tgindex
ဆရာစံ

ဆရာစံ

Статистика

ပြည်သူများသတင်း စုံသိရှိစေရန်သာ ရည်ရွယ်ပါသည်။Subscribe လုပ်ပေးခြင်းဖြင့် ၀န်းရံပေးကြပါ တော်လှန်ပြည်သူတို့။

Последний пост
4 сент. 2025 г.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
my
В каталоге с
14 авг.
Подписчики
734
мало замеров
Замеров пока мало
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
960
21 постов
Вовлечённость
130,8%
к подписчикам
Постов в день
0,0
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • တယုတ်ရဲ့ ဖက်ဆစ်နှစ် ၈၀ ပြည့်အောင်ပွဲဘာညာဆိုပြီး လုပ်တဲ့ပွဲနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က တယုတ်ကို ရွဲ့ပြီး အငေါ်တူးပြီး ပြောတာလည်း မလွန်ဘူး။ တကယ်တမ်း ဒုတိယကမ္ဘာစစ်မှာ အမေရိကန်သာ မကူညီရင် တယုတ်က ခုချိန်ထိ ဂျပန် ဖျင်ချတာကို ခံနေရဦးမှာ။ ဒါ တကယ်ပြောတာ မယုံရင် ကြိုက်တဲ့ ကမ္ဘာသမိုင်းစာအုပ်ကို လှန်ကြည့် တယုတ်တွေရေးတာတော့ မဖတ်နဲ့ပေါ့ ဒီကောင်တွေက စောက်ပိုတွေပြောနေတာ။ တယုတ်က ဂျပန်ကိုနိုင်ခဲ့တာ သူတို့ တယုတ်တပ်တွေချည်းပဲ တိုက်ပြီး တွန်းလှန်ခဲ့လို့ နိုင်ခဲ့သလိုလို ဘာလိုလိုနဲ့ ပြောသွားတာ။ ဘာနဲ့ တူလဲဆိုရင် မြန်မာ့သမိုင်းထဲက ဂျပန်ကို နိုင်ခဲ့တဲ့ မြန်မာ့မျိုးချစ်တပ်မတော်ဆိုတဲ့ ဂျင်းအတိုင်းပဲ။ တကယ်တမ်း အမေရိကန်သာ ဂျပန်နဲ့ စစ်မဖြစ်ရင်၊ နူးကလီးယားသာ မကြဲရင် ဂျပန်တွေအနေနဲ့ ခုလို စစ်ကို မရှုံးဘူး။ အဲ့သည့်ခေတ် အဲ့သည့်ကာလက အာရှမှာ အမေရိကန်ကိုယှဥ်ပြီး ဖုတ်တာဆိုလို့ ဂျပန်ပဲရှိတယ်။ ပစိဖိတ်သမူဒ္ဒရာထဲက စစ်ပွဲတွေကိုပဲကြည့်လေ ဂျပန်က အမေရိကန်ကို လေယာဥ်တင် သင်္ဘောတွေနဲ့ပါ ယှဥ်ဖုတ်တာ ။ အဲ့ကာလ တယုတ်တပ်မှာ လေယာဥ်တင် သင်္ဘောမပြောနဲ့ သဗ္ဗာန်တောင်မရှိဘူး။ သေနတ်တောင် မီးကျိုးမောင်းပျက်သေနတ်နဲ့ ကန်စွန်းဥမီးဖုတ်စားပြီး စစ်တိုက်တဲ့ ဘိန်းစားပဲရှိတာ။ ဒါပေမယ့် သိတယ်မလား ဆန်မရှိ အစားကြီး ဖင်ယားပြီး ဂျပန်ကို လက်နက်မချဘဲ နန်ကျင်းမှာ သွားပြီးခုခံတာ ဂျပန်က မြို့လည်းသိမ်းပြီးရော တယုတ်ဆို လာထားဆိုပြီး မျိုးဖြုတ်တာ လပိုင်းနဲ့တင် လူ ၃သိန်းလောက် သေပါရောလား။ ဂျပန်ကလည်း တယုတ်ကို နာဇီတွေ ဂျူးကိုလူမျိုးတုန်း သတ်သလို သတ်တာပဲ။ ဂျပန်တွေ ဘယ်လောက်ရက်စက်လဲ ၊ ဘယ်လောက် ကြမ်းခဲ့လဲဆိုရင် အဲ့သည့်ကာလက နာဇီမှာ ဟစ်တလာရဲ့ အထူးတပ်ဖြစ်တဲ့ SSတပ်က ခေါင်းဆောင်တွေတောင် ဂျပန်ကင်ပေတိုင်တွေရဲ့ လူသတ်နည်းကို ကြည့်ပြီး  ဂျပန်တွေက တအား ရက်စက်ပါတယ်ဆိုပြီး ပြောယူရတဲ့အထိပဲ ။ ဂျပန်ကလည်း တခေတ်တခါက မဟာလူမျိုးကြီးဝါဒနဲ့ ဇောင်းကြွနေတဲ့ တယုတ်တွေကို မှတ်လောက်အောင်ဆိုပြီး နန်ကျင်းမှာ စကြိတ်တာ နောက်ဆုံး သတ်မနိုင်လို့ မြေတွင်းထဲမှာ လူကို ခေါင်းပဲဖော်ခိုင်းထားပြီး အပေါ်ကနေ လမ်းကြိတ်စက်နဲ့ပါ တက်ကြိတ်တာ။ တယုတ်ကောင်တွေကို ဘယ်သူက ပိုပြီး သတ်နိုင်လဲဆိုပြီး ခေါင်းတွေချည်းပြိုင်ပြီး ဖြတ်ကြသေးတာ။သတ်ပြီးလည်း မပြီးသေးဘူး ရင်ကိုခွဲပြီး အသည်းကိုပါ ကင်စားပြသေးတာ။ တယုတ်တွေကိုနေ့စဥ် သတ်တာ မသိရင် ပွဲတော်ကြီးလို ဂျပန်ကထုတ်တဲ့ သတင်းစာခေါင်းကြီးပိုင်းမှာပါ ထည့်ပြီး ရေးကြတဲ့အထိပဲ။ ထောင်ထဲမှာဖမ်းထားတဲ့ တယုတ်ကောင်တွေထဲက ဂေးနဲ့ သူ့ကို ဖင်ချတဲ့ကောင်တွေလည်း အရှင်မထားဘူး။ ဖင်ခံတယ်မလား ခံတဲ့ကောင်ကို မီးဖုတ်ထားတဲ့ သံချောင်းနဲ့ ဖင်ထဲထိုးထည့်ပြီး လူရှေ့မှာ တံကျင်လျှိုသတ်တာ၊ ဖင်ချတဲ့ကောင်ကိုလည်း လူကြားထဲ ကြိုးတုပ်ပြီး ၄ီးကို အစိမ်းလိုက်ဖြတ်ပစ်တာ။ အမေရိကန်စစ်သားတွေထဲက တချို့ဆို ဂျပန်နဲ့ စစ်တိုက်ရမယ်ဆိုတာသိတော့ အလိုလို လန့်နေတဲ့ကောင်တွေပါ ရှိတယ်။ အဖြူကောင်တွေ သိထားတာက ဂျပန်ဆိုတဲ့ကောင်တွေက ငါးပါ အစိမ်းလိုက်စားကြတာဆိုပြီး ကြားဖူးထားတော့ အဖြူကောင်တွေထဲက တချို့ဆို ဖက်ဆစ် ဂျပန်ဆိုတာ လူရော ဟုတ်ရဲ့လား ဘီလူးတွေလားဆိုပြီး ထင်ကြတဲ့အထိပဲ ။ အဲ့ကာလတုန်းကလည်း သူ့ဘက် ကိုယ့်ဘက်ဝါဒတွေက အပြိုင်ဖြန့်ကျတော့ တချို့မစ်အင်ဖော်မေးရှင်းတွေကလည်း ရောက်တာပဲ။ တကယ်တော့ ဂျပန်တွေဆယ်လမွန်ကို ဝါဆာဘိနဲ့တို့ပြီး အစိမ်းစားတာကို အနောက်တိုင်းက ကောင်တွေအမြင်မှာ ဒီကောင်တွေက ငါးတောင်အစိမ်းစားတာ လူရိုင်းသာသာပဲဆိုပြီး လန့်ကြသေးတာ။ အဖြူကောင်တွေ လန့်သလိုပဲ ဂျပန်တွေက တကယ်လည်း စစ်တိုက်တာ ကြမ်းတယ်။ ဒါကို ဟိုဘီးကြဲက မသိရင် တယုတ်တွေပြန်တိုက်လို့ပဲ ဂျပန်ဖက်ဆစ်က ရှုံးသလိုပြောနေတာ တကယ်က အမေရိကန်တွေ ဂျပန်တွေကို ပစိဖိတ်သမုဒ္ဒရာမှာ အမုန်းကြိတ်လို့ ဂျပန်က စစ်ရှုံးတာ။ ဒီတယုတ်တွေလား ဂျပန်ကို နိုင်အောင်တိုက်နိုင်မှာ စောက်ပေါပြော စောက်ပေါယုံ နိုင်ံငံတကာနဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးက ဝိုင်းပြီးတားလို့ ဒီကောင်တွေ မျိုးမကန်းတာ။ ဒါတောင် ဒုတိယကမ္ဘာစစ်က တရားဝင်မစသေးဘူးနော် ဂျပန်ဖုတ်လို့ နန်ကျင်းမှာ တယုတ် ၃သိန်းလောက်က အပိုင်းပိုင်းပြတ်နေပြီ။ တချိန်က ဂျပန်ကို မလှန်ရဲခဲ့တဲ့ အငုံ့စိတ်က ခေတ်အဆက်ဆက်က တယုတ်ခေါင်းဆောင်တွေစိတ်ထဲမှာ ရှိနေတုန်းပဲ။ ဒါကြောင့်လည်း တယုတ်က ဒီဘက်ခေတ်မှာ စစ်ရေးကို အသားကုန်အားကောင်းအောင် လုပ်နေတာ တခြားကြောင့် မဟုတ်ဘူး တချိန်က ဂျပန်ဖင်ချတာကို ရှယ်ပလန်နဲ့ ခံခဲ့ရလို့။ ဒါပေမယ့်လည်း တယုတ်က တယုတ်ပါပဲ ပဒေသရာဇ်ခေတ်မှာတောင် မြန်မာက ဆင်ဖြူရှင်မင်းနဲ့ ၄ကြိမ်တိုက်ပြီး ၄ကြိမ်လုံးရှုံးတာ။ အဲ့ကနေစပြီး တယုတ်အင်ပါယာစပြီး ပြိုတာ တနိုင်ငံလုံး ဘိန်းစားဖြစ်ပြီး အင်္ဂလိပ်လက်အောက် ကျရောက်တဲ့အထိပဲ။ ပုဂံခေတ်ကို ဖြိုခဲ့တာတောင် တကယ်က တယုတ်တွေမဟုတ်ဘူး မွန်ဂိုတွေ ။ ဒါကြောင့် ဒီကောင်တွေ ဘယ်လောက် အင်အားပြပြ အထင်ကိုမကြီးဘူး ဘယ်စစ်ပွဲမဆို ဒီကောင်တွေက အစဥ်အလာမရှိတဲ့ လှိုင်သာယာ လမ်းဘေးက ဂန်းစတားသာသာ စောက်ပေါအဆင့်ပဲ ။ Crd: GenZPhoeMaung #Sayarsan

