- Последний пост
- 9 сент. 2024 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
၅ ရက် စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ်၊ လွိုင်ကော်မြို့မြောက်ဘက်ခြမ်း၊ ကျောင်းကုန်းကျေးရွာ အနီးတစ်ဝိုက် တိုက်ပွဲတွင် အသက်ပေးခဲ့သည့် သူရဲကောင်း ရဲဘော်လုကာ ၏ ဈာပန အခန်းအနားကို ၆ ရက်နေ့၊ စက်တင်ဘာလ၊ ၂၀၂၄ တွင် မိမိတို့ Loikaw PDF မှ ညိုးငယ်သော စိတ်ဖြင့် စီစဉ်ပြုလုပ်ခဲ့သည်။ ရဲဘော် လုကာ သည် တိုက်ပွဲများစွာတွင် ပါဝင်ခဲ့ပြီး တိုင်းပြည်အတွက် ဂုဏ်ရောင် ထွန်းပြောင်ခဲ့သည်။ ရဲဘော် လုကာ ၏ ပေးဆပ်မှု အား မိမိတို့ လွိုင်ကော် PDF မှ နမျှောတသ ဝမ်းနည်းရသလို လေးစားဦးညွှတ်အလေးပြုရပါသည်။ မပြီးပြတ်သေးသော တော်လှန်ရေးလုပ်ငန်းကို မိမိတို့ လွိုင်ကော် PDF မှ ဆက်လက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းကိုလည်း ဂတိသစ္စာ ပြုလိုက်သည်။ --------- ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်)
ဂုဏ်ပြုမှတ်တမ်းလွှာ
တော်လှန်ရေးထုတ်ကုန် " သူပုန် " လက်ဖက်ခြောက် မကြာခင် လာမယ် !! အငွေ့တထောင်းထောင်း အရသာရှိရေနွေးကြမ်းကို အရသာခံ သောက်ရင်း တော်လှန်ရေးမှာ ပါဝင်နိုင်တော့မယ်ဆိုတာ သိရဲ့လား? (လက်ဖက်သုတ်၊ ဆတ်သားခြောက်လေးနဲ့ပါ မြည်းလိုက်။ အရသာရှိပါပေ့) (၁) အရသာ quality ပိုင်း နဲ့ ထုတ်ပိုးမှု quality ပိုင်းကို အကောင်းဆုံး ကြိုးစားပါ့မယ်။ တော်လှန်ရေးအတွက် ဝယ်တယ်ဆိုတာထက် တကယ် ကြိုက်လို့ ဝယ်သောက်ပါတယ်ဆိုတာကမှ ကျွန်တော်တို့ရဲ့ အိပ်မက်ဖြစ်ပါတယ်။ (၂) ထုတ်နိုင်အားနည်းသေးလို့ အခုအစောပိုင်းတော့ ဈေးများကောင်း များနိုင်ပေမယ့် ရောင်းအားကောင်းလာတာနဲ့အမျှ ဈေးကျလာအောင် ကြိုးစားပါ့မယ်။ (၃) အမြတ်ငွေတွေဟာ တော်လှန်ရေးအတွက် ဖြစ်ရမယ်။ လူသန်း ၅၀ ကျော် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မယ့် လက်ဖက်ခြောက်ပါ။ -------- Loikaw PDF က ဦးစီးတဲ့ " သူပုန် " ထုတ်ကုန်ကို အကောင်ထည်ပေါ်အောင် ကူညီပေး၊ ချိတ်ဆက်ပေး၊ ရင်းနှီးမြုပ်နှံပေးသူများအားလုံးကို ကျေးဇူးတင်လျက်ပါ။ ကော်ဖီ နဲ့ တခြား ထုတ်ကုန်တွေလည်း ထပ် လာပါဦးမယ်။ ဒီ လက်ဖက်ခြောက်ကိုလည်း မကြာခင် ရောင်းချပါတော့မယ် 🙏 အောက်က link မှာ ဝယ်လို့ရမယ် 👇 https://www.facebook.com/share/p/p9wvJU3NackCQV3K/?mibextid=oFDknk
без подписи
без подписи
без подписи
без подписи
без подписи
без подписи
