- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 6
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 23
- 1/48двое суток
- 26
- 1/72трое суток
- 28
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ဆရာကြီးတစ်ဦး ပြောဖူးတာ...🤔 မြန်မာတွေဟာ ... တစ်ခုခု ထူးထူးဆန်းဆန်း ဆိုရင်.... .. ဒါမှမဟုတ် ဘာကြီးမှန်း မသိကြရင် - ဓါတ် ဆိုတဲ့ စကားလုံးကို သုံးပစ်ကြတယ်တဲ့ ၊🤔 ဟိုး..အရင်တုန်းက ဝမ်းသွားတာကို ဘာကြောင့်မှန်း မသိကြတော့.. ဓါတ်သွား တယ် လို့ ဆိုကြတယ်...,😟 ဝမ်းသိပ်မသွားတော့ ဓာတ်ချုပ်တာ တဲ့.. 😟 ပြားပြား အဝိုင်းလေးကနေ အသံတွေထွက်တော့ ဓါတ်ပြား တဲ့ ...😟 ဓာတ်ပြားကို လည်စေတဲ့အရာကျ ဓာတ်စက်... 🥺 ရေနွေးတွေ အကြာကြီး ပူနေစေတော့ ဓာတ်ဗူး... 😟 နေမကောင်းတဲ့သူတွက် အဟာရ က - ဓါတ်စာ ...😟 အပင်တွေကို သန်စေတော့ ဓာတ်မြေသြဇာ... 😟 ဘာဖြစ်မယ် မသိတော့ ဓာတ်မတည့်... ဘာဖြစ်မှန်း အသိလွယ်ရင် ဓာတ်ပေါက်တယ်...😟 သောက်တလွဲတွေ ဖြစ်ရင် ဓာတ်ပျက်ပြီ... 😟 ထူးထူးဆန်းဆန်း လုံးလုံးလေးကို ဓါတ်လုံး …😟 မီးလာတဲ့ တိုင်ကြီးကြတော့ #ဓါတ်တိုင် …🥺 .. အဲ သွားကိုင်လို့ တုန်ကျင်သွားရင်တော့ ဓါတ်လိုက် တာ ပါ တဲ့ ၊ 😟 ခလုတ်နှိပ်ရင် အပေါ်တက် အောက်ဆင်း တော့ ဓာတ်လှေခါး😟 လေးထောင့်ပစ္စည်းလေးကနေ ရိုက်ပြီးထွက်လာ လို့ ဓါတ္ပုံ … ၊😟 ဓာတ်ပုံတွေ ရိုက်တဲ့သူကို ဓာတ်ဖမ်းတာ... 😟 အရုပ်တွေနဲ့ လှုပ်ရှားပြီး ပိတ်ကားပေါ်မြင်ရတော့ ဓါတ်ရှင်” …😟 အာ့ထဲ သရုပ်ဆောင်တဲ့သူတွေကြတော့ ဓါတ်ရှင်မင်းသား/မင်းသမီး …😟 ဘာမှန်းမသိတဲ့ လူကြီးကိုကျတော့ ဓာတ်ဘဲကြီး... 😟 ဘာမှန်းမသိ အားတွေထွက်နေတဲ့ အခဲလေးကို ဓာတ်ခဲ... 😟 အာ့လေး ထိုးထည့်လို့လင်းတော့.. ဓာတ်မီး... 😟 ဟော မော်တော်ကားတွေ ထည့်မောင်းတဲ့ ဆီကို ဓါတ်ဆီ”…၊😟 နောက် ဓါတ်ရထား ခေါ်သေးတာ…😟 အောက်က ထွက်လာတဲ့ အငွေ့တွေကိုကျ ဓါတ်ငွေ့. ..😟 ဆေးရုံတွေမှာ ဖလင်ထဲက ပုံပေါ်ရင် ဓါတ်မှန်" …. 