tgindex

ဆရာစံ

описание

ပြည်သူများသတင်း စုံသိရှိစေရန်သာ ရည်ရွယ်ပါသည်။Subscribe လုပ်ပေးခြင်းဖြင့် ၀န်းရံပေးကြပါ တော်လှန်ပြည်သူတို့။

734
подписчиков
Охват к подписчикам
130,8%
ERR
Реакции к просмотрам
3,59%
711 на 21 постов
Пересылки к просмотрам
0,19%
37
Постов в день
0,0
всего 21

Где отзываются чаще

доля реакций к просмотрам
  • 10 июл. 2025 г.တချို့သူတွေက မြေကြီးနဲ့မတန်လို့ ကောင်းကင်ကိုပျံကြလေပြီ ကောင်းမွန်ရာဘဝမှာဆုံစည်းနိုင်ကြပါစေ။ #Sayarsan7,44%
  • 10 июл. 2025 г.နိုင်ကျဉ်းတစ်ဦးရေးသားတဲ့ ရွှေညဝါဆရာတော်ရဲ့ ထောင်တွင်းရပ်တည်ချက် AAMIJ / ဇူလိုင် ၁၀ အဲ့ချိန်က ဖမ်းထားတဲ့ နိုင်ကျဥ်းအများစုက အင်းစိန် သီးသန့်ထောင်ထဲထည့်ထားတယ်။ ကျနော်က (၁) ဆောင်(၆)ခန်းမှာ တစ်လလောက်နေတော့ (၂)ဆောင်ပြောင်းရတယ်။ (၁၁)တိုက်နဲ့ (၁၂)တိုက်မှာက ရွှေညဝါဆရာတော်၊ဦးဇင်းပုရစ်၊ အန်ကယ်ဦးဥာဏ်ဝင်း၊ ဦးသိန်းဦး၊ ဒေါက်တာမျိုးညွှန့်၊ စာရေးဆရာဦးထင်လင်ဦး၊ဦးဘမျိုးသိန်း၊ ကိုနိုင်ငံလင်း၊ အဆိုတော်စော်ဖိုးခွား နဲ့ ပါတီအမတ်တစ်ချို့နေကြရတယ်။ ကိုဗစ်တတိယလှိုင်းကြောင့် ရုံးထုတ်တွေပိတ်ပြီး ထောင်ကို လော့ဒေါင်းချထားတယ်။နိုင်ကျဥ်းအားလုံးနီးပါး ကိုဗစ်ထိပြီး အခန်းတွေထဲ လဲနေကြတယ်။ ပါဆယ်လည်းသွင်းခွင့်မရှိ။ဆေးဝါးလည်း မလုံလောက်ဖြစ်နေချိန်ဖြစ်တယ်။ NLD CEC ဦးဥာဏ်ဝင်း ကိုဗစ်ကြောင့် ဆုံးပြီးတော့ ၂၀၂၁ ဝါဆိုလပြည့်နေ့ထင်တယ်(၂၃.၇.၂၀၂၁) မနက်စောစောမှာ (၄)ဆောင်ဘေး (၁၂)တိုက်ထဲမှာနေတဲ့ ရွှေညဝါဆရာတော်က တပ်ထားတဲ့ Oxygen ပိုက်ဖြုတ်ပြီး တိုက်အဝထွက်လာပြီးတော့ ဆရာတော်က အပြင်မှာကော အခုထဲမှာကော အသက်ပေးနေကြရပြီ။အကြမ်း ဖက်စကစနဲ့ အကျဉ်းဦးစီးက အခု ဦးဥာဏ်ဝင်းကို လူသတ်နေတာ ဒီတိုင်းထိုင်နေကြတော့မှာလားဆိုပြီး ပေါက်ကွဲပြီး အော်သံကို (၄)ဆောင်က နိုင်ကျဥ်းတွေက မြင်လိုက်တွေ့လိုက် ကြားလိုက်တယ်။ အဲ့ဒီမှာ (၄)ဆောင်က ရဲဘော်တွေက ကမ္ဘာမကြေဘူးဟေ့ဆိုပြီး ထဆိုကြရာကနေ (၁)ဆောင် ၊(၂)ဆောင်နဲ့ နိုင်ကျဥ်းအမျိုးသမီးတွေ နေတဲ့အဆောင်ထိ ကူးစက်သွားပြီး တောင်ထွင်းတိုက်ပွဲစတင်ကြတယ်။ ဝန်ထမ်းတွေက အဆောင်တံခါးတွေ သော့ခတ်ပြီး မိန်းဂျေးကို သွားစုဝေးကြတယ်။ အကြမ်းဖက် ဖြိုခွင်းတော့မယ့် အခြေအနေတွေမြင်ကြတာကြောင့် အဆောင်ခေါင်မိုးတွေပေါ်တက်ပြီး အဆောင်တိုင်းလိုလို ရဲ့ ခေါင်မိုးမှာ ရှိတဲ့ အကျီအမဲတွေကို ဆုတ်ဖြဲပြီး အလံနက်ကို လွင့်ထူခဲ့ကြပြီး ရှိတဲ့အားနဲ့ တွန်းလှန်ခံချကြမယ်ဆို လုပ်ကြတယ်။ ရှိတဲ့ ရေသန့်ပုံးတွေ ပုံစံခွက်ကိုတွေထုပြီး အပြင်ကပြည်သူတွေကြားအောင် ကြွေးကြော်ကြတယ်။ ဒီအချိန် ရွှေညဝါဆရာတော်က ငါ့ကလေးတွေ တစ်ယောက်ထိရင် ငါ့ကိုယ်ငါ သတ်သေပစ်မယ်ဆိုပြီး အာဏာပိုင်တွေကို ရာဇသံပေးလိုက်တယ်။ အဲ့ချိန်မှာ ဆရာတော်က အောက်ဆီဂျင်ပြတ်နေတာမို့ ဆရာတော်ကိုငဲ့ပြီး အဆောင်အသီးသီးက နိုင်ကျဥ်းတွေ စုပေါင်းပြီး ရွှေညဝါ ဆရာတော် ဘုရားကြီးအ ပါအဝင် အသက်ကြီးမြင့်တဲ့လူကြီးတွေကို လုံလောက် တဲ့ ဆေးကုသမှုပေးဖို့ဆိုတဲ့အချက်အပါအဝင် ဘုံသ ဘောတူညီချက် တောင်းဆိုချက်ကို အကစ အာဏာပိုင်တွေကို တောင်းဆိုခဲ့ကြတယ်။ အာဏာပိုင်ဘက်က ညွှန်မှူးလက်မှတ်နဲ့ထင်တယ် သဘောတူကြောင်း စာရောက်လာပြီး သပိတ်တိုက်ပွဲ ခဏရပ်ဆိုင်းပြီး အဆောင်တံခါးတွေဖွင့်ပြီး အပြင်ကို ထွက်လာကြတယ်။ အဲ့ဒီအခါမှာ ဆရာတော်က သီးသန့်ထောင်ထဲက တစ်ခုတည်းသော