တက္ကသိုလ်ဘုန်းနိုင်
Статистикаငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တပိုဒ်တလေ တွေ့ငြားလေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါအမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။
- Последний пост
- 13 мая
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
အလှရှိရာ ကဗျာရှိတယ် ၊ ကဗျာရှိရာမှာ အလှရှိတယ်၊ အလှနဲ့ ကဗျာဟာ ခွဲလို့မရဘူး၊ တစ်နည်းဆိုရရင် ဒီလောကမှာ ရှိရှိသမျှ အလှတွေကို ကဗျာ ဆိုတဲ့ စကား တစ်လုံးတည်းက သိမ်းပိုက်တယ်။ #ကိုယ်အလှဘဝငွေလမင်း
နှုတ်ဆက်တယ်ဆိုတာဟာ ခွဲခွာရခြင်းကို အသိမှတ်ပြုတာပဲ၊ မောင်ဘယ်တော့မှ နှုတ်မဆက်ချင်ဘူး မမနွယ် အနည်းဆုံးတော့ နှုတ်မဆက်ချင်ဘူး... #ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
ပေးတဲ့လူက ပေးနေပါသော်လည်း လက်ခံမဲ့သူက လက်မခံနိုင်တဲ့အခါ ကိုယ် ကိုယ်တိုင်လဲ ရင်ကွဲရပါတယ် ဒါဟာ လူနှစ်ယောက်လုံးကို နာကျင်စေတာပါဘဲ... #မောင့်ဘဝညအလားကွယ်
ငိုချင်ပါရဲ့ခိုင်….။ ဒါပေမဲ့ ဆိတ်ငြိမ်တဲ့ ခိုင်ရဲ့ ဝိညာဉ် လောကဟာ မောင့်ရဲ့ ငိုရှိုက်သံတွေကြောင့် နှောင်းဘဝ သောက ပဲ့တင်ချက်နဲ့ မပျက်စီးစေလိုဘူး မိခိုင်……။ မိခိုင်တစ်ယောက်…… ဖြစ်လေရာဘဝမှာ ငြိမ်းချမ်းပါစေလို့ မောင် ဆုတောင်းတယ်….. #သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
သင်္ကြန်အခါ ပိတောက်ရနံ့ရရင် လူရဲ့စိတ်ဟာ နှစ်သစ်လိုပဲ လန်းဆန်းရွှင်ကြည်လာတတ်တယ်။ ပိတောက်ပန်းကို ဗမာအမျိုးသမီးတိုင်း မြတ်မြတ်နိုးနိုး ပန်ကြတယ်၊ ပြီးတော့ ပိတောက်ပန်းဆိုရင် ရင်ခုန်တတ်ကြတယ်။ ဗမာအပျိုနဲ့ လူပျိုဟာ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် အမြဲမရဘူး။ ပိတောက်တွေပွင့်တဲ့ သင်္ကြန်မှာတော့ ယဉ်ကျေးမှုအရ ရင်းရင်းနှီးနှီး တွေ့ခွင့်ရကြတယ်။ ဒီအချိန်မှာ ပိတောက်နှင့်အတူ ချစ်မေတ္တာပန်းတွေ ပွင့်ဖူးတတ်တယ်၊ တနည်းအားဖြင့် ပိတောက်ဟာ မေတ္တာပန်းပေါ့။ #ပိတောက်နှင့်ကြိုပါမည်မာရီယာ
ဒီနေ့ January 16 ရက်နေ့ဟာဆိုရင် ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဆရာသာ သက်ရှိထင်ရှားရှိနေဦးမယ်ဆို 96 နှစ်မွေးနေ့ဖြစ်ပါတယ်။
ချစ်ခြင်းဆိုသည်မှာလည်း ကွဲကွာခြင်းနှင့်ဆုံမှ သရုပ်သကန်အကုန်ကို အဟုန်ပြည့်နှင့် ဖော်လေ့ရှိသည်လား မပြောတတ် #လွမ်း
ဒီနေ့ဟာ ဆရာတက္ကသိုလ်ဘုန်းနိုင် ကွယ်လွန်တာ 23 နှစ်ပြည့်တဲ့နေ့ပါ💔
