- Последний пост
- 30 июл.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Музыка (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 467
- 1/48двое суток
- 535
- 1/72трое суток
- 577
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
အစကတည်းက တိုးတိုးဟာ ထွေးရဲ့ခေါင်းမှာဆင်မယ့် ပိတောက်ပန်းအဖြစ် မမှန်းခဲ့ပါဘူး ထွေးဘဝ ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ လှစေတဲ့ စိန်ပန်းအဖြစ်ကိုသာ ရွေးချယ်ခဲ့သူပါ ရာသီကုန် သက်တမ်းဆုံးတော့ စိန်ပန်းတောင်မှ ဆက်ပွင့်ခွင့် မရှ်ိပါဘူး ထွေး... အဲ့ဒိလောကတံထွာ ဓမ္မတာကို ဆင်ခြင်ပြီး တိုးတိုးရဲ့ နှုတ်ဆက်ခြင်းကို လက်ခံပါ -တက္ကသိုလ်ဘုန်းနိုင် - မေတ္တာများနဲ့ စိန်ပန်းနီနီ
ပညာဆိုတာ ဘဝမှာရှာရတယ် အထူးသဖြင့် ကိုယ့်ဘဝမှာ ကိုယ်ပြန်ရှာရတယ်။ -တက္ကသိုလ်ဘုန်းနိုင် -နွေကန္တာဦး
ကိုယ့်ဘဝ ကိုယ်မှမပိုင်တာ တခြားသူတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုလုပ် ပိုင်နိုင်မှာလဲ.. -တက္ကသိုလ်ဘုန်းနိုင် -သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
သူမပန်ချင်လို့ အပစ်ခံရတဲ့ပန်း မဟုတ်ပါဘူး မမမေရယ်၊ ကျွန်တော်နဲ့ထိုက်တန်လို့ ကံကြမ္မာက ကြံဖန်ဆောင်ပို့ပေးတဲ့ မြတ်ပန်းတော်ဝင်ပါ.. -တက္ကသိုလ်ဘုန်းနိုင် -မောင့်ဘဝညအလားကွယ်
မထိုက်တော့တဲ့ ဘဝမို့ သနားခွင့်ကိုတောင် ကိုယ်မတောင်းပါဘူး ထား…. ဘာပြောချင်သေးလဲလို့ ထားကမေးတော့ ကိုယ့်မှာ ပြောစရာတစ်ခုကိုပဲ ကိုယ် ပြောပါမယ်... ထားကို ကိုယ်ချစ်တယ်၊ ငယ်စဉ်ကတည်းက ချစ်မိတယ်၊ အခုလဲ ချစ်တယ်၊ ကိုယ့်သေရွာအထိ ကိုယ့်အချစ်ကိုတော့ ကိုယ့် လူလု မခံပဲ သိမ်းသွားမယ်၊ ဒါပါပဲ... -တက္ကသိုလ်ဘုန်းနိုင် -တပြည်သူမရွှေထား
ချစ်ခြင်းဆိုသည်မှာလည်း ကွဲကွာခြင်းနှင့်ဆုံမှ သရုပ်သကန်အကုန်ကို အဟုန်ပြည့်နှင့် ဖော်လေ့ရှိသည်လား မပြောတတ်…. -တက္ကသိုလ်ဘုန်းနိုင် -လွမ်း
လွမ်းဖွယ်ရာတွေကို ကိုယ်မကြောက်ပါ နာကျည်းဖွယ်ရာတွေကိုတော့ ကိုယ် ကြောက်သည်... -တက္ကသိုလ်ဘုန်းနိုင်် -တိမ်ညိုအလွင့်လအမြင့်
အဲ... ဒီလို သမုဒယ လမ်းမြောင်သွယ်သွယ်မှာ ကိလေသာ ခလုတ်ကန်သင်း တိုက်မိပြီး သောကဆိုတဲ့ အပွန်းအပဲ့ဒဏ်ရာကလေးတွေနဲ့ တက္ကသိုလ် ရောက်လာတတ်တယ်၊ ဒဏ်ရာလေး မကျက်ခင်တော့ နည်းနည်းစပ်ဖျင်းစပ်ဖျင်းနဲ့ပေါ့ကွာ၊ ဒါကို လွမ်းတယ်လို့ မြန်မာလို ခေါ်ကြတယ် -တက္ကသိုလ်ဘုန်းနိုင်် -နွေကန္တာဦး
ပေါင်းသင်းကြတယ်ဆိုတာ နှလုံးသားချင်းပါ မောင်ရယ် မေတ္တာနဲ့ သစ္စာထက် ဘာတွေကများ ပိုအာမခံနိုင်လို့လဲ -တက္ကသိုလ်ဘုန်းနိုင် -ပိတောက်ပွင့်ဆဲလသာဆဲဝယ်
