tgindex
Poem World✍✍

Poem World✍✍

Статистика

စာရေးခြင်းဟာ ကျွန်တော့်ရဲ့ပျော်ရွှင်မှု 6.6.23

Последний пост
15 авг.
Последнее чтение
13 авг.
Постов за неделю
9
Всего постов
34
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
627
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
45
34 постов
Вовлечённость
7,2%
к подписчикам
Постов в день
1,3
всего 34
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
29
1/48двое суток
33
1/72трое суток
35

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • တောက်ခေါက်သံတွေ တစ်လှေကြီးတင်လာတယ်ဗျ ဝယ်ကြအုန်းမလားဗျ ဒုက္ခအသံတွေကားတစ်စီး အပြည့်ပါတယ်ဗျ ဝယ်ကြအုန်းမလားဗျ, နာကျင်ခြင်းတွေလက်ပစ်ဗုံးတစ်လုံးလို ပေါက်ကွဲထွက်ဖို့ စကားလုံးတစ်ချို့က စာမျက်နှာထက်ကနေ ဇောက်ထိုးကြီးခုန်ပေါက်တတ်လာတာ ကျုပ်အတွက်တော့သိပ်မဆန်းဘူးဗျ.. မျိုသိပ်ထားမျှသီးခံခြင်းတွေက မျက်ရည်ဖြစ်လာတဲ့အခါ ကျုပ်နှလုံးသားက ဓားတစ်လက်ထက်မြသွားတာ သဘာဝကျရဲ့လားဗျ.. နောက်ကျောကိုအကြိမ်ကြမ် ထိုးတဲ့ဓား​ကကျုပ်ကို မသေစေခြင်ခဲ့တာကြောင့်လားမသိဘူး ကျုပ်ခန္ဓာကအခုထိငရဲမီးလို လောင်မြိုက်နေတုန်းဘဲဗျာ... ရင်ဘတ်ရှိုက်သံ( အင်းလေး) ဒုက္ခပေါင်းအိုး

  • ကိုကျေနပ်ပါတယ် မင်းပြုံးနေ ပျော်နေမယ် ဆိုရင်ပေါ့... _ရင်ဘတ်ရှိုက်သံ( အင်းလေး)

  • ၁၂ရက်၊ ၈လ၊ ၂၀၂၆ခုနှစ် နှစ်ခါအကြည့်ချင်းဆုံ၍ ၅ခါနှင့်မနည်း ငေးကြည့်ခဲ့သည်။ ယနေ့လည်း သူပျော်နေပုံပေါ်ပါသည်။ -အံ့လွန်းပျို

  • ဤသို့ ဤပုံ ဤဖြစ်ပျက်တည်း လောကအလယ်၊ ဗဟိုဝယ်၌ ဖက်တွယ်ထားမှု၊ နှိုင်းတုပြုလျက် သက်ရှင်ကာလ၊ ဘဝတစ်ပါး ‌ပြောင်းသွားထိတိုင်၊ တွေ့ကြုံငိုင်ရ အနိုင်အရှုံး၊ အမုန်းအချစ် အဖြစ်အပျက်၊ အတက်အဆင်း ထိုအချင်း၌၊ အလင်းမဲ့ကား နောင်တများကို၊ ကြောင်းကြားပြကာ ဤသို့သာလျှင် ပို၍တည်း။ မိမိကိုယ်ကိုယ်၊ ‌တော်တတ်ဆို၍ မြင်းမိုရ်တောင်နှယ်၊ ယုံကြည်သွယ်မှု မြင့်ပယ်ထားကာ၊ အမှားအမှန် ချန်ထားရစ်လို့၊ ဖြူစင်ညှို့နှင့် ထိုသို့ခံယူ၊ လူများကြားတွင် ရွံရှာသွင်ကား၊ ဖယ်ကြဉ်လျစ်လျူ ငြင်းယူသော်ငြား၊ ကျွဲပါးစောင်းတီး နည်းတူသကဲ့၊ အကြောင်းမဲ့ရာ ဤပုံသာလျှင် ဆို၍တည်း။ ဥစ္စာစည်းစိမ်၊ ဂုဏ်ဒြပ်ရှိန်ကို အိုးအိမ်ပြောင်ဝင်း၊ ‌ဗိုက်ဖြိုးတင်းလို့ အဆင်းလှပ၊ ခံစားရချိန် နိမ့်ကျသူနှင့်၊ ချို့တဲ့ဖြင့်ကား ချင့်ချိန်ဉာဏ်သွား၊ ဦးနှောက်ပါးကာ စားဝတ်နေရေး၊ ဒုက္ခဘေးတို့ ‌မနှေးမြန်စွာ၊ ဆိုက်ကပ်လာမှ စာနာစိတ်က၊ ကြောင်းပြသည်သာ ဤဖြစ်ပျက်လျှင် လို၍တည်း။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

