The Nation Voice
Статистикаနေ့စဉ်သတင်းနှင့်သတင်းဆောင်းပါးများကို ထုတ်လွှင့်လျက်ရှိပါသည်။
- Последний пост
- 28 июл.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 143
- 1/48двое суток
- 163
- 1/72трое суток
- 176
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
မကွေးတိုင်းတစ်ခုတည်းမှာပဲ ဧရာဝတီမြစ်ပေါ်မှာ မြစ်ကူးတံတား ငါးစင်း ရှိပါတယ်။ မြစ်အထက်ကနေ ဆင်းလာရင် ပခုက္ကူတံတား၊ ချောက်တံတား၊ မကွေးတံတား၊ မလွန်တံတားနဲ့ အောက်ဘက်မှာ ဆောက်လုပ်နေဆဲ သရက်–အောင်လံ တံတား ဖြစ်ပါတယ်။ တံတားတစ်စင်းနဲ့တစ်စင်း အကွာအဝေးက ပခုက္ကူနဲ့ ချောက် ၄၈ မိုင်၊ ချောက်နဲ့ မကွေး ၇၁ မိုင်၊ မကွေးနဲ့ မလွန် ၂၁ မိုင်၊ မလွန်နဲ့ အောင်လံ–သရက် ၄၅ မိုင်သာ ရှိပါတယ်။ မဝေးလှတဲ့ အကွာအဝေးမှာ တံတားငါးစင်း ရှိနေတာဟာ မြစ်ရဲ့ သဘာဝ အနယ်ပို့ချမှုပုံစံကို ပြောင်းလဲစေပြီး၊ ရေအောက်ကြမ်းပြင် မြင့်တက်ခြင်း၊ ရေစီးကြောင်း ပြောင်းလဲခြင်း၊ သောင်ထွန်းခြင်းနဲ့ ကမ်းပါးပြိုခြင်းတွေ ဆက်တိုက် ဖြစ်လာစေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် (EIA) လေ့လာမှုတွေက ထောက်ပြထားပါတယ်။ တံတားတွေ တည်ဆောက်တဲ့အခါ မြစ်ထဲမှာ ပိုက်တိုင်ရိုက်သွင်းတဲ့ပုံစံအစား မြစ်ရေစီးကြောင်းကို ထိခိုက်မှုနည်းတဲ့ ဒီဇိုင်းမျိုး ရွေးသင့်တယ်လို့လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်သူတွေက ၂၀၂၀ ခုနှစ်ကတည်းက အကြံပြုခဲ့ကြပါတယ်။ ပခုက္ကူတံတား တည်ဆောက်ပြီးနောက်ပိုင်း တံတားရဲ့ အောက်ဘက် မြစ်ကမ်းဘေးမှာရှိတဲ့ တန်းကုန်း၊ သိမ်ကုန်း၊ မရိုးကုန်း၊ ရှားတော၊ ထနောင်းကုန်းစတဲ့ ကျေးရွာတွေဟာ မြစ်ရေတိုက်စားမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး တချို့ရွာတွေဟာ ရွာလိုက် ပြောင်းရွှေ့ရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ အဲဒီစဉ်က ဒေသခံတွေက ပြောခဲ့ကြပါတယ်။ အဲဒီစာရင်းထဲက မရိုးကုန်းရွာဟာ ယခုနှစ်မှာလည်း ကမ်းပါးပြိုလို့ အိမ်တွေ ထပ်မံ ရွှေ့ပြောင်းရတဲ့ ရွာစာရင်းထဲ ပြန်ပါလာပြန်ပါတယ်။ မြစ်ကြောင်းပြောင်းလဲမှုကို မြှင့်တင်ပေးနေတဲ့ နောက်အချက်တစ်ခုကတော့ မြစ်အတွင်းက ကျောက်စရစ်နဲ့ သဲ စုပ်ထုတ်မှုတွေ ဖြစ်ပါတယ်။ ကျောက်စရစ်နဲ့ သဲကို အလွန်အကျွံ စုပ်ထုတ်တဲ့အခါ မြစ်ကြမ်းပြင် ပုံစံပျက်ပြီး ရေစီးနှုန်း မမှန်တော့ဘဲ ရေလမ်းကြောင်းတွေ ပြောင်းလဲကာ ကမ်းပါးပြိုမှု ပိုမြန်လာတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက အရင်ကတည်းက ထောက်ပြခဲ့ကြပါတယ်။ ယခုအခါ အဲဒီ ထုတ်ယူမှုဟာ ကျောက်စရစ်နဲ့ သဲအဆင့်မှာ ရပ်မနေတော့ဘဲ မင်းလှမြို့အောက်ဘက်မှာ ရွှေတူးဖော်မှုအဆင့်အထိ ရောက်ရှိနေပါတယ်။ ဧရာဝတီမြစ်ဟာ စလင်းမြို့နယ် ရေပေါ်ကျွန်းကျေးရွာကနေ မရိုးကုန်းရွာအထိ ၂၃ မိုင် ဖြတ်သန်း စီးဆင်းလျက် ရှိပါတယ်။ စလင်းမြို့နယ်အတွင်းမှာ ဧရာဝတီမြစ်ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၇၀၀ စင်တီမီတာ ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် ဧပြီလကနေ ၂၀၂၃ ခုနှစ် မတ်လအထိ စလင်းမြို့နယ်တစ်ခုတည်းမှာပဲ ကမ်းပါးပြိုဘေး ၁၂ ကြိမ် ကြုံတွေ့ခဲ့ရလို့ ကျပ်သန်း ၄၁.၂ အထိ ဆုံးရှုံးခဲ့ရတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ကမ်းပါးပြိုမှုကို မှတ်တမ်းတင်ထားတဲ့ နောက်ဆုံးအချက်အလက်တွေ ဖြစ်နေပါတယ်။ အာဏာမသိမ်းခင်က မကွေးတိုင်းအတွင်း ကမ်းပါးပြိုဘေးကို တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက နှစ်စဉ် မှတ်တမ်းတင်ခဲ့ပါတယ်။ ၂၀၁၅–၂၀၁၆ ခုနှစ်မှာ ကမ်းပြိုမှု ၁၄ ကြိမ်သာ ရှိခဲ့ရာကနေ ၂၀၁၉–၂၀၂၀ မှာ ၁၂၄ ကြိမ်အထိ တိုးလာခဲ့ပြီး၊ ၂၀၂၀ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာ နှစ်လအတွင်းမှာပဲ ကမ်းပြိုဘေးကြောင့် အိမ်ထောင်စု ၂၅၄ စု ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲဒီကာလက မြစ်ချောင်းဖွံ့ဖြိုးရေးဌာနက မြစ်ကြောင်းတိုင်းထွာမှုတွေ လုပ်ခဲ့သလို၊ ကျောက်စုပ်လုပ်ကွက် ခွင့်ပြုချက်တွေအပေါ် ဒေသခံတွေက တိုင်ကြားကန့်ကွက်နိုင်ခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော်ထဲမှာလည်း ကိုယ်စားလှယ်တွေက မေးခွန်းထုတ်နိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ အဲဒီ လမ်းကြောင်းတွေ မရှိတော့ပါဘူး။ ကမ်းပါးပြိုမှုက ဆက်ဖြစ်နေပေမယ့် ဘယ်နှစ်ကြိမ် ဖြစ်တယ်၊ ဘယ်နှစ်အိမ်ထောင်စု ရွှေ့ရတယ်ဆိုတာ စနစ်တကျ မှတ်တမ်းတင်နေတဲ့ အဖွဲ့အစည်း မရှိတော့သလို ဒေသခံတွေအနေနဲ့လည်း တိုင်ကြားစရာနေရာ မရှိတော့တဲ့အခြေအနေဖြစ်နေရပါတယ်။ လက်ရှိအချိန်မှာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာနေရသူတွေအပြင် ဧရာဝတီမြစ်ကမ်းဘေးက ပြည်သူတွေဟာ နေစရာမြေပင် မကျန်တော့တဲ့ အခြေအနေကို ကြုံတွေ့နေကြရပါတယ်။ "ရွာကိုတောင် မရောက်လောက်ဘူးထင်ခဲ့တာ၊ အရင်ကဆို ကမ်းပါးနဲ့ အဝေးကြီး။ ကမ်းပါးပြိုတာက မီးလောင်တာထက်ကို ဆိုးသေးတယ်။ လုပ်ကိုင်စားဖို့ မြေတောင် မကျန်ဘူး" လို့ စလင်းမြို့နယ်ထဲက ကမ်းပါးပြိုအန္တရာယ် ရင်ဆိုင်နေတဲ့ အမျိုးသားတစ်ဦးနဲ့ The Nation Voice တွေ့ဆုံစဉ်မှာ သူကညဉ်းညူပါတယ်။ The Nation Voice Journal ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေပါပြီ။ သတင်းနဲ့ ဆောင်းပါးတွေဖတ်ဖို့ အခုပဲ အခမဲ့ Download ရယူလိုက်ပါ . . . https://www.mediafire.com/file/c63o09wvn9zpir7/The+Nation+Voice+-+2.13.pdf/file သတင်းတွေသိရဖို့ မျှဝေပေးပါ . . . The Nation Voice ကို အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်ပရိသတ်တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။
ဧရာဝတီကပေးတဲ့ ဒဏ်ရာ The Nation Voice Journal အတွဲ ၂၊ စာစဉ် ၁၃ ငြိမ်း(TNV) ရေးသားသည်။ မြန်မာနိုင်ငံရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို အလယ်ကနေ ပိုင်းခြားပြီး မြောက်ကနေ တောင်ကို စီးဆင်းတဲ့ ဧရာဝတီမြစ်ဟာ မိုင် ၁၃၀၀ ကျော် ရှည်လျားတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးနဲ့ အရှည်ဆုံး မြစ်ကြီးဖြစ်ပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးအတွက်ရော စိုက်ပျိုးရေးအတွက်ပါ မှီခိုရတဲ့ မြစ်ကြီးဖြစ်ပေမယ့် တစ်ဖက်မှာတော့ ဒေသခံတွေရဲ့ အိုးအိမ်မြေခြံတွေ၊ လယ်ယာမြေတွေကို တဖြည်းဖြည်း ဝါးမြိုနေပါတယ်။ "အရင်ကတော့ ဆွေမျိုးတွေ စုစုစည်းစည်း အဘနဲ့ အမေကြီးဝိုင်းထဲမှာပဲ စုနေကြတာလေ။ အခု ကမ်းပါးတွေပြိုတော့မှာဆိုတော့ နေဖို့ ရှိတဲ့ပိုက်ဆံလေးစုပြီး ရတဲ့နေရာလေးတွေ ဝယ်ရတော့ အမျိုးတွေတော့ ကွဲကုန်တာပေါ့" လို့ စလင်းမြို့နယ် တညောင်တိုက်နယ်ထဲက ဧရာဝတီမြစ်ကမ်းပါးဘေးမှာ နေထိုင်တဲ့ ရွာခံအမျိုးသမီးတစ်ဦးက The Nation Voice ကို ပြောပါတယ်။ အရင်က ငါးဖမ်းသွားရင် ဆိုင်ကယ်နဲ့ အဝေးကြီးထိ သွားခဲ့ရတဲ့ ဧရာဝတီမြစ်ကမ်းပါးဟာ ၂၀၁၅ ဝန်းကျင်လောက်ကစပြီး မြစ်ကွေ့ဖြစ်လာခဲ့ပါတယ်။ မြစ်ရေတိုက်စားတာကြောင့် တရွေ့ရွေ့နဲ့ ဖဲ့လာခဲ့တဲ့ မြစ်ကမ်းပါးဟာ ကိုးလံရွာအနောက်ဘက်က စာသင်ကျောင်းအထိ ရောက်ရှိလာခဲ့ပြီး တစ်ရွာလုံးနီးပါးကို မြစ်က