tgindex

People's Spring

описание

People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။ Facebook >> https://www.facebook.com/LuduNwayOo Youtube >> https://www.youtube.com/@peoplespring Website >> https://www.ludunwayoo.com/

60 368
подписчиков

Лучшие посты

за три месяца
  • 12 авг.2 232 просмотров27 реакций1 пересылок

    без подписи

  • 12 авг.2 108 просмотров26 реакций3 пересылок

    ရန်ကုန်မှာဝမ်း​​ရောဂါ​ဖြစ်ပွားသူဆက်တိုက်တိုး​နေ၊ကာလဝမ်းရောဂါပိုး​တွေ့လူနာ​တွေရှိ ■မြို့တွင်းမြို့နယ်ကလမ်း​​ဘေးအစားအ​​သောက်​ရောင်းတဲ့ဆိုင်​တွေကို ပိတ်ခိုင်း သြဂုတ်-၁၂၊၂၀၂၆။တာရာ၊​ရောင်နီ/People's Spding ရန်ကုန်ဆေးရုံကြီးမှာ သြဂုတ် ၁၂ ရက်အထိဝမ်းပျက်ဝမ်း​ရောဂါ​ကြောင့် ဆေးကုသမှုခံယူနေရသူ (၂၀၀) ဝန်းကျင်ရှိပြီး ကာလဝမ်းရောဂါပိုး​တွေ့ရှိသူ ​တွေလည်းရှိတယ် လို့ ကျန်းမာ​ရေးဝန်ထမ်း​တွေ နဲ့ လူမှု​ရေးအသင်း အဖွဲ့က တာဝန်ရှိသူအချို့က​ပြောပါတယ် ။ ဝမ်းရောဂါပိုးကို လသာမြို့နယ်မှာစတွေ့ရှိခဲ့တာဖြစ်ပြီး ပန်းပဲတန်း၊ လမ်းမတော်၊ ပုဇွန်တောင်၊လှိုင်သာယာ၊တောင်ဒဂုံ၊ ဒဂုံ(ဆိပ်ကမ်း) ၊ဒလ၊ သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် အခြားမြို့နယ်တွေမှာလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတယ်လို့ ကျန်းမာ​​ရေးဝန်ထမ်းတဦးက​ပြောပါတယ်။ "အခုလက်ရှိdown town ကအဖြစ်များတယ်။ဆေးရုံကြီးမှာလည်း တခြားသူတွေကူးမှာစိုးလို့ ပြင်ပလူနာဌာစပိတ်ပြီ ။ဆေးရုံကြီးအပြင်စံပြဆေးရုံ၊ မြောက်ဥက္ကလာ၊ပုဂ္ဂလိကဆေးရုံတွေမှာလည်း ဝမ်းရောဂါလူနာတွေကိုကုပေးနေရတယ်" လို့ ကျန်းမာ​ရေးဝန်ထမ်းတဦးက​ပြောပါတယ်။ ဝမ်း​ရောဂါ ဖြစ်ပွားတဲ့လူနာအ​ရေအတွက် များပြီး ကာလဝမ်း​ရောဂါဖြစ်သူ ပြင်းထန်လူနာ​တွေလည်းရှိတယ်လို့သူကဆက်​ပြောပါတယ် ။ဒါ​ပေမယ့်ဝမ်း​ရောဂါဖြစ်လို့ဆေးရုံတက်​ရောက်ကုသ​နေရသူ အ​ရေအတွက်ကို​မ​ပြောပါဘူး ။ ဝမ်း​ရောဂါဖြစ်ပွား​နေတဲ့ မြို့နယ်တခုမှ လူမှူကူညီရေးအသင်းတာဝန်ရှိသူတဦးက​တော့ "နှစ်ရာကျော်လောက်ရှိတယ်လို့ သိရပါတယ်။ ကိုဗစ်တုန်းကလုပ်ခဲ့တဲ့ tent (အ​ရေး​ပေါ်တဲ) အပြည့်နဲ့ ဆေးကုသဆောင်တွေမှာလည်း ထားတယ်လို့ သိရပါတယ်"လို့ သြဂုတ် ၁၂ ရက်ညမှာပြောပါတယ်။ ဝမ်း​ရောဂါဖြစ်ပွားသူ​တွေကို​ဆေးကုသဖို့ကူညီ​ပေး​နေတဲ့အခြားလူမှုကူညီ​ရေးအသင်းမှ တာဝန်ရှိသူတဦးကလည်း ကာလဝမ်းရော ဂါပိုးတွေ့ရှိသူ ၉၀ ​ကျော်ရှိတယ်လို့အသိပေးထားပါတယ်။ ဝမ်းရောဂါစဖြစ်တဲ့လသာမြို့နယ် နဲ့ အခြားမြို့နယ်တွေကိုပိုးသတ်ဆေးတွေဖြန်းနေတယ်လို့သိရပါတယ် ။ဒါအပြင် ရန်ကုန်မြို့တွင်းမြို့နယ်​တွေက လမ်း​ဘေး အစားအ​သောက်​ရောင်းတဲ့သူ​တွေကို ​ဆေးစစ်ဖို့ စီစဥ်​နေတယ်လို့ ဆရာဝန်တဦးကဆိုပါတယ် ။ "လောလောဆယ်တော့ မိုးရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလို့ သတ်မှတ်ထားတယ်။ဒါပေမယ့်ဓာတ်ခွဲခန်းကိုနမူနာပေးပို့ပြီး စစ်​တော့ ကာလဝမ်းရောဂါပိုး စတွေ့တယ်။ သူတို့ကိုသီးသန့်ခွဲထားပြီးကုသပေးနေတယ်။ စိုးရိမ်စရာအခြေအနေတော့မရှိသေးပါဘူး" လို့ ကျန်းမာရေးဝန်ထမ်းတဦး ကပြောပါတယ်။ ဝမ်း​ရောဂါကူးစက်တာဟာ မြို့တွင်းမြို့နယ်အချို့ကလမ်း​ဘေး အစားအစာ​ရောင်းတဲ့ဆိုင်​တွေက အစားအ​သောက်နဲ့ အဲဒီအစားအ​သောက်​တွေကို အိမ်အ​​ရောက်ပို့မှာစားတာ​တွေကကူးစက်မှုများတာလို့ ကျန်းမာ​ရေးဝန်ထမ်းတဦးက​ပြောပါတယ် ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားတဲ့ မြို့နယ်တွေက လမ်း​ဘေးမှာအစားအ​သောက်​ရောင်းတဲ့ဆိုင်တွေကို တစ်ပါတ်ခန့် ပိတ်ရမယ်လို့ စစ်တပ်လက်​အောက်ခံစည်ပင်ကညွှန်ကြားထားပါတယ်။ "တစ်ပါတ်ပိတ်ရမယ်လို့ပြောတယ်။ ပြန်ဖွင့်ရင်လည်း ဆိုင်ကိုသန့်သန့်ရှင်းရှင်းနဲ့ဖွင့်ရမယ်ပေါ့။ ကိုယ်တွေလည်းသန့်သန့်ရှင်းရှင်းရောင်း ချတာပါ။ သူတို့ကရောဂါကိုအကြောင်းပြပြီး ဆိုင်တွေကိုရက်ရှည်ပိတ်ရဦးမယ်။ စျေးရောင်းမှစားရမှာ။ ဆိုင်ရက်ရှည်ပိတ်တော့ ကိုယ်တွေလည်းအဆင်မပြေဘူး" လို့ စျေးသည်တဦးကပြောပါတယ်။

