတိုင်းအတာ ဆိုတာလည်း ရှိပါတယ် ။ တချို့လူတွေက ခွင့်လွှတ်ပေးခြင်းနဲ့တန်ပေမယ့် တချို့လူတွေကျ ပြန်ပြောနိုင်မှ တော်ကာကျတာပါ ။ အဲ့ဒီတော့ တန်ပြန်ပဲ ဆက်ဆံပေးလိုက်တယ် ။ သူတို့လုပ်ရပ်အပေါ် သူတို့ကိုယ်တိုင် ရှက်စရာလို့ မြင်သွားမှ နောက်လူ ကိုယ့်လိုမခံရမှာ ။ နောက်ကို ဆင်ခြင်တတ်သွားမှာ .. ကိုယ့်လူနောက်လူမခံရဖို့ အမုန်းခံပြီး ထောက်ပြသင့်ရင် ထောက်ပြရမှာပါ ။ မကောင်းတဲ့သူရဲ့ လက်တစ်လုံးခြားလှည့်စားမှုကိုခံရတဲ့ သားကောင်ထဲ ကိုယ်ဟာနောက်ဆုံးဖြစ်ပါစေ...... #___ #crdphoto
^" လူတွေ ပြောင်းလဲသွားတယ်ဆိုတာ အကြောင်းမဲ့သက်သက်မှ မဟုတ်တာ ကိုယ့်အခြေအနေကိုကြည့်ပြီး သူက ပြောင်းလဲသွားနိုင်သလို သူ့ရဲ့အခြေအနေကိုကြည့်ပြီး ကိုယ်က ပြောင်းလဲပေးရတာမျိုးလည်း ရှိတယ် ။ ဘာဖြစ်ဖြစ် လူတွေက သူတို့အတွက် မလိုအပ်တော့ဘူးဆိုရင် သိပ်သိသာပါတယ် ဘာဖြစ်ဖြစ် ပြောင်းလဲနိုင်တဲ့ လူတွေ ဘာဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး ခံစားနိုင်တဲ့လူတွေ ဘာဖြစ်ဖြစ် အစားထိုးနိုင်တဲ့လူတွေကို အားကျတယ် တစ်ခုခုဆို ကိုယ့်မှာတော့ မျိုသိပ်ရတာနဲ့ ဘေးထွက်ပေးရတာနဲ့ နောက်ဆုံး ကိုယ် မေတ္တာထားခဲ့မိသလောက် ကိုယ်ပြန်ရိုက်ချိုးခံရတယ် တစ်ခုခုဆို မေ့လွယ်အစားထိုးလွယ် လွယ်လွယ်နဲ့ ပြောင်းလဲနိုင်တဲ့ သူတွေကို အရမ်းသဘောကျပါတယ် "^ #လွမ်းနောင်အိမ် photo credit
ချမ်းသာလို့ ဂုဏ်မောက်နေကြသူများ ပညာတတ်လို့ မာန်တက်နေကြသူများ ရုပ်လှလို့ မာန်တက်နေကြသူများ မာနတွေမိုးခိုက်ပီး ငါမှငါဖြစ်နေကြသူများ ချမ်းသာမှုကြောင့် မရှိသောသူပေါ် မယုတ်မာပါနဲ့၊ မကောက်ကျစ်ပါနဲ့ ။ ပညာတတ်မှုကြောင့် ပညာမဲ့သူပေါ် မမောက်မာပါနဲ့၊ မရိုင်းစိုင်းပါနဲ့ ။ ရုပ်လေးလှတယ်ဆိုပီး အတွင်းစိတ် မပုပ်ပါနဲ့ ။ ငါဆိုတဲ့ မာနကြောင့် သူတစ်ပါးကို မထိခိုက်ပါစေနဲ့ ။ လူဆိုတာ အရာအားလုံးကို ခဏတာ ရထားတာပါ ။ လူဖြစ်ပီး လူစိတ်လေးမွေးပီး သူတစ်ပါးကို ဖေးမ ကူညီပါ ။ သူတစ်ပါးအပေါ် ယုတ်မာ ကောက်ကျစ်စိတ် မထားပါနဲ့ ။ လူဆိုတာ အကုန်သေမျိုးတွေပါပဲ ။ ငါကလူဆိုပီး ငါပြောရင်.. ငါလုပ်ရင်.. အကုန်လုပ်လို့ရတယ်ဆိုတဲ့စိတ် မတွေးပါနဲ့ ။ လူဆိုတာ တစ်နေ့သေရမှာ သေလူကို ဘယ်အိမ်ကမှ ကြာကြာမထားကြပါဘူး။ လူဆိုတာ မသေခင်ပဲ တန်ဖိုးထားကြတာ.. သေနေတဲ့သူကို ဘယ်သူကမှ ကြာကြာမထားဘူး။ တကယ်တော့ လူဆိုတာ.. အကောင် တစ်တောင်လောက်တောင် တန်ဖိုးမရှိဘူး။ အကောင်ပေါင်းစုံသေရင်သာ လူတိုင်းက စားကြတာ.. တန်ဖိုးထား ယူသွားကြတာ..