ဝါးမြိုတော့မယ့် အခြေအနေဖြစ်ပါတယ်။ ကိုးလံရွာတောင်ဘက်က ဇီးဖြူပင်ရွာမှာဆိုရင်လည်း အိမ်ခြေ ၅၀ နီးပါးအထိ ကမ်းပါးဖဲ့ခံလိုက်ရတာကြောင့် ရွှေ့ပြောင်းနေရပြီလို့ ဒေသခံတွေက ဆိုပါတယ်။ "ဇီးဖြူပင်က အတော်ဆိုးနေတာ။ ကိုးလံစာသင်ကျောင်းလည်း ဖြိုလိုက်ရတယ်။ စာသင်ကျောင်းအရှေ့ဘက် အကုန်ပါသွားပြီ။ ဆင်နီခုံနားမှာတော့ ရေတားတဲ့ စီမံကိန်းတွေရှိခဲ့တယ်။ ကွန်ကရစ်တိုင်တွေကို သုံးချောင်းခွပြီး ပူးချည်ထားတာ။ ကိုးလံဘက်ကျ ရေဦးတိုက်တဲ့အခြေအနေ မတူတာ အဓိကဖြစ်မယ်။ ပြီးတော့ မြစ်ကြောင်းထိန်း လုပ်ငန်းစဉ်က ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ကြဘူး။ မြစ်ကွေ့က တော်တော်ကြီးတယ်" လို့ နယ်ခံအမျိုးသမီးတစ်ဦးက ရှင်းပြပါတယ်။ မိုးရာသီရောက်လာတာနဲ့အမျှ မြစ်ရေတက်ပြီး ကမ်းပါးပြိုနေတာတွေကြောင့် ကိုးလံရွာနဲ့ ဇီးဖြူပင်ရွာက ဒေသခံတွေထဲမှာ ရွှေ့ပြောင်းနေတဲ့ မိသားစုတွေ ရှိပေမယ့် ရွှေ့ပြောင်းစရာနေရာ မရှိတဲ့သူတွေကတော့ အိမ်မှာနေပြီး ကမ်းပါးပြိုမယ့်အချိန်ကို စောင့်နေရတယ်လို့ သိရပါတယ်။ "ရွာဘက်က အရှေ့ပိုင်းဘက် သိပ်မပြိုဘူး၊ မြောက်ပိုင်းဘက်က တော်တော်ပြိုနေတာ။ မြောက်ပိုင်းက ရွှေ့နေတာ။ မြောက်ပိုင်းသူ မြောက်ပိုင်းသားက ယာတွေရှိတော့ သူတို့အခင်းသူတို့ ရွှေ့နေလို့ရတယ်။ တို့အရှေ့ပိုင်းကသာ တောင်သူယာမလုပ်တော့ ရွှေ့ရမှာဆို ခက်ခဲတာပေါ့။ အစ်မတို့ကတော့ ပြိုရင် နေစရာကိုမရှိသေးဘူး" လို့ ဧရာဝတီမြစ်ကမ်းပြိုတဲ့အန္တရာယ်ကို ကြုံတွေ့နေရတဲ့ အမျိုးသမီးတစ်ဦးက The Nation Voice ကို ပြောပါတယ်။ ဒီအခြေအနေဟာ မကွေးတိုင်းအတွင်းက စစ်ဘေးရှောင်နေရတဲ့ အခြေအနေတွေနဲ့လည်း ထပ်ဆင့် ဆက်စပ်နေပါတယ်။ မကွေးတိုင်းအတွင်း တိုက်ပွဲတွေနဲ့ ကျေးရွာမီးရှို့ခံရမှုတွေဟာ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်း ပုံတောင်ပုံညာ တောင်တန်းတွေနဲ့ အနောက်ရိုးမကြားက ကျေးရွာတွေမှာ အဓိက ဖြစ်ပွားနေတာပါ။ အဲဒီဒေသက ပြည်သူတွေဟာ စစ်ဘေးရှောင်ရတဲ့အခါ အရှေ့ဘက်ကို ဦးတည်ကြပြီး ဧရာဝတီမြစ်ကမ်းစပ်က ကျေးရွာတွေဆီရော၊ မြစ်တစ်ဖက်ကမ်း အရှေ့ဘက်က စစ်ဘေးဒဏ် နည်းပါးတဲ့ မြို့ရွာတွေဆီရော ရောက်ရှိလာကြပါတယ်။ ဒါပေမယ့် ခိုလှုံရာဖြစ်တဲ့ အဲဒီ မြစ်ကမ်းစပ်ရွာတွေကိုယ်တိုင်ကလည်း ကမ်းပါးပြိုမှုနဲ့ တစ်နှစ်ပြီးတစ်နှစ် ကျုံ့ဝင်နေရတဲ့ ရွာတွေ ဖြစ်နေပါတယ်။ ကမ်းပါးပြိုတာတွေ ဖြစ်နေလို့ လွန်ခဲ့တဲ့ လေးငါးနှစ်ဝန်းကျင်မှာ တညောင်တိုက်နယ်ထဲက ကြူတောရွာ၊ ကြူတန်းရွာ၊ ရေလယ်ကျွန်းမြောက်ရွာ၊ ကျွန်းကလေးရွာ၊ ဘိုကုန်းရွာနဲ့ ကိုးလံရွာတွေဟာ ရွှေ့ပြောင်းခဲ့ကြရပြီး အဲဒီရွာတွေထဲက တချို့ရွာနေရာတွေမှာ သောင်တွေထွန်းနေပေမယ့် ဒေသခံတွေ ပြန်မနေကြသေးဘူးလို့ သိရပါတယ်။ စလင်းမြို့နယ်နဲ့ ရေနံချောင်းမြို့နယ်အစပ်မှာလည်း ဧရာဝတီမြစ်ကမ်းပါးတွေ ပြိုနေတာကြောင့် ပင်းဝကျွန်းရွာ တစ်ရွာလုံးနီးပါး ပြောင်းရွှေ့နေရပြီလို့ သိရပါတယ်။ "မြစ်ကမ်းပါးက ရွာနားတင်ကပ်တာမဟုတ်ဘူး။ တစ်ရွာလုံးကို ကုန်တော့မှာ" လို့ ရေနံချောင်းမြို့နယ် ပင်းဝကျွန်းသူတစ်ဦးက The Nation Voice ကို ပြောပါတယ်။ ပခုက္ကူမြို့နယ်ထဲမှာလည်း အခုနှစ်အတွင်း မြင်းကျွန်းရွာနဲ့ မရိုးကုန်းရွာမှာ ကမ်းပါးပြိုအန္တရာယ်ကြောင့် အိမ်တွေ ရွှေ့ပြောင်းခဲ့ရပါသေးတယ်။ ၂၀၂၁ နိုဝင်ဘာလကလည်း ပခုက္ကူမြို့နယ် စပယ်ကုန်းရွာ ကမ်းပါးပြိုတဲ့အထဲ ပါသွားခဲ့ပါသေးတယ်။ ဒီလို ကမ်းပါးပြိုမှုတွေဟာ ရုတ်တရက် ဖြစ်လာတာတော့ မဟုတ်ပါဘူး။ ဧရာဝတီမြစ်ဟာ မကွေးတိုင်းလို မြေပြန့်လွင်ပြင်ကို ရောက်တဲ့အခါ ရေစီးအား သဘာဝအတိုင်း လျော့နည်းသွားပြီး၊ ရေစီးအား လျော့လာတဲ့အခါ သဲသောင် ပို့ချမှု ပိုများလာကာ မြစ်ရေအောက်ကြမ်းပြင် မြင့်တက်လာပါတယ်။ ကြမ်းပြင်မြင့်လာတဲ့အခါ မြစ်က မူလလမ်းကြောင်းအတိုင်း မစီးနိုင်တော့ဘဲ တစ်ဖက်ကို တိုက်စားပြီး လမ်းကြောင်းပြောင်းသွားတာ ဖြစ်ပါတယ်။
без подписи
စစ်တပ်မီးရှို့ခဲ့တဲ့ ပခန်းငယ်ရွာ စစ်ရှောင်တွေ အရေးပေါ် အကူညီလိုအပ်နေ ရှေးဟောင်းလက်ရာများကို နှမျော၍ရွာခံများက ရွာကိုမစွန့်ခွါချင်ကြ၊ TNV/ ဇူလိုင် ၂၇ သတင်း- ငြိမ်း (TNV) မကွေးတိုင်း၊ ချောက်မြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်း ပခန်းငယ်ရွာက စစ်ရှောင်တွေ အရေးပေါ်အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပခန်းငယ်ရွာကို စစ်ကော်မရှင်က ဇူလိုင် ၂၅ရက် မနက် ၈နာရီဝန်းကျင်ကနေစပြီး မီးရှို့ခဲ့တာကြောင့် ရွာခံ ၅၀၀ ဝန်းကျင်ဟာ အရေးပေါ်အကူညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။ “ သင်္ကန်းတွေလည်း လိုသေးတယ်။ ဦးဇင်းတွေရော ကိုရင်တွေရောအများကြီးပါလာတာကိုး။ အဝတ်အထည်တွေလည်းလိုတယ်။ ဆေးဝါးနဲ့ မိုးကာတွေလည်းလိုတယ်။ ဒယ်အိုးတွေဆိုလည်း ပါတဲ့သူကပါတယ်။ မပါတဲ့သူက မပါဘူး။ မိုးကာတွေနဲ့ နေကြရတာ။ တကယ်အစိုဓာတ်နဲ့ဆို ဘယ်ခံနိုင်မှာတုန်း” လို့သတင်းရင်းမြစ်က ဆိုပါတယ်။ ပခန်းငယ်(ခေါ်) ပုဂံငယ်ဟာ ပုဂံနဲ့ခေတ်ပြိုင်ယဉ်ကျေးမှုထွန်းကားခဲ့ပြီး ပုဂံ၊ညောင်ရမ်း နဲ့ ကုန်းဘောင်လက်ရာ နံရံဆေးရေးပန်းချီနဲ့ ဗိသုကာ လက်ရာတွေ ထိန်းသိမ်းထားရှိရာ အညာဒေသ ကျေးရွာဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ဇွန်လကစပြီး ချောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေရာမှာ ကျေးရွာ ၁၀ ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပခန်းငယ်ကျေးရွာလည်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ မီးရှို့ခံရတာဖြစ်ပါတယ်။ TNV ကမေးမြန်းခဲ့တဲ့သတင်းရင်းမြစ်တွေပြောပြတာက ပခန်းငယ်ရွာခံအများစုက ကျေးရွာထဲက စေတီပုထိုးတွေနဲ့ ရှေးဟောင်းလက်ရာတွေကို နှမျောတဲ့စိတ်ကြောင့် ရွာကိုစွန့်ခွါဖို့ တွန့်ဆုတ်နေတယ်လို့ ဆိုပါတယ်။ အနီးဆုံး စလင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေဆီမသွားလိုဘူးလို့ သတင်းရင်းမြစ်ကပြောပါတယ်။ “လွတ်ရာထိမရွှေ့ကြဘူး အနည်းဆုံးတော့ရွာကဘုရားလေးတွေ မြင်ရမြင်ရဆိုပြီး နေကြတာ” လို့ စစ်ရှောင်တွေရဲ့ အခြေနေကိုသိတဲ့ ဒေသခံတစ်ဦးက The Nation Voice ကိုပြောပါတယ်။ ပခန်းငယ်ရွာမီးရှို့ခံရတာမှာ ပခန်းငယ်ရွာတောင်ပိုင်းက အများဆုံး မီးရှို့ခံခဲ့ရတယ်လို့စုံစမ်းသိရပါတယ်။ ရှေးဟောင်းစေတီတွေနဲ့အဆောက်အဦးပျက်စီးမှုတွေကိုတော့ အတိအကျမသိရသေးဘဲ TNV က စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဧရာဝတီမြစ်နဲ့နီးကပ်တဲ့ ပခန်းငယ်ရွာမှာ ဇွန်လ ၂၆ ရက်နေ့က မိုးသည်းထန်စွာရွာခဲ့ပြီးနောက် မြစ်ရေတက်လာနိုင်တဲ့ အန္တရာယ်ကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ #thenationvoicemyanamar ဓာတ်ပုံ/ ဧရာဝတီမြစ်တဖက်ကမ်းက မြင်ရတဲ့ မီးရှို့ခံရသော ပခန်းငယ်ရွာ
без подписи