  • 12 авг.2 087 просмотров28 реакций1 пересылок

    ကူအညီတွေ အချိန်နဲ့တပြေးညီမရောက်အောင်နည်းမျိုးစုံနှောင့်ယှက်ဟန့်တား ဖမ်း ဆီးတာတွေကိုလုပ်နေတာတွေ အကူအညီပေးတဲ့ humanitarian workers တွေကိုရော ဖမ်းစီးနှိပ်စက်သက်ဖြတ်တာတွေကိုလုပ်နေတာ သတင်းမီဒီယာမှာတွေ့ရမှာပါ။ မေး-တဖက်မှာလည်း နယ်စပ်ဒေသအပါ အဝင် မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း ကျားဖြန့်တွေ နဲ့ပတ်သက်ပြီး နာမည် ဆိုးနဲ့ ထွက်နေတဲ့ အခြေအနေအပေါ် ဘယ်လိုခံစားရလဲ။ဒီလုပ်ငန်းတွေရဲ့လက်သည်တရား ခံတွေက ဘယ်သူတွေဖြစ်မလဲ။ ဒါတွေအမှန်တကယ်တိုက်ဖျက်နိုင်ဖို့ ဘယ်လိုအခြေအနေတွေလိုအပ်လဲ။ KWAN အနေနဲ့ရော ဘာတွေဆောင်ရွက်သွားဖို့ရှိမလဲ။ ဖြေ-ဒီလိုနာမည်ဆိုးနဲ့ ကျော်ကြားလာတာဟာ ကရင်ပြည်သူတွေအတွက် အလွန်ဝမ်းနည်းစရာပါ။ အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေး ဝါးပြဿနာတွေဟာ လက်နက်ကိုင်ပဋိပက္ခ၊ ဥပဒေစိုးမိုးမှုအားနည်းခြင်းနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ ပါဝင်ပတ်သက်မှုတွေကြောင့် ပိုမိုရှုပ်ထွေးလာတာ ဖြစ်ပါတယ်။ ဒီပြဿနာမျိုးအစချီလာတဲ့ အကြောင်းရင်းကိုလဲ ကျမတို့ပြန်လေ့လာရပါလိမ့်မယ်။ ပြီးရင်အမှန်တကယ်ဖြေရှင်းနိုင်ဖို့အတွက်ဒေသတွင်းမှာရှိနေတဲ့ အာဏာပိုင်တွေနဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဥပဒေစိုးမိုးမှုနဲ့ တာ ဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ လိုအပ်ပါတယ်။ KWAN အနေနဲ့တော့ ဒီပြ ဿနာတွေကို နိုင်ငံတကာအဆင့်မှာတင်ပြပြီး တာဝန်ခံမှုရှိလာအောင်ရယ်ထိရောက်တဲ့ပူး ပေါင်းဆောင်ရွက်မှုတွေပေါ်ပေါက်လာအောင် Advocacy တိုက်တွန်းလှုံ့​ဆော်သွားမှာပါ။ မြန်မာစစ်တပ်ရှိနေသရွေ့ ရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများ ပိုမိုဖြစ် ပွားနေဦးမှာ ဖြစ်တယ်လို့မြင်ပါတယ်။ ဒါကြောင့် မြန်မာစစ်အာဏာရှင်အပေါ် နိုင်ငံ တကာအသိုင်းအဝိုင်းကအရေးယူဆောင်ရွက် မှုများ ပြုလုပ်လာဖို့ကို မြင်တွေ့ရဖို့ အလွန်အရေးကြီးပါတယ်။ မေး-စစ်အုပ်စုဟာ ကာလရှည်ကြာစွာ ပြည်သူတွေကို သတ်ဖြတ်မှုတွေ စစ်ရာဇဝတ်မှု​တွေအများကြီးကျူးလွန်ခဲ့ပေမဲ့ ပြစ်ဒဏ်ကင်း လွတ်ခွင့်ရနေတဲ့ အခြေအနေအပေါ် နိုင်ငံ တကာကို ဘာသတင်းစကား ပြောလိုလဲ။ အထူးသဖြင့် အိမ်နီးချင်း၊ တရုတ်နဲ့ ထိုင်း၊ အိန္ဒိယ နိုင်ငံတွေကိုရော ဘာတိုက်တွန်းလိုလဲ။ အဲဒီလို အရေးယူမခံရတဲ့အပြင် အခုဆိုရင် အာဏာသိမ်းစစ်တပ်ကို အိမ်နီးချင်းတွေက ထိတွေ့ဆက်ဆံမှု​တွေတိုးလုပ်လာတဲ့အပေါ် ဘယ်လိုမြင်လဲ။ အာဏာသိမ်းစစ်တပ်ကို တရားဝင် အသိအမှတ်ပြုလိုက်ခြင်းရဲ့ နောက်ဆက်တွဲက ဘာတွေဖြစ်လာနိုင်သလဲ။ သွေးစွန်းလက်ကို လက်စွဲနှုတ်ဆက်နေကြတဲ့အပေါ် ဘယ်လိုသတင်းစကားပါးလိုလဲ။ ဖြေ-အိမ်နီးချင်းနိုင်ငံများကအာဏာသိမ်းစစ် တပ်နှင့် ထိတွေ့ဆက်ဆံမှု တိုးလာခြင်းဟာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ထက် စစ်တပ်ရဲ့ တရားဝင်မှုကို မြှင့်တင်ပေးနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ တရားဝင်အသိအမှတ် ပြုမှုတွေ တိုးလာရင် နိုင်ငံရေးအဖြေရှာရေးနဲ့ တာဝန်ခံမှုရှိစေရေး ကြိုးပမ်းချက်တွေ ပိုမိုခက်ခဲလာနိုင်ပါတယ်။ မြန်မာပြည်သူ တွေရဲ့ အသံ၊ လူ့အခွင့်အရေးနဲ့ ရေရှည်ငြိမ်းချမ်းရေးကို ဦးစားပေးပြီးတာဝန်ယူမှုရှိတဲ့ထိတွေ့ဆက် ဆံမှုတွေကို နိုင်ငံတကာအသိုက်အဝန်းက ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ မေး-KWAN ကလည်း စစ်တပ်ကကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအ​​ပေါ် နိုင်ငံတကာက အရေးယူလာစေဖို့ ကြိုးပမ်းမယ်လို့အသိပေးထားပါတယ်။ဘယ်လိုလုပ်သွားဖို့ရှိပါသလဲ။ ဖြေ-KWANအနေနဲ့တော့စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာနဲ့ပတ်သက်တဲ့အထောက်အထားတွေကို စုစည်းတင်ပြပြီး နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂနဲ့ သက် ဆိုင်ရာ လူ့အခွင့်အရေးယန္တရားတွေဆီ ဆက် လက်တင်ပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူ/ခံမှုရှိလာစေဖို့၊ ပစ်မှတ်ထား အရေးယူမှုတွေနဲ့ တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက်နိုင်ငံတ ကာအဆင့်မှာ Advocacy ကို အားကောင်းကောင်း နဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မေး-စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ပိုကောင်းတဲ့ နိုင်ငံရဲ့အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့ ကရင်လက်နက်ကိုင်၊ ကရင်လူထုတွေ အပါအဝင် တော်လှန်ပြည်သူတွေ အဖွဲ့အစည်းတွေကို ဘာတိုက်တွန်းလိုလဲ။ ဖြေ-ကျမတို့ရဲ့အကြီးမားဆုံး တိုက်တွန်းချက်ကတော့ ကရင်ပြည်သူတွေရဲ့အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး ညီညွတ်မှု၊ အပြန်အလှန်လေးစားမှု၊မြင်သာထင်သာတဲ့ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေဖို့ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး တရားမျှတမှုနဲ့၊ ကျောသားရင်သားမခွဲခြားပဲ နိုင်ငံရေးကတိကဝတ်အတိုင်း တဦးပေါ် တဦးယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် အဖွဲ့အစည်းအားလုံးနဲ့ ပြည်သူအားလုံးက ဘုံရည်မှန်းချက် တစ်ခုတည်းအောက်မှာ လက် တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ လူထု​နွေဦး -ကျေးဇူးတင်ပါတယ်။ ။