ကြုံဖူးလျှင် မလွမ်းတတ်တဲ့လူ မည်သူ ရှိမည်နည်း… နှလုံးသားရှိလျှင် မလွမ်းတတ်တဲ့လူ မည်သူ ရှိမည်နည်း… -တက္ကသိုလ်ဘုန်းနိုင် -နှင်းငွေတထောင့်မိုးတမှောင့်
နောက်ဘဝဆိုတာကို ကျွန်တော် ယုံချင်လိုက်တာ ကိုဘုန်းနိုင်ရယ် နောက်ဘဝဆိုတာ ရှိပါစေလို့ ဆုတောင်းရလို့လဲ မောလှပါပြီ နောက်ဘဝဆိုတာဟာ ဒီဆောင်းပမာဆိုရင် ဒီလိုနှင်းတွေထဲမှာ သူ့ကို ပြန်တွေ့ရအုံးမယ် အစောကို ပြန်တွေ့ရအုံးမယ် -တက္ကသိုလ်ဘုန်းနိုင် -နှင်းရက် ကြွေစော
ညနက်မှာကိုလဲ တားလို့မရဘူး လထွက်တာကိုလဲ တားလို့မရဘူး ညနက်မှ ထွက်တဲ့လ ဟာ ဒီလောကမှာ အလှဆုံးပါ အမှောင်ရိပ်တွေက မည်းလေလေ ငွေလရောင်က ဖြူလေလေပဲ ကိုယ့် မေတ္တာဆိုတဲ့ ငွေလ ဟာ အမုန်းကမ္ဘာရဲ့ ညမှောင်မှောင်ပေါ်မှာမှ သာချင်ပါသတဲ့ #တက္ကသိုလ်ဘုန်းနိုင် #ညနက်နက်မှာ လထွက်ခြင်း
https://t.me/boost/bhonenaing1
မမဝေ…သူ့ကိုယ်သူ သုံးနှုန်းလိုက်ပုံလေးက ယဉ်သည်။ မမနှင့်ဝေ တွဲလိုက်ပြန်တော့လည်း အင်း…ခေါ်ဖို့ရန် နှစ်သက်ဖွယ်ရှိသည်ဟု ကျွန်တော့်စိတ်ထဲ ထင်မိသည် #တက္ကသိုလ်ဘုန်းနိုင် #ပိတောက်ပွင့်ဆဲ လသာဆဲဝယ်
ကျွန်တော် မပန်သာသော ပန်းတော်ဝင်သည် ထိုက်တန်သူ၏ ဦးခေါင်းထက်မှာ စံရသည်ကို ကျွန်တော့အတွက် ဝမ်းသာရန်မှလွဲ၍ အခြားအကြောင်းမရှိ… #တက္ကသိုလ်ဘုန်းနိုင် #မောင့်ဘဝညအလားကွယ်
ကိုယ်ရေ နုငယ်က ကောင်းကောင်း မကျန်းမာဘူး၊ ဒါကို ကိုမသိဘူး၊ မကျန်းမာသူကို တစ်သက်လုံးချစ်ချင်ရင် ကိုယ်က ဆရာဝန်ကြီးဖြစ်မှ… #တက္ကသိုလ်ဘုန်းနိုင် #နွေကန္တာဦး
နွေဦးသည် ကန္တာရဆန်သည်။ နွေဦးသည် လူကိုလည်းကောင်း၊ လူ၏ နှလုံးသားကိုလည်းကောင်း၊ လူနှင့် လူ့နှလုံးသား၏ ပတ်ဝန်းကျင်ကို တုံ့ပြန်တတ်သည့် သဘောကိုလည်းကောင်း လုံးဝမသိရှာ… #တက္ကသိုလ်ဘုန်းနိုင် #နွေကန္တာဦး
ဆုံစည်းခြင်းနဲ့ ခွဲခွါခြင်းဆိုတာ အလွှာပါးပါးကလေးတစ်ချပ်ဘဲ ခြားနားနေတာဆိုတဲ့ သဘောတရားကို ကိုယ်သိခဲ့ရပါပြီ မရွှေထား #တက္ကသိုလ်ဘုန်းနိုင် #တပြည်သူမရွှေထား
ယခင်က အရာတို့သည် ယခုမရှိတော့ပြီ ယခင်အရာတို့ ယခုမရှိတော့သော်လည်း ယခင်ဆိုသော အတိတ်သည် ရင်၌ ဘာကြောင့် ရှိနေသေးပါသနည်း… #တက္ကသိုလ်ဘုန်းနိုင် #ဝသန်လေချိန်မှန်ကူး
မောင့်ကိုခွင့်လွှတ်ပါလေခိုင်၊ နောင်ဘဝ ဆိုသည်လည်း ရှိပါစေခိုင်... ဘဝတို့အကြိမ်ကြိမ် ပြန်လည်ဖွားမြောက်လေသော သံသရာဆိုသည်နှင့် သံသရာ၌ပြန်လည်တွေ့ဆုံတတ်သော ရေစက်ဆိုသည်လည်းရှိပါစေ ခိုင်... သံသရာလမ်းဘုံ ဘဝကျွန်းထောက်တစ်စခန်းမှာ ရေစက်အဟုန်ကြောင့် ခိုင်နှင့် မောင် ပြန်လည်တွေ့ဆုံလျှင်... မောင့်ကို ခွင့်လွှတ်နိုင်ပါစေ ခိုင်... #တက္ကသိုလ်ဘုန်းနိုင် #သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်