  • “ ညီလေး အကိုက ရန်ကုန်မှာ ဆူနီယံပတ်မှာ နေတာကွ ။ သမက်က ဆရာဝန်လေ ။ ကို့ညီ မြန်မာပြည်ပြန်ရောက်ရင် အကို့ဆီဖုန်းဆက်နော် -- ကို့ညီ ဘာဖြစ်ချင်လည်းပြော -- အကို အကုန်ကူညီပေးမယ် “ ဆိုသည့်စကားကို ဖလော်ရီဒါက မပြန်ခင် မကြာမကြာ ကျွန်တော့်ကို ပြောခဲ့သည်။ ဆူနီယံပတ် ဆိုသည့်စကားကိုလည်း အပ်ကြောင်းထပ်အောင်ပြောသည်။ ကျွန်တော်က ပြုံး၍ဘဲနေလိုက်သည်။ သူနဲ့တွေ့ပြီး နောက်ပိုင်း ကျွန်တော် မြန်မာပြည်မကြာခဏ ပြန်ရောက်သည်။ ယနေ့အချိန်ထိ ဘယ်တော့မှ သူ့ဆီ ဖုန်းမခေါ်။ မဆက်သွယ်ခဲ့ပါ။ သူနဲ့တွေ့စဉ်မှာ သတိထားမိလိုက်သည့် အဓိက အချက်ကတော့ တပ်မတော်တို့ ။ နိုင်ငံတော်အကြီးအကဲတို့ ။ တပ်ချုပ်ကြီး တို့။ ပြည်ခိုင်ဖြိုးပါတီတို့။ “ အမျိုးဘာသာ သာသနာ “ ဆိုသည့်စကားလုံးတွေကို သူ့ပါးစပ်ကတွင်တွင်ပြောခြင်းဖြစ်သည်။ နားကြားပြင်းတော်တော်ကပ်စရာ ကောင်းသည်။ ထိုစဉ်ကထဲက ဒီလူဟာ အကြမ်းဖက် စစ်တပ်ကို အားပေးထောက်ခံနေတဲ့ ကြံ့ဖွတ်ပါတီဝင် မဘသ လူတစ်ဉီး ဖြစ်ကြောင်း ကောင်းကောင်းသိလိုက်ရသည်။ နဂိုကမှ ဂုန်ဆင်း အခွင့်အရေးသမားမှန်းသိလိုက်ရ၍ လေးစားမှု့ပျောက်ကွယ်နေသည့်အချိန်တွင် အကြမ်းဖက်စစ်တပ်ကို အားပေးထောက်ခံနေသည့် ကြံ့ဖွတ်ပါတီဝင် မဘသ တစ်ဉီးမှန်း သိလိုက်ရသည့်အခါ ပို၍ ရွံရှာ မုန်းတီးသွားမိပါတော့သည်။ နောက်တစ်ရက် ဖလော်ရီဒါရှိ နာဆာ Space Center သို့ သွားသည့်အခါ ကိုမြင့်အောင် နဲ့ ကိုဘာဘူတို့ကို ကြောက်၍ ကျွန်တော့်ကားပေါ်တွင် မလိုက်ရဲတော့ပါ။ အနှစ်ချုပ် ပြောပါမည်။ ကျွန်တော့် မိတ်ဆွေများထဲက အကြမ်းဖက်စစ်အုပ်စုကို အားပေးထောက်ခံနေကြသော အောက်တန်းစား စိတ်ဓါတ်ပိုင်ရှင် လူတွေအကြောင်းကို ဆက်လက်ပြီး ဖေါ်ထုတ် ရေးသားသွားမည်ဖြစ်သည်။ ထိုသို့သော လူများနဲ့ မိတ်ဆွေအဖြစ်လည်း မပေါင်းသင်းလို။ ဘာမျက်နှာမှလည်း ထောက်ထားစရာ အကြောင်းမရှိပါ။ ဒါသည်ပင် တော်လှန်ရေးအတွက် ဆူးညှောင့် ခလုတ်တွေကို ရှင်းနေခြင်း ဖြစ်သည်ဟု မှတ်ယူသည်။ Henry Aung ( Florida ) August, 05, 2025 https://www.facebook.com/share/1KEDmjpHHL/ #Sayarsan

  • သွားခါနီးကြတော့မှ ဆရာတော်ကို ခင်ဗျား အတင်း ဝင်လုံးပြီး အမေရိကကို ရောက်ဖူးချင်လို့ပါဆိုပြီး ခွေးတိုးပေါက်က လိုက်လာတာ ။ ပြီးတော့ ဖလော်ရီဒါ ဘုန်းကြီးကျောင်း မရောက်ခင် တခြားပြည်နယ်တွေက ဘုန်းကြီးကျောင်းတွေ ရောက်ခဲ့စဉ်တုန်းကလည်း ပြန်ခါနီးမှာ လူတွေအားလုံးက နိုင်သလောက်လှုခဲ့ကြတယ်။ ခင်ဗျားတစ်ယောက်ထဲဘဲ အရှုးကွက်နင်းပြီး တစ်ပြားမှ မလှုခဲ့ဘူး။ စားစရာရှိတော့ ဘုန်းကြီးကျောင်းက ဟာတွေကို အားမနာတမ်း နင်းကန် စားတယ် ။ ခင်ဗျား မရှက်ပေမယ့် ခင်ဗျား အစား ကျုပ်ရှက်တယ် “ ဒဲ့ဒိုး အိုးပေါက် အားမနာတမ်း ပြောတတ်သည့် ကိုမြင့်အောင်သည် နေအောင့် အပေါ် တစ်လမ်းလုံး အစာမကြေဖြစ်ခဲ့သည်များကို ပေါက်ကွဲ ရင်ဖွင့်ပါတော့သည်။ ကိုဘာဘူကလည်း ကိုမြင့်အောင်ဘက်က ဝင်၍ ထောက်ခံသည့်စကားများဝင်ပြောသည်။ နေအောင်ကလည်း ဒီလိုမဟုတ်ပါဘူး။ ဟိုလိုမဟုတ်ပါဘူး ဆိုပြီး လေပျော့လေးနဲ့ ပြန်ရှင်းပြသည်။ နေအောင်က ဆင်ချေတွေပေးပြီး ပြန်ရှင်းလေ ကိုမြင့်အောင် နဲ့ ကိုဘာဘူ တို့က ပိုပေါက်ကွဲပြီး ပိုပြောလေ ဖြစ်နေကြသည်။ ကားထဲမှာ သူတို့၏ အခြေအတင် ငြင်းခုန် သံများက ပွက်လောရိုက် ဆူညံနေသည်။ ကားမောင်းနေသည့် ကျွန်တော့်ကို နေအောင်က အားကိုးသည့် မျက်နှာလေးနဲ့ စစ်ကူလှမ်းတောင်းသည်။ ဝင်တား ဝင်ဟန့်ပေးဘို့ ဖြစ်သည်။ ထိုစဉ်က နေအောင် ဖြစ်နေသည့် မျက်နှာငယ်လေးကို ကျွန်တော် ဘယ်တော့မှ မမေ့။ ယခုအချိန်ထိ မှတ်မိနေဆဲဖြစ်သည်။ သူတို့ ဖလော်ရီဒါ မရောက်ခင်က ဖြစ်လာခဲ့ကြသည့် ပြသနာ အတိမ်အနက် အစ အဆုံးကို ကျွန်တော်လည်း လိပ်ပတ်လည်အောင် နားမလည်။ မသိပါ။ ကျွန်​တော် သိလိုက်သည်က​တော့ နေ​အောင်သည် အ​မေရိကကို သီတဂူအဖွဲ့နဲ့ အတူလိုက်ရလျှင် အ​မေရိကမှာ ဟိုတည်ခ စားစရိတ် သွားလာစားရိတ် ပြန်သည်အထိ အားလုံး Free ဖြစ်မည်။ သူ့အိပ်ထဲက တစ်ပြားမှ ကုန်စရာမလို ။ ဒီအကွက်ကို မြင်သည့်အတွက် ဂုန်းဆင်းသမားပီပီ သီတဂူအဖွဲ့နဲ့ အတူ အပါ လိုက်လာခဲ့ခြင်းဖြစ်သည်။ ကျွန်တော့်ကို မျက်နှာငယ်လေးနဲ့ အားကိုးတကြီး ကြည့်၍ စစ်ကူတောင်းနေသော နေအောင် ထွက်ပေါက်ရ သက်သာ စေရန်အတွက် “ အကိုတို့ရာ တော်ကြပါတော့ -- နားတွေလည်းငြီးလှပါပြီ-- ပျော်စရာခရီးက ပျော်စရာ မကောင်းဘဲ စိတ်ညစ်စရာတွေဖြစ်နေပြီ “ ဟု ကျွန်တော်က ဝင်ပြောလိုက်သည့်အခါ ကိုမြင့်အောင် နဲ့ ကိုဘာဘူတို့လည်း ကျွန်တော့်ကို အားနာသောကြောင့် ဆက်မပြောတော့ပါ ။ ကျွန်တော်လည်း သူတို့ အာရုံ ပြောင်းစေရန်အတွက် တခြားအကြောင်းအရာများကို စကားမရှိ စကားရှာပြီး ပြောရပေတော့သည်။ ထိုအခါမှ ဂုန်းဆင်းကြီး နေအောင်လည်း စိတ်သက်သာရာ ရသွားပြီး ကျွန်တော့်ကို ကျေးဇူးတင်သည့် မျက်နှာငယ်လေး နဲ့ နောက်ခန်းကနေ လှမ်းကြည့်နေတာကို ကား ဘက်မှန်ထဲက လှမ်းမြင်နေရသည်။ နေအောင် ၏ အချောင် ဂုန်းဆင်းမှု့တွေများမှု့ကြောင့် ကားပေါ်မှာ တစ် လမ်းလုံး ပြသနာတွေ ဖြစ်လာလို့မှ မကြာခင် ဗီဇစွဲနေသည့် နေအောင် ၏ ဇာတိရုပ်က ထပ်ပေါ်လာပြန်သည်။ သူတို့ စကားတွေများပြီးမကြာခင် လမ်းဘေး ဓါတ်ဆီဆိုင် တစ်ဆိုင်သို့ ဝင်၍ ကျွန်တော့်ကားကို ဆီဝင်ဖြည့်သည်။ သူတို့လည်း ခြေဆန့် လက်ဆန့် အပေါ့အပါး သွားကြသည်။ ထိုစဉ် နေအောင်က ဓါတ်ဆီဆိုင်အတွင်းရှိ ကော်ဖီဘားမှ ကော်ဖီတစ်ခွက် သွားယူသည်။ မုန့်တစ်ခုယူသည်။ ငွေပေးကောင်တာ အရောက်တွင် သူယူထားသည့် ကော်ဖီခွက်နဲ့ မုန့်ကို ကျွန်တော့်လက်ထဲသို့ လာထိုးပေးသည်။ ဆိုလိုသည်က ကျွန်တော် ငွေ ပေး ပေါ့။ ဪ ဒီလူနဲ့တော့ ဒုက္ခပါဘဲ။ ကော်ဖီတစ်ခွက် ၂ ဒေါ်လာလောက်ကိုတောင် ဂုန်းလာဆင်းနေပြန်ပြီ။ စောစောကမှ ဒီအပြုအမူတွေကြောင့် ဟိုလူတွေနဲ့ ပြသနာဖြစ်ထားကြတာ ပူပူနွေးနွေး ။ ဒါလည်း မမှတ်သေးပါလား ။ ထိုမြင်ကွင်းကို ဟိုလူတွေမမြင်လို့ပေါ့ ။ မြင်ရင် ပြသနာတွေ ထပ်ဖြစ်ကြလိမ့်အုံးမည်။ ကိုမြင့်အောင်တို့ ကိုဘာဘူတို့ မမှားပါလား ဆိုတာ ကျွန်တော် ပို၍ သိလိုက်ရသည်။ Key West ရောက်သည့်အခါ ကိုနေအောင်က ကျွန်တော့်ကို “ ညီလေးရယ် အကို့ကို ကာကွယ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ကွာ ။ ညီလေးရဲ့ ကူညီ စောင့်ရှောက် ကျွေးမွေး မှု့တွေကို အကို ဘယ်တော့မှ မမေ့ပါဘူး “ ဟု ပြောသည်။ ထိုစကား ကြားတော့ ကျွန်တော် ပြုံးမိသည်။ ရုပ်ရှင်လောက လူတွေ ။ အထူးသဖြင့် နာမည်ကြီး ဆယ်လီဆိုသည့် လူတွေအကြောင်းကို ကောင်းကောင်းသိနေလို့ဖြစ်သည်။ တော်တော်များများက စားပြီး နားမလည်တွေ များသည်။ ရောက်တဲ့ နေရာတိုင်းမှာ မင်းသား မင်းသမီး ဆိုပြီး လူတွေက သူတို့ကို ဝိုင်းမ ။ ဝိုင်းဖား ။ ကျွေးချင် ပေးချင်ကြတဲ့ လူတွေကများသည်။ ဒီနေရာမှာ စားပြီး ၍ နောက်နေရာ ရောက်ရင် နောက်ထပ် မ မယ့် ဖားမယ့် ကျွေးချင်တဲ့ လူတွေများစွာက စောင့်နေကြအုံးမည်။ ထိုအခါ အရင် ဖားခဲ့ မ ခဲ့ ကျွေးခဲ့တဲ့လူတွေဆိုတာ သူတို့ခေါင်းထဲမှာ မရှိတော့ပါ ။ မင်းသား/ မင်းသမီးရှုး တွေကသာ ဒီသဘောတွေကိုမသိ၍ ဖားနေ မ နေ ကြခြင်းဖြစ်သည်။ ဒီသဘော ဒီအထာတွေကို သိနေသည့်ကျွန်တော့်အတွက် ကိုနေအောင် ပြောလာသည့် “ ညီလေး ကျေးဇူး ဘယ်တော့မှ မမေ့ပါဘူး “ ဆိုသည့်စကားကို စိတ်ထဲက ပြုံးမိပြီး လေထဲမှာ ဖျောက်ဖျက်ပြစ်လိုက်သည်။ ကိုနေအောင်သည် မသိမသာ နဲ့ တစ်မျိုး သိသိသာသာတစ်မျိုး အလွန်ကြွားတတ်သည်။