  • 14 авг.2 063 просмотров1 пересылок

    без подписи

  • 14 авг.2 062 просмотров1 пересылок

    без подписи

  • 12 авг.2 062 просмотров22 реакций1 пересылок

    (ရန်ကုန်​ဆေးရုံကြီး(ပုံ​ဟောင်းဖြစ်ပါတယ်) ဓါတ်ပုံ-CJ

  • 14 авг.2 048 просмотров1 пересылок

    без подписи

  • 14 авг.2 006 просмотров

    без подписи

  • 14 авг.2 001 просмотров1 пересылок

    без подписи

  • 14 авг.1 994 просмотров48 реакций

    ပိုက်လိုင်း​စောင့်စစ်သားဆီက သိမ်းဆည်းရရှိတဲ့ လက်ပစ်ဗုံး ၊ဆိုင်ကယ်၊ဖုန်း ၊ငွေတချို့ နဲ့​သေဆုံးသွားတဲ့ စစ်သား ။ဓါတ်ပုံ-​တောင်သာPDF

  • 13 авг.1 990 просмотров34 реакций

    ဝက်လက်အနောက်ခြမ်းမှာ ‌‌‌ရေဘေးကြောင့် လူငယ် ၁ဦး သေဆုံး ဩဂုတ်၁၃၊၂၀၂၆။ကတ်သရင်း/People's Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဘေးကြောင့် (၁၈)နှစ်အရွယ်လူငယ် ၁ဦး ရေမြော ပါသေဆုံးခဲ့ပြီး ကျေးရွာ ၁၅ရွာ ရေနစ်မြှုပ်နေတယ်လို့ ရွှေပန်းကုန်းတိုက်နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။ ဩဂုတ် ၁၁ ရက်က လှ‌တွေကျေးရွာက (၁၈) နှစ်အရွယ်လူငယ်တွေ ‌‌ ရေကစားရင်း ၁ဦးဟာ ရေနဲ့မျောပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ "သမားရိုးက ၁ယောက်ကတော့ သူ့ရောဂါနဲ့ ဆုံးတာပါ။ရေဘေးကြောင့် သေဆုံးက ၁ဦးပဲရှိတယ်။ဒါပေမယ့် ရေဘေးဒုက္ခသည်ကတော့ တော်တော်များတယ်"လို့ ရွှေပန်းကုန်းတိုက်နယ်ပအဖတာဝန်ခံက ပြောပါတယ်။ ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဝင်နေတဲ့ ကျေးရွာ ၁၅ရွာ ရှိပြီး ပြည်သူအားလုံးကို ကယ်ထုတ်ပြီးကာ တရိစ္ဆာန်တွေကို ဆက်လက်ကယ်ထုတ်နေတယ်လို့ ဆိုပါတယ်။ " တပ်ရင်းတွေဦး ဆောင်ပြီး ကယ်ဆယ်ရေးတွေဆက်တိုက်လုပ်နေတယ်။ပထမဆုံးက လူ့အသတ်ဦးစားပေး ပေါ့။အခုကလူကယ်ပြီးတော့ သူတို့ကလည်း တငိုငိုတရယ်ရယ်နဲ့မို့ နွားတွေထုတ်ပေးနေတယ်။မနေ့က အကောင်၁၀၀ကျော်ထုတ်ပြီးပြီ။ဒီနေ့ အကောင် ၁၆၀ လောက်ကျန် သေးလို့ဆက်ထုတ် နေတယ်"လို့ ရွှေပန်းကုန်းတိုက်နယ် ပအဖ တာဝန်ခံက ပြောပါတယ်။ သဖန်းဆိပ်ရေလှောင်တမံက ရေလွှတ်ခဲ့ပြီးတဲ့နောက် မူးမြစ်ရေလျှံခဲ့သလို ဆည်ကျိုး‌‌မှု တွေဖြစ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ ဩဂုတ် ၆ရက်ကတည်းက ရေကြီးနေတာပါ။ ​ရေ​ဘေးဒဏ်အဆိုးဆုံးရင်ဆိုင်​နေရတဲ့ စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MOSLHA)က ဩဂုတ် ၁၁ရက်မှာထုတ်ပြန်ပါတယ်။ သဖန်းဆိပ်ဆည်က ​ရေလွှတ်တာ ၊မိုးသည်းထန်စွာရွာသွန်းတာ​တွေ​ကြောင့် သဖန်းဆိပ်ဆည်​အောက်ဘက် မူးမြစ်ကမ်းတ​လျှောက်မြို့နယ်​တွေမှာ ​သြဂုတ် ၆ ရက်ကစပြီးရေ​ဘေး ရင်ဆိုင်​နေရတာဖြစ်ပါတယ်။ ​ရေ​ဘေး​ကြောင့် ​သေဆုံးသူအ​ရေအတွက်ဆက်တိုက်တိုး​နေရာ NUGရဲ့ သြဂုတ် ၁၁ ရက် စာရင်း​တွေအရ ​ကျွန်းလှမြို့နယ်မှာ ၈ ဦး ၊ ဒီပဲယင်းမြို့နယ်မှာ ၇ ဦး ၊ကောလင်းမြို့နယ်မှာ ၃ ဦး​သေ ၂ ဦး​ပျောက်ဆုံး ၊တန့်ဆည်မှာ ၂ ဦး ၊​ရွှေဘို မှာ ၁ ဦး ၊ကန့်ဘလူမှာ ၁ ဦး ၊ခင်ဦး ၁ ဦး ​သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကိုင်းတိုင်း မြို့နယ် ၁၃ မြို့နယ်မှာ ရေ​ကြီး​ရေလျှံ​နေပြီး ​ရေသင့်ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။ဒါ့အပြင် ကလေးနဲ့ မြောင်မြို့ နယ်ရှိရွာအချို့မှာ ရေဝင်ရောက်နေတဲ့အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး လိုအပ်သလိုအရေးပေါ် တုံ့ပြန်မှုလုပ်ငန်း​တွေကို ဆောင်ရွက်​နေတယ်လို့ဆိုပါတယ် ။

