NeutrinoPrep
Статистика🔷 Follow us on Facebook: https://www.facebook.com/share/1AqBDcgXE2/?mibextid=wwXIfr
- Последний пост
- 18:28
- Последнее чтение
- ещё не заходили
- Постов за неделю
- 11
- Всего постов
- 31
- Тип
- открытый
- Язык
- английский
- В каталоге с
- 15 авг.
- 1/24сутки в ленте
- 634
- 1/48двое суток
- 726
- 1/72трое суток
- 783
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
October 2026 Edexcel IGCSE Exam Fees
без подписи
без подписи
без подписи
October 2026 IAL Edexcel Fees
Edexcel International A level ရဲ့ Grading System နဲ့ Cash-in အကြောင်း A level မှာ အမှတ်က raw mark နဲ့ UMS နဲ့ဆိုပြီး ၂ မျိုး ရှိပါတယ်။ ကိုယ်စာမေးပွဲဖြေပြီးရတဲ့ အမှတ်က raw mark လို့ခေါ်ပါတယ်။ အဲ့ဒီ raw ကို စာမေးပွဲမေးခွန်းရဲ့ difficulty အရ တခြား exam series တွေနဲ့ မျှတအောင် convert ပြန်လုပ်ပေးပါတယ်။ အဲ့ convert လုပ်လိုက်တဲ့ အမှတ်ကို ums လို့ ခေါ်ပါတယ်။ ဥပမာ ကိုယ့် series က ပိုခက်လို့ raw marks တွေ နည်းနေတယ်ဆိုရင် ums ပြောင်းပြီးရင် ပြန်များသွားတာမျိုးပါ။ Raw to ums convert ချင်ရင် Pearson website မှာ convert လို့ရပါတယ်။ ⚠️ Certificate တွေ အမှတ်စာရင်းတွေမှာ ums ပဲ ရေးပေးမှာပါ၊ raw mark မရေးပေးပါဘူး။ တက္ကသိုလ်တွေကလဲ ums ကိုပဲ ကြည့်တာပါ။ OPLA award ကလဲ ums ပေါ်ပဲ မူတည်တာပါ။ A level subjects တွေ တော်တော်များများက ၁ ဘာသာမှာ 6 units ဖြေရပါတယ်။ Example: maths, pure maths, further maths, physics, chemistry, biology, etc. 6 units ဖြေရတဲ့ subjects တွေက AS မှာ 300 marks, A2 မှာ 300 marks, စုစုပေါင်း 600 marks ဖြေရမှာပါ။ အဲ့တော့ အမှတ်ကောင်းချင်ရင် AS ရော A2 ရော ကောင်းဖို့ လိုပါတယ်။ ဒါပေမဲ့ overall A* ရဖို့ကတော့ A2 က ပိုအရေးကြီးတာပါ။ စုစုပေါင်းအမှတ် 480/600 နဲ့ အထက်ရရမဲ့အပြင် A2 မှာပါ 270/300 နဲ့ အထက်ရမှ A* ရတာမို့လို့ပါ။ အကယ်၍ total 480/600 ရပေမဲ့ A2 မှာ 270/300 မရရင်တော့ A ပဲ ရမှာပါ။ ခြွင်းချက်ကတော့ Mathematics ပါ။ Mathematics မှာက overall A* ရဖို့အတွက် စုစုပေါင်းအမှတ် အနည်းဆုံး 480/600 AND P3+P4 ကို အနည်းဆုံး 180/200 ရဖို့ပဲ လိုပါတယ်။ IT, CS, Economics, Business တို့လို 4 units ပဲ ဖြေရတဲ့ ဘာသာတွေလဲ ရှိပါတယ်။ သူတို့ကတော့ AS မှာ 200 marks, A2 မှာ 200 marks နဲ့ စုစုပေါင်း 400 marks ဖြေရမှာပါ။ Total 320/400 နဲ့ A2 