ဘုရားဝင်းအပေါ်ကို အောက်ဆီဂျင်မပါပဲတက်လာခဲ့ပြီး ဒီထောင်တွင်းတိုက်ပွဲကြောင့် ငါ့ကလေးတွေကို ဘာမှမဖြစ်စေရဘူး အရေးမယူရဘူးဆိုတာ သဘောမတူမချင်း ငါဆေးကုမခံဘူး အသေခံမယ်ဆိုပြီး အကစ အာဏာပိုင်တွေကို ပြောတော့ အာဏာပိုင်တွေက သဘောတူခဲ့တယ်။ ဆရာတော်ပြန်လွတ်ပြီးတော့လည်း မှော်ဘီကနေ ရန်ကုန်ကို တန်းဆွမ်းဆွမ်းခံထွက်ပြီးရင် အလှူခံရတာတွေကိုကားပေါ်တင် ထောင်ရှေ့ထိ ကားမောင်းခိုင်းပြီး အထဲက နိုင်ကျဥ်းတွေကို ပါဆယ်စျေးဘားထည့်တယ်။ ဆရာတော်ကျောင်းမှာလည်း နိုင်ကျဥ်းမိသားစုတွေကို တစ်နှစ်တစ်ခါ သီးသန့် ဆန်ဆီဆားလမ်းစရိတ်လှူတယ်။ လွတ်လာပြီးကတည်းက ပျံတော်မမူခင်အထိ ဆရာတော် အမြဲလုပ်ပေးခဲ့တဲ့ အရာတွေပါ။ ဆရာတော်ကျေးဇူး တပည့်တော်တို့အပေါ်ကြီးမားလှပါတယ်။ နိုင်ကျဥ်းများအားလုံးကိုယ်စား လေးစားဦးညွှတ် ဦးတင်အပ်ပါသည်။ နိုင်ကျဉ်း တစ်ဦးဖြစ်တဲ့ C.M.O(ဂဏန်း) ရေးသားသည်။ aamij #Sayarsan မူရင်း Link⬇️ https://www.facebook.com/share/p/16uLreGw8d/6,51%
  • 22 июл. 2025 г.သွားနှင့်တော့ ညီမလေးရေ #Sayarsan6,49%
  • 4 сент. 2025 г.တယုတ်ရဲ့ ဖက်ဆစ်နှစ် ၈၀ ပြည့်အောင်ပွဲဘာညာဆိုပြီး လုပ်တဲ့ပွဲနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က တယုတ်ကို ရွဲ့ပြီး အငေါ်တူးပြီး ပြောတာလည်း မလွန်ဘူး။ တကယ်တမ်း ဒုတိယကမ္ဘာစစ်မှာ အမေရိကန်သာ မကူညီရင် တယုတ်က ခုချိန်ထိ ဂျပန် ဖျင်ချတာကို ခံနေရဦးမှာ။ ဒါ တကယ်ပြောတာ မယုံရင် ကြိုက်တဲ့ ကမ္ဘာသမိုင်းစာအုပ်ကို လှန်ကြည့် တယုတ်တွေရေးတာတော့ မဖတ်နဲ့ပေါ့ ဒီကောင်တွေက စောက်ပိုတွေပြောနေတာ။ တယုတ်က ဂျပန်ကိုနိုင်ခဲ့တာ သူတို့ တယုတ်တပ်တွေချည်းပဲ တိုက်ပြီး တွန်းလှန်ခဲ့လို့ နိုင်ခဲ့သလိုလို ဘာလိုလိုနဲ့ ပြောသွားတာ။ ဘာနဲ့ တူလဲဆိုရင် မြန်မာ့သမိုင်းထဲက ဂျပန်ကို နိုင်ခဲ့တဲ့ မြန်မာ့မျိုးချစ်တပ်မတော်ဆိုတဲ့ ဂျင်းအတိုင်းပဲ။ တကယ်တမ်း အမေရိကန်သာ ဂျပန်နဲ့ စစ်မဖြစ်ရင်၊ နူးကလီးယားသာ မကြဲရင် ဂျပန်တွေအနေနဲ့ ခုလို စစ်ကို မရှုံးဘူး။ အဲ့သည့်ခေတ် အဲ့သည့်ကာလက အာရှမှာ အမေရိကန်ကိုယှဥ်ပြီး ဖုတ်တာဆိုလို့ ဂျပန်ပဲရှိတယ်။ ပစိဖိတ်သမူဒ္ဒရာထဲက စစ်ပွဲတွေကိုပဲကြည့်လေ ဂျပန်က အမေရိကန်ကို လေယာဥ်တင် သင်္ဘောတွေနဲ့ပါ ယှဥ်ဖုတ်တာ ။ အဲ့ကာလ တယုတ်တပ်မှာ လေယာဥ်တင် သင်္ဘောမပြောနဲ့ သဗ္ဗာန်တောင်မရှိဘူး။ သေနတ်တောင် မီးကျိုးမောင်းပျက်သေနတ်နဲ့ ကန်စွန်းဥမီးဖုတ်စားပြီး စစ်တိုက်တဲ့ ဘိန်းစားပဲရှိတာ။ ဒါပေမယ့် သိတယ်မလား ဆန်မရှိ အစားကြီး ဖင်ယားပြီး ဂျပန်ကို လက်နက်မချဘဲ နန်ကျင်းမှာ သွားပြီးခုခံတာ ဂျပန်က မြို့လည်းသိမ်းပြီးရော တယုတ်ဆို လာထားဆိုပြီး မျိုးဖြုတ်တာ လပိုင်းနဲ့တင် လူ ၃သိန်းလောက် သေပါရောလား။ ဂျပန်ကလည်း တယုတ်ကို နာဇီတွေ ဂျူးကိုလူမျိုးတုန်း သတ်သလို သတ်တာပဲ။ ဂျပန်တွေ ဘယ်လောက်ရက်စက်လဲ ၊ ဘယ်လောက် ကြမ်းခဲ့လဲဆိုရင် အဲ့သည့်ကာလက နာဇီမှာ ဟစ်တလာရဲ့ အထူးတပ်ဖြစ်တဲ့ SSတပ်က ခေါင်းဆောင်တွေတောင် ဂျပန်ကင်ပေတိုင်တွေရဲ့ လူသတ်နည်းကို ကြည့်ပြီး ဂျပန်တွေက တအား ရက်စက်ပါတယ်ဆိုပြီး ပြောယူရတဲ့အထိပဲ ။ ဂျပန်ကလည်း တခေတ်တခါက မဟာလူမျိုးကြီးဝါဒနဲ့ ဇောင်းကြွနေတဲ့ တယုတ်တွေကို မှတ်လောက်အောင်ဆိုပြီး နန်ကျင်းမှာ စကြိတ်တာ နောက်ဆုံး သတ်မနိုင်လို့ မြေတွင်းထဲမှာ လူကို ခေါင်းပဲဖော်ခိုင်းထားပြီး အပေါ်ကနေ လမ်းကြိတ်စက်နဲ့ပါ တက်ကြိတ်တာ။ တယုတ်ကောင်တွေကို ဘယ်သူက