။ လူသေကို ဘယ်သူကမှ ငါကလူပဲပိုပီး ဂုဏ်မမောက်နဲ့ ။ အဆင့်အတန်း မခွဲခြားနဲ့ ။ ယုတ်မာ မကောက်ကျစ်ကြပါနဲ့ ။ #crd #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
без подписи
ငါနိမ့်ပါးနေချိန်မှာ ငါမှန်နေပေမယ့် ငါ့ဘက်မရပ် တည်ခဲ့တဲ့ လူတွေကို ငါမမေ့ဘူး .. မရှိရှိတာကို စွန့်လွှတ်ပြီး ငါကောင်းပေးခဲ့ပေမယ့် ငါ့ကို မရွေးခြယ်ကြတဲ့ လူတွေကို ငါမမေ့ဘူး .. ငါပေးတဲ့မေတ္တာတွေကို အငွေ့ပြန်စေပြီး ဆားငံရည်တွေသာ ပြန်ရွာချပေးတဲ့ လူတွေကို ငါမမေ့ဘူး .. ငါတန်ဖိုးထားဆက်ဆံပေမယ့် ငါ့ဖြစ်တည်မူကို မရိုသေတဲ့ လူတွေကို ငါမမေ့ဘူး .. ငါ့ကျေးဇူးတရားတွေကိုမေ့ပြီး ငါ့ကိုအကောင်းမ မြင်နိူင်တဲ့ လူတွေကို ငါမမေ့ဘူး .. ငါဘက်က ကာကွယ်ပေးခဲ့ပေမယ့် ငါ့ကိုထိုးနှက်ဖို့ ဝန်မလေးတဲ့ လူတွေကို ငါမမေ့ဘူး .. ငါတိုက်ခိုက်ခံနေရတဲ့ အချိန်မှာ ငါ့ဘေးနားက ရှောင်ဖယ်ခဲ့တဲ့ လူတွေကို ငါမမေ့ဘူး .. #crd
! သိပ်တန်ဖိုးရှိတဲ့ စာပေ ! အဆင့်အတန်း အဆင့်အတန်း မရှိတဲ့သူတွေဟာ စကားကို လိမ်ညာ ပြောတတ်ကြပါတယ်။ သူတို့ လိုလားနေတဲ့အခါမှာ ကောင်းမွန်စွာ ဆက်ဆံတတ်ကြပြီး မလိုလားတော့တဲ့အခါမှာ ချက်ချင်းပြောင်းလဲပြီး အပြစ်မြင်ပြောဆိုဆက်ဆံတတ်ကြပါတယ်။ ရှေ့စကားနောက်စကားလည်း မညီတတ်ကြပါဘူး။ သူ့ဘက် တစ်ဖက်တည်းကိုသာ ကြည့်မြင်တတ်ကြပြီး သူများတစ်ဖက်သားအပေါ် အမြဲအပြစ်မြင်ပြောဆိုနေတတ်ကြပါတယ်။ ဒီလိုလူတွေဟာ အမြဲတမ်း ငြင်းခုံပြီး အမှားတွေကိုသာ ပြောတတ်လေ့ရှိတယ်။ ကိုယ့်မှာ အပြည့်အစုံကြီးမဟုတ်ပေမယ့် သူတစ်ဖက်သားအထင်ကြီးစေရန်လည်း မရှိပဲ ကြွားဝါပြောဆိုတတ်တဲ့လူစားမျိုးတွေပါ။ လူတစ်ဖက်သားရဲ့အပေါ် မကျေနပ်တော့ဘူးဆိုရင်လည်း ဒေါသမထိန်းနိုင်ပဲ ဝါးလုံးရှည်နဲ့ရမ်းသကဲ့သို့ အခြား မဆိုင်တဲ့သူတွေကိုပါ ရိုင်းစိုင်းစွာထည့်သွင်းပြီး ပေးစားဆဲဆိုတတ်ကြပါတယ်။ ကိုယ့်ရဲ့အမှားကို ကိုယ်တာဝန်မယူတတ်ကြသလို တောင်းပန်ဖို့ကိုလည်း မသိကျိုးကျွံပြုနေတတ်ပါတယ်။ စကားကို လွယ်လွယ်ပြောတတ်ပြီး ကတိသစ္စာ မတည်တတ်ကြတဲ့သူတွေပါ။ အမှန်တရားကို