units တွေမှာ 180/200 ရရင် A* ရပါပြီ။ 📌 Results ထွက်တဲ့နေ့ဆို Statement of Provisional Results ဆိုပြီး အမှတ်တွေ ရေးထားတဲ့ စာရွက်လေး အရင်ရမှာပါ။ အဲ့စာရွက်ပေါ်မှာ ပုံမှန်ဆို ကိုယ်ဖြေတဲ့ unit ၁ခုချင်းရဲ့ အမှတ်ပဲ ရေးထားမှာပါ။ Subject ၁ ခုလုံးရဲ့ စုစုပေါင်းအမှတ်နဲ့ overall grade ကိုပါ ရေးထားစေချင်ရင် exam registration လုပ်တည်းက cash-in လုပ်ထားဖို့ လိုပါတယ်။ Cash-in လုပ်ထားမှ Pearson ကလဲ အဲ့ series အတွက် certificate ထုတ်ပေးမှာပါ။ ဒါကြောင့် ကိုယ်နောက်ဆုံးဖြေတဲ့ exam series မှာ cash-in လုပ်ဖို့ မမေ့ပါနဲ့နော်။ Cash-in မလုပ်မိရင်လဲ နောက်မှ late cash-in လုပ်လို့ရပါတယ်။ ဒါပေမဲ့ fee တစ်ခုတော့ ထပ်ပေးရမှာပါ။ တကယ်လို့ ကိုယ်က resit ပြန်ဖြေဖို့ စိတ်ကူးရှိတယ်၊ certificate မထုတ်ချင်သေးဘူးဆိုရင်တော့ cash-in မလုပ်သေးလဲ ရပါတယ်။ Grading Scale ကို ပုံမှာ ကြည့်လို့ရပါတယ်။ [OPLA အကြောင်း အသေးစိတ်] https://t.me/Neutrino_Prep2/417 [UMS Converter] https://qualifications.pearson.com/en/support/support-topics/results-certification/understanding-marks-and-grades/converting-marks-points-and-grades.html
без подписи
Edexcel A-level တက်ရင် တကယ်တမ်း ဘယ်လောက်လောက် ကုန်ကျတာလဲ အရင်ဆုံး ကျောင်းလခက စပါမယ်။ Yangon က ကျောင်းတော်တော်များများက ၁ ဘာသာကို ၂ သိန်း - ၃ သိန်း တောင်းပါတယ်။ Tuition ယူပြီး Teacher/lecturer နဲ့ one on one သင်မယ်ဆိုရင် ၁ လကို ၅ သိန်းဝန်းကျင် ရှိပါတယ်။ Group class ဆိုရင်တော့ ၁ သိန်းခွဲ - 2 သိန်း လောက်ပါ။ Seniors တွေရဲ့ guide classes တွေကတော့ one on one ဆို ၂ သိန်းအောက်နဲ့ group class ဆိုရင် ၁ သိန်း ဝန်းကျင်ပါ။ ဘာသာရပ်ပေါ်မူတည်ပြီး ဈေးမတူတာမျိုးလဲ ရှိပါတယ်။ ယူတဲ့သူနည်းတဲ့ subjects တွေဆို ပိုဈေးကြီးတတ်ပါတယ်။ Exam fees စာမေးပွဲကြေးက အခုလောလောဆယ်တော့ Maths နဲ့ Science subjects တွေက 1 unit ကို $68 ဝန်းကျင်ပါ။ 3 ဘာသာ (18 units) ဖြေမယ်ဆို $1224 (ကျပ်သိန်း ၅၀ လောက်) ကျမှာပါ။ Business, Economics နဲ့ တခြား humanities subjects တွေကတော့ 1 unit ကို $91 ရှိပါတယ်။ (အောက်က British Council website link မှာ အသေးစိတ် ကြည့်နိုင်ပါတယ်။) Textbooks / past papers ဒါကတော့ ကျောင်းပေါ်မူတည်ပြီး တောင်းတဲ့ စာရွက်စာတမ်းကြေးက မတူကြပါဘူး။ Printing service တွေမှာတော့ textbook (black & white) ၁ အုပ်ကို ၁ သောင်း - ၃ သောင်း ဝန်းကျင် ရှိပါတယ်။ A level