  • “ OK အဲဒါဆို အကို့အိမ်ဖုန်းနံပတ်ပေး “ ကျွန်တော့်ဖုန်း နဲ့ ခေါ်ပေးလိုက်သည်။ သူ့မိန်းမ နဲ့ ပြောသည်။ သူ့သမီးနဲ့ပြောသည်။ သူ့သမက် နဲ့ပြောသည်။ သူ့မြေး နဲ့ ပြောသည်။ စုစုပေါင်း ၂၅ မိနစ်ခန့်ကြာအောင်ပြောသည်။ လုံးဝ အားနာမှု့မရှိ။ နောက်ဆုံး ဘေးမှာရှိနေသည့် အကိုကြီး ကိုမြင့်အောင်က “ ဟေ့လူ တော်ပြီလေ - သူများဖုန်းကို အားနာ မှပေါ့ “ ဟု ဝင်ပြောလိုက်တော့မှ ရပ်သွားသည်။ ကျွန်တော် ဒေါ်လာ ၅၀ ခန့်ထွက်သွားသည်။ ဖုန်းပြောပြီးသည့်အခါ နောက်ထပ် အခွင့်အရေးတစ်ခု ဆက်ပြီးတောင်းဆိုလာပြန်သည်။ “ ညီလေး အကို့ရဲ့ Cross ဘောပင် မှင်ချောင်းလဲချင်လို့ ဝယ်လို့ရမယ့်ဆိုင် လိုက်ပို့ပေးပါလား ။ မြန်မာပြည်မှာ အဲဒီ Cross မှင်ချောင်းက ဝယ်လို့မရလို့ “ “ ရပါတယ် အကို ကျွန်တော်လိုက်ပို့ပေးမယ် “ Cross မှင်ချောင်းရနိုင်မည့် Office Depot ဆိုင်သို့ ကားမောင်း၍ လိုက်ပို့ပေးလိုက်သည်။ သူလိုချင်သည့် မှင်ချောင်းရပြီး၍ ငွေရှင်းကောင်တာသို့ ရောက်သည့်အခါ ဟိုလိုလို ဒီလိုလို နဲ့ မယောင်မလည်လုပ်၍ ငွေကို ချက်ချင်းမထုတ်ဘဲ ကျွန်တော့်အပေးကို စောင့်နေသည်။ ငွေရှင်းကောင်တာမှ အမျိုးသမီးက ဘာလုပ်မှာလဲ ဆိုသည့်အကြည့်နဲ့ စောင့်နေသည်။ သူ့အစား ကျွန်တော်ရှက်သွားသည်။ နောက်ဆုံး မနေနိုင်သည့် ကျွန်တော်က ဝင်ရှင်းပေးလိုက်ရသည်။ Cross မှင်ချောင်း ဘယ်လောက်တန်မှာလဲ ? ၄/၅ ဒေါ်လာပေါ့။ ဒါပေမယ့် သူ စီးပိုးသည်။ ရသမျှ အခွင့်အရေးအကုန်ယူသည်။ မှင်ချောင်း ဝယ်ပြီး၍ ဘုန်းကြီးကျောင်း ပြန်ရောက်လာသည့်အခါ “ ညီလေး အကို ဗိုက်ဆာလာလို့ စားစရာ တစ်ခုခု ကျွေးပါလား “ “ ရတယ် အကို “ ဟု ပြောပြီး ဘုန်းကြီးကျောင်း ရှိ ကွက်ကီး မုန့်ထုပ် တစ်ထုပ်ကို ယူပေးလိုက်သည်။ ခဏနေလျှင် သူတို့ဧည့်သည်အုပ်စုအားလုံးကို စားသောက်ဆိုင်တွင် ညစာ လိုက်ကျွေးရန် ကျွန်တော်တို့နယ်ခံတွေက စီစဉ်ထားပြီးဖြစ်သည်။ ကျွန်တော်ပေးလိုက်သည့် ကွက်ကီးမုန့်ကို စားပြီးသည့်အခါ ကိုနေအောင်က “ ညီလေး အဲဒီမုန့် အရမ်းကောင်းတယ်ကွာ အကို မြန်မာပြည်ကို ယူသွားချင်လို့ နည်းနည်းလောက် ထပ်ပေးပါအုံး လား “ ကျွန်တော် တော်တော် အံ့ဩသွားသည်။ “ အကို အဲဒီမုန့်တွေက ကျောင်းက ဘုန်းကြီးတွေ အတွက် သူများ လာလှုထားတာ ။ အကို ဗိုက်အရမ်းဆာနေတယ်ဆိုလို့ ကျွန်တော်က အဆာပြေစားရအောင်လို့ တစ်ထုပ် ယူပေးလိုက်တာ ။ မြန်မာပြည်သယ်သွားဘို့အထိတော့ ပေးလို့မရဘူး။ မုန့်အလှု့ရှင် သိရင် မကောင်းဘူးလေ “ “ အေးပါကွာ အဲဒါဆိုလည်း ဝယ်လို့ ရမယ့်ဆိုင်ကို ပြန်ခါနီးကြရင် လိုက်ပို့ပေးနော် “ ဟု အရှက်ပြေစကားပြန်ပြောသည်။ ရုပ်ရှင်မင်းသားနေအောင်ဆိုတာ ဒီလိုမျိုးပါလား ဟု ကျွန်တော် မှတ်မှတ်ထင်ထင် သိလိုက်ရသည်။ အခုမှ စရောက်လာပြီး အခုမှ စတွေ့ဘူးသည့် လူတွေအပေါ်တွင် သူမျက်နှာမပူ။ အားမနာတတ်။ ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်းသည်။ သီတဂူဆရာတော်၏ တာဝန်ပေးမှု့အရ နောက်တနေ့ မနက်ပိုင်းမှစပြီး ကျွန်တော်၏ ဆိုင်အလုပ်များကို အလုပ်သမားများနှင့် ထားခဲ့ပြီး ဧည့်သည်များကို ဖလော်ရီဒါ ဒေသန္တရ ပို့ဆောင်ရေးကို အကျိုးဆောင်ရသည်။ ပထမဆုံး လိုက်ပို့မည့်ခရီးက ဖလော်ရီဒါ ပြည်နယ်ရှိ နာမည်ကြီး Key West ကျွန်းမြို့ လေးသို့ဖြစ်သည်။ ဘုန်းကြီးကျောင်းကနေ ကား ၄ နာရီခန့် မောင်းရမည်ဖြစ်သည်။ ဧည့်သည်များကို ခေါ်ရန် မနက် ၆ နာရီခန့် အိမ်ကနေ ဘုန်းကြီးကျောင်းသို့ပြန်ရောက်သည်။ ဧည့်သည်များသည့်အတွက် SUV ကား ၂ စီး ဖြင့် ပို့သည်။ တစ်စီးက ကျွန်တော့်ကား ကျွန်တော်မောင်းသည်။ နောက် တစ်စီးက ဘုန်းကြီးကျောင်းပိုင်ကား ။ ကျောင်း ရှိ ဉီးဇင်း တစ်ပါးက မောင်းသည်။ ကျွန်တော့်ကားပေါ်တွင် ကိုမြင့်အောင် ကိုဘာဘူ နဲ့ ကို နေအောင် တို့က လိုက်ကြမည်ဖြစ်သည်။ ကျန်သည့်လူများက ဘုန်းကြီးကျောင်း ကားပေါ်တွင် လိုက်ကြမည်။ ဘုန်းကြီးကျောင်းမှ စထွက်ခါနီးအချိန် ကျွန်တော့်ကား ခေါင်းခန်းတံခါးကို နေအောင်က စဖွင့်သည်။ သူခေါင်းခန်းမှာထိုင်မည်ပေါ့။ ထိုအခါ ကိုမြင့်အောင်က ခေါင်းခန်းတံခါးကို ဖွင့်နေသည့် နေအောင့် လက်ကို တွန်းဖယ်လိုက်သည် ။ “ သွား ခင်ဗျား နောက်ခန်းမှာ သွားထိုင် “ ကျွန်တော် မျက်နှာပူသွားသည်။ နေအောင် ခပ်ကုတ်ကုတ် နဲ့ ထွက်သွားပြီး ကျွန်တော့်ကား နောက်ခန်းတွင် ကိုဘာဘူ နဲ့အတူ သွားထိုင်သည်။ နောက်မှ ကျွန်တော် သဘောပေါက်သွားသည် ။ သူတို့ မြန်မာပြည်က စထွက်လာကထဲက နေအောင်ရဲ့ အခွင့်အရေးယူမှု့ အမြတ်ထုတ်မှု့ စီးပိုးမှု့ အားမနာတတ်မှု့ အလိုက်မသိမှု့တွေကို ရက်ရှည် အတူထွက်လာကြသည့် ကိုမြင့်အောင် ကိုဘာဘူ နဲ့ အခြားလူများက မြင်ပြင်းကတ် ကြည့်မရ ဖြစ်နေကြခြင်း ဖြစ်သည်။ Key West သို့သွားရန် ကား စထွက်သည်နှင့် ပြသနာက စပါတော့သည်။ ကိုမြင့်အောင်က စကားကို ဘွင်းဘွင်းရှင်းရှင်းပြောတတ်သည်။ သူမှန်သည်ထင်လျှင် ဘယ်မျက်နှာမှမထောက်။ ဒဲ့ဒိုးအိုးပေါက် ပြောတတ်သည်။ အားမနာတတ်။ “ ကိုနေအောင် ခင်ဗျား အချောင်နှိုတ် ဒိုင်ပင်ထိုး ဂုန်းဆင်းနေတာ များနေပြီ။ အစကထဲက ဒီခရီးစဉ်မှာ ခင်ဗျားပါတာမဟုတ်ဘူး။ သီတဂူ အဖွဲ့ နဲ့ ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူး။ US ဗီဇာ တင်တုန်းကလည်း ခင်များနာမည် ပါတာမဟုတ်ဘူး။