ပိုပြီး သတ်နိုင်လဲဆိုပြီး ခေါင်းတွေချည်းပြိုင်ပြီး ဖြတ်ကြသေးတာ။သတ်ပြီးလည်း မပြီးသေးဘူး ရင်ကိုခွဲပြီး အသည်းကိုပါ ကင်စားပြသေးတာ။ တယုတ်တွေကိုနေ့စဥ် သတ်တာ မသိရင် ပွဲတော်ကြီးလို ဂျပန်ကထုတ်တဲ့ သတင်းစာခေါင်းကြီးပိုင်းမှာပါ ထည့်ပြီး ရေးကြတဲ့အထိပဲ။ ထောင်ထဲမှာဖမ်းထားတဲ့ တယုတ်ကောင်တွေထဲက ဂေးနဲ့ သူ့ကို ဖင်ချတဲ့ကောင်တွေလည်း အရှင်မထားဘူး။ ဖင်ခံတယ်မလား ခံတဲ့ကောင်ကို မီးဖုတ်ထားတဲ့ သံချောင်းနဲ့ ဖင်ထဲထိုးထည့်ပြီး လူရှေ့မှာ တံကျင်လျှိုသတ်တာ၊ ဖင်ချတဲ့ကောင်ကိုလည်း လူကြားထဲ ကြိုးတုပ်ပြီး ၄ီးကို အစိမ်းလိုက်ဖြတ်ပစ်တာ။ အမေရိကန်စစ်သားတွေထဲက တချို့ဆို ဂျပန်နဲ့ စစ်တိုက်ရမယ်ဆိုတာသိတော့ အလိုလို လန့်နေတဲ့ကောင်တွေပါ ရှိတယ်။ အဖြူကောင်တွေ သိထားတာက ဂျပန်ဆိုတဲ့ကောင်တွေက ငါးပါ အစိမ်းလိုက်စားကြတာဆိုပြီး ကြားဖူးထားတော့ အဖြူကောင်တွေထဲက တချို့ဆို ဖက်ဆစ် ဂျပန်ဆိုတာ လူရော ဟုတ်ရဲ့လား ဘီလူးတွေလားဆိုပြီး ထင်ကြတဲ့အထိပဲ ။ အဲ့ကာလတုန်းကလည်း သူ့ဘက် ကိုယ့်ဘက်ဝါဒတွေက အပြိုင်ဖြန့်ကျတော့ တချို့မစ်အင်ဖော်မေးရှင်းတွေကလည်း ရောက်တာပဲ။ တကယ်တော့ ဂျပန်တွေဆယ်လမွန်ကို ဝါဆာဘိနဲ့တို့ပြီး အစိမ်းစားတာကို အနောက်တိုင်းက ကောင်တွေအမြင်မှာ ဒီကောင်တွေက ငါးတောင်အစိမ်းစားတာ လူရိုင်းသာသာပဲဆိုပြီး လန့်ကြသေးတာ။ အဖြူကောင်တွေ လန့်သလိုပဲ ဂျပန်တွေက တကယ်လည်း စစ်တိုက်တာ ကြမ်းတယ်။ ဒါကို ဟိုဘီးကြဲက မသိရင် တယုတ်တွေပြန်တိုက်လို့ပဲ ဂျပန်ဖက်ဆစ်က ရှုံးသလိုပြောနေတာ တကယ်က အမေရိကန်တွေ ဂျပန်တွေကို ပစိဖိတ်သမုဒ္ဒရာမှာ အမုန်းကြိတ်လို့ ဂျပန်က စစ်ရှုံးတာ။ ဒီတယုတ်တွေလား ဂျပန်ကို နိုင်အောင်တိုက်နိုင်မှာ စောက်ပေါပြော စောက်ပေါယုံ နိုင်ံငံတကာနဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးက ဝိုင်းပြီးတားလို့ ဒီကောင်တွေ မျိုးမကန်းတာ။ ဒါတောင် ဒုတိယကမ္ဘာစစ်က တရားဝင်မစသေးဘူးနော် ဂျပန်ဖုတ်လို့ နန်ကျင်းမှာ တယုတ် ၃သိန်းလောက်က အပိုင်းပိုင်းပြတ်နေပြီ။ တချိန်က ဂျပန်ကို မလှန်ရဲခဲ့တဲ့ အငုံ့စိတ်က ခေတ်အဆက်ဆက်က တယုတ်ခေါင်းဆောင်တွေစိတ်ထဲမှာ ရှိနေတုန်းပဲ။ ဒါကြောင့်လည်း တယုတ်က ဒီဘက်ခေတ်မှာ စစ်ရေးကို အသားကုန်အားကောင်းအောင် လုပ်နေတာ တခြားကြောင့် မဟုတ်ဘူး တချိန်က ဂျပန်ဖင်ချတာကို ရှယ်ပလန်နဲ့ ခံခဲ့ရလို့။ ဒါပေမယ့်လည်း တယုတ်က တယုတ်ပါပဲ ပဒေသရာဇ်ခေတ်မှာတောင် မြန်မာက ဆင်ဖြူရှင်မင်းနဲ့ ၄ကြိမ်တိုက်ပြီး ၄ကြိမ်လုံးရှုံးတာ။ အဲ့ကနေစပြီး တယုတ်အင်ပါယာစပြီး ပြိုတာ တနိုင်ငံလုံး ဘိန်းစားဖြစ်ပြီး အင်္ဂလိပ်လက်အောက် ကျရောက်တဲ့အထိပဲ။ ပုဂံခေတ်ကို ဖြိုခဲ့တာတောင် တကယ်က တယုတ်တွေမဟုတ်ဘူး မွန်ဂိုတွေ ။ ဒါကြောင့် ဒီကောင်တွေ ဘယ်လောက် အင်အားပြပြ အထင်ကိုမကြီးဘူး ဘယ်စစ်ပွဲမဆို ဒီကောင်တွေက အစဥ်အလာမရှိတဲ့ လှိုင်သာယာ လမ်းဘေးက ဂန်းစတားသာသာ စောက်ပေါအဆင့်ပဲ ။ Crd: GenZPhoeMaung #Sayarsan6,08%