လက်မခံတတ်သလို ကိုယ့်အမှားကိုလည်း ဝန်မခံတတ်ကြပါဘူး။ ဘာသာတရားနဲ့ ပတ်သက်လာရင်လည်း လေးစားမူ မရှိတတ်သလို အမှန် အမှားကိုလည်း ခွဲခြားနားမလည်တတ်ကြပါဘူး။ သူတစ်ပါးရဲ့ ပြည့်စုံမှုကို မနာလိုစိတ်ထားပြီး ပြိုင်ဆိုင်တတ်ပါတယ်။ ကိုယ်ကျင့်သိက္ခာ ဣနြေ္ဒမရှိသလို ဖောက်လွှဲဖောက်ပြန်စိတ်ထားရှိတဲ့သူစားမျိုးပါ။ စာပေပညာဗဟုသုတ မပြည့်မီပဲ ကိုယ်နဲ့ မထိုက်တန်တဲ့ ရာထူးနေရာမျိုးကိုလည်း ရယူလိုချင်တဲ့စိတ်ထားရှိပါတယ်။ ဒါကြောင့် ကုသိုလ် အ-ကုသိုလ်ဆိုတာ ဘာကို ပြောတာလဲ? အဆင့်အတန်း နိမ့်တဲ့ စိတ်ကို အ-ကုသိုလ် လို့ပြောတာဖြစ်တယ်။ အဆင့်အတန်း မြင့်တဲ့စိတ်ဆိုတာ ကုသိုလ်ပါ။ လူဆိုတာ စိတ်နေ သဘောထား နဲ့ အသိဉာဏ် အဆင့်အတန်း မြင့်မားလာလေလေ သဘောထား ကြီးလာလေလေ ဖြစ်လာတာဟာ သဘာ၀ ဖြစ်ပါတယ် #လေးစားစွာဖြင့်... #မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။
без подписи
ဆရာကြီး ဦးအောင်သင်းကပြောတယ်။ လောကကြီးကို သတ္တိရှိတဲ့လူတွေက ဦးဆောင်နေတာ။ သတ္တိမရှိတဲ့သူအတွက် နေရာ မရှိဘူး' အဲ့ဒါအမှန်တရားပဲ။ အရှုံးနဲ့ ရင်ဆိုင်လိုက်ရလို့ သင်ရှုံးသွားတာမဟုတ်ပါဘူး။ နောက်ထပ်တစ်ကြိမ်အတွက် ပြင်ဆင်နိုင်ဖို့ သတ္တိရှိပါ။ အမှန်တရား ဆိုတာ ဘယ်တော့မှ မရှုံးဘူး။ ရိုးသားဖို့အတွက် သတ္တိရှိပါ။ လိမ်ညာပြီး ပြောနေတာထက် တော့ အထက်တန်းကျပါတယ်။ တကယ်တမ်းတော့ ရိုးသားခြင်းက တုံးအနေတာမှ မဟုတ်တာ။ ဘဝအတွက် လိပ်ပြာလုံပါတယ်။ မာကြောမှုအတွက် သန်မာနေမှဖြစ်သလို နူးညံ့မှုအတွက် သတ္တိရှိနေဖို့လိုတယ်။ တစ်ခုခုဆို မဝံ့မရဲတဲ့စိတ်က ကိုယ့်အနာဂတ်ကိုပါ ဖျက်စီးပစ်လိုက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ချစ်ရဲတဲ့ သတ္တိရှိရင် မေ့ပစ်နိုင်တဲ့ သတ္တိရှိဖို့လိုတယ်။ တွေ့ဆုံခြင်းအတွက် သတ္တိရှိရင် ခွဲခွာခြင်းအတွက် သတ္တိရှိရတယ်ငွေရှိဖို့ထက် သတ္တိရှိဖို့လိုတယ်။ ဘဝပြောင်းလဲချင်ရင် သတ္တိရှိပါ။ ရင်မဆိုင်ရဲတဲ့ စိတ်က သင့်ကို ရှုံးနိမ့်စေပါတယ်။ သင့်ရဲ့လုပ်ရပ်တိုင်းက သင့်ရဲ့စိတ်ဓာတ်ပါ။ သင်က မဖြစ်နိုင်ဘူးထင်ရင် ဘယ်အရာကမှ မဖြစ်နိုင်ပါဘူး။ သင်က မလုပ်နိုင်ဘူးထင်ရင် ဘယ်အရာကမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ပြောင်းလဲဖို့ သတ္တိရှိပါ။ သင့်ဘဝကို သင်ပြောင်းလဲနိုင်ဖို့ သတ္တိရှိပါ။ သင့်အနာဂတ်ကို အလှဆုံးပုံဖော်နိုင်ဖို့ သတ္တိရှိပါ။ အများအား ဖြင့် အောင်မြင်နေတဲ့ သန်းကြွယ်သူဌေးအများစုက ငွေအရင်ရှိတာ မဟုတ်ပါဘူး သတ္တိအရင်ရှိတာပါ။ ဒါဆိုရင် သင့်ဘဝက သုညမို့လို့ဆိုပြီး အားငယ်နေဦးမှာလား။ ဒီနေ့ကစပြီး သတ္တိရှိရှိနဲ့ ပြောင်းလဲကြည့်ပါ။ #cr #ခွန်အားဖြစ်စာပေ
�နေနရာတကာ အလိုက်သိတာက ကောင်းတယ်ဆိုပေမဲ့ တချို့အရာတွေကိုတော့ မသိချင်ယောင်ဆောင်တတ်ရတယ် ဒါမှစိတ်ချမ်းသာရမှာပါ။ သင်မရှိရင် မဖြစ်ဘူးဆိုတာ လောကမှာမရှိဘူး နေအလင်းရောင်တစ်ခုတည်းနဲ့ကမ္ဘာကြီးလင်းနေရင် ညဆိုတာဖြစ်လာမှာမဟုတ်ဘူးေလ။ ဘဝမှာ နေရာတကာ လိုက်ပြီးတွေးပေးနေရင် ကိုယ်ပဲပင်ပန်းရလိမ့်မယ်။လွှတ်ချသင့်တဲ့အရာတွေကို လွှတ်ချတတ်အောင်သင်ယူပါ။ဆွဲထားသမျှပူလောင်နေရင် အဲ့ဒီရပ်ဝန်းမှာ ကြာကြာမနေနဲ့ မလိုအပ်တော့ဘူးဆိုရင် သိသာစွာပြောင်းလဲတတ်တာ လူ့သဘာဝပါ။ �ဒါကြောင့် မှန်နေရင်တောင် မငြင်းနဲ့တိတ်ဆိတ်နေခြင်းကပညာပါ။မြင်နေရင်တောင် မပြောပဲနေရမယ့်အနေထားဆိုရင် မသိချင်ယောင်ဆောင်ထားလိုက်ပါ တချို့တွေက စေတနာရဲ့တန်ဖိုးကို နားလည်မှာမဟုတ်ဘူး။ ဘဝမှာ အများကြီးပေးလို့အများကြီးပြန်ရတာဆိုလို့ မေတ္တာပဲရှိတယ် ဒါပေမဲ့ မေတ္တာနဲ့မထိုက်တန်တဲ့သူကိုပေးမိတဲ့အခါ ပြန်ရတာကနောင်တဆိုရင် အဲ့ဒီနောင်တအပေါ် ဒေါသဖြစ်ခြင်းကြောင့် ပေးသမျှမေတ္တာတွေက ဒဏ်ရာအဖြစ်ပြန်ရမယ့်အတူတူ မသိချင်ယောင်ဆောင်လိုက်တာက ပိုအေးချမ်းပါတယ်။ #crd_to_owner_with_respect #creditphoto
ငွေသိပ်မက်တဲ့ လူငယ် အရောင်တွေ နွမ်းနေတဲ့ အဖြူအစိမ်းကို မုန့်ဖို့းမပါဘဲ ကျောင်းတက်ခဲ့ရတဲ့ ကလေးတွေ မမဆွေ မြင်ဖူးလား ။ မမဆွေ မြင်ဖူးမလားဆိုတာ သေချာပေမယ့် ကျွန်တော်တို့လို အောက်ခြေလူတန်းစားတွေကတော့ ကိုယ်တိုင်ဝင်ကခဲ့ရတဲ့ ဇာတ်နာ_တစ်ပုဒ်ပေါ့ ။ ပွဲလမ်းသဘင်ရှိရင် ရလာတဲ့ မုန့်ဖိုး ၅၀၀ တန်ဟာ ဘဝမှာ အပျော်ရွင်ရဆုံး အချိန်ပဲ မမဆွေရဲ့ ။ အသက်တွေ ကြီးလာတော့ ငွေသိပ်မက်တဲ့ လူငယ်ဖြစ်လာတာ မဆန်းဘူးမလား မမဆွေ ။ #crd
