ကျန်းမာရေးဗဟုသုတများ
Статистика- Последний пост
- 1 июн. 2025 г.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
#ရေနွေးဖြူ ကုထုံး🍀 🍀မနက်အိပ်ရာ ထထချင်း ဘာမှမစားသေးခင် (ဗိုက်ဟောင်းလောင်း)မှာရေနွေးဖြူ (Warm Water) ကို ရေခွက် ၄ ခွက်သောက်ပါ။ 🍀စစချင်းမှာ ၄ ခွက် သောက်နိုင်မှာ မဟုတ်လို့ ၂ ခွက်လောက်က စသောက်ပြီး တိုးသောက်သွားပါ။ 🍀ရေနွေးဖြူ သောက်ပြီး ၄၅ မိနစ် ကြာမှ အစားအစာ စ စားပါ။ 🍀ဂျပန်က ဆရာ၀န်အုပ်စု အတည်ပြုခဲ့တဲ့ ရေနွေးဖြူ ကုထုံးက အောက်ပါ ရောဂါများကို ကုစားနိုင်ပါတယ်။ . ၁။ ဆီးချိုရောဂါ ... ၃၀ရက်အတွင်း ၂။ သွေးတိုးရောဂါ ... ၃၀ ရက်အတွင်း ၃။ အစာအိမ် ပြဿနာ ... ၁၀ ရက်အတွင်း ၄။ ကင်ဆာမျိုးစုံ ... ၉ လအတွင်း ၅။ သွေးပြန်ကြော ပိတ်ခြင်း ... ၆ လအတွင်း ၆။ အစားအသောက်ပျက်ခြင်း ... ၁၀ ရက်အတွင်း ၇။ သားအိမ်နဲ့ စပ်ဆက်ရောဂါ ... ၁၀ ရက်အတွင်း ၉။ နှား၊ နှာခေါင်း၊ လည်ပင်း ပြဿနာ ... ၁၀ ရက်အတွင်း ၁၀။ အမျိုးသမီး ပြဿနာ ... ၁၅ ရက်အတွင်း ၁၁။ နှလုံးရောဂါ .... ၃၀ ရက်အတွင်း ၁၂။ ခေါင်းကိုက်၊ မိုင်ဂရိမ်း ... ၃ ရက်အတွင်း ၁၃။ ကိုလက်စထရော ... ၄ လအတွင်း ၁၄။ ၀ကျရုးပွနျနဲ့ လေဖြတ်ခြင်း - ၉လအတွင်း ၁၅။ ပန်းနာရင်ကြပ် ... ၄ လအတွင်း 🍀ကျွန်တော့် အမြင်မှာ ရောဂါ ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့သူတွေအတွက်တော့ ပျောက်ကင်းနိုင်တာထက် ခံစားရ သက်သာစေမယ် ထင်တာပဲ။ 🍀ဘာပဲပြောပြော ရေနွေးဖြူဟာ သာမန် ရိုးရိုးရေထက် အကျိုးကျေးဇူး ပိုများတာ အမှန်ပါပဲ။ 🍀ပြီးတော့ ဒီကုထုံးဟာ မနက်တိုင်း အစာအိမ်ကိုဆေးကြောတာမို့ ပုံမှန် လုပ်ဆောင်သွားရင် ဝမ်းတလုံးကောင်းရင် ခေါင်းမခဲ ဆိုသလို ကျန်းမာရေးအတွက် ထိုက်သင့်တဲ့ အကျိုးကျေးဇူး မလွဲမသွေ ရနိုင်မယ်လို့ ယူဆကာ ပြန်ရှယ်လိုက်ခြင်းပါ။ #crd_to_owner_with_respect #ကျန်းမာရေးဗဟုသုတများ
без подписи
ကိုကို မမ ဒေါ်ဒေါ် ဦးဦး တို့ဒီpostလေး ကိုတွေ့ရင် shareသွားပေးခြင်းဖြစ် အများကျန်းမာရေးအတွက် ကုသိုလ် ဒါနအနေဖြင့် shareသွားပေးကြပါနော် နောက်နောင်လည်း ကျန်းမာရေးနှင့် ပတ်သတ်တဲ့ ဆေးနည်းလမ်းကောင်း ဆေးညွှန်းလေးတွေကို ကျနော်ရဲ့ Pageကလေ အစဥ်မပျက် တင်သွားပေးမှာဖြစ်ပါတယ် အားလုံးဘဲကျေးဇူး အထူးတင်ရှိပါတယ်...... #ကျန်းမာရေးဗဟုသုတများ #creditပေးပါတယ်
#ဘယ်ဘက်စောင်းမအိပ်ရဘူး_လက်ဝဲရင်အုံမှာနှလုံးရှိလို့ #ဖိမိရင်_သွေးလှည့်ပတ်မှုမကောင်းဖြစ်တတ်တယ် (ဒီ သတင်းအချက်အလက် အမှားကြီးဟာ မျှဝေသူပေါင်း ထောင်ချီနဲ့ ဒီရက်ပိုင်း Social Media မှာ ပျံ့လို့နေပါတယ်) နှလုံးအကြောင်းအနည်းငယ်ပြောရရင် ကျွန်တော်တို့နှလုံးဟာ မိခင်ဝမ်းတွင်း သန္ဓေသားဘဝ ၂၂ ရက်သား ထဲက အလုပ်စလုပ်ပါပြီ။ ခန္ဓာကိုယ်အနှံ့ Oxygen နှင့် အာဟာရတွေပို့တယ် ၊ Carbon dioxide နှင့် အညစ်အကြေးတွေ ပြန်သယ်ပြီးသက်ဆိုင်ရာနေရာတွေကို ပို့ပေးတဲ့အလုပ်ကို အသက်ရှင်နေသမျှ လုပ်ဆောင်ပေးလို့ အရေးကြီးဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ နှလုံးရဲ့အရွယ်အစားဟာ လူကြီးတစ်ယောက်ရဲ့ လက်သီးဆုပ်ထက် အနည်းငယ်ကြီးပြီး ၈ အောင်စ လောက်အလေးချိန်ရှိပါတယ်။ နှလုံးဟာရင်ဘတ်ရဲ့ ဘယ်ဘက်မှာရှိတယ်လို့ အလွယ်ပြောကြပေမယ့် တကယ်က ရင်ပတ်အလယ်မှာရှိပြီး ဘယ်ဘက်ကို နည်းနည်းပိုရောက်နေတာပါ (ဘယ်ဘက်မှာပဲ ရှိတာမဟုတ်ပါဘူး) ရင်ဘတ် ရဲ့ ဘယ်နဲ့ညာမှာက (Left and right lungs) အဆုတ်(၂) ခုရှိပါတယ်။ အဲ့အဆုတ် (၂) ရဲ့ အလယ်မှာမှ နှလုံးက ရှိတာပါ။ အမြဲလှုပ်ရှားနေတဲ့ အရာများဖြစ်လို့ နှလုံးနဲ့အဆုတ်ကိုဘယ်နေရာ မှ မရွေ့ရအောင် သူ့နေရာနဲ့သူ အံဝင်ဂွင်ကျဖြစ်အောင် စနစ်တကျ ထုပ်ပိုးထားရှိပါတယ်။ (နှလုံးဟာ Pericardium နဲ့ ထုပ်ထားပြီး) (အဆုတ်ကို Pleura နဲ့ ထုပ်ထားပါတယ်) အဲ့ဒါကြောင့် - ဘယ်ဘက်စောင်းနေလို့ ဘယ်ဘက်ကိုမရွေ့ပါဘူး - ညာဘက်စောင်းနေလို့ ညာဘက်ကိုမရွေ့ပါဘူး - မတ်တပ်ရပ်နေလို့ အောက်ကပ်မသွားသလို - ဇောက်ထိုးနေလဲ အာခေါင်တက်ကပ်မသွားပါဘူး အဲ့ဒါအပြင် လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရအောင် အပြင်ကဖိမိထိမိ အန္တရာယ်တွေက လွတ်အောင် နံရိုးတွေနဲ့ ကာရံထားပါတယ်။ နှလုံးကိုဖိမိဖို့က မြင်သာအောင်ပြောရရင် ကျွန်တော်တို့အရေးပေါ်အသက်ကယ်ခြင်း CPR လုပ်တဲ့အခါ CPR လုပ်တဲ့သူက သူရဲ့တစ်ကိုယ်လုံးအလေးချိန်နဲ့ လူနာရဲ့နံရိုးကိုအတွင်းဘက်ကို ၂ လက်မလောက်နစ်ဝင်သွားအောင်ဖိရပါတယ် (ဖိတဲ့ ဖိအားဟာ ပေါင် ၁၂၀ လောက်နဲ့ဖိရတာပါ) အဲ့ဒါကြောင့် ဘယ်ဘက်ကို စောင်းအိပ်မိရုံနဲ့ နှလုံးပိမိပြီး သွေးလှည့်ပတ်မှုမကောင်းဘူး ဆိုတာ လုံးဝ (လုံးဝ) အမှားကြီးပါ။ နောက်သိဖို့လိုအပ်တာက - လေဖြတ်ထားလို့ မလှုပ်ရှားနိုင်တဲ့သူတွေ - အကြောသေလို့မလှုပ်ရှားနိုင်သူတွေ - ရောဂါကြောင့်အိပ်ယာထဲလဲနေပြီးမလှုပ်ရှားနိုင်သူတွေ ကလွဲရင် ကျွန်တော်တို့ဟာ အိပ်တဲ့အခါ စအိပ်ထဲက မနက်အထိ တစ်ပုံစံတည်းလုံးဝမဟုတ်ပါဘူး ပုံစံတစ်မျိုးထဲနဲ့ အကြာကြီးနေရရင် Bed Sore ဆိုတဲ့ အိပ်ယာနာတွေဖြစ်ပါတယ်( လူမမာပြုစုဖူးရင် သိပါလိမ့်မယ်) အကြမ်းအားဖြင့် လူတစ်ယောက်ဟာ အိပ်နေစဉ် အနေအထား ၁၂ ကြိမ်လောက်ပြောင်းတတ်ပါတယ် (အိပ်ချိန်အနည်း/အများ၊ ငြိမ်လွန်းတယ်/အအိပ်ကြမ်းတယ် ဆိုတာပေါ်မူတည်ပြီး တစ်ညကို (၃) ကြိမ်ကနေ (၃၆) ကြိမ်အထိ ပြောင်းတတ်ပါတယ်) ဒီလောက်ဆို 1. ဘယ်ဘက်ကိုစောင်းအိပ်အိပ် ကိုယ်ကြိုက်သလို အိပ်လို့ရတယ် ဆိုတာ 2. ဘယ်ဘက်ကိုစောင်းအိပ်အိပ် တစ်ညလုံး ပုံစံမျိုးစုံပြောင်းပြီး အိပ်ကြတယ်ဆိုတာ 3. နှလုံးဟာ ရင်ဘတ်ဘယ်ဘက်မှာရှိတာမဟုတ်ပဲ ရင်ပတ်အလယ်ခေါင်မှာရှိပြီးဘယ်ဘက်နည်းနည်းရောက်နေတယ်ဆိုတာ 4. နှလုံးကိုဖိမိဖို့ ကိုယ့်ခန္ဓာကိုယ်မဟုတ်ပဲ အပြင်ကနေ ပေါင် ၁၂၀ လောက်နဲ့ ရင်ပတ် ၂ လက်မ လောက်ချိုင့်ဝင်အောင် ဖိမှရတယ်ဆိုတာ သိကြပြီလို့မျှော်လင့်ပါတယ်။ ဘယ်ဘက်စောင်းမအိပ်ရ လို့ရေးတဲ့သူဟာ Dr. အမည်ခံတပ်ထားပြီး မြတ်စွာဘုရားဟာ ညာဘက်စောင်းအိပ်လို့ ညာဘက်စောင်းအိပ်တာ အမှန်ဆိုပြီး ပိတ်ပြောထားပါတယ်။ ကျွန်တော်သိသလောက်ပြန်လည်မျှဝေရရင် မြတ်စွာဘုရားဟာ တစ်နေကုန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်တော်မူအပြီး ည ရဲ့ ရှေ့ပိုင်းယံ (ညနေ ၆ နာရီမှ ၁၀ နာရီအထိ) ကို ရဟန်းတော်များ၏ တရားအမေးများကိုဖြေတော်မူပါတယ်။ ည ရဲ့ အလယ်ပိုင်းယံ ( ည ၁၀ မှ မနက် ၂ နာရီအထိ) ကို နတ်ဗြဟ္မာများရဲ့ မေးခွန်းများကို ဖြေတော်မူပါတယ်။ ည ရဲ့ နောက်ပိုင်းယံ (မနက် ၂ နာရီမှ မနက်၆ နာရီ အထိ) ကို (၃) ပိုင်း ပိုင်းပြီး ပထမတစ်ပိုင်းကို တစ်နေကုန်ထိုင်တရားဟောထားရတဲ့ ခန္ဓာကိုယ်ရဲ့ပင်ပန်းမှုတွေပျောက်အောင် စင်္ကြံလျှောက်ပါတယ်။ ဒုတိယတစ်ပိုင်း ကို မှ လက်ယာဘက်စောင်းပြီး အိပ်ပါတယ် ( ၄ နာရီကို ၃ ပိုင်းပိုင်းရင် တစ်ပိုင်းကို ၁ နာရီနဲ့ မိနစ် ၂၀ ဝန်းကျင်ရှိတာမို့ - Sleep Cycle တစ်ခုစာ အိပ်စက်တယ်လို့ ပြောလို့ရပါတယ်) နောက်ဆုံးတစ်ပိုင်းကို ရှေးအဆက်ဆက်က ကောင်းမှုကုသိုလ်ပြုခဲ့သူတွေကိုကြည့်ရှူပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြတ်စွာဘုရားဟာ တစ်နေ့တာမှာ ၁ နာရီ နဲ့ မိနစ် ၂၀ နီးပါးသာ ကျိမ်းစက်အနားယူပြီး သတ္တဝါတွေကို ကယ်တင်ဖို့ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ ဟောပြောဆုံးမခဲ့တယ်ဆိုတာကို ကြည်ညိုဖွယ်မှတ်သားရပါတယ်။
5. ငလျှင်ဟေ့ ဆိုတာနဲ့ ထပြေးပါ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ပြေးသာပြေးပါ။ တကယ် ဟုတ်ခဲ့ရင် လွတ်ပါမယ် ။ မဟုတ်ခဲ့ရင် အစမ်းလေ့ကျင့်ရာ ရောက်ပါတယ် ။ နောက်တခါ ဘယ်လိုပြေးရင် ပိုမြန်မယ် ။ ဘယ်နေရာ သွားထိုင်ရင် ဘေးပိုကင်းမယ် ဘာညာ ကိုယ့်ဘာသာ ပြင်ဆင်လို့ရပါတယ် ။ သူများနိုင်ငံမှာ ကလေးဘဝကတည်းကသင်ရတာပါ။ ကိုယ်တွေက အခုလေ့ကျင့်ကြတာပေါ့။ 6. ဘယ်သူဘာပြောနေနေ အိပ်ရေးဝအောင်အိပ်ပါ။ စားစရာရှိတာစားပါ။ ကူနိုင်တာ ကူပါ။လာမယ့်ဘေးဆို .. တွေးကြောက်နေလို့အပိုပါပဲ။ ပြေးဖို့နေရာ တွေးထားတာရှိပြီ။ အရေးပေါ်အိတ် ပြင်ထားပြီ။ Earthquake alarm 🚨 ON ထားပြီ။ (Phone Silent လုပ်မထားပါနဲ့)ရေဗူးထောင်ထားမယ်။ အဲ့တာဆို စိတ်ချလက်ချအိပ်ပါ။ ဒါမှ သူများကပြေးဟေ့ဆို အားနဲ့ ပြေးနိုင်မှာပါ။ စဉ်းစားလို့ရတာ ထပ်ဖြည့်ပါမယ် Credit Original writer
ငလျင်နှင့်ပတ်သက်ပြီး ရေးထားတာလေး အသူံဝင်မယ်ထင်လို့ပြန်လည်မျှဝေပေးပါသည်။ ------------------------- ငလျှင်ကြီး တစ်ခုပြီးတိုင်း aftershocks ငလျှင်ငယ်တွေလာတယ် ။ ဒါထုံးစံ ၊ အဲ့မှာမှ ၂ မျိုးထပ်ခွဲတယ် ။ 1. ပုံမှန် aftershocks ( အန္တရာယ်မရှိ) 2. ပုံမှန် မဟုတ်တဲ့ Aftershocks ( အန္တရာယ်ရှိ) 1. ပုံမှန် Aftershocks တွေဆိုတာ ငလျှင်ပြီးတဲ့အခါ နောက်ငလျှင်အသေးတွေမှာ ပြင်းအားတဖြည်းဖြည်း လျော့ကျလာမယ်။ ပြီးရင် တစ်ခုနဲ့ တစ်ခုကြား လှုပ်တဲ့အချိန် တဖြည်းဖြည်း ဝေးသွားမယ်။ ဥပမာ နာရီဝက်ခြားကနေ ၁ နာရီခြားတခါ ၊ အဲ့ကနေမှ ၂ နာရီခြားတစ်ခါ ။ ဆိုလိုတာက ပြတ်ရွေ့ကတဖြည်းဖြည်း တည်ငြိမ်စပြုလာတယ် ။ ပြီးရင် ပြန်ငြိမ်ကျသွားမယ်။ အန္တရာယ် မရှိတော့ဘူး။ 2. ပုံမှန်မဟုတ်တဲ့ Aftershocks တွေဆိုတာ ကျတော့ ခုလို 7.7 ပြီးသွားတဲ့အခါ ၊ ငလျင်ငယ်တွေက ပြင်းအားမတည်ငြိမ်ဘူး 2.3M နဲ့လှုပ်မယ် ပြီးကျ 4.3 M နဲ့လှုပ်မယ် တခါ 3.0 ထပ်လှုပ်မယ်။ ပြီးကျ လှုပ်တဲ့အချိန်တွေက တောက်လျှောက်စိတ်နေမယ် ။တခါတလေ ၁ နာရီလောက်ကြာမယ် ။ ပြီးကျ ၁၀ မိနစ်ခြားတခါ ၁၅ မိနစ်ခြားတခါပြန်လှုပ်မယ်။ ဒါ့အပြင် 4.M ကျော်တွေ 5.M အကျော်တွေကလည်း ကြားထဲလှုပ်ဦးမယ်ဆိုရင် ဒါတအားစိုးရိမ်ရတဲ့ အနေအထားဖြစ်သွားပြီ။ ဒါက ဘာကို ဆိုလိုသလဲဆိုရင် ပြတ်ရွေ့ကြီး မတည်ငြိမ်နေဘူး။ အဆိုးဆုံး ဘာဖြစ်နိုင်လဲဆိုရင် အစောပိုင်းလှုပ်ခဲ့တဲ့ 7.7 Mဆိုတာ အဓိကငလျှင်တောင်မဟုတ်ဘူး။ အဲ့တာ ရှေ့ပြေးငလျင်ကြီး ဖြစ်နိုင်တယ် ။ အဲ့တာအမှန်ပဲ.. ။ တစ်ခုရှိတာက စစ်ကိုင်းပြတ်ရွေ့က ဟိမဝန္တာတောင်တန်းတွေက စတယ် ။ မုတ္တမကွေ့နားမှာ ဆုံးတယ်။ အရှည် ကီလိုမီတာ ၁၂၀၀ ကျော်ရှိတယ် ။ အန္တရာယ်အရှိဆုံးက မုတ္တမကွေ့။ သူကျ စစ်ကိုင်းပြတ်ရွေ့နဲ့ တခြားပြတ်ရွေ့တွေလာပေါင်းတဲ့တဲ့ zone ။ အဲ့တော့ အဲ့ဒီနေရာသာ ထလှုပ်ရင် အနည်းဆုံးက 8M ပဲ။ ဖျာပုံ နားက လှုပ်တဲ့ ငလျှင် 5.0M ဆိုရင်လည်း Indian Plate နဲ့ မြစ်ဝကျွန်းပေါ်ဒေသ တိုးဝှေ့မှူ ဖြစ်နေတယ် ဆိုတာ ပြတာပါ။ ထိုင်းကပြတဲ့ video အတိုင်း မြန်မာနိုင်ငံရဲ့ အနောက်ဘက်မြေသားတွေက မြောက်ဘက်ကိုတိုးနေပြီး အရှေ့ဘက်မြေသားတွေက တောင်ဘက်ကို တိုးနေပါတယ် ။ ဆူနာမီ အန္တရာယ်တောင် ရှိလာနိုင်ပါတယ်။ ကျွန်မတို့ ရန်ကုန် သတိကြီးကြီး ထားဖို့ လိုပါပြီ။ အဲ့တာက စစ်ကိုင်းပြတ်ရွေ့ရဲ့ လှုုပ်ရှားမှုဟာ တခြားပြတ်ရွေ့တွေကိုပါ အကျိုးသက်ရောက်စေတယ် ဆိုတဲ့ သဘောပါပဲ။ အန္တရာယ် အရမ်းရှိနေတဲ့ အခြေအနေပါ။ ဆက်ပြင်းမလား… အားပျော့လာမလား ဒါတော့ ဘုရားပဲသိပါမယ် ။ ငလျှင်ကို လူသားတွေ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် ကြိုသိတဲ့ သတ္တဝါတွေရှိပါတယ် ။ ခွေး၊ ကြောင် ( အနည်းလေး ၁၅ မိနစ်ကနေ ၅ မိနစ် ကြိုသိကြတယ် ။ သူတို့ အမူအရာ မူမမှန်တော့ရင် ပြေးလွှားနေရင် သတိထားပါ။ ငလျှင်မလာခင် အရင်လာတဲ့ မီသိန်း အနံ့ကို သူတို့ကြိုရလို့ပါ။) ငှက်များ ( အနည်းလေး နာရီဝက် နဲ့ ၁၅ မိနစ် ကြိုသိကြပါတယ်။ ငလျှင်ရဲ့ တုန်ခါမှူ ကို ခံစားရလို့ပါ။ ငှက်အော်သံတွေ ဆူညံလာရင် ပြေးဖို့ပြင်ပါ) မြွေ ( ငလျင်ကို အစောဆုံးကြိုသိနိုင်တဲ့ကောင်ပါ။ ၃ ရက်ကြိုသိပါတယ်။ ငလျှင်လာခါနီး မြွေတွေ အများကြီး မြေကြီးပေါ် တတ်လာတတ်ပါတယ်။ ) ကြိုတင်ပြင်ဆင်မှု 1. ငလျှင်လှုပ်ပြီလို့ သိတာနဲ့ ပြေးဖို့ ကံမကောင်းရင် စက္ကန့် ၃၀ ၊ ကံကောင်းရင် ၁ မိနစ် အချိန်ရပါတယ်။ ရန်ကုန်လို အနေအထားနဲ့ကတော့ ဘယ်အောက်မှ မဝင်ပါနဲ့ ပြေးပါ။ ခုကတည်းက ငါဘယ်နားပြေးရင် အဆောက်အဦး ၊ ဓါတ်ကြိုး ၊ တွေနဲ့ လွတ်မလဲ ကြိုစဉ်းစားထားပါ။ ကြောက်လန့်ပြီး ထိုင်ချ နဲနဲငြိမ်မှ ထပြေးတဲ့သူတွေ အန္တရာယ်အများဆုံးပါ။ သူတို့အထွက် တိုက်အပြိုပါပဲ။ ဒါမဟုတ်လဲ ကြောက်ပြီး ထိုင်နေရင်း ပိသွားတာပါပဲ။ 2. အရေးပေါ်အိတ် အိမ်တိုင်းပြင်ထားပါ။ မြင်သာတဲ့နေရာမှာ ရေတစ်ဗူး ထောင်ထားပါ။ သိမ့်ခနဲဖြစ်ရင် လှမ်းကြည့် ရေလှုပ်တာနဲ့ တန်းပြေးပါ။ အထပ်မြင့် ကွန်ဒို နေတဲ့သူတွေ ၊ အမြန် မဆင်းနိုင်တဲ့ လူကြီးတွေ ဆိုင်ကယ်စီး ဦး ထုတ် ကောင်းကောင်းဆောင်ထားပါ။ မွေ့ယာ ၂ ထပ်နဲ့အိပ်ပါ။ တဖက်ကို အသေချုပ်ထားပါ တဖက်ကို အဖွင့်ထားပါ ။ အရေးအကြောင်းဆို ဆိုင်ကယ်စီး ဦးထုတ်စွပ် ၊ မွေ့ယာ ၂ ခုကြား မှောက်ရက်အနေအထားနဲ့ငြိမ်သာနေလိုက်ပါတော့ ။ ပြိုကျသွားတောင် ပြေးဆင်းတာထက် အသက်ရှင်ဖို့ chance များပါတယ် ။ မဖြစ်မနေ ပြေးဆင်းရလည်း ဦးထုတ်ပါတော့ ပို safe ဖြစ်ပါတယ် ။ 3. ဓါတ်လှေကား မသုံးပါနဲ့ ။ မီးပျက်တာနဲ့ ရောက်တဲ့နေရာ ရပ်ပြီး ပြိုတဲ့အထဲ ပါသွားမှာပါ။ ကားမသုံးပါနဲ့ ။ ကိုယ့်လို ကားသုံးတဲ့ကောင်တွေများပြီး ကားပိတ်တဲ့နေရာမှာ အထပ်မြင့်ပြိုရင် အုပ်လိုက်ပါသွားမှာပါ။ 4. လမ်းပေါ်အခြေအနေဆိုးပြီး ပြေးပေါက်ရှာမတွေ့ရင် အမှိုက်ပုံ ၊ အမှိုက်ကန်ထဲ ဒိုင်ဗင်ပစ်ဝင်ပါ။ နဲနဲ နံနိုင်ပေမယ့် အမှိုက်အိတ်စုံက သင့်ကို air bag တွေလို ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ် ။
အရေးပေါ်ဖုန်းအားသွင်းဖို့လိုပါက အခမဲ့ ဖုန်းအားသွင်းနိုင်သောနေရာများ စုစည်းမှု Pro Tech Care - ရန်ကုန် တာမွေ https://www.facebook.com/share/p/1A3ZYMcHWg/ Great One အိမ်ခြံမြေ - ရန်ကုန် ရွှေပြည်သာ https://www.facebook.com/share/p/1DePYAvLKF/ Nail House by Grace - ရန်ကုန် ရွှေပြည်သာ https://www.facebook.com/share/p/15RCwf1McG/ ZZ Mobile Service & Training - ရန်ကုန် လှည်းတန်း https://www.facebook.com/share/p/169dqTDes2/ နဝရတ် ဆန်ဆီရောင်းဝယ်ရေး - ရန်ကုန် မြောက်ဒဂုံ https://www.facebook.com/share/p/197HgWPfpM/ Htun Brother Electronics - ရန်ကုန် ယုဇနဥယျာဉ်မြို့တော် https://www.facebook.com/share/p/1ADJf5uHwd/ Real Choice မီးအားမြှင့်စက်ဆိုင် - ရန်ကုန် မြောက်ဥက္ကလာပ https://www.facebook.com/share/p/1A9Z8frMJV/ မမပို - ရန်ကုန် တောင်ဥက္ကလာပ https://www.facebook.com/share/p/19MTXNbt8T/ AUTO LIFE Car Service - မန္တလေး https://www.facebook.com/share/p/1A4cRTsnP6/ Aye Myit Tar Store - ပဲခူး https://www.facebook.com/share/p/12EYmadGetp/ ဦးတရုတ် Battery ဆိုင်ကယ် - ပဲခူး https://www.facebook.com/share/p/1AXvqUiveD/ စွမ်းအားလျှပ်စစ် - ပဲခူး https://www.facebook.com/share/p/1AShxEsHD6/ June အထည်ဆိုင် - ပဲခူး https://www.facebook.com/share/p/1EuN5aCRE4/ အဆွေတော်-ကွမ်းဒိုင် - ပြည် https://www.facebook.com/share/p/12GMQXExm3H/ A-One ဖိတ်စာဆိုင် - ပြည် https://www.facebook.com/share/p/1EZkRsCzbm/ Sayargyi မူကထ - ပြည် https://www.facebook.com/share/p/18sMfnG77G/ Golden Galaxy - ကစားကွင်း - ကျိုက်ထို https://www.facebook.com/share/p/1BFRiYgkvQ/ စိန်ချယ်-စားသောက်ဆိုင် - လင်းခေး https://www.facebook.com/share/p/18b33Ncd6Q/ အထင်ကရ မိုဘိုင်း - သာစည် https://www.facebook.com/share/p/1697JEynWq/ Mobile City - သရက်မြို့ https://www.facebook.com/share/p/1EazGyDe5N/ အောင်မြင်သူ သင်တန်းကျောင်း - မကွေး https://www.facebook.com/share/p/17L6u97YQg/ ဒေါ်လာလျှပ်စစ်ပစ္စည်းဆိုင် - မကွေး https://www.facebook.com/share/p/1A5eHyq1ny/ Shwe Yi Win Mobile - သနပ်ပင်မြို့ https://www.facebook.com/share/p/14kpnuxqxQ/?mibextid=oFDknk မိုးမခ Mobile - ပေါင်းတည်မြို့ https://www.facebook.com/share/p/15zr5VZbax/ ရုပ်စုံကမ္ဘာ - တောင်ငူ https://www.facebook.com/share/p/18owT9Ev1u/ Heart Beat Restaurant - တောင်ကြီး https://www.facebook.com/share/p/18t3orCjoF/ Moonlight Korea - အောင်ပန်း https://www.facebook.com/share/p/1J7qokx2ps/ ရတနာ အလှပြင်ဆိုင် - စကုမြို့ https://www.facebook.com/share/p/19BEVKvgyR/ ဟိဏ်း မိုဘိုင်း - တပ်ကုန်းမြို့ https://www.facebook.com/share/p/1HTYTfoJk7/ AH Fashion - ကျိုက်ထိုမြို့ https://www.facebook.com/share/p/15gEgrScuG/ လိုတရ - အမရပူရမြို့ https://www.facebook.com/share/1LC3bFfPq4/?mibextid=wwXIfr ထပ်မံ၍ ဖြည့်စွက်ပါမည်။ #ဖုန်းအားသွင်း #အရေးပေါ်အားသွင်း #ငလျင် #ငလျင်လှုပ် #EPC #မီးပြတ်
အကိုက်အခဲပျောက်ဆေး ibuprofen နဲ့ diclofenac ကြောင့် ရုတ်တရက်နှလုံးရပ်နိုင်ခြေ ရှိမရှိ ? Ibuprofen နဲ့ diclofenac တို့လို လူသုံးများတဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ ရုတ်တရက် နှလုံးရပ်နိုင်ခြေပိုများတယ်လို့ ဆက်နွှယ်မှုတွေ့ရှိရပြီးနောက် သည်ဆေးတွေရောင်းချမှုကို ကန့်သတ်မှုတင်းကျပ် ဖို့ ဒိန်းမတ်သုတေသီတွေက တိုက်တွန်းခဲ့ပါတယ်။ ဟုတ်ပါတယ်၊ ibuprofen နဲ့ diclofenac လို အကိုက်အခဲပျောက်ဆေးတွေဟာ အချို့လေ့လာမှုတွေအရ ရုတ်တရက်နှလုံးရပ်နိုင်ခြေ (sudden cardiac arrest) ကို အနည်းငယ်မြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအန္တရာယ်ဟာ ဆေးသုံးတဲ့ပမာဏ၊ သုံးတဲ့ကြာချိန်၊ လူတစ်ဦးချင်းရဲ့ကျန်းမာရေးအခြေအနေ (ဥပမာ၊ နှလုံးရောဂါရာဇဝင်ရှိမရှိ) စတဲ့အချက်တွေပေါ် မှာမူတည်ပါတယ်။ ဒိန်းမတ်မှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ အတွင်း ဆေးရုံပြင်ပမှာ ရုတ်တရက်နှလုံးရပ်ခြင်း ဖြစ်ပေါ်ခဲ့တဲ့ လူနာ ၂၈၉၄၇ ဦးကို လေ့လာခဲ့တဲ့ သုတေသနအရ NSAID ဆေးတွေက ဘေးမကင်းဘူးဆိုတာ ဖော်ပြနေပါတယ်။ NSAID ဆေးတွေဟာ cardiac arrest ရစေနိုင်လောက်တဲ့အထိ နှလုံးသွေးကြောစနစ်အပေါ် သက်ရောက်မှု အတော်များများရှိတယ်လို့ သူက ပြောပါတယ်။ သည်သက်ရောက်မှုတွေထဲမှာ သွေးကလာပ်စည်းတွေအပေါ် လွှမ်းမိုးခြင်းနဲ့ သွေးခဲပိတ်ဆို့မှုတွေဖြစ်ပေါ်စေခြင်း၊ သွေးကြောတွေကျုံ့စေခြင်း၊ အရည်ဓာတ်ထိန်းသိမ်းမှုကို တိုးစေခြင်း၊နဲ့ သွေးဖိအားကိုမြင့်တက်စေခြင်း တို့ပါဝင်ပါတယ်။ လူတွေဟာ တစ်နေ့ကို ibuprofen ပမာဏ ၁၂၀၀ မီလီဂရမ်ထက် ကျော်လွန်ပြီးမသုံးစွဲသင့်ဘူးလို့ ပါမောက္ခ ဂစ်ဆလာဆန်ကပြောပါတယ်။ Diclofenac ဟာ အန္တရာယ်အများဆုံး NSAID ဖြစ်ပြီး နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူတွေ ရှောင်ရှားသင့်တဲ့ဆေးဖြစ်တယ်လို့ သူက ထပ်ပြောပါတယ်။ ဒါကိုကျနော် အသေးစိတ်ရှင်းပြပါမယ်။ ဘာကြောင့် ဒီလိုဖြစ်နိုင်တာလဲ? Ibuprofen နဲ့ diclofenac ဟာ non-steroidal anti-inflammatory drugs (NSAIDs) လို့ခေါ်တဲ့ ဆေးအုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒီဆေးတွေက ခန္ဓာကိုယ်ထဲမှာ COX-1 နဲ့ COX-2 ဆိုတဲ့ အင်ဇိုင်းတွေကို ဟန့်တားပြီး ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သက်သာစေပါတယ်။ ဒါပေမယ့် ဒီလိုဟန့်တားတဲ့အခါ သွေးတိုးတာ၊ သွေးခဲဖြစ်လွယ်တာ၊ နှလုံးကို ဖိအားပိုများလာတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီအချက်တွေက နှလုံးသွေးကြောဆိုင်ရာပြဿနာ (cardiovascular events) ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ လေ့လာမှုတွေက ဘာပြောသလဲ? Diclofenac: ၂၀၁၇ ခုနှစ်မှာ European Heart Journal မှာ ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုအရ diclofenac သုံးတဲ့သူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ (ဥပမာ၊ နှလုံးဖောက်တာ ဒါမှမဟုတ် ရုတ်တရက်နှလုံးရပ်တာ) ဟာ ibuprofen သုံးသူတွေထက် ပိုများတယ်လို့ တွေ့ရပါတယ်။ (ibuprofen က ရုတ်တရက်နှလုံးရပ်နိုင်ခြေ ၃၁ ရာခိုင်နှုန်းပိုများစေနိုင်ပြီး diclofenac က ၅၀ ရာခိုင်နှုန်း ရှိတယ်လို့ သုတေသီတွေက ပြောပါတယ်။)ဒါဟာ ဆေးပမာဏများများနဲ့ ရေရှည်သုံးတဲ့အခါ ပိုသိသာပါတယ်။ Ibuprofen: Ibuprofen ကလည်း ဆေးပမာဏမြင့်တဲ့အခါ (ဥပမာ၊ တစ်နေ့ကို ၂၄၀၀ မီလီဂရမ်အထက်) နှလုံးရောဂါဖြစ်နိုင်ခြေကို အနည်းငယ်မြှင့်တက်စေနိုင်တယ်လို့ British Medical Journal မှာ ၂၀၁၆ မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် diclofenac ထက် အန္တရာယ်နည်းတယ်လို့ ယူဆရပါတယ်။ ဘယ်သူတွေ ပိုသတိထားသင့်သလဲ? နှလုံးရောဂါရာဇဝင်ရှိသူတွေ (ဥပမာ၊ သွေးတိုးရောဂါ၊ နှလုံးဖောက်ဖူးသူ) ဆီးချိုရောဂါရှိသူတွေ ဆေးကို ရေရှည်နဲ့ ပမာဏများစွာသုံးနေရသူတွေ အသက်ကြီးသူတွေ ဘယ်လောက်အန္တရာယ်များလဲ? ဒီဆေးတွေကြောင့် ရုတ်တရက်နှလုံးရပ်မှုဖြစ်နိုင်ခြေဟာ သာမန်အားဖြင့် နည်းပါတယ်။ သာမန်လူတစ်ယောက်က တစ်ခါတလေ အကိုက်အခဲပျောက်ဖို့ သောက်ရင် စိုးရိမ်စရာသိပ်မရှိပါဘူး။ ဒါပေမယ့် နှလုံးရောဂါအန္တရာယ်ရှိသူတွေ ဒါမှမဟုတ် ဆေးကို အချိန်အကြာကြီးသုံးနေရသူတွေမှာ ဒီအန္တရာယ်က ပိုသိသာလာနိုင်ပါတယ်။ ဘာလုပ်သင့်သလဲ? ဆရာဝန်နဲ့တိုင်ပင်ပါ - အထူးသဖြင့် နှလုံးရောဂါရာဇဝင်ရှိရင်၊ ဒီဆေးတွေကို မသုံးခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ပမာဏနည်းနည်းနဲ့စမ်းပါ - တတ်နိုင်ရင် အနည်းဆုံးထိရောက်တဲ့ ဆေးပမာဏကိုပဲ သုံးပါ။ အခြားရွေးချယ်စရာရှာပါ - ဥပမာ၊ paracetamol လို နှလုံးရောဂါအန္တရာယ်နည်းတဲ့ ဆေးတွေကို စဉ်းစားနိုင်ပါတယ်။ သုတေသနကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ ဂန်းနားဂစ်ဆလာဆန် ကတော့ NSAIDs တွေကို ထိန်းချုပ်မှုတွေ ပိုတင်းကျပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ သည်ဆေးတွေကို ဆရာဝန်ဆေးညွှန်းမပါဘဲ၊ ဒါမှမဟုတ် အကြံပြုချက်၊ ကန့်သတ်ချက်တွေမပါဘဲ ဝယ်ယူခွင့်ပေးနေတာက လူနာတွေအနေနဲ့ သည်ဆေးတွေက ဘေးအန္တရာယ် ကင်းတယ်လို့ ထင်မြင်သွားစေနိုင်တယ်လို့ သူက ပြောပါတယ်။ နောက်ဆုံးအနေနဲ့ကျနော်အကြံပြုချင်တာက ဒီဆေးတွေဟာအကျိုးလည်းရှိသလို အန္တရာယ်လည်းရှိနိုင်တာမို့ အထူးသတိထားပြီး သုံးတာအကောင်းဆုံးပါပဲ။ #ကျန်းမာရေးဗဟုသုတများ ref: European Heart Journal (2017) British Medical Journal (2016)
ibuprofen and Diclofenac သောက်သုံးခြင်းနှင့်နှလုံးရုတ်တရက်ရပ်တန့်ခြင်းအန္တရာယ် https://t.me/healtfacts
ခရူဆီဖီးရပ်စ်အမျိုးအစား၀င် ဖြစ်တဲ့ အစိမ်းရောင်ပန်းဂေါ်ဖီ ခေါ် ဘရိုကိုလီက မုန့်ချိုအိတ်ကျန်းမာရေးအတွက် အလွန်အသုံး၀င်ပါတယ်။ သူ့မှာ ပါ၀င်တဲ့ များစွာသော ဆာလဖာဒြပ်ပေါင်းတွေက မုန့်ချိုအိတ်အပါအ၀င် ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါတွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဘရိုကိုလီက သွေးတွင်း ကိုလက်စထရောအဆင့်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါတွေကို ကုသရာမှာလည်း အသုံး၀င်ပါတယ်။ ၇။ #စပျစ်သီး မုန့်ချိုအိတ်ကျန်းမာရေးအတွက် အသုံး၀င်တဲ့ သစ်သီးတစ်မျိုးကတော့ အနီရောင်စပျစ်သီးပါ။ အနီရောင်စပျစ်သီးမှာ ရီဗက်စထရောခေါ်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းဒြပ်ပေါင်းတွေ များစွာ ပါ၀င်ပါတယ်။ သူက မုန့်ချိုအိတ်ရောင်ရမ်းတာ ဒါမှမဟုတ် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ကာဗိုဟိုက်ဒရိတ် ဇီ၀ရုပ်ဖြစ်စဉ်နဲ့ ဆဲလ်အတွင်း ဂလူးကို့စ်ရောက်ရှိမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်က လေ့လာမှုအရ ရီဗက်စထရောဟာ ဆီးချိုရောဂါနဲ့ သူရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကုသဖို့ အသုံး၀င်တယ်လို့ သိရပါတယ်။ ၈။ #ကန်စွန်းဥ ကန်စွန်းဥမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဘီတာကယ်ရိုတင်းတွေ များစွာ ပါ၀င်တဲ့အတွက် မုန့်ချိုအိတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ကန်စွန်းဥ ပုံမှန်စားသုံးသူတွေက အင်ဆူလင်ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ မုန့်ချိုအိတ်ဆဲလ်တွေကို ကျန်းမာစေဖို့ ကူညီပေးပါတယ်။ သွေးထဲကို သကြားဓာတ် ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးနိုင်တဲ့အတွက် သွေးတွင်းသကြားဓာတ် တည်ငြိမ်မှုရှိအောင်လည်း ကူညီနိုင်ပါတယ်။ ၉။ #ယီရှီးမှို ဒီမှိုမှာ ရောင်ရမ်းမှု လျော့ကျနိုင်တဲ့ အစွမ်းထက်ဒြပ်ပေါင်းတွေ များစွာပါ၀င်တဲ့အတွက် မုန့်ချိုအိတ်ရောင်ရမ်းနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ သူ့မှာ ဘီတာဂလူကန်ပေါ်လီစခရိုက်နဲ့ ထရစ်ပ်တာပင်းလိုမျိုး အပင်ဒြပ်ပေါင်းတွေလည်း