😟 ဘာမှန်းမသိတာတွေ အလုပ်ရှုပ်တဲ့နေရာကျ ဓါတ်ခွဲခန်း ...😟 အရာအားလုံးမှာ မပါမပြီးတာက ဓာတ်ကြီးလေးပါး...😟 အွန်း... ဒီတိုင်းသာဆို ကမ္ဘာ့ သတင်းစုံ တွေ့နေရတဲ့ ဖေ့စဖုတ်ကြီးကိုတောင် - ဓာတ်စဖုတ်ကြီး လို့ ပြောင်းလိုက်ရင်တော့ဖြင့် ~😎😎 ပုံ ဓာတ်သွားခြင်း ပြန်လည်မျှဝေပါသည် #ဦးမင်းနိုင်
ယုံကြည်မှုနဲ့ အယူသီးတာ မတူညီပါ ၊ ယုံကြည်မှုသည် စဉ့်စားခြင့်ချိန်နိုင်စွမ်းရှိပါသည် အယူသည်းတာသည် မစဉ့်စား မခြင့်ချိန်နိုင်ပါ အယူသီးတဲ့သူသည် ထိုအရာ အမှန်လို့ ချမှတ် မြင်ထားရင် အမှားလို့ကို မမြင်တော့ပါ့ မယုံဘဲလဲ မနေနဲ့ ၊ မဆိုင်ဘူးဆိုပြီးတော့လဲ ပစ်မထားကြနဲ့ #တွေးခေါ်နိုင်ကြပါစေ
မိတ်ဆွေစစ် အင်္ဂါ ( ၇ ) ပါး ၁ . ပေးနိုင်ခဲသော အရာကိုပေး၏ ၂ . မိမိအပေါ် ပြုနိုင်ခဲသောကိစ္စတို့ကို ပြုလုပ် ဆောင်ရွက်ပေး၏ ၃. မိမိအပေါ် သည်းခံပေးနိုင်သော အချက်များကိုလည်းသည်းခံနိုင်စွမ်းရှိ၏ ၄.မည်သူကိုမျှ မပြောပြသည့်အကြောင်းအရာများအားမိမိကို ပြောကြာတိုင်ပင်၏ ၅. မိမိ လျှို့ဝှက်ချက်များကိုသိသောလည်း မည်သူကိုမျှ မပြောဆိုဘဲ လျှို့ဝှက် စောင့်စည်းထိန်းသိမ်း၏ ၆. မိမိအတွက်ဘေးအန္တရာယ်ကြုံခြင်း အရေးကြီးသောကိစ္စများ ရင်ဆိုင်ဖြေရှင်းရချိန် မိမိအား စွန့်ခွာသွားခြင်းမရှိကူညီဖြေရှင်းပေးခြင်း ၇. မိမိ ဒုက္ခဆင်းရဲရောက်ချိန်တွင် မထီမဲ့မြင် မပြုဘဲ ကူညီ စောင့်ရှောက်တက်ခြင်း ဤအချက်တွေပါသူနဲ့ တွေ့ဆုံရလျှင် များစွာအကျိုးရှိနိုင်ပေသည် မိတ်ဆွေစစ်တွေမှာ တွေ့ရမည့် အချက်တွေဆိုလဲ မမှားချေ 🍂🍂🍂 #ဦးအောင်မင်းနိုင်🍁 #ကံကောင်းကြပါစေ🍁
စီးပွားရှာ ကံ မှာရှိဆိုတဲ့ စကားရှိတယ် ညဏ်သမား ဘယ်လောက်ကောင်းကောင်း ကံသမား ကံကောင်းရင် လိုက်မမှီဘူး စီးပွားရေး တစ်ခု လုပ်တဲ့ အခါမှာ ကံ က ပထမ အရေးပါတယ် မိမိ ကံကောင်း မကောင်းကို အရင်သိအောင်လုပ်ပီးမှသာ စီးပွားတစ်ခုကို အရင်းပြုသင့်သည်။
