Poem by Heart (ကဗျာနှင့်နှလုံးသား)
Статистикаစိတ်ခံစားချက်ပေါ်မူတည်ပြီး အတက်နိုင်ဆုံးမျှဝေရေးသားတာပါ ဆန္ဒရှိသလို ၀င်ဖတ်နိုင်ပါတယ် ✍️
- Последний пост
- 5 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 70
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 68
- 1/48двое суток
- 77
- 1/72трое суток
- 84
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
အမေရယ် တခြားသူတွေအတွက်တော့ အရာရာဟာ လက်တစ်ပစ်စာရယ်ပါ သားမှာတော့... ယူဇနာသန်းပေါင်းများစွာဝေးကွာလို့။ #မောင်ချောနွယ်
ပြောစရာစကားတွေ အများကြီးရှိနေခဲ့ပေမဲ့ အခုတော့ ပွစိပွစိလည်း မလုပ်ချင်တော့ဘူး၊ စကားတွေအများကြီးလည်း မပြောချင်တော့ဘူး။ စကားတွေ အပြန်အလှန် အများကြီးပြောမိရင် နောက်ဆုံးတော့ ရန်ဖြစ်စကားများပြီး စိတ်ဆိုးဒေါသထွက်စရာတွေပဲ အဖက်တင်ကျန်ခဲ့တာလေ။ ကိုယ့်ဘက်က ဘယ်လောက်ပဲ နားလည်အောင် ရှင်းပြရှင်းပြ၊ ဘယ်လောက်ပဲ ရင်ဖွင့်ဖွင့် အဆုံးသတ်မှာတော့ ကိုယ်ပဲ စိတ်မကောင်းဖြစ်ရတယ်၊ ကိုယ်ပဲ မျက်ရည်ကျရတာပဲ အဖတ်တင်တယ်။ နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်သွားတဲ့အထိ ခံစားရပြီးမှ ကိုယ်ပဲ ငိုကြွေးနေရတဲ့ သံသရာကို တကယ်ပဲ စိတ်ကုန်သွားမိပြီ။ မင်းနဲ့ ပတ်သက်လာရင် ကိုယ်က အမြဲတမ်း စိတ်ပူတတ်လွန်းလို့၊ ဂရုစိုက်မိလွန်းလို့ အနားမှာ တတွတ်တွတ်နဲ့ စကားတွေအများကြီး ပြောခဲ့မိတာပါ။ ဒါပေမဲ့ အဲဒီလို ပြောမိတာတွေက မင်းအတွက်တော့ နားငြီးစရာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ဖြစ်နေခဲ့ပုံရတယ်။ ကိုယ်က ရင်ထဲရှိတာ အကုန်ပုံအော်ပြောပြီး နာကျင်ရသလို၊ ကိုယ့်စကားတွေကြောင့်ပဲ မင်းနဲ့ကိုယ်ကြားထဲမှာ အဆင်မပြေမှုတွေ ပိုတိုးလာတာကို မြင်ရတာလည်း ကိုယ့်အတွက်တော့ ငရဲပါပဲ။ ဒါကြောင့် နောက်ဆို ကိုယ် ဘာမှမပြောတော့ဘူးနော်။ စကားလုံးတွေ ခြောက်ကပ်သွားတာက ရန်ဖြစ်ရတာထက်စာရင် ပိုပြီးအေးချမ်းလိမ့်မယ်လို့ ကိုယ်ယုံကြည်လိုက်ပြီ။ ကိုယ့်ရဲ့ မျက်ရည်တွေကိုလည်း အလဟဿ အကျမခံချင်တော့ဘူး။ မင်းစိတ်တိုင်းကျ၊ မင်းအလိုကျ ငြိမ်သက်ပေးပါ့မယ်။ ကိုယ်တွေကြားထဲမှာ စကားသံတွေ နည်းသွားတာကပဲ အဝေးဆုံးကို ဝေးမသွားအောင် ထိန်းထားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်မယ်ထင်လို့ ကိုယ် ဒီအတိုင်းပဲ တိတ်တိတ်ဆိတ်ဆိတ် နေပေးတော့မယ်နော်။