များစွာ ပါ၀င်ပါတယ်။ ဒီဒြပ်ပေါင်းတွေက အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့အတွက် မုန့်ချိုအိတ်ကင်ဆာအပါအ၀င် ကင်ဆာအများစုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ယီရှီးမှိုကို အခြောက်ခံပြီးမှသာ ကျန်းမာရေးအ တွက် အသုံးပြုသင့်ပါတယ်။ ၁၀။ #နွယ်ချို ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် မုန့်ချိုအိတ်ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချပေးပါတယ်။ သူက အစာတွေကို ခြေနိုင်ဖို့အတွက် သည်းခြေရည်ထုတ်လုပ်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ နွယ်ချိုဟာ ဆီးချိုကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ နွယ်ချိုမြစ်မှာ ပါ၀င်တဲ့ အမောက်ဖရူတင်ဒြပ်ပေါင်းက သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် အသည်းအဆီဖုံးနိုင်ခြေကိုလည်း လျှော့ချပေးပြီး အင်ဆူလင် ခံနိုင်ရည်ရှိမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်က လေ့ လာမှုအရ နွယ်ချိုမှာ ပါ၀င်တဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိနဲ့ သွေးတွင်း သကြားဓာတ် မြင့်မားမှုကို လျှော့ချနိုင်တဲ့ ဂုဏ်သတ္တိကြောင့် ဆီးချိုရောဂါကို ကုသရာမှာ အကျိုးရှိတယ်လို့ သိရပါတယ်။ Credit #ဒေါက်တာခင်မိုးမိုး (Good Health Journal 613) ကျန်းမာရေးဗဟုသုတများ
အဆိုတော် #ဦးခိုင်ထူး ကို ဒုက္ခပေးခဲ့တဲ့ ပန်ကရိယ ခေါ် မုန့်ချိုအိတ် ကျန်းမာရေးကောင်းမွန်ဖို့ စာဖတ်ပရိသတ်တွေအတွက် ပို့စ် တင်ပေးလိုက်ပါတယ်... #မုန့်ချိုအိတ်ကျန်းမာရေးကောင်းစေသောအစားအစာများ #ဒေါက်တာခင်မိုးမိုး မုန့်ချိုအိတ်ဆိုတာက ၀မ်းဗိုက်အတွင်း အစာအိမ်အနောက်ဘက်မှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ သူက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့အတွက် အင်ဆူလင်ထုတ်လုပ်ပေးတာနဲ့ အဆီနဲ့ ပရိုတင်းတွေကို ချေဖျက်ဖို့ အင်ဇိုင်းတွေ ထုတ်လုပ်ပေးတဲ့ ဂလင်းတစ်ခု ဖြစ်ပါတယ်။ မုန့်ချိုအိတ်ဟာ အစာကို ထိထိရောက်ရောက်ချေဖျက်ပေးပြီး ထွက်လာတဲ့အာဟာရတွေကို စုပ်ယူဖို့ ကူညီပေးပါတယ်။ မုန့်ချိုအိတ်ကသာ သူ့လုပ်ငန်းဆောင်တာတွေကို သေချာမပြုလုပ် နိုင်ဘူးဆိုရင် ဆီးချိုရောဂါ၊ မုန့်ချိုအိတ် ရောင်ရမ်းတာနဲ့ မုန့်ချိုအိတ်ကင်ဆာအပါအ၀င် ကျန်းမာရေးပြဿနာအများအပြား ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးကောင်းမွန်နေစေဖို့အတွက် မုန့်ချိုအိတ်ရဲ့ ကျန်းမာရေးကိုလည်း လျစ်လျူရှုလို့ မရပါဘူး။ မုန့်ချိုအိတ်ကျန်းမာရေးချို့ယွင်းရတဲ့ အကြောင်းရင်းကို သေချာမသိသေးပေမယ့် သင်ရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ သင်စားတဲ့အစားအစာတွေက မုန့်ချိုအိတ်ရဲ့ ကျန်းမာရေးကို အများကြီးအထောက်အကူပေးနိုင်ပါတယ်။ အောက်ပါတို့ဟာ မုန့်ချိုအိတ်ကျန်းမာရေးကောင်းမွန်စေတဲ့ အစားအစာတွေပါ။ ၁။ #ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာ ပါ၀င်တဲ့ အလက်စင်ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းမှုလျော့စေတဲ့ ပစ္စည်းဖြစ်သလို မုန့်ချိုအိတ်ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်နိုင်စွမ်းလည်း ရှိပါတယ်။ သူ့မှာ ပါ၀င်တဲ့ ဆာလဖာ၊ အာဂျနင်း၊ အော်လီဂိုစခရိုက်၊ ဖလေဗိုနွိုက်နဲ့ ဆီလီနီယမ်လိုမျိုး အာဟာရဓာတ်တွေက မုန့်ချိုအိတ်တစ်သျှူးရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ကြက်သွန်ဖြူက ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ဆီးချိုရောဂါကို ကုသရာမှာလည်း အလွန်အသုံး၀င်ပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်မားမှုကို လျှော့ချနိုင်တဲ့ ဂုဏ်သတ်္တိနဲ့ အဆီကို လျှော့ချနိုင်တဲ့ ဂုဏ်သတ်္တိလည်း ရှိပါတယ်။ ၂၀၁၃ ခုနှစ်က လေ့လာမှုအရ ကြက်သွန်ဖြူကို ဆေးဝါးအဖြစ် မှီဝဲသူတွေက သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် နေ့စဉ်နေ့တိုင်း အစာမစားခင်မှာ ကြက်သွန်ဖြူ နှစ်တက်သုံးတက်ကို ပုံမှန်စားပေးသင့်ပါတယ်။ ၂။ #ဒိန်ချဉ် လူ့အကျိုးပြုဘက်တီးရီးယားတွေ ပါ၀င်တဲ့ ဒိန်ချဉ်ဟာ အစာခြေစနစ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ အစာခြေစနစ် ကျန်းမာတာက မုန့်ချိုအိတ်ကျန်းမာဖို့လည်း အလွန်အရေးကြီးပါတယ်။ ၂၀၁၄ ခုနှစ်က လေ့လာမှုအရ ဒိန်ချဉ်ကို များများစားသုံးသူတွေက အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့ကျတာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ ဒိန်ချဉ်ကို နေ့စဉ် သုံးခွက် စားသုံးပေးပါက မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး ပျက်စီးမှုရှိနေတဲ့ မုန့်ချိုအိတ်တစ်သျှူးတွေကိုလည်း ပြန်လည်ပြုပြင်နိုင်တယ်လို့ သိရပါတယ်။ ၃။ #ဟင်းနုနွယ် ဟင်းနုနယ်မှာ မုန့်ချိုအိတ်လုပ်ငန်း ဆောင်တာအတွက် လိုအပ်တဲ့ သံဓာတ်နဲ့ ဗီတာမင် ဘီ တွေ များစွာ ပါ၀င်ပါတယ်။ ခန္ဓာကိုယ်က ဗီတာမင် ဘီ နဲ့ သံဓာတ်ကို လုံလောက်တဲ့ပမာဏ ရရှိပါက မုန့်ချိုအိတ်ရောင်ရမ်းနိုင်ခြေ အလွန်နည်းသွားပါတယ်။ မုန့်ချိုအိတ်ရောင်ရမ်းတာက မုန့်ချိုအိတ်ကင်ဆာဖြစ်နိုင်ခြေ အလွန် များပါတယ်။ ဟင်းနုနယ်မှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ မိုနိုဂလက်တိုဆိုင်ဒစ်စီ ဂလိုက်စထရောလည်း ပါ၀င်တဲ့အတွက် ကင်ဆာဆဲလ်တွေ ကြီးထွားနှုန်းကိုလည်း နှေးကွေးစေနိုင်ပါတယ်။ ဒါ့အပြင် သူက သွေးတွင်းသကြားဓာတ်မြင့်မားမှုကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ ၄။ #နနွင်း နနွင်းမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိတွေရှိတဲ့အတွက် မုန့်ချိုအိတ်ကင်ဆာအပါအ၀င် ကင်ဆာအများစု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သူ့မှာ ပါ၀င်တဲ့ ကာကူမင် ဒြပ်ပေါင်းတွေက ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို ဖျက်ဆီး ပစ်နိုင်ပါတယ်။ နနွင်းဟာ အစွမ်းထက် ရောင်ရမ်းမှုဆန့်ကျင်တဲ့ပစ်္စည်းလည်း ဖြစ်တဲ့အတွက် မုန့်ချိုအိတ်ရောင်ရမ်းမှု မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် မမြင့်အောင် ထိန်းချုပ်ပေးနိုင်တဲ့အတွက် ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ၅။ #ဘလူးဘယ်ရီ ဘယ်ရီသီးအားလုံးက မုန့်ချိုအိတ် ကျန်းမာရေးအတွက် ကောင်းမွန်ပေမယ့် ဘယ်ရီသီးထဲမှာ ဘလူးဘယ်ရီကတော့ အကောင်းဆုံးလို့ ဆိုပါတယ်။ ဘလူးဘယ်ရီမှာ ပါ၀င်တဲ့ များစွာသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက မုန့်ချိုအိတ်ကို ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးထားနိုင်ပါတယ်။ သူ့မှာ ပါ၀င်တဲ့ တီလိုစတေဘင်းဒြပ်ပေါင်းက အဆုတ်၊ အစာအိမ်၊ မုန့်ချိုအိတ်နဲ့ သားမြတ်ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေနိုင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေနဲ့လည်း အထူးသင့်တော်ပါတယ်။ ၆။ #ဘရိုကိုလီ