ပခုက္ကူခရိုင်မှာလည်း စစ်ရှောင်တွေအတွက် အဓိကလိုအပ်ချက်က ဆန်ဖြစ်ပြီး၊ လမ်းပန်းဆက်သွယ်ရေး ကြပ်တည်းမှုနဲ့ ဆီဈေးတက်မှုကြောင့် ဆန် ၂၄ ပြည်အိတ်တစ်အိတ်ကို ပုံမှန်ဈေးထက် ကျပ် ၈,၀၀၀ မှ တစ်သောင်းအထိ ပိုပေးဝယ်နေရတယ်လို့ ကိုစိုးထွဋ်ဝင်းက ဆိုပါတယ်။ လူသားစာနာအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး စစ်ရှောင်တွေအတွက် ထောက်ပံ့မှုတွေ တတ်နိုင်သမျှ ဆောင်ရွက်ပေးနေပေမယ့်လည်း စစ်ရှောင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ယှဉ်ရင်တော့ ဒီထောက်ပံ့မှုတွေက မပြောပလောက်ဘူးလို့ ပေါက်မြို့နယ် နယ်မြေ ၁ ရဲ့ လူသားချင်းစာနာမှုဆိုင်ရာတာဝန်ခံကေဇီက ဆိုပါတယ်။ ပခုက္ကူခရိုင်မှာလည်း စစ်ရှောင်တွေအတွက် NUG လူသားစာနာနဲ့ ပြင်ပ CSO အဖွဲ့အစည်းတွေက ဆန်၊ မိုးကာနဲ့ ငွေကြေး ထောက်ပံ့မှုတွေ ရှိပေမယ့် ဖြစ်ပျက်နေတဲ့ လိုအပ်ချက်နဲ့ ယှဉ်ရင် လုံလောက်မှု မရှိသေးဘူးလို့ ကိုစိုးထွဋ်ဝင်းက ပြောပါတယ်။ ၂၀၂၆ ခုနှစ် ပထမ ခြောက်လအတွင်း ပြည်သူတွေ စစ်ဘေးဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး၊ မိုးတွင်းကာလအပြီး စစ်ကြောင်းလှုပ်ရှားမှုတွေ ပိုမိုရှုပ်ထွေးလာနိုင်တဲ့ လာမယ့်လများအတွက် ပြည်သူတွေ ကြံ့ကြံ့ခံ ရပ်တည်နိုင်ဖို့ ထောက်ပံ့မှုတွေ များစွာ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ စစ်ပွဲတွေ ပိုပြီးပြင်းထန်လာလေလေ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဒဏ်ရာဒဏ်ချက်တွေ ပိုမိုနက်ရှိုင်းလာလေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ The Nation Voice Journal ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေပါပြီ။ သတင်းနဲ့ ဆောင်းပါးတွေဖတ်ဖို့ အခုပဲ အခမဲ့ Download ရယူလိုက်ပါ . . . https://www.mediafire.com/file/c63o09wvn9zpir7/The+Nation+Voice+-+2.13.pdf/file သတင်းတွေသိရဖို့ မျှဝေပေးပါ . . . The Nation Voice ကို အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်ပရိသတ်တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။
ဒီစစ်ဘေးဒဏ်အပြင် ပခုက္ကူမြို့နယ် အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ဘေးက ကျေးရွာအချို့ဟာ မြစ်ရေကြီးမှုကြောင့် ကျေးရွာတွင်းကိုရေဝင်ရောက်နေပြီး လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာတဲ့အတွက် စစ်ဘေးနဲ့ ရေဘေး နှစ်ရပ်ကို တစ်ပြိုင်နက် ရင်ဆိုင်နေကြရပါတယ်။ ပခုက္ကူခရိုင် ပေါက်မြို့နယ်က စစ်ရှောင်တွေကတော့ နှစ်ရှည်လများ စစ်ရှောင်နေကြရပြီး လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်ခွင့်မရတာကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေကြရပါတယ်။ ဒီလို နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့အပြင် အခြေခံအဆောက်အအုံနဲ့ သန့်ရှင်းတဲ့ရေ မရရှိတာက စစ်ရှောင်တွေအတွက် နောက်ထပ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပေါက်မြို့နယ် နယ်မြေ (၁) မှာတော့ စစ်ဘေးရှောင်တွေဟာမသန့်ရှင်းတဲ့ ကန်ရေကိုသုံးကြရတဲ့အတွက် ကလေးငယ်တွေကအစ လူကြီးတွေပါမကျန် အရေပြားရောဂါတွေကို ရင်ဆိုင်နေကြရပါတယ်။ ပေါက်မြို့နယ် နယ်မြေ ၁ တစ်ခုတည်းမှာတင် လူဦးရေ ၃၀၀ ခန့် အရေပြားရောဂါ ခံစားနေရတယ်လို့ ပေါက်မြို့နယ် နယ်မြေ ၁ ရဲ့ လူသားချင်းစာနာမှုဆိုင်ရာတာဝန်ခံဖြစ်တဲ့ ကေဇီက The Nation Voice ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလည်း ဒီအရေပြားရောဂါကို မထိန်းချုပ်နိုင်ခဲ့တဲ့အတွက် လူဦးရေ ၄၀၀ ကျော် ကူးစက်ခံခဲ့ရပြီး အချို့ကျေးရွာတစ်ခုတည်းမှာ လူတစ်ရာဝန်းကျင်အထိ ကူးစက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာတော့ ဒီရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ မြို့နယ်နဲ့ နယ်မြေ ကျန်းမာရေးတာဝန်ခံတွေနဲ့ ချိတ်ဆက်ပြီး ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ကေဇီက ပြောပါတယ်။ ဒါပေမယ့်လည်း ရောဂါကူးစက်ခံရသူတွေအတွက် ဆေးဝါးထောက်ပံ့နိုင်မှုကတော့ ဝေးကွာနေဆဲလို့ သူကဆိုပါတယ်။ "ကျန်းမာရေးဌာနနဲ့ လက်တွဲလုပ်ဆောင်နေတယ်ဆိုပေမယ့် ဆေးဝါးကတော့ လုံလုံလောက်လောက် လုပ်မပေးနိုင်သေးဘူး။ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် ဆေးဝါးက သယ်လို့မရတာ။ ဆေးဝါးပြတ်လတ်မှုတွေတော့ ရှိပါတယ်" ဟု ကေဇီက ပြောပါတယ်။ မိုးရာသီ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေကြောင့် အသက်အန္တရာယ် စိုးရိမ်နေရချိန်မှာ ဆေးဝါးပြတ်လပ်မှုက အခြေအနေကို ပိုပြီးဆိုးရွားစေခဲ့ပါတယ်။ အချိန်မီ ဆေးဝါးကုသခွင့်သာ ရခဲ့ရင် အသက်မသေနိုင်တဲ့ ရောဂါမျိုးဖြစ်ပေမယ့် ဆေးဝါးသယ်ယူခွင့် ပိတ်ဆို့ခံထားရမှုကြောင့် မကြာသေးမီက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးတာကြောင့် အသက် ၁၃ နှစ်အရွယ် စစ်ရှောင်ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အနောက်ရိုးမတောင်ကြောအခြေက စေတုတ္တရာမြို့နယ်မှာလည်း ငှက်ဖျားရာသီမှာ စစ်ရှောင်တွေနဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းက ဒေသခံတွေအတွက် ငှက်ဖျားဆေး လိုအပ်နေပါတယ်။ "စေတုတ္တရာမြို့နယ်အနေနဲ့ တခြားအခွန်ငွေ မရှိတော့ အလှူခံပြီး ဖြည့်ဆည်းဆောင်ရွက်ရတဲ့ အခြေအနေဖြစ်နေတယ်။ ဆေးဝါးမှာဆို ပြည့်စုံလုံလောက်မှု မရှိဘူး"လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ အသက်အန္တရာယ် ခြိမ်းခြောက်နေတဲ့ ကျန်းမာရေးပြဿနာတွေသာမက စစ်ရှောင်ပြည်သူတွေဟာ နေ့စဉ် ရှင်သန်ရေးအတွက် စားနပ်ရိက္ခာ အကျပ်အတည်းနဲ့လည်း ရင်ဆိုင်နေရပါတယ်။ စေတုတ္တရာမြို့နယ်ကိုစစ်ကောင်စီက ရိက္ခာလမ်းကြောင်းတွေ ပိတ်ဆို့ထားတဲ့အတွက် စားနပ်ရိက္ခာ သယ်ယူမှုက ပိုမိုခက်ခဲနေတယ်လို့ သူကဆက်ပြောပါတယ်။ "လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် သယ်ယူရတာ အခက်အခဲရှိတယ်။ တချို့ကျေးရွာဆို လူနဲ့ပဲ သယ်လို့ရတယ်၊ လှည်း သုံးလို့မရဘူး။ ဆန်ဈေးရော တခြားစားသောက်ကုန်ရော မိုးရာသီရောက်တော့ အရမ်းတက်လာတယ်" လို့ သူကဆိုပါတယ်။ မကွေးတိုင်းနဲ့ ချင်းပြည်နယ် နယ်စပ်ဒေသဖြစ်တဲ့ ယောဒေသကိုလည်း စစ်ကောင်စီတပ်တွေက အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်းက စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ Save For Yaw အဖွဲ့က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဇွန်လ ၁၀ ရက်နေ့က ရေးသားအသိပေးထားပါတယ်။ စစ်ရှောင်တွေဟာ အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေပြီး၊ Save For Yaw အဖွဲ့အနေနဲ့ လက်လှမ်းမှီသမျှ အလှုရှင်တွေနဲ့ ချိတ်ဆက်အကူအညီပေးနေပေမယ့် စစ်ရှောင်ရွာတွေများလွန်းတာကြောင့် ထပ်မံလိုအပ်နေသေးတယ်လို့လည်း ရေးသားထားပါတယ်။ လက်ရှိဆောင်းပါးရေးသားနေတဲ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ယောဒေသမှာ ဆန်တစ်တင်းကို ကျပ်ငွေ ခြောက်သောင်းခွဲကနေ ရှစ်သောင်းအထိ ဈေးနှုန်းမြင့်တက်နေပြီး ဆားတစ်ပိသာကို သုံးထောင်ကျပ်ရှိနေတယ်လို့ Save For Yaw ရဲ့ တာဝန်ရှိသူကပြောပါတယ်။ တိုင်းမြို့တော်မကွေးနဲ့ မိုင် ၃၀ ဝန်းကျင်က မင်းဘူး (စကု) မြို့နယ်မှာလည်း စစ်ကြောင်းဝင်ရောက်နေတာ တစ်လကျော်ကြာနေပြီဖြစ်တာကြောင့် ပေါင်းရွာအနီး မြောင်းဘောင်တစ်လျှောက်က ကျေးရွာတွေ စစ်ရှောင်နေရပါတယ်။ "ပြည်သူတွေက စစ်ကြောင်းနဲ့ ရှောင်နေရတော့ အချိန်မီ နှမ်းမရိတ်သိမ်းနိုင်တော့ ပျက်စီးတာပေါ့။ မရိတ်ရသေးတဲ့ ဧကက များတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဘေးရန်နှစ်ခုကြားက