ရှေ့မှာ စံပယ်ပန်းတွေ သွားနေတော့ နောက်မှာ ဆွတ်ပျံ့ကျန်ခဲ့ပြီ ဒီ နံနက်ခင်းလေး ဒီ ဆုံဆည်းမှုလေး စောစောအိပ်ရာထရုံနဲ့ ရခဲ့တာလား ဘ၀များစွာ လာခဲ့ရတာလား ဒီအသက်လေး ဖက်နဲ့ထုပ်ထားပါရစေ -သုခမိန်လှိုင် #Mᴀʏ
ကျွန်တော် စာလေးတစ်ကြောင်းဖတ်ဖူးတယ် "ရေဆာတယ်ပြောတာကို အချိုရည်ပေးပြီး ငါဒီလောက်ကောင်းပေးနေတာလို့မပြောပါနဲ့ အချစ်ရယ် ငါတောင်းတာရေပါ" တဲ့ ဟုတ်ပါတယ်... မင်းတောင်းဆိုတာက ရိုးရှင်းတဲ့ 'ရေ' တစ်ခွက်ဆိုတာ သိပေမယ့် ကိုယ့်မှာရှိသမျှထဲက အကောင်းဆုံးနဲ့ အချိုမြိန်ဆုံးလို့ ထင်ရတဲ့ 'အချိုရည်' ကိုပဲ မင်းကို အတင်းတိုက်ကျွေးမိခဲ့တာ ကိုယ့်အပြစ်ပါ။ ဒါပေမယ့် တစ်ချက်လောက်တော့ ကိုယ့်ဘက်ကို ငဲ့ကြည့်ပေးပါဦး။ ကိုယ့်မှာ ရေငတ်ပါစေဆိုတဲ့ စိတ်မွေးပြီး ဂရုမစိုက်ဘဲ ထားခဲ့ဖို့က ပိုလွယ်ပါတယ်။ မင်းအာခေါင်တွေ ခြောက်ကပ်ပြီး ပင်ပန်းနေတာကို ကြည့်ရက်တဲ့ စိတ်သာ ရှိခဲ့ရင် အစကတည်းက ကိုယ်ဘာမှ လုပ်ပေးနေမှာ မဟုတ်ဘူး။ မင်းအတွက်ဆို အကောင်းဆုံးတွေပဲ ဖြစ်စေချင်တဲ့ စိတ်ဇောကြောင့် ကိုယ့်မှာရှိတဲ့ အချိုမြိန်ဆုံးအရာတွေကိုမှ ရွေးပြီး ပေးမိခဲ့တာပါ။ ကိုယ့်ရဲ့ မေတ္တာတွေဟာ မင်းအလိုရှိတဲ့ ပုံစံခွက်ထဲကို အံဝင်ခွင်ကျ မဖြစ်ခဲ့ဘူးဆိုရင်တောင် အဲ့ဒီစေတနာတွေနောက်မှာ မင်းကို တန်ဖိုးထားလွန်းတဲ့ စိတ်တစ်ခုပဲ ရှိခဲ့တာပါ။ ငါပေးတာ ရေမဟုတ်လို့ မင်းငြင်းပယ်နိုင်ပေမယ့် ငါ့ရဲ့စေတနာတွေကိုတော့ အပြစ်မမြင်လိုက်ပါနဲ့။ မင်းလိုအပ်တာနဲ့ ငါပေးနိုင်တာ လွဲချော်သွားခဲ့တာဟာ ငါ့ရဲ့ အချစ်မတတ်မှု သက်သက် ပါပဲ။ ကိုယ်ပေးတဲ့ အချိုရည်က သူ့အာခေါင်ကို မစိုပြေစေခဲ့ဘူးဆိုရင်တောင် အဲ့ဒါဟာ ကိုယ်ပေးနိုင်တဲ့ အကောင်းဆုံးသော မေတ္တာတွေဆိုတာတော့ သိစေချင်မိတယ်။ #crd -sharr nyo