၂၃ ရက် မေလ၊ ၂၀၂၄ ခုနှစ်၊ လွိုင်ကော်မြို့မြောက်ဘက်ခြမ်း၊ ကျောင်းကုန်းကျေးရွာ အနီးတစ်ဝိုက် တိုက်ပွဲတွင် အသက်ပေးခဲ့သည့် သူရဲကောင်း ရဲဘော် ဒီတန်ခင်စိုး (ခ) ဖိုးကလား ၏ ဈာပန အခန်းအနားကို ၂၅ ရက်နေ့၊ မေလ၊ ၂၀၂၄ တွင် မိမိတို့ Loikaw PDF မှ ညိုးငယ်သော စိတ်ဖြင့် စီစဉ်ပြုလုပ်ခဲ့သည်။ ရဲဘော် ဒီတန်ခင်စိုးသည် တိုက်ပွဲများစွာတွင် ပါဝင်ခဲ့ပြီး တိုင်းပြည်အတွက် ဂုဏ်ရောင် ထွန်းပြောင်ခဲ့သည်။ ရဲဘော် ဒီတန်ခင်စိုး ၏ ပေးဆပ်မှု အား မိမိတို့ လွိုင်ကော် PDF မှ နမျှောတသ ဝမ်းနည်းရသလို လေးစားဦးညွှတ်အလေးပြုရပါသည်။ မပြီးပြတ်သေးသော တော်လှန်ရေးလုပ်ငန်းကို မိမိတို့ လွိုင်ကော် PDF မှ ဆက်လက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းကိုလည်း ဂတိသစ္စာ ပြုလိုက်သည်။ --------- ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်)
The Hero's Savior - စုပေါင်းတပ်ဆင် အောင်ပွဲဝင် ကမ်ပိန်းအား အထူးကျေးဇူးတင်လျက်။
တိုက်ပွဲကာလ (၁) လ ဝန်းကျင်ကြာမြင့်ပြီးချိန်တွင် ကရင်နီပြည်၊ ရှားတောမြို့အတွင်းတွင် နှစ်ပေါင်းများစွာ အခိုင်အမာတပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများအားလုံးကို မိမိတို့ Loikaw PDF အပါအဝင် KA / KNDF တို့မှ အပြီးသတ်ချေမှုန်းနိုင်ခဲ့သည်။ တိုက်ပွဲကာလတစ်လျှောက်လုံးတွင် အကြမ်းဖက်စစ်ကောင်စီ ရာထူးအဆင့်ဆင့်မှ အယောက် ၁၆၀ ကျော်ကို ခြေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် (၁၂၈)လက်၊ လက်နက်ကြီးအစုံ(၁၈)လက်၊ Smoke Gun (၃)လက်၊ Jammer Gun (၁)လက်၊ ဆက်သွယ်ရေးစက်များ၊ စစ်ကောင်စီယာဉ်များ၊ ခဲယမ်းကျည်ဆံများ စသည့် အသုံးအဆောင်ပစ္စည်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်။ မိမိတို့ Loikaw PDF သည် မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲတွင်လည်း ရာနှုန်းပြည့်ပါဝင်ခဲ့ကာ စစ်ကောင်စီတပ်များ အလုံးစုံကင်းစင်ရေးကို ဦးတည်ပါဝင်ခဲ့ပြီး အခုအခါတွင် ဒုတိယမြောက် အလုံးစုံလွတ်မြောက်သွားသည့် ရှားတောမြို့သိမ်းတိုက်ပွဲတွင်လည်း ထပ်မံ ပါဝင်တိုက်ခိုက်ခဲ့သည်။ Loikaw PDF ၏ drone တိုက်ခိုက်ရေး mission ရာချီ ဆောင်ရွက်ခဲ့ပြီး မြို့သိမ်းပွဲတွင်လည်း အင်တိုက်အားတိုက်ပူးပေါင်းခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီသည် ယခု ရှားတောမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့နေအိမ် ၅၀ ဝန်းကျင်ကို ဖျက်ဆီးခဲ့ပြီး အရပ်သား ၇ ဦးထပ်မနည်းကို သတ်ဖြတ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကို ရာချီ ကျူးလွန်ခဲ့ပြီး မိမိတို့ တော်လှန်ရေးရဲဘော်တစ်ချို့ မြင့်မြတ်စွာ အသက်ပေးအပ်ခဲ့ရသည်။ မိမိတို့ လွိုင်ကော် PDF သည် အကြမ်းဖက်စစ်ကောင်စီ ကရင်နီဒေသမှ အပြီးတိုင် ချုပ်ငြိမ်းပျောက်ကွယ်သွားသည်ထိ၊ အရေးတော်ပုံ အောင်မြင်သည်ထိ ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားဦးမည်ဖြစ်ကြောင်း အများပြည်သူရှေ့တွင် ဂတိပြုအပ်ပါသည်။ -------- ပြန်ကြားရေး ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်)
без подписи
без подписи
без подписи