  • 7 июл. 2025 г.အခု ပြည်သူ့တော်လှန်ရေးခရီးက အချိန်ငါးနှစ်ရှိလာတဲ့အခါမှာ ဒီ “တရားဝင်မှု” သပ်သပ်နဲ့ တော်လှန်ရေးကို ဦးဆောင်ဖို့ မလုံလောက်တော့ပါဘူး။ အခုက မြေပြင်မှာ တကယ်အုပ်ချုပ်ရပါပြီ၊ တကယ်စ-စ်တိုက်ရပါပြီ၊ တကယ် ဘဏ္ဍာရေးကိစ္စတွေ စီမံခန့်ခွဲရပါပြီ၊ တကယ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်နေရပါပြီ။ ဒီတော့ ဦးဆောင်မှု စွမ်းရည်၊ စွမ်းဆောင်နိုင်မှု၊ အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း မူဘောင်များ ခိုင်မာမှု အစရှိတာများက အထူးအရေးကြီး လိုအပ်လာပါတယ်။ ဒီအတွက် စွမ်းဆောင်ရည် ထက်မြက်ပြည့်ဝဖို့အတွက် လိုအပ်သလို ပြင်ဆင်ပြောင်းလဲရဖို့ပဲ ဖြစ်ပါတယ်။ ငါးနှစ်ဆိုတဲ့ အချိန်ကာလရဲ့ ရွေ့လျားမှု၊ တော်လှန်ရေးရဲ့ ဖြစ်ထွန်းတိုးတက်မှုများနဲ့အညီ NUG ဟာ လိုက်လျောညီထွေ ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်။ ဒီမှာ မေးစရာတခု ရှိလာပါတယ်။ ဒီတော်လှန်ရေး အောင်ဖို့က NUG တစုတဖွဲ့တည်းရဲ့ တာဝန်လား၊ NUG တဖွဲ့တည်း ကောင်းနေရုံနဲ့ ဒီတော်လှန်ရေး ပြီးပါ့မလားဆိုတဲ့ မေးခွန်းပါ။ ဟုတ်ပါတယ်၊ ဒီတော််လှန်ရေး အောင်ဖို့က NUG တဖွဲ့တည်းရဲ့ တာဝန် မဟုတ်ပါဘူး။ NUG တဖွဲ့တည်းရဲ့ အစွမ်းသပ်သပ်နဲ့လည်း ဒီတော်လှန်ရေး ပြီးမှာ မဟုတ်ပါဘူး။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ (EROs)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစရှိတဲ့ အဖွဲ့အစည်းကြီးများမှာလည်း ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက် တာဝန် ရှိပါတယ်။ ဒီအဖွဲ့တွေ ကိုယ့်တာဝန် ကိုယ်ကျေပွန်ဖို့ လိုအပ်ပါတယ်။ ဒီအဖွဲ့အစည်းတွေနဲ့ပတ်သတ်လို့လည်း နောင်မှာ အလျဉ်းသင့်သလို ပြည်သူမှတဆင့် ဝေဖန်ရေး ပေးကာ အကြံပြုချက်များ တင်ပြပါဦးမယ်။ ဒါပေမယ့်၊ ကျနော်တို့လူထုအနေနဲ့ အခုချိန်ထိ လက်ခံယုံကြည်ထားတာက NUG သည် တော်လှန်ရေးအစိုးရ ဖြစ်တယ်၊ ပြည်ထောင်စု အစိုးရဖြစ်တယ်။ ဒီတော်လှန်ရေးအောင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို စုစည်းနိုင်ဖို့ အခွင့်အလမ်းနဲ့ အလားအလာကလည်း NUG မှာသာ ရှိတယ်။ ဒါ့ကြောင့် ဒီတော်လှန်ရေး အောင်ဖို့အတွက် တာဝန်အရှိဆုံးအဖွဲ့နဲ့ ခေါင်းခံရမယ့်အဖွဲ့က NUG သာ ဖြစ်တယ်။ ခေါင်းမခံချင်ဘူးဆိုရင်တော့ အစကတည်းက “ပြည်ထောင်စုအစိုးရ” မလုပ်တာ ကောင်းပါလိမ့်မယ်။ အာဏာသိမ်း စစ်အုပ်စုဟာ သူတို့မှာ နိုင်ငံရေးအရ အားနည်းနေတဲ့ “တရားဝင်မှု” (Legitimacy) ကို လာမယ့် အတုအယောင် ဟန်ပြ လုပ်ပွဲ ရွေးကောက်ပွဲကနေတဆင့် အားဖြည့်ဖို့ လုပ်နေပါပြီ။ အလားတူ စစ်ရေးအရ တိုက်စွမ်းအား “အရေအတွက်” လူအင်အား အားနည်းမှုကို လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းပြီး ဖြည့်ဆည်းနေပါတယ်။ တိုက်စွမ်းရည် “အရည်အသွေး” ကိုတော့ တရုပ်၊ ရုရှားအစတဲ့ရှိတဲ့ နိုင်ငံအစိုးရတွေရဲ့ ကူညီမှုနဲ့အတူ Drone အပါအဝင် နည်းပညာအစွမ်းနဲ့ ဖြည့်ဆည်းနေပါပြီ။ ဒီတော်လှန်ရေးကို မှန်ကန်၊ အားကောင်းတဲ့ ခေါင်းဆောင်မှုပြုနိုင်ဖို့အတွက် တပ်ဦးဖြစ်တဲ့ NUG အစိုးရအနေနဲ့ အချိန်မနှောင်းမီ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာကို အခုပြည်သူ့တော်လှန်ရေးကြီးက တောင်းဆိုနေပြီဖြစ်ပါတယ်။ ——- ဆိုရေးရှိစ ဆိုအပ်လှစွာ ဆိုစများလျား ထားပချေမိ ငါ့ဝန်ရှိခဲ့။ (စာဆို အရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ်လင်္ကာကြီးမှ ကောက်နှုတ်ချက်) ——- “အမျိုးသားညီညွတ်ရေးအစိုးရ . . . ဒို့အစိုးရ ဒို့အစိုးရ” အာဏာရှင်စနစ်ဟူသမျှ မုချ ကျဆုံးရမည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။ အရေးတော်ပုံ အောင်ရမည်။ ❏ ရေးသားသူ - ကိုတေဇာ (အရေးတော်ပုံ တပ်သားတဦး) ၇ ရက် ဇူလိုင် ၂၀၂၅ (ဤစာစုကို ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၃ နှစ်ပြည့်နေ့၌ ပြည်သူလူထုသို့ အလေးအနက် တင်ပြသည်) https://www.facebook.com/share/p/1ABuPWvRwP/ #Sayarsan5,79%