  • ဖက်ခွက်စား နေအောင်အကြောင်းတွေ့လို့ copy ကူးယူလာခဲ့ပါတယ်။ ​ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အခွင့်ရေးသမား မင်းသား နေအောင် အကြောင်း။ ------------------------------ ကျွန်တော်သည် ပုဂ္ဂိုလ်ရေးဆန်သည့် စာများကို မရေးလို။ ရေးခဲ့လျှင် လည်း ထူးထူးခြားခြား လေးစားရသည့် မိတ်ဆွေများ၏ ကောင်းကွက် အကြောင်းများကိုသာ ရေးဖြစ်သည်။ သို့သော် မအလ အကြမ်းဖက်စစ်အုပ်စုကို အားပေးထောက်ခံနေကြသည့် လူများကိုတော့ မိတ်ဆွေရင်း ဖြစ်နေပါစေ ဘာမျက်နှာမှ မထောက်ရေးသင့်တာကို ရေးမည်ဖြစ်သည်။ သူတို့သည် အကြမ်းဖက်စစ်အုပ်စုကို အသက်ဆက်ပေးနေကြသော ဒေါက်တိုင်များဖြစ်ကြသည်။ ထိုလူများကို မိတ်ပျက်သွားလည်း ကိစ္စမရှိ။ သူတို့နဲ့ ထိုက်တန်သော ပြစ်ဒဏ်ကို ပေးရမည်ဖြစ်သည်။ ရုပ်ရှင်မင်းသားနေအောင်သည် နှစ်ပေါင်းများစွာကထဲက အကြမ်းဖက်စစ်အုပ်စုကို အရိုးစွဲအောင် အားပေးထောက်ခံ ကူညီခဲ့သောလူဖြစ်သည်။ ပြည်တွင်းရှိ အနုပညာသမားများ ထဲတွင် စစ်အုပ်စု နဲ့ပတ်သက်၍ ၃ မျိုး ၃ စားရှိသည်။ ၁- စစ်အုပ်စုကို ကြိုက်၍ အားပေးထောက်ခံနေကြပြီး စစ်အုပ်စုအလိုကျ ဖိတ်သမျှ ပွဲတိုင်း တက်တက်ကြွကြွ တက်၍ အားပေးကူညီနေကြသူများ။ ၂- စစ်အုပ်စုကို ကြိုက်တော့မကြိုက်။ သို့သော် ဖိတ်သမျှ ပွဲတိုင်းကို ကြောက်လို့ တက်ရောက်နေကြသူများ။ ၃- စစ်အုပ်စုကို လုံးဝမကြိုက်သလို ပွဲတက်ဘို့ ဖိတ်ကြားလာခဲ့လျှင်လည်း အကြောင်းအမျိုးမျိုးပြ၍ ငြင်းဆန် မတက်ရောက်ကြသောသူများ။ ( ထိုလူများကို လေးစားသည် ) ထိုအုပ်စု ၃ စုထဲတွင် နေအောင် သည် နံပတ် ၁ အုပ်စုဝင် ဖြစ်သည်။ သူနဲ့ တစ်အုပ်စုထဲ ခံယူချက်တူ လူတွေက စိုးမြတ်သူဇာတို့ညီအမ၊ ရန်အောင် ၊ ခန့်စည်သူ ၊ မေသဉ္စာဉီး ၊ ဒိန်းဒေါင် ၊ ငြိမ်းချမ်း ၊ ခင်လှိုင် ၊ မိုးဒီ ၊ ယုန်လေး တို့ဖြစ်သည်။ အခြားလူတွေလည်း များစွာရှိကြသေးသည်။ စစ်အုပ်စုကို ကြောက်လို့ ဆက်ဆံ နေရသူ နဲ့ ကြိုက်လို့ဆက်ဆံနေကြသူများ ထဲတွင် နေအောင်သည် ကြိုက်လို့ကို အားပေးထောက်ခံ ကူညီနေသူဖြစ်သည်။ အရင်ရက်က ကြံ့ဖွတ်ပါတီခေါင်းဆောင် ခင်ရီ နဲ့ နေအောင်ဉီးဆောင်တဲ့ ဖက်ခွက်စား ရေပေါ်စီ ရုပ်ရှင်အုပ်စု တွေ့ခဲ့ကြသည်။ ရွှေးကောက်ပွဲမှာ ကြံံဖွတ်ပါတီ အောင်နိုင်ရေးအတွက် ကူညီပေးရန် တွေ့ဆုံကြခြင်းဖြစ်သည်။ အရင်က နေအောင့်စိတ်ဓါတ် ဘယ်လိုအောက်တန်းကျကျ ရေးဘို့အစီအစဉ်မရှိ။ အခုနောက်ပိုင်း မအလ စစ်အုပ်စု နဲ့ ခပ်စိတ်စိတ် ပူးတွဲပြီး ပွဲတိုင်းကျော် လုပ်လာသောကြောင့် ပြည်သူကို ဒုက္ခပေးမည့် ဆူးတစ်ချောင်း ဟုမြင်လာ၍ ယခုစာကို ရေးခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်ကသီတဂူဆရာတော် ဖလော်ရီဒါပြည်နယ်ရှိ သီတဂူဘုန်းကြီးကျောင်းသို့ ကြွလာသည်။ သူနဲ့အတူ မြန်မာပြည်မှ လုပ်ငန်းရှင် အမာခံ ဒကာအရင်းများကို ခေါ်လာခဲ့သည်။ ထိုခရီးစဉ်၌ မြန်မာပြည်မှ ပါလာကြသည့် ဒကာ အုပ်စုက လူတော်တော်များသည်။ ပါလာကြသည့် လူများကို တိတိကျကျ ပြောရလျှင် - အောင်သောင်း ကုမ္ပဏီ နှင့် ရန်ကုန် ထရန်စဖေါ်မာ ကုမ္ပဏီပိုင်ရှင် ဉီးမောင်သောင်း နှင့် ဇနီး နဲ့ သမီး အပါအဝင် ၃ ဉီး။ ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဉီးတင်အေး။ ရုပ်ရှင်မင်းသား နေအောင် ။ ထိုစဉ်က ရန်ကုန် သီတဂူအဖွဲ့ အတွင်းရေးမှုး လှဆန်းယဉ် ကိုမြင့်အောင် ( ရုပ်ရှင်မင်းသမီး စိုးမိုးကြည် ၏ ခင်ပွန်း ) ။ ရန်ကုန် သီတဂူ အဖွဲ့ ဘဏ္ဏာရေးမှုး ကိုဘာဘူ ( ရွှေဘုံသာလမ်းရှိ ဆင်းဘရားသား ဆေးဆိုင် ပိုင်ရှင် ) ။ သီလရှင် ဆရာလေး တစ်ပါး အပါအဝင် စုစုပေါင်း ၈ ဉီးကို သီတဂူက အမေရိကသို့ ရောက်ဘူးစေရန်အတွက် မြန်မာပြည်မှ အလည်ခေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သီတဂူဆရာတော် နှင့်ကျွန်တော်သည် ဆရာ / ဒကာ ထက်ပိုသော ချစ်ခင် ရင်းနှီးသည့် ဆက်ဆံရေးမျိုးဖြစ်သည်။ ယခုတော့ နိုင်ငံရေး ခံယူချက် မတူမှု့ကြောင့် ဆရာ တပည့် လမ်းခွဲခဲ့သည်။ ထိုအဖွဲ့ကြီး ဖလော်ရီဒါသို့ စရောက်လာသောနေ့တွင် ကျွန်တော်က လေဆိပ်သို့ သွားကြိုသည်။ သီတဂူဆရာတော်အပါအဝင် ပါလာသည့် လူအုပ်စုက များသည့်အတွက် ကျွန်တော်အပါအဝင် နယ်ခံမိတ်ဆွေ ၃ ဉီးက ကား ၃ စီးဖြင့် သွားကြိုသည်။ တည်းခိုမည့် ဘုန်းကြီးကျောင်းသို့ ရောက်သည့်အခါ သီတဂူဆရာတော်က ကျွန်တော့်အား “ စိန်မြင့်အောင် မြန်မာပြည်က ပါလာတဲ့ ငါ့တပည့်တွေကို မင်းတို့ဖလော်ရီဒါမှာ နေရာစုံ ရောက်အောင် မင်း တာဝန်ယူ လိုက်ပို့ပေးလိုက်ကွာ “ ဟု ပြောသည်။ လေယဉ်ကွင်းမှ ကြိုဆိုလာပြီး တည်းခိုမည့် ဘုန်းကြီးကျောင်းရောက်သည်နှင့် အခွင့်ရေးသမား ကိုနေအောင်က ဇာတိ စပြတော့သည်။ “ ညီလေး မြန်မာပြည်က အကို့အိမ်နဲ့ စကားပြောချင်လို့ ဖုန်းခေါ်ပေးပါလား “ “ ရပါတယ်အကို ဘိုက်ဗာနဲ့ လား ? နံပတ်ပြောလေ “ “ ဘိုက်ဘာနဲ့ မဟုတ်ဘူး အကို့အိမ်က ကြိုးဖုန်းနံပတ်ကို ခေါ်ချင်တာ “ “ ဟာ - မြန်မာပြည်က ကြိုးဖုန်းကို ကျွန်တော့် ဒီကဖုန်းနဲ့ တိုက်ရိုက်ခေါ်ရင် တစ်မိနစ်ကို ၂ ဒေါ်လာလောက် ယူတယ်အကို စျေးအရမ်းကြီးတယ် “ ထိုစဉ်က အမေရိကမှ မြန်မာပြည်ရှိအိမ်ဖုန်း ကြိုးဖုန်းများကိုတိုက်ရိုက်ခေါ်လျှင် ယူသည့်စျေးဖြစ်သည်။ “ ခဏလေးဘဲ ပြောမှာပါ ညီလေးရာ လုပ်ပါ။ ဖလော်ရီဒါကိုရောက်ပြီဆိုတာ မြန်မာပြည်က မိသားစုတွေကို အသိပေးရုံလေးပါ ။ အလွန်ဆုံးကြာ ၁ မိနစ် ၂ မိနစ်လောက်ပါဘဲ “