  • မေခ နမ်မည်လှလှလေးက သဘာဝရဲ့ အလှတရားကိုဖော်ကြူး ကျွန်တော့်ကို​တောင် ရူးစေတယ်.. မေခ ဧရာဝတီမြစ်ဖျားပိုင်းက အမည်နမ်မသ​ဘာဝကျလိုက်တာ.. မေခ ပုံပြင်လှလှ​တွေနဲ့ မိုးလင်းလို့နိုးထ ညနက်နက်မှာ သူ့ပါးမိုးနှစ်ဖက်ပေါ်ကို အနမ်းမိုးလေးတွေ ရွှချခြင်မိတာ.. မေခ သူမရဲ့ခြေတောင်ရင်းမှာ လွမ်းပါတယ်ဆိုသောစကား အဖန်တစ်ရာမက ပြောခွင့်ရခြင်မိတာ မေခလေးသိပါရဲ့လား.. ရင်ဘတ်ရှိုက်သံ( အင်းလေး)

  • သူပြန်ချစ်ခြင်း မချစ်ခြင်းဆိုတာဟာ ကျွန်တော့် စားနေတဲ့ ထမင်းကြမ်းပေါ်မှာ မူတည်ပါတယ်။ -အံ့လွန်းပျို

  • "မင်းက စာတိုငဖြူကိုမချစ်ဘူးတဲ့" အောင်မြင်စွာ ကျရှုံးခဲ့ခြင်းပါအချစ်ရေ ။ ▪️စာတိုငဖြူ ဩဂုတ်လ၊၁၀ရက်၊၂၀၂၆

  • အညတရ ကဗျာဟူသော ဝါကျတွေကို ရင်ဘတ်အိတ်ကပ်ထဲထည့်ပြီး ခေတ်ကိုကျောနဲ့မှီထားတဲ့ ကျုပ်က ကဗျာဆရာမှမဟုတ်တာ ရင်ဘတ်ကိုကြိုးနဲ့သီ ကဗျာဆိုသောရင်ခွင်နန်းတော်ထဲ အက္ခရာတွေနဲ့အပျော်ကြူးနေတဲ့ ကျုပ်က ကဗျာဆရာမှမဟုတ်တာ တစ်နေ့လုပ်မှတစ်နေ့စား ဘဝခတ်ခါးခါးထဲမှာ ပျော်ပါးနေတဲ့ကျုပ်က အညတရလေးပါ.... ရင်ဘတ်ရှိုက်သံ( အင်းလေး)

  • “ငါ”တစ်လုံးဆောင် ငါသည်ယောက်ျား၊မည်သူကားမျှ မကြားသိချေ။ ငါသည်မိန်းမ၊မည်သူမျှလည်း မသိကျွမ်းချေ။ ငါဟူသောသူ၊ကမ္ဘာဂူ၌ လူဖြစ်ရခြင်း၊ဘဝဆင်းတွင် ငြင်းပယ်တားက၊‌အသက်ရုပ်လွှာ ခွာချလျက်ပေ၊အဆွေပေါင်းတို့။ ငါရှူသောလေ၊မပေညစ်လျက် ငါရပ်သောမြေ၊မကြေမွဘဲ ငါစွဲသောစာ၊ငါ့ကမ္ဘာတွင် အရာထင်မည်။ ငါတောင်းသောဆု၊မတုပလျက် ငါတက်သောထိပ်၊မဆိတ်သုဉ်းဘဲ ငါတွဲသောလက်၊ခေတ်အဆက်တွင် အသက်ဆုံးမည်။ ပေါက်ဖွားမြင်စ၊ကလေးဘဝ ကြီးမှအရွယ်၊ဆယ်ကျော်သက်ချိန် ဇိမ်ယစ်မူးခြင်း၊ဖယ်ရှားထွင်းကာ ရင်းမြစ်ဇာတိ၊မရောက်ရှိခင် သိကျွမ်းသူများ၊ငါ့ကိုကားလည်း ဝါးတားယောင်ခြာ၊ညှိုးငယ်စွာဖြင့် ကြမ္မာလည်လျက် ခက်လှချေ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