ဘာကိုမှမတုန်လှုပ်တော့တာ ဘယ်လောက်ခြောက်ခြားဖို့ကောင်းလဲ မေတ္တာတရားနဲ့ လွတ်အောင်ရှောင်ဖို့ ကမ္ဘာဟာ လုံလောက်အောင် မကျယ်ဝန်းခဲ့ဘူး ဘယ်သူ့ကိုမှ မချစ်တော့တာ အန္တရာယ်ရှိတယ် ။ -ယဉ်ဝယ်ထက် #Mᴀʏ
ငါတို့တကယ်ကိုဝေးသွားကြပြီ သရဖီ ========================== မင်းနာမည်လေး အကျယ်ကြီးအော်တယ် ပြီးတော့ လွမ်းတယ်လို့တိုးတိုးလေးအော်တယ် ပါးစပ်ထဲ အရက်ရည်တွေလောင်းထည့်အပြီး မျက်လုံးထဲကနေ မျက်ရည်တွေပြန်ကျတယ် ဒါဟာ အရည်သံသရာလည်ပုံလား သရဖီ ငါတို့ရောသံသရာမှာပြန်ဆုံဦးမှာလား ဘဝသံသရာဟာ တကယ်လည်တယ်ဆိုရင် ကမ္ဘာကြီးတစ်ထောင့်မှာ ငါစောင့်နေမယ် သရဖီ နင်နဲ့ငါဆုံကြမှာပါ အခုနင်မရှိတော့ လောကကို အရွဲ့တိုက်တယ် အရက်ပုလင်းတရွတ်တိုက်ဆွဲတယ် နောက်ပြီးတော့ သရဖီကိုခေါ်သွားတဲ့သေမင်းကို တွေ့ရင်တွေတဲ့နေရာ ငါဆဲမယ် သရဖီဟာ အစောကြီးထွက်ခွာသွားရ သရဖီ သေကွဲကွဲခြင်းမှာ ငါတို့တွေ ကံစမ်းမဲနှိုက်ခဲ့ကြလေသလား မြေအောက်မှာ အေးချမ်းနေတဲ့နင် မြေပေါ်မှာ ပူလောင်နေတဲ့ငါ ဘဝဟာ ငါသောက်တဲ့အရက်လို ခါးနေတာပဲ နေပြည်တော်အဝေးပြေးလမ်းမှာ ငါတို့တွေအတူလျောက်ခဲ့ကြတယ် မူဆယ်အဝေးပြေးလမ်းမှာ နင်တစ်ယောက်တည်းထွက်ခွာသွားရက်တယ်ဟာ နင့်ဝိညာဉ်လေးပါလာမလားလို့ ရိုက်ပြီးခေါ်လာခဲ့တဲ့ တမာခက်လေးဟာ ငါ့ဘဝလိုနွမ်းလျလျ ခြောက်ခြောက်သွေ့သွေ့ စိုပြေမလားလို့ အရက်ရည်နဲ့လောင်းခဲ့တာ မူးနေတဲ့အချိန်တော့ ငါအဆင်ပြေတယ် သရဖီ တစ်ခြားမိန်းကလေးတွေနဲ့စကားပြောတဲ့အခါ အပုတ်နံလေးတွေပေးတတ်တဲ့ သရဖီ ငါမရှိရင် နင်မဖြစ်ဘူးဆိုပြီး နင်ငါ့ကိုထားသွားတာ အခုတော့ အရက်ပုလင်းတွေနင့်အစားနေရာတွေယူလို့ နင်ဟာငါ့ဘဝရဲ့လမ်းပြကြယ်ပါလို့ ငါပြောခဲ့တာတွေ ပညတ်သွားရာ ဓာတ်သက်ပါခဲ့တာလား ပြောခဲ့တဲ့ ငါ့ပါးစပ်ကိုရိုက်ပစ်လိုက်ချင်တယ် ဒါနဲ့ ဟိုး...နားကကြယ်လေးဟာ နင်လား သရဖီ သရဖီ တွေ့လား (ငါ့ဘေးနားရှိရင်နင်မြင်မှာပါ) ဟိုးမှာ ကြိုးပြတ်သွားတဲ့ စွန်လေး လေယူရာလွင့်နေတယ် အဲ့ဒီစွန်လေးဟာ ငါပေါ့ သရဖီ ပြတ်သွားတဲ့ကြိုးလေးက နင်.. ငါလည်း အချိန်တိုင်းမလွင့်နိုင်ဘူး တစ်ချိန်မှာမြေခမယ် တမလွန်မှာဆုံကြမယ်မဟုတ်လား သရဖီ နတ်သမီးလိုလှတဲ့ သရဖီ နတ်သမီးလေးတကယ်ဖြစ်လေပြီလား နင့်ဓာတ်ပုံတွေမှာ ဘာဓာတ်တွေထည့်ထားသလဲ ငါ့မှာကြည့်မိတိုင်းမျက်ရည်တွေကျလိုက်ရ အရင်လိုအပုတ်နံမရတော့ဘူး ဟိုး..