" လူပြိန်းအကြိုက် " ဗေဒင် မေးသူ တွေထဲမှာ ငွေလဲ ကုန် ဆန်လဲကုန် လူစားတွေပါတယ် ၊ ဗေဒင် လာမေးရင် သူတို့ အခက်ခဲ ကိစ္စကို ဖြေရှင်းပေးနိုင်ရမယ် ၊ ဖြေရှင်းနိုင်မယ် ဆိုတဲ့ စိတ် ပုံသေ လှေနံဓားထစ် သတ်မှတ်ပီး လာမေးတက်ကြတယ် အဲလိုလူအများက အရင်သူတို့ အကြိုက်ကိုသာ လိုက်ဟော ဖြစ်လာတာ မဖြစ်လာတာ နောက်မှ လောလောဆယ် သူတို့မေးတဲ့ အချိန် စိတ်ထဲ ကျေနပ်မှု ရရင်ပီးရော ဟာတွေ နောက်တစ်ခုက ဆရာက မဖြစ်နိုင်ဘူး လို့ပြောတဲ့ကိစ္စ ဒီဆရာ မရ နောက် ဆရာ ရမယ်ဆိုပီး ငွေကုန်လူပန်း လုပ် ဘာမှ မထူး ...... ရိုးရိုးသားသား ပြောရရင် ပိုက်ဆံကို လူတိုင်းမက်တယ် ဒါ့ပေ့မယ့် သိက္ခာရှိရှိ ဘဲ မက်တယ် ပိုက်ဆံကို ဆရာတို့က အရင်ရတာ ပါ ဘာဘဲမေးမေး ညဏ်ပူဇော်ခ ကို ကြိုလွဲရတယ် နောက်ဖြစ်တာ နောက်မှ ရှင်းမယ်ဆို အခုချိန် အိမ်ဆယ်လုံးလောက် ပိုင်နိုင်ပီး ဆရာတော့ တစ်ချို့က အယုံလွယ်ကြတယ် ၊ ရတယ် ဆရာနဲ့ တွေ့ သိကြားနဲ့တွေ့ပီလို့ မှတ် အဆင်ပြေစေရမယ် ၊ အာမခံတယ် ဒီလိုတွေ ယုံကြတာ များတာ ဒီက ဇာတာကို ကြည့်ပီး မရဘူး အထပ်ထပ်ပြောတာကြ လက်မခံဘူး ၊ သူတို့စိတ်ထဲ " မ " မယ် ဒီဆရာက လို့ထင်နေကြတာ 😁 ဘယ်ဆရာမှ မ "မ နိုင်ဘူး ...... လူပြိန်းမဖြစ်ချင်ကြပါနဲ့ ဗေဒင် က ဗေဒင်လောက်ဘဲ အသုံးဝင်ပါတယ် ၊ ပညာရပ်တွေက ကောင်းပ့တယ် လူတွေက မကောင်းတာပါ အဲထဲကမှ လူပြိန်းတွေအကြိုက်လိုက်နေရမယ်ဆို ဒီပညာရပ်တွေ အလကား ဖြစ်ပီးပေ့ါ ........... လူ အ တွေ မကုန်ပေ့မယ့် လူ အ ' တွေအထဲ မိတ်ဆွေတို့မပါ ပါစေ နဲ့ ။
*မှဲ့ အဟော * ညာဘက် မျက်ခုံး ၊ ဦးခေါင်းညာဘက် မှဲ့ပါ သူတို့သည် နာမည် သတင်း ထင်ရှားကျော်ဇောသူ၊ အလုပ်တစ်ခု၊ လူမှူနေရာ တစ်ခု တို့မှာ ရာထူး၊ ခေါင်းဆောင်ကောင်း တို့ဖြစ်တက်သည်၊ အကျင့်စရိုက်ကောင်းသည်၊ မဟုတ်တာ လုပ်တဲ့သူအတွက် ထိုသူ၏ လုပ်ရပ်များမှာ မျက်စိ ဆံပင်မွှေး စူးရာရောက်ပါသည် ၊ ဥပမာ - ညာဘက် မျက်ခုံးပေါ်မှာ မှဲ့ပါသူ တစ်ဦး ရပ်ရွာ အကြီးအကဲ လုပ်ပါက ရိုးသား ဖြောင့်မတ်ကြသည်၊ ရပ်ရွာ ငွေကြေးကို စီမံခန့်ခွဲ နိုင်သောသူ ဖြစ်သည် ၊ ကျွုန်ုပ် တွေ့ဖူးသော သူများ အများကတော့ ထိုအချက်ထက် များစွာ ကောင်းမွန်ကြသောသူများဖြစ်သည်၊ တစ်ခါတလေ သူတို့ ပညာ၊ သိက္ခာ တရားတို့အတွက် အတ္တ အနည်းငယ်ဆန်တက်ကြသည် 😁 #ဆက်ရန်✍️✍️