ပန်ကရိယ Pancreas ကင်ဆာအကြောင်းပြောပြီးတဲ့နောက် မှာ ပန်ကရိယကို ကျန်းမာစေတဲ့အစားအစာတွေကိုဖေါ်ပြပေးလိုက်ပါတယ်
စိတ်ဓာတ်ကျရောဂါ လျော့ချခြင်း ကော်ဖီက စိတ်ခံစားမှုကို မြှင့်တင်ပေးပြီး၊ စိတ်ဓာတ်ကျရောဂါ (depression) ဖြစ်နိုင်ခြေကို ၂၀% လောက် လျှော့ချပေးတယ်လို့ Harvard ရဲ့ လေ့လာမှုတစ်ခုက ဖော်ပြတယ်။ အိုမင်းရင့်ရော်မှုဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း ကော်ဖီက Alzheimer’s နဲ့ Parkinson’s လို အာရုံကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်။ အထူးသဖြင့် Parkinson’s မှာ ကဖင်းက အာရုံကြောဆဲလ်တွေကို ကာကွယ်ပေးတယ်လို့ ဆိုတယ်။ ၂) သတိပြုဖွယ်ဆိုးကျိုးများ ကော်ဖီရဲ့ ကျန်းမာရေးအပေါ် အန္တရာယ်များ ကော်ဖီမှာ အကျိုးကျေးဇူးတွေ ရှိပေမယ့် အလွန်အကျွံသောက်တာ ဒါမှမဟုတ် တချို့လူတွေအတွက် မသင့်တော်တာကြောင့် အန္တရာယ်တွေလည်း ရှိပါတယ်။ အိပ်မပျော်ခြင်း ကဖင်းက အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်ပြီး၊ အိပ်ချိန်နည်းတဲ့သူတွေ ဒါမှမဟုတ် ညဘက်သောက်ရင် အိပ်မပျော်တာ၊ အိပ်ချိန်အရည်အသွေး ကျဆင်းတာတွေ ဖြစ်နိုင်တယ်။ နှလုံးခုန်မြန်ခြင်းနဲ့ သွေးဖိအားတက်ခြင်း ကော်ဖီက သွေးဖိအားကို ယာယီမြှင့်တင်ပေးနိုင်ပြီး၊ နှလုံးခုန်နှုန်းကို မြန်စေတယ်။ သွေးတိုးရောဂါရှိသူတွေ ဒါမှမဟုတ် နှလုံးရောဂါသမားတွေအတွက် အန္တရာယ်ရှိနိုင်တယ်။ စိတ်မငြိမ်မသက်ဖြစ်ခြင်း ကဖင်းများလွန်းရင် စိတ်လှုပ်ရှားလွန်ကဲတာ၊ စိုးရိမ်ပူပန်မှု (anxiety)၊ လက်တုန်တာတွေ ဖြစ်နိုင်တယ်။ စိတ်ရောဂါရှိသူတွေမှာ ပိုဆိုးနိုင်တယ်။ အစာအိမ်ပြဿနာများ ကော်ဖီမှာ အက်ဆစ်ဓာတ်ပါတာကြောင့် အစာအိမ်အနာရှိသူတွေ၊ GERD (အစာအိမ်အက်ဆစ ပြန်တက်ရောဂါ) ရှိသူတွေမှာ ရင်ပူတာ၊ အစာမကြေတာတွေ ဖြစ်နိုင်တယ်။ အရိုးပွရောဂါ အန္တရာယ် ကော်ဖီက ကယ်လ်ဆီယမ် စုပ်ယူမှုကို အနည်းငယ် လျော့ကျစေနိုင်တယ်။ အမျိုးသမီးတွေမှာ အရိုးပွရောဂါ (osteoporosis) ဖြစ်နိုင်ခြေကို အနည်းငယ် မြှင့်တင်နိုင်တယ်လို့ လေ့လာချက်တချို့က ဆိုတယ်။ သန္ဓေသားအပေါ် သက်ရောက်မှု ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကဖင်းများရင် ကိုယ်အလေးချိန်နည်းတဲ့ ကလေးမွေးတာ ဒါမှမဟုတ် ကိုယ်ဝန်ပျက်ကျနိုင်ခြေ အနည်းငယ် မြင့်တက်နိုင်တယ်။ ဒါကြောင့် တနေ့ကို ၂၀၀ မီလီဂရမ် (ကော်ဖီ ၁-၂ ခွက်လောက်) ထက် မပိုဖို့ ဆရာဝန်တွေက အကြံပေးတယ်။ စွဲလမ်းမှု ကော်ဖီကို ပုံမှန်သောက်ရင် ကဖင်းကို ခန္ဓာကိုယ်က မှီခိုလာပြီး၊ ရုတ်တရက်ရပ်လိုက်ရင် ခေါင်းကိုက်တာ၊ အားနည်းတာ၊ စိတ်တိုတာတွေ ဖြစ်နိုင်တယ်။ ၃) နေ့စဉ်သောက်သုံးသင့်တဲ့ ပမာဏ ကော်ဖီရဲ့ အကျိုးနဲ့ အန္တရာယ်က သောက်တဲ့ပမာဏပေါ် မူတည်ပါတယ်။ သုတေသနအများစုကတော့ အောက်ပါအတိုင်း အကြံပြုထားတယ်။ သင့်တော်တဲ့ ပမာဏ European Food Safety Authority (EFSA) နဲ့ U.S. Dietary Guidelines အရ လူကြီးတစ်ယောက်အတွက် တနေ့ ကဖင်း ၄၀၀ မီလီဂရမ် (ကော်ဖီ ၃-၅ ခွက်လောက်) ဟာ ဘေးကင်းပြီး အကျိုးရှိတယ်လို့ သတ်မှတ်တယ်။ ဒါပေမယ့် ကော်ဖီတစ်ခွက်ရဲ့ ကဖင်းပမာဏက ဖျော်နည်းပေါ်မူတည်ပြီး ကွဲပြားတယ်။ ဥပမာ - အက်စပရက်ဆို (၉၀-၁၀၀ မီလီဂရမ်)၊ အင်စတန့်ကော်ဖီ (၃၀-၅၀ မီလီဂရမ်)၊ ရိုဘက်စတာကော်ဖီ (အာရာဘီကာထက် ပိုများတယ်)။ အလွန်အကျွံသောက်ခြင်း တနေ့ ကဖင်း ၅၀၀-၆၀၀ မီလီဂရမ်ကျော်ရင် အန္တရာယ်တွေ (စိတ်မငြိမ်တာ၊ နှလုံးခုန်မြန်တာ) စတင်ဖြစ်လာနိုင်တယ်။ ၄) ထည့်သွင်းစဉ်းစားစရာများ လူတစ်ဦးချင်းစီတုန့်ပြန်မှူမတူခြင်း လူတစ်ယောက်နဲ့တစ်ယောက် ကဖင်းကို ခံနိုင်ရည်က မတူဘူး။ မျိုးဗီဇ၊ အသက်၊ ကိုယ်အလေးချိန်၊ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး တချို့လူတွေက ကော်ဖီ ၁ ခွက်နဲ့ စိတ်လှုပ်ရှားနေပြီး၊ တချို့က ၅ ခွက်သောက်တာတောင် ဘာမှမဖြစ်ဘူး။ ဘယ်လိုဖျော်သလဲ ? စစ်ထားတဲ့ကော်ဖီ (filtered coffee) က အဆီဓာတ် (diterpenes) နည်းပြီး နှလုံးကျန်းမာရေးအတွက် ပိုကောင်းတယ်။ ဒါပေမယ့် အစစ်မထားတဲ့ ကော်ဖီ (ဥပမာ - တာကစ်ကော်ဖီ) က ကိုလက်စထရော မြှင့်တင်နိုင်တယ်။ ဘာနဲ့ရောသလဲ ? သကြား၊ နို့ဆီ၊ ခရင်မ် အများကြီးထည့်ရင် ကယ်လိုရီနဲ့ အဆီဓာတ်များပြီး အကျိုးကျေးဇူး လျော့သွားနိုင်တယ်။ အနံ့ထည့်ထားတဲ့ ကော်ဖီ (flavored coffee) မှာလည်း သကြားဓာတ်များတတ်တယ်။ ဘယ်အချိန်သောက်သလဲ ? မနက် ၉:၃၀-၁၁:၃၀ ကြားမှာ သောက်တာက သဘာဝ cortisol ဓာတ် (လန်းဆန်းစေတဲ့ ဟော်မုန်း) နဲ့ လိုက်ဖက်ပြီး အကျိုးအများဆုံးရတယ်လို့ ဆိုတယ်။ ညနေ ၂ နာရီကျော်ရင် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်နိုင်တယ်။ _ နိဂုံး ကော်ဖီဟာ သင့်တော်တဲ့ ပမာဏနဲ့ သောက်ရင် ကျန်းမာရေးအတွက် အကျိုးများပြီး၊ အလွန်အကျွံဖြစ်သွားရင် အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တယ်။ ဒါကြောင့် တနေ့ ၃-၄ ခွက်လောက် (သကြား၊ ခရင်မ် မများဘဲ) သောက်တာက လူအများစုအတွက် အကောင်းဆုံး ချိန်ခွင်လျှာဖြစ်တယ်လို့ သုတေသနတွေက ဆိုပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်ကျန်းမာရေးအခြေအနေ (ဥပမာ - သွေးတိုး၊ ကိုယ်ဝန်၊ စိတ်ရောဂါ) ပေါ်မူတည်ပြီး ဆရာဝန်နဲ့ တိုင်ပင်တာကလည်း အရေးကြီးပါတယ်။ ကျန်းမာရေးဗဟုသုတများ ကျေးဇူးပါ။ Photo credit Pinterest.