နားကကြယ်လေးမရှိတော့ဘူး နင်ဘယ်မှာလဲ သရဖီ နင်ဘယ်မှာလဲ နင်ဘယ်ကောင်းရာသုဂတိမှမလားနဲ့ဟာ ငါ့ဆီပဲပြန်လာပါ ဟော့ဒီကောင်က ဟော့ဒီလို အတ္တတွေထားနေပေမဲ့ ငါတို့ဟာတကယ်ကို ဝေးသွားကြပြီပဲ သရဖီ...။ -နောင်ဒေါန
တကယ့်ဘဝမှာ happy ending မရှိဘူး မင်းလက်မခံချင်လည်း အမှန်တရားပဲ အခုမခွဲရရင် နောက်ခွဲရမှာပဲ ရှင်ကွဲ မဟုတ်ရင် သေကွဲပေါ့... ချစ်ခြင်းမေတ္တာဆိုတာ ကျန်ရစ်ခဲ့ရခြင်းပါပဲ ပက်ထရစ် မင်းကျန်ရစ်မလား သူကျန်ရစ်မလားပေါ့လေ...။ Bunny
@တစ်ချို့ အရပ်တွေကို ကျွန်တော်တို့ဘယ်တော့မှ ခြေဦးလှည့်ဖြစ်တော့မှာမဟုတ်ပါဘူး ။ အချိန်အကြာကြီး ရပ်ခဲ့သလောက် ကိုယ့်ဖက် ပြန်ငဲ့ကြည့်ဖို့ မေ့နေတဲ့ အရပ်တွေကို ပြန်ငေးကြည့်လို့လဲ ပြန်လွမ်းစရာရယ်လို့ လောက်လောက်လားလားမှ ရှိမနေတော့တာ။ ကိုယ်ဖက်က တက်နိုင်တာထက် ကိုယ်ပေးခဲ့သလောက်ကိုယ်အတွက်ရယ်ဆိုပြီး ဘာတုန့်ပြန်မှုမှ ရှိမနေခဲ့တာပါ။ အချိန်တွေက လွန်သွားခဲ့ပြီးပါပြီ။ အတိတ်တွေကို ကျွန်တော်တို့ ပြန်ပြင်လို့ရမနေတော့ဘူး ဒါပင်မယ့်..... ရှေ့ဆက်မယ် အနာဂတ်တွေမှာတော့ ကျွန်တော်တို့က ဆင်ခြင်လို့ ရတယ် မဟုတ်လား ။ လွမ်းလောက်စရာ မရှိပါဘူးဆိုတဲ့ စကားကို သုံးပြီး ဘယ်တော့မှခြေဦးလှည့်ဖြစ်တော့မှာမဟုတ်တဲ့အရပ်တွေဟာ ကျွန်တော်တို့အတွက် ရှ်ိတတ်ပါတယ် ။ အဲဒီအရပ်က နောင်တရယ် နာကျင်စရာရယ် သင်ခန်းစာတွေရယ် လုံလောက်တာထက် ပို ပေးခဲ့ပါတယ်။
❝ ဘဝမှာ မင်းရှိခဲ့ဖူးကြောင်း အထောက်အထားဆိုလို့ ပုံပျက်ပန်းပျက်ဖြစ်သွားတဲ့ ငါကိုယ်တိုင်ပဲ ကျန်တော့တယ်။ ငါတို့က တစ်သက်လုံးအတူရှိလို့ရပါတယ်။ ဒါပေမယ့် အတူရှိနေရင်တောင် အတူဖြစ်နေတော့မှာမဟုတ်ဘူး။ မီးရထားသံလမ်းတွေကို တွေ့တိုင်း ငါဒါကိုပိုပိုနားလည်လာခဲ့တယ်။ ဝေးကွာတယ်ဆိုတဲ့ စကားလုံးနဲ့တောင် ပုံဖော်လို့မရတဲ့ မနီးစပ်ခြင်းမျိုးကို ငါတို့ရရှိခဲ့ကြပါတယ်။ နောက်တော့လည်း တွေ့ဆုံခြင်းဆိုတာဟာ အာကာသထဲက ဥက္ကာခဲအချင်းချင်း တိုက်မိတဲ့အခိုက်အတန့်တွေလိုမျိုးပဲလို့ ခံစားမိလာတယ်။ကမ္ဘာက အကျယ်ကြီး။ ငါတို့တွေ့ဖို့အတွက် အခွင့်အရေးက အများကြီးမရှိ။ ဒါပေမယ့်ငါတို့တွေ့ခဲ့ကြတယ်။ တစ်နည်းအားဖြင့် ငါတို့တိုက်မိခဲ့ကြတယ်။ ပြီးတော့ အပွန်းအပဲ့ကိုယ်စီနဲ့ ကိုယ့်လမ်းကို ဆက်လက်ထွက်ခွာခဲ့ကြတယ်ပေါ့။ မျက်လုံးမှိတ်လိုက်တိုင်း မိုးတွေရွာနေတယ် ငါ့လက်နှစ်ဖက်မှာ နှင်းတွေခဲနေတယ် ငါတို့ဘယ်တော့မှ စကားမပြောဖြစ်ကြတော့ဘူး ။ - - ဆပ်ရိပ် - -
တစ်ချိန်လုံးအလိမ်ခံခဲ့ရတဲ့ အဖြစ်အပျက်ကိုနောက်ကျမှ ပြန်သိခဲ့ရခြင်းတွေက နာကျင်ရတာထက်ပိုပါတယ်... #ကျေးကို
မနက်စာတဲ့လား တော်ပြီ ဆေးလိပ်တစ်ပွဲပဲပေးပါကျွန်တော်ပင်ပန်းနေပြီ....
"ဝဿန်" "အော်" အတိတ်တွေအတိတ်တွေ အတိတ်တွေဟာလှခဲ့ပါတယ်။ အတိတ်မှာတွေ့ခဲ့သူဟာသိပ်ကိုလှပါတယ်။ အပြုံးများလဲလှသလို လှည့်စားသွားပုံလေးဟာလဲသိပ်လှလေရဲ့။...
"ဝဿန်" "မိုးရေစက်တို့တဖွဲဖွဲကျသောအခါ ပြာသောကောင်းကင်မှာအုံ့မှိုင်းညိုသောအခါ အလွမ်းတွေတစ်သီတစ်တန်းကြီးဝင်လာသောအခါ ပါးပြင်တို့မှာနွေး၍ မျက်ဝင်းညိုတို့မှာရွှန်းရွှန်းစိုသည်။"
နောက်ဘဝပြန်စုံရဖို့ ကုသိုလ်လုပ်ရင်း အမျှဝေရင် ရှင်ဿဓုခေါ်ပါ့မလား #mz
без подписи
ပိုကောင်းနိုင်တဲ့အသစ် တစ်ယောက်ရောက်လာခဲ့ရင် ထားခဲ့ခံရတာသဘာဝပဲလား #marax
ဒီဘဝနဲ့ မလုံလောက်လို့ နောက်ဘဝအထိ ကူးချစ်ရမယ်ဆိုရင်တောင် ဒီသံသရာနဲ့ လုံလောက်ပါ့မလား ။ -ခက်သီ #Mᴀʏ
ဘာပဲနေနေပါ ချစ်နေသ၍တော့ ဆက်ချစ်ရဦးမည်ပေါ့ကွယ် ဝဋ်ကြွေးကုန်ရင်တော့ ဒီဘဝဒီမျှကိုလဲအကိုတို့လက်ခံရမှာပဲမင်းပြုံးပါစေအကိုငိုပါရစေပေါ့... ✒️Sharr Nyo✒️
မုန်းနေသူအတွက် ကမ္ဘာကြီးက မရှောင်နိုင်အောင် ကျဉ်းပါတယ် ချစ်နေသူအဖို့ ကမ္ဘာကြီးက မဆုံနိုင်အောင် ကျယ်လွန်းရဲ့ တစ်ခါတလေ ဆုံချင်စိတ်နဲ့ မင်းကိုမုန်းပစ်ချင်တယ်ကွယ် -ဆန်းကျော်စွာဝင်း #Mᴀʏ
အဆင်မပြေမူ ဆိုတိုင်း အချစ်ရေးလို့ မထင်လိုက်ပါနဲ့ တစ်ချို့ အဆင်မပြေမှုတွေက ဘဝနဲ့ဆိုင်တယ် ။ -ကွန်းခိုရာ #Mᴀʏ