Spring Talk
описание
We are delighted to have all of you in this show and we hope that you enjoy it with us.
Лучшие посты
за три месяца🤍 ဆရာ/မတို့ခင်ဗျာ… ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ CDMA & HR ဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ Myanmar Board of Psychiatry တို့ ပူးပေါင်းစီစဉ်ကျင်းပသော Resilience Workshop ၄ ရက်တာ၏ Lecture & Recording file များ စုစည်းပေးထားသည့် drive link ဖြစ်ပါတယ်။ 🪴 Resilience Workshop (4 Days) [Lecture & Recording] link » https://drive.google.com/drive/folders/1vGV_wx4_XVxXIckSVH9rfk4K5XJKFtLa?usp=sharing
🪴 Resilience Workshop ကို တက်ရောက်ကြတဲ့ ဆရာ/မများ ခင်ဗျာ… Day-1: Self-care and Strengthening Social support နဲ့ပတ်သတ်ပြီး ဆရာမ Dr. Winnie ပေးပို့တဲ့ ဖိုင်ပါ။ ✅ ဖိုင်ထဲက အနီရောင်စာသားများနဲ့ မေးခွန်းများကို ဖြေဆိုကြဖို့ဖြစ်ပြီး Day-2 မှာ ပြန်လည် ဆွေးနွေးကြပါမယ်ဗျ ⏳ ပထမပိုင်းအနေနဲ့ အချိန် (၁ နာရီ) ပြန်လည်ဆွေးနွေးမှာဖြစ်ပြီး၊ Healthy Thinking နဲ့ Meaning of Life ခေါင်းစဉ်တစ်ခုကို မိနစ် (၃၀)စီ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
без подписи
без подписи
မကြာခဏပဲ ကျမကို မေးကြပါတယ်။ ဒီမိုကရေစီ ဘယ်တော့ရမလဲ ဆိုပြီးတော့…။ အဲလိုမေးတဲ့သူတွေကိုလည်း ကျမ အမြဲပဲ ပြန်ဖြေပါတယ်။ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ ဒီမိုကရေစီ ရရှိရေးအတွက် ဘယ်လောက် လုပ်နေလဲ။ အဲအပေါ်မှာ အခြေခံပြီးတော့ တွက်ကြည့်လို့ရပါတယ်။ “ကိုယ်ဘာမှ မလုပ်နေလို့ရှိရင်တော့၊ ဝေးနေဦးမယ်လို့ပဲ သတ်မှတ်လိုက်ပါတော့လို့…” ကျမ အဲလိုပြောလေ့ရှိပါတယ်။ * နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေစု 💪🏻 ဒီနေ့ဆို ရှစ်လေးလုံး အရေးတော်ပုံဟာ (၃၈) နှစ်တိုင်ခဲ့ပါပြီ။ နွံထဲနစ်နေတဲ့ လှည်းဘီးကို စုပေါင်းအားတွေနဲ့ တွန်းနိုင်ပြီး လွတ်မြောက်ဖို့ ကြိုးစားကြရမှာပါ။ 💢 The day Myanmar fought for Democracy (8.8.1988)
ဆရာ/မတို့ခင်ဗျာ…. 🔰 ယနေ့ (၃၈) နှစ်မြောက် ၈၈၈၈ အခမ်းအနားများ ရှိနေသည့်အတွက် Spring Talk အစီအစဉ် မရှိပါကြောင်း အသိပေးပါတယ်။ 🪴 ကောင်းမွန်သော တွေးခေါ်မှုများ၊ မှန်ကန်သော ကျင့်ကြံမှုများနှင့်အတူ နေ့ရက်တိုင်းကို လျှောက်လှမ်းကြရအောင်ပါ။
без подписи
- 27 июл.639 просмотров
🥰 Resilience Workshop (4 Days) 🤝 MoH and MoE (HE) 🧑🏻⚕️ Dr. Winnie (MoH) 🗓️ July (28~31), 2026 ⏰ (6-8) pm MMT ✅ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို လျှော့ချပေးနိုင်ရန် ရည်ရွယ် 🎁 အထောက်အကူပြုပစ္စည်းများ - စာရွက်၊ ခဲတံ (ရောင်စုံခဲတံ) All Days သောက်ရေနှင့် ရေခွက် (Day-4) 🌟 Day-1. Self-care and strengthening social support (2 hours) 🌟 Day-2. Healthy thinking and meaning of life (2 hours) 🌟 Day-3. Stress management & Polyvagal profile mapping (2 hours) 🌟 Day-4. Emotional regulation skills (2 hours) Join Zoom Meeting https://zoom.us/j/92421993872?pwd=oHg5wDiIuFrzdRjEKvUREOvWOJTpjW.1 Meeting ID: 924 2199 3872 Passcode: 294176