ရိုဘက်စတာကို သတ္တုစစ်စက်နဲ့ ဖျော်ပြီး နို့ဆီထည့်တယ်။ ရေခဲနဲ့လည်း သောက်လို့ရတယ်။ ဒါတွေအပြင် နိုင်ငံအလိုက် ထူးခြားတဲ့ ဖျော်နည်းတွေ အများကြီးရှိပါသေးတယ်။ ဥပမာ - မက္ကဆီကိုရဲ့ Café de Olla (သစ်ကြံပိုးနဲ့ဖျော်တယ်)၊ ဂရိနိုင်ငံရဲ့ Frappe (အင်စတန့်ကော်ဖီကို ရေခဲနဲ့ရောပြီး ဖောမွှေတယ်) စသဖြင့်။ ၃။ ဒေသအလိုက် ထူးခြားတဲ့ ကော်ဖီများ (Regional Specialty Coffees) ကမ္ဘာ့နိုင်ငံအသီးသီးမှာ သူတို့ရဲ့ ဒေသထွက် ကော်ဖီစေ့နဲ့ ဖျော်စပ်ပုံစံတွေကြောင့် ထင်ရှားတဲ့ ကော်ဖီတွေ ရှိပါတယ်။ ဂျမေကာ ဘလူးမောင်းတိန်း (Jamaican Blue Mountain) ဂျမေကာရဲ့ ဘလူးမောင်းတိန်းတောင်တန်းက ထွက်တဲ့ အာရာဘီကာ။ အရသာချိုသာပြီး အနံ့ကောင်းတယ်။ ဈေးကြီးတယ်။ အီသီယိုးပီးယား ယာဂျီချက်ဖီ (Ethiopian Yirgacheffe) ပန်းရနံ့၊ သစ်သီးအနံ့ပါတဲ့ အာရာဘီကာ။ ကော်ဖီရဲ့မွေးရပ်မြေ အီသီယိုးပီးယားက ထွက်တာမို့ သမိုင်းဝင်တယ်။ ကိုလံဘီယာ ဆူပရီမို (Colombian Supremo) ချိန်ခွင်ညီတဲ့ အရသာ၊ ကာရာမယ်အနံ့ပါတယ်။ ကိုလံဘီယာက ကမ္ဘာ့ထိပ်တန်း ကော်ဖီထုတ်နိုင်ငံတစ်ခုပါ။ ဟာဝိုင်အီ ကိုနာ (Hawaiian Kona) ဟာဝိုင်အီရဲ့ ကိုနာဒေသမှာ စိုက်တဲ့ အာရာဘီကာ။ ချောမွေ့ပြီး အနံ့ပြင်းတယ်။ ကိုပီ လူဝတ် (Kopi Luwak) အင်ဒိုနီးရှားက ထွက်တဲ့ ရှားပါးကော်ဖီတစ်မျိုး။ လူဝတ်ကျွတ် (civet cat) က စားပြီး စွန့်ထုတ်တဲ့ ကော်ဖီစေ့ကို သန့်စင်ပြီး ကင်ထားတာ။ ဈေးအလွန်ကြီးပြီး အရသာထူးခြားတယ်။ အိုးလ်တောင်း ဝိုက် ကော်ဖီ (Old Town White Coffee) မလေးရှားက Ipoh White Coffee ကို ကမ္ဘာ့ဈေးကွက်အတွက် ထုတ်တဲ့ အင်စတန့်ဗားရှင်း။ ချိုပြီး နူးညံ့တယ်။ (ဒီအကြောင်းကျနော်သီးသန့်ပိုစ့်တင်ထားပါတယ်) အကျဉ်းချုပ်ပြန်ပြောရရင် ၁) ကော်ဖီစေ့ - အာရာဘီကာ၊ ရိုဘက်စတာ၊ လစ်ဘယ်ရီကာ၊ အက်စဲလ်ဆာ + မျိုးကွဲပေါင်းများစွာ။ ၂) ကော်ဖီသောက်ပုံ - အက်စပရက်ဆိုကနေ အိုင့်စ်ကော်ဖီအထိ နည်းပေါင်းစုံ။ ၃) ဒေသထွက် ကော်ဖီ - နိုင်ငံအလိုက် ထူးခြားတဲ့ အရသာနဲ့ နာမည်ကြီးမှု။ ကမ္ဘာပေါ်မှာ ကော်ဖီအမျိုးအစား အတိအကျပြောဖို့ဆိုရင် ရာနဲ့ချီတဲ့ မျိုးကွဲတွေ၊ ဖျော်နည်းတွေ၊ ဒေသထွက်တွေ ရှိတာမို့ ဒီလောက်နဲ့ အကုန်မဆုံးနိုင်ပါဘူး။ ဒါပေမယ့် အဓိကအကျဆုံးတွေကိုတော့ ဖော်ပြပေးထားပါတယ်။ ☕_ အခုဆက်ပီးတော့ကော်ဖီသောက်သုံးခြင်းနဲ့ကျန်းမာရေးကိုတင်ပြပေးသွားပါမယ်။ ကော်ဖီသောက်သုံးခြင်းနဲ့ ကျန်းမာရေးဆိုင်ရာ ရှုထောင့် ဒီအကြောင်းကို ပြောရရင်၊ ကော်ဖီဟာ ကမ္ဘာတဝှမ်းမှာ လူသုံးအများဆုံး အဖျော်ယမကာတွေထဲက တစ်ခုဖြစ်ပြီး၊ သူ့ရဲ့ အကျိုးကျေးဇူးတွေရော၊ အန္တရာယ်တွေရော ရှိပါတယ်။ သိပ္ပံပညာရှင်တွေက နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး၊ ကော်ဖီရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုကို အပြုသဘောနဲ့ အပျက်သဘော နှစ်မျိုးလုံးကနေ ချဉ်းကပ်ကြည့်လို့ ရပါတယ်။ ဒီအကြောင်းကို အကျိုးကျေးဇူး၊ အန္တရာယ်တွေ၊ သောက်သုံးသင့်တဲ့ ပမာဏနဲ့ ထည့်သွင်းစဉ်းစားစရာတွေ ဆိုပြီး(၄)ပိုင်း ခွဲပြီး ရှင်းပြပါမယ်။ ၁) အကျိူးကျေးဇူးများ ကော်ဖီရဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ ကော်ဖီမှာ ကဖင်းဓာတ် (caffeine) အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေ၊ ဗီတာမင် B2၊ B3၊ မဂ္ဂနီဆီယမ် (magnesium) လို အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတချို့ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းမှုနဲ့ အာရုံစူးစိုက်မှု တိုးလာခြင်း ကဖင်းက ဦးနှောက်ထဲက adenosine ဆိုတဲ့ အိပ်ငိုက်စေတဲ့ ဓာတုပစ္စည်းကို ပိတ်ဆို့ပြီး၊ dopamine နဲ့ norepinephrine ထုတ်လွှတ်မှုကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်၊ တုံ့ပြန်နိုင်စွမ်းတွေ တိုးလာတယ်လို့ လေ့လာမှုတွေက ဖော်ပြတယ်။ ဆီးချိုရောဂါ အန္တရာယ်လျော့ချခြင်း လေ့လာချက်တွေအရ ကော်ဖီသောက်သူတွေမှာ အမျိုးအစား ၂ ဆီးချိုရောဂါ (Type 2 Diabetes) ဖြစ်နိုင်ခြေ ၂၅-၃၀% လောက် လျော့နည်းတယ်လို့ ဆိုပါတယ်။ ဒါက ကော်ဖီထဲက ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ မဂ္ဂနီဆီယမ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးလို့ ဖြစ်နိုင်တယ်။ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး တနေ့ကို ကော်ဖီ ၃-၄ ခွက်လောက် သောက်တာက နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို ၁၅% လောက် လျှော့ချပေးတယ်လို့ American Heart Association က လေ့လာချက်တွေ ထုတ်ပြန်ဖူးပါတယ်။ ဒါပေမယ့် အလွန်အကျွံသောက်ရင်တော့ ပြန်ပြဿနာတက်နိုင်တယ်။ အသည်းကျန်းမာရေး ကာကွယ်ခြင်း ကော်ဖီက အသည်းအဆီဖုံးတာ (fatty liver)၊ အသည်းကင်ဆာ၊ နာတာရှည် အသည်းရောဂါတွေကို လျှော့ချပေးနိုင်တယ်။ သုတေသနအရ ကော်ဖီသောက်သူတွေမှာ အသည်းကင်ဆာဖြစ်နိုင်ခြေ ၄၀% လောက် နည်းတယ်လို့ ဆိုတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင် ကော်ဖီမှာ polyphenols နဲ့ antioxidants တွေ ပါဝင်တာကြောင့် ဆဲလ်တွေကို ပျက်စီးစေတဲ့ free radicals တွေကို တိုက်ဖျက်ပေးပါတယ်။ ဒါက အသက်ရှည်မှုနဲ့ ဆက်စပ်နေတယ်လို့ ၂၀၁၇ မှာ New England Journal of Medicine မှာ ထုတ်ပြန်ခဲ့တယ်။