  • без подписи

  • အထူးသတိ ။ ထိုင်း နဲ့ ကမ္ဘောဒီယား နှစ် နိုင်ငံ အခြေအနေ မကောင်းပါသဖြင့် ⛔ မြန်မာ လူမျိူးများ အပြော အဆို အသွား အလာ အနေ အထိုင် ဂရုစိုက်ကြပါရန် ။ ⛔ အပြင်သွားမည်ဆိုပါက မြန်မာလူမျိူး ဖြစ်ကြောင်းအထောက်အထားများ ကိုယ်နှင့်မကွာ ဆောင်ထားကြပါရန် ။ ⛔ ထိုင်းစကား လည်လည်ပတ်ပတ် မတတ်သူများ မဖြစ်မနေ ကိစ္စရပ်များမှ လွဲ၍ အပြင်ထွက်ခြင်း ဆင်ခြင်ကြပါရန် ။ ⛔ ဆိုရှယ် မီဒီယာ တွင် ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံ များ အကြောင်း ပို့စ်တင်ခြင်း၊ ကွန်မန့်ရေးခြင်းများ ဆင်ခြင်ကြပါရန် ။ ⛔ ထိုင်း လူမျိူး ၊ မြန်မာ လူမျိူး နှင့် ကမ္ဘောဒီးယား လူမျိူးများသည် လုပ်ငန်းခွင်များ တွင် အတူတကွ လုပ်ကိုင်နေကြပါသဖြင့် ဂရုတစိုက် သတိနှင့် နေထိုင်ကြပါရန် ။ မမိုးခိုင် https://www.facebook.com/share/15x6pPAjQz/ #Sayarsan

  • без подписи

  • သွားနှင့်တော့ ညီမလေးရေ #Sayarsan

  • ❝ထိုင်းရဲ့ ပထမဦးဆုံး ကင်ဆာကုသဆေးထွက်ရှိလာ❞ ထိုင်းနိုင်ငံပြည်တွင်းမှာပဲ ဖြန့်ချိထုတ်လုပ်လိုက်တဲ့ ပထမဆုံး ကင်ဆာကုသဆေး Imcranib 100 ထွက်ရှိလာပါပြီ။ ဒီဆေးကိုတော့ မင်းသမီးတော် Chulabhorn Krom Phra Srisavangavadhana ရဲ့ ဦးဆောင်မှုအောက်ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အခုဆေးက ကင်ဆာဆေးကို ခေတ်နဲ့ တပြေးညီ ဖြစ်အောင် နည်းပညာ၊ ပုံစံနဲ့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး ကင်ဆာဆဲလ်တွေကို အဓိက တိုက်ခိုက်၊ ကျန်းမာတဲ့ ဆဲလ်တွေကို ရှောင်ကွင်းစေပြီး ဘေးထွက်ဆိုးကျိုး လျော့နည်းအောင် လုပ်ထားတာဖြစ်ပါတယ်။ ကီမိုသွင်းတာတွေရဲ့ ဆိုးကျိုးတွေ လျော့နည်းအောင်မျိုးကို အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်တယ်လို့ Chulabhorn Royal Academy (CRA) က ထုတ်ပြန်ထားပါတယ်။ . “ဒီဆေးနဲ့ဆို လူနာတစ်ယောက်ချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးကုသမှုပေးနိုင်မှာပါ”လို့ဆိုထားတဲ့အပြင် မင်းသမီး Chulabhorn က ကင်ဆာဝေဒနာသည်တွေ ဆေးရရှိမှု အားနည်းတာ ကုသမှုတွေ အားနည်းတာအတွက် အထူးရည်ရွယ်ပြီး ၂၀၂၀ ကတည်းက စတင်ခဲ့တဲ့ Sattahip ခရိုင်၊ ချွန်ပူရီက ဆေးဝါးထုတ်လုပ်ရေး ပရောဂျက်ရဲ့ တစိတ်တပိုင်းပါ။ ထိုင်းရဲ့ ကင်ဆာကုသဆေးဆို ကမ္ဘာလုံးဆိုင်ရာ စံချိန် စံညွှန်းတွေနဲ့ညီညွတ်အောင် အထူးကြိုးစားနေကြသလို မင်းသမီးတော်ကိုယ်တိုင်လည်း အသေးစိတ် ကြီးကြပ်ပြီး အောင်မြင်အောင်လုပ်နေကြတာပါ။ . Imcranib 100 ကို FDA မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်ကပဲ စာရင်းသွင်းမှတ်ပုံတင်ခဲ့သလို ဒီကင်ဆာဆေးက ကင်ဆာဆဲလ်တွေကို တိုက်ရိုက်တိုက်ခိုက်ပြီး အထူးသဖြင့် သွေးကင်ဆာ၊ အစာအိမ်၊ အူလမ်းကြောင်း ကင်ဆာတွေနဲ့ အရေပြားကင်ဆာရောဂါတွေကို ကုသနိုင်မယ့်ဆေးဖြစ်ပါတယ်။ ကင်ဆာကုသမှုကိုတော့ Chulabhorn ဆေးရုံးမှာ ရယူနိုင်ပြီဖြစ်ပြီး ထိုင်း လူနာတွေကတော့ တော်တော်လေး ကုန်ကျစရိတ်သက်သာ၊ အဆင်ပြေနေကြပြီလို့ CRA က ထုတ်ပြန်ထားပါတယ်။ သိပ်မကြာခင်မှာတော့ ထိုင်းရဲ့ ဆေးပညာက ခေတ်ရှေ့ပြေးလာတော့မှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ဆေးတွေ၊ နည်းပညာတွေကို ထုတ်လုပ်ဖို့ Imcranib 100 က တွန်းအားဖြစ်တယ်လို့ CRA က ထုတ်ပြန်ထားပါတယ်။ ဝမ်းသာစရာပါ။ Ref: Bangkok Post burmatowns #Sayarsan

  • без подписи

  • မာဖီးယား ဂိုဏ်းခေါင်းဆောင်က ဆက်ကြေးအခွန် တောင်းတဲ့စာ ပို့တာကို စာပို့ခံရလို့ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း စာပြန်လိုက်တာ တော်ရုံအရှက်မျိုးတော့ မဟုတ်ဘူး။ ခံရတဲ့ စည်းကြပ်ခွန်ကလည်း အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အမြင့်ဆုံး၊ ၄၀ ရာခိုင်နှုန်း။ ထိုင်းနဲ့ ကမ္ဘောဒီးယားတောင် ၃၆ ရာခိုင်နှုန်းပဲရှိ။ . တလောကမှ B2 Bombers တွေနဲ့ ဗုံးကြဲပြီး ပြုတ်ပြုတ်ပြုန်းကုန်ပြီလို့ ကြေညာခဲ့တဲ့လူကို "ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်" တယ်က ဆိုသေး။ . အိန္ဒိယနဲ့ စစ်ပွဲမှာ ငြိမ်းချမ်းရေး ဆောင်းကျဉ်းပေးခဲ့တဲ့အတွက်ဆိုပြီး ဒေါ်နယ်ထရမ့်ကို နိုဘယ်ဆုပေးသင့်တဲ့အကြောင်း ပါကစ္စတန်အစိုးရက အဆိုတင်သွင်းခဲ့ဖူးတယ်။ အဆိုတင်သွင်းပြီး နောက်တရက်မှာ ထရမ့်က အီရန်ကို B2 bomber တွေနဲ့ ဗုံးကြဲပါလေရော။ . ကဲ ၂ ရက်ပဲ ခြားသေးတယ်၊ အမေရိကန်အစိုးရရဲ့ အီရန်အပေါ် ဗုံးကြဲမှုတွေကို အပြင်းအထန် ရှုံ့ချပါကြောင်းဆိုပြီး ပါကစ္စတန်အစိုးရက ထုတ်ပြန်ချက်ထပ်လုပ်ရပြန်တယ်။ တခါတလေ 'မ' တာလည်း သတိထားသင့်တဲ့ သင်ခန်းစာပေါ့။ . ရေးလိုက်သမျှ စကားလုံးတွေက 'Sincere appreciation' တို့၊ 'It is with great esteem' တို့။ တောင်းပန် ခယ အောက်ကျို့တာမှာ အဝီဇိကပ်နေတဲ့ အရေးအသားတွေ။ ခေါင်းစဉ်တပ်ထားတာက သဝဏ်လွှာ/အကြောင်းကြားစာ တဲ့။ မင်းအောင်လှိုင်က ဒေါ်နယ်ထရမ့်ကို ရေးတဲ့စာ ပြောပါတယ်။ . ဘယ့်နယ်။ . (ဆောင်းပါးရှည် ရေးနေရင်းနဲ့ ကျလိကျလိ ဖြစ်လာလို့ လာရေးမိပါတယ်ဗျာ) Crd: မရတ်ကျော်သူ #Sayarsan https://www.facebook.com/share/p/14unn2Xzun/