" ၈ လပိုင်း အတွင်း " တနင်္လာ သားသမီးများ ပြုလုပ်ရန် ယတြာ မြတ်သောရတနာကျောက် သို့ ရတနာနဲ့ တူသော ကျောက် ကို ကြွေ ခွက်အထဲ ထည့်၍ ရေထည့်ထားပါ ၊ ထို ကြွေခွက်ကို ဘုရားကျောင်းဆောင်မှာလဲ တင်ထား၍ ရသည် ၊ တောင်းရမ်းစားသောက်သူများအား ရေသန့်အလှူဒါန ပြုလုပ်ပါ - နည်းသည်များသည် မဆိုလိုပါ ညစဉ် မေတ္တာသုတ် ကို "မ" ဂဏန်း ရွတ်ဖတ်ပူဇော်ပေးပါ ၈ လပိုင်း တစ်လလုံး ကံကော်ညွှန့် သို့ ကံကော်သား ဆောင်ထားပေးပါ ၊ ၈ လပိုင်းအတွက် တနင်္လာသားသမီးများအနေနဲ့ အထူးပြုလုပ်သင့်သောယတြာများဖြစ်သည်။ အကုန်လုံးယတြာမချေနိုင်ရင်တောင် မိမိ အဆင်ပြေနိုင်ရာ တစ်ခုကို ချေပါ ။
ဘုရားရှင်ကို ကန်တော့ပူဇော်ခြင်းသည် တန်ခိုး ကြီး ၏ တရားတော်ကို ပူဇော်ကန်တော့ခြင်းသည် ပညာ ကြီး၏ သံဃာတော် အရှင်မြတ်ကို ပူဇော်ကန်တော့ခြင်းသည် စည်းစိမ်ဥစ္စာ ကြီးမားပြည့်စုံစေ ၏ ဤ သစ္စာမှန်၏ မှန်သော သစ္စာ၏ အာနုဘော်ကြောင့် ၇ ရက်သားသမီး အပေါင်း အခါခပ်သိမ်း ချမ်းသာကြပါစေသတည်း 🙏🙏🙏🙏
ကြည်လင် အေးချမ်းသော စိတ်သည် ပါတ်ဝန်းကျင်နှင့် သက်ရှိသက်မဲ့ အရာဝတ္ထု များနဲ့ သဟဇာတ ဖြစ်နေတက်ပီး စိတ်မကြည်လင်စဉ်က ခွင့်မလွှတ်နိုင် ၊ အမှားကိစ္စများကို စိတ်ကြည်လင်လာသောအခါ ခွင့်လွှတ်လာနိုင်သည် အမှားကိုပြန်သုံးသပ်လာနိုင်သည် ။ တစ်နေ့တာ အချိန်များကို တန်ဖိုးရှိစွာ အကျိုးပြုနိုင်ကြပါစေ #ကံကောင်းကြပါစေ🍀🍀
ဤ ကာလမှာ အိမ်တွင်းသောက အပူများနေရင် နံနက် 10:00 နာရီ နေအိမ်ဘုရားမှာ မန်းကျည်းဖျော်ရည် ကပ်လှူ ဘေးအိမ်အနီးနားကလူတွေပါ ကုသိုလ်ပြု ပီးရင် ဂျင်းတက် တစ်တက်ကို မိမိနေထိုင်ရာ အိမ်ရဲ့ အနောက်မြောက်အရပ်မှာ ၃ ရက်တိတိ ထားပေး ၃ ရက်ပြည့်သည့်နှင့် ရေအရှင်မှာ သွားမျှောပေးလိုက်ပါ #သောကအပူကင်းဝေကြပါစေ #ယုံကြည်လေးနက်စွာပြုလုပ်ပ