ပြီးသွားတဲ့ seniors တွေဆီက ပြန်ဝယ်ရင် ၁ သောင်းလောက်နဲ့ ရပါတယ်။ Past paper books တွေက အနည်းဆုံး ၃ သောင်း လောက် ပေးရပါတယ်။ Pdf file နဲ့ ကြည့်တတ်ရင်တော့ ဒီစာအုပ်တွေက ဝယ်စရာမလိုပါဘူး။ NeutrinoPrep ရဲ့ telegram group မှာ textbook pdf files တွေကို ဘာသာရပ်အစုံအလင် အခမဲ့ download လုပ်လို့ရပါတယ်။ Hidden costs နောက်ထပ် ထပ်စဉ်းစားထားရမှာက ကိုယ်က ကျောင်းတက်နေရင်း စာနားမလည်လို့ tuition ထပ်ယူရင် ထပ်ကုန်မှာပါ။ အဲ့ဒါအပြင် exam မှာ အမှတ်မကောင်းလို့၊ ကိုယ်ကြိုက်တဲ့ အမှတ်မရလို့ resit ဖြေမယ်ဆို ထပ်ကုန်မဲ့ exam fees တွေ ရှိပါသေးတယ်။ ဒါတွေက A level ပြီးတဲ့ အထိပဲ ရှိသေးတာပါ။ University apply ဖို့ ထပ်ဖြေရမဲ့ exams တွေ ရှိပါသေးတယ်။ ဥပမာ IELTS ဆိုရင် အခုလောလောဆယ် $210 (computer based) ရှိပါတယ်။ ဒါကြောင့်မို့လို့ ဈေးကို ကွက်တိကြီး တွက်ထားလို့တော့မရပါဘူး။ Notes: အခုရေးထားတဲ့ ဈေးတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတာမို့လို့ နောက်ပိုင်းဆိုရင် ဒီစျေးတွေက မမှန်ကန်တော့တာမျိုး ဖြစ်နိုင်ပါတယ်။ 2026 May/June Edexcel IAL exam fees: https://www.britishcouncil.org.mm/sites/default/files/pearson_edexcel_examination_fee_list_may_june_2026_1.pdf NeutrinoPrep Telegram group: https://t.me/Neutrino_Prep 🔗 Connect with us! Facebook https://www.facebook.com/NeutrinoPrep Telegram group https://t.me/Neutrino_Prep Telegram channel https://t.me/Neutrino_Prep2 Youtube https://www.youtube.com/@Neutrino_Prep
без подписи
🇯🇵 ဂျပန်တက္ကသိုလ် KUAS ရဲ့ ကျောင်းလခ အခမဲ့ အပြင် လစဉ် stipend ပါပေးမဲ့ Scholarship ✨ KUAS ဆိုတာ Kyoto မြို့မှာရှိပြီး စာတွေ့ထက် လက်တွေ့ပိုင်းကို ဦးစားပေးတဲ့ private တက္ကသိုလ်ပါ။ Toyota Battery, Nidec တို့လို နာမည်ကြီး နည်းပညာ ကုမ္မဏီကြီးတွေနဲ့လည်း partnership ယူထားတာမို့လို့ ကျောင်းပြီးရင် အလုပ်အကိုင် အခွင့်အလမ်းလဲ ကောင်းပါတယ်။ KUAS မှာ English လို သင်တဲ့ Undergraduate Programs တွေ ရှိပါတယ်။ ဂျပန်စာမလိုတာမို့လို့ international students တွေ အများကြီး လာတက်ကြတာပါ။ • Engineering (Department of Mechanical and Electrical Systems Engineering) • Bioenvironmental Sciences • Business Administration ဒါ့အပြင် ကျောင်းဝင်ခွင့် လျှောက်ကတည်းက တစ်ခါတည်း တူတူ လျှောက်ထားလို့ရတဲ့ Scholarship တွေ ရှိပါတယ်။ 1️⃣ Super KUAS-E Scholarship ဒါကတော့ တကယ့် profile ကောင်းပြီး ထူးချွန်တဲ့ ကျောင်းသားတွေကိုပဲ ရွေးချယ်ပေးအပ်တာဖြစ်လို့ competitive ဖြစ်ပါတယ်။ Admission fee ရော၊ ကျောင်းလခရော 100% ကင်းလွှတ်ခွင့်ရမဲ့အပြင် တစ်နှစ်ကို ¥1,200,000 (တစ်လကို ¥100,000) stipend ပေးမှာပါ။ 2️⃣ KUAS-E Scholarship E Scholarship က type ၃ ခု ခွဲထားပါတယ်။ Type I: ကျောင်းဝင်ကြေးနဲ့ ကျောင်းလခ 100% ကင်းလွတ်ခွင့် Type II: ကျောင်းဝင်ကြေးနဲ့ ကျောင်းလခ 50% သက်သာခွင့် Type III: ကျောင်းဝင်ကြေးနဲ့ ကျောင်းလခ 30% or 20% သက်သာခွင့် 🌟 အပေါ်က scholarship တွေ မရခဲ့ရင်တောင် ကျောင်းတက်ရင်း GPA ကောင်းရင် ဒုတိယနှစ်ကစပြီး လျှောက်လို့ရတဲ့ KUAS Outstanding Scholarship ရှိပါတယ်။ GPA 3.8 ကျော်ရင် ၁ နှစ်စာ ကျောင်းလခ 100% ကင်းလွှတ်ခွင့်ပေးပြီး GPA 3.5 ကျော်ရင် ၁ နှစ်စာ ကျောင်းလခ 50% လျှော့ပေးပါတယ် ဒါဆိုရင် ကျောင်းလျှောက်ဖို့ ဘာတွေလိုလဲ? အထက်တန်းအောင်လက်မှတ်အတွက် A levels, IB, SAT/ACT, GED, Matriculation exam စတာတွေ လက်ခံပါတယ်။ SAT/ACT, GED တို့နဲ့ လျှောက်မယ်ဆိုရင် ၃ နှစ်အတွင်း ဖြေထားတာကိုပဲ လက်ခံမှာပါ။ English အတွက် IELTS academic band 6.0 or above လဲ ရှိဖို့ လိုပါတယ်။ အသေးစိတ်အတွက် university ရဲ့ official website မှာ ဖတ်ကြည့်လို့ရပါတယ်။ နောက်ထပ် ဒီလိုမျိုး university တွေနဲ့ scholarship တွေ အကြောင်းသိချင်ရင် follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ Official Website: https://www.kuas.ac.jp/en/ Application Guidelines: https://www.kuas.ac.jp/en/assets/pdf/admission/under/2027KUAS_application_guidelinesUG.pdf English Program: https://www.kuas.ac.jp/en/assets/pdf/admission/under/KUAS2027Prospectus.pdf 🔗 Connect with us! Facebook https://www.facebook.com/NeutrinoPrep Telegram group https://t.me/Neutrino_Prep Telegram channel https://t.me/Neutrino_Prep2 Youtube https://www.youtube.com/@Neutrino_Prep
без подписи
IGCSE ပြီးလို့ နိုင်ငံခြားမှာ A-Level တက်မယ်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်လဲ 1️⃣ သွားမဲ့နိုင်ငံနဲ့ တက်မဲ့ကျောင်း အရင်ဆုံးကတော့ ကိုယ့်ရဲ့ Budget နဲ့ အနာဂတ် plan ပေါ် မူတည်ပြီး ဘယ်နိုင်ငံမှာ သွားတက်မလဲဆိုတာ ဆုံးဖြတ်ရမှာပါ။ မြန်မာကျောင်းသား တော်တော်များများကတော့ ကိုယ့်နိုင်ငံနဲ့ သိပ်မဝေးတဲ့ Malaysia နဲ့ Thailand တွေကို အဓိက ရွေးကြပါတယ်။ Malaysia