  • နိုင်ကျဉ်းတစ်ဦးရေးသားတဲ့ ရွှေညဝါဆရာတော်ရဲ့ ထောင်တွင်းရပ်တည်ချက် AAMIJ / ဇူလိုင် ၁၀ အဲ့ချိန်က ဖမ်းထားတဲ့ နိုင်ကျဥ်းအများစုက အင်းစိန် သီးသန့်ထောင်ထဲထည့်ထားတယ်။ ကျနော်က (၁) ဆောင်(၆)ခန်းမှာ တစ်လလောက်နေတော့ (၂)ဆောင်ပြောင်းရတယ်။ (၁၁)တိုက်နဲ့ (၁၂)တိုက်မှာက ရွှေညဝါဆရာတော်၊ဦးဇင်းပုရစ်၊ အန်ကယ်ဦးဥာဏ်ဝင်း၊ ဦးသိန်းဦး၊ ဒေါက်တာမျိုးညွှန့်၊ စာရေးဆရာဦးထင်လင်ဦး၊ဦးဘမျိုးသိန်း၊ ကိုနိုင်ငံလင်း၊ အဆိုတော်စော်ဖိုးခွား နဲ့ ပါတီအမတ်တစ်ချို့နေကြရတယ်။ ကိုဗစ်တတိယလှိုင်းကြောင့် ရုံးထုတ်တွေပိတ်ပြီး ထောင်ကို လော့ဒေါင်းချထားတယ်။နိုင်ကျဥ်းအားလုံးနီးပါး ကိုဗစ်ထိပြီး အခန်းတွေထဲ လဲနေကြတယ်။ ပါဆယ်လည်းသွင်းခွင့်မရှိ။ဆေးဝါးလည်း မလုံလောက်ဖြစ်နေချိန်ဖြစ်တယ်။ NLD CEC ဦးဥာဏ်ဝင်း ကိုဗစ်ကြောင့် ဆုံးပြီးတော့ ၂၀၂၁ ဝါဆိုလပြည့်နေ့ထင်တယ်(၂၃.၇.၂၀၂၁) မနက်စောစောမှာ (၄)ဆောင်ဘေး (၁၂)တိုက်ထဲမှာနေတဲ့ ရွှေညဝါဆရာတော်က တပ်ထားတဲ့ Oxygen ပိုက်ဖြုတ်ပြီး တိုက်အဝထွက်လာပြီးတော့ ဆရာတော်က အပြင်မှာကော အခုထဲမှာကော အသက်ပေးနေကြရပြီ။အကြမ်း ဖက်စကစနဲ့ အကျဉ်းဦးစီးက အခု ဦးဥာဏ်ဝင်းကို လူသတ်နေတာ ဒီတိုင်းထိုင်နေကြတော့မှာလားဆိုပြီး ပေါက်ကွဲပြီး အော်သံကို (၄)ဆောင်က နိုင်ကျဥ်းတွေက မြင်လိုက်တွေ့လိုက် ကြားလိုက်တယ်။ အဲ့ဒီမှာ (၄)ဆောင်က ရဲဘော်တွေက ကမ္ဘာမကြေဘူးဟေ့ဆိုပြီး ထဆိုကြရာကနေ (၁)ဆောင် ၊(၂)ဆောင်နဲ့ နိုင်ကျဥ်းအမျိုးသမီးတွေ နေတဲ့အဆောင်ထိ ကူးစက်သွားပြီး တောင်ထွင်းတိုက်ပွဲစတင်ကြတယ်။ ဝန်ထမ်းတွေက အဆောင်တံခါးတွေ သော့ခတ်ပြီး မိန်းဂျေးကို သွားစုဝေးကြတယ်။ အကြမ်းဖက် ဖြိုခွင်းတော့မယ့် အခြေအနေတွေမြင်ကြတာကြောင့် အဆောင်ခေါင်မိုးတွေပေါ်တက်ပြီး အဆောင်တိုင်းလိုလို ရဲ့ ခေါင်မိုးမှာ ရှိတဲ့ အကျီအမဲတွေကို ဆုတ်ဖြဲပြီး အလံနက်ကို လွင့်ထူခဲ့ကြပြီး ရှိတဲ့အားနဲ့ တွန်းလှန်ခံချကြမယ်ဆို လုပ်ကြတယ်။ ရှိတဲ့ ရေသန့်ပုံးတွေ ပုံစံခွက်ကိုတွေထုပြီး အပြင်ကပြည်သူတွေကြားအောင် ကြွေးကြော်ကြတယ်။ ဒီအချိန် ရွှေညဝါဆရာတော်က ငါ့ကလေးတွေ တစ်ယောက်ထိရင် ငါ့ကိုယ်ငါ သတ်သေပစ်မယ်ဆိုပြီး အာဏာပိုင်တွေကို ရာဇသံပေးလိုက်တယ်။ အဲ့ချိန်မှာ ဆရာတော်က အောက်ဆီဂျင်ပြတ်နေတာမို့ ဆရာတော်ကိုငဲ့ပြီး အဆောင်အသီးသီးက နိုင်ကျဥ်းတွေ စုပေါင်းပြီး ရွှေညဝါ ဆရာတော် ဘုရားကြီးအ ပါအဝင် အသက်ကြီးမြင့်တဲ့လူကြီးတွေကို လုံလောက် တဲ့ ဆေးကုသမှုပေးဖို့ဆိုတဲ့အချက်အပါအဝင် ဘုံသ ဘောတူညီချက် တောင်းဆိုချက်ကို အကစ အာဏာပိုင်တွေကို တောင်းဆိုခဲ့ကြတယ်။ အာဏာပိုင်ဘက်က ညွှန်မှူးလက်မှတ်နဲ့ထင်တယ် သဘောတူကြောင်း စာရောက်လာပြီး သပိတ်တိုက်ပွဲ ခဏရပ်ဆိုင်းပြီး အဆောင်တံခါးတွေဖွင့်ပြီး အပြင်ကို ထွက်လာကြတယ်။ အဲ့ဒီအခါမှာ ဆရာတော်က သီးသန့်ထောင်ထဲက တစ်ခုတည်းသော ဘုရားဝင်းအပေါ်ကို အောက်ဆီဂျင်မပါပဲတက်လာခဲ့ပြီး ဒီထောင်တွင်းတိုက်ပွဲကြောင့် ငါ့ကလေးတွေကို ဘာမှမဖြစ်စေရဘူး အရေးမယူရဘူးဆိုတာ သဘောမတူမချင်း ငါဆေးကုမခံဘူး အသေခံမယ်ဆိုပြီး အကစ အာဏာပိုင်တွေကို ပြောတော့ အာဏာပိုင်တွေက သဘောတူခဲ့တယ်။ ဆရာတော်ပြန်လွတ်ပြီးတော့လည်း မှော်ဘီကနေ ရန်ကုန်ကို တန်းဆွမ်းဆွမ်းခံထွက်ပြီးရင် အလှူခံရတာတွေကိုကားပေါ်တင် ထောင်ရှေ့ထိ ကားမောင်းခိုင်းပြီး အထဲက နိုင်ကျဥ်းတွေကို ပါဆယ်စျေးဘားထည့်တယ်။ ဆရာတော်ကျောင်းမှာလည်း နိုင်ကျဥ်းမိသားစုတွေကို တစ်နှစ်တစ်ခါ သီးသန့် ဆန်ဆီဆားလမ်းစရိတ်လှူတယ်။ လွတ်လာပြီးကတည်းက ပျံတော်မမူခင်အထိ ဆရာတော် အမြဲလုပ်ပေးခဲ့တဲ့ အရာတွေပါ။ ဆရာတော်ကျေးဇူး တပည့်တော်တို့အပေါ်ကြီးမားလှပါတယ်။ နိုင်ကျဥ်းများအားလုံးကိုယ်စား လေးစားဦးညွှတ် ဦးတင်အပ်ပါသည်။ နိုင်ကျဉ်း တစ်ဦးဖြစ်တဲ့ C.M.O(ဂဏန်း) ရေးသားသည်။ aamij #Sayarsan မူရင်း Link⬇️ https://www.facebook.com/share/p/16uLreGw8d/

  • без подписи

  • တိုင်းပြည်ကို စုတ်ပြတ်သွားအောင်လုပ်ခဲ့တယ်။ မတောင်းပန်ဘူး။ ဆွေခုနှစ်ဆက်မျိုး ခုနှစ်ဆက် ဆယ်သက်စာ စားမကုန် အောင် ခိုးခဲ့ကြတယ်။ မတောင်းပန်ဘူး။ ရာစုနှစ်ဝက်ကျော် သက်တမ်းရှိတဲ့ ပြည်တွင်းစစ်ကို ဖန် တီးတယ်။ ပြည်တွင်းစစ်နဲ့ လုပ်စားတယ်။ မတောင်းပန်ဘူး။ မဲမဲမြင်ရာ စွတ်ပ-စ်တယ်။ မသေမရှင် အလော-င်းတွေကိုပါ မီးသဂြိုဟ်စက်ထဲ ထိုးထည့်တယ်။ မတောင်းပန်ဘူး။ အာဏာပြန်ရရင်ပြီးရော ဘာသာရေးလူမျိုးရေးမကျန် ခုတုံးလုပ်ပြီး တိုင်းပြည်မပျက် ပျက်အောင် ဖျက်တယ်။ မတောင်းပန်ဘူး။ လူထုဆန္ဒတစ်ပြားသားမှ မပါဘဲ လွှတ်တော်ထဲကို မျက် နှာပြောင်တိုက်ပြီး ဝင်ထိုင်တယ်။ မတောင်းပန်ဘူး။ ပြည်သူလူထုကို ယီ/းထင်တယ်ဆိုတဲ့ အပေါက်နဲ့ လုပ်ချင် ရာလုပ်တယ်။ မတောင်းပန်ဘူး.........။ အဲ... တယောက်သောသူကတော့ iPad အခက်အခဲကြောင့် ပါဠိဆင့်လေးတစ်ကြောင်း ရိုက်မရတာကို အတိအ လင်း ဝန်ခံတောင်းပန်ခဲ့သတဲ့။ တခုခုအဆင်မပြေတာရှိသွာရင်လည်း ပြည်သူကို သူမက အမြဲတောင်းပန်ခဲ့တာ။ Credit #Sayarsan

  • တချို့သူတွေက မြေကြီးနဲ့မတန်လို့ ကောင်းကင်ကိုပျံကြလေပြီ ကောင်းမွန်ရာဘဝမှာဆုံစည်းနိုင်ကြပါစေ။ #Sayarsan

