tgindex

Spring Talk

описание

We are delighted to have all of you in this show and we hope that you enjoy it with us.

1 086
подписчиков
Охват к подписчикам
58,2%
ERR
Реакции к просмотрам
0,40%
53 на 19 постов
Пересылки к просмотрам
0,60%
79
Постов в день
0,3
всего 21

Где отзываются чаще

доля реакций к просмотрам
  • 11 авг."အခြေခံစာရင်းကိုင် (Book-keeping)" သင်တန်း တက်ရောက်နိုင်ရန် ဖိတ်ခေါ်ခြင်း https://forms.gle/hx7W8D78Sa8AWiTo8 🌟 ဖိတ်ခေါ်ဖောင်တွင် သင်တန်းနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။ 💠 အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန (CDMA & HR Department) သည် ပညာရေးဝန်ကြီးဌာန၊ (၂၀၂၅-၂၆) မဟာဗျူဟာ ရည်မှန်းချက်များ ဖြစ်သော ရည်မှန်းချက် (၂) နှင့် (၃) တို့ကို ရှေးရှုလျက် အဓိကလုပ်ငန်းကြီး (၄) ကြားကာလ ပညာရေးဝန်ဆောင်မှုပေးခြင်း (အဆင့်မြင့်ပညာကဏ္ဍ) နှင့် ချိတ်ဆက်ကာ (Human Resources Development) လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်နှင့် ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၏ လေ့လာသင်ယူနေမှုများ အစဉ်သဖြင့် တိုးတက်နေစေရန် ရည်ရွယ်၍ Continuous Professional Development (CPD) program (Lecture Package Series) များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ 🤝 ယခုအခါ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနသည် "Tr. Moana (Bago UIC, Bago Region Higher Education Network)" နှင့် ပူးပေါင်း၍ “Technical Skill and Development Training” သင်တန်းအမျိုးအစားကို ဘာသာရပ်ဘုတ်အဖွဲ့ဝင်များ၊ ကြားကာလတက္ကသိုလ်ကောင်စီများ၊ မြို့နယ်ပညာရေးဘုတ်များ ရှိ ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၊ တိုင်းရင်းသားပညာရေးဌာနများမှ ဆရာ/မများ၊ ဒေသအလိုက် ဖက်ဒရယ်ယူနစ် အစိုးရများမှ ဆရာ/မများ အတွက် ပို့ချမျှဝေပေးနိုင်ပါရန် စီစဉ်နေပါသည်။ 🗓 သင်တန်းကာလသည် (၂၄.၈.၂၀၂၆) တွင် စတင်မည်ဖြစ်ပြီး သင်တန်းရက် တစ်ရက်လျှင် ဆွေးနွေးချိန်အပါအဝင် သင်တန်းချိန် (၂-နာရီ) ဖြစ်ပါသည်။ တနင်္လာနေ့ အပတ်စဉ်ဖြစ်ပြီး တပတ်လျင် ၁ ကြိမ် သင်တန်းရက် (၅) ရက်၊ သင်တန်းချိန် နာရီ (၁၀-၁၂) ကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းရက်များမှာ (၂၄.၈.၂၀၂၆) မှ (၂၁.၉.၂၀၂၆) ထိလျာထားပါသည်။ ✅ တက်ရောက်နိုင်မည့် သင်တန်းသားဦးရေကို လျှောက်ထားသူပေါ်မူတည်ကာ ရွေးချယ်ပါမည်။ ဖော်ပြပါ သင်တန်းတက်ရောက်နိုင်ရန် ဖိတ်ခေါ်သော Google Form အား (၁၇.၈.၂၀၂၆) ရက်နေ့ ည (၉) နာရီ နောက်ဆုံးထားကာ ဖြည့်စွက်ပေးပါရန်နှင့် သင်တန်းတက်ရောက်နိုင်မည့် Zoom link ကို Email မှတဆင့် သင်တန်းမစမီ ကြိုတင်အကြောင်းကြားပေးမည် ဖြစ်ပါသည်။ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသော သင်တန်းသားများကိုသာ ရွေးချယ်မည်ဖြစ်ပါသည်။2,54%