  • 14 авг.1 989 просмотров46 реакций

    တောင်သာ တရုတ်ဓါတ်​ငွေ့ပိုက်လိုင်း စောင့်ဒုဗိုလ်တဦးကို PDF ​တွေပစ်ခတ်ရှင်းလင်း ဩဂုတ်-၁၄၊၂၀၂၆။ကတ်သရင်း/People's Spring မန္တလေးတိုင်း၊တောင်သာမြို့နယ်၊တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းစောင့် ဒုဗိုလ်တဦးကို အရှင်ဖမ်းဖို့ကြိုးစဉ် ခုခံတာ ကြောင့် ပစ်ခတ်ဖမ်း ဆီးခဲ့တယ်လို့ တောင်သာ People Defense Forceက ထုတ်ပြန်ထားပါတယ်။ ဩဂုတ်လ ၁၃ ရက် ၊မနက်၇နာရီမှာ ဝဲလောင်စခန်းကို အေးရွာ ဓါတ်​ငွေ့ပိုက်လိုင်းအထိုင်ဂိတ် က စစ်သား တွေ အရပ်ဝတ်နဲ့သွားလာ နေတယ်ဆိုတဲ့ သတင်း ကြောင့် တောင်သာ People Defense Force(TTA-PDF)တပ်သားတွေ ကင်းပုံးဝတ် စောင့်ဆိုင်းခဲ့ပါတယ်။ အဲဒီအချိန် အေးရွာဓါတ်​ငွေ့ပိုက်လိုင်းက နေ ဆိုင်ကယ်နဲ့ပြန်လာတဲ့စစ်တပ်ရဲ့၇၈(ကြည်း) မှ ဒုဗိုလ်မောင်သိန်းကိုတားဆီးပြီး ဖမ်းဆီးဖို့ကြိုးစားပေမယ့်လက်ပစ်ဗုံးထုတ်ကာပြန်လည်ခုခံဖို့ကြိုးစားတာ ကြောင့် ပစ်ခတ်လိုက်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ "ဒီကောင့်ကိုချော့ခေါ်တာပါ။မရလို့ ပစ်လိုက်ရတာ"လို့ ဖြစ်စဉ်ကိုသိတဲ့ တော်လှန်ရေး ရဲ ဘော်တဦးက ပြောပါတယ်။ ဒုဗိုလ်မောင်သိန်းဆီက နေလက်ပစ်ဗုံးတလုံး၊ဆိုင်ကယ်တစီး၊ငွေသားတချို့နဲ့ဗုံးတလုံးကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့ TTA-PDF ကထုတ်ပြန်ထားပါတယ်။ မြန်မာ-တရုတ်ဓါတ်​ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ​ဒေသ​တွေထဲက စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာစစ်တပ်က စစ်သား​တွေ ၊ရဲ​တွေကို ပိုက်လိုင်း​စောင့်စခန်း ထားပြီး​စောင့်ခိုင်းတာမှာ ​တောင်သာမှာလည်း ပိုက်လိုင်း​စောင့်စခန်းရှိတာဖြစ်ပါတယ် ။ တရုတ်က ရခိုင်ပြည်နယ် ​ကျောက်ဖြူက​နေ တရုတ်နိုင်ငံထိ​ သဘာဝဓါတ်​ငွေ့​ နဲ့​ရေနံ​တွေကိုအဲဒီပိုက်လိုင်းနဲ့သွယ် တန်းရယူတာဖြစ်ပါတယ် ။

  • 14 авг.1 967 просмотров53 реакций1 пересылок

    ရေဘေးသင့်နွားများအား ကယ်တင်လာစဥ်။ ဓါတ်ပုံ-ရွှေဘိုခရိုင်တပ်ရင်း ၁၇

  • 13 авг.1 944 просмотров30 реакций1 пересылок

    (ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်သပိတ်ဦးဆောင်ကော်မတီ)