မှာဆိုရင် Taylor's, Sunway လို A-Level အတွက် နာမည်ကြီးတဲ့ colleges တွေနဲ့၊ ထိုင်းနိုင်ငံမှာလည်း English လို A level သင်တဲ့ International Schools တွေ ရှိပါတယ်။ နိုင်ငံရွေးပြီးရင်တော့ ကျောင်းတွေရဲ့ ပတ်ဝန်းကျင်၊ living expense နဲ့ ကျောင်းဖွင့်မယ့် Intake တွေကို ရှာကြည့်ရပါမယ်။ 2️⃣ ယူမဲ့ ဘာသာရပ် A-Level မှာက တက္ကသိုလ်မှာ ကိုယ်တက်မဲ့ major နဲ့ ကိုက်ညီမဲ့ ဘာသာ ၃၊ ၄ ခု ကိုပဲ အဓိကထား ယူရမှာပါ။ ဥပမာ - Engineering သွားမယ်ဆိုရင် Maths, Physics, Chemistry ကို တွဲယူရတာမျိုး၊ Medical ဖက်သွားမယ်ဆိုရင် Biology, Chemistry, Maths ယူရတာမျိုးပေါ့။ ဒါကြောင့် ကိုယ်က ဘယ်လိုင်းသွားမလဲဆိုတာ ကြိုစဉ်းစားထားရပါမယ်။ တချို့ university တွေက subject requirements တွေရှိတာမို့လို့ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်တွေမှာ ဘယ်ဘာသာတွေကို မဖြစ်မနေပါရမယ်လို့ ကန့်သတ်ထားတာရှိလဲဆိုတာ ကြိုရှာထားတာ ကောင်းပါတယ်။ 3️⃣ စာရွက်စာတမ်း ကိုယ်တက်မဲ့ကျောင်းကို Application တင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ passport ကို အဆင်သင့်ပြင်ထားရပါမယ်။ ကျောင်းတော်တော်များများကတော့ IGCSE certificates တွေ တောင်းတတ်ပါတယ်။ 4️⃣ Financial Planning A-Level tuition fees တွေက ရွေးချယ်တဲ့ ကျောင်းနှင့် နိုင်ငံပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။ Malaysia က Taylor's College မှာဆိုရင် USD $15,000 က စပါတယ်။ IGCSE မှာ results ကောင်းရင်တော့ merit-based scholarship ပေးတာမျိုးတွေ ရှိပါတယ်။ Tuition fees အပြင် အဆောင်၊ စားသောက်စရိတ်၊ ဗီဇာကြေးနဲ့ လေယာဉ်လက်မှတ်ခတွေကိုပါ ကြိုတွက်ထားဖို့ လိုပါတယ်။ 5️⃣ Mental Preparation နိုင်ငံခြားရောက်ရင် ပတ်ဝန်းကျင်ကစပြီး စာသင်တဲ့ပုံစံတွေအထိ အကုန်ပြောင်းသွားမှာမို့လို့ adapt လုပ်နိုင်ဖို့ လိုပါတယ်။ တစ်ယောက်တည်း မိဘနဲ့ခွဲပြီး နေထိုင်ရမှာ ဆိုတော့ basic life skills တွေ ကြိုသင်ထားဖို့ လိုပါတယ်။ နိုင်ငံစုံက students တွေ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ ပတ်ဝန်းကျင်အသစ်မှာ အဆင်ပြေပြေ နေနိုင်အောင် mental preparation ရှိဖို့လည်း အရေးကြီးပါတယ်။ 🔗 Connect with us! Facebook https://www.facebook.com/NeutrinoPrep Telegram group https://t.me/Neutrino_Prep Telegram channel https://t.me/Neutrino_Prep2 Youtube https://www.youtube.com/@Neutrino_Prep
без подписи
без подписи
без подписи
без подписи