  • 12 авг."မြန်မာ့မဟာဂီတကို သိပ္ပံပညာအကူအညီဖြင့် လေ့လာခြင်း" သင်တန်း တက်ရောက်နိုင်ရန် ဖိတ်ခေါ်ခြင်း https://forms.gle/PhNfGrXcZS7KANU58 🌟 ဖိတ်ခေါ်ဖောင်တွင် သင်တန်းနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။ 💠 အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန (CDMA & HR Department) သည် ပညာရေးဝန်ကြီးဌာန၏ မဟာဗျူဟာ ရည်မှန်းချက်များ ဖြစ်သော ရည်မှန်းချက် (၂) နှင့် (၃) တို့ကို ရှေးရှုလျက် အဓိကလုပ်ငန်းကြီး (၄) ကြားကာလ ပညာရေးဝန်ဆောင်မှုပေးခြင်း (အဆင့်မြင့်ပညာကဏ္ဍ) နှင့် ချိတ်ဆက်ကာ (Human Resources Development) လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်နှင့် ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၏ လေ့လာသင်ယူနေမှုများ အစဉ်သဖြင့် တိုးတက်နေစေရန် ရည်ရွယ်၍ Continuous Professional Development (CPD) program (Lecture Package Series) များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ 🤝 ယခုအခါ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနသည် "Dr. Alex (Physics Board of Education)" နှင့် ပူးပေါင်း၍ “Technical Skill and Development Training” သင်တန်းအမျိုးအစားကို ဘာသာရပ်ဘုတ်အဖွဲ့ဝင်များ၊ ကြားကာလတက္ကသိုလ်ကောင်စီများ၊ မြို့နယ်ပညာရေးဘုတ်များ ရှိ ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၊ တိုင်းရင်းသားပညာရေးဌာနများမှ ဆရာ/မများ၊ ဒေသအလိုက် ဖက်ဒရယ်ယူနစ် အစိုးရများမှ ဆရာ/မများ အတွက် ပို့ချမျှဝေပေးနိုင်ပါရန် စီစဉ်နေပါသည်။ 🗓 သင်တန်းကာလသည် (၂၅.၈.၂၀၂၆) တွင် စတင်မည်ဖြစ်ပြီး သင်တန်းရက် တစ်ရက်လျှင် ဆွေးနွေးချိန်အပါအဝင် သင်တန်းချိန် (၂-နာရီ) ဖြစ်ပါသည်။ အင်္ဂါနေ့ အပတ်စဉ်ဖြစ်ပြီး တပတ်လျင် ၁ ကြိမ် သင်တန်းရက် (၈) ရက်၊ သင်တန်းချိန် နာရီ (၁၆-၁၈) ကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းရက်များမှာ (၂၅.၈.၂၀၂၆) မှ (၁၃.၁၀.၂၀၂၆) ထိလျာထားပါသည်။ သင်တန်းချိန်မှာ ည (၆ ~ ၈) နာရီ ဖြစ်ပါသည်။ 🌟 တက်ရောက်နိုင်မည့် သင်တန်းသားဦးရေကို လျှောက်ထားသူပေါ်မူတည်ကာ ရွေးချယ်ပါမည်။ ဖော်ပြပါ သင်တန်းတက်ရောက်နိုင်ရန် ဖိတ်ခေါ်သော Google Form အား (၁၇.၈.၂၀၂၆) ရက်နေ့ ည (၉) နာရီ နောက်ဆုံးထားကာ ဖြည့်စွက်ပေးပါရန်နှင့် သင်တန်းတက်ရောက်နိုင်မည့် Zoom link ကို Email မှတဆင့် သင်တန်းမစမီ ကြိုတင်အကြောင်းကြားပေးမည် ဖြစ်ပါသည်။ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသော သင်တန်းသားများကိုသာ ရွေးချယ်မည်ဖြစ်ပါသည်။1,61%