မထိုက်တော့တဲ့ ဘဝမို့ သနားခွင့်ကိုတောင် ကိုယ်မတောင်းပါဘူး ထား….၊ ဘာပြောချင်သေးလဲလို့ထားကမေးတော့ ကိုယ့်မှာ ပြောစရာတစ်ခုကိုပဲ ကိုယ် ပြောပါမယ်။ ထားကို ကိုယ်ချစ်တယ်၊ ငယ်စဉ်ကတည်းက ချစ်မိတယ်၊ အခုလဲ ချစ်တယ်၊ ကိုယ့်သေရွာအထိ ကိုယ့်အချစ်ကိုတော့ ကိုယ့် လူလု မခံပဲ သိမ်းသွားမယ်၊ ဒါပါပဲ။ #တပြည်သူမရွှေထား
မျက်နှာလေးသည် တချက်မြင်ရုံနှင့် ငေး၍ကြည့်ရလောက်အောင်မူ မလှ သို့ရာတွင် တခါမြင်ပြီးနောက် နှစ်ခါသုံးခါလောက် ပြန်ကြည့်မိအောင် ဆွဲဆောင်မှုရှိသည် #ညနက်နက်မှာလထွက်ခြင်း
လမင်းကြီးကို မြင်ဖူးတော့…. ကြယ်လေးတွေကို လှတယ်လို့မပြောတော့ဘူး။ #နှင်းငွေတထောင့်မိုးတမှောင့်
အချစ်ဆိုတာ ဘာလဲ၊ ပိုင်ဆိုင်လိုခြင်းလား၊ ပိုင်ဆိုင်လိုခြင်းလို့ အနက် ဖွင့်တဲ့ လူတွေကလဲ ဖွင့်ကြပါရဲ့၊ ဒါပေမဲ့... ကမ္ဘာ့သာဓက အများက ညွှန်ပြနေ တာကတော့ အချစ်စစ် အချစ်မှန် ဆိုတာဟာ ကိုယ့်ဘက်က စွန့်လွှတ်ရခြင်းပဲ၊ ပိုင်ဆိုင်လိုတဲ့ တရားကို ရင်နာနာနဲ့ ဆန့်ကျင် စွန့်လွှတ်လိုက်ရတဲ့ အနစ်နာခံမှု တရားပဲ #ပိတောက်ပွင့်ဆဲလသာဆဲဝယ်
လှပခြင်းသည် တပ်မက်ဖွယ်ဖြစ်၏။ သို့ရာတွင် လှပခြင်းသည် မာနနှင့် တွဲဖက်လာလျှင်မူ ကြောက်မက် စိတ်ပျက်ဖွယ် အကောင်းဆုံး ဖြစ်၏။ လှပသော မျက်နှာရှင်တိုင်း၌ တင့်တယ်ခြင်း၏ အမြုတေအဖြစ် မေတ္တာ ဓာတ်လှုံသော နှလုံးတစ်ငုံသာ ရှိထိုက်ပေသည်။ #လွမ်းတေးမဆုံးစေနဲ့စောသခင်
ပေါင်းသင်းကြတယ်ဆိုတာ နှလုံးသားချင်းပါ မောင်ရယ် မေတ္တာနဲ့ သစ္စာထက် ဘာတွေကများ ပိုအာမခံနိုင်လို့လဲ #ပိတောက်ပွင့်ဆဲလသာဆဲဝယ်
ဒီနေ့က ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ မွေးနေ့နေ့ဖြစ်ပါတယ်။ ဆရာသာ သက်ရှိထင်ရှားရှိနေဦးမယ်ဆို 95 နှစ်မွေးနေ့ဖြစ်ပါတယ်။
ပြဿနာအား ဖြေရှင်းရန်အတွက် နားလည်မှု၌ အခြေခံစတင်ရန်ထက် သာသောဆေးသည်မရှိ။ #ညီမလေးရယ်စိုးရိမ်မိတယ်
ဒုက္ခကို ဒုက္ခမှန်းသိလို့ဆက်ပြီးဒုက္ခမခံစတမ်းဆိုရင် လူတိုင်းနိဗ္ဗာန်ရောက်ပြီး လောကကြီးဆိတ်သုဉ်းသွားမှာပေါ့ #ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
အသည်းနှလုံးဆိုတာမျိုးက ချစ်သူနှစ်ဦးကို ခွဲဝေပေးလို့ ရတာမျိုး မဟုတ်ဘူး။ တစ်ယောက်သော သူအတွက် နှလုံးကို ပုံအပ်ပြီးပြီဆိုရင်.….. အဲဒီတစ်ယောက်သောသူထံက ဆုလာဘ်ရသည် ဖြစ်စေ မရသည် ဖြစ်စေ ဒီအသည်းနှလုံးကို သူ ပြန်မပိုင်နိုင်တော့ဘူး" #မောင့်ဘ၀ညအလားကွယ်
တစုံတယောက်မှ မပိုင်သေးတဲ့ အရာကို လူတိုင်းဟာ ကိုယ်နဲ့ ဆိုင်တယ်လို့ ယူဆနိုင်ခွင့်ရှိပါတယ် ကိုကျော်စွာ... #နွယ်ဦးမွန်မို့ချစ်ထွဋ်တင်သည်
စကတည်းက မျက်ရည်ဝဲဝဲနဲ့ ချစ်ခဲ့ရတော့ တစ်သက်လုံးပဲ မျက်ရည်ဝဲဝဲနဲ့ပဲ မောင်ဆက်ချစ်နေရဦးမည်….။ #ပိတောက်ပွင့်ဆဲလသာဆဲဝယ်