  • 9 мар. 2025 г.без подписи5,58%
  • 11 июл. 2025 г.မာဖီးယား ဂိုဏ်းခေါင်းဆောင်က ဆက်ကြေးအခွန် တောင်းတဲ့စာ ပို့တာကို စာပို့ခံရလို့ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း စာပြန်လိုက်တာ တော်ရုံအရှက်မျိုးတော့ မဟုတ်ဘူး။ ခံရတဲ့ စည်းကြပ်ခွန်ကလည်း အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အမြင့်ဆုံး၊ ၄၀ ရာခိုင်နှုန်း။ ထိုင်းနဲ့ ကမ္ဘောဒီးယားတောင် ၃၆ ရာခိုင်နှုန်းပဲရှိ။ . တလောကမှ B2 Bombers တွေနဲ့ ဗုံးကြဲပြီး ပြုတ်ပြုတ်ပြုန်းကုန်ပြီလို့ ကြေညာခဲ့တဲ့လူကို "ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်" တယ်က ဆိုသေး။ . အိန္ဒိယနဲ့ စစ်ပွဲမှာ ငြိမ်းချမ်းရေး ဆောင်းကျဉ်းပေးခဲ့တဲ့အတွက်ဆိုပြီး ဒေါ်နယ်ထရမ့်ကို နိုဘယ်ဆုပေးသင့်တဲ့အကြောင်း ပါကစ္စတန်အစိုးရက အဆိုတင်သွင်းခဲ့ဖူးတယ်။ အဆိုတင်သွင်းပြီး နောက်တရက်မှာ ထရမ့်က အီရန်ကို B2 bomber တွေနဲ့ ဗုံးကြဲပါလေရော။ . ကဲ ၂ ရက်ပဲ ခြားသေးတယ်၊ အမေရိကန်အစိုးရရဲ့ အီရန်အပေါ် ဗုံးကြဲမှုတွေကို အပြင်းအထန် ရှုံ့ချပါကြောင်းဆိုပြီး ပါကစ္စတန်အစိုးရက ထုတ်ပြန်ချက်ထပ်လုပ်ရပြန်တယ်။ တခါတလေ 'မ' တာလည်း သတိထားသင့်တဲ့ သင်ခန်းစာပေါ့။ . ရေးလိုက်သမျှ စကားလုံးတွေက 'Sincere appreciation' တို့၊ 'It is with great esteem' တို့။ တောင်းပန် ခယ အောက်ကျို့တာမှာ အဝီဇိကပ်နေတဲ့ အရေးအသားတွေ။ ခေါင်းစဉ်တပ်ထားတာက သဝဏ်လွှာ/အကြောင်းကြားစာ တဲ့။ မင်းအောင်လှိုင်က ဒေါ်နယ်ထရမ့်ကို ရေးတဲ့စာ ပြောပါတယ်။ . ဘယ့်နယ်။ . (ဆောင်းပါးရှည် ရေးနေရင်းနဲ့ ကျလိကျလိ ဖြစ်လာလို့ လာရေးမိပါတယ်ဗျာ) Crd: မရတ်ကျော်သူ #Sayarsan https://www.facebook.com/share/p/14unn2Xzun/5,00%
  • 12 июл. 2025 г.❝ထိုင်းရဲ့ ပထမဦးဆုံး ကင်ဆာကုသဆေးထွက်ရှိလာ❞ ထိုင်းနိုင်ငံပြည်တွင်းမှာပဲ ဖြန့်ချိထုတ်လုပ်လိုက်တဲ့ ပထမဆုံး ကင်ဆာကုသဆေး Imcranib 100 ထွက်ရှိလာပါပြီ။ ဒီဆေးကိုတော့ မင်းသမီးတော် Chulabhorn Krom Phra Srisavangavadhana ရဲ့ ဦးဆောင်မှုအောက်ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အခုဆေးက ကင်ဆာဆေးကို ခေတ်နဲ့ တပြေးညီ ဖြစ်အောင် နည်းပညာ၊ ပုံစံနဲ့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး ကင်ဆာဆဲလ်တွေကို အဓိက တိုက်ခိုက်၊ ကျန်းမာတဲ့ ဆဲလ်တွေကို ရှောင်ကွင်းစေပြီး ဘေးထွက်ဆိုးကျိုး လျော့နည်းအောင် လုပ်ထားတာဖြစ်ပါတယ်။ ကီမိုသွင်းတာတွေရဲ့ ဆိုးကျိုးတွေ လျော့နည်းအောင်မျိုးကို အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်တယ်လို့ Chulabhorn Royal Academy (CRA) က ထုတ်ပြန်ထားပါတယ်။ . “ဒီဆေးနဲ့ဆို လူနာတစ်ယောက်ချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးကုသမှုပေးနိုင်မှာပါ”လို့ဆိုထားတဲ့အပြင် မင်းသမီး Chulabhorn က ကင်ဆာဝေဒနာသည်တွေ ဆေးရရှိမှု အားနည်းတာ ကုသမှုတွေ အားနည်းတာအတွက် အထူးရည်ရွယ်ပြီး ၂၀၂၀ ကတည်းက စတင်ခဲ့တဲ့ Sattahip ခရိုင်၊ ချွန်ပူရီက ဆေးဝါးထုတ်လုပ်ရေး ပရောဂျက်ရဲ့ တစိတ်တပိုင်းပါ။ ထိုင်းရဲ့ ကင်ဆာကုသဆေးဆို ကမ္ဘာလုံးဆိုင်ရာ စံချိန် စံညွှန်းတွေနဲ့ညီညွတ်အောင် အထူးကြိုးစားနေကြသလို မင်းသမီးတော်ကိုယ်တိုင်လည်း အသေးစိတ် ကြီးကြပ်ပြီး အောင်မြင်အောင်လုပ်နေကြတာပါ။ . Imcranib 100 ကို FDA မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်ကပဲ စာရင်းသွင်းမှတ်ပုံတင်ခဲ့သလို ဒီကင်ဆာဆေးက ကင်ဆာဆဲလ်တွေကို တိုက်ရိုက်တိုက်ခိုက်ပြီး အထူးသဖြင့် သွေးကင်ဆာ၊ အစာအိမ်၊ အူလမ်းကြောင်း ကင်ဆာတွေနဲ့ အရေပြားကင်ဆာရောဂါတွေကို ကုသနိုင်မယ့်ဆေးဖြစ်ပါတယ်။ ကင်ဆာကုသမှုကိုတော့ Chulabhorn ဆေးရုံးမှာ ရယူနိုင်ပြီဖြစ်ပြီး ထိုင်း လူနာတွေကတော့ တော်တော်လေး ကုန်ကျစရိတ်သက်သာ၊ အဆင်ပြေနေကြပြီလို့ CRA က ထုတ်ပြန်ထားပါတယ်။ သိပ်မကြာခင်မှာတော့ ထိုင်းရဲ့ ဆေးပညာက ခေတ်ရှေ့ပြေးလာတော့မှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ဆေးတွေ၊ နည်းပညာတွေကို ထုတ်လုပ်ဖို့ Imcranib 100 က တွန်းအားဖြစ်တယ်လို့ CRA က ထုတ်ပြန်ထားပါတယ်။ ဝမ်းသာစရာပါ။ Ref: Bangkok Post burmatowns #Sayarsan4,69%
  • 24 июл. 2025 г.အထူးသတိ ။ ထိုင်း နဲ့ ကမ္ဘောဒီယား နှစ် နိုင်ငံ အခြေအနေ မကောင်းပါသဖြင့် ⛔ မြန်မာ လူမျိူးများ အပြော အဆို အသွား အလာ အနေ အထိုင် ဂရုစိုက်ကြပါရန် ။ ⛔ အပြင်သွားမည်ဆိုပါက မြန်မာလူမျိူး ဖြစ်ကြောင်းအထောက်အထားများ ကိုယ်နှင့်မကွာ ဆောင်ထားကြပါရန် ။ ⛔ ထိုင်းစကား လည်လည်ပတ်ပတ် မတတ်သူများ မဖြစ်မနေ ကိစ္စရပ်များမှ လွဲ၍ အပြင်ထွက်ခြင်း ဆင်ခြင်ကြပါရန် ။ ⛔ ဆိုရှယ် မီဒီယာ တွင် ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံ များ အကြောင်း ပို့စ်တင်ခြင်း၊ ကွန်မန့်ရေးခြင်းများ ဆင်ခြင်ကြပါရန် ။ ⛔ ထိုင်း လူမျိူး ၊ မြန်မာ လူမျိူး နှင့် ကမ္ဘောဒီးယား လူမျိူးများသည် လုပ်ငန်းခွင်များ တွင် အတူတကွ လုပ်ကိုင်နေကြပါသဖြင့် ဂရုတစိုက် သတိနှင့် နေထိုင်ကြပါရန် ။ မမိုးခိုင် https://www.facebook.com/share/15x6pPAjQz/ #Sayarsan4,46%
  • 6 авг. 2025 г.“ ညီလေး အကိုက ရန်ကုန်မှာ ဆူနီယံပတ်မှာ နေတာကွ ။ သမက်က ဆရာဝန်လေ ။ ကို့ညီ မြန်မာပြည်ပြန်ရောက်ရင် အကို့ဆီဖုန်းဆက်နော် -- ကို့ညီ ဘာဖြစ်ချင်လည်းပြော -- အကို အကုန်ကူညီပေးမယ် “ ဆိုသည့်စကားကို ဖလော်ရီဒါက မပြန်ခင် မကြာမကြာ ကျွန်တော့်ကို ပြောခဲ့သည်။ ဆူနီယံပတ် ဆိုသည့်စကားကိုလည်း အပ်ကြောင်းထပ်အောင်ပြောသည်။ ကျွန်တော်က ပြုံး၍ဘဲနေလိုက်သည်။ သူနဲ့တွေ့ပြီး နောက်ပိုင်း ကျွန်တော် မြန်မာပြည်မကြာခဏ ပြန်ရောက်သည်။ ယနေ့အချိန်ထိ ဘယ်တော့မှ သူ့ဆီ ဖုန်းမခေါ်။ မဆက်သွယ်ခဲ့ပါ။ သူနဲ့တွေ့စဉ်မှာ သတိထားမိလိုက်သည့် အဓိက အချက်ကတော့ တပ်မတော်တို့ ။ နိုင်ငံတော်အကြီးအကဲတို့ ။ တပ်ချုပ်ကြီး တို့။ ပြည်ခိုင်ဖြိုးပါတီတို့။ “ အမျိုးဘာသာ သာသနာ “ ဆိုသည့်စကားလုံးတွေကို သူ့ပါးစပ်ကတွင်တွင်ပြောခြင်းဖြစ်သည်။ နားကြားပြင်းတော်တော်ကပ်စရာ ကောင်းသည်။ ထိုစဉ်ကထဲက ဒီလူဟာ အကြမ်းဖက် စစ်တပ်ကို အားပေးထောက်ခံနေတဲ့ ကြံ့ဖွတ်ပါတီဝင် မဘသ လူတစ်ဉီး ဖြစ်ကြောင်း ကောင်းကောင်းသိလိုက်ရသည်။ နဂိုကမှ ဂုန်ဆင်း အခွင့်အရေးသမားမှန်းသိလိုက်ရ၍ လေးစားမှု့ပျောက်ကွယ်နေသည့်အချိန်တွင် အကြမ်းဖက်စစ်တပ်ကို အားပေးထောက်ခံနေသည့် ကြံ့ဖွတ်ပါတီဝင် မဘသ တစ်ဉီးမှန်း သိလိုက်ရသည့်အခါ ပို၍ ရွံရှာ မုန်းတီးသွားမိပါတော့သည်။ နောက်တစ်ရက် ဖလော်ရီဒါရှိ နာဆာ Space Center သို့ သွားသည့်အခါ ကိုမြင့်အောင် နဲ့ ကိုဘာဘူတို့ကို ကြောက်၍ ကျွန်တော့်ကားပေါ်တွင် မလိုက်ရဲတော့ပါ။ အနှစ်ချုပ် ပြောပါမည်။ ကျွန်တော့် မိတ်ဆွေများထဲက အကြမ်းဖက်စစ်အုပ်စုကို အားပေးထောက်ခံနေကြသော အောက်တန်းစား စိတ်ဓါတ်ပိုင်ရှင် လူတွေအကြောင်းကို ဆက်လက်ပြီး ဖေါ်ထုတ် ရေးသားသွားမည်ဖြစ်သည်။ ထိုသို့သော လူများနဲ့ မိတ်ဆွေအဖြစ်လည်း မပေါင်းသင်းလို။ ဘာမျက်နှာမှလည်း ထောက်ထားစရာ အကြောင်းမရှိပါ။ ဒါသည်ပင် တော်လှန်ရေးအတွက် ဆူးညှောင့် ခလုတ်တွေကို ရှင်းနေခြင်း ဖြစ်သည်ဟု မှတ်ယူသည်။ Henry Aung ( Florida ) August, 05, 2025 https://www.facebook.com/share/1KEDmjpHHL/ #Sayarsan4,21%