без подписи
без подписи
🪴 ဆရာ/မတို့ခင်ဗျာ…. ဆရာမ Dr. Winnie မျှဝေပေးတဲ့ Resilience Workshop (Day-3) lecture pdf file ပါ။ 🌼 Polyvagal Profile mapping ဆိုတဲ့ ခေါင်းစဥ်ပါတဲ့ slide ကနေ စဖတ်ပြီး “Personal Profile map ဇယား၊ Triggers and Glimmers map နှင့် Regulating resources map” တွေမှာ ကိုယ်ဖြစ်တာနဲ့ ဆက်စပ် စဉ်းစားကြည့်ဖို့ ဖြစ်ပါတယ်။
🪴 ဆရာ/မတို့ခင်ဗျာ…. ဆရာမ Dr. Winnie မျှဝေပေးတဲ့ Resilience Workshop (Day-4) lecture pdf file ပါ
☸️ သာသနာနှစ် (၂၅၇၀) ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၈၈) ခု၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) 🙏🏻 ဝါဆိုလပြည့်နေ့သည်ကား “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ” ဆိုသည့်အတိုင်း ဂေါတမဗုဒ္ဓ၏ ထူးခြားသော ဗုဒ္ဓဝင်နေ့ရက်များ ဖြစ်ပါသည်။ ( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေသောနေ့ ( ၂ ) ဘုရားလောင်း တောထွက်တော်မူသောနေ့ ( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာစတင်ဟောတော်မူသောနေ့ ( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ ( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ ( ၆ ) တရားရတနာ စတင်ပေါ်သောနေ့ ( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့ ( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ ( ၉ ) ဧဟိဘိက္ခု ဟူသောစကားကိုစတင်ကြားရသောနေ့ 🤍 ဓမ္မဘက်တော်သား ပြည်သူအပေါင်း ဘေးကင်းကျန်းမာပြီး ခပ်သိမ်းသောအရာဟူသမျှ ကောင်းမွန်ခြင်းများနှင့်သာ ပြည့်စုံပါစေကြောင်း CDMA & HR မိသားစုက တောင်းဆုမေတ္တာ ပို့သအပ်ပါတယ်။ #ဝါဆိုလပြည့် #CDMA_HR #HE_MoE
- 29 июл.416 просмотров
🪴 ဆရာ/မတို့ခင်ဗျာ…. ဆရာမ Dr. Winnie မျှဝေပေးတဲ့ Resilience Workshop Day-1 lecture pdf file ပါ
без подписи
🤍 ဆရာ/မတို့ခင်ဗျာ…Mindfulness နဲ့ ပတ်သက်ပြီး ဆရာမ Dr. Winnie မျှဝေပေးတဲ့ လေ့ကျင့်ခန်းများ ဖြစ်ပါတယ်။ ✅ အသက်ရှူလေ့ကျင့်ရင်း စိတ်ကူးပုံဖော် ဖြေလျှော့ခြင်း(Guided-imagery Exercises) မြန်မာဘာသာ အသံဖိုင်များ Mindful Breathing (အသက်ရှူ လေ့ကျင့်ခန်း) https://drive.google.com/file/d/1rdyerVfsx8sK7lgc4OtN6smCshh2H9U4/view?usp=drivesdk Grounding (စိတ်ကိို ပြန်လည် အခြေချခြင်း) https://drive.google.com/file/d/1LfUlD8k9wzCDRBwKbsVAFf-RTI4ppfTh/view?usp=drivesdk Body Scan (ခန္ဓာကိုယ်ကို စိတ်ကူးမြင်ယောင် ဖြေလျှော့ခြင်း) https://drive.google.com/file/d/1YwCFub3wjs0SqZbsHJT9ubg8wu03ibHD/view?usp=drivesdk Progressive Muscle Relaxation (ကြွက်သားများ အဆင့်ဆင့်ဖြေလျှော့ခြင်း) https://drive.google.com/file/d/1dM5Xq_K_K0JTCwRhXhC0zWEGDfjT7CT-/view?usp=drivesdk Acceptance (ဝေဒနာနဲ့ ခွန်အား) https://drive.google.com/file/d/1b5V1eyvM7B42Y1KjdKKERim4sVg9pivR/view?usp=drivesdk Loving Kindness Meditation (မေတ္တာ) https://drive.google.com/file/d/14Mdt-GUdD_NVzGboPP2icql9m8DgSiLJ/view?usp=drivesdk Compassion for the younger you (မိမိရဲ့ ငယ်ဘဝအပေါ် မေတ္တာ ကရုဏာကို ဖော်ပြခြင်း) https://drive.google.com/file/d/1dKlVjZd7jJ3LFnQ8AMeyAtzc-jCJe0k0/view?usp=drivesdk Safe place (ကိိုယ့်အတွက် အရေးပါတဲ့ သီးသန့်နေရာလေး တစ်ခု) https://drive.google.com/file/d/10z6nKvAWrqVSM65IpA_eg3qMGoFIeF7Q/view?usp=drivesdk
🪴 ဆရာ/မတို့ခင်ဗျာ…. ဆရာမ Dr. Winnie မျှဝေပေးတဲ့ Resilience Workshop (Day-2) lecture pdf file ပါ
"အခြေခံစာရင်းကိုင် (Book-keeping)" သင်တန်း တက်ရောက်နိုင်ရန် ဖိတ်ခေါ်ခြင်း https://forms.gle/hx7W8D78Sa8AWiTo8 🌟 ဖိတ်ခေါ်ဖောင်တွင် သင်တန်းနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။ 💠 အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန (CDMA & HR Department) သည် ပညာရေးဝန်ကြီးဌာန၊ (၂၀၂၅-၂၆) မဟာဗျူဟာ ရည်မှန်းချက်များ ဖြစ်သော ရည်မှန်းချက် (၂) နှင့် (၃) တို့ကို ရှေးရှုလျက် အဓိကလုပ်ငန်းကြီး (၄) ကြားကာလ ပညာရေးဝန်ဆောင်မှုပေးခြင်း (အဆင့်မြင့်ပညာကဏ္ဍ) နှင့် ချိတ်ဆက်ကာ (Human Resources Development) လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်နှင့် ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၏ လေ့လာသင်ယူနေမှုများ အစဉ်သဖြင့် တိုးတက်နေစေရန် ရည်ရွယ်၍ Continuous Professional Development (CPD) program (Lecture Package Series) များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ 🤝 ယခုအခါ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနသည် "Tr. Moana (Bago UIC, Bago Region Higher Education Network)" နှင့် ပူးပေါင်း၍ “Technical Skill and Development Training” သင်တန်းအမျိုးအစားကို ဘာသာရပ်ဘုတ်အဖွဲ့ဝင်များ၊ ကြားကာလတက္ကသိုလ်ကောင်စီများ၊ မြို့နယ်ပညာရေးဘုတ်များ ရှိ ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၊ တိုင်းရင်းသားပညာရေးဌာနများမှ ဆရာ/မများ၊ ဒေသအလိုက် ဖက်ဒရယ်ယူနစ် အစိုးရများမှ ဆရာ/မများ အတွက် ပို့ချမျှဝေပေးနိုင်ပါရန် စီစဉ်နေပါသည်။ 🗓 သင်တန်းကာလသည် (၂၄.၈.၂၀၂၆) တွင် စတင်မည်ဖြစ်ပြီး သင်တန်းရက် တစ်ရက်လျှင် ဆွေးနွေးချိန်အပါအဝင် သင်တန်းချိန် (၂-နာရီ) ဖြစ်ပါသည်။ တနင်္လာနေ့ အပတ်စဉ်ဖြစ်ပြီး တပတ်လျင် ၁ ကြိမ် သင်တန်းရက် (၅) ရက်၊ သင်တန်းချိန် နာရီ (၁၀-၁၂) ကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းရက်များမှာ (၂၄.၈.၂၀၂၆) မှ (၂၁.၉.၂၀၂၆) ထိလျာထားပါသည်။ ✅ တက်ရောက်နိုင်မည့် သင်တန်းသားဦးရေကို လျှောက်ထားသူပေါ်မူတည်ကာ ရွေးချယ်ပါမည်။ ဖော်ပြပါ သင်တန်းတက်ရောက်နိုင်ရန် ဖိတ်ခေါ်သော Google Form အား (၁၇.၈.၂၀၂၆) ရက်နေ့ ည (၉) နာရီ နောက်ဆုံးထားကာ ဖြည့်စွက်ပေးပါရန်နှင့် သင်တန်းတက်ရောက်နိုင်မည့် Zoom link ကို Email မှတဆင့် သင်တန်းမစမီ ကြိုတင်အကြောင်းကြားပေးမည် ဖြစ်ပါသည်။ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသော သင်တန်းသားများကိုသာ ရွေးချယ်မည်ဖြစ်ပါသည်။