  • အခု ပြည်သူ့တော်လှန်ရေးခရီးက အချိန်ငါးနှစ်ရှိလာတဲ့အခါမှာ ဒီ “တရားဝင်မှု” သပ်သပ်နဲ့ တော်လှန်ရေးကို ဦးဆောင်ဖို့ မလုံလောက်တော့ပါဘူး။ အခုက မြေပြင်မှာ တကယ်အုပ်ချုပ်ရပါပြီ၊ တကယ်စ-စ်တိုက်ရပါပြီ၊ တကယ် ဘဏ္ဍာရေးကိစ္စတွေ စီမံခန့်ခွဲရပါပြီ၊ တကယ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်နေရပါပြီ။ ဒီတော့ ဦးဆောင်မှု စွမ်းရည်၊ စွမ်းဆောင်နိုင်မှု၊ အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း မူဘောင်များ ခိုင်မာမှု အစရှိတာများက အထူးအရေးကြီး လိုအပ်လာပါတယ်။ ဒီအတွက် စွမ်းဆောင်ရည် ထက်မြက်ပြည့်ဝဖို့အတွက် လိုအပ်သလို ပြင်ဆင်ပြောင်းလဲရဖို့ပဲ ဖြစ်ပါတယ်။ ငါးနှစ်ဆိုတဲ့ အချိန်ကာလရဲ့ ရွေ့လျားမှု၊ တော်လှန်ရေးရဲ့ ဖြစ်ထွန်းတိုးတက်မှုများနဲ့အညီ NUG ဟာ လိုက်လျောညီထွေ ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်။ ဒီမှာ မေးစရာတခု ရှိလာပါတယ်။ ဒီတော်လှန်ရေး အောင်ဖို့က NUG တစုတဖွဲ့တည်းရဲ့ တာဝန်လား၊ NUG တဖွဲ့တည်း ကောင်းနေရုံနဲ့ ဒီတော်လှန်ရေး ပြီးပါ့မလားဆိုတဲ့ မေးခွန်းပါ။ ဟုတ်ပါတယ်၊ ဒီတော််လှန်ရေး အောင်ဖို့က NUG တဖွဲ့တည်းရဲ့ တာဝန် မဟုတ်ပါဘူး။ NUG တဖွဲ့တည်းရဲ့ အစွမ်းသပ်သပ်နဲ့လည်း ဒီတော်လှန်ရေး ပြီးမှာ မဟုတ်ပါဘူး။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ (EROs)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစရှိတဲ့ အဖွဲ့အစည်းကြီးများမှာလည်း ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက် တာဝန် ရှိပါတယ်။ ဒီအဖွဲ့တွေ ကိုယ့်တာဝန် ကိုယ်ကျေပွန်ဖို့ လိုအပ်ပါတယ်။ ဒီအဖွဲ့အစည်းတွေနဲ့ပတ်သတ်လို့လည်း နောင်မှာ အလျဉ်းသင့်သလို ပြည်သူမှတဆင့် ဝေဖန်ရေး ပေးကာ အကြံပြုချက်များ တင်ပြပါဦးမယ်။ ဒါပေမယ့်၊ ကျနော်တို့လူထုအနေနဲ့ အခုချိန်ထိ လက်ခံယုံကြည်ထားတာက NUG သည် တော်လှန်ရေးအစိုးရ ဖြစ်တယ်၊ ပြည်ထောင်စု အစိုးရဖြစ်တယ်။ ဒီတော်လှန်ရေးအောင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို စုစည်းနိုင်ဖို့ အခွင့်အလမ်းနဲ့ အလားအလာကလည်း NUG မှာသာ ရှိတယ်။ ဒါ့ကြောင့် ဒီတော်လှန်ရေး အောင်ဖို့အတွက် တာဝန်အရှိဆုံးအဖွဲ့နဲ့ ခေါင်းခံရမယ့်အဖွဲ့က NUG သာ ဖြစ်တယ်။ ခေါင်းမခံချင်ဘူးဆိုရင်တော့ အစကတည်းက “ပြည်ထောင်စုအစိုးရ” မလုပ်တာ ကောင်းပါလိမ့်မယ်။ အာဏာသိမ်း စစ်အုပ်စုဟာ သူတို့မှာ နိုင်ငံရေးအရ အားနည်းနေတဲ့ “တရားဝင်မှု” (Legitimacy) ကို လာမယ့် အတုအယောင် ဟန်ပြ လုပ်ပွဲ ရွေးကောက်ပွဲကနေတဆင့် အားဖြည့်ဖို့ လုပ်နေပါပြီ။ အလားတူ စစ်ရေးအရ တိုက်စွမ်းအား “အရေအတွက်” လူအင်အား အားနည်းမှုကို လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းပြီး ဖြည့်ဆည်းနေပါတယ်။ တိုက်စွမ်းရည် “အရည်အသွေး” ကိုတော့ တရုပ်၊ ရုရှားအစတဲ့ရှိတဲ့ နိုင်ငံအစိုးရတွေရဲ့ ကူညီမှုနဲ့အတူ Drone အပါအဝင် နည်းပညာအစွမ်းနဲ့ ဖြည့်ဆည်းနေပါပြီ။ ဒီတော်လှန်ရေးကို မှန်ကန်၊ အားကောင်းတဲ့ ခေါင်းဆောင်မှုပြုနိုင်ဖို့အတွက် တပ်ဦးဖြစ်တဲ့ NUG အစိုးရအနေနဲ့ အချိန်မနှောင်းမီ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာကို အခုပြည်သူ့တော်လှန်ရေးကြီးက တောင်းဆိုနေပြီဖြစ်ပါတယ်။ ——- ဆိုရေးရှိစ ဆိုအပ်လှစွာ ဆိုစများလျား ထားပချေမိ ငါ့ဝန်ရှိခဲ့။ (စာဆို အရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ်လင်္ကာကြီးမှ ကောက်နှုတ်ချက်) ——- “အမျိုးသားညီညွတ်ရေးအစိုးရ . . . ဒို့အစိုးရ ဒို့အစိုးရ” အာဏာရှင်စနစ်ဟူသမျှ မုချ ကျဆုံးရမည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။ အရေးတော်ပုံ အောင်ရမည်။ ❏ ရေးသားသူ - ကိုတေဇာ (အရေးတော်ပုံ တပ်သားတဦး) ၇ ရက် ဇူလိုင် ၂၀၂၅ (ဤစာစုကို ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၃ နှစ်ပြည့်နေ့၌ ပြည်သူလူထုသို့ အလေးအနက် တင်ပြသည်) https://www.facebook.com/share/p/1ABuPWvRwP/ #Sayarsan

  • ဒီထက် ပိုဆိုးတာကတော့ တော်လှန်ရေး အချိန်ကြာလာတဲ့အမျှ တော်လှန်ရေးသမားတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ “ကျင့်ဝတ်စည်းကမ်း” (Code of Conduct) ဆိုင်ရာ အားနည်းယိုယွင်းမှုတွေပါပဲ။ NUG စိုးမိုးနယ်မြေတွေမှာ နာမည်ကျော်ကြားလှတဲ့ (ပကဖ ပအဖ ပလဖ) “ပ” သုံးလုံး ပြဿနာတွေပေါ့ဗျာ။ အခုဆို အချို့သော PDF တပ်ရင်းတပ်ဖွဲ့တွေလည်း ကျင့်ဝတ်စည်းကမ်းပိုင်းအရ အတော်ကို အားနည်းလျော့ရဲလာတာကို တွေ့လာရပါတယ်။ အတော် စိတ်ပူစရာ ကောင်းတဲ့အခြေအနေပါဗျာ။ NUG အစိုးရဟာ ကိုယ်ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ဘဏ္ဍာရေး အစရှိတဲ့ ကဏ္ဍအလိုက် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို စနစ်တကျ တည်ဆောက်ခြင်းအတတ်ပညာ (Institutionalization) အလွန်အားနည်းနေတယ်လို့ သုံးသပ်မိပါတယ်။ အလားတူပဲ ငွေကြေးဘဏ္ဍာရေး (Money Power) ဆိုရင်လည်း NUG ဟာ စီမံခန့်ခွဲနိုင်စွမ်း အလွန်အားနည်းနေတာကို တွေ့ရပါတယ်။ NUG ဟာ ၂၀၂၃ နောက်ပိုင်း တဖြည်းဖြည်း တိုးချဲ့ရရှိလာတဲ့ မိမိစိုးမိုးထိန်းချုပ်နယ်မြေတွေက သဘာဝ သယံဇာတအခြေပြု ဝင်ငွေအရပ်ရပ်ကိုပဲ အကောင်းဆုံး စီမံခန်ခွဲနိုင်မယ်ဆိုရင် ဒီတော်လှန်ရေးအတွက် လုံလောက်တဲ့ ဘဏ္ဍာငွေအင်အားကို ရရှိနိုင်ပြီဖြစ်ပါတယ်။ အခုတော့ စီမံခန့်ခွဲမှု “စွမ်းရည်” ကလည်း အလွန်အားနည်း၊ ချမှတ်ထားတဲ့ ဘဏ္ဍာရေးနဲ့ အခွန်အကောက်ဆိုင်ရာ “မူဝါဒ” တွေကပါ တော်လှန်ရေးကာလနဲ့ မကိုက်ညီတဲ့အခါ ဒီသယံဇာတတွေ၊ ဒီဝင်ငွေတွေက တော်လှန်ရေးအတွက် အကျိုးရှိသင့်သလောက် မရှိဘဲ ဖြစ်နေရပါတယ်။ အခုချိန်မှာ ပြောရရင် တော်လှန်ရေးအတွက် ဘဏ္ဍာငွေကြေးကလည်း NUG အစိုးရရဲ့ စွမ်းဆောင်ရည် အားနည်းချက်ကြောင့် မခက်ခဲသင့်ဘဲ ခက်ခဲနေရတဲ့ ပြဿနာကြီးတရပ် ဖြစ်နေရပါတယ်။ ဘဏ္ဍာငွေကြေးအရ အားနည်းလိုအပ်ချက်တွေ ရှိနေတဲ့အခါမှာ စစ်ရေးတိုက်ပွဲအတွက် လိုအပ်တဲ့ လ-က်-န-က်ခဲယမ်း အပါအဝင် ရုပ်ဝတ္တုပစ္စည်း (Material Power) ကိုလည်း လုံလောက်အောင် ဖြည့်တင်းနိုင်မှု မရှိတော့ပါဘူး။ လုံလောက်တဲ့ ထောက်ပံ့မှု (Logistics Supply) လုပ်မပေးနိုင်ခြင်းကလည်း NUG အတွက် ကိုယ်အတည်ပြုဖွဲ့စည်းပေးထားတဲ့ လက်နက်ကိုင်တပ် (PDF, ပကဖ၊ ပလဖ) တွေကို အပြည့်အဝ ကွပ်ကဲအုပ်ချုပ်ဖို့၊ CoC အော်ဒါဝင်ဖို့ အခက်အခဲဖြစ်စေတဲ့ ကြီးမားတဲ့ ပြဿနာကြီးပါ။ ကျနော်တို့ တွေ့မိသလောက် NUG ရဲ့ စစ်ရေးကဏ္ဍမှာ နောက်ထပ်ကြီးမားတဲ့ ပြဿနာတခုက တပ်က (၂) ခုဖြစ်နေတဲ့ ပြဿနာပါ။ ရှင်းအောင်ပြောရရင် PDF နဲ့ ပကဖ ဆိုပြီး တပ် (၂) တပ် ဖြစ်နေတာပါ။ “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့”၊ အတိုကောက် “ပကဖ” လို့ခေါ်တဲ့ အဖွဲ့အစည်းက သီဝရီသဘောတရားက “ပြည်သူ့စစ်” (Militia) ပါ။ မိမိထက် အင်အားသာလွန်တဲ့ ရန်သူကို စစ်ရေးအရ ရင်ဆိုင်ကြရာမှာ ပြည်သူလူထုတရပ်လုံးကို စည်းရုံးစုစည်းနိုင်ဖို့အတွက် “ပြည်သူ့စစ်မဟာဗျူဟာ” ကို ကျင့်သုံးလေ့ရှိတာက သီဝရီအရ မှန်ပါတယ်။ NUG က “ပကဖ” ဖွဲ့တာက သဘောတရားအရ မှန်ကန်ပေမယ့်၊ လိုလည်း လိုအပ်ပေမယ့် အခုချိန်မှာ “ပကဖ” နဲ့ပတ်သတ်ရင် ပြဿနာတွေ၊ ပြောစရာတွေ၊ ပြင်စရာ ပြောင်းစရာတွေ အများကြီး ရှိလာပါပြီ။ အဓိက ပြဿနာကတော့ အမြဲတမ်း တိုက်ခိုက်ရေးတပ် (Regular Army) မဟုတ်တဲ့၊ စစ်သားတပိုင်း အရပ်သားတပိုင်းပဲဖြစ်တဲ့၊ ပြည်သူ့စစ်အဖွဲ့အစည်းဖြစ်တဲ့ “ပကဖ” ထဲမှာ လူအင်အား၊ ငွေအင်အား၊ လ-က်န-က်ခဲယမ်းနဲ့ ရုပ်ဝတ္တုအင်အားများစွာ စုနေတာအပြင် လုပ်ပိုင်ခွင့်တွေပါ အများကြီး စုနေတာ ဖြစ်ပါတယ်။ ဒါက တော်လှန်ရေးအတွက်၊ NUG အတွက် သေသေချာချာ ပြန်လည် သုံးသပ် ပြင်ဆင်ရမယ့် ပြဿနာတရပ် ဖြစ်ပါတယ်။ “ပကဖ” ပြဿနာကို အခု ကွယ်လွန်သွားပြီးဖြစ်တဲ့ အမှတ် (၁) စစ်ဒေသမှူးကြီး KIA စစ်ဦးစီးချုပ် ဒူကဘာ ဂွ (ခေါ်) ဒူကဘာ ခေါင်လွမ်းလည်း မကြာခဏ ပြောခဲ့ဆိုခဲ့ဖူးပါတယ်။ NUG အနေနဲ့ တကယ်ဦးစားပေး လုပ်ဆောင်သင့်တာက အမြဲတမ်းတပ်၊ တိုက်ခိုက်ရေးတပ်ဖြစ်တဲ့ PDF ကို အားကောင်းဖို့၊ CoC (၂) ရပ် ခိုင်မာဖို့ဖြစ်ပါတယ်။ တကယ် စစ်တိုက်နိုင်တဲ့၊ စစ်တိုက်ဖို့အတွက် ကိုက်ညီတဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးရှိတဲ့ “ပကဖ” အင်အားတွေကို အခုချိန်မှာ PDF တွေအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လို့ ရပါပြီ။ “ပြည်သူ့စစ်မဟာဗျူဟာ” မှာ “ပြည်သူ့စစ်” ဆိုတာကိုက အမြဲတမ်းတပ်အတွက် “အရန်အင်အား” ဖြစ်ပါတယ်။ လိုအပ်တဲ့အချိန်၊ ကိုက်ညီတဲ့အချိန်မှာ ပြည်သူ့စစ်အင်အားအချို့ဟာ အမြဲတမ်းတပ်အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ရန် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်၊ NUG စတင်ဖွဲ့စည်းခဲ့စဉ်က နံပါတ်တစ်ဦးစားပေး စဉ်းစားခဲ့ရတာက “တရားဝင်မှု” (Legitimacy) ပြိုင်ပွဲဖြစ်ပါတယ်။ “အာဏာသိမ်းစစ်အုပ်စုဟာ တရားမဝင်ဘူး၊ လူထု လက်မခံဘူး၊ NUG သာလျှင် တရားဝင်တယ်၊ လူထုထောက်ခံတယ်” ဆိုတဲ့ တရားဝင်မှုဆိုင်ရာ ပြိုင်ပွဲနဲ့ စစ်အုပ်စုကို ထိုးနှပ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တရားဝင်မှု အားကောင်းဖို့၊ ပြည်တွင်း ပြည်ပ ထောက်ခံမှု ရဖို့အတွက်လည်း (၂၀၂၀) ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ EROs နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းက ထင်ရှားသူတွေ၊ CDM နဲ့ လူထုလှုပ်ရှားမှုကဏ္ဍက ထင်ရှားသူတွေ အစရှိသူတွေ စုစည်းစုရုံးကာ NUG ကို ဖွဲ့စည်းခဲ့ကြတာပါ။