  • 10 июл. 2025 г.တိုင်းပြည်ကို စုတ်ပြတ်သွားအောင်လုပ်ခဲ့တယ်။ မတောင်းပန်ဘူး။ ဆွေခုနှစ်ဆက်မျိုး ခုနှစ်ဆက် ဆယ်သက်စာ စားမကုန် အောင် ခိုးခဲ့ကြတယ်။ မတောင်းပန်ဘူး။ ရာစုနှစ်ဝက်ကျော် သက်တမ်းရှိတဲ့ ပြည်တွင်းစစ်ကို ဖန် တီးတယ်။ ပြည်တွင်းစစ်နဲ့ လုပ်စားတယ်။ မတောင်းပန်ဘူး။ မဲမဲမြင်ရာ စွတ်ပ-စ်တယ်။ မသေမရှင် အလော-င်းတွေကိုပါ မီးသဂြိုဟ်စက်ထဲ ထိုးထည့်တယ်။ မတောင်းပန်ဘူး။ အာဏာပြန်ရရင်ပြီးရော ဘာသာရေးလူမျိုးရေးမကျန် ခုတုံးလုပ်ပြီး တိုင်းပြည်မပျက် ပျက်အောင် ဖျက်တယ်။ မတောင်းပန်ဘူး။ လူထုဆန္ဒတစ်ပြားသားမှ မပါဘဲ လွှတ်တော်ထဲကို မျက် နှာပြောင်တိုက်ပြီး ဝင်ထိုင်တယ်။ မတောင်းပန်ဘူး။ ပြည်သူလူထုကို ယီ/းထင်တယ်ဆိုတဲ့ အပေါက်နဲ့ လုပ်ချင် ရာလုပ်တယ်။ မတောင်းပန်ဘူး.........။ အဲ... တယောက်သောသူကတော့ iPad အခက်အခဲကြောင့် ပါဠိဆင့်လေးတစ်ကြောင်း ရိုက်မရတာကို အတိအ လင်း ဝန်ခံတောင်းပန်ခဲ့သတဲ့။ တခုခုအဆင်မပြေတာရှိသွာရင်လည်း ပြည်သူကို သူမက အမြဲတောင်းပန်ခဲ့တာ။ Credit #Sayarsan3,62%
  • 7 июл. 2025 г.❝ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်တဲ့ NUG အစိုးရ ❞ ▬▬▬▬▬▬▬▬▬▬ ကျနော်တို့ဟာ NUG ကို စတင်ဖွဲ့စည်းစဉ်ကနေ ယနေ့ချိန်ထိ ဒီနိုင်ငံအတွက် ဒီတော်လှန်ရေးကို ဦးဆောင်မယ့် တော်လှန်ရေးကာလ အစိုးရ၊ တော်လှန်ရေးတပ်ဦးအဖြစ် လက်ခံ၊ ယုံကြည်ထားကြပါတယ်။ အားကိုး အားထားလည်း ပြုပါတယ်။ ဒါက အခုချိန်ထိ ပါပဲ။ ဒါပေမယ့်၊ မထောက်မညှာဘဲ၊ ပုဂ္ဂိုလ်ရေးဘက်လိုက်မှု အမြင်တွေမပါဘဲ တော်လှန်ရေးအကျိုးကို ရှေးရှုပြီး ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ လက်ရှိ စုဖွဲ့ထားတဲ့ NUG တော်လှန်ရေးအစိုးရဟာ ဒီပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိ ခေါ်ဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်လို့ (ကျနော့်တကိုယ်ရည်အရ) သုံးသပ်ချင်ပါတယ်။ ဒီသုံးသပ်ချက်က ကျနော့်အနေနဲ့ တော်လှန်ရေးကာလ အချိန်လေးနှစ်ကျော်ငါးနှစ်တာ ဖြတ်သန်းမှု အတွေ့အကြုံအရပ်ရပ်ကို ခြုံငုံပြီးတော့ ရရှိလာတာ ဖြစ်ပါတယ်။ ဒီစကားက တော်လှန်ရေးကို အမြန် ပြီးမြောက်အောင်မြင်စေလိုတဲ့ စိတ်၊ NUG ကို တော်လှန်ရေးအစိုးရအဖြစ် တကယ်အလုပ်ဖြစ် အားကောင်းစေလိုတဲ့ စိတ်အပြည့်နဲ့ ပြောဆိုတင်ပြခြင်း ဖြစ်ပါတယ်။ “NUG အလုပ်ဖြစ်ဖို့လိုတယ်၊ ခေါင်းဆောင်မှု အားကောင်းဖို့လိုတယ်၊ စွမ်းဆောင်ရည် ပြည့်ဖို့လိုတယ်၊ ဒီအတွက် NUG မှာ လက်ရှိ တာဝန်ယူထားကြတဲ့ “လူ” ကော၊ ချမှတ်ဆောင်ရွက်နေတဲ့ “မူ” ပါ လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့ အရေးကြီးတယ်၊ ဒီပြင်ဆင်ပြောင်းလဲမှုကို အချိန်မနှောင်းမီ လုပ်ကြပါ၊ ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက် NUG အားကောင်းဖို့ လိုအပ်တယ်” အစရှိတဲ့ အကြောင်းအရာတွေကို ကျနော်တို့အနေနဲ့ NUG အစိုးရက အမြင့်ဆုံးသော တာဝန်ရှိသူများအပါအဝင် အဆင့်ဆင့်သော NUG