"မြန်မာ့မဟာဂီတကို သိပ္ပံပညာအကူအညီဖြင့် လေ့လာခြင်း" သင်တန်း တက်ရောက်နိုင်ရန် ဖိတ်ခေါ်ခြင်း https://forms.gle/PhNfGrXcZS7KANU58 🌟 ဖိတ်ခေါ်ဖောင်တွင် သင်တန်းနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။ 💠 အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန (CDMA & HR Department) သည် ပညာရေးဝန်ကြီးဌာန၏ မဟာဗျူဟာ ရည်မှန်းချက်များ ဖြစ်သော ရည်မှန်းချက် (၂) နှင့် (၃) တို့ကို ရှေးရှုလျက် အဓိကလုပ်ငန်းကြီး (၄) ကြားကာလ ပညာရေးဝန်ဆောင်မှုပေးခြင်း (အဆင့်မြင့်ပညာကဏ္ဍ) နှင့် ချိတ်ဆက်ကာ (Human Resources Development) လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်နှင့် ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၏ လေ့လာသင်ယူနေမှုများ အစဉ်သဖြင့် တိုးတက်နေစေရန် ရည်ရွယ်၍ Continuous Professional Development (CPD) program (Lecture Package Series) များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ 🤝 ယခုအခါ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနသည် "Dr. Alex (Physics Board of Education)" နှင့် ပူးပေါင်း၍ “Technical Skill and Development Training” သင်တန်းအမျိုးအစားကို ဘာသာရပ်ဘုတ်အဖွဲ့ဝင်များ၊ ကြားကာလတက္ကသိုလ်ကောင်စီများ၊ မြို့နယ်ပညာရေးဘုတ်များ ရှိ ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၊ တိုင်းရင်းသားပညာရေးဌာနများမှ ဆရာ/မများ၊ ဒေသအလိုက် ဖက်ဒရယ်ယူနစ် အစိုးရများမှ ဆရာ/မများ အတွက် ပို့ချမျှဝေပေးနိုင်ပါရန် စီစဉ်နေပါသည်။ 🗓 သင်တန်းကာလသည် (၂၅.၈.၂၀၂၆) တွင် စတင်မည်ဖြစ်ပြီး သင်တန်းရက် တစ်ရက်လျှင် ဆွေးနွေးချိန်အပါအဝင် သင်တန်းချိန် (၂-နာရီ) ဖြစ်ပါသည်။ အင်္ဂါနေ့ အပတ်စဉ်ဖြစ်ပြီး တပတ်လျင် ၁ ကြိမ် သင်တန်းရက် (၈) ရက်၊ သင်တန်းချိန် နာရီ (၁၆-၁၈) ကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းရက်များမှာ (၂၅.၈.၂၀၂၆) မှ (၁၃.၁၀.၂၀၂၆) ထိလျာထားပါသည်။ သင်တန်းချိန်မှာ ည (၆ ~ ၈) နာရီ ဖြစ်ပါသည်။ 🌟 တက်ရောက်နိုင်မည့် သင်တန်းသားဦးရေကို လျှောက်ထားသူပေါ်မူတည်ကာ ရွေးချယ်ပါမည်။ ဖော်ပြပါ သင်တန်းတက်ရောက်နိုင်ရန် ဖိတ်ခေါ်သော Google Form အား (၁၇.၈.၂၀၂၆) ရက်နေ့ ည (၉) နာရီ နောက်ဆုံးထားကာ ဖြည့်စွက်ပေးပါရန်နှင့် သင်တန်းတက်ရောက်နိုင်မည့် Zoom link ကို Email မှတဆင့် သင်တန်းမစမီ ကြိုတင်အကြောင်းကြားပေးမည် ဖြစ်ပါသည်။ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသော သင်တန်းသားများကိုသာ ရွေးချယ်မည်ဖြစ်ပါသည်။
- 1 авг.0 просмотров
Spring Talk pinned «🤍 ဆရာ/မတို့ခင်ဗျာ… ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ CDMA & HR ဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ Myanmar Board of Psychiatry တို့ ပူးပေါင်းစီစဉ်ကျင်းပသော Resilience Workshop ၄ ရက်တာ၏ Lecture & Recording file များ စုစည်းပေးထားသည့် drive link ဖြစ်ပါတယ်။ 🪴 Resilience…»