"ကြိုးစားနေတဲ့ " အချိန်မှာ သည်းခံပါ။ "ကျရူံးနေတဲ့ " အချိန်မှာ ရဲရင့်ပါ။ "အောင်မြင်နေတဲ့ " အချိန်မှာ တည်ငြိမ်ပါ။ 1🤘သင်ကြိုးစားနေတာလား ✍️ဒါဆို သည်းခံလိုက်ပါ။ ကြိုးစားနေတဲ့သူတွေကို တိုက်ခိုက်နေတဲ့ မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာ ရှိကြတယ်။ ✍️ထိုသူတွေနဲ့ ယှဉ်ပြီး မတိုက်ခိုက်ပါနဲ့ ကိုယ်သွားမယ့် လမ်းကြောင်းတွေ လွဲသွားတတ်ပါတယ်။ ✍️မကောင်းတဲ့ သူတွေက မကောင်းတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားပါလိမ့်မယ်။ ✍️ဒါသင်သွားမယ့် လမ်းကြောင်းက အမှိုက်တွေပါ အမှိုက်ကောက်ရမှာ သင့်အလုပ်မဟုတ်ဘူး။ ✍️သည်းခံခြင်းသည် အောင်မြင်ခြင်းရဲ့ နိဒါန်းပါ သင့် အခက်ခဲတွေကို အလှဆုံး အပြုံးနဲ့ ရင်ဆိုင်ပြီး ဆက်ကြိုးစားပါ။ အောင်မြင်မှုက ကြိုးစားနေသူတွေအတွက် လက်တကမ်းမှာပါ။ ✍️လောကဓံကို ရင်ဆိုင်နေရတဲ့ လူသားခြင်း စာနာစိတ်နဲ့ အကောင်းမြင်ပေးပါ။ ✍️နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါ. တယ်။ စိတ်ထားကောင်းကောင်းထားပြီး သည်းခံရင်း ကြိုးစားပါ။ 2🤘သင် ကျရူံးနေလား ✍️ဒါဆို ရဲရင့်ပြလိုက်စမ်းပါ လှောင်ပြောင်ရယ်မော တိုက်ခိုက်နေတဲ့ အတုအယောင်တွေ ကြားထဲမှာ ခြင်္သေ့ တစ်ကောင်အသွင်နဲ့ ရဲရင့်ပြလိုက်စမ်းပါ။ ✍️လူဆိုတာ ကိုယ်ထက်သာ မနာလို တာ သဘာဝပါ။ သူတို့ထက် ညံ့ခဲ့ရင်တော့ ကဲ့ရဲ့ ပြီပေါ့။ ✍️ဒါပေမယ့် သူတို့ထက် အဆပေါင်းများစွာ သာတဲ့သူတွေကိုတော့ အားကျ အတုယူတက်ကြ တယ်။ ဒီသဘာဝလည်း သင်နားလည်ထားပါ။ ✍️နေပူပြီးရင် နေရိပ်လာတဲ့ အချိန်ရှိသလို မုန်တိုင်းပြီးလဲ လေပြေလာစမြဲပါ။ ဒါဆို သေချာတယ်။ ✍️ကျရူံးချိန်တွေ ပြီးရင် မလွဲမသွေ လာမှာ အောင်မြင်မှုပါ။ ဒီအောင်မြင်မှုကို သင့်ရဲ့ ရဲရင့်တဲ့ အပြုံးတစ်ပွင့်နဲ့ ကြိုဆိုရမှာပါ။ ✍️"ဆင်" ဖမ်းဖို့သွားတဲ့ လူတစ်ယောက်က လမ်းမှာ ဟောင်နေတဲ့ "ခွေး" တွေကို ခဲနဲ့ပစ်နေရင် "ဆင်" ရဖို့အချိန် နှောက်နှေးသွားပါလိမ့်မယ်။ ✍️ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အောင်မြင်မှုအတွက်ပဲ အချိန်ကုန်ခံပါ။ ✍️အရည်အသွေး နိမ့်တဲ့သူတွေကြောင့် ခေါင်းကိုက်မခံ နဲ့။ ✍️သင့်ရဲ့ ကျရူံးမှုတွေကို ရဲရင့်မှုတွေနဲ့ စိန်ခေါ်ပါ။ ဒါဆို စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို သင် ကောင်းကောင်း ရင်ဆိုင်သွားနိုင်မှာပါ။ 3🤘သင် အောင်မြင်နေပြီလား ✍️ဒါဆို တည်ငြိမ်နေလိုက်ပါ။ လုံလောက်တဲ့ ရင်ကျက်မှုရှိတဲ့ လူတိုင်းက ကိစ္စတိုင်းကို ထည့်တွက်မနေတော့ပါဘူး။ #crd
без подписи