တာဝန်ရှိသူများကို လူတွေ့ကော အွန်လိုင်းကပါ အပ်ကြောင်းထပ်အောင် ထပ်ခါထပ်ခါ တင်ပြ၊ အကြံပြုခဲ့ပါတယ်၊ အခုလည်း တင်ပြ၊ အကြံပြုနေဆဲပါ။ ဘာတွေကို၊ ဘယ်အကြောင်းအရာ ဘယ်ကဏ္ဍတွေကို ဘယ်လိုမျိုး ပြင်ဆင်ပြောင်းလဲသင့်တယ်ဆိုတဲ့ အသေးစိတ်ကိစ္စအချို့ကိုလည်း ကိုယ်ဉာဏ်မီသမျှ စုစည်း အကြံပြုပါတယ်။ ဒီလို အကြံပြုတင်ပြခဲ့တာကလည်း အခု (၂၀၂၅) ခုကျမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်၊ သုံးနှစ်လောက်ကတည်းက ဖြစ်ပါတယ်။ ဒီတော်လှန်ရေးအတွက် NUG အားကောင်းရေး လိုအပ်ပုံ၊ ဒီအတွက် ပြင်ဆင်ပြောင်းလဲရေး အရေးကြီးတို့ကို ပြည်သူလူထုထံသို့လည်း လူမှုကွန်ယက်မီဒီယာများကတဆင့် အခါအားလျော်စွာ အသိပေးတင်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက သမ္မတ ဒူဝါကြီးကိုယ်တိုင်က “တော်လှန်ရေးအတွက် NUG အစိုးရကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်တယ်၊ ဒါ့ကြောင့် NUG အတွင်း ပြင်ဆင်ပြောင်းလဲမှုတွေ ထိထိရောက်ရောက် လုပ်မယ်” ဆိုတဲ့သဘောမျိုးကို ပြည်သူလူထုကို အသိပေးခဲ့စဉ်က ကျနော်တို့ ပြည်သူလူထုအနေနဲ့ အလွန်ပဲ စိတ်အားတက်ခဲ့ကြပါတယ်။ ဒါပေမယ့် အချိန်တွေသာ တဖြည်းဖြည်းရွေ့လာတယ်၊ အခုချိန်ထိ NUG မှာ တကယ်ထိရောက်တဲ့၊ တကယ်လက်တွေ့ကျတဲ့ ပြင်ဆင်ပြောင်းလဲမှုမျိုးကို ကျနော်တို့လူထုအနေနဲ့ မတွေ့ရပါဘူး။ ကျနော့်အမြင်ကို တင်ပြရလျှင် ဒီပြည်သူ့တော်လှန်ရေးကြီးကို အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ၊ အင်အားတွေကို စုစည်းရယူနိုင်တာက NUG အစိုးရမှာသာလျှင် အလားအလာနဲ့ အခွင့်အလမ်း အရှိဆုံးဖြစ်ပါတယ်။ ဒီကောက်ချက်အပေါ် အနည်းငယ် ရှင်းလင်း တင်ပြခွင့်ပြုပါ။ အခုချိန်ထိ NUG မှာ တော်လှန်ရေးအောင်ဖို့အတွက် လုံလောက်တဲ့ တရားဝင်မှုနဲ့ လူထုထောက်ခံမှု (de’ jure Legitimacy and Public Support) ရှိနေဆဲဖြစ်ပါတယ်။ NUG အပေါ် လူထုထောက်ခံမှုအနေနဲ့ စတင်ဖွဲ့စည်းစဉ်ကနဲ့ နှိုင်းယှဉ်ရင် အတိုင်းအတာတခုထိ ကျဆင်းကောင်း ကျဆင်းသွားနိုင်ပေမယ့် တော်လှန်ရေးအောင်ဖို့အတွက် လုံလောက်တဲ့ လူထုထောက်ခံမှု ရှိနေဆဲဖြစ်ပါတယ်။ စစ်ရေးကဏ္ဍအတွက် လိုအပ်တဲ့ လူအင်အား (Man Power) ရရှိဖို့အတွက်လည်း စစ်ကိုင်း၊ မကွေး၊ မန္တလေး အစရှိတဲ့ ဒေသများတွင်းက လူငယ်လူရွယ်တွေနဲ့ပဲတောင် လိုတာထက် ပိုတဲ့အရေအတွက်ကို ရနိုင်ပါတယ်။ ဒီတိုက်ခိုက်ရေးအင်အားတွေကို စနစ်တကျ စုစည်းတည်ဆောက်နိုင်တဲ့ အခွင့်အလမ်းကလည်း NUG မှာပဲ ရှိပါတယ်။ ဒါပေမယ့် NUG ဟာ ဒီအခွင့်အလမ်းကို လုံးလုံး အသုံးမချနိုင်ပါဘူး။ NUG အနေနဲ့ အခုထိ ဒီပြန့်ကျဲနေတဲ့ တိုက်ခိုက်ရေးအင်အားတွေကို စနစ်ကျ မှန်ကန်သော ဆင့်ကဲကွပ်ကဲအုပ်ချုပ် ထောက်ပံ့မှုစနစ် (Chain of Command) မတည်ဆောက်နိုင်သေးပါဘူး။ အခုချိန်ထိ အများစုသော PDF ပကဖ တွေဟာ တကယ်စစ်တိုက်လို့ရတဲ့ “တပ်” ဖြစ်မနေဘဲ “လက်နက်ကိုင်ထားတဲ့ လူအုပ်ကြီး” သာ ဖြစ်နေပါတယ်။ ပြန့်ကျဲနေတဲ့ ဒီတိုက်ခိုက်ရေးအင်အား “အရေအတွက်” တွေကို စနစ်တကျ မစုစည်းနိုင်တဲ့အခါ “အရည်အသွေး” လည်း တက်မလာတော့ပါဘူး။ ပိုဆိုးတာကတော့ “တပ် တည်ဆောက်ရေး” ကို လက်တွေ့ကျကျ မလုပ်နိုင်တဲ့အခါ နဂိုက မိမိအားသာချက်ဖြစ်တဲ့ ရှိရင်းစွဲ “အရေအတွက်” တောင် တဖြည်းဖြည်းနဲ့ လုံးပါး ပါးလိုက်လာ၊ ကျဆင်းလာပါတော့တယ်။ ဒါက စစ်ရေးတိုက်ပွဲမျက်နှာစာအတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်ချက်ကြီးပါ။2,23%