မိမိ နေအိမ်၌ စိတ်မသန့်သည့်အခါ ၊ လာဘ်လာဘ အားနည်းတဲ့အခါ ၊ စိတ်ထဲ မသိုးမသန့် ဖြစ်တာမျိုးဆိုလျှင် မိမိအိမ်ကို သဘာဝ ဆား ဖြင့် ရေစိမ်၍ အိမ်၏ နေရာလှပ် မကျန် ပါတ်ဖြန်းပေးပါ ။ ညနေမှောင်ရီပြုစ အချိန်မှာ မိမိ နေအိမ်ကို နနွင်းမှိုင်း တိုက်ပေးတာ မျိုး ပြုလုပ်ပါ တစ်ပါတ်ကို အနည်းဆုံးနှစ်ကြိမ်ခန့်လောက်ဖြန်းပေးပါ ၊ #ရွှေထီးလင်းယတြာအစီရင် ဗေဒင်ဆရာ ဦးအောင်မင်းနိုင်☘️☘️
" ကံညံ့နေတဲ့ ဇာတာရှင် ကို" စိတ်ဓာတ်ညံ့အောင် ကျအောင် မဟောပါ အားတက်အောင် အားရှိအောင်ဘဲ ဟောပါတယ် ကံညံ့လို့ ယတြာချေရရင်တောင် ဒီယတြာလုပ်လို့ အောင်မြင်မယ်ပြောပီး မလုပ်ပေးပါ စိတ်ကိိုအရိုင်းသွင်းတာလွယ်ပါတယ် ယဉ်အောင် လုပ်ဖို့မလွယ်ပါ ဘာသာရေးအရဆိုလဲ ဗေဒင်ဟောသူအနေနဲ့ အင်မတန် ငရဲရပါတယ် #ဦးအောင်မင်းနိုင်
"ဘဝမှာ အပျော်ရှာဖို့" ရူးသွပ်မှုလေးတော့ နည်းနည်းထား ဒုက္ခ မများအောင်လည်း ပညာသားလေးနည်းနည်းပါ့ပစေ ဒါ့မှ ဘဝမှာ အဆင်ပြေနိုင်ပါ့လိမ်မယ် ။ #ဦးအောင်မင်းနိုင်🌻
"ကောင်းမြတ်သော အကျင့်ကို အားထုတ်နေသော ပုဂ္ဂိုလ်သည် ကောင်းမြတ်သော အကျင့်နဲ့ ထိုက်တန်သော ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှု ၊ စားသောက်နေထိုင်မှု ဣန္ဒြေသိက္ခာ ရှိမှု တို့ အထိုက်အလျောက်ရှိရပါမည် ။ ယုတ်မာသော အကျင့်ကိုအားထုတ်နေသော ပုဂ္ဂိုလ်သည် ယုတ်မာသော အကျင့်နဲ့ထိုက်တန်သော ယုတ်မာမှု ဖောက်ပြန်မှု သရုပ်ပျက်မှု စည်းကမ်းမဲ့မှု ဣန္ဒြေသိက္ခာ မရှိမှု ပျက်စီးမှု တို့ အထိုက်အလျောက် ရှိနေပါ့လိမ့်မည် " #မိတ်ဆွေတို့ရော 😊😊😊
"မင်္ဂလာ နံနက်ခင်းပါ " နေ့တစ်နေ့ ၏ အစ မှ ကောင်းသော မင်္ဂလာ ကျက်သရေအပေါင်း ရောက်ရှိကြပါကုန် 🌸🌸 စိတ်ဒုက္ခအပေါင်းမှ ကင်းဝေးစေ၍ တောင်းသောဆု ၊ လိုသောဆု ၊ ကောင်းသောဆု နဲ့တကွ ပြည့်စုံနိုင်ကြပါစေ 🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"နောက်ကျမှ သိရသော တန်ဖိုး (သုံး) ခု⏰⏰ "ကျန်းမာရေးတန်ဖိုး ကို မကျန်းမာတဲ့ အခါမှသိရသည်။ "လွတ်လပ်ရေး တန်ဖိုးကို သူကျွန်ဘဝရောက်မှ သိရသည်။ "လူဘဝ တန်ဖိုးကို ငရဲပြည် ရောက်မှသိရသည်" ဗေဒင် ဆရာ တန်ဖိုးကို ဗေဒင် မေးမှ သိလိမ့်မည် 😁😁 ကိုယ်ဘာသာကို ဖြည့်စွက် ကြည့်တာပါ