  • ❝ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်တဲ့ NUG အစိုးရ ❞ ▬▬▬▬▬▬▬▬▬▬ ကျနော်တို့ဟာ NUG ကို စတင်ဖွဲ့စည်းစဉ်ကနေ ယနေ့ချိန်ထိ ဒီနိုင်ငံအတွက် ဒီတော်လှန်ရေးကို ဦးဆောင်မယ့် တော်လှန်ရေးကာလ အစိုးရ၊ တော်လှန်ရေးတပ်ဦးအဖြစ် လက်ခံ၊ ယုံကြည်ထားကြပါတယ်။ အားကိုး အားထားလည်း ပြုပါတယ်။ ဒါက အခုချိန်ထိ ပါပဲ။ ဒါပေမယ့်၊ မထောက်မညှာဘဲ၊ ပုဂ္ဂိုလ်ရေးဘက်လိုက်မှု အမြင်တွေမပါဘဲ တော်လှန်ရေးအကျိုးကို ရှေးရှုပြီး ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ လက်ရှိ စုဖွဲ့ထားတဲ့ NUG တော်လှန်ရေးအစိုးရဟာ ဒီပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိ ခေါ်ဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်လို့ (ကျနော့်တကိုယ်ရည်အရ) သုံးသပ်ချင်ပါတယ်။ ဒီသုံးသပ်ချက်က ကျနော့်အနေနဲ့ တော်လှန်ရေးကာလ အချိန်လေးနှစ်ကျော်ငါးနှစ်တာ ဖြတ်သန်းမှု အတွေ့အကြုံအရပ်ရပ်ကို ခြုံငုံပြီးတော့ ရရှိလာတာ ဖြစ်ပါတယ်။ ဒီစကားက တော်လှန်ရေးကို အမြန် ပြီးမြောက်အောင်မြင်စေလိုတဲ့ စိတ်၊ NUG ကို တော်လှန်ရေးအစိုးရအဖြစ် တကယ်အလုပ်ဖြစ် အားကောင်းစေလိုတဲ့ စိတ်အပြည့်နဲ့ ပြောဆိုတင်ပြခြင်း ဖြစ်ပါတယ်။ “NUG အလုပ်ဖြစ်ဖို့လိုတယ်၊ ခေါင်းဆောင်မှု အားကောင်းဖို့လိုတယ်၊ စွမ်းဆောင်ရည် ပြည့်ဖို့လိုတယ်၊ ဒီအတွက် NUG မှာ လက်ရှိ တာဝန်ယူထားကြတဲ့ “လူ” ကော၊ ချမှတ်ဆောင်ရွက်နေတဲ့ “မူ” ပါ လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့ အရေးကြီးတယ်၊ ဒီပြင်ဆင်ပြောင်းလဲမှုကို အချိန်မနှောင်းမီ လုပ်ကြပါ၊ ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက် NUG အားကောင်းဖို့ လိုအပ်တယ်” အစရှိတဲ့ အကြောင်းအရာတွေကို ကျနော်တို့အနေနဲ့ NUG အစိုးရက အမြင့်ဆုံးသော တာဝန်ရှိသူများအပါအဝင် အဆင့်ဆင့်သော NUG တာဝန်ရှိသူများကို လူတွေ့ကော အွန်လိုင်းကပါ အပ်ကြောင်းထပ်အောင် ထပ်ခါထပ်ခါ တင်ပြ၊ အကြံပြုခဲ့ပါတယ်၊ အခုလည်း တင်ပြ၊ အကြံပြုနေဆဲပါ။ ဘာတွေကို၊ ဘယ်အကြောင်းအရာ ဘယ်ကဏ္ဍတွေကို ဘယ်လိုမျိုး ပြင်ဆင်ပြောင်းလဲသင့်တယ်ဆိုတဲ့ အသေးစိတ်ကိစ္စအချို့ကိုလည်း ကိုယ်ဉာဏ်မီသမျှ စုစည်း အကြံပြုပါတယ်။ ဒီလို အကြံပြုတင်ပြခဲ့တာကလည်း အခု (၂၀၂၅) ခုကျမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်၊ သုံးနှစ်လောက်ကတည်းက ဖြစ်ပါတယ်။ ဒီတော်လှန်ရေးအတွက် NUG အားကောင်းရေး လိုအပ်ပုံ၊ ဒီအတွက် ပြင်ဆင်ပြောင်းလဲရေး အရေးကြီးတို့ကို ပြည်သူလူထုထံသို့လည်း လူမှုကွန်ယက်မီဒီယာများကတဆင့် အခါအားလျော်စွာ အသိပေးတင်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက သမ္မတ ဒူဝါကြီးကိုယ်တိုင်က “တော်လှန်ရေးအတွက် NUG အစိုးရကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်တယ်၊ ဒါ့ကြောင့် NUG အတွင်း ပြင်ဆင်ပြောင်းလဲမှုတွေ ထိထိရောက်ရောက် လုပ်မယ်” ဆိုတဲ့သဘောမျိုးကို ပြည်သူလူထုကို အသိပေးခဲ့စဉ်က ကျနော်တို့ ပြည်သူလူထုအနေနဲ့ အလွန်ပဲ စိတ်အားတက်ခဲ့ကြပါတယ်။ ဒါပေမယ့် အချိန်တွေသာ တဖြည်းဖြည်းရွေ့လာတယ်၊ အခုချိန်ထိ NUG မှာ တကယ်ထိရောက်တဲ့၊ တကယ်လက်တွေ့ကျတဲ့ ပြင်ဆင်ပြောင်းလဲမှုမျိုးကို ကျနော်တို့လူထုအနေနဲ့ မတွေ့ရပါဘူး။ ကျနော့်အမြင်ကို တင်ပြရလျှင် ဒီပြည်သူ့တော်လှန်ရေးကြီးကို အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ၊ အင်အားတွေကို စုစည်းရယူနိုင်တာက NUG အစိုးရမှာသာလျှင် အလားအလာနဲ့ အခွင့်အလမ်း အရှိဆုံးဖြစ်ပါတယ်။ ဒီကောက်ချက်အပေါ် အနည်းငယ် ရှင်းလင်း တင်ပြခွင့်ပြုပါ။ အခုချိန်ထိ NUG မှာ တော်လှန်ရေးအောင်ဖို့အတွက် လုံလောက်တဲ့ တရားဝင်မှုနဲ့ လူထုထောက်ခံမှု (de’ jure Legitimacy and Public Support) ရှိနေဆဲဖြစ်ပါတယ်။ NUG အပေါ် လူထုထောက်ခံမှုအနေနဲ့ စတင်ဖွဲ့စည်းစဉ်ကနဲ့ နှိုင်းယှဉ်ရင် အတိုင်းအတာတခုထိ ကျဆင်းကောင်း ကျဆင်းသွားနိုင်ပေမယ့် တော်လှန်ရေးအောင်ဖို့အတွက် လုံလောက်တဲ့ လူထုထောက်ခံမှု ရှိနေဆဲဖြစ်ပါတယ်။ စစ်ရေးကဏ္ဍအတွက် လိုအပ်တဲ့ လူအင်အား (Man Power) ရရှိဖို့အတွက်လည်း စစ်ကိုင်း၊ မကွေး၊ မန္တလေး အစရှိတဲ့ ဒေသများတွင်းက လူငယ်လူရွယ်တွေနဲ့ပဲတောင် လိုတာထက် ပိုတဲ့အရေအတွက်ကို ရနိုင်ပါတယ်။ ဒီတိုက်ခိုက်ရေးအင်အားတွေကို စနစ်တကျ စုစည်းတည်ဆောက်နိုင်တဲ့ အခွင့်အလမ်းကလည်း NUG မှာပဲ ရှိပါတယ်။ ဒါပေမယ့် NUG ဟာ ဒီအခွင့်အလမ်းကို လုံးလုံး အသုံးမချနိုင်ပါဘူး။ NUG အနေနဲ့ အခုထိ ဒီပြန့်ကျဲနေတဲ့ တိုက်ခိုက်ရေးအင်အားတွေကို စနစ်ကျ မှန်ကန်သော ဆင့်ကဲကွပ်ကဲအုပ်ချုပ် ထောက်ပံ့မှုစနစ် (Chain of Command) မတည်ဆောက်နိုင်သေးပါဘူး။ အခုချိန်ထိ အများစုသော PDF ပကဖ တွေဟာ တကယ်စစ်တိုက်လို့ရတဲ့ “တပ်” ဖြစ်မနေဘဲ “လက်နက်ကိုင်ထားတဲ့ လူအုပ်ကြီး” သာ ဖြစ်နေပါတယ်။ ပြန့်ကျဲနေတဲ့ ဒီတိုက်ခိုက်ရေးအင်အား “အရေအတွက်” တွေကို စနစ်တကျ မစုစည်းနိုင်တဲ့အခါ “အရည်အသွေး” လည်း တက်မလာတော့ပါဘူး။ ပိုဆိုးတာကတော့ “တပ် တည်ဆောက်ရေး” ကို လက်တွေ့ကျကျ မလုပ်နိုင်တဲ့အခါ နဂိုက မိမိအားသာချက်ဖြစ်တဲ့ ရှိရင်းစွဲ “အရေအတွက်” တောင် တဖြည်းဖြည်းနဲ့ လုံးပါး ပါးလိုက်လာ၊ ကျဆင်းလာပါတော့တယ်။ ဒါက စစ်ရေးတိုက်ပွဲမျက်နှာစာအတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်ချက်ကြီးပါ။

  • без подписи