ကော်ဖီနဲ့ကျန်းမာရေးအကြောင်းမပြောခင်ကော်ဖီအကြောင်း အရင်ပြောကြရအောင် Coffee ☕ ဆိုတာ.... ကမ္ဘာပေါ်မှာ ကော်ဖီအမျိုးအစားတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် “ကော်ဖီအမျိုးအစားတွေ” လို့ဆိုတဲ့အခါ ဘယ်လိုရှုထောင့်ကနေ ခွဲခြားသတ်မှတ်မလဲ ။ ၁။ ကော်ဖီစေ့အမျိုးအစားများ (Types of Coffee Beans) ၂။ ကော်ဖီဖျော်စပ်ပုံစံများ (Types of Coffee Drinks) နှင့် ၃။ ဒေသအလိုက် ထူးခြားတဲ့ ကော်ဖီများ (Regional Specialty Coffees) ဆိုပြီး ဒီအကြောင်းကို အဓိကအပိုင်းသုံးပိုင်းခွဲပြီး ဖော်ပြပေးပါမယ်။ ဒါဆိုရင် ကမ္ဘာပေါ်က ကော်ဖီတွေအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိနိုင်မှာပါ။ ၁။ ကော်ဖီစေ့အမျိုးအစားများ (Types of Coffee Beans) ကမ္ဘာပေါ်မှာ ကော်ဖီပင်မျိုးစိတ် (Coffea species) ၁၂၀ ကျော်ရှိပေမယ့်၊ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ပြီး လူသုံးများတဲ့ ကော်ဖီစေ့အမျိုးအစားက အဓိက ၄ မျိုးပါ။ ဒီအမျိုးအစားတွေက အရသာ၊ အနံ့၊ စိုက်ပျိုးပုံစံမှာ ကွဲပြားပါတယ်။ အာရာဘီကာ (Arabica) ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုရဲ့ ၆၀-၇၀% ကို ဖြည့်ဆည်းပေးတဲ့ အမျိုးအစား။ အရသာ - ချိုချိုသာသာ၊ အက်ဆစ်ဓာတ်ပါပြီး ပျော့ပျောင်းတယ်။ အသီးအနံ့၊ ပန်းရနံ့လို ခံစားမှုတွေ ပါတတ်တယ်။ စိုက်ပျိုးရာ - အမြင့်ပေ ၂,၀၀၀-၆,၅၀၀ လောက်မှာ စိုက်ရပြီး အရိပ်လိုတယ်။ ဘရာဇီး၊ ကိုလံဘီယာ၊ အီသီယိုးပီးယားလို နိုင်ငံတွေက နာမည်ကြီးတယ်။ မှတ်ချက် - ဈေးအနည်းငယ်ကြီးပြီး အရည်အသွေးမြင့်တယ်လို့ သတ်မှတ်ကြတယ်။ ရိုဘက်စတာ (Robusta) ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၃၀-၄၀% လောက်ကို ထုတ်ပေးတယ်။ အရသာ - ခါးတယ်၊ ပြင်းတယ်၊ မြေသင်းတဲ့ အနံ့မျိုးရတယ်။ စိုက်ပျိုးရာ - အနိမ့်ပိုင်း (ပေ ၆၅၀-၂,၅၀၀) မှာပဲ ကောင်းကောင်းပေါက်တယ်။ ဗီယက်နမ် (ကမ္ဘာ့အကြီးဆုံး ရိုဘက်စတာထုတ်တဲ့နိုင်ငံ)၊ အာဖရိကအလယ်ပိုင်းမှာ များတယ်။ မှတ်ချက် - ကဖင်းဓာတ် အာရာဘီကာထက် ၂ ဆနီးပါးများတယ်။ အကြမ်းခံပြီး ဈေးသက်သာတဲ့အတွက် အင်စတန့်ကော်ဖီနဲ့ အက်စပရက်ဆိုမှာ သုံးများတယ်။ လစ်ဘယ်ရီကာ (Liberica) ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၂% လောက်ပဲ ရှိတယ်။ အရသာ - မီးခိုးသင်းတယ်၊ အသီးအနံ့နဲ့ ပန်းရနံ့ ရောထွေးတယ်။ ထူးခြားတဲ့ အနံ့ကြောင့် ထင်ရှားတယ်။ စိုက်ပျိုးရာ - လစ်ဘေးရီးယားမှာ စတင်ပေါက်ဖွားခဲ့ပြီး အခုတော့ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်လို နိုင်ငံတွေမှာ အဓိကစိုက်တယ်။ မှတ်ချက် - စေ့ကြီးပြီး ပုံမမှန်တာက ထူးခြားချက်။ ရှားပါးတဲ့အတွက် ဈေးကြီးတယ်။ အက်စဲလ်ဆာ (Excelsa) တကယ်တော့ လစ်ဘယ်ရီကာရဲ့ မျိုးကွဲတစ်မျိုးအဖြစ် ၂၀၀၆ မှာ ပြန်သတ်မှတ်ခံရပေမယ့်၊ အရသာကွဲပြားမှုကြောင့် သီးခြားအမျိုးအစားလို့ သတ်မှတ်သူတွေလည်းရှိတယ်။ အရသာ - သစ်သီးအနံ့ ပိုသန်တယ်၊ ချဉ်တယ်၊ အလင်းရောင်နဲ့ အနက်ရောင် ကင်မှုရဲ့ အရသာနှစ်မျိုးကို ပေါင်းစပ်ထားသလို ခံစားရတယ်။ စိုက်ပျိုးရာ - အရှေ့တောင်အာရှမှာ အဓိကစိုက်တယ်။ မှတ်ချက် - ကမ္ဘာ့ကော်ဖီရဲ့ ၇% လောက်ပဲ ရှိပြီး အထူးပြုဈေးကွက်မှာ လူကြိုက်များတယ်။ ဒါ့အပြင် အထက်ဖေါ်ပြပါအမျိုးအစားတွေထဲက မျိုးကွဲတွေ (varietals) လည်း အများကြီးရှိပါတယ်။ ဥပမာ - အာရာဘီကာထဲမှာ Typica၊ Bourbon၊ Geisha၊ Caturra စတဲ့ မျိုးကွဲတွေ။ ဒါတွေက ဒေသ၊ ရာသီဥတု၊ မြေအမျိုးအစားပေါ်မူတည်ပြီး အရသာကွဲပြားတယ်။ ၂။ ကော်ဖီဖျော်စပ်ပုံစံများ (Types of Coffee Drinks) ကော်ဖီစေ့ကို ဖျော်စပ်တဲ့နည်းပေါ် မူတည်ပြီး ကမ္ဘာတလွှားမှာ ကော်ဖီသောက်ပုံစံတွေ အမျိုးမျိုးရှိပါတယ်။ ဒီထဲက နာမည်ကြီးတချို့ကို ဖော်ပြပေးမယ်။ အက်စပရက်ဆို (Espresso) အီတလီမှာ စတင်ခဲ့တဲ့ ပြင်းပြင်းထန်ထန် ကော်ဖီတစ်မျိုး။ ကော်ဖီမှုန့်ကို ဖိအားမြင့်ရေနဲ့ ဖျော်တာမို့ အရသာပြင်းပြီး ပမာဏနည်းတယ် (၂-၄ အောင်စလောက်)။ ကပ္ပူချီနို (Cappuccino) အက်စပရက်ဆိုကို အခြေခံပြီး နို့ပူနဲ့ နို့အမြှုပ်ထည့်ထားတာ။ အီတလီကဖြစ်ပြီး နို့နဲ့ကော်ဖီအချိုး ၁:၁:၁ လောက်ရှိတယ်။ လတ်တေ (Latte) အက်စပရက်ဆိုနဲ့ နို့ပူရောပြီး နို့အမြှုပ်အနည်းငယ်ထည့်ထားတယ်။ နို့များတာကြောင့် အရသာပေါ့တယ်။ အမေရီကာနို (Americano) အက်စပရက်ဆိုကို ရေနွေးနဲ့ ဖျော့ထားတာ။ အမေရိကန်စစ်သားတွေ ဒုတိယကမ္ဘာစစ်အတွင်း စတင်သုံးခဲ့တယ်။ ဖလက်တ် ဝိုက် (Flat White) ဩစတြေးလျနဲ့ နယူးဇီလန်က နာမည်ကြီးတယ်။ အက်စပရက်ဆိုနဲ့ နို့ပူရောပြီး နို့အမြှုပ်အနည်းငယ်ပဲ ထည့်တယ်။ မိုခါ (Mocha) အက်စပရက်ဆို၊ နို့ပူ၊ ချောကလက်ရည်နဲ့ ရောထားတာ။ ချိုပြီး ချောကလက်အနံ့သန်းတယ်။ ကော်ဖီအေး (Iced Coffee) ကော်ဖီကို ရေခဲနဲ့ ရောသောက်တာ။ အမေရိက၊ ဂျပန်လို နိုင်ငံတွေမှာ နွေရာသီမှာ ရေပန်းစားတယ်။ အအေးဖျော်နည်း (Cold Brew) ကော်ဖီမှုန့်ကို ရေအေးထဲမှာ ၁၂-၂၄ နာရီလောက် စိမ်ထားပြီး ဖျော်တာ။ ခါးမှုနည်းပြီး ချောမွေ့တယ်။ တာကစ် ကော်ဖီ (Turkish Coffee) ကော်ဖီမှုန့်ကို ရေ ဒါမှမဟုတ် သကြားနဲ့ ဆူအောင်တည်ပြီး သောက်တာ။ အမြှုပ်ထွက်ပြီး အနည်ပါတယ်။ တူရကီနဲ့ အရှေ့အလယ်ပိုင်းမှာ နာမည်ကြီးတယ်။ ဗီယက်နမ် ကော်ဖီ (Vietnamese Coffee)
без подписи
без подписи
без подписи
без подписи
ကော်ဖီနဲ့ကျန်းမာရေး ☕