- Последний пост
- 28 апр.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 8
- Тип
- открытый
- Язык
- my
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
Crankshaft/Camshaft , Timing Chain တွေ လဲပြီးတဲ့ချိန် ချက်မီးလင်းပြီး Error Code တက်ရင် Reset ချနည်း Mazda CX5 -Skyactiv-D Engine တွေမှာ Crankshaft/Camshaft , Timing Chain တွေ လဲပြီးတဲ့ချိန် ချက်မီးလင်းပြီး Error Code တက်ခဲ့ရင် Scanner တွေနဲ့ Reset လုပ်မရပါဘူး ။ ချက်မီးတွေ ပြန်ပြန်လင်းပါတယ် ။ အဲ့လိုမျိုးဖြစ်ခဲ့ရင် အခု Video မှာပါတဲ့ အတိုင်း Manual Reset နည်းနဲ့ Reset ချလို့ရပါတယ် ။ အခု Video မှာပြသထားတဲ့အတိုင်း လုပ်ရင် Reset ဖြစ်ပြီး Error Code တွေ ပျောက်မှာဖြစ်ပါတယ် ။ အကယ်လို့ တကြိမ်တည်းနဲ့ မရရင် အစကနေ နောက် တကြိမ်ထပ်လုပ်ရမှာဖြစ်ပါတယ် ။ ဒီလိုမျိုး ဝါယာရိန်းနည်းပညာတွေကို အွန်လိုင်းကနေ လေ့လာချင်တယ်ဆိုရင် မကြာခင် ဖွင့်လှစ်မယ့် အွန်လိုင်း သင်တန်းတွေကို တက်ရောက်နိုင်ပါတယ် ။ https://www.facebook.com/share/p/1CCcqJAgFb/ နည်းပညာ လေ့လာသူ မိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။ • • ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။ • • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက • https://www.facebook.com/share/p/1DjxMSfYxy/ • Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက https://www.facebook.com/share/p/1CCcqJAgFb/ • EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက • https://www.facebook.com/share/p/15utwgmKCW/ • Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။ • https://t.me/Primeautotechnology • Lynn Za Nee ( P.T.U) • Prime Auto Technology
Spotlight Wiring တွေ ဘယ်လိုဆင်မလဲ ? Relay ထုပ်တွေကို ဘယ်လို လိုင်းတွေပြောင်းလို့ရမလဲ ? ရှေ့မီးကြီးတွေနဲ့ Relay ထုပ်တွေကို ဘယ်လိုချိတ်ဆက်မလဲ ?
https://www.tiktok.com/@lynnzanee1991/video/7600006581421395217?is_from_webapp=1&sender_device=pc
без подписи
အဲကွန်းဂတ်စ် Pressure တွေ မှန်ရဲ့သား ဘာလို့မအေးတာလဲ ? Toyota Harrier ကားလေးတစီးမှာကြုံရတာပါ ။ အဲကွန်းမအေးလို့ဆိုပြီး စစ်ကြည့်တော့ AC Gas Pressure တွေက High Side , Low Side အကုန်ပုံမှန်ပါပဲ ။ ဒါပေမယ့် အဲကွန်းက လုံး၀ မအေးပါဘူး ။ အဲ့ဒါနဲ့ လိုက်စစ်ကြည့်တော့ Fan Motor တွေလွဲနေတာသွားတွေ့ပါတယ် ။ သေချာအောင် အပူကွိုင် Condenser ကိုရေထိုးကြည့်တော့ High Side က Pressure ထိုးကျသွားပြီး အဲကွန်းက စအေးလာပါတယ် ။ သေချာပါပြီ Fan Motor အမှန်တွေထည့်ရင် လုံး၀အေးသွားမှာပါလို့ Customer ကိုပြောပြီး Fan Motor တွေ ချိန်းပေးလိုက်တာနဲ့ လုံး၀ကို ကားက အေးသွားပါတယ် ။ ကားမှာ Original မဟုတ်တဲ့ Fan တွေကို ထည့်ထားတဲ့အခါ တချို့ကားတွေမှာ Heat မတက်ဘဲ သုံးလို့ အဆင်ပြေပေမယ့် ၊ အခုလို အဲကွန်းနဲ့ ပတ်သတ်ပြီး ပြဿနာတက်တတ်ပါတယ် ။ တချို့ကားတွေမှာတော့ အဲကွန်းတင်မကဘဲ Heat ပါ တက်တတ်ပါတယ် ။ ဘာလို့ Fan Motor တွေထွင်ထည့်တဲ့အခါ အဲကွန်းတွေမအေးရတာလဲဆိုရင် Condenser ကနေ Heat Exchange လုပ်တာ ပုံမှန်မဟုတ် နှေးကွေးပြီး အပူစွန့်ထုတ်မှု နောက်ကျသွားလို့ ပုံမှန်ထက် အအေးနှုန်း ကျသွားလို့ပါပဲ ။ ပုံမှန်သူ့ကားမှာပါတဲ့ Original Size Fan Motor တွေ ထည့်ပြီးတဲ့အခါ High Side က Gas Pressure ကိုကြည့်ပြီး လိုတယ်ဆို အနည်းငယ်ထပ်ဖြည့်ပေးဖို့လိုပါတယ် ။ ပုံမှန် Size ထပ်သေးတဲ့ Fan Motor တွေ တပ်ထားတဲ့အခါ Heat Transfer နောက်ကျပြီး ပူလေ ဖိအားများလေဆိုတဲ့ ဆက်သွယ်ချက်အတိုင်း အပူကြောင့် ဖိအားတွေတိုးပြီး Pressure ပုံမှန်ဖြစ်နေသယောင်ဖြစ်နေတာပါပဲ ။ တခါတလေ Gas Pressure တိုင်းတဲ့ခါ ပုံမှန် Pressure တွေဖြစ်နေပြီး အဲကွန်းမအေးဘူးဆိုရင် ကားမှာပါတဲ့ Fan Motor တွေကို သတိထားပြီး ကြည့်ဖို့လိုတယ်ဆိုတာလေး ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ရပါတယ် ။ ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။ Prime Auto Technology ကနေ အသစ်ဖွင့်မယ် ကားဝါယာရိန်း နည်းပညာ သင်တန်းများ တက်ရောက်လိုပါက https://www.facebook.com/share/p/1D4s3jyeyJ/ • Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက https://www.facebook.com/share/p/16Dkac4f3J/ EFI Sensor နဲ့ OBD Wiring Online သင်တန်းတက်ရောက်လိုပါက https://www.facebook.com/share/p/15utwgmKCW/ ကားဝါယာရိန်း အွန်လိုင်း သင်တန်းများတက်ရောက်လိုပါက https://www.facebook.com/share/p/16z9BfKkFx/ Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။ https://t.me/Primeautotechnology Lynn Za Nee ( P.T.U )#Primeautotechnology
без подписи
без подписи