" လကုန်တော့မှာဆိုတော့" ငွေကြေးကံ လာဘ် ပိတ်နေသူတွေ၊ ငွေအဝင်နည်းနေသူတွေ၊ ငွေမဝင်လို့ စိတ်ညစ်သူတွေ ငွေကြေး ကံ ကောင်းအောင် မနက်ဖြန် 31 ရက် နေ့ မှာ ........ မိမိ ပိုက်ဆံအိတ် သို့ ပိုက်ဆံထားတဲ့ နေရာကို အရက်ပြန် နဲ့ ဆေး ပြီးလျှင် အုန်းဆီ အနည်းငယ်သုတ်လိမ်း ၊ ထို့သို့ပြုလုပ်ပီးတာနဲ့ ဖယောင်းတိုင်း အစိမ်းရောင် တစ်တိုင်ကို ကုန်သည့်အထိ ထွန်းပေးထားလိုက် ထွန်းနေစဉ် ငွေကြေးနဲ့ ပက်သတ်တဲ့ ဂါထာ ရွတ်ဖတ်နေပါက ပို၍ ကောင်းပါတယ် ။ #ဆုတောင်းစရာမလိုပေ"
" ဇာတာတစ်ခုမှာ တနင်္ဂနွေ အား မကောင်းလျှင် " ဂြိုဟ်အနေအထား ၊ အမြင်အယှဉ် မကောင်းလျှင် အခြားသူတွေကို ပစ်တင် ဝေဖန်ရေးသမားဖြစ်တက်ပြီး မိမိ တော်ကြောင်း တက်ကြောင်းကိုသာ ကိုယ်ရည်သွေး၍ ပြဆိုချင်ကြသည် ။ တစ်ဖန် လက္ခဏာ မှာဆိုလျှင်လဲ တနင်္ဂနွေဂြိုဟ်ခုံမှာ အဖျက်အမှတ် ၊ မှဲ့ ၊ဂြိုဟ်ခုံပျက် လက်ရေစာကြမ်းနေရင်လဲ ပစ်တင်ဝေဖန်နေရာမှာ ရိုင်းစိုင်းသော ပစ်တင်ဝေဖန်သူဖြစ်ပေလိမ့်မည် ၊ လက္ခဏာ နဲ့ ဇာတာပေါင်းလျှင် လိမ်၍ မရပေ ။
သီလမြဲစွာ ထိန်းသိမ်းသော ပုဂ္ဂိုလ်များကို လူများ နတ်များက ချစ်ခင်ကြကုန် ၏ ဒါနတရား မြဲမြန်စွာ လှူလေ့ရှိသော ပုဂ္ဂိုလ်များကို လူများ နတ်များက ချစ်ခင်ကြကုန် ၏ မေတ္တာတရား လက်ကိုင်ထား၍ ကျင့်ကြံအားထုတ်သော ပုဂ္ဂိုလ်များအား လူ နတ် တိရစ္ဆာန် ဝိဇ္ဇာ ဇော်ဂျီ တပသီ များက ချစ်ခင်ကြကုန် ၏ မေတ္တာခံယူ ပေးသူ အား မေတ္တာဓာတ်ဝင် ချစ်ခင်နှစ်သက်သူ များကြကုန်၏ 🌺🌺
မှဲ့ အဟော ပါးပြင် နဲ့ နား အကြားမှာ မှဲ့ပါရှိသူ ဖြစ်ပါက သက်လတ်ပိုင်းတွင် ဥစ္စာစီးပွား ကြီးပွားအဆင်ပြေ၍ သက်ကြီးပိုင်းရောက်သည့် အခါ ငွေကြေးဥစ္စာ ပိုင်ဆိုင်မှုများ ဆုံးရှုံး၍ စီးပွားရေး အညံ့ ရောက်ကြသူများဖြစ်သည် ➰မှဲ့အဟောစိတ်ဝင််စားပါက မေးမြန်းနိုင်ပါသည် ➰