မကွေးတိုင်းကစစ်ရှောင်များ The Nation Voice Journal အတွဲ ၂၊ စာစဉ် ၁၃ ငြိမ်း(TNV) မကွေးတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ အဆက်မပြတ် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ဘေးဒဏ်နဲ့အတူ မိုးတွင်းကာလ ရိက္ခာလမ်းကြောင်းပိတ်ဆို့မှု၊ ဆေးဝါးပြတ်လပ်မှုတို့ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရပြီး ကျန်းမာရေးနဲ့ စားနပ်ရိက္ခာဆိုင်ရာ အရေးပေါ်အခြေအနေကို ဆိုက်ရောက်နေပြီဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ၂၀၂၅–၂၀၂၆ ရွေးကောက်ပွဲအပြီး ၂၀၂၆ ခုနှစ် နှစ်ဆန်းကတည်းက မကွေးတိုင်းအတွင်းက တော်လှန်ရေး စိုးမိုးနယ်မြေတွေဆီကို စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းသုံးကာ စစ်ကြောင်းတွေ ထိုးဝင်လာမှုနဲ့အတူ စစ်ဘေးရှောင်ဦးရေ သိသိသာသာ တိုးပွားလာခဲ့ပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုညှိနှိုင်းရေးရုံး (UN OCHA) က ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မကြာသေးမီ တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေကြောင့် မကွေးတိုင်းအတွင်း လူဦးရေ တစ်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရပ်စွန့်ခွာသူ ၃ ဒသမ ၈ သန်းနီးပါးအထိ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသူတွေဟာ မိုးတွင်းကာလ ရိက္ခာလမ်းကြောင်း ပိတ်ဆို့မှုနဲ့ ဆေးဝါးပြတ်လပ်မှုတွေကို တစ်ပြိုင်နက်ရင်ဆိုင်နေရပါတယ်။ မကွေးတိုင်းထဲက နေရပ်စွန့်ခွာမှု အပြင်းထန်ဆုံးနေရာတစ်ခုကတော့ ပေါက်မြို့နယ် နယ်မြေ ၁ ဖြစ်ပါတယ်။ ပျူရွာတွေနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) အနီးမှာ တည်ရှိနေတဲ့ အဲဒီဒေသမှာ အမြဲတမ်း စစ်ရှောင်ရွာ ခြောက်ရွာဝန်းကျင်ရှိနေပြီး အိမ်ထောင်စုတစ်ထောင့်နှစ်ရာခန့် ရှိနေပါတယ်။ အဲဒီ ကျေးရွာခြောက်ရွာထဲက တစ်ရွာဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လကတည်းက စစ်ရှောင်နေရတာဖြစ်ပြီး ကျန်ငါးရွာခန့်ကတော့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကျော်ကစတင်လို့ နေရပ်စွန့်ခွာနေကြရတာပါ။ နယ်မြေ ၁ အတွင်းက ရွာ ၄၂ ရွာအနက် ၃၅ ရွာဝန်းကျင်ဟာ စစ်ကြောင်းဝင်လာရင် ခေတ္တစစ်ရှောင်နေကြရပြီး စစ်ကြောင်းပြန်ထွက်မှသာ အိမ်ပြန်နိုင်ကြတယ်လို့ ပေါက်မြို့နယ် နယ်မြေ ၁ လူသားစာနာတာဝန်ခံ ကေဇီ (Kenzi) က The Nation Voice ကို ပြောပါတယ်။ ဒီဒေသမှာ အိမ်ခြေ တစ်ထောင်ကျော် မီးရှို့ခံခဲ့ရပြီး အချို့ရွာတွေက အကြိမ်ကြိမ် မီးရှို့ခံခဲ့ရတယ်လို့ သူကပြောပါတယ်။ "ကျေးရွာတစ်ရွာဆို မီးဘေးသင့်တာ ငါးကြိမ်ရှိပါပြီ။ ပထမဆုံးတစ်ကြိမ် အရင်တုန်းက ဆောက်ခဲ့တဲ့ အိမ်အကြီးကြီး မီးလောင်သွားတယ်။ စစ်ကြောင်းပြန်ထွက်တော့ ပြန်ဝင်နေတယ်၊ ယာယီတဲလေး ဆောက်နေတယ်။ နောက်တစ်ခါ စစ်ကြောင်းလာတယ်၊ အဲဒီယာယီတဲလေး ရှို့သွားတယ်။ ဒါမျိုး ငါးကြိမ်တိတိ ရှိပါပြီ"လို့ ကေဇီက ပြောပါတယ်။ မကွေးတိုင်း ချောက်မြို့နယ်မှာလည်း ဇွန်လနှောင်းပိုင်းက ရက် ၂၀ ကြာဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းက ဒေသတွင်းက ကျေးရွာတွေမှာရှိတဲ့ နေအိမ်ပေါင်းရာနဲ့ချီလို့ မီးရှို့ခဲ့ပါတယ်။ ချောက်မြို့နယ် ညောင်ဇင်ရွာက အိမ်ခြေ ၆၀၊ လေးပင်ကုန်း (တစ်ရွာလုံးနီးပါး)၊ ဆုတောရွာက အိမ်ခြေ ၇၂ လုံး၊ ပွင့်လင်းရွာက အိမ်ခြေ ၂၅ လုံး အပါအဝင် ဒေသတွင်းက ရွာတွေက နေအိမ်တွေ မီးရှို့ခံခဲ့ရပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ရှောင်နေကြရပါတယ်။ ဇူလိုင် ၁၈ ရက်မှာလည်း ချောက်မြို့နယ် ကိုင်းထောက်ကန်ရွာကနေ ကုန်းကြီးရွာကို အင်အား နှစ်ရာနဲ့ စစ်ကြောင်းထိုးဝင်လာတဲ့အတွက် ရွာခုနစ်ရွာ ထပ်မံ စစ်ရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ချောက်မြို့နယ်နည်းတူ မကွေးတိုင်းထဲက တခြားသောမြို့နယ်တွေမှာလည်း စစ်မီးက ကူးစက်နေပါတယ်။ ဒီလိုပုံစံတူဖြစ်စဉ်တွေကို စလင်းမြို့နယ်မှာလည်းတွေ့ရပြီး မီးရှို့ခံရတဲ့ကျေးရွာ ၄၀ ရှိက အိမ်ထောင်စု နှစ်ထောင်ကျော် နေရပ်ပြန်မနိုင်သေးဘူးလို့ ဒေသဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဆိုပါတယ်။ စေတုတ္တရာမြို့နယ် မြောက်ပိုင်းမှာလည်း ရွာကိုးရွာက ပြည်သူတွေ နေရပ်စွန့်ခွာနေရပြီး စေတုတ္တရာရဲ့ အရှေ့ခြမ်းမှာ စစ်ရှောင်ဦးရေ နှစ်ထောင်ဝန်းကျင်ရှိကာ အဲဒီထဲက တစ်ဝက်ခန့်က တစ်နှစ်ခွဲကျော်ကြာ စစ်ရှောင်နေရသူတွေဖြစ်တယ်လို့ ဒေသဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ဆိုပါတယ်။ ပခုက္ကူခရိုင်အတွင်းမှာလည်း ၂၀၂၆ ခုနှစ် မေလကစပြီး စစ်ကြောင်းထိုးဝင်မှုတွေ အရှိန်မြင့်လာခဲ့ပါတယ်။ ခရိုင်ရဲ့ အနောက်ခြမ်း ကမ္မဒေသဟာ ဖေဖော်ဝါရီလကတည်းက စစ်ရှောင်နေရပြီး၊ ဇွန် ၁၁ ရက်မှာ မြစ်ခြေရဲစခန်း သိမ်းပိုက်မှုအပြီး မြစ်ခြေဒေသက ပြည်သူတွေ ထပ်မံ စစ်ရှောင်ခဲ့ရပါတယ်။ ဒါ့အပြင် တပ်မ ၁၀၁ က စစ်ကြောင်းတွေဟာ မြိုင်နဲ့ ပေါက်မြို့နယ်တွင်းက ရေနံမြေတွေကို ဦးတည် ရွှေ့လျားလာသဖြင့် ကမ္မနဲ့ မြစ်ခြေဒေသ ပြည်သူတွေပါ စစ်ရှောင်နေကြရတယ်လို့ ပခုက္ကူခရိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားစာနာတာဝန်ခံ ကိုစိုးထွဋ်ဝင်းက The Nation Voice ကို ပြောပါတယ်။ လက်ရှိအချိန်မှာ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်တစ်ဝိုက်မှာ စစ်ရှောင်ဦးရေ ၅,၀၀၀ မှ ၆,၀၀၀ နီးပါးအထိ ရှိနိုင်တယ်လို့ သူက ခန့်မှန်းပြောပါတယ်။ ပြည်သူအများစုဟာ တောတွင်းနဲ့ ယာယီစုရပ်တွေမှာ ခိုလှုံနေကြရပါတယ်။
без подписи
မြိုင်နဲ့ ပေါက်နယ်မှာ ရက်ပေါင်း ၃၀ အတွင်း သတ်ဖြတ်ခံရသူ ၂၄ ဦး အတည်ပြုနိုင်၊ ပျောက်ဆုံးနေသူများလည်း ရှိနေ The Nation Voice Journal အတွဲ ၂၊ စာစဉ် ၁၃ သတင်း- ဟေဇယ် မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကောင်စီ စစ်ကြောင်းတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြီးခဲ့တဲ့ တစ်လအတွင်း သေဆုံးသူ ၂၄ ဦးအထိ ရှိတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပြီလို့ ဒေသတွင်း အရပ်ဖက်လူ့အဖွဲ့အစည်းတစ်ခုက ထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသူတွေ ရှိနေသေးတာကြောင့် သေဆုံးသူ အရေအတွက်ဟာ ထပ်မံ မြင့်တက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ အညာမြေ အရပ်ဖက်လူ့အဖွဲ့အစည်း (မြိုင်) ရဲ့ ထုတ်ပြန်ချက်အရ ဇွန်လနှောင်းပိုင်းကနေ ဇူလိုင် ၁၈ ရက်အထိ ဖြစ်စဉ်တွေအတွင်း အတည်ပြုနိုင်တဲ့ သေဆုံးသူ ၂၄ ဦး ရှိပါတယ်။ ဇူလိုင် ၂၃ ရက်မှာလည်း ဘောတုံကျေးရွာအနီးမှာ လက်ပြန်ကြိုးတုပ်ပြီး မြေမြှုပ်ထားတဲ့ အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ပြီး၊ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက် စိစစ်စုဆောင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင် ၁၈ ရက်က ကွန်လပ်ကျေးရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းက ကွန်လပ်၊ ဘောတုံနဲ့ သံချောင်းကျေးရွာတို့က ပြည်သူ ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ ဇူလိုင် ၁၃ ရက်မှာ မြိုင်မြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကြောင်းကလည်း ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမနဲ့ ဝါးရင်းချိုင်ကျေးရွာတို့က ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၂ ရက်နေ့ကတော့ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာမှာ စိတ်ကျန်းမာရေး မကောင်းတဲ့ အမျိုးသမီးတစ်ဦး အပါအဝင် ပြည်သူ ၅ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ဇွန်လ ၂၃ ရက်နေ့မှာလည်း မြိုင်မြို့နယ်တောင်ပိုင်းက သာစည်၊ နှမ်းဆီကန်၊ မိတ္ထီလာ၊ ဦးဝက်ပုတ်နဲ့ ကုန်းကျေးရွာတို့က ပြည်သူ ၆ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ "စစ်ကြောင်းဝင်သွားတဲ့နောက် ပျောက်ဆုံးနေတဲ့သူတွေ ရှိသေးလို့ အချက်အလက်တွေကို ဆက်လက်စုဆောင်းနေပါတယ်" လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေရဲ့ ပြောကြားချက်အရလည်း မကြာသေးခင်ရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူတွေထဲက အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာသူ မရှိသေးဘဲ၊ ဖမ်းဆီးခံရသူတချို့ရဲ့ အခြေအနေကိုလည်း အတည်မပြုနိုင်သေးတာကြောင့် ပျောက်ဆုံးနေသူ စာရင်းဟာ ဆက်လက် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မြိုင်မြို့နယ်အတွင်း ကျေးရွာတချို့မှာ ဆက်လက် လှုပ်ရှားနေပြီး၊ ကျေးရွာမီးရှို့မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မြိုင်နဲ့ ပေါက်မြို့နယ် အနောက်ပိုင်းက ဒေသခံ သောင်းနဲ့ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ The Nation Voice Journal ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေပါပြီ။ သတင်းနဲ့ ဆောင်းပါးတွေဖတ်ဖို့ အခုပဲ အခမဲ့ Download ရယူလိုက်ပါ . . . https://www.mediafire.com/file/c63o09wvn9zpir7/The+Nation+Voice+-+2.13.pdf/file သတင်းတွေသိရဖို့ မျှဝေပေးပါ . . . The Nation Voice ကို အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်ပရိသတ်တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။
без подписи
ဒီအပတ် The Nation Voice ဂျာနယ်မှာ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနောက်ခံအချက်အလက်တွေကို ထောင့်စုံကနေ တင်ဆက်ထားတဲ့ စိတ်ဝင်စားဖွယ် သတင်းဆောင်းပါးတွေနဲ့ အတွေးအမြင်ဆောင်းပါးတွေကို ဖတ်ရှုရမှာပါ။ The Nation Voice Journal အတွဲ ၂၊ စာစဉ် ၁၃မှာ ဖတ်ရှုရမယ့် အကြောင်းအရာတွေကတော့… ဧရာဝတီမြစ်ကမ်းပါးဘာကြောင့် ပြိုတာလဲ။ မြစ်ကမ်းပါးပြိုတာကြောင့် မြစ်ကမ်းဘေးကရွာတွေ ဘယ်လိုအခက်ခဲတွေရင်ဆိုင်နေရလဲဆိုတာတွေကို ဖော်ပြထားတဲ့ "ဧရာဝတီက ပေးတဲ့ဒဏ်ရာ" ဆိုတဲ့သတင်းဆောင်းပါး။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်လိုလူလဲ၊ သူရဲ့သမိုင်းကြောင်းကို အာဏာရှင်တွေက ဘယ်လိုအစားထိုးနေလဲဆိုတာတွေကိုဖတ်ရှုရမယ့် "အောင်ဆန်းကိုသတ်ဝံ့သူ၊ လူထုအခြေပြုအတိတ်သစ်တိုက်ပွဲ" ဆိုတဲ့ အတွေးအမြင်ဆောင်းပါး။ ရာသီဥတုဘေးနဲ့ စစ်ဘေးကြားမှာ အသက်ရှင်သန်ဖို့ကြိုးစားနေကြတဲ့ မကွေးတိုင်းထဲက စစ်ရှောင်ပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူညီတွေကို ရေးသားထားတဲ့ “ဘေးရန်နှစ်ခုကြားမှ မကွေးတိုင်းက စစ်ရှောင်များ” ဆိုတဲ့ သတင်းဆောင်းပါး။ နွေဦးတော်လှန်ရေးကာလမှာ အညာဒေသနဲ့ မြေလတ်ဒေသ တော်လှန်ရေးအင်အားစုတွေ ပိုမိုစုစည်းဖို့ လိုအပ်နေပြီလားဆိုတာတွေကို ဖော်ပြထားတဲ့ အတွေးအမြင်ဆောင်းပါး၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ တစ်လအတွင်း စစ်ကော်မရှင်က အရပ်သားတွေကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကို ရေးသားထားတဲ့ သတင်းအပါအဝင် ရခိုင်ရိုးမမှာရှိတဲ့ နတ်ရေကန်တိုက်ပွဲရဲ့ အခြေနေတွေနဲ့ ဘာလို့အခုထိမသိမ်းနိုင်သေးတာလဲဆိုတဲ့ အဖြေတွေကို ဖတ်ရှုရမယ့် “ရခိုင်ရိုးမ၏ အပြင်းထန်ဆုံးနှင့် အရှည်ကြာဆုံးတိုက်ပွဲဖြစ်လာသည့် နတ်ရေကန်” ဆိုတဲ့ သတင်းဆောင်းပါးတွေကို ဖတ်ရှုကြရမှာပါ။ The Nation Voice Journal ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေပါပြီ။ သတင်းနဲ့ ဆောင်းပါးတွေဖတ်ဖို့ အခုပဲ အခမဲ့ Download ရယူလိုက်ပါ . . . https://www.mediafire.com/file/c63o09wvn9zpir7/The+Nation+Voice+-+2.13.pdf/file သတင်းတွေသိရဖို့ မျှဝေပေးပါ . . . The Nation Voice ကို အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်ပရိသတ်တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။
без подписи
မျိုးစေ့၊ လုပ်အားခ၊ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးအပါအဝင် ကုန်ကျစရိတ်တွေ တိုးလာချိန်မှာ သီးနှံပေါ်ချိန် ဈေးမရခဲ့ရင် တောင်သူတွေရဲ့ အမြတ်အစွန်း လျော့နည်းရုံသာမက လာမယ့်ရာသီ စိုက်ပျိုးနိုင်စွမ်းအထိ ဆက်လက် သက်ရောက်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။ The Nation Voice Journal ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေပါပြီ။ သတင်းနဲ့ ဆောင်းပါးတွေဖတ်ဖို့ အခုပဲ အခမဲ့ Download ရယူလိုက်ပါ . . . https://www.mediafire.com/file/dwmq6fti216xd4w/The+Nation+Voice+2.12.pdf/file သတင်းတွေသိရဖို့ မျှဝေပေးပါ . . .
ဒေသတွင်းမတည်ငြိမ်မှုကြောင့် လုပ်သားရှားပါး၊ စလင်းတောင်သူများ မြေပဲစိုက်ဧက လျှော့ချနေရ The Nation Voice Journal အတွဲ ၂၊ စာစဉ် ၁၂ သတင်း-ဟေဇယ် ပြီးခဲ့တဲ့က အရှုံးနှင့် ယခုနှစ် စိုက်ပျိုးစရိတ် မြင့်တက်မှုကြောင့် မကွေးတိုင်း စလင်းမြို့နယ် တညောင်တိုက်နယ်က ကျေးရွာတွေမှာ မြေပဲစိုက်ဧကလျှော့ချနေရပြီး လာမယ့်နှစ်စိုက်ပျိုးရာသီ အတွက်ပါ ထိခိုက်မှုတွေရှိနိုင်တယ်လို့ ဒေသတွင်းက တောင်သူတွေကသုံးသပ်ပါတယ်။ တညောင်တိုက်နယ်အတွင်းက ကျေးရွာအချို့မှာ လုပ်သားရှားပါးမှုနဲ့ မျိုးစေ့ဈေး၊ လုပ်အားခတွေ မြင့်တက်လာခဲ့တဲ့အတွက် ဒေသခံတောင်သူတချို့ဟာ ယခုနှစ် မြေပဲစိုက်ဧကကို လျှော့ချ စိုက်ပျိုးနေကြရပြီး အထွက်နှုန်း ကျဆင်းမှုနဲ့ နောင်နှစ် မျိုးစေ့ ပြန်ဝယ်နိုင်ခြေအထိ စိုးရိမ်နေကြရတယ်လို့ တောင်သူတွေဆီက သိရပါတယ်။ လုပ်သားရှားပါးရတဲ့ အဓိကအကြောင်းရင်းကတော့ စစ်ဘေးနဲ့ ဆက်စပ်နေပါတယ်။ ဒေသတွင်း အလုပ်မရှိချိန်မှာ အခြားဒေသတွေကို ထွက်ပြီးအလုပ်လုပ်လေ့ရှိသူတွေဟာ လမ်းခရီးမှာ ပေါ်တာဆွဲခံရမှုနဲ့ စစ်ဆေးရေးဂိတ်တွေကို ကြောက်ရွံ့ကြတဲ့အတွက် ပြန်လာဖို့ မဝံ့ရဲကြတော့တာကြောင့် ဒေသတွင်း လုပ်သား ရှားပါးလာတာဖြစ်တယ်လို့ ဒေသခံတောင်သူတွေက ရှင်းပြပါတယ်။ လက်ရှိ လုပ်အားခမှာ အမျိုးသမီးတစ်ဦးကို တစ်ရက် ၄,၀၀၀ ကျပ်၊ အမျိုးသား ၇,၀၀၀ ကျပ်အထိ ရှိပြီး ငရုတ်၊ မြေပဲ စိုက်ချိန်တွေမှာ ထမင်းကျွေးစရိတ်ကိုပါ အမျိုးသား၊ အမျိုးသမီး မရွေး ကျခံပေးရပါတယ်။ ဒါဟာ မနှစ်ကထက် တစ်ထောင်ကနေ နှစ်ထောင်ကျပ်အထိ ပိုမြင့်လာတာဖြစ်ပြီး၊ နွားငှားခဟာလည်း မနှစ်က တစ်ရှဉ်းကို တစ်မနက်ငှားခ နှစ်သောင်းကျပ်သာ ရှိရာကနေ ယခုနှစ်မှာတော့ တစ်မနက်စာငှားရမ်းခကနှစ်သောင်းခွဲ ကနေသုံးသောင်းကျပ်အထိ ရောက်ရှိလာပါတယ်။ ဒီနှစ်မှာတော့ ဒေသတွင်းမှာ မျိုးစေ့ဈေးတွေလည်း သိသိသာသာ တက်လာနေပါတယ်။ ငရုတ်မျိုးစေ့ နို့ဆီဘူးတစ်ဘူးကို မနှစ်က ၄,၅၀၀ / ၅,၀၀၀ ကျပ်ဝန်းကျင်သာ ပေးရရာကနေ ယခုနှစ်မှာ တစ်သောင်းကျပ်အထိ နှစ်ဆခန့် ဈေးနှုန်းမြင့်တက်လာပြီး၊ မြေပဲမျိုးကလည်း တစ်တင်းကို တစ်သိန်းခြောက်သောင်းဝန်းကျင်ကနေ နှစ်သိန်းအထိ တက်လာကာ ပြောင်း၊ နှမ်းစတဲ့ အခြားမျိုးစေ့တွေပါ ဈေးတက်တယ်လို့ ဆိုပါတယ်။ ဒီလို မျိုးစေ့နဲ့ လုပ်အားခ တက်လာမှုကြောင့် တစ်ဧက စိုက်စရိတ်ဟာ မနှစ်က ၅ သိန်းကနေ ၇ သိန်းဝန်းကျင် ကုန်ကျခဲ့ရာကနေ ယခုနှစ်မှာတော့ ၉ သိန်းကနေ ၁၀ သိန်းအထိ ကုန်ကျနိုင်တယ်လို့ တောင်သူတွေက ခန့်မှန်းကြပါတယ်။ ဒါက မျိုးစေ့နဲ့ ဆေးဝါးတွေ ကြိုတင်ဝယ်ယူထားရမှုအပေါ် အခြေခံ ခန့်မှန်းထားတာဖြစ်ပြီး၊ မြေပဲအများစုကို မိုးရမှသာ စိုက်ပျိုးကြမှာဖြစ်လို့ အတိအကျ မပြောနိုင်သေးပေမယ့် ယခုအခြေအနေအရ အမြတ်အစွန်း ထွက်ဖို့ မမျှော်လင့်ရဲဘူးလို့ ဆိုကြပါတယ်။ တောင်သူတွေ မြေပဲစိုက်ဧက လျှော့ချရတဲ့ အဓိကအကြောင်းရင်းကတော့ မနှစ်က တိုးချဲ့စိုက်ခဲ့ရာမှ သီးနှံ ပျက်စီးပြီး ဈေးပါ မကောင်းခဲ့လို့ ဖြစ်ပါတယ်။ "ပုံမှန်ဆို တစ်ဧက တင်း ၁၀၀ ရသင့်တာ မနှစ်က ၄၀ လောက်ပဲ ရတယ်၊ ၆၀ လောက် ပျက်တာပေါ့။ အဆံ တစ်ပိဿာ ၆,၀၀၀ နဲ့ ရောင်းရတယ်။ သုံးပုံ နှစ်ပုံလောက် နစ်နာခဲ့တာ။ ရှုံးကြတယ်၊ ရတဲ့သူက နည်းတယ်" လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။ ဒီဒေသမှာ တောင်သူတွေအနေနဲ့ စိုက်ပျိုးသီးနှံ့လျှော့ချပုံမှာလည်း ပုံစံအမျိုးမျိုးရှိနေပါတယ်။ တချို့တောင်သူတွေအနေနဲ့ စိုက်ဧကကို တိုက်ရိုက် လျှော့ချကြပြီး၊ တချို့ကတော့ ဧကမလျှော့ဘဲ ဈေးကောင်းတဲ့ မြေပဲအစား ဈေးသက်သာတဲ့ ပဲစင်းငုံ၊ ပဲနောက်လို နွားစာမျိုးတွေကို လွှဲပြောင်း စိုက်ပျိုးကြတာဖြစ်ပါတယ်။တောင်သူအချို့ကတော့ တစ်ဧကကို မြေပဲ သုံးတင်း ချစိုက်လေ့ရှိရာမှ ယခုနှစ် နှစ်တင်းလောက်သာ ချကြတယ်လို့ ဆိုပါတယ်။ "ဒီနှစ် မြေပဲကို ကျွန်မတို့ရွာကတော့ လူတိုင်းနီးပါး လျှော့ကြတယ်။ မနှစ်က မရကြတော့ ဘေးရွာတွေရော လျှော့တယ်။ ကျွန်မ သိရသလောက်တော့ ငါးရွာလောက်ပဲ" လို့ တညောင်တိုက်နယ်က တောင်သူအမျိုးသမီးတစ်ဦးက ဆိုပါတယ်။ ငရုတ်ကိုတော့ မနှစ်က ဈေးကောင်းခဲ့လို့ လျှော့ချတာမျိုး မကြားရဘူးလို့လည်း ၎င်းက ဆက်ပြောပါတယ်။ မြေပဲစိုက်ဧက လျှော့ချမှုက ဒေသတွင်း စားသုံးဆီ ရရှိမှုအထိ ရိုက်ခတ်လာနိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ "လျှော့ထားတဲ့အတွက် အိမ်မှာ ဆီစားဖို့ သီးသန့် မချန်နိုင်တော့ဘူး။ ကိုယ်က ပြန်ဝယ်စားရရင် ဈေးကြီးပေးရတာပေါ့။ လုံလောက်မှုကတော့ မရှိဘူး" လို့ တောင်သူတစ်ဦးက ဆိုပါတယ်။ မြေပဲ အဆံကောင်းတွေကို ပိုက်ဆံ ရအောင် ရောင်းချပြီး၊ အသေးအခြမ်းလောက်ကိုသာ အိမ်စားဖို့ ကျိတ်ကာ ဈေးပေါတဲ့ အခြားဆီနဲ့ ရောစားနေကြရတယ်လို့ သိရပါတယ်။ အခုတော့ တောင်သူတွေအနေနဲ့ သူတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို နောင်နှစ်အတွက် ခန့်မှန်းချက် မထားနိုင်သေးဘူးလို့ ဆိုပါတယ်။ "ဈေးက ဒီတိုင်းဆိုရင် လုံးဝ မစိုက်နိုင်တော့မှာမျိုးတော့ မဖြစ်နိုင်ဘူး၊ အခုလို လျှော့စိုက်တာလောက် ဖြစ်မှာပေါ့။ ရောင်းဈေးနဲ့ သီးနှံ ရရင်တော့ ပုံမှန်အတိုင်း ပြန်စိုက်နိုင်ကြမယ်" လို့ တောင်သူတစ်ဦးက ဆိုပါတယ်။
без подписи
စလင်းမြို့နယ်ထဲကတောင်သူအမျိုးသမီးတစ်ဦးကတော့ “ကျုပ်တို့ကတော့ အပေါ်ကလာမှာလည်းကြောက်ရ အောက်မှာနင်းမိမှာလည်း စိုးရိမ်ရ၊ ဒီကြားထဲ စိုက်ရေးပျိုးရေးမှ မစွမ်းသာရင် စားဖို့သောက်ဖို့က ပူရသေးတာဆိုတော့ တော်လှန်ရေးအဖွဲ့က မောင်ငယ်တွေနဲ့တွေ့ရင် ကိုယ့်လူတို့ ကြည့်လည်းလုပ်ကြ ကျုပ်တို့ကိုလည်း သတိပေးကြအုံးဆိုပြီး ပြောရတယ်။ သူတို့ပဲ ပြောလို့ရတာလေ၊ စကစကို ဒရုန်းနဲ့လာမကြဲပါနဲ့လို့မှ ပြောလို့မှမရတာ၊ နိုင်တဲ့သူ နင်းပြီးပြောရတာပါပဲ” လို့ သူတို့ကြုံတွေ့နေရတဲ့ အခြေအနေကို ခပ်မောမောနဲ့ ပြောပြပါတယ်။ The Nation Voice Journal ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေပါပြီ။ သတင်းနဲ့ ဆောင်းပါးတွေဖတ်ဖို့ အခုပဲ အခမဲ့ Download ရယူလိုက်ပါ . . . https://www.mediafire.com/file/dwmq6fti216xd4w/The+Nation+Voice+2.12.pdf/file သတင်းတွေသိရဖို့ မျှဝေပေးပါ . . .
အခြားတစ်ဖက်မှာလည်း မိုင်းထောင်ထားတာကို ကြိုသတိပေးထားပေမယ့် တိရစ္ဆာန်တွေကို စည်းကမ်းမဲ့လွှတ်ကျောင်းကြတာကြောင့် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ မိုင်းအတွက် ကုန်ကျစရိတ်ဆုံးရှုံးတဲ့အပြင် တိရစ္ဆာန်ဖိုးပါ လျော်ခဲ့ကြရတဲ့ အတွေ့အကြုံတွေလည်းရှိတယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ပြည်သူတွေ သတိထားစေဖို့နဲ့ ဆုံးရှုံးသွားတဲ့ မိုင်းကုန်ကြမ်းတွေ ပြန်လည်ဝယ်ယူနိုင်ဖို့အတွက် မိုင်းကုန်ကျစရိတ်ကို ပြန်လည်တောင်းခံတဲ့ အလေ့အထတွေလည်း ရှိလာပါတယ်။ “ယမ်းဖိုးတွေ ကတ်သီးဖိုးတွေ ပြန်ရအောင်လို့ကတော့ ကျွန်တော်တို့က ပြန်တောင်းရတာပေါ့။ အစပိုင်းကတော့ လုံးလုံးမတောင်းဘူး။ မတောင်းတော့ကြတော့ ဂရုမစိုက်ကြဘူး။ မိုင်းရှိလည်း သွားကြတာပဲ။ ဒါပေမယ့် ပိုက်ဆံကျ နှမြောကြတယ်လေနော်၊ အဲဒီတော့ မိုင်းတိုးရင် မိုင်းဖိုးပြန်လျော်ရမယ်ဆိုပြီး လုပ်ရတာပေါ့။ ပထမဦးဆုံးထိတဲ့သူတွေကတော့ အလျော်တောင်းခံရတာ အပြည့်တောင်းတာ၊ ဒါပေမယ့် နောက်ပိုင်းကျတော့ သူတို့မိသားစုအခြေအနေတွေ ပြန်ကြည့်ပြီးတော့ ပြန်ညှိပေးရတာပေါ့။ အရင်တုန်းကဆို မိုင်းဖိုးအလျော်တောင်းဖို့နေနေသာသာ ကျွန်တော်တို့က နွားဖိုးပြန်လျော်ပေးရသေးတာ”လို့ ဒေသခံတော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြပါတယ်။ မိုင်းဆိုတာဟာ သခင်မရှိသလို ဆရာလည်းမရှိဘူးလို့ မိုင်ကျွမ်းကျင်သူတွေကဆိုကြပါတယ်။ မိုင်းထောင်တဲ့သူတွေကိုယ်တိုင် မိုင်းထိတယ်ဆိုတဲ့ သတင်းတွေ မကြာခဏကြားနေရတာကြောင့် မိုင်းဆရာတွေကိုယ်တိုင်လည်း မိုင်းစည်းကမ်းတွေကို လိုက်နာကြလေ့ရှိပါတယ်။ စိတ်မသန့်ချိန်တွေမှာ မိုင်းမထောင်ဖို့ ငြင်းပိုင်ခွင့်ရှိပေမယ့် အထက်အမိန့်အရ စစ်ဆင်ရေးလိုအပ်ချက်ကြောင့်ဆိုရင်တော့ မဖြစ်မနေ လုပ်ဆောင်ရလေ့ရှိပါတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကဆိုတယ်။ ဒါပေမယ့် အရက်သောက်ထားချိန်မှာတော့ မိုင်းထောင်ဖို့မသင့်ဘူးလို့လည်း မှတ်ချက်ပေးတယ်။ “မိုင်းစည်းကမ်းမှာ ဘာရှိလဲဆို ကျွန်တော်ထောင်တဲ့ မိုင်းကို နွားတစ်ကောင်က တိုးသွားလို့ အဲဒီနွားက သေသွားတယ်ဆိုရင် အဲဒီအမဲသားကို ကျွန်တော်မစားရဘူး။ ကျွန်တော်စားရင် ကျွန်တော်မိုင်းသစ္စာဆူးတယ်။ မိုင်းသစ္စာဖောက်လို့လည်းမရဘူး။ ကျွန်တော်တို့ကို ဘယ်သူက မိုင်းသင်ပေးလိုက်တဲ့ဆရာပါဆိုပြီး သွားပြောလို့မရဘူး သွားပြောရင် ပြန်ပြီးထိတယ်။ ငါက မိုင်းတတ်တယ်။ မင်းတို့ကို ဟိုလိုလုပ်ပလိုက်မယ်။ ဒီလိုလုပ်ပလိုက်မယ် သွားပြောလို့မရဘူး ပြောရင်ထိတယ်။ မိုင်းဆရာတော်တော်များများက မိုင်းနဲ့ပြန်ပြီးထိတာများတယ်”လို့ ကိုယ်တိုင်မိုင်းတပ်ဆင်ရသူတစ်ဦးက ဖွင့်ဟပါတယ်။ မိုင်းထိသူတွေနဲ့ မိသားစုဝင်တွေဟာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရုံသာမက အလုပ်အကိုင်မဲ့ဖြစ်ခြင်း၊ စိတ်ကျရောဂါခံစားရခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်တဲ့ ထိခိုက်မှု (Trauma) တွေကို တစ်သက်လုံး ခံစားကြရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။ မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူတွေနဲ့ စိတ်ဒဏ်ရာရရှိသူတွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းအချို့ကလည်း မြေပြင်မှာ တတ်နိုင်သလောက် ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးနေပါတယ်။ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (ICRC) ၊ Humanity & Inclusion (HI) နဲ့ UNOPS စတဲ့အဖွဲ့အစည်းတွေဟာ မိုင်းထိသူတွေအတွက် ခြေတု၊ လက်တု၊ ဝှီးချဲ၊ လမ်းလျှောက်အထောက်အကူပြုကိရိယာတွေနဲ့ ကာယကုထုံး (Physiotherapy) တွေကို ထောက်ပံ့ပေးနေကြပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ စက်ချုပ်သင်တန်း တွေလို အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်းနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေ စတင်နိုင်ဖို့ ငွေကြေးကူညီပေးတာတွေကိုလည်း လုပ်ဆောင်ပေးနေပါတယ်။ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ဦးဆောင်တဲ့ အဖွဲ့အစည်းတွေကလည်း ဒေသခံပြည်သူတွေကို မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်း (EORE) တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပါတယ်။ ဒါပေမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် မြေပြင်မှာ ကြီးမားတဲ့စိန်ခေါ်မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံက အာဏာပိုင်တွေဟာ နိုင်ငံတကာအဖွဲ့အစည်းတွေကို တရားဝင် မိုင်းရှင်းလင်းခွင့် (Mine Clearance) လုံးဝ ခွင့်မပြုထားပါဘူး။ အဆိုးရွားဆုံးအခြေအနေကတော့ စစ်ကောင်စီဘက်က မိုင်းထိသူတွေကို တော်လှန်ရေးအဖွဲ့တွေလို့ စွပ်စွဲပြီး ဆေးကုသခွင့်နဲ့ ခြေတုလက်တု တပ်ဆင်ခွင့်တွေကို ပိတ်ပင်ဟန့်တားတာ၊ ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် ထိခိုက်သူတွေဟာ ပုန်းအောင်းနေရတယ်လို့ ကုလသမဂ္ဂ (UN) က ထောက်ပြထားပါတယ်။ ဒါ့အပြင် OCHA ရဲ့ အစီရင်ခံစာအရ မိုင်းအန္တရာယ် ကူညီရေးကဏ္ဍအတွက် ရန်ပုံငွေဟာ လိုအပ်ချက်ရဲ့ ၃၈ ရာခိုင်နှုန်းခန့်သာ ရရှိထားတဲ့အတွက် အကူအညီပေးရေးလုပ်ငန်းတွေဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီကပြုလုပ်တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ရွေးကောက်ပွဲနောက်ပိုင်းကာလ ကစလို့ စစ်ကောင်စီတပ်တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းကို ပြန်လည်စိုးမိုးနိုင်ဖို့ စစ်ကြောင်းထိုးတာမှုတွေ ခပ်စိတ်စိတ်လုပ်လာပါတယ်။ တိုက်ပွဲတွေပြင်းထန်လာတဲ့ အဲဒီဒေသတွေမှာ မိုင်းအသုံးပြုမှု တွေကလည်း မူလညွှန်းကိန်းတွေထက် ပိုပြီးမြင့်တက်လာနေတယ်လို့ ဒေသခံတော်လှန်ရေး အဖွဲ့ဝင်တွေက အတည်ပြုပါတယ်။
မကွေးတိုင်း စလင်းမြို့နယ်က တော်လှန်ရေးအဖွဲ့တွေကတော့ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းချိန်မှာ မိုင်းကြိုတင်ကာထားတာမရှိတာကြောင့် လက်နက်တွေဆုံးရှုံးလိုက်ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးတဲ့အတွက် တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း လုံခြုံရေးအရ မိုင်းတွေကို မဖြစ်မနေကာကြရတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးအဖွဲ့တွေအတွက်တော့ ဒီလို မိုင်းတွေ (အထူးသဖြင့် IED ခေါ် လက်လုပ်မိုင်း) ဟာ စစ်ကောင်စီရဲ့ ထိုးစစ်ကို ကာကွယ်ဖို့ အသက်သာဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်နေပါတယ်။ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ စက်ရုံထုတ်မိုင်းတွေအပြင်၊ ဒေသတွင်း ရရှိနိုင်တဲ့ ပစ္စည်းတွေနဲ့ တီထွင်ဖန်တီးထားတဲ့ IED (Improvised Explosive Device) လို့ခေါ်တဲ့ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ လူကိုယ်တိုင်တိုးမိမှ ပေါက်ကွဲတတ်တဲ့ IED လက်လုပ်မိုင်းတွေဟာ နိုင်ငံတကာ မြေမြှုပ်မိုင်းတားမြစ်ရေးစာချုပ် (Mine Ban Treaty) အရ တားမြစ်ထားတဲ့အရာတွေ ဖြစ်ပေမယ့် မြေပြင်မှာတော့ လူနေထူထပ်တဲ့နေရာတွေနဲ့ လမ်းဘေးဝဲယာတွေမှာပါ အသုံးပြုမှု မြင့်တက်လာတာကြောင့် အရပ်သားပြည်သူတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုအသစ် တစ်ခု ဖြစ်လာနေပါတယ်။ IED မိုင်း ဆိုတာ ပုံစံအမျိုးမျိုးရှိပြီး စိတ်ကူးဉာဏ်ဆန်းသစ်နိုင်သလောက်ပုံစံပြောင်းလို့ရတာကြောင့် အမြဲမြင်တွေ့နေရတဲ့ အရာဝတ္ထုတွေအားလုံးကလည်း မိုင်းဖြစ်သွားတတ်လို့ ဒေသခံတွေအနေနဲ့ ကိုယ့်ပစ္စည်းမဟုတ်ရင် မစပ်စုတာ၊ သံတိုသံစပစ္စည်းတွေတွေ့ရင်လည်း မကောက်ကြဖို့ လိုအပ်ပါတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက မတ္တာရပ်ခံထားပါတယ်။ “လမ်းဘေးသောက်ရေအိုးစဉ်ကလည်း မိုင်းကြီးဖြစ်သွားတတ်တာပဲ။ သောက်ရေအိုးကလည်း မိုင်းလုံးကြီးဖြစ်သွားတတ်တာပဲ။ နောက်ဆုံးဗျာ ဒီတိုင်းကြည့်ရင် သစ်ပင်အတိုင်းပဲ အဲဒီသစ်ခေါက်ကို သေသေသပ်သပ်လေးခွာပြီး အဲဒီထဲမှာ မိုင်းထည့်ပြီး သစ်ခေါက်ကလေးနဲ့ ပြန်ပိတ်တာမျိုးပေါ့။ အဲဒါကတော့ အညာဒေသမှာ သုံးခဲပါတယ်” လို့ တော်လှန်ရေးအဖွဲ့တစ်ခုရဲ့ မိုင်းကျွမ်းကျင်သူက ဆိုပါတယ်။ IED မိုင်းထောင်နည်းအမျိုးမျိုးရှိပေမယ့် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ မိုင်းအသေနဲ့ မိုင်းရှင်ကို အများဆုံးသုံးကြပြီး ကတ္တရာလမ်းမကြီးတွေပေါ်မှာတော့ အသက်မဲ့အောင်ပြုလုပ်ဖို့လွယ်တဲ့ မိုင်းအရှင်ကို ကာကြလေ့ရှိတယ်လို့ဆိုပါတယ်။ စစ်ဆင်ရေးအရအရေးကြီးတဲ့ တချို့နေရာတွေမှာတော့ မိုင်းကိုအသက်မဲ့အောင် လုပ်ဖို့ခက်တဲ့ မိုင်းသေဆိုပြီး ကာကြတဲ့အတွက် မိုင်းသေထောင်ထားတဲ့ နေရာတွေကိုတော့ ဒေသခံတွေကို လုံးဝသွားခွင့်မပြုပါဘူးလို့ The Nation Voice ကိုပြောပါတယ်။ “မိုင်းအသေဆိုရင် လုံးဝသွားလို့မရဘူး။ ဘာကြောင့်လဲဆိုရင် ဖြုတ်လိုက်တပ်လိုက်ဆို ရဲဘော်တွေအနေနဲ့ အန္တရာယ်များလွန်းတယ်။ ကတ္တရာလမ်းကတော့ မဖြစ်မနေကို ဖွင့်ပေးရမှာ ဖြစ်တဲ့အတွက် အရှင်ပေါ့နော်။ သတ်မှတ်ချိန်ထက်ကျော်သွားတာမျိုးမှာ ကျန်းမာရေးအရေးပေါ်ဆိုရင် ဖွင့်ပေးတယ်။ တကယ်ဆို မိုင်းသွားဖြုတ်ရမယ့်အနေအထားက ညပိုင်းဆို အန္တရာယ်တအားများတာ အဲဒီလို အန္တရာယ်များတဲ့အနေအထားမှာမှ ကျန်းမာရေးကြောင့်ဆို မဖြစ်ဖြစ်အောင် လုပ်ပေးတယ် ပြည်သူတွေက ဘာဖြစ်လဲဆိုတော့ ဈေးစောစောရောင်းချင်ရတာနဲ့ ဈေးစောစောသွားချင်လို့ပါဆိုပြီး အကြောင်းပြချက်မျိုးစုံနဲ့ ဂိတ်မှာ ရဲဘော်တွေကမရောက်သေးဘူး ဂိတ်တံခါးကို သူတို့ဘာသူတို့ဖွင့်ပြီးသွားကြပြီ အဲဒီမှာ မိုင်းတွေတိုးကုန်ကြတာပဲ” လို့ ဒေသတွင်းကအခြေအနေတွေကို တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြပါတယ်။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ လုံခြုံရေးအခြေနေကြောင့် ပြည်သူတွေကို ဖြတ်သန်းခွင့်ပိတ်ထားတဲ့အချိန်တွေမှာ ဒေသခံတွေအနေနဲ့ တော်လှန်ရေးရဲဘော်တွေကို သတင်းပို့အကြောင်းမကြားဘဲ တားဆီးထားတဲ့အတားဆီးတွေကို မိမိသဘောနဲ့ ဖွင့်ပြီး သွားကြတာတွေမလုပ်ဘဲ ဒေသန္တရစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်နေတယ်လို့ အဆိုပါတော်လှန်ရေးရဲဘော်ကထောက်ပြပါတယ်။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ မိုင်းဆင်ထားတဲ့နေရာတွေကို ပြည်သူတွေကို အသိပေးတာကနေ စစ်ကောင်စီတပ်တွေက သတင်းရသွားတဲ့ဖြစ်စဉ်တွေရှိခဲ့တဲ့အတွက် နောက်ပိုင်းမှာ ပြည်သူတွေကို မိုင်းဆင်ထားတဲ့သတင်းအချက်အလက်မပေးတော့တာလို့ တော်လှန်ရေးရဲဘော်တစ်ဦးကဆိုပါတယ်။ ပြည်သူတွေကို မိုင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မပေးတဲ့အပေါ် စလင်းမြို့နယ်ထဲက တော်လှန်ရေးရဲဘော်တစ်ဦးက အခုလို ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ “အမှန်တကယ်က ဘယ်လိုပဲဖြစ်ဖြစ်၊ သတင်းပေါက်ကြားတာ မပေါက်ကြားတာပဲဖြစ်စေ ကျွန်တော်တို့အနေနဲ့က ပြည်သူကို မိုင်းသတိပေးရမှာ။ သတိမပေးရင်အဲဒီမှာ တာဝန်ယူတဲ့အဖွဲ့အစည်းရဲ့အပြစ်ပဲ။ ဒါစစ်ရာဇဝတ်မှုကျူးလွန်တယ်လို့လည်း ပြောလို့ရတယ်။ သတင်းပေးဒလန်ကြောင့်ပါ လာမလုပ်နဲ့။ သတင်းပေးဒလန်ဆို အဲဒီသတင်းပေးဒလန်ကို ရအောင်ရှာ။ သတင်းပေးဒလန်ကို အပြစ်ပေးကိုပေးရမယ်”လို့ သူကမှတ်ချက်ပြုပါတယ်။ ဒါ့အပြင် ဒေသအခြေအနေကို မကျွမ်းကျင်တဲ့ ရပ်ဝေးကလာတဲ့သူတွေလည်း မိုင်းအန္တရာယ်ကို မကြာခဏကြုံနေရတယ်လို့ The Nation Voiceက စုံစမ်းသိရပါတယ်။
စလင်းမြို့နယ်ထဲက ကျေးရွာတွေကို တော်လှန်ရေးအဖွဲ့တွေက ၂၀၂၄ ခုနှစ်နောက်ပိုင်းမှာ အများစု ထိန်းချုပ်ခဲ့ကြပြီးနောက်ပိုင်းမှာ ဒေသခံပြည်သူတွေအနေ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်း တွေကို မျက်ဝါးထင်ထင် အနီးကပ်ကြုံတွေ့လာရတာဖြစ်ပါတယ်။ “လက်နက်ကိုင်တပ်လို့ပြောရင် နှစ်ဘက်လုံးက မိုင်းကိုသုံးကြရတယ်။ မဖြစ်မနေသုံးကြရတယ်။ စကစက မြေမြှုပ်မိုင်းတွေသုံးတာများပြီး တော်လှန်ရေးအဖွဲ့တွေကတော့ IED မိုင်းတွေသုံးကြတာကို တွေ့ရတယ်၊ စလင်းဒေသမှာ အထိအခိုက်များတာက မိုင်းအသိပညာပေးနိုင်မှု အားနည်းတာအပြင် စစ်ပွဲအရှိန်မြင့်လာတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့်အထိအခိုက်များတာလို့ မြင်ပါတယ်” လို့ ၁၀စုနှစ် နှစ်ခုအတွင်း မကွေးဒေသနိုင်ငံရေးနှင့်စစ်ရေးစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။ အမှန်တော့ ဒါဟာ စလင်းမြို့နယ်တစ်ခုတည်းရဲ့ ပြဿနာမဟုတ်ဘဲ တစ်နိုင်ငံလုံး ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတကာ မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine Monitor) ရဲ့ ၂၀၂၅ ခုနှစ်ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်း (ERW) တွေကြောင့် သေဆုံး/ဒဏ်ရာရသူ စုစုပေါင်း ၂,၀၂၉ ဦး နဲ့ ကမ္ဘာပေါ်မှာ ထိခိုက်မှုအများဆုံးနိုင်ငံအဖြစ် ဆက်တိုက် ဒုတိယနှစ်အဖြစ် ရပ်တည်နေပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၃ ခုနှစ်က ၁,၀၀၃ ဦးရှိရာကနေ နှစ်ဆနီးပါး မြင့်တက်လာတာဖြစ်ပြီး ထိခိုက်သူတွေရဲ့ ၈၆ ရာခိုင်နှုန်းဟာ အရပ်သားပြည်သူတွေ ဖြစ်ကြပါတယ်။ (ဒီစုစုပေါင်းစာရင်းမှာ တိုက်ပွဲဝင် စစ်သည်တွေရဲ့ ထိခိုက်မှုပါ အပါအဝင်ဖြစ်ပါတယ်) မိုင်းဒဏ်ဟာ အရပ်သားပြည်သူတွေအပေါ် ဘယ်လောက်ထိတိုက်ရိုက်ကျရောက်နေသလဲဆိုတာကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ကိန်းဂဏန်းတွေက ပိုပြီးထင်ရှားစေပါတယ်။ UNICEF ကတော့ အရပ်သားထိခိုက်မှုကိုသာ သီးခြားမှတ်တမ်းတင်ထားတဲ့အတွက် သူတို့ရဲ့ကိန်းတွေက Landmine Monitor ရဲ့ စုစုပေါင်းကိန်းထက် နိမ့်တတ်ပါတယ်။ ဥပမာ ၂၀၂၄ ခုနှစ်အတွက် UNICEF က အရပ်သားထိခိုက်မှု ၁,၀၈၂ ဦး လို့ မှတ်တမ်းတင်ထားပါတယ်။ အဆိုပါအဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်တစ်နှစ်တာ factsheet အရ တစ်နိုင်ငံလုံးမှာ မိုင်း/ERW ပေါက်ကွဲမှု ၅၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ၇၄၅ ဦး သေဆုံး/ဒဏ်ရာရခဲ့ကာ အဲဒီထဲက ၂၁ ရာခိုင်နှုန်းဟာ ကလေးသူငယ်များ ဖြစ်ပါတယ်။ ဒေသအလိုက်ကြည့်ရင် ရှမ်းပြည်နယ်က ဖြစ်စဉ် ၁၈၂ ကြိမ် (၃၆%) နဲ့ ထိခိုက်သူ ၂၄၅ ဦး (၃၃%) ရှိပြီး တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်ကာ၊ ရခိုင်ပြည်နယ်က ဖြစ်စဉ် ၇၄ ကြိမ် (၁၅%)/ထိခိုက်သူ ၁၁၇ ဦး (၁၆%) နဲ့ ဒုတိယနေရာမှရှိနေပါတယ်။ မကွေးတိုင်းက ဖြစ်စဉ် ၅၈ ကြိမ် (၁၁%)/ထိခိုက်သူ ၈၂ ဦး (၁၁%) နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ယခင် ၂၀၂၀ ခုနှစ်က မြို့နယ် ၁၀၀ ခန့်သာ မိုင်းအန္တရာယ်ရှိခဲ့ရာကနေ အခုတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ် ၃၃၀ အနက် ၂၁၁ မြို့နယ် (၆၄ ရာခိုင်နှုန်း) အထိ မိုင်းအန္တရာယ် ပျံ့နှံ့ရောက်ရှိနေပြီလို့ MIMU ရဲ့ အချက်အလက်များက ဖော်ပြထားပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ရဲ့ အစီရင်ခံစာအရ စစ်ကောင်စီတပ်တွေဟာ လူနေအိမ်တွေ၊ ရွာလမ်းတွေနဲ့ ယာခင်းတွေမှာ မိုင်းတွေထောင်ထားလေ့ရှိပြီး ပြည်သူတွေကို လူသားမိုင်းရှင်းစက်တွေအဖြစ် အသုံးပြုတာတွေတောင် ရှိနေတယ်လို့ဆိုပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ စွပ်စွဲထားတဲ့ ဒီလို "လူသားမိုင်းရှင်းစက်" အဖြစ် အသုံးချမှုမျိုးကို စလင်းမြို့နယ်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာလည်းရှိနေပြီး The Nation Voice က မြေပြင်သတင်း ရရှိထားပါတယ်။ ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်က စလင်းမြို့နယ် တညောင်တိုက်နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်စဉ် ပြည်သူ ၃၅ ဦး ဖမ်းဆီးခံခဲ့ရပြီး၊ ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ စစ်ကြောင်းဆက်လက်ချီတက်ချိန်မှာ နောက်ထပ် ခြောက်ဦးဝန်းကျင် ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ကို မိုင်းနင်းခိုင်းဖို့ သီးသန့်ဖမ်းဆီးတာမဟုတ်ဘဲ၊ မီးတိုင်ကျင်းတူးဖို့ အလုပ်ခိုင်းရင်း ခြေနင်းမိုင်းတွေ ပြန်လည်ထွက်ပေါ်လာချိန်မှာ မိုင်းရှင်းလင်းဖို့ အတင်းအကျပ်ခိုင်းစေခဲ့တာလို့ တညောင်တိုက်နယ်က သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။ အလားတူ ၂၀၂၆ ခုနှစ် မေလ အစပိုင်းကလည်း စလင်းမြို့နယ် ကံဆွယ်ရွာက ငါးဦးနဲ့ ထနောင်းကုန်းရွာက နှစ်ဦးကို ဖမ်းဆီးပြီး၊ ကြူဝန်းရွာအသွား စစ်ကြောင်းရှေ့ကနေ လူသားမိုင်းရှင်းကရိယာအဖြစ် ခိုင်းစေခဲ့ကာ နောက်ပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စလင်းမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပွင့်ဖြူမြို့နယ်မှာလည်း ၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်က အာဏာသိမ်းစစ်တပ်ရဲ့ လူသားဒိုင်းအဖြစ် အသုံးချခံရပြီး မိုင်းကွင်းဖြတ်ကူးခိုင်းခြင်းခံခဲ့ရသူတွေထဲက ဒဏ်ရာရရှိသူတွေကို တော်လှန်ရေးအဖွဲ့ ဆေးတပ်သားတွေက ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။ "ပြည်သူရှစ်ဦး ဒဏ်ရာရတာကို ခြောက်ဦး ကယ်လိုက်နိုင်ပါတယ်။ လက်ရှိအနေအထားကတော့ အဲဒီ ၆ ဦးလုံးဟာ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး" လို့ တော်လှန်ရေးအဖွဲ့ရဲ့ ဆေးတပ်သားတွေနဲ့ နီးစပ်သူတစ်ဦးက The Nation Voice ကို ပြောပါတယ်။