  • စိတ်ပျက်အောင် မလုပ်ပါနဲ့။ မကြိုက်ဘူးဆိုတာကို မလုပ်ပါနဲ့။ သည်းခံနိုင်စွမ်းမရှိအောင် မလုပ်ပါနဲ့။ လက်လွှတ်ခဲ့သူတစ်ယောက်က ဥပေက္ခာတရားအကြောင်းကို ရှင်းပြပါလိမ့်မယ်။ -အံ့လွန်းပျို

  • https://t.me/InTharlay26 ကျွန်တော့်ချန်နယ်လေးပါ ကဗျာကိုမြတ်နိုးသူတိုင်း ဝန်းရံပေးဖို့ဖိတ်ခေါ်ပါတယ်ဗျ အက်မင်လျှောက်ထားရ al kyaw253တို့လာရောက်မေးမြန်နိုင်ပါတယ်ဗျ

  • ကျွန်တော်က ဆယ်ကျော်သက် တစ်ယောက်ပါ။ လှေကားထစ်တွေကို တစ်ဆင့်ကျော်တက်သလို အရာရာမှာလဲ အဆင့် ကျော်ချင်ခဲ့တဲ့လူဟာ မင်းနဲ့တွေ့မှ အမှတ်သည်းခြေရှိခဲ့တယ် ခင်...။ -အံ့လွန်းပျို

  • အချစ်ဟာ ချိုသလား ခါးသလား ကျွန်တော်မသိပါ။ မေတ္တာဟာ‌ အေးသလား ပူသလား ကျွန်တော်မသိပါ။ ကျွန်တော်‌သာပေးပြီး ပြန်မရခဲ့တဲ့ အရာတွေအကြောင်း ကျွန်တော်မသိပါ။ -အံ့လွန်းပျို

  • ညီမလေးသို့ 3 ဘောင်မဝင်လို့ ဘောင်အပြင်ဖက်ကနေ မင်းလေးကိုငေးကြည့်ခဲ့ရုံပါ အနေနီးသူကိုလက်စွဲ အနေဝေးသူကိုကျေပေး ကိုယ်တို့တွေဒီလိုနဲ့ ဝေးခဲ့ကြပါပြီ ညီမလေး... ရင်ဘတ်ရှိုက်သံ( အင်းလေး) မျက်ရည်နဲ့ရေးတဲ့ကဗျာ 8:48am 6•8•2026

  • ညီမလေးသို့ 2 အကိုတို့ဆိုင်ခဲ့ကြပါတယ် အကိုမပိုင်ဆိုင်ခဲ့ရပေမယ့် ညီမလေးဘဝတာ ထာဝရအေးမြမယ်ဆို အကိုယ့်မေတ္တာရောင်ပြန်ပါတယ် အချစ်ဆိုတာရယူပိုင်ဆိုင်ခြင်းလို့ ထင်မြင်ခြင်းယူစ​ခြင်းတွေကြားမှာ အကိုကမေတ္တာဘဲပေးခဲ့တာပါ အနစ်နာခံတာ သစ္စာမှန်တာတွေကိုတာ ညီမလေးနားလည်လို့ မြင်ပါစေ သိပါစေကြားပါစေဆိုပြီးညညငိုညည်းနေတာတွေကို မာယာလို့ညီမလေးတံဆိပ်မကပ်ပါနဲ့....😢😢 ရင်ဘတ်ရှိုက်သံ ( အင်းလေး) ညီမလေးသိပါစေ 6:40am 6•8•2026 မျက်ရည်နဲ့ရေးတဲ့ကဗျာ

  • ဒီညတော့ မိုးအေးအေးနဲ့ နာကျင်မှုဆီကို ကျွန်တော်ဖုန်းခေါ်မိဦးမယ် #ခန့်ထည်

  • ‎ကိုယ့်ကိုယ်ကိုယ် အလောင်ကျွမ်းခံတဲ့ ‎ပိုးဖလံလိုကောင်မို့ ‎မင်းဆိုတဲ့ မီးတောက်လေးကို ‎ကိုယ်တိုင်တိုးဝင်ခဲ့မိတာပါ ကောင်မလေးရယ်...။ ‎ ‎#ခန့်ထည် ‎

  • လူ စိတ်ဓာတ်အထွေ ပေညစ်လျက် ပျို့ရွံရှာ ချို့တဲ့စိတ်ပါ။ နှုတ်စကားမှာ စာနာမဲ့ အလျှင်း။ အသားနာ ဟစ်အော်လို့ အပြစ်တစ်ရာ ဖုံးကွယ်ပါတဲ့ တယ်မိုက်လေခြင်း။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-တြိချိုး