  • 29 июл.☸️ သာသနာနှစ် (၂၅၇၀) ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၈၈) ခု၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) 🙏🏻 ဝါဆိုလပြည့်နေ့သည်ကား “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ” ဆိုသည့်အတိုင်း ဂေါတမဗုဒ္ဓ၏ ထူးခြားသော ဗုဒ္ဓဝင်နေ့ရက်များ ဖြစ်ပါသည်။ ( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေသောနေ့ ( ၂ ) ဘုရားလောင်း တောထွက်တော်မူသောနေ့ ( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာစတင်ဟောတော်မူသောနေ့ ( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ ( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ ( ၆ ) တရားရတနာ စတင်ပေါ်သောနေ့ ( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့ ( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ ( ၉ ) ဧဟိဘိက္ခု ဟူသောစကားကိုစတင်ကြားရသောနေ့ 🤍 ဓမ္မဘက်တော်သား ပြည်သူအပေါင်း ဘေးကင်းကျန်းမာပြီး ခပ်သိမ်းသောအရာဟူသမျှ ကောင်းမွန်ခြင်းများနှင့်သာ ပြည့်စုံပါစေကြောင်း CDMA & HR မိသားစုက တောင်းဆုမေတ္တာ ပို့သအပ်ပါတယ်။ #ဝါဆိုလပြည့် #CDMA_HR #HE_MoE1,59%
  • 30 июл.🪴 ဆရာ/မတို့ခင်ဗျာ…. ဆရာမ Dr. Winnie မျှဝေပေးတဲ့ Resilience Workshop (Day-3) lecture pdf file ပါ။ 🌼 Polyvagal Profile mapping ဆိုတဲ့ ခေါင်းစဥ်ပါတဲ့ slide ကနေ စဖတ်ပြီး “Personal Profile map ဇယား၊ Triggers and Glimmers map နှင့် Regulating resources map” တွေမှာ ကိုယ်ဖြစ်တာနဲ့ ဆက်စပ် စဉ်းစားကြည့်ဖို့ ဖြစ်ပါတယ်။1,09%
  • 30 июл.🪴 ဆရာ/မတို့ခင်ဗျာ…. ဆရာမ Dr. Winnie မျှဝေပေးတဲ့ Resilience Workshop (Day-2) lecture pdf file ပါ0,87%
  • 30 июл.🤍 ဆရာ/မတို့ခင်ဗျာ…Mindfulness နဲ့ ပတ်သက်ပြီး ဆရာမ Dr. Winnie မျှဝေပေးတဲ့ လေ့ကျင့်ခန်းများ ဖြစ်ပါတယ်။ ✅ အသက်ရှူလေ့ကျင့်ရင်း စိတ်ကူးပုံဖော် ဖြေလျှော့ခြင်း(Guided-imagery Exercises) မြန်မာဘာသာ အသံဖိုင်များ Mindful Breathing (အသက်ရှူ လေ့ကျင့်ခန်း) https://drive.google.com/file/d/1rdyerVfsx8sK7lgc4OtN6smCshh2H9U4/view?usp=drivesdk Grounding (စိတ်ကိို ပြန်လည် အခြေချခြင်း) https://drive.google.com/file/d/1LfUlD8k9wzCDRBwKbsVAFf-RTI4ppfTh/view?usp=drivesdk Body Scan (ခန္ဓာကိုယ်ကို စိတ်ကူးမြင်ယောင် ဖြေလျှော့ခြင်း) https://drive.google.com/file/d/1YwCFub3wjs0SqZbsHJT9ubg8wu03ibHD/view?usp=drivesdk Progressive Muscle Relaxation (ကြွက်သားများ အဆင့်ဆင့်ဖြေလျှော့ခြင်း) https://drive.google.com/file/d/1dM5Xq_K_K0JTCwRhXhC0zWEGDfjT7CT-/view?usp=drivesdk Acceptance (ဝေဒနာနဲ့ ခွန်အား) https://drive.google.com/file/d/1b5V1eyvM7B42Y1KjdKKERim4sVg9pivR/view?usp=drivesdk Loving Kindness Meditation (မေတ္တာ) https://drive.google.com/file/d/14Mdt-GUdD_NVzGboPP2icql9m8DgSiLJ/view?usp=drivesdk Compassion for the younger you (မိမိရဲ့ ငယ်ဘဝအပေါ် မေတ္တာ ကရုဏာကို ဖော်ပြခြင်း) https://drive.google.com/file/d/1dKlVjZd7jJ3LFnQ8AMeyAtzc-jCJe0k0/view?usp=drivesdk Safe place (ကိိုယ့်အတွက် အရေးပါတဲ့ သီးသန့်နေရာလေး တစ်ခု) https://drive.google.com/file/d/10z6nKvAWrqVSM65IpA_eg3qMGoFIeF7Q/view?usp=drivesdk0,79%