  • 13 авг.1 913 просмотров3 пересылок

    без подписи

  • 13 авг.1 912 просмотров3 пересылок

    без подписи

  • 13 авг.1 911 просмотров3 пересылок

    без подписи

  • 14 авг.1 888 просмотров34 реакций1 пересылок

    ■​ဆောင်းပါး ငါ့နွားတွေ ရေမမွန်းစေရ ထွန်းညိုဦး/People's Spring အညာရေဘေးမှာ လူတွေနဲ့အတူ ဒုက္ခ ခံကြရတာ နွားတွေပါ။ မြန်မြန်ဆန်ကြီး တဝေါဝေါနဲ့ တက်လာတဲ့ ရေတွေကြောင့် လူတွေတင်မက နွားတွေပါမျက်ကလူးဆန်ပြာဖြစ်ကြရတယ်။ အညာသူ အညာသားတွေဟာ ကိုယ်နဲ့အတူတူ နှစ်ပေါင်းများစွာ ရာသီမရွေး အတူတူ ရုန်း ကန်ခဲ့ကြရတဲ့ ဒီနွား​တွေကို မထားခဲ့နိုင်ဘူး။ ဒီနွားတွေဟာ စစ်​​ဘေးရှောင်တော့လည်း အတူ တူ ပြေးခဲ့ကြရသူတွေ။ စစ်တပ်က လက်နက် ကြီးပစ်၊ လေကြောင်းကြဲရင်လည်း ပြည်သူတွေလိုပဲ သေဆုံးခဲ့ကြရတဲ့ နွားတွေ နည်းမှ မနည်းတာ။ "စပါးတွေ ရေမွန်းသွားလည်း ငါ့နွားတွေ ရေမမွန်းစေရဘူး။..စိုက်ထားတဲ့ သီးနှံတွေ ရေမျောသွားလို့ ပျက်စီးသွားပါစေ... ငါတို့မှာ နွားရှိနေသေးရင် လယ်ပြန်ထွန်လို့ ရသေးတယ်။ မြေပြင်ပြန်ပြုပြင်လို့ ရသေးတယ်။ နွားဆိုတာအညာသားယာသမားတွေအတွက် တော့ ရိုးရိုးတိရိစ္ဆာန်မဟုတ်၊ ဘဝရဲ့ကျောရိုး ၊ စိုက်ပျိုးရေးရဲ့သွေးကြော နဲ့ မိသားစုအတွက် အားကိုးရာအိမ်သားတဦးလိုပါပဲ"လို့ ရွှေဘိုခရိုင် တပ်ရင်း အမှတ် (၁၇)က ရေးသားပါတယ်။ ဒါ့ကြောင့်ပဲ အညာသူအညာသားတွေဟာ ရေတွေရွာထဲဝင်လာတော့ နွားတွေကို ရေလွတ်ရာ ပို့ဖို့ စီစဥ်ရတယ်။ ရေမြင့်တက်လာချိန်မှာ နွားတွေကို တိုင်မှာ ကြိုးမချည်ထားရဘူး။ ကြိုးချည်ထားရင် ရေတက်လာတဲ့အခါ ရေမကူးနိုင်ဘဲရေနစ်သေဆုံးတတ်တယ်။ကြိုးဖြုတ်ပေးထားမှသာ နွားတွေအလိုအလျောက် ရေကူးပြီးရေလွတ်ရာကိုတက်နိုင်တာပါ။ ရေဘေးသင့်ဒေသတွေမှာ နွားတွေကို ကယ် ဆယ်ထိန်းသိမ်းရတာဟာ လူတွေကို ကယ် ဆယ်ရတာထက် ပိုမိုခက်ခဲပြီး အန္တရာယ်များပါတယ်။ နွားတွေဟာ ရေဘေးကြုံရတဲ့အခါ လန့်ဖျပ်ပြီး ရေထဲကူးခတ်ရင်း လမ်းပျောက်တာ၊ မောပန်းပြီး ရေနစ်တာတွေ ဖြစ်တတ်တာမို့ပါ။ အညာသူအညာသားတွေဟာ နွားတွေကို အုပ်စုလိုက် ရေကူးပြီး ရေလွတ်ရာပို့ဖို့ စီစဥ်ရတယ်။ ​နွားတွေဟာ ရေကူးကျွမ်းကျင်ပေမဲ့ရေစီးသန်ရင် ကူးရခက်ခဲတတ်တယ်။ ဒါ့ကြောင့် လူတွေက နွားတွေဘေးကနေ လှေနဲ့ရေစီးကြောင်းအတိုင်း ထိန်းကျောင်းပေးရတယ်။ အဲဒီလို ခက်ခက်ခဲခဲ စွန့်စွန့်စားစား နွားတွေကို ရေလွတ်ရာ ကယ်ထုတ်ရတယ်။ ကယ်ထုတ်ချိန်မှာပဲ ရေစီးသန်လို့ နွားတချို့ ကူးရင်း မျောပါသွားတာတွေရှိတယ်။ နွားရှင်​​တွေခမျာ ရေထဲ ခေါင်းကလေး မြုပ်ချည်ပေါ်ချည်နဲ့ မျောပါသွားတဲ့ နွားလေးကိုကြည့်ရင်း မျက်ရ​က်ပေါက်ပေါက် ကျကြရတယ်။ သို့ပေသိ နွားတွေက ရေကူးတတ်ကြတော့ ရေသာတလှည့်မှာ​ အသက်ရှင်အောင်ကူးနိုင်မယ်လို့ ယုံကြည်ကြတယ်။ ကျန်တဲ့နွား​တွေ ရေလွတ်ရာရောက်တော့ ရေထဲမျောသွားတဲ့ နွားလေးတွေကို ပြန်ရှာဖို့ မြစ်ရိုးတလျှောက် အောက်ဘက် လိုက်ကြရပြန်တာပေါ့။ အဲဒီမှာ နွားတွေကို ကယ်တင်ပေးထားကြသူတွေနဲ့လည်း ကြုံရသလို နွားတစ်ကောင် ဘယ်လောက်ဆိုပြီး ပြန်တောင်းကြတဲ့သူ အနည်းစုနဲ့လည်း ဆုံကြရပါသေးတယ်။ ရေလွတ်ရာကုန်းပေါ် နွားတွေရောက်တော့လည်း နွားစာအတွက်ကို ခက်ခက်ခဲခဲ သွားရှာပို့ရတယ်။ ရေကြီးချိန် နွားတွေ အစာရေစာ ငတ်မွတ်တတ်သလို ရေနောက်တွေ သောက်မိရင်လည်း ဝမ်းပျက်တတ်လို့ သန့်ရှင်းတဲ့ ရေချိုနဲ့ မြက်ခြောက်တွေ ကောက်ရိုးတွေရအောင် စီစဥ်ပေးရပြန်တယ်။ ရေကျပြီးရင်လည်း နွားတွေမှာ ရောဂါတွေ ဝင်လာတတ်လို့ ဂရုစိုက်ရပါဦးမယ်။ နွားစာပို့နေတုန်းတဝေါဝေါအသံကြားလို့ မော့ ကြည့်တော့ အာဏာသိမ်းစစ်တ​ပ်ရဲ့ လေယာဥ်ပါ။ လူတွေရော တိရိစ္ဆာန်တွေပါ ရေကြီးလို့ ဒုက္ခရောက်နေချိန်လေကြောင်းကနေရေဘေး သင့်ပြည်သူတွေကို ပစ်ခတ်နေတုန်းပါ။ ဘယ် လောက်ပဲအန္တရာယ်တွေများနေပါစေ။ အညာ သူအညာသားတွေကတော့ သူတို့ နွားတွေအတွက် အစာရှာတုန်း ပို့ကြတုန်းပါ။ နွားတွေကို ကယ်ခဲ့ကြတဲ့ ရွှေဘိုခရိုင် တပ် ရင်း အမှတ် (၁၇)ကတော့ "ရေတွေပြန်ကျသွားတဲ့တစ်နေ့။ ဒီနွားလေးတွေနဲ့ပဲ ရွှံ့နွံတွေကြားထဲမှာ ခြေခြေမြစ်မြစ် ပြန်ရုန်းကန်ကြမယ်"တဲ့။ ။

  • 13 авг.1 884 просмотров44 реакций1 пересылок

    без подписи

  • 13 авг.1 861 просмотров3 пересылок

    без подписи