  • 8 авг.ဆရာ/မတို့ခင်ဗျာ…. 🔰 ယနေ့ (၃၈) နှစ်မြောက် ၈၈၈၈ အခမ်းအနားများ ရှိနေသည့်အတွက် Spring Talk အစီအစဉ် မရှိပါကြောင်း အသိပေးပါတယ်။ 🪴 ကောင်းမွန်သော တွေးခေါ်မှုများ၊ မှန်ကန်သော ကျင့်ကြံမှုများနှင့်အတူ နေ့ရက်တိုင်းကို လျှောက်လှမ်းကြရအောင်ပါ။0,74%
  • 8 авг.မကြာခဏပဲ ကျမကို မေးကြပါတယ်။ ဒီမိုကရေစီ ဘယ်တော့ရမလဲ ဆိုပြီးတော့…။ အဲလိုမေးတဲ့သူတွေကိုလည်း ကျမ အမြဲပဲ ပြန်ဖြေပါတယ်။ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ ဒီမိုကရေစီ ရရှိရေးအတွက် ဘယ်လောက် လုပ်နေလဲ။ အဲအပေါ်မှာ အခြေခံပြီးတော့ တွက်ကြည့်လို့ရပါတယ်။ “ကိုယ်ဘာမှ မလုပ်နေလို့ရှိရင်တော့၊ ဝေးနေဦးမယ်လို့ပဲ သတ်မှတ်လိုက်ပါတော့လို့…” ကျမ အဲလိုပြောလေ့ရှိပါတယ်။ * နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေစု 💪🏻 ဒီနေ့ဆို ရှစ်လေးလုံး အရေးတော်ပုံဟာ (၃၈) နှစ်တိုင်ခဲ့ပါပြီ။ နွံထဲနစ်နေတဲ့ လှည်းဘီးကို စုပေါင်းအားတွေနဲ့ တွန်းနိုင်ပြီး လွတ်မြောက်ဖို့ ကြိုးစားကြရမှာပါ။ 💢 The day Myanmar fought for Democracy (8.8.1988)0,74%
  • 31 июл.🪴 ဆရာ/မတို့ခင်ဗျာ…. ဆရာမ Dr. Winnie မျှဝေပေးတဲ့ Resilience Workshop (Day-4) lecture pdf file ပါ0,68%
  • 1 авг.🤍 ဆရာ/မတို့ခင်ဗျာ… ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ CDMA & HR ဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ Myanmar Board of Psychiatry တို့ ပူးပေါင်းစီစဉ်ကျင်းပသော Resilience Workshop ၄ ရက်တာ၏ Lecture & Recording file များ စုစည်းပေးထားသည့် drive link ဖြစ်ပါတယ်။ 🪴 Resilience Workshop (4 Days) [Lecture & Recording] link » https://drive.google.com/drive/folders/1vGV_wx4_XVxXIckSVH9rfk4K5XJKFtLa?usp=sharing0,31%
  • 28 июл.🪴 Resilience Workshop ကို တက်ရောက်ကြတဲ့ ဆရာ/မများ ခင်ဗျာ… Day-1: Self-care and Strengthening Social support နဲ့ပတ်သတ်ပြီး ဆရာမ Dr. Winnie ပေးပို့တဲ့ ဖိုင်ပါ။ ✅ ဖိုင်ထဲက အနီရောင်စာသားများနဲ့ မေးခွန်းများကို ဖြေဆိုကြဖို့ဖြစ်ပြီး Day-2 မှာ ပြန်လည် ဆွေးနွေးကြပါမယ်ဗျ ⏳ ပထမပိုင်းအနေနဲ့ အချိန် (၁ နာရီ) ပြန်လည်ဆွေးနွေးမှာဖြစ်ပြီး၊ Healthy Thinking နဲ့ Meaning of Life ခေါင်းစဉ်တစ်ခုကို မိနစ် (၃၀)စီ